AYAR Pharmacy - ဧရာဆေးဆိုင်

AYAR Pharmacy - ဧရာဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AYAR Pharmacy - ဧရာဆေးဆိုင်, Pharmacy / Drugstore, Corner of Anawrahta Road and Seik Kan Thar road, Yangon.

ရာသီတုပ်ကွေး အကြောင်း သိမှတ်စရာ 🦠
28/07/2025

ရာသီတုပ်ကွေး အကြောင်း သိမှတ်စရာ 🦠

ရာသီတုပ်ကွေး
••••••••••••••

ဒီဆောင်းပါးမှာ ပြောပြချင်တဲ့အကြောင်းအရာကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်းပဲဖြစ်ပါတယ်။

▪️ကလေးကိုရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးသင့်သလား
▪️ဘယ်အချိန်မှာထိုးနှံပေးရမလဲ
▪️ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေရော တုပ်ကွေးကာကွယ်ဆေးထိုးနှံသင့်လား
▪️ဆေးရွေးချယ်တဲ့အခါဘယ်အချက်တွေနဲ့ရွေးချယ်ရမလဲစတဲ့အမေးများတဲ့အကြောင်းအရာတွေကိုဖြေဆိုရေးသားပေးချင်ပါတယ်။

🔸ရာသီတုပ်ကွေးဘာကြောင့်ဖြစ်ရသလဲ?

Influenza လို့ခေါ်တဲ့တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်ဝင်ရောက်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ပိုးတွေကို A,B,C,D ဆိုပြီး အမျိုးအစားတွေခွဲထားပါတယ်။ အဖြစ်အများဆုံးကတော့ Type A နဲ့ Type Bဖြစ်ပါတယ်။ Type A နဲ့ Type B ကနေလည်း အုပ်စုငယ်လေးတွေထပ်ကွဲပါသေးတယ်။

တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကတော့ အစပိုင်းမှာ ရိုးရိုးအအေးမိဖျားနာတာနဲ့တူပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရိုးရိုးအအေးမိတာထက် ပိုပြီးဝေဒနာခံစားရတတ်ပါတယ်။ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း ၊ အပူကြီးခြင်း၊ ပိုနုံးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယို၊နှာပိတ်ခြင်းတို့ကိုပိုခံစားရနိုင်ပါတယ်။

🔺တုပ်ကွေးရောဂါဟာ စနစ်တကျကုသမှုမခံယူရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက်အရွယ်ကြီးတဲ့လူကြီးတွေ၊ ရောဂါအခံရှိတဲ့သူတွေမှာ နောက်ဆက်တွဲဆိုးဝါးတတ်လို့ ပိုပြီးသတိပြုရပါတယ်။

🔸မြန်မာနိုင်ငံမှာ ဘယ်အချိန်ဆို ရာသီတုပ်ကွေးအဖြစ်များကြသလဲ?

တုပ်ကွေးရောဂါဟာ မိုးဦးကျကာလမှာဆိုရင် အဖြစ်များကြပါတယ်။ မေလ၊ ဇွန်၊ဇူလိုင်စတဲ့ မိုးရာသီဟာ တုပ်ကွေးကူးစက်မှုအများဆုံးကာလတွေပဲဖြစ်ပါတယ်။
▪️လူကြီးတွေရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်း
▪️ကလေးတွေရဲ့ ၁၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းဟာ တုပ်ကွေးကူးစက်ခံရတတ်ပါတယ်။)

🔸ရာသီတုပ်ကွေးဟာဘယ်လိုကူးစက်သလဲ?

ရောဂါပိုးရှိတဲ့လူက နှာချေ၊ချောင်းဆိုးလိုက်တဲ့အခါ လေထုထဲမှာ ရောဂါအမှုန်အမွှားတွေပျံ့သွားပါတယ်။ ဒီလေကိုရှူရှိုက်မိရင်လည်း အသက်ရှူလမ်းကြောင်းကတဆင့် တုပ်ကွေးကူးစက်ခံရပါတယ်။

အရာဝတ္ထုပစ္စည်းတွေမှာ ရောဂါပိုးတွေကပ်ငြိနေတာကို လက်နဲ့ကိုင်တွယ်မိပြီး လက်မဆေးဘဲ မျက်စိ၊ နှာခေါင်းနဲ့ပါးစပ်ကို ပြန်ထိတွေ့မိတဲ့အခါမှာလည်း ရောဂါကူးစက်ခံရတတ်ပါတယ်။

🔸ရာသီတုပ်ကွေးအဖြစ်များတဲ့သူတွေ

▪️ကလေးငယ်များ (အသက်၆လနှင့်အထက်ကလေးငယ်များ)
▪️အသက်၆၅နှစ်အထက်လူကြီးများ
▪️စက်ရုံအလုပ်ရုံဝန်ထမ်းများ/ကျန်းမာရေးဝန်ထမ်းများ
▪️ကိုယ်ဝန်ဆောင်မိခင်များ
▪️နာတာရှည်ရောဂါအခံရှိသူများနဲ့
▪️ခုခံအားကျဆင်းနေသူများနဲ့
▪️ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူများဟာ ရာသီတုပ်ကွေးအဖြစ်များကြပါတယ်။

🔺ကိုယ်ဝန်ဆောင်တွေဟာ ကိုယ်ဝန်ဒုတိယ၃လနဲ့ တတိယ၃လကာလအပိုင်းအခြားတွေမှာ ရာသီတုပ်ကွေးကူးစက်ခံရနိုင်ခြေနဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်လွယ်ပါတယ်။
ကလေးငယ်လေးတွေဟာလည်း လူကြီးများထက်စာရင် ကိုယ်ခံအားနည်းပါးပြီး တွေ့ရာမြင်ရာကို လက်နဲ့ကိုင်တွယ်ဆော့ကစားကြတာကြောင့် ရာသီတုပ်ကွေးပျံ့နှံ့ချိန်တွေမှာ ရောဂါကူးစက်လွယ်ကြတာဖြစ်ပါတယ်။

🔸ရာသီတုပ်ကွေးကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေ

▪️အပြင်ကပြန်လာတိုင်းလက်ကိုဆပ်ပြာနဲ့သေချာဆေးကြောရပါမယ်။ အရာဝတ္ထုတွေကို ကိုင်တွယ်ပြီးရင် မျက်နှာကိုလက်နဲ့ပွတ်သပ်တာမျိုးမလုပ်ရပါဘူး။
▪️လူထူထပ်တဲ့နေရာတွေကိုတတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။
▪️အပြင်သွားတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ရပါမယ်။
▪️ရာသီတုပ်ကွေးကာကွယ်ဆေး(Flu Vaccine) နှစ်စဉ်ထိုးနှံသင့်ပါတယ်။

✅The Centers for Disease Control and Prevention (CDC)ကလည်း အသက်၆လနှင့်အထက်လူတိုင်းကို တုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးနှံဖို့တိုက်တွန်းပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဟာ ရာသီတုပ်ကွေးဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။ တုပ်ကွေးကြောင့် ရောဂါပြင်းထန်မှုနဲ့ဆေးရုံတက်နိုင်ခြေတွေကိုလည်း လျော့ကျစေပါတယ်။

✅ရာသီတုပ်ကွေးကာကွယ်ဆေးတွေဟာ ယခုကာလအပိုင်းအခြားမှာ ပိုအရေးကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတော့ 2019 မှာစဖြစ်ခဲ့တဲ့ Covid-19 ကပ်ရောဂါနဲ့ အစောပိုင်းလက္ခဏာတွေဆင်တူနေလို့ပါပဲ။

🔸မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးကာကွယ်ဆေးဘယ်နှမျိုးရနိုင်သလဲ?

▪️ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO)ကလည်း အသက်၆လအထက် လူတိုင်းတုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးနှံသင့်ကြောင်းတိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီတုပ်ကွေးဖြစ်စေတဲ့ Virus ပိုးဟာ တစ်နှစ်နဲ့တစ်နှစ် ဗီဇမျိုးကွဲတွေမတူညီလို့ပဲဖြစ်ပါတယ်။

▪️WHOက ရာသီတုပ်ကွေးရောဂါပိုးရဲ့ ဗီဇ၊လက္ခဏာတွေကိုလေ့လာပြီး Northern Hemisphere (NH) လို့ခေါ်တဲ့ ကမ္ဘာ့မြောက်အခြမ်းနဲ့ Southern Hemisphere (SH) လို့ခေါ်တဲ့ ကမ္ဘာ့တောင်အခြမ်းမှာ အဖြစ်များတဲ့ပိုးမျိုးကွဲတွေကို ထုတ်ပြန်ပေးလေ့ရှိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာတော့ မိုးဦးကျရာသီမှာ SH ဆေးကိုရရှိပြီး ဆောင်းရာသီမှာ NH ဆေးကိုရရှိနိုင်ပါတယ်။

✅ကျွန်မတို့ပြည်သူတွေကတော့ မိုးရာသီတလျှောက်လုံး ရာသီတုပ်ကွေးရောဂါကနေကာကွယ်ပေးနိုင်တဲ့ SH (မိုးရာသီတုပ်ကွေးကာကွယ်ဆေး)ကိုအထိုးများကြပါတယ်။

🔸ရာသီတုပ်ကွေးကာကွယ်ဆေးရွေးချယ်ရာမှာ

ရာသီတုပ်ကွေးဖြစ်စေတဲ့ Virus Strain တွေဟာ တစ်ခုမကရှိတာမို့ အသက်အန္တရာယ်အပေးနိုင်ဆုံး Virus Strains တွေကိုကာကွယ်နိုင်တဲ့Vaccine ဖြစ်ရပါမယ်။ ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးဟာ အနည်းဆုံး Strain ၃မျိုးကနေ Strain ၄ မျိုးအထိကာကွယ်ပေးနိုင်တဲ့ ဆေးတွေဖြစ်ရပါမယ်။

▪️Strain ၃မျိုးကာကွယ်ပေးနိုင်တာကို Trivalent လို့ခေါ်ပြီး
▪️Strain ၄မျိုးကာကွယ်ပေးနိုင်တာကို Quadrivalent လို့ခေါ်ပါတယ်။

🔸ကျွန်မတို့မြန်မာနိုင်ငံမှာရရှိနိုင်တဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးတွေ

▪️Influvac Tetra (Quadrivalent ) နဲ့
▪️Vaxigrip Tetra (Quadrivalent) စတဲ့ဆေးတွေပဲဖြစ်ပါတယ်။

✅Vaxigrip Tetra ဆေး

Vaxigrip Tetraကို ကျွန်မတို့လိုကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေပါ စိတ်ချလက်ချထိုးနှံနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များဟာ တုပ်ကွေးကာကွယ်ဆေးထိုးထားရင် မွေးလာမယ့်ကလေးငယ်အသက်၆လအထိ ခုခံအားရစေနိုင်ပါတယ်။
ကလေးငယ်များအနေနဲ့လည်း အသက် ၆လပြည့်ပြီးတာနဲ့ ထိုးနှံပေးသင့်ပါတယ်။ တုပ်ကွေးဖြစ်နိုင်ခြေလျော့ကျတဲ့အပြင် မတော်တဆကူးစက်ခံရရင်တောင် ပြင်းထန်မှုနည်းပါးပါတယ်။

ထိုးနှံရမယ့်ပမာဏကတော့

လူကြီး -0.5 ml ပါတဲ့ဆေးတစ်လုံးကို IM(အသားတွင်း)ထိုးနှံရပါတယ်။
ကလေး-0.5ml ပါတဲ့ဆေးတစ်လုံးကို IM ထိုးနှံရပါတယ်။

ကလေးများဟာ အသက် ၉နှစ်အောက်ဖြစ်ပြီး ယခင်ကတုပ်ကွေးကာကွယ်ဆေးတစ်ကြိမ်မှမထိုးခဲ့ဖူးရင်(ယခုနှစ်မှစထိုးမယ်ဆိုရင်) ၄ပတ်ခြားပြီး နောက်ဆေးတစ်လုံး ထပ်မံထိုးနှံပေးရပါတယ်။ စုစုပေါင်း ဆေး၂လုံးထိုးနှံရတာဖြစ်ပါတယ်။နောင်နှစ်များမှာတော့ တစ်နှစ်ကိုတစ်ကြိမ်သာထိုးနှံပေးဖို့လိုပါတယ်။

✅Influvac Tetra ကတော့

လူကြီး -0.5 ml ပါတဲ့ဆေးတစ်လုံးကို IM(အသားတွင်း)ထိုးနှံရပါတယ်။
၃နှစ်အထက်ကလေး-0.5ml ပါတဲ့ဆေးတစ်လုံးကို IM ထိုးနှံရပါတယ်။ (ကလေးများဟာ အသက် ၉နှစ်အောက်ဖြစ်ပြီး ယခင်ကတုပ်ကွေးကာကွယ်ဆေးတစ်ကြိမ်မှမထိုးခဲ့ဖူးရင်(ယခုနှစ်မှစထိုးမယ်ဆိုရင်) ၄ပတ်ခြားပြီး နောက်ဆေးတစ်လုံးထိုးနှံပေးရပါတယ်။ နောင်နှစ်များမှာတော့ တစ်နှစ်ကိုတစ်ကြိမ်သာထိုးနှံပေးဖို့လိုပါတယ်)
(Edited : Influvac Tetra 2023 မှာတော့ ကလေးအသက် ၆လအထက်ကစပြီး ထိုးနှံနိုင်ပါတယ်)

🔸တုပ်ကွေးကာကွယ်ဆေးရွေးချယ်တဲ့အခါမှာအရေးကြီးတဲ့အချက်

▪️ဆေးရဲ့ Myanmar Registration အရေးကြီးပါတယ်

✅ဆေးတရားဝင်တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီကြီးများဟာ Cold Chain ကို စနစ်တကျ ပြုလုပ်ထားပြီး MM registration ရမှသာတင်သွင်းခွင့်ရပါတယ်။ ဆေးများကိုသိမ်းဆည်းပို့ဆောင်တဲ့နေရာမှာ Cold Chain စိတ်ချရတဲ့အတွက်ဆေးအာနိသင်ကိုအပြည့်အာမခံနိုင်ပါတယ်။ ဥပမာ - Vaxigrip Tetra ဆိုရင် ထုတ်လုပ်တဲ့ပြင်သစ်နိုင်ငံကနေ ကျွန်မတို့မြန်မာနိုင်ငံကို Cold Chain နဲ့တိုက်ရိုက်ရောက်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဆေးရဲ့ Safety ဟာရာနှုန်းပြည့်စိတ်ချရပါတယ်။

✅လက်ပြောင်းလက်လွှဲနည်းပါးတဲ့အတွက် ဆေးရဲ့အာနိသင်ပျက်ယွင်းမှာ၊ Cold Chain ပျက်မှာကိုစိတ်မပူရပါဘူး။ ခုလို လျှပ်စစ်မီးမမှန်တဲ့ကာလတွေမှာ Registration မပါတဲ့ဆေးဝါးတွေဟာ ဘယ်လိုထိန်းသိမ်းထားမလဲဆိုတာကိုစိတ်ပူစရာရှိပါတယ်။
ဒါကြောင့်တုပ်ကွေးကာကွယ်ဆေးရွေးချယ်တဲ့အခါ MM Reg ပါတဲ့ဆေးတွေကိုရွေးချယ်တာကပိုမိုစိတ်ချရပါတယ်။

မနေ့က ကျွန်မတို့မိသားစုရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံကြပါတယ်။ ၂၀၂၁ ခုနစ်မှာ ကျွန်မရဲ့သားလေးဟာ ၁နှစ်ကျော်ဖြစ်ပြီး ပထမဆုံးအကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးတာကြောင့် Vaxigrip Tetra ကို လေးပတ်ခြားပြီး ၂ကြိမ်ထိုးနှံပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ တစ်ကြိမ်သာထိုးနှံပေးရတော့မှာဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးပေမယ့် လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်းများကိုတော့ မမေ့မလျော့ဆောင်ရွက်ရမှာပါ။

ကာကွယ်ဆေးဟာ ထိုးနှံပြီးရင် ခုခံအားရရှိဖို့ ၂ပတ်နဲ့အထက်ကြာတတ်တာမို့ ရာသီတုပ်ကွေးတွေ စမလာခင်တည်းက ကြိုတင်ထိုးနှံထားဖို့လိုအပ်ပါတယ်။

ခုဆိုရင် မိဘများအမေးများတဲ့
▪️ကလေးကိုရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးသင့်သလား..
▪️ဘယ်အချိန်မှာထိုးနှံပေးရမလဲ..
▪️ဆေးရွေးချယ်တဲ့အခါဘယ်အချက်တွေနဲ့ရွေးချယ်ရမလဲ...စတဲ့မေးခွန်းတွေရဲ့အဖြေတွေကို ပြည့်စုံစွာသိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

လာမယ့်မိုးရာသီကာလမှာ ကျရောက်လာနိုင်တဲ့ ရာသီတုပ်ကွေးကိုကာကွယ်နိုင်ဖို့အတွက် ခုဆောင်းပါးကိုရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

✅ Nocid (Instock) အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်...
28/07/2025

✅ Nocid
(Instock)

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

❤️စစ်မှန်တဲ့အလှတရားအတွက် ရင်းနှီးမြှုပ်နှံမှု...📌စစ်မှန်တဲ့အလှအပဆိုတာ "𝗟𝗼𝗻𝗴-𝘁𝗲𝗿𝗺 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁" ဖြစ်ပါတယ် ...👉အသားအရေကို နေ...
14/07/2025

❤️စစ်မှန်တဲ့အလှတရားအတွက် ရင်းနှီးမြှုပ်နှံမှု...

📌စစ်မှန်တဲ့အလှအပဆိုတာ "𝗟𝗼𝗻𝗴-𝘁𝗲𝗿𝗺 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁" ဖြစ်ပါတယ် ...

👉အသားအရေကို နေ့စဉ်ပုံမှန်ဂရုမစိုက်ဘဲ ကိုယ်လိုချင်တဲ့အချိန်၊ ကိုယ်အရေးကြီးသွားစရာရှိတဲ့အချိန်မှ တစ်ပွဲထိုးလှချင်လို့မရပါဘူး ...

👉ဒါ့ကြောင့် အချိန်တိုင်းလှပဖို့အတွက်ဆိုရင် မိမိအသားအရေကို ပုံမှန် သေချာဂရုစိုက်ပေးဖို့ လိုပါတယ် ...

👉အိပ်ချိန်စားချိန် ပုံမှန်ဂရုစိုက်ပေးတာတွေ၊ ရေများများ သောက်ပေးတာတွေအပြင် 𝘀𝗸𝗶𝗻𝗰𝗮𝗿𝗲 ပုံမှန်လုပ်ပေးတာတွေက အမြဲပြုလုပ်နေရမယ့်အရာတွေဖြစ်ပါတယ် ...

😘ဒါ့အပြင် ကြည်လင်လှပသောအသားအရေအတွက် အထောက်အကူပြုပေးတဲ့ 𝗚𝗹𝘂𝘁𝗮𝘁𝗵𝗶𝗼𝗻𝗲, 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 နဲ့ 𝗔𝗻𝘁𝗶𝗼𝘅𝗶𝗱𝗮𝗻𝘁𝘀 များစွာပါဝင်တဲ့ 𝗙𝗮𝗰𝗶𝗮 𝗣𝗿𝗲𝗺𝗶𝘂𝗺 ကိုနေ့စဉ်သောက်ဖို့လည်းမမေ့နဲ့အုန်းနော် ...

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

✅ Caverta 50mg (Instock) အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်...
12/07/2025

✅ Caverta 50mg (Instock)

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

✅ Adcoline CR (Instock) အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယ...
11/07/2025

✅ Adcoline CR (Instock)

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဘက်စုံထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ဖို့ ဦးနှောက်နဲ့ အမြင်အာရုံကို အားဖြည့်ပေးမယ့်𝗔𝗽𝗽𝗲𝘁𝗼𝗻 𝗛𝗶-𝗤 𝗧𝗮𝘂𝗿𝗶𝗻𝗲 𝘄𝗶𝘁𝗵 𝗗𝗛𝗔 ...
10/07/2025

ဘက်စုံထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ဖို့ ဦးနှောက်နဲ့ အမြင်အာရုံကို အားဖြည့်ပေးမယ့်
𝗔𝗽𝗽𝗲𝘁𝗼𝗻 𝗛𝗶-𝗤 𝗧𝗮𝘂𝗿𝗶𝗻𝗲 𝘄𝗶𝘁𝗵 𝗗𝗛𝗔 ကိုသာ သတိရလိုက်ပါ။ 😎

𝗔𝗽𝗽𝗲𝘁𝗼𝗻 𝗛𝗶-𝗤 𝗧𝗮𝘂𝗿𝗶𝗻𝗲 ကို မှန်မှန်တိုက်ကျွေးပေးရင် ကျောင်းနေအရွယ် ကလေးငယ်တွေ 🧠ဦးနှောက်စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ပြီး ကလေးတွေရဲ့ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည်နဲ့ ဖြတ်ထိုးဉာဏ်စွမ်းရည်တို့ကို တိုးတက်လာစေမယ့်အပြင် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကိုပါ ဖြည့်တင်းပေးနိုင်မှာပါ။

ကျောင်းနေအရွယ်ကလေးငယ်တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်နေစေဖို့ 𝗔𝗽𝗽𝗲𝘁𝗼𝗻 𝗛𝗶-𝗤 𝗧𝗮𝘂𝗿𝗶𝗻𝗲 ကို ဒီနေ့ကစ တိုက်ကျွေးလိုက်ကြရအောင်။ 🤩

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

✅ Aroflo-125 Instock အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိ...
07/07/2025

✅ Aroflo-125 Instock

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဂျင်ဆင်း၏ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ - • ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေခြင်း• အားအင်ကုန်ခမ်းခြင်း၊ မ...
04/07/2025

ဂျင်ဆင်း၏ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ -

• ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေခြင်း
• အားအင်ကုန်ခမ်းခြင်း၊ မောပန်းလွယ်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ နာတာရှည်ပင်ပန်းနွမ်းနယ်သည့်ရောဂါဖြစ်ခြင်း စသည့်ဝေဒနာခံစားနေရသူများအတွက် အထူးသင့်တော်ခြင်း
• ကူးစက်ရောဂါ၊ ထိခိုက်ဒဏ်ရာ (သို့) ခွဲစိတ်ကုသမှုခံပြီးသော လူမမာများ လျင်မြန်စွာ နာလန်ထစေရန်
• သွေးပေါင်ချိန်ကျဆင်းနေခြင်း၊ သွေးတွင်း မကောင်းသောအဆီများပြားနေခြင်း၊ ဆီးချိုသွေးချိုရောဂါခံစားနေရခြင်းတို့ကို ပုံမှန်ဇီ၀ကမ္မဖြစ်စဉ်အတွင်း ညီညွတ်မျှတစေရန်
• ပတ်၀န်းကျင်ရှိအဆိပ်အတောက်များကို တွန်းလှန်ပေးနိုင်သောအာနိသင်ရှိသည့်အပြင် စိတ်ဖိစီးမှုဒဏ်၊ အိုမင်းရင့်ရော်ခြင်းတို့ကို တွန်းလှန်ပေးသည့်အတွက် အသက်ရှည်စွာနေနိုင်ရန်
• မြစ်ပွားနာရောဂါရှင်များ ဓာတ်ရောင်ခြည်ကင်ခြင်း၊ မြစ်ပွားနာရောဂါကုဆေးများနှင့် ကုသခြင်းတို့ကြောင့် ရိုးတွင်းချဉ်ဆီလျော့နည်းသည့်အန္တရာယ်မှလည်း လျော့နည်းနိုင်စေရန် တို့အပြင် ကျန်းမာသက်ရှည်နုပျိုစေနိုင်ပါသည်။

Immugin (ဂျင်ဆင်းဆေး) ကို အသက် (၂) နှစ်နှင့်အထက်မှစ၍ ကလေး၊ လူကြီး ကျား/မ မရွေး မနက်တစ်တာင့်၊ ညတစ်တောင့် အစာစားပြီး သောက်သုံးပေးနိုင်ပါသည်။

ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ငန်းခွင်တွင်း ကိုယ်ရောစိတ်ပါ အားစိုက်၍ အလုပ်လုပ်ကိုင်နေရသူများ၊ စိတ်ဖိစီးမှုများနေသူများ၊ အားအင်ကုန်ခမ်း၍ မောပန်းလွယ်သူများ၊ အားကစားသမားများ၊ နာလန်ထစ လူမမာများနှင့် ကိုယ်ခံစွမ်းအား ကျဆင်းနေသူများ သောက်သုံးရန်အတွက် အထူးသင့်တော်ပါသည်။

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ကိုယ်ခံစွမ်းအား ကောင်းစေဖို့ ===================💙💚 Biomune 💚💙 သောက်ကြစို့==========================ရောဂါပေါင်းစုံရှိတဲ့ ...
04/07/2025

ကိုယ်ခံစွမ်းအား ကောင်းစေဖို့
===================
💙💚 Biomune 💚💙 သောက်ကြစို့
==========================
ရောဂါပေါင်းစုံရှိတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ခံစွမ်းအားကောင်းဖို့ အရေးကြီးပါတယ်

ခန္ဓာကိုယ်ခုခံစွမ်းအားစနစ်အတွက် အရေးပါသည့် Probiotics (၃) မျိုး
💙 Lactobacillus rhamnosus (1 billion)
💙 Bifidobacterium bifidum (1 billion)
💙 Streptococcus thermophilus (1 billion) ပါဝင်ပါတယ်

💙💚 Dual Coated Probiotics ဆိုတာဘာလဲ ? 💚💙

အဆင့်မြင့် Dual Coating လုပ်ထားသော ပရိုဘိုင်အိုတစ်များသည် အကောင်းဆုံးကာကွယ်ပေးထားသည့်အတွက် အူလမ်းကြောင်းတွင် အဆ(၁၀၀) အသက်ရှင်နိုင်စွမ်းပိုရှိတာကြောင့် ပရိုဘိုင်အိုတစ် အကျိုးအာနိသင်များကို အပြည့်အဝရရှိစေပါသည်။

ကလေး လူကြီး ကျား မ မရွေး နေ့စဉ် တစ်နေ့ ၁ ကြိမ် သောက်သုံးနိုင်ပါတယ်ရှင်

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

တုပ်ကွေးရာသီရောက်ပြီဆိုတော့ နှစ်တိုင်း သတိပေးနေကျစကားတွေ ပြန်သတိပေးရပါဦးမယ်။✅ ကလေးတွေ ခုချိန်မှာ ဖျားရတဲ့ အဓိက အကြောင်း...
03/07/2025

တုပ်ကွေးရာသီရောက်ပြီဆိုတော့ နှစ်တိုင်း သတိပေးနေကျစကားတွေ ပြန်သတိပေးရပါဦးမယ်။

✅ ကလေးတွေ ခုချိန်မှာ ဖျားရတဲ့ အဓိက အကြောင်းရင်းက ရာသီတုပ်ကွေး (Seasonal Flu) ကြောင့်ပါ။

✅ ဒီရက်ပိုင်း ကလေးတွေမှာ ဖျားတဲ့တုပ်ကွေးဖျားပုံစံက - ဖျားပြီဆိုရင် တစ်ရက်ခွဲ (၃၆ နာရီအတွင်း) အဖျား တက်လိုက်ကျလိုက် ဖြစ်နေတတ်ပါတယ်။ ပထမဆုံးဖျားတဲ့ည အဖျားကြီးတတ်ပါတယ်။ ( ဖျားရင် တက်တတ်တဲ့ ကလေးတွေအတွက် ကြိုတင်ကာကွယ်ဖို့)
ဒါကြောင့် တစ်ရက်မပြည့်ခင် အဖျားမကျတာတစ်ခုထဲနဲ့ အရမ်းစိတ်ပူ စိုးရိမ်စရာမလိုပါ။ ကလေးလန်းတယ်၊ အစားလဲဝင်တယ် ထွေထွေထူးထူးမရှိရင် ဆေးတိုက်ရင်းစောင့်ကြည့်ပါ။

✅ တချို့ဒေသတွေ မြို့နယ်တွေမှာ အစာအဆိပ်သင့်လို့ အန်တာနဲ့အရင်စ၊ ပြီးတော့ အဖျားနဲ့ ဝမ်းလျှောတာ လိုက်လာတာမျိုး ဖြစ်နေတာတွေ့ရပါတယ်။ ( ဆရာရေးပြီးသားတွေပြန်ဖတ်ပါ)

✅ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေး မတိုက်ပါနဲ့။ မလိုဘဲတိုက်နေသူတွေအများကြီးတွေ့နေရပါတယ်။ ပြောကောင်းသောသူများ ၊ ပြောမကောင်းသောသူများ ထည့်ထည့်တိုက်နေကြတာတွေ့ရတာ တော်တော်ခက်ပါတယ်။

✅ ကလေးမှိန်းရင်၊ အဖျားအရမ်းကြီးရင်၊ အန်ရင် ၊ ရောဂါလက္ခဏာ က တစ်ခု မက ရင် ( ဖျား + ဝမ်းလျှော + အန် စသဖြင့်) ဆေးခန်းပြပါ။ တက်သွားရင် ဆေးခန်း/ဆေးရုံ မဖြစ်မနေပြပါ။

✅ အဖျား ၄၈ နာရီကျော်ရင် သွေးလွန်တုပ်ကွေးသတိရှိပါ။ သွေးလွန်တုပ်ကွေးတွေ စ တွေ့နေရပါပြီ။

✅ မအန်ဘူး အစားဝင်တယ်ဆိုရင် အစား မဖြတ်ပါနဲ့။ အဖျားကြီးရင် အရည်ဆန်ဆန်ပျော့ပျော့ ဝင်လွယ်တာကျွေးပါ။ နည်းနည်း နဲ့ ခဏခဏကျွေးပါ။ ရေ၊ အရည် များများတိုက်ပါ။

✅ အမေအဖေက ကလေးရဲ့ တစ်နေ့တာနဲ့ ကလေးလှုပ်ရှားဟန် အကြောင်း အသိဆုံးပါ။ စိတ်ထဲ တစ်ခုခုမဟုတ်သေးဘူးထင်ရင် နားလည်တတ်ကျွမ်းသူနဲ့ ပြသကုသပါ။

ကျန်းမာသတိနဲ့ ကျန်းမာရွှင်လန်းကြပါစေ။

Credit: Dr. စိုင်းမြတ်သူ

ယူနီအင်ဇိုင်းကိုအစာစားပြီးအချိန်၊ အစာမစားခင်အချိန်၊ မအီမလည် ရင်ပြည့်ရင်ကယ် ဖြစ်နေတဲ့အချိန်တွေမှာသောက်သုံးနိုင်ပါတယ်။တစ်န...
03/07/2025

ယူနီအင်ဇိုင်းကို
အစာစားပြီးအချိန်၊ အစာမစားခင်အချိန်၊ မအီမလည် ရင်ပြည့်ရင်ကယ် ဖြစ်နေတဲ့အချိန်တွေမှာ
သောက်သုံးနိုင်ပါတယ်။
တစ်နေ့ကို နှစ်ကြိမ် (ဒါမှမဟုတ်) သုံးကြိမ်
သောက်လို့ရပါတယ်။ စွဲသောက်လို့လည်းရပါတယ်။


အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ချောင်းတဟွတ်ဟွတ် ဆိုနေပီလား🤧လည်ချောင်းယားယံပြီး ချောင်းဆိုးနေတာကို အမြန်သက်သာစေဖို့ရာ  ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေး...
01/07/2025

ချောင်းတဟွတ်ဟွတ် ဆိုနေပီလား🤧

လည်ချောင်းယားယံပြီး ချောင်းဆိုးနေတာကို အမြန်သက်သာစေဖို့ရာ ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်ကို အရင်သောက်လိုက်ပါဦး။ ▶️တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ တစ်နေ့ကို ၃ ကြိမ်မှ ၄ ကြိမ်အထိ ( ဆရာဝန် ညွှန်ကြားချက်အတိုင်း) သောက်သုံးနိုင်ပါတယ်နော်။

‘‘ချောင်းဆိုးခြင်းအတွက် ၃မျိုးပေါင်း ဆေးအာနိသင်’’
Chericof

ချယ်ရီကော့ဖ် #ချောင်းခြောက်ဆိုးခြင်း #ချောင်းဆိုးခြင်း #လည်ချောင်းနာခြင်း

အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service လည်းရှိတာမို့ Viber, Page messenger မှတဆင့်လည်း ဝယ်ယူနိုင်ပါပြီရှင် 📥

ဧရာ ဆေးဆိုင်

Opens daily : 8:00 AM - 8:00PM

📞 09250367546

📍အမှတ် ၉၁ ၊ အနော်ရထာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့် ၊ ၇ ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Address

Corner Of Anawrahta Road And Seik Kan Thar Road
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959250367546

Website

Alerts

Be the first to know and let us send you an email when AYAR Pharmacy - ဧရာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram