BMC Myanmar

BMC Myanmar BMC Medical Co., Ltd.

(BMC), established in 2001, was built to partner with families worldwide to overcome the discomfort of chronic respiratory disease with quality products, professional services and proactive care.

CPAP သယ်ဆောင်ပြီး ခရီးသွားရင် ဘာတွေကို ဆောင်ရ၊ ရှောင်ရမလဲ⁉️အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea - OSA) ရှိတဲ့...
23/07/2025

CPAP သယ်ဆောင်ပြီး ခရီးသွားရင် ဘာတွေကို ဆောင်ရ၊ ရှောင်ရမလဲ⁉️
အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnoea - OSA) ရှိတဲ့လူနာများအနေနဲ့ ခရီးသွားစရာကိစ္စတွေ ကြုံလာတဲ့အခါ ခရီးလမ်းတစ်လျှောက် ဆောင်ရ၊ ရှောင်ရမဲ့ အချက်လေးတွေကို သတိထားရအောင် Sharing လုပ်ပေးသွားပါမယ်နော်။

၁။ CPAP နှင့် Accessories များကို ခြောက်သွေ့နေအောင်ထားပါ။💨

🚙 ခရီးလမ်းတစ်လျှောက် စက်ကိုသယ်ဆောင်စဉ် 🍄 မှိုတက်ခြင်းနှင့် 💦 အစိုပြန်ခြင်းမှကာကွယ်ရန် CPAP စက်၊ Mask နှင့် Accessories များကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

၂။ အပိုသယ်စရာလိုအပ်သည်များကို ကြိုတင်စီစဉ်ထားပါ။ 📝

💺 ခရီးသွားစဉ် မတော်တဆထိခိုက်မိ၍ ကျိုးကြေတတ်သော Mask နှင့် ပျောက်ဆုံး ပျက်ဆီးလွယ်သော Air Filter ကဲ့သို့ Accessories များကို လိုအပ်သလို အသုံးပြုနိုင်ရန် အပိုသယ်ဆောင်သွားပါ။

သန့်ရှင်းရေးလုပ်ရန် နှင့် လိုအပ်သလို အသုံးပြုနိုင်ရန် CPAP Wipe များကို သယ်ဆောင်သွားခြင်းကလည်း အကူအညီဖြစ်စေမှာပါ။

၃။ ခရီးလမ်းတစ်လျှောက် CPAP အသစ်လဲလှယ်စရာ လိုလာလျှင် လဲလှယ်နိုင်ရန် ပြင်ဆင်သွားပါ။

လမ်းခရီးတစ်လျှောက်တွင် စက်ပျက်ဆီးခဲ့ပါက မိမိအိပ်စက်မှုကို အနှောင့်အယှက်မဖြစ်အောင် စက်အသစ်အစားထိုး ဝယ်ယူလဲလှယ်နိုင်ရန် CPAPတပ်ဆင်ရန်လိုအပ်ကြောင်း ဆရာဝန်ညွှန်ကြားချက်ပါသောစာရွက်ကို 📑 မိတ္တူဖြစ်စေ၊ 📱 ဖုန်း နှင့် 📷 ဓာတ်ပုံရိုက်၍ဖြစ်စေ ဆောင်သွားသင့်ပါတယ်။

မိမိ အသုံးပြုနေသော စက်အမျိုးအစားကို သိရှိထားရင်တော့ပိုကောင်းပါတယ်။

၄။ ရေသန့်ဘူးကို အသုံးပြုပါ။ 🚱

လမ်းခရီးတစ်လျှောက်မှာ 🛌 အနားယူချိန်တည်းခို တဲ့နေရာတွေမှာ ရရှိတဲ့ ရေပိုက်ခေါင်းမှ ရေကသန့်မသန့် မသေချာတဲ့အတွက် Water Chamber မှာ အသုံးပြုတဲ့ ရေကို ရေဘုံဘိုင်မှရေအစား ရေသန့်ဘူးမှ ရေကိုထည့်ခြင်းကသာ စိတ်အချရဆုံးပါ။

၅။ ပလပ်ပေါက်များကိုသတိပြုပါ။ 🔌

✈️ နိုင်ငံရပ်ခြား သို့မဟုတ် 🏠 မိမိနေထိုင်ရာမဟုတ်သော ဒေသများတွင် အသုံးပြုသော ပလပ်ပေါက်များက မိမိစက်တွင်သုံးနေကြ ပလပ်ပေါက်နှင့်ကိုက်ညီမှုမရှိခြင်းများ တွေ့ကြုံရနိုင်တဲ့အတွက် ကြိုတင်စုံစမ်းပြီး လိုအပ်သော Adaptor နှင့် ပလပ်ခေါင်းများကိုပြင်ဆင်သွားသင့်ပါတယ်။

၆။ DC Converter ကိုဆောင်သွားတာကလည်း အကြံကောင်းပါ။

အရေးကြုံလာလျှင် လိုအပ်သလိုအသုံးပြုနိုင်ရန် DC Converter များကို သယ်ဆောင်သွားခြင်းက ပြုလုပ်သင့်သော ကြိုဆင်ပြင်ဆင်မှုတစ်ခုပါ။

DC Converter တွေက USB ports, Cigarette Lighter Style ပလပ်ပေါက်များနဲ့ အရေးကြုံရင် Car Batteries တွေကတောင်မှ CPAP ကို Power Supply ပေးနိုင်ဖို့ ကူညီမှာပါ။

BioCare Co., Ltd./ BMC Myanmar (Yangon)

☎️ 09-952-1310- 80

🏢 အမှတ် (၄၇) ၊ ဇီဇဝါဥယျာဉ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။




အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) နှင့်နောက်ဆက်တွဲဆိုးကျိုးများOSA ရောဂါကုသရာမှာ အဓိကဖြစ်တဲ့ CPAP တပ်ဆင်ခြင်းကိုမလုပ်ဆောင်ရင် ...
21/07/2025

အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) နှင့်နောက်ဆက်တွဲဆိုးကျိုးများ

OSA ရောဂါကုသရာမှာ အဓိကဖြစ်တဲ့ CPAP တပ်ဆင်ခြင်းကိုမလုပ်ဆောင်ရင် ဘာတွေဖြစ်လာမလဲ

နေ့လည်ဘက်တွက်အိပ်ငိုက်ခြင်း

ညဘက်မှာ ကောင်းမွန်လုံလောက်တဲ့အိပ်စက်ခြင်းကိုမရရှိတဲ့သူတွေဟာ နေ့လည်ဘက် လုပ်ငန်းခွင်နဲ့ စာသင်ကြားခြင်းတွေမှာ အာရုံစူးစိုက်ရခက်ခဲခြင်း၊ မကြာခဏအိပ်ငိုက်ခြင်း နဲ့ အချိန်တိုအတွင်းမှာ မိမိဘာသာ မသိလိုက်ဘဲ အိပ်ပျော်သွားခြင်း တွေဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာက စားပွဲခုံမှာထိုင်နေတဲ့သူတွေအတွက်အရေးမကြီးပေမဲ့ ကားမောင်းရမဲ့သူတွေအတွက်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ပိုမိုဂရုစိုက်ရပါမယ်။

နှလုံးရောဂါဆိုင်ရာ ပြဿနာများ

OSA ရောဂါဟာ အသက်ရှူရုတ်တရက် ရပ်သွားတဲ့ရောဂါဖြစ်လို့ သွေးတွင်း Oxygen ကကျသွားတဲ့အချိန် နှလုံးမှာဒဏ်ဖြစ်လာပါတယ်။ ဒါကို ပြန်တုံ့ပြန်တဲ့အနေနဲ့ နှလုံးက Oxygen များများပိုဝင်အောင် ဇောနဲ့မြန်မြန် ညှစ်တဲ့အခါ Tachycardia လို့ခေါ်တဲ့ နှလုံးခုန်မြန်ခြင်းနဲ့ သွေးတိုးခြင်း (Hypertension) တွေဖြစ်လာပါတယ်။ဒီကတစ်ဆင့် နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ လေဖြတ်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။

သောက်ဆေးနဲ့Surgery ဆိုင်ရာ နောက်ဆက်တွဲရောဂါများ

အိပ်ဆေးကဲ့သို့ အာရုံကြောကို Relax လုပ်ပေးတဲ့ဆေးတွေသောက်နေရတဲ့သူတွေအနေနဲ့ OSA ဖြစ်လာတဲ့အခါ ဒီဆေးတွေသောက်တဲ့အရှိန်နဲ အသက်ရှူလမ်းကြောင်းကိုလည်း ဖြေလျော့စေတဲ့အတွက် OSA ကို ပိုမိုဆိုးရွားစေပါတယ်။
Surgery တစ်ခုခုလုပ်ထားတဲ့သူတွေအနေနဲ့လည်း အိပ်ရာထက်မှာ အချိန်ကြာမြင့်စွာလဲလျောင်းနေရတာဖြစ်တဲ့အတွက် အသက်ရှူလမ်းကြောင်းပေါ်မှာ သက်ရောက်မှုရှိစေပြီး ကုသမှုမခံယူထားတဲ့ OSA ရောဂါကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။

မျက်လုံးဆိုင်ရာ ပြဿနာများ

OSA ရောဂါဟာ ရေတိမ်(Glaucoma) မျက်လုံးဆိုင်ရာ ရောဂါများနဲ့ဆက်စပ်မှုရှိနေပါတယ်။ များသောအားဖြင့် OSA နဲ့ဆက်နွယ်နေတဲ့ မျက်လုံးရောဂါများက ကုသလို့ရပါတယ်။

မိမိနှင့်အတူအိပ်စက်သူကိုအနှောင့်အယှက်ပေးခြင်း

OSA ရဲ့ အသိသာဆုံး လက္ခဏာဖြစ်တဲ့ အိပ်စက်စဉ်ဟောက်ခြင်းဟာ မိမိနှင့်အတူအိပ်စက်တဲ့ မိမိအိမ်ထောင်ဘက် သို့မဟုတ် မိသားစုမောင်နှမတွေအပြင် အခန်းဖော်ကိုပါ အနှောက်အယှက်ဖြစ်စေလို့ နှစ်ဦးလုံး ကောင်းမွန်တဲ့အိပ်စက်ခြင်းကို မရရှိနိုင်တော့ပါဘူး။

AURA Healthcare (Yangon)
09-78-333-1310
အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြိုနယ်၊ ရန်ကုန်။

AURA Healthcare (Mandalay)
09-78-555-1310
၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြိုနယ်၊ မန္တလေး။

AURA Healthcare (Nay Pyi Daw)
09-8981-894-57, 09-4485-421-64, 09-4313-92-00
အမှတ် ၄၄၁၅၊ ပေါင်းလောင်း၂ (၁၄လမ်း)၊ ပဒုမ္မာလမ်း နှင့် ခရေလမ်းကြား။
ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းအနီး၊ နေပြည်တော်မြို့နယ်၊ ပျဥ်းမနားမြို့။

AURA Healthcare(Taunggyi)
09-201-4175, 09-504-2620
6(A)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို။

BioCare Co., Ltd./ BMC Myanmar (Yangon)
09-952-1310-80
အမှတ်၄၇၊ဇီဇဝါဥယာဥ်အိမ်ရာ၊၁၅ရပ်ကွက်၊သံသုမာလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။




🗓 နှစ်လကြာရှည်၊ ခါရာသီရွေ့ပေမယ့်အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါသည်။🗓                🙏🙏🙏  အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ...
19/07/2025

🗓 နှစ်လကြာရှည်၊ ခါရာသီရွေ့ပေမယ့်
အာဇာနည်နေ့ကိုတော့ မမေ့သင့်ပါသည်။🗓
🙏🙏🙏 အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ပင်ဖြစ်ပါသည်။ ၂၀၂၅ခုနစ်၊ဇူလိုင်လ (၁၉)ရက်နေ့ စနေနေ့တွင် ကျရောက်သော ၇၈ကြိမ်မြောက် အာဇာနည်နေ့အား BMC Myanmarမှ လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။🙏🙏🙏

#အာဇာနည်နေ့

ဒီနေ့ကော ပြုံးနေရဲ့လား?𝐵𝑀𝐶 𝐺3𝐴20 𝐶𝑃𝐴𝑃 စက်လေးတွေမှာဆိုရင် 𝑈𝑠𝑒𝑟 𝐹𝑒𝑒𝑑𝑏𝑎𝑐𝑘 𝑠𝑦𝑠𝑡𝑒𝑚 အနေဖြင့် 𝐸𝑚𝑜𝑗𝑖 (𝐹𝑎𝑐𝑒 𝑖𝑐𝑜𝑛) လေးတွေပါတယ်ဆိုတ...
18/07/2025

ဒီနေ့ကော ပြုံးနေရဲ့လား?

𝐵𝑀𝐶 𝐺3𝐴20 𝐶𝑃𝐴𝑃 စက်လေးတွေမှာဆိုရင် 𝑈𝑠𝑒𝑟 𝐹𝑒𝑒𝑑𝑏𝑎𝑐𝑘 𝑠𝑦𝑠𝑡𝑒𝑚 အနေဖြင့် 𝐸𝑚𝑜𝑗𝑖 (𝐹𝑎𝑐𝑒 𝑖𝑐𝑜𝑛) လေးတွေပါတယ်ဆိုတာသိပြီးပြီလား?

𝐺3𝐴20 𝐶𝑃𝐴𝑃 စက်ကိုအသုံးပြုပြီးသောအခါ စက်ရဲ့မျက်နှာပြင်ပေါ်မှာ 𝐸𝑚𝑜𝑗𝑖 လေးတွေ ပေါ်လာပါမယ်။ 𝐸𝑚𝑜𝑗𝑖 လေးတွေကနေတဆင့် မိမိရဲ့ အိပ်စက်မှု စံနှုန်းကို သိနိုင်မှာပဲဖြစ်ပါတယ်။ တစ်ညစာ 𝑈𝑠𝑎𝑔𝑒 𝑅𝑒𝑝𝑜𝑟𝑡 လေးကိုလည်း အလွယ်တကူဖတ်လို့ရနိုင်ပါတယ်။

𝐹𝑎𝑐𝑒 𝐼𝑐𝑜𝑛 လေးတွေကတော့-
𝐻𝑎𝑝𝑝𝑦 𝐹𝑎𝑐𝑒😊
𝑁𝑒𝑢𝑡𝑟𝑎𝑙 𝐹𝑎𝑐𝑒😑
𝑆𝑎𝑑 𝐹𝑎𝑐𝑒😞

𝐻𝑎𝑝𝑝𝑦 𝐹𝑎𝑐𝑒 (ပြုံးနေသော မျက်နှာ)😊

-𝐶𝑃𝐴𝑃 ကို 4 နာရီနှင့်အထက် သုံးခဲ့တယ်။
-𝑀𝑎𝑠𝑘 ကို သေချာ 𝑓𝑖𝑡𝑡𝑖𝑛𝑔 လုပ်ပြီး 𝑙𝑒𝑎𝑘 မရှိပါ။
-𝐴𝐻𝐼 (𝐴𝑝𝑛𝑒𝑎-𝐻𝑦𝑝𝑜𝑝𝑛𝑒𝑎 𝐼𝑛𝑑𝑒𝑥) က အဆင်ပြေတဲ့အဆင့်မှာရှိတယ်။

𝑁𝑒𝑢𝑡𝑟𝑎𝑙 𝐹𝑎𝑐𝑒 (ကြားနေ မျက်နှာ)😑

- 𝐶𝑃𝐴𝑃 ကို အသုံးပြုချိန် (၃-၄နာရီ) မျှသာ ရှိတယ်။
- 𝑀𝑎𝑠𝑘 မှာ အနည်းငယ် 𝑙𝑒𝑎𝑘 ဖြစ်နေတယ်။
-𝐴𝐻𝐼 (𝐴𝑝𝑛𝑒𝑎-𝐻𝑦𝑝𝑜𝑝𝑛𝑒𝑎 𝐼𝑛𝑑𝑒𝑥) က အနည်းငယ်များနေတယ်။

𝑆𝑎𝑑 𝐹𝑎𝑐𝑒 (ဝမ်းနည်းနေသော မျက်နှာ)😞

-𝐶𝑃𝐴𝑃 အသုံးပြုချိန် ၃နာရီအောက်မျှသာရှိတယ်။
-𝑀𝑎𝑠𝑘 မှာ 𝐿𝑒𝑎𝑘 ဖြစ်နေတယ်။ (𝑀𝑎𝑠𝑘 𝑆𝑖𝑧𝑒 မှန်လား၊ 𝑀𝑎𝑠𝑘 က ဟောင်းနွမ်းနေလား ဆိုတာသေချာစစ်ဆေးပေးဖို့လိုပါမယ်။)
-𝐴𝐻𝐼 𝑙𝑒𝑣𝑒𝑙 များနေတယ်။

အိပ်စက်မှုကို ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် 𝐶𝑃𝐴𝑃 ကိုမှန်ကန်စွာ အသုံးပြုပေးဖို့အရေးကြီးပါတယ်။

နေ့ရက်တိုင်းမှာ 𝐻𝑎𝑝𝑝𝑦 𝐹𝑎𝑐𝑒😊 လေး ပြုံးနေစေဖို့
𝑀𝑎𝑠𝑘 လေးကို မှန်မှန်ကန်ကန်တပ်ဆင်ပြီး စက်လေးကိုလည်း အချိန်ပြည့်လေးသုံးလိုက်ကြရအောင်နော်။💞

CPAP Accessories Available Now!        CPAP အသုံးပြုသူတွေအတွက် လိုအပ်တဲ့ ပစ္စည်းစုံလင်စွာကို  တစ်နေရာထဲမှာ ရရှိနိုင်ပါပြ...
14/07/2025

CPAP Accessories Available Now!

CPAP အသုံးပြုသူတွေအတွက် လိုအပ်တဲ့ ပစ္စည်းစုံလင်စွာကို တစ်နေရာထဲမှာ ရရှိနိုင်ပါပြီ။

ရရှိနိုင်သော CPAP Accessories များ-

1. Mask များ (Nasal Mask, Full Face Mask, Nasal Pillow Mask)
2. CPAP Tubing
3. Air Filters
4. Heated Tubing
5. Tube Cover
6. Tube Holder
7. Oxygen Connector
8. Headgear
9. Power Adapter
10. Mask Cleaning Wet Wipes

အသေးစိတ်အကြောင်းအရာများကို Messengerမှဖြစ်စေ၊ ဖုန်းနံပါတ် 09-952 1310 80 သို့မဟုတ် 09-952 1310 82 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်




မိုးရာသီမှာ အဖြစ်များသော ရေလိုက်ခြင်းပြဿနာ         မိုးရာသီမှာ ပုံမှန်ထက် အအေးပိုသောကြောင့် ပိုက်ထဲက လေနွေးနွေးလေးတွေဟာ ...
30/06/2025

မိုးရာသီမှာ အဖြစ်များသော ရေလိုက်ခြင်းပြဿနာ

မိုးရာသီမှာ ပုံမှန်ထက် အအေးပိုသောကြောင့် ပိုက်ထဲက လေနွေးနွေးလေးတွေဟာ ပြင်ပလေအေးနဲ့ ထိတွေ့ ဆက်သွယ်သောအခါ 𝐜𝐨𝐧𝐝𝐞𝐧𝐬𝐚𝐭𝐢𝐨𝐧 (ရေစိုအဖြစ်ပြန်ပြောင်းခြင်း) ဖြစ်တတ်ပါတယ်။ထို့ကြောင့် 𝐓𝐮𝐛𝐢𝐧𝐠 မှာ ရေလေးတွေပါလာပြီး ရေလိုက်ခြင်းပြဿနာလေးတွေဖြစ်ကြပါတယ်။

ဒါကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေကတော့-

1️⃣ 𝐇𝐮𝐦𝐢𝐝𝐢𝐟𝐢𝐞𝐫 𝐬𝐞𝐭𝐭𝐢𝐧𝐠 ကို နည်းနည်းလျှော့ပါ။

ဥပမာ။ 𝐋𝐞𝐯𝐞𝐥 𝟑 မှာထားထားတယ်ဆိုရင် 𝐋𝐞𝐯𝐞𝐥 𝟐 သို့မဟုတ် 𝟏 ထိလျှော့ကြည့်ပါ။

2️⃣ 𝐇𝐞𝐚𝐭𝐞𝐝 𝐭𝐮𝐛𝐢𝐧𝐠 သုံးပါ။

𝐇𝐞𝐚𝐭𝐞𝐝 𝐭𝐮𝐛𝐞 သုံးခြင်းက 𝐭𝐮𝐛𝐞 ထဲကအပူချိန်ကို တည်ငြိမ်စေပြီး 𝐜𝐨𝐧𝐝𝐞𝐧𝐬𝐚𝐭𝐢𝐨𝐧 ကို တားဆီးပေးပါတယ်။

3️⃣ 𝐓𝐮𝐛𝐢𝐧𝐠 ကို 𝐛𝐥𝐚𝐧𝐤𝐞𝐭 𝐨𝐫 𝐓𝐮𝐛𝐞 𝐜𝐨𝐯𝐞𝐫 ပြန်ဖုံးခြင်း။

𝐁𝐥𝐚𝐧𝐤𝐞𝐭 𝐨𝐫 𝐓𝐮𝐛𝐞 𝐜𝐨𝐯𝐞𝐫 ဖုံးထားလျှင် 𝐓𝐮𝐛𝐢𝐧𝐠 ပတ်လည်အပူချိန်ကို တည်ငြိမ်စေနိုင်ပြီး 𝐜𝐨𝐧𝐝𝐞𝐧𝐬𝐚𝐭𝐢𝐨𝐧 ဖြစ်ခြင်း၊ရေစိုပြန်ခြင်း (𝐑𝐚𝐢𝐧𝐨𝐮𝐭) ကို လျှော့ချပေးပါတယ်။
4️⃣ စက်ကိုအနည်းငယ်အောက်မှာထားပြီး ပိုက်ကိုအနည်းငယ်မြင့်ထားပါ။

အကယ်၍ 𝐜𝐨𝐧𝐝𝐞𝐧𝐬𝐚𝐭𝐢𝐨𝐧 (ရေစိုအဖြစ်ပြန်ပြောင်းခြင်း) ဖြစ်သောရေတွေ 𝐓𝐮𝐛𝐢𝐧𝐠 မှတဆင့် 𝐌𝐚𝐬𝐤 ဆီသို့ မရောက်သွားနိုင်အောင် ပိုက်ကို အနည်းငယ်မြင့်၍ ထားခြင်းဖြင့် ရေလိုက်ခြင်းပြဿနာကို သက်သာစေနိုင်ပါတယ်။
နည်းလမ်းကောင်းလေးတွေ အသုံးပြုပြီး CPAPကို စနစ်တကျ အသုံးပြုခြင်းဖြင့် ကောင်းမွန်သော အိပ်စက်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်❤

☎️ BioCare Co., Ltd./ BMC Myanmar (Yangon)
09-952-1310-80
09-952-1310-82

အမှတ်(၄၇)၊ဇီဇဝါဥယာဥ်အိမ်ရာ၊သံသုမာလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။




CPAP / AutoCPAP / BiPAP အသုံးပြုနေသော Customer များအတွက် Masks များကို Size စုံ Design စုံ ပြန်ရနေပါပြီ ခင်ဗျ။🥰🤔အပိုအနေန...
24/06/2025

CPAP / AutoCPAP / BiPAP အသုံးပြုနေသော Customer များအတွက် Masks များကို Size စုံ Design စုံ ပြန်ရနေပါပြီ ခင်ဗျ။🥰

🤔အပိုအနေနဲ့ဆောင်ထားမလား❓

🤔Mask Design ပြောင်းသုံးမလား❓ မိမိ စိတ်ကြိုက်ဆွေးနွေးတိုင်ပင်ပြီး မှာယူနိုင်ပါတယ်။

မိမိ သုံးနေတဲ့ Mask အမျိုးအစားသည် မိမိနှင့် အဆင်ပြေမပြေ ကို သေချာစွာ မသိ/နားမလည်သေးသော Customer များအနေနဲ့ အောက် Link လေးကို နှိပ်ပြီး အသေးစိတ်ဖတ်ရှူနိုင်ပါတယ်။

Link- https://www.facebook.com/share/p/19KFrDQzT9/?mibextid=wwXIfr

အခုပဲဆက်သွယ်မှာယူလိုက်ပါ👇

BioCare Co., Ltd./ BMC Myanmar (Yangon)

☎09-952-1310-80 / 09-952-1310-82
📌အမှတ် (၄၇) ၊ဇီဇဝါဥယာဥ်အိမ်ရာ၊သံသုမာလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။

AURA Healthcare (Yangon)

☎ 09-78-333-1310
📌အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။

AURA Healthcare (Mandalay)

☎09-78-555-1310
📌၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။





သင့်တော်သော Mask အမျိုးအစားကို ဘယ်လိုရွေးချယ်မလဲ❓CPAP စက်ကို အသုံးပြုနေတဲ့ မိတ်ဆွေများအနေနဲ့ မိမိ နှင့်သင့်တော် မည့် mas...
23/06/2025

သင့်တော်သော Mask အမျိုးအစားကို ဘယ်လိုရွေးချယ်မလဲ❓

CPAP စက်ကို အသုံးပြုနေတဲ့ မိတ်ဆွေများအနေနဲ့ မိမိ နှင့်သင့်တော် မည့် mask ရှာတွေ့ထားပြီလား❓

Mask ဝယ်တဲ့ အခါမျိုး မှာရောဘယ်လိုအချက်တွေကို ကြည့်ပြီးရွေးချယ်ဝယ်ယူကြမလဲ❓

အရေးကြီးတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါ့မယ်။ ပထမအချက်အနေနဲ့ -

1️⃣ Mask အမျိုးအစားများကို နားလည်ခြင်း
အဓိကအား ဖြင့် Mask အမျိုးအစား (၃) မျိုးရှိပါသည်-

✅ Nasal Pillow Mask - အအိပ်ဆတ် တဲ့သူတွေ၊ ကျဉ်းကျပ်တဲ့ ခံစားချက် ကိုမကြိုက်တဲ့သူမျိုးတွေ၊ မုတ်ဆိတ်မွှေး၊ ပါသိုင်းမွှေး ရှိသူတွေအတွက် အဆင်ပြေပါသည်။ အားသာချက်အနေနဲ့ ပေါ့ပါးမယ်၊ မျက်နှာနဲ့ ထိတွေ့မှုနေရာ နည်းမယ်၊ အမြင်ရှင်းပါမယ်။ အားနည်းချက် အနေနဲ့ ကတော့ နှာခေါင်းခြောက်ခြင်း၊ နှာခေါင်းယားခြင်း စတာတွေဖြစ်နိုင်သလို pressure များများ လိုတဲ့ သူမျိုးတွေမှာဆိုရင် အဆင်မပြေပါဘူးဗျ။

✅ Nasal Mask - အိပ်တဲ့ အခါအနည်းငယ် လှုပ်ရှားမှုရှိတဲ့သူမျိုးတွေ၊ နှာခေါင်းနဲ့ အသက်ရှု တဲ့သူတွေ (ပါးစပ်နဲ့ ရှူတတ်တဲ့သူမျိုးလဲရှိပါသည်။) အားသာချက် ကတော့ Nasal Pillow ထပ် တပ်ဆင်တဲ့ အခါမှာပိုငြိမ်ခြင်း၊ Fullface Mask ထပ်ပိုပြီးသက်တောင့်သက်သာဖြစ်ခြင်းတွေပဲဖြစ်ပါသည်။ အားနည်းချက် အနေနဲ့ ပါးစပ်ဖွင့်ပြီးအိပ်စက်တတ်တဲသူမျိုးတွေမှာ လေအန်ခြင်းဖြစ်နိုင်ပါသည်။ Chin Strap လို့ခေါ်တဲ့ မေးသိုင်းကြိုးနဲ့ တွဲသုံးနိုင်ပါသည်။

✅ Fullface Mask - ပါးစပ်နဲ့ အသက် ရှူတတ်တဲ့ သူများ၊ Pressure များများ အသုံးပြုရန်လိုအပ်သော သူများ နှင့် နှာခေါင်းမကြာခဏ ပိတ်တတ်သော သူများတွင် သုံးရပိုအဆင်ပြေပါသည်။ အားသာချက် ကတော့ နှာခေါင်းရောပါးစပ်ပါအုပ်ထားတဲ့ အတွက် ပုံစံပြောင်းအိပ်စက်တတ်သော၊ လှုပ်ရှားမှုများသော အခါမျိုးတွေမှာလဲ အဆင်ပြေမှာပဲဖြစ်ပါသည်။ အားနည်းချက် များကတော့ မျက်နှာနှင့် ထိတွေ့မှုများ တဲ့အတွက် ယားခြင်း၊ အသားလောင်ခြင်း ကဲ့သို့သော အနီစက်တွေပေါ်ခြင်းတွေဖြစ်နိုင်ပါသလို မျက်မှန်တပ်တဲ့ သူမျိုးတွေမှာလဲ အဆင်မပြေခြင်းမျိုးတွေ ဖြစ်နိုင်ပါသည်။

2️⃣ အိပ်စက်မှုပုံစံကိုနားလည်ခြင်း ။

✅ ဘေးစောင်းအိပ်တတ်ခြင်း - Nasal Mask ဒါမှမဟုတ် လှုပ်ရှားရလွယ်သော Mask မျိုးကိုရွေးချယ်သင့်ပါသည်။

✅ လှုပ်ရှားမှုများခြင်း - Stable ဖြစ်သော mask၊ ချိန်ညှိရလွယ်သော mask မျိုး ရွေးချယ်ရမှာပဲဖြစ်ပါသည်။

✅ စိတ်ကျဉ်းကျပ်တတ်တဲ့သူမျိုး ဆိုရင် မျက်နှာပေါ်မှာမရှုပ်သော mask မျိုးကို ရွေးချယ်ဝယ်ယူသင့် ပါသည်။

3️⃣ မိမိနှင့် အံဝင်ခွင်ကျ ဖြစ်မဖြစ်၊ သက်တောင့်သက်သာဖြစ်မဖြစ်ရွေးချယ်ခြင်း။

✅ Size ရွေးချယ်ခြင်း - Small, Medium, Large ဆိုပြီး (၃) မျိုးလာပါတယ်။ မိမိနှင့် သင့်တော်မည့် mask အမျိုးအစားကိုရွေးချယ် ဝယ်ယူသင့်ပါသည်။

✅ အံဝင်ခွင်ကျ ဖြစ်ခြင်း - မိမိ ရွေချယ်သည့် Headgear သည် အလျော့ အတင်း ပြုလုပ်ရလွယ်သော Headgear ဖြစ်မဖြစ်သည်လဲ စဉ်းစားဖို့လိုတဲ့ အချက်တစ်ချက်ဖြစ်ပါသည်။ mask တွင်ပါသော cushion သည်လဲ မိမိ နှင့်အဆင်ပြေအရေးကြီးပါသည်။

✅ Material – Mask တွင် ပါသော Sillicone cushion ကိုလဲစစ်ဆေးဖို့လိုပါသည်။ များသောအားဖြင့် Sillicone အသုံးများပြီး အချို့သော Mask များတွင် Gel ကဲ့သို့သောပို၍ သက်တောင့်သက်သာဖြစ်စေသော Material တွေကို အသုံးပြုတတ်ပါသည်။

4️⃣ ထည့်သွင်းစဉ်းစားသင့်သောအချက်များ

✅ High Pressures အသုံးပြုသူများအနေနဲ့ Fullface Mask ကိုအသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ Sealing ကိုရရှိမှာပဲဖြစ်ပါသည်။

✅ Pressures နည်းနည်းနဲ့ အသုံးပြုသူများအတွက် Nasal Mask, Nasal Pillow Mask များနဲ့ ပိုမိုသင့်တော် ပါသည်။

✅ အချို့သော Suppliers များတွင် Mask များကို trial အနေနဲ့ အသုံးပြုခွင့်ပေးထားပါသည်။ ဒီအချက်ကလဲ သင့်တော်တဲ့ Mask ကိုရွေးချယ်ဝယ်ယူတဲ့ အခါမှာကောင်းမွန်တဲ့ အချက်ပဲဖြစ်ပါသည်။

✅ Headgear ကိုလဲ leak ဖြစ်ခြင်း၊ သက်တောင့်သက်သာမဖြစ်ခြင်းတွေကနေ ကာကွယ်နိုင်အောင် လိုအပ်သလိုအတိုးအလျော့ပြုလုပ်နိုင်သော Mask မျိုးကိုရွေးချယ် ဝယ်ယူဖိုလိုအပ်ပါသည်။

✅ အချို့သော Mask များတွင် သံလိုက်ပါဝင်ခြင်းအားဖြင့် လွယ်ကူစွာဖြုတ်တပ် အသုံးပြုနိုင်ပါသည်။

✅ Heated Tubing ပါဝင်ခြင်းသည်လဲ ကောင်းမွန်တဲ့အချက်ပဲဖြစ်ပါတယ်။ Tubing (ပိုက်) အတွင်းမှာရေလိုက်ခြင်းပြဿနာကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ် ။ Heated Tubing ပါဝင်ခြင်းသည် ထိုပြဿနာကိုကောင်းမွန်ဖြေရှင်းပေးမှာပဲဖြစ်ပါသည်။

အပေါ်မှာဖော်ပြထားတဲ့ အချက်များကို သေချာစွာသတိပြုရွေးချယ်ခြင်းဖြင့် ကောင်းမွန်သောအိပ်စက်ခြင်း များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း BMC Myanmar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ။







💨CPAP စက်မှာပါတဲ့ Humidifier ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ❓💨➡️ BMC Brand Auto CPAP တွေမှာ humidifier Setting Level 1,2,...
18/06/2025

💨CPAP စက်မှာပါတဲ့ Humidifier ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ❓💨

➡️ BMC Brand Auto CPAP တွေမှာ humidifier Setting Level 1,2,3,4,5 ဆိုပြီးရှိကြပါတယ်။ ပုံမှန်အားဖြင့် Setting 2 Or 3 မှာထားပြီး အသုံးပြုရင် အဆင်ပြေပါတယ်။ CPAP အသုံးပြုသူတွေအနေဖြင့် အသက်ရှူလမ်းကြောင်းထဲဝင်လာတဲ့လေက အေးပြီးခြောက်သွေ့မနေအောင် Humidifier Setting ကိုအသုံးပြုကြရပါတယ်။

➡️ Humidifier ဆိုတာ Water Chamber အထဲသို့ ရေထည့်ထားပြီး စက်ဖွင့်လိုက်တဲ့အခါ Chamber ရဲ့ အောက်ခံအပူပြားကနေတစ်ဆင့် ရေကိုနွေးလာစေပြီး ရှူသွင်းမဲ့ လေကိုနွေးနွေးလေးဖြစ်စေတာပါ။

လေအေးအေးကြီးအစား🤗 အနွေးဓါတ်ရှိသောလေကို ရှူသွင်းခြင်းက --

✅ လည်ပင်းနဲ့ နှာခေါင်းလမ်းကြောင်းတစ်လျှောက်မှာ မအီမသာဖြစ်ခြင်း၊
✅ အာခေါင်ခြောက်ခြင်း၊
✅ နှာခေါင်းပိတ်ခြင်း၊
✅ ယားပြီး နှာချေခြင်း၊
✅ နှာခေါင်းလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်း တို့ကိုသက်သာစေနိုင်ပါတယ်။

ဒါကြောင့် BMC CPAP လေးတွေမှာ Humidifier setting လေးကို လိုအပ်သလို ချိန်ညှိပြီး ကောင်းမွန်သော အိပ်စက်ခြင်းလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ 🥰

BioCare Co., Ltd./ BMC Myanmar (Yangon)

☎09-952-1310-80 / 09-952-1310-82
📌အမှတ် (၄၇) ၊ဇီဇဝါဥယာဥ်အိမ်ရာ၊သံသုမာလမ်း၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။

AURA Healthcare (Yangon)

☎ 09-78-333-1310
📌အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။

AURA Healthcare (Mandalay)

☎09-78-555-1310
📌၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။






𝗛𝗲𝗹𝗹𝗼📢𝗕𝗠𝗖 𝗠𝘆𝗮𝗻𝗺𝗮𝗿 ပစ္စည်းလေးတွေထပ်ရောက်လာပါပြီ🥰အခြားသော 𝗔𝗰𝗰𝗲𝘀𝘀𝗼𝗿𝗶𝗲𝘀 တွေဖြစ်တဲ့ 𝗠𝗮𝘀𝗸, 𝗛𝗲𝗮𝗱𝗴𝗲𝗮𝗿, 𝗧𝘂𝗯𝗶𝗻𝗴, 𝗔𝗶𝗿-𝗳𝗶𝗹𝘁𝗲𝗿 လေးတွေ...
17/06/2025

𝗛𝗲𝗹𝗹𝗼📢

𝗕𝗠𝗖 𝗠𝘆𝗮𝗻𝗺𝗮𝗿 ပစ္စည်းလေးတွေထပ်ရောက်လာပါပြီ🥰

အခြားသော 𝗔𝗰𝗰𝗲𝘀𝘀𝗼𝗿𝗶𝗲𝘀 တွေဖြစ်တဲ့ 𝗠𝗮𝘀𝗸, 𝗛𝗲𝗮𝗱𝗴𝗲𝗮𝗿, 𝗧𝘂𝗯𝗶𝗻𝗴, 𝗔𝗶𝗿-𝗳𝗶𝗹𝘁𝗲𝗿 လေးတွေလဲ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပေးလိုက်ပါတယ်ဗျ။

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗡𝗼-
☎️𝟬𝟵 𝟵𝟱𝟮 𝟭𝟯𝟭𝟬 𝟴𝟬
☎️𝟬𝟵 𝟵𝟱𝟭 𝟭𝟯𝟭𝟴 𝟴𝟮


08/05/2025
အိပ်နေစဉ် အသက်ရှူကျပ်ခြင်းSleep Apnea သည် အိပ်နေစဉ်အတွင်း ကောင်းစွာ အသက်မရှူနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိပ်စက်ခြင်း...
08/05/2025

အိပ်နေစဉ် အသက်ရှူကျပ်ခြင်း

Sleep Apnea သည် အိပ်နေစဉ်အတွင်း ကောင်းစွာ အသက်မရှူနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိပ်စက်ခြင်း ရောဂါတစ်ခုဖြစ်သည်။ ၎င်းကို ဗြုန်းစားကြီး နိုးလာခြင်း၊ ကျယ်လောင်စွာ သို့မဟုတ် နာတာရှည် ဟောက်ခြင်းများ၊ အိပ်ပျော်နေစဉ် အသက်ရှူနည်းခြင်း သို့မဟုတ် ပျက်ကွက်ခြင်း တို့သည် Sleep Apnea ၏ ရောဂါ လက္ခဏာ များဖြစ်သည်။ အခြားသော အိပ်စက်ခြင်းဆိုင်ရာ လက္ခဏာများမှာ ညဘက်တွင် အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ စိတ်အခြေအနေ ပြောင်းလဲခြင်း၊ အိပ်မပျော်ခြင်း နှင့် နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်းတို့သည် လည်း Sleep Apnea ၏ ရောဂါ လက္ခဏာ များဖြစ်သည်။
အိပ်နေစဉ် အသက်ရှူကျပ်ခြင်းသည် ကုသမှုမခံယူပါက နောက်ဆက်တွဲဆိုးကျိုးတွေကတော့ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ Heart attacks ရခြင်းနှင့် ဆီးချိုရောဂါများအပါအဝင် ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သော အခြေအနေတစ်ခုဖြစ်သည်။

📌အိပ်နေစဉ် အသက်ရှုကျပ်ခြင်း အမျိုးအစားများ

Sleep Apnea ကိုအဓိကအားဖြင့်
✅Central Sleep Apnea (CSA)၊
✅Obstructive Sleep Apnea (OSA) နှင့် ✅Mixed or Complex Sleep Apnea (MSA) ဆိုပြီး (၃) မျိုးခွဲခြားနိုင်ပါသည်။ မိမိတွင် ဖြစ်နေနိုင်သော ရောဂါ အမျိုးအစားနှင့် အိပ်စက်မှု ပုံစံကိုလိုက်၍ ကောင်းမွန်သော ကုသမှုကိုခံယူ ဖို့လိုအပ်ပါသည်။

✅Obstructive Sleep Apnea (OSA)

Obstructive Sleep Apnea (OSA) သည် အဖြစ်များ အတွေ့ရများသော ရောဂါအမျိုးအစား တစ်ခုဖြစ်ပါသည်။ မြန်မာလို အိပ်-ဟောက်-ရှူ-ပိတ် ရောဂါ လို့လည်း ခေါ်ကြသည်။ OSA အမျိုးအစားသည် လည်ချောင်း အနောက်ဘက်တွင်ရှိသော ကြွက်သားပြေလျော့မှုကြောင့် အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့ခြင်း သို့မဟုတ် ကျဉ်းသွားစေခြင်း ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းဖြစ်စဉ်သည် အိပ်နေစဉ်တွင် အောက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်ပဲ၊ သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ကို တိုးပွားလာ စေသည်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် အောက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်သောအခါတွင် ဦးနှောက်က သင့်ကို အသက်ရှူ ရန်အတွက် ရုတ်တရက်နိုးထစေပါသည်။ နိုးထလာသောအခါတွင်လဲ မွန်းကြပ်ခြင်း၊ နှာမှုတ်ခြင်း၊ မောဟိုက်ခြင်းတို့ ဖြစ်စေပါသည်။ ဤဖြစ်စဉ်သည် တစ်ညလုံးတွင် အကြိမ်ရာနှင့်ချီ၍ပင် ထပ်ခါတစ်လဲလဲ ဖြစ်ပွားနိုင်ပြီး အိပ်စက်ခြင်းသံသရာ REM Cycles ကိုအနှောက်အယှက် ဖြစ်စေပြီး ကောင်းမွန်သော အိပ်စက်ခြင်းကိုရရှိနိုင်တော့မဟုတ်ပါဘူး။ တစ်ခြားသော OSA ကိုဖြစ်စေသော အကြောင်းအရင်းများမှာ အဝလွန်ခြင်း၊ အသက်ရှုလမ်းကြောင်းကျဉ်းမြောင်းခြင်း၊ လည်ပင်းကြီးခြင်း နှင့် အရက် သို့မဟုတ် နီကိုတင်း သုံးစွဲခြင်းတို့ပါဝင်ပါသည်။

✅Central Sleep Apnea (CSA)

Central Sleep Apnea (CSA) သည် အိပ်နေစဉ်အတွင်း ပုံမှန်အသက်ရှူန် ခန္ဓာကိုယ်သို့ ဦးနှောက်မှ အချက်ပြမှုများ ပေးပို့ခြင်း မရှိသောအခါတွင် အသက်ရှူရပ်ခြင်းကိုဖြစ်ပေါ်စေပါသည်။ ၎င်းသည် အချိန်ကြာမြင့်စွာ အသက်ရှူရပ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ CSA ၏ အကြောင်းအရင်းများသည် OSA ထက်ပိုမို ရှင်းလင်းပြီး နှလုံး သို့မဟုတ် ဦးနှောက်ရှိအခြေအနေ တစ်ခုခု နှင့်မကြာခဏ ဆက်စပ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် CSA သည် အကြောင်းအရင်းမရှိပဲ ဖြစ်ပေါ်လာနိုင်ပြီး ၎င်းကို Central Sleep Apnea အဖြစ်သတ်မှတ်ပါသည်။ အခြားသော CSA အမျိုးအစားကို Cheyne-Stroke Breathing Pattern ဟုခေါ်သည်။ ၎င်းတွင် hyperventilation နှင့် apnea တို့ပါဝင်သောကြောင့် နှလုံးရပ်ခြင်း သို့မဟုတ် လေဖြတ်ခြင်း တို့ကိုဖြစ်ပွားစေနိုင်သည်။ အချို့သော ဆေးဝါးများအသုံးပြုခြင်းကြောင့်လဲ CSAကို ဖြစ်ပေါ်စေနိုင်ပါသည်။

✅Mixed or Complex Sleep Apnea

MSA သည် အိပ်စက်နေစဉ်တွင် CSA နှင့် OSA နှစ်ခုလုံး ဖြစ်ပေါ်နေခြင်းကို Mixed or Complex Sleep Apnea ဟုသတ်မှတ်ကြသည်။

_________________________________

❓တကယ်လို့ ကိုယ့်မှာ အိပ်ဟောက်ရှူပိတ်ရောဂါ(Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ် လိုပါက Polywatch ကို တပ်ဆင်ပြီး တစ်ညတာ အိပ်စက်ပေးရုံဖြင့် ရောဂါရှိမရှိသိနိုင်ပြီး လိုအပ်ပါက CPAP တပ်ဆင်ရန် ဆရာဝန်များက ညွှန်ကြားပေးပါလိမ့်မယ်ရှင်။

🥰ကျွန်မတို့ BMC Myanmar မှ HSAT (Home Sleep Apnoea Test) စစ်ဆေးမှုအတွက် အသေးစိတ်ရှင်းပြခြင်းနှင့် စက်အသုံးပြုပုံကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့်အပြင် လိုအပ်သည့် CPAP/ Auto PAP/ Bi PAP စက်များကိုလည်း အထူးသင့်တော်သောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း သတင်းကောင်း ပါးလိုက်ပါရစေရှင့်။ ❣️❣️❣️

အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်နှင့် လိပ်စာများတွင် အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင်။

AURA Healthcare (Yangon)
☎️ 09-78-333-1310
🏢အမှတ်157 (မြေညီ)၊ လသာလမ်း (အထက်)၊ လသာမြို့နယ်၊ ရန်ကုန်။

AURA Healthcare (Mandalay)
☎️09-78-555-1310
🏢၈၁လမ်း၊ ၂၂လမ်း နှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။

Aura Healthcare (Taunggyi)
☎️ 09-201-4175, 09-504-2620
🏢 ၆ (A) ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့။

Aura Healthcare (Nay Pyi Daw)
☎️ 09-4485-421-64 , 09-4313-92-00
🏢 အမှတ် (၄၄၁၅) ၊ ပေါင်းလောင်း ၂ (၁၄ လမ်း) ၊ ပဒုမ္မာလမ်း နှင့် ခရေလမ်းကြား။ ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းအနီး၊ နေပြည်တော်မြို့နယ်၊ ပျဥ်းမနားမြို့။

BioCare Co., Ltd./ BMC Myanmar (Yangon)
☎️ 09-952-1310- 80
🏢 အမှတ် (၄၇) ၊ ဇီဇဝါဥယျာဉ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။





Address

Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959952131080

Alerts

Be the first to know and let us send you an email when BMC Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BMC Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram