Thoon Nadi

Thoon Nadi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thoon Nadi, Astrologist & Psychic, No.745,Aung Myittar st,4 south quarter,Tharketa,Yangon., Yangon.

Magical visions >>> Tarot
တစ်ဦးလျှင်(5000)ကျပ်ငွေလွှဲမေးနိုင်သည်။မေးမည့်သူများcbသို့ကြွခဲ့ပါ။ယတြာ၊အဆောင်လုပ်မည့်သူများဈေးနှုန်းသတ်မှတ်ထားသည်။cbသို့ဆက်သွယ်နိုင်ပါပြီ။

16/09/2024

Biorhythm ခေါ် ဇီ၀သံသရာစနစ်အကြောင်း
=======================================

ဗေဒင်ပညာရပ်ပေါင်းစုံကို အလွယ်တကူတွက်ချက်ဟောပြောနိုင်စေဖို့ ဗေဒင်စွယ်စုံ ဆိုတဲ့ Online Program လေးကို ရေးသားချဲ့ထွင်လာခဲ့တာဟာ
အခုဆိုရင် တော်တော်လေးကို ခရီးပေါက်လာပါပြီ။ ဒါပေမယ့် ဗေဒင်စွယ်စုံလို့ နာမည်ပေးထားပြီး မပါဝင်သေးတဲ့ ဗေဒင်ပညာရပ်တွေကလည်း အများကြီးရှိထားတော့ ...
တဖြေးဖြေးခြင်းတော့ လုပ်နေရတာပေါ့။ Program တစ်ခု အောင်မြင်ဖို့ဆိုတာဟာ အချိန်တော်တော်လေးပေးရပါတယ်။ ထင်သလောက်မလွယ်လှပါဘူး။
Error ပေါင်းများစွာကို ကြုံတွေ့ရင်းမှ ဖြေးဖြေးခြင်းဖြေရှင်းယူရတာမျိုးပါ။ တချို့ Error တွေဆိုရင် လနဲ့ချီပြီး စဉ်းစားရတာမျိုးတွေတောင်ရှိပါတယ်။
ခုလက်ရှိထိတော့ ...

ဗေဒင်ဝါသနာရှင်တွေရော၊ ပညာရှင်တွေပါ သုံးလို့ရမယ့် အပိုင်းထဲမှာ ...

✅ နာမည်ကောင်းမကောင်းကြည့်နိုင်တဲ့စနစ်
✅ ကလေးတွေကို သေသေချာချာတွက်ချက်ပြီး နာမည်ပေးနိုင်တဲ့စနစ်
✅ နာမည်ကို ဆန်းကျမ်း အင်္ဂါ ၁၀ ပါးနဲ့အညီ ကြည့်ရှုနိုင်မယ့်စနစ်
✅ ဂဏန်းဗေဒင်ပညာနဲ့ နာမည်ကောင်းမကောင်းကြည့်နိုင်မယ့်စနစ်
✅ နေ့စဉ် ဗေဒင်အကြံပေးဟောစာတမ်း
✅ လူနှစ်ရဲ့ အချစ်ကံပေါင်းဖက်အားကြည့်တဲ့ စနစ်
✅ မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန် ( အပြည့်စုံဆုံးစနစ် )
✅ မာယာပြက္ခဒိန်ဟောပြောချက်
✅ ဆန်းပညာအရ တစ်နှစ်စာဟောကိန်း

သက်ဆိုင်ရာ ဗေဒင်ပညာရှင်တွေသာ သုံးလို့ရမယ့် အပိုင်းထဲမှာတော့ ...

✅ နက္ခတ်ပညာ
✅ တဲရော့ပညာ
✅ တဲရော့ပြက္ခဒိန်
✅ အင်္ဂဝိဇ္ဇာ
✅ ဆန်းကျမ်း
✅ ဂဏန်းဗေဒင်
✅ ငှက်ငါးကောင်ဗေဒင်ပညာ
✅ ဂြိုဟ်သွားပြက္ခဒိန် ( V1, V2 )
✅ Bazi ပြက္ခဒိန်
✅ ဘိုင်အိုရစ်သမ်

စတဲ့ ပညာရပ်တွေအားလုံးကို ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ သုံးချင်တဲ့ မိတ်ဆွေတွေကတော့ သက်ဆိုင်ရာ Plan ကို သေသေချာချာဖတ်ပြီးမှ ဝယ်ပါ။ အခု ရေးထားသမျှအားလုံးကို
အကုန်သုံးရမှာမဟုတ်လို့ပါ။ သက်*ဆိုင်*ရာ Plan အလိုက်သာ သုံးရမှာဖြစ်ပါတယ်။ Master Plan တွေကတော့ Full Version အဖြစ် သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။ လစဉ်ကြေးပေးသုံးရတဲ့ Plan တွေဖြစ်လို့။
လများများ ( သို့ ) နှစ်နဲ့ချည်ပြီး သုံးစွဲချင်တဲ့ သူတွေကို သင့်တော်တဲ့ စျေးနှုန်းတွေနဲ့ ထပ်မံလျော့ချပေးသွားမှာဖြစ်ပါတယ်။ တစ်လခြင်းဝယ်သုံးသူတွေကတော့ ပြထားတဲ့ စျေးနှုန်းအရ ဝယ်သုံးရမှာဖြစ်ပါတယ်။
၆ လနဲ့ အထက် သုံးချင်သူတွေကတော့ ကျနော်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး စျေးနှုန်းညှိနှိုင်းနိုင်ပါတယ်။ မဟုတ်ပဲ ... အခမဲ့သုံးဖို့ အကောင့်လျှောက်ထားသူတွေကိုတော့ လက်မခံတဲ့အတွက် အကောင့်မှန်သမျှ Delete လုပ်မှာဖြစ်ပါတယ်။

ခုပြောချင်တာက Biorhythm လို့ခေါ်တဲ့ ဘိုင်အိုရစ်သမ် ( ဆရာဒဂုန်ကတော့ ဇီ၀သံသရာစနစ်လို့ ချစ်စရာကောင်းတဲ့နာမည်လေးပေးထားတာတွေ့ရပါတယ်။ ) အကြောင်းလေးဖြစ်ပါတယ်။ ဒီအကြောင်းကို ကျနော် အရင်က မကြားဖူးပါဘူး။ ဆရာဒဂုန်ရေးတဲ့ စာအုပ်ဖတ်မိမှ ဒီပညာကလည်း နည်းနည်းတော့ ထူးဆန်းပါလားဆိုပြီး စိတ်ဝင်စားလို့ အဆင့်ဆင့် လေ့လာခဲ့လိုက်တာ အခုတော့
Program ရေးသားဖြစ်ပါပြီ။ အရင်ကလည်း ရေးတော့ ရေးဖူးပါတယ်။ ဒါပေမယ့် ကုဒ်ပညာမကျွမ်းကျင်မှုကြောင့် ဂဏန်းတန်ဖိုးလေးတွေကို တစ်ရက်ခြင်းစီဘယ်လိုရအောင် တွက်မလဲဆိုတာလောက်ပဲ လုပ်ပေးနိုင်ခဲ့တာပါ။
ခုတော့ နည်းပညာတွေပါ နည်းနည်း သဘောပေါက်လာတော့ အောက်က ပြထားတဲ့ပုံလို လှတပတလေးတွေပါ လုပ်လို့ရမှန်းသိလာပါတယ်။ ဒီပညာအကြောင်း မိတ်ဆွေတို့လည်း ကြားဖူးမှာပါ။ ဒါပေမယ့် ကျနော့်လောက်တော့
စွဲစွဲလမ်းလမ်းနဲ့ မလေ့လာဖြစ်လောက်ဖူးလို့ ကျနော်ပြောရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘိုင်အိုရစ်သမ်ပညာက သိပ်ပြီး ထူးခြားတဲ့ဟောကွက်မျိုးတွေမှ မပါတာပဲ ... ဒါပေမယ့် ကျနော်ကတော့ အဟောပိုင်းထက် ကျနော်ရဲ့ ဇီ၀ဖြစ်စဉ်တွေက
ဒီပညာအရ ဘယ်လိုတွေများ ပြောင်းလဲနေတာလဲ။ တကယ်ရော ဟုတ်ရဲ့လားဆိုတာမျိုးကို နေ့စဉ်အချိန်ပေးပြီးကို လေ့လာခဲ့တာဗျ။ ဒီတော့ ကျနော်သိထားတာတွေထဲက တချို့ကို ဒီမှာ ခပ်လွယ်လွယ်သိရအောင် ဗဟုသုတပြောပြပေးပါမယ်။

ဒီပညာမှာ ခုတော့ နည်းလမ်းတွေတိုးချဲ့ပြီး သုံးစွဲနေကြတာတွေ့ရပါတယ်။

ပထမ ဇီ၀သံသရာစနစ်
ဒုတိယ ဇီ၀သံသရာစနစ်
တတိယ ဇီ၀သံသရာစနစ်

စသဖြင့်ပေါ့ ...

ကျနော်ခုလုပ်ပေးထားတာက ပထမဇီ၀သံသရာစနစ်လို့ခေါ်တဲ့ မူလစနစ်ဖြစ်ပါတယ်။ အကျယ်တော့ မရှင်းပြတော့ဘူးနော်။ မြန်မာလိုသိချင်ရင် ဆရာဒဂုန်ရေးတဲ့ ဇီ၀သံသရာစနစ်ဆိုတဲ့ ဗေဒင်စာအုပ်ဝယ်ဖတ်ပါ။
ကြော်ငြာခရလို့ ကြော်ငြာပေးတာမဟုတ်ဘူးနော်။ ကျနော်လည်း ဒါပဲ စတင်ဖတ်ဖူးတာမို့လို့ ကျေးဇူးကို အထူးသိတဲ့အနေနဲ့ လမ်းညွှန်ပြပေးတာပါ။ အင်္ဂလိပ်စာနည်းနည်းပါးပါးရရင်တော့ အင်တာနက်မှာ မွှေနှောက်လေ့လာပါ။
အင်တာနက်ရော၊ စာအုပ်ထဲမှာပါ မပါသေးတဲ့ လျှို့ဝှက်ချက်တွေကို သိချင်တာမျိုးဆိုရင်တော့ ကျနော့်ရဲ့ သင်တန်းတစ်ခုဖြစ်တဲ့ ဇီ၀သံသရာသင်တန်းဆိုတာ သီးသန့်ဖွင့်ထားပါတယ်။ အဲဒီမှာ သင်တန်းတက်ပါ။ အားလုံးပြောပြပေးပါမယ်။

ခုတော့ စကားတွေ တခြားမရောက်စေဖို့ ဇီ၀သံသရာဇယားလေးနဲ့ ပြန်လည် မိတ်ဆက်ပေးပါမယ်။

ဇယားကို သေချာကြည့်ပါ။ ကြည့်ဆိုပေမယ့် ပုံဖြစ်နေလို့ တချို့ မြင်ရမယ့်အရာတွေတော့ မမြင်နိုင်ပါဘူး။ အဲဒါကတော့ ဗေဒင်စွယ်စုံထဲမှာပဲ လေ့လာပါ။ ခုတော့ မြင်နေရတဲ့ အပိုင်းလေးကိုပဲ ရှင်းပြပါမယ်။

ဒီနေ့ 31.8.2024 မှာ ကျနော်ရဲ့ ရုပ်အခြေအနေက -63 ဖြစ်နေပါတယ်။ ပုံထဲမှာတော့ အဲဒါကို မမြင်ရပါဘူး။ Program ထဲမှာ Mouse နဲ့ ထောက်ကြည့်ရင် မြင်နိုင်ပါတယ်။
ပုံထဲမှာတော့ အနီရောင်မျဉ်းလေးနဲ့ ပြထားပါတယ်။ အဲဒါကျနော့်ဇာတာနဲ့တွက်ထားတဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်ရုပ်ဇီ၀လိုင်းဖြစ်ပါတယ်။ ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သိပ်ပြီး အဆင်မပြေနိုင်တဲ့ သဘောပေါ့ဗျာ။
ခုလောလောဆယ်တော့ ကျနော်စာရိုက်နိုင်ပါသေးတယ်။ ဒါပေမယ့် ခါးနည်းနည်းနာနေပြီး ချောင်းတွေလည်း အရမ်းအေးလို့ထင်ပါတယ်ဆိုးနေပါတယ်။ ဒီတော့ ရုပ်ပိုင်းသတိထားရမယ်ပေါ့ဗျာ။ ဟုတ်လာပါပြီ။
ဒါနဲ့ ကျော်ကြည့်လိုက်တော့ အနီရောင်လိုင်းလေး အောက်ဆုံးရောက်မယ့်နေ့ဟာ 3.9.2024 နေ့ဗျ။ ဒါဆို အဲဒီလိုနေ့တော့ ကားမောင်းတာတွေဘာတွေ သတိထားရမယ်ပေါ့ဗျာ။ အခန့် မသင့်တတ်ဘူးလို့ ဆိုတာပါ။
ဒါပေမယ့် အဲဒီလို အနိမ့်ပိုင်းရောက်တိုင်း အဆိုးတွေဖြစ်မယ်လို့တော့ မပြောလိုပါဘူး။ ရုပ်စွမ်းအားကျနေတယ်။ အားမရှိသလိုဖြစ်နေမယ်။ နည်းနည်းလုပ်တာနဲ့ အမောမခံနိုင်လောက်အောင်ဖြစ်လာမယ် ဆိုတဲ့ ဇီ၀ဖြစ်စဉ်
တစ်ခုရဲ့ သဘာ၀ကို သိစေချင်တာပါ။

ပြီးတော့ ကျနော့်ရဲ့ စိတ်အခြေအနေကို ပြပေးတဲ့ ဒီနေ့အတွက် သုညဖြစ်နေပါတယ်။ လွယ်လွယ်ပြောရရင်တော့ ပုံမှန်ပဲပေါ့။ ပျော်လည်းမပျော်၊ ဝမ်းလည်းမနည်းတဲ့ သဘောမျိုးပါ။

အပြာရောင်လိုင်းလေးကတော့ ကျနော့်ရဲ့ ဉာဏ်ပညာလိုင်းဖြစ်ပါတယ်။ ဒီနေ့အတွက် 99% တောင်မှ အားရှိတယ်ဗျ။ ဒါက ဘာပြောသလဲဆိုတော့ ကျနော့်ဉာဏ်တွေ ကောင်းနေတယ်ပေါ့။ အဲဒီလိုတော့ ပြောလို့မရသေးပါဘူး။
ဉာဏ်အဆင့်တိုးတက်လာတတ်တယ်လို့ ဆိုရမလား။ ပိုပြီး တွေးခေါ်စဉ်းစားနိုင်လာတယ်လို့ဆိုရမလားဆိုတဲ့ နေ့မျိုးပေါ့။ ဒီလိုနေ့မှာ Program ရဲ့ ဖြေရှင်းမရတဲ့ Error တွေကို ဖြေရှင်းတာတွေ၊ ခက်တဲ့ သင်္ချာကို အဖြေရှာတာတွေက ကျနော့်အတွက် အရမ်းကောင်းတယ်ဗျ။
အဲဒီ ဉာဏ်လိုင်းလေး ကျနေရင် ကျနော် ဗေဒင်ဟောဖို့ပါ ရှောင်လေ့ရှိတယ်။ မဖြစ်လို့ ဟောရပါတယ်ဆိုရင်တော့ အဲဒီနေ့ အာရုံမရတဲ့ နေ့ပဲ ... ခု ပုံအရ ... 15.9.2024 နေ့ဟာ ဉာဏ်ရည်နိမ့်သွားနိုင်တဲ့နေ့ပဲလို့ ကျနော်ကြိုသိလိုက်ပြီ။
အဲလိုနေ့မျိုးမှာတော့ ကျနော်ဘယ်လောက်တွေးတွေး အတွေးပေါက်ဖို့ မလွယ်တော့သလို၊ ဗေဒင်ဟောရတာလည်း ဟိုရောက်ဒီရောက်ဖြစ်ကုန်တတ်တယ်။ ဒါက ဗေဒင်ပညာရယ်လို့တော့ ပြောလို့မရသေးပါဘူး။
လူတွေရဲ့ ဇီ၀ဖြစ်စဉ်သဘောလို့တောင် ဆိုရမလားပဲ ... ဆရာဒဂုန်လည်း စာအုပ်ထဲမှာ တော်တော်ရှင်းပြထားပါတယ်ဗျာ။ စိတ်ဝင်စားရင် မြန်မြန်သာ ဝယ်ဖတ်ထားစမ်းပါ။ အကျိုးမယုတ်လောက်ပါဘူး။ တွက်တာ ချက်တာကလည်း
တွက်တတ်ရင် မခက်ပေမယ့် ပျင်းလို့ မတွက်ချင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်မှာလည်း တွက်ချက်နိုင်တဲ့ နေရာတွေ အများကြီးဗျ။ ပိုက်ဆံပေးစရာတောင်မလိုပါဘူး။ အခမဲ့ တွက်လို့ရပါတယ်။ ဒါပေမယ့် ကျနော့်ဆီမှာတော့ အခမဲ့ မရဘူးဗျ။
ဘာလို့ မရရသလဲဆိုရင် ကျနော်က သူများနဲ့ မတူအောင်၊ အမြဲတမ်း ဆန်းသစ်တတ်တဲ့ အကျင့်ရှိတာကြောင့် ... တွက်ချက်မှုအပိုင်းတွေမှာ ကျနော်က ကျနော့်ရဲ့ ကိုယ်ပိုင်နည်းတွေကိုပါ ထည့်သုံးထားပါတယ်။
ဟာ ... ဟုတ်လို့လားဗျာ။ သူလည်း ဒီနည်းလမ်းနဲ့ပဲ တွက်တာနေမှာပါ။ သင်္ချာတွက်တာပဲ ဘာများ ဆန်းလို့လဲ ... ဘာညာတွေတော့ မပြောပါနဲ့မိတ်ဆွေ။ သင်္ချာပညာမှာ မိတ်ဆွေတို့ မသိသေးတဲ့ လှည့်ကွက်တွေ ရှိနေပါသေးတယ်။
တချို့ကိန်းတွေက ဒသမ လေးနေရာလောက်နဲ့ တွက်ရင် လုံလောက်ပေမယ့် တချို့နေရာတွေက အဲဒါတွေထက်ကို ပိုပြီး တိကျဖို့လိုပါတယ်။ Program ကုဒ်တော်တော်များများဟာ PI တန်ဖိုးကို 15-20 လောက်အထိကိုပဲ ဒသမနေရာယူထားပါတယ်။
အဲဒါက သင်္ချာပညာအတွက် လုံလောက်ပါတယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင်ရော ကျနော်တို့ ဘာဆက်လုပ်နိုင်မလဲ။ Custom Code တွေ ရေးပြီး သုံးရတော့မှာပေါ့ဗျာ။ ဒါက နားလည်လွယ်အောင် ပမာပြောတာပါ။ ဥပမာတွေနဲ့ ရှင်းပြနေရင် မလိုအပ်ပဲ အချိန်ဖြုန်းသလိုဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် ... အင်တာနက်ပေါ်မှာ ဘာတွေ ဘယ်လောက်ရှိရှိ၊ ကျနော်ကတော့ ကျနော်သုံးဖို့အတွက်ဆိုရင် ကိုယ့်ဘာသာ စိတ်တိုင်းကျ တည်ဆောက်ပြီးမှ အသုံးပြုလေ့ရှိပါတယ်ဆိုတာ သိစေချင်တာပါ။

#သုတဆန်း

16/09/2024

ဓာတ်တူနံတူ ငွေကိုယူ ဆိုတဲ့ အစီရင်အကြောင်း
==========================================
ယနေ့ အွန်လိုင်းပေါ်မှာ ဆရာတစ်ယောက်က ... ငွေဝင်ချင်ရင် ခရေ ၆ ညွန့် ဘုရားလှူလို့ ပြောလိုက်တာ လူတိုင်းဟာ ယုံယုံကြည်ကြည်နဲ့ လိုက်ပြီးလုပ်တတ်ကြပါတယ်။

တကယ်လက်တွေ့ပိုင်းမှာလည်း ငွေဝင်စေတဲ့ ဓာတ်အစွမ်းကို ရရှိနေပါတယ်။ ဒါပေမယ့် ဓာတ်တွေရဲ့ အစွမ်းကို သိပ္ပံပေတံနဲ့ တိုင်းမရတဲ့အခါ ဘယ်လောက်စွမ်းအားရှိနေသလဲဆိုတာမျိုးတော့ ဘယ်သူမှ အတိအကျ မပြောပြနိုင်သေးပါဘူး။ ဒီလိုပဲ ငွေဝင်ချင်ရင် ခေါင်းလောင်းတီးပေးပါလို့ ပြောလိုက်ပြန်တော့လည်း လူတိုင်းက လိုက်လုပ်ကြပြန်ရော။ ဒါလည်း ငွေဝင်အောင် ဆွဲဆောင်နိုင်တဲ့ ဓာတ်ပါပဲ။

ဒါတွေဘာကြောင့်စွမ်းနေသလဲဆိုရင် ဓာတ်တူနံတူကြောင့် စွမ်းနေတာပါ။ ဘာကြောင့် ဓာတ်တူနံတူရုံနဲ့ စွမ်းရတာလဲဆိုတာတော့ ဒီမှာ မရှင်းပြတော့ပါဘူး။ သိချင်ရင် အင်္ဂဝိဇ္ဇာယတြာဓာတ်ရိုက်သင်တန်း ပိုင်းမှာ လေ့လာပါ။

အဲဒီသင်တန်းကတော့လူတိုင်း တတ်ခွင့်ရဖို့တော့ မလွယ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီသင်တန်းတက်ဖို့က ကျနော့်ဘက်က အဆင့်ဆင့် ဇကာချပြီးမှသာ တက်ရောက်ခွင့်ပေးတတ်လို့ပါ။

ဒီမှာ အဓိက ရှင်းပြချင်တာက ... သဘာ၀မတူညီကြတဲ့ ဓာတ်တူနံတူတွေရဲ့ အကြောင်းဖြစ်ပါတယ်။ လူတိုင်းလည်း အခြေခံလောက်ကလေးတော့ ဗဟုသုတရှိနေဖို့လိုပါတယ်။ မဟုတ်ရင် ကိုယ်လုပ်နေတာက ဘာအတွက်ဖြစ်ပြီး ဘာကို အကျိုးကျေးဇူးရှိစေမှန်း မသိဖြစ်သွားနိုင်လို့ပါ။

ဓာတ်တူနံတူ ဆိုတာ ဓာတ်ရော နံရော တူညီနေမှသာ ဓာတ်တူနံတူ လို့ ဆိုရမှာပါ။

( ငွေဝင် ) ဆိုတဲ့ ပညတ်ကို နံကောက်ကြည့်ရင် ... ( တနင်္လာ+ဗုဒ္ဓဟူး ) လို့ နံကောက်လို့ရမှာဖြစ်ပါတယ်။

အဲဒါကို ခရေ လှူရင် ငွေဝင်မယ်လို့ ဆိုလိုက်တာက ( ခရေ ) ဆိုတာကို ( တနင်္လာ+ဗုဒ္ဓဟူး ) လို့ နံကောက်လိုက်ခြင်းသာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒါကို ဓာတ်မတူ၊ နံတူ လို့သာ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ...

( ငွေဝင် ) ဆိုတဲ့ ပညတ်မှာ ဓာတ်တွေဟာ ( မြေ+ရေ ) ဖြစ်ပါတယ်။
( ခရေ ) ဆိုတဲ့ ပညတ်မှာ ဓာတ်တွေဟာ ( မြေ+လေ ) ဖြစ်နေပါတယ်။ ( ရေ ဆိုတဲ့ ရကောက်ကို ဓာတ်ခွဲတဲ့အခါ ရာဟုလို့သာ ယူရမှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးမဟုတ်ပါဘူး။ ) ဒါကြောင့် ငွေဝင်နဲ့ခရေဟာ ဓာတ်တူနံတူ မဟုတ်ပါဘူး။ ဓာတ်မတူနံတူသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကပ်သီးကပ်သပ် ပြောင်းယူရင်တော့ ဓာတ်တူနံတူ လို့လည်း ဆိုနိုင်ပါသေးတယ်။
ဥပမာ ... ( ငွေရ = ခရေ ) ဆိုရင်တော့ ဓာတ်ရော၊ နံရော တူသွားပါပြီ။ ဒီတော့ ငွေဝင်စေဖို့ ခရေညွန့်လှူပေးတာဟာ ငွေဝင်ယတြာဆိုတာထက်၊ ငွေရယတြာလို့ ပြောမှ ပိုပြီးမှန်မယ်ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ငွေတော့ ရလာတတ်တာကြောင့် ဒီယတြာဟာလည်း စွမ်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ငွေဝင်ခြင်းဆိုတဲ့ ပညတ်ကိုတော့ တန်းမမှီတာကြောင့် သာမန်ငွေကြေး ရရှိစေတတ်ခြင်းမှအပ ထူးထူးခြားခြား ငွေဝင်လာတာမျိုးတော့ မရှိတတ်ပါဘူး။

ဒါကတော့ လက်တွေ့လုပ်ကြည့်ရင်းနဲ့ သဘောပေါက်လာပါလိမ့်မယ်။

( ငွေဝင် = ခေါင်းလောင်း ) ဆိုတဲ့ ကိစ္စမှာတော့ အတူးရှင်းပြနေစရာမလိုလောက်အောင်ပဲ ဓာတ်တူနံတူဖြစ်နေတာတွေ့ရပါတယ်။ ပြီးတော့ ခေါင်းလောင်းဟာ အသံသာခြင်းဆိုတဲ့ ဣဋ္ဌနိမိတ်ရှိတာကြောင့်လည်း ငွေဝင်ခြင်းကို ပံ့ပိုးပေးပါတယ်။
ခေါင်းလောင်းအသံက စူးခြင်း၊ အက်ခြင်း၊ မသာယာခြင်းတွေဖြစ်နေမယ်ဆိုရင်တော့ ထင်သလောက် အကျိုးမပေးတော့ပါဘူး။ ဒါကိုလည်း ဗဟုသုတအဖြစ် မှတ်ထားပါ။ ခေါင်းလောင်းတီးဆိုလို့ တီးနေတာပဲ ဆရာရယ်။ ငွေလည်း ဝင်မလာပါဘူးဆိုရင်
အဲဒီခေါင်းလောင်းမှာလည်း တခုခု မှားနေလို့ ဖြစ်နိုင်ကြောင်း ပညာအရ သိထားဖို့ဖြစ်ပါတယ်။ နောက်တစ်ချက်က ငွေသာ ဝင်ချင်ပြီး ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ပဲ ငုတ်တုတ်ထိုင်နေရင်လည်း ငွေမဝင်တတ်ကြောင်းလည်း သတိပြုပါ။

ဓာတ်တူနံတူမှာ အစွမ်းအထက်ဆုံးက ဓာတ်တူနံတူ၊ အက္ခရာတူဆိုတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒါကို ငွေဝင်တာနဲ့ပဲ ဥပမာပြရမယ်ဆိုရင် ...

( ငွေဝင် ) ဆိုတာ ( င နဲ့ ၀ အက္ခရာ ) ( မြေ+ရေ ) ( တနင်္လာ+ဗုဒ္ဓဟူး ) ဖြစ်ပါတယ်။
( ငုဝါ ) ဆိုတာကလည်း အဲဒါနဲ့ အားလုံးတူတူပါပဲ ... ဒီနည်းလမ်းမှာတော့ ဓာတ်တူနံတူဖြစ်ရုံမက အက္ခရာပါ တူညီနေကြောင်း သတိပြုမိမယ်ထင်ပါတယ်။ အောက်မှာလည်း ပုံကြမ်းလေးနဲ့ ရှင်းပြပေးထားပါတယ်။

ဒီတော့ ... လူတစ်ယောက်ကို ငွေဝင်စေတဲ့ နည်းလမ်းတွေ ပေးတော့မယ်ဆိုရင် နည်းလမ်းပေါင်းများစွာရှိနိုင်ပါတယ်။ အဲဒီအထဲက အင်္ဂဝိဇ္ဇာနည်းလမ်းကို သုံးမယ်ဆိုရင်လည်း အဲဒီလိုပဲ နည်းလမ်းပေါင်းများစွာ ရှိနေပြန်ပါတယ်။
ခုလို ဓာတ်တူနံတူ၊ ပညာခန်းအရ ပေးမယ်ဆိုရင်တောင်မှ ...

✅ ခရေနဲ့ပေးတဲ့နည်း
✅ ခေါင်းလောင်းနဲ့ပေးတဲ့နည်း
✅ ငုဝါနဲ့ ပေးတဲ့နည်း

ဆိုပြီး နည်းလမ်းသုံးမျိုးလောက် ကွဲပြားနေတာကိုလည်း ကျနော် ဥပမာပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ ဘယ်နည်းက အကောင်းဆုံးဆိုတာ ကျနော်ပြောနိုင်ပေမယ့် လက်တွေ့ပိုင်းမှာတော့ သက်ဆိုင်သလို နည်းလမ်းပြောင်းသုံးနေရာမျိုးလည်း ရှိတတ်ပါတယ်။
ဒီလို နည်းလမ်းပြောင်းသုံးမယ်ဆိုရင်လည်း ပြောင်းသုံးပေးမယ့်ဆရာတွေက အစီရင်သဘောကို ကျနော် အထက်မှာ​ ရေးပြထားသလိုလေး နည်းနည်းဖြည့်တွေးပြီးမှသာ သဘာ၀ကျကျ စီရင်ပေးကြဖို့ မေတ္တာရပ်ပါတယ်။ မဟုတ်ရင်
သာမန်လူတွေအတွက် ဘာမှန်းမသိလိုက်လုပ်ရင် လိုရာ အကျိုးနဲ့ လွဲချော်ကုန်လို့ ဗေဒင်ဆရာနဲ့ ပညာရပ်အပေါ် နားလည်မှု လွဲတာမျိုးတွေရှိလာတတ်ပါတယ်။ ဝိဇ္ဇာပညာက နဂိုကတည်းက သိပ္ပံပညာမဟုတ်လို့ အချက်အလက်၊ အထောက်အထားနဲ့ ပြောပြဖို့ ခက်နေရတဲ့ ကြားထဲမှာ
ပညာရှင်အမည်ခံသူတွေကပါ ယောင်ချာချာလိုက်လုပ်နေရင် ပညာတစ်ရပ်ဟာ ပိုပိုပြီး အထင်အမြင်သေးခံရတဲ့ အထိ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ အစီရင်ပြုလုပ်ကြမယ့်သူတွေကလည်း မိမိတို့ရဲ့ ဉာဏ်ပညာကိုလည်း ဖွင့်ထားပါ။ ကျမ်းကူးမှန်းမသိ၊ ရမ်းကူးမှန်းမသိတဲ့ အစီရင်တွေကို လိုက်လုပ်ပြီးမှ
အလကားပညာပါကွာလို့ ဝါးလုံးသိမ်း အပြစ်မဆိုသင့်ပါဘူး။ အစီရင်တစ်ခုဟာ သိဒ္ဓိတန်ခိုးလို ဝုန်းခနဲချက်ချင်းကြီး အကျိုးပေးပြောင်းလဲသွားမယ့် သဘောမရှိပါဘူး။ ငွေဝင်တာနဲ့ပဲ ဥပမာပေးရရင် ...

အလုပ်ရှိတယ်။ ငွေလည်း အထိုက်အသင့်ရတယ်။ ဒါပေမယ့် ငွေမမြဲဘူး။ ငွေကလည်း ထိုက်ထိုက်တန်တန်ဝင်သင့်လျှက် မဝင်ဘူးဆိုရင် ငွေဝင်ယတြာတွေက လခတိုးလာအောင်၊ ဝင်ငွေပိုတိုးတက်အောင် စသဖြင့် အထောက်အပံ့ပေးနိုင်ပါတယ်။
ဒီလိုမဟုတ်ပဲ ...
အလုပ်ကလည်းမရှိ၊ ငွေကလည်းမဝင်၊ ငွေဝင်အောင်လည်း ဘာမှမလုပ်ချင်ပဲ ငွေဝင်ယတြာတွေချည်း ထိုင်လုပ်နေရင်တော့ အဲဒီယတြာက အကျိုးမပေးပါဘူး။ တကယ်တမ်းလုပ်ရမှာက အလုပ်အမြန်ရစေတဲ့ယတြာမျိုးကိုသာ အရင်လုပ်ပေးရမှာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ...

ခရေနဲ့လုပ်တဲ့ အစီရင်တွေဟာ ငွေဝင်စေတာထက် ငွေရစေတာမျိုးသာဖြစ်ပြီး လာဘ်ဝင်အောင်လုပ်တာလို့ပြောထက် တနေရာရာကနေ ငွေကြေး ပြန်လည်ရရှိအောင် လုပ်တာမျိုးအတွက်သာ ပိုကောင်းပါတယ်။
ဒါကြောင့် သူ့ရဲ့ မူလအစွမ်းဟာ အကြွေးပြန်ရအောင် တောင်းတဲ့ ကိစ္စမျိုးတွေအတွက်သာ ပိုကောင်းကြောင်း သတိပြုပါ။ ဒါပေမယ့် ရာဟုဂြိုဟ်ဟာ ဗုဒ္ဓဟူးအဖြစ်လည်း နံကောက်ယူနိုင်တဲ့ စွမ်းအင်ကြောင့် ခရေအစီရင်ဟာ
ငွေဝင်ခြင်းအပေါ်မှာလည်း သွယ်ဝိုက်ပြီး အထောက်အပံ့ပေးပါတယ်။ နားလည်လွယ်အောင် ရာနှုန်းတချို့ သတ်မှတ်ပြရရင်တော့ ... ငွေဝင်ခြင်းကို ၆၀ ရာနှုန်းပေးပြီး၊ ငွေရခြင်း ( အကြွေးမျိုး ) ကို ၉၀ ရာနှုန်း အကျိုးပေးပါတယ်။

ခေါင်းလောင်းအစီရင်ကတော့ ငွေဝင်တာကို ဦးစားပေးတဲ့အတွက် ပြင်ပကနေ ရောက်လာနိုင်တဲ့ လာဘ်လာဘမှန်သမျှကို ဝင်လာအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒီအစီရင်မျိုးဟာ ငွေရ ( အကြွေးပြန်ရ ) ခြင်းမျိုးကို ထိထိရောက်ရောက် မကူညီနိုင်ပေမယ့်လည်း
သွယ်ဝှိုက်ပြီးတော့ အထောက်အပံ့ပြုပါတယ်။ ရာနှုန်းနဲ့ ပမာပြုရရင်တော့ ... ငွေဝင်ခြင်းကို ၉၀ ရာနှုန်းပံ့ပိုးပေးပြီး ငွေရခြင်း ( အကြွေးမျိုး ) ကို ၅၀ ရာနှုန်းလောက်သာ ပံ့ပိုးပေးပါတယ်။

ငုဝါနဲ့ လုပ်တဲ့အစီရင်ကတော့ ခေါင်းလောင်းအစီရင်ထက် စွမ်းအားပိုမိုမြင့်မားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်တူ၊ နံတူ ရုံသာမက အက္ခရာတွေကပါ တူညီနေတဲ့အတွက် ဂြိုဟ်တွေရဲ့ တုန်ခါနှုန်းကို ပိုမိုမြင့်မားစေတတ်ပါတယ်။
ဒါကြောင့် ငွေဝင်ခြင်းကို ပြုမူတဲ့နေရာမှာ ပိုမိုသိသာထင်ရှားတဲ့ စွမ်းအင်ကို ပေးတတ်ပြီး ရာနှုန်း ၁၀၀ အထိ ပံ့ပိုးပေးနိုင်တယ်လို့ နားလည်ထားပါ။ ဒါပေမယ့် ငွေရခြင်း ( အကြွေးမျိုး ) ကိုတော့ ရာနှုန်း ၇၀ လောက်ပဲ ထောက်ပံ့ပေးနိုင်ပါတယ်။

ဒီလို နားလည်ထားမယ်ဆိုရင် ကိုယ်ပေးတဲ့ အစီရင်ရဲ့ သဘောကို ကိုယ်တိုင်နားလည်နေတယ်လို့ ဆိုရမှာဖြစ်သလို၊ ပေးလိုက်တဲ့ အနေအထားကလည်း ဖြစ်လိုတဲ့ ကိစ္စအတွက် တိတိကျကျနဲ့ ထိရောက်မှုကို ဖြစ်လာစေမှာဖြစ်ပါတယ်။
မဟုတ်ရင်တော့ ဟိုတခါပေးတာ ဒီအစီရင်ပဲ ... အောင်မြင်သားပဲ ... ဒီတစ်ယောက်ကိုပေးတာလည်း ဒီအစီရင်ပဲ ဘာလို့ မအောင်မြင်တာလဲဆိုတဲ့ အတွေးသံသရာမှာ ဝဲလယ်ဝဲလယ်နဲ့ ဖြစ်ကျန်နေတတ်ပါတယ်။

တကယ်တမ်းပြောရရင် အစီရင်မအောင်မြင်တတ်တဲ့ အကြောင်းတွေကတော့ အများကြီးရှိနိုင်ပါတယ်။ အဲဒီအထဲကမှာ အစီရင်ရဲ့ ဓာတ်ဆင်ပုံကို မပိုင်နိုင်ခြင်းဟာ ပိုပြီးတော့ အရေးပါပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်စေချင်တဲ့ ကိစ္စဟာ ဘာလဲ။ ဘာကို ဦးစားပေးရမလဲ။
ဘယ်လိုဓာတ်ဆင်နိုင်မလဲ၊ ဘာနဲ့ဓာတ်ဆင်မလဲ၊ ဘယ်အချိန်စတင်မလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ နားလည်အောင် စဉ်းစားပြီးမှသာ ပေးစေချင်ပါတယ်။ မဟုတ်ပဲ သူများရေးထားတာကို နောက်တစ်ယောက်က အသင့်ကူးချ၊ အဲဒီ ကူးချတာကိုပဲ နောက်တစ်ယောက်က ထပ်ကူးချဆိုသလိုမျိုးနဲ့
တတ်ယောင်ကားလုပ်နေမယ်ဆိုရင်တော့ ကြာလာရင် ဗေဒင်လောကကြီးတစ်ခုလုံးဟာ အလိမ်အညာလောကကြီးတစ်ခုသာဖြစ်ကြောင်း လူတိုင်းက ယိုးစွပ်ကြပါလိမ့်မယ်ဗျာ။

#သုတဆန်း

26/08/2024

Online ကနေ ဗေဒင်ပဲမေးမေး၊ ဗေဒင်ပဲ ဟောဟော ဒါကို အရင်ဖတ်ထားပါ။
=============================================================

တဲရော့သင်တန်းမှာ ပြောပြဖူးတဲ့ အဆိုအမိန့်လေးကို အားလုံးလည်း ဗဟုသုတရစေချင်တာကြောင့် ဒီကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြတဲ့နေရာမှာ မလိုအပ်ဘူးလို့ ထင်ရတဲ့ အပိုင်းတချို့ကိုတော့ ဖြတ်တောက်ထားခဲ့ပါတယ်။ မူရင်းအတိုင်း သိချင်ရင်တော့ သင်တန်းလာတက်ပါ။ အားလုံးကို သိခွင့်ရပါလိမ့်မယ်။ ဒီစာကို ဖတ်ထားရင် ကျနော့်လူတွေကို ကျနော် ဘာတွေ ဆုံးမခဲ့တယ်။ ဘယ်လိုတွေ သင်ကြားခဲ့တယ်ဆိုတာက ခန့်မှန်းနိုင်လောက်ပါပြီ။

တဲရော့ပညာရပ်အရပဲဖြစ်ဖြစ်၊ တခြားဗေဒင်ပညာရပ်အရပဲဖြစ်ဖြစ်​ ကောင်းစေယတြာနဲ့ အဆိုးချေယတြာဆိုတဲ့ ယတြာမူလသဘောနှစ်မျိုးရှိပါတယ်။

ဒီမှာ ယတြာလို့ သုံးနှုန်းလိုက်ပေမယ့် အစီရင်ကို ပြောနေတာလည်း ဖြစ်နိုင်ကြောင်းကို နားလည်ယူဆထားပါ။

ဒီလို ကောင်းစေယတြာ၊ အဆိုးချေယတြာပြုလုပ်ရတဲ့အခါ ဆရာလုပ်သူဟာ သင့်တော်တဲ့ယတြာကို ပေးဆောင်ခွင့်ရှိပါတယ်။ ပေးလည်း ပေးဆောင်ရပါမယ်။

ဒါပေမယ့် ဆရာလုပ်သူဘက်က တဖက်လူရဲ့ အခက်အခဲပြဿနာကို ကောင်းစွာ ဝေဖန်ပိုင်းခြားပြီးမှသာ ဖြေရှင်းပေးတတ်တာမျိုးက ပိုပြီးကောင်းပါတယ်။

ယတြာ၊ အစီရင်ပညာဆိုတာက နက်နဲပါတယ်။ သိမ်မွေ့ပါတယ်။ ပြောချင်တိုင်း ရမ်းပြောလို့မရသလို၊ လုပ်ချင်တိုင်းလည်း ရမ်းလုပ်လို့မရပါဘူး။

ခုခေတ်မှာ ဗေဒင်ဆရာအမည်ခံသူတွေ တော်တော်များများပေါ်လာပါတယ်။

ဘယ်ဆရာနဲ့သင်ထားမှန်းလည်း မသိရသလို၊ ဘယ်လိုအတတ်ပညာမျိုးသုံးနေတဲ့ ဆရာမှန်းတောင်မှ ခန့်မှန်းလို့မရတဲ့ ဗေဒင်ဆရာတွေရှိလာပါတယ်။

ဒီအချက်က ကောင်းတဲ့အလားအလာတော့မဟုတ်ပါဘူး။ တချို့ ... ဘာအတွေးအခေါ်မှ မပါတဲ့ ပေးတဲ့ယတြာတွေကို ...
လုပ်ထားရင် ငွေဝင်မယ်လို့ ခေါင်းစဉ်တပ်လို့တပ်၊ ချစ်သူပြန်လာရမယ်လို့ ခေါင်းစဉ်တပ်လို့တပ်နဲ့ ပေးချင်သလို ပေးထားကြတဲ့ ယတြာတွေများစွာရှိပါတယ်။

တချို့ယတြာတွေက အကြောင်းမဟုတ်တတ်ပေမယ့် တချို့သော ယတြာတွေက ပေးသူကိုရော၊ အပေးခံရသူကိုရောပါထိခိုက်စေနိုင်တဲ့ အကြောင်းတရားတွေ ပါဝင်လာတာကိုလည်း တွေ့နေရပါတယ်။ တချို့ ... ဘယ်နေ့သားသမီးတွေ ဝမ်းသာတော့ တပတ်အတွင်း သိန်းတစ်ထောင်ဝင်မယ်တွေဘာတွေ လျှောက်တင်နေတာလည်း တွေ့ရပါတယ်။ ဗေဒင်ပညာမှာ အဲဒီလိုသုံးသပ်လို့ မရကောင်းပါဘူး။

လူတစ်ယောက်ရဲ့ကံတရားဟာ အဲဒီလူတစ်ယောက်ရဲ့ ပေးထားတဲ့ မွေးသက္ကရာဇ်နဲ့ တိတိကျကျတွက်ချက်နိုင်တာတောင်မှ
အခိုင်အမာပြောနိုင်ရလောက်တဲ့ အချက်တွေက ခက်ခဲပါတယ်။ ဥပမာ ... ကိုယ်က ငွေဝင်မယ်သာဟောလိုက်ပြီး အဲဒီငွေတွေ ဝင်မလာအောင် လုပ်ပစ်မယ့်အချက်တွေကို ထည့်သွင်းမဟောမိခဲ့ဘူးဆိုရင် မေးသူဟာ မမျှော်လင့်ပဲ အဲဒါတွေလုပ်မိလို့ ဝင်ရမယ့်ငွေကြေးက မဝင်တော့တဲ့ အခိုက်အတန့်တွေလည်း ရှိတတ်ပါတယ်။

ဒီလိုသာ ငွေမဝင်လာရင် ပထမဆုံးအထင်သေးခံရမှာက ငွေဝင်မယ်လို့ ဟောထားတဲ့ ဆရာသာဖြစ်ပါတယ်။

တကယ်ကလည်း အဲဒီဆရာက အသုံးမကျခဲ့လို့ပါ။ ငွေဝင်မယ်ဆိုတာမြင်ရင် အဲဒီငွေတွေ မဝင်အောင် လုပ်ပစ်နိုင်တဲ့ အကြောင်းကိုလည်း မြင်အောင် ကြည့်တတ်ရပါတယ်။

ပြီးတော့ 3D အမြင်လို့ခေါ်တဲ့ သဘာ၀ကျကျနဲ့ မျှတတဲ့ အမြင်အတိုင်း ဟောပြောတတ်ဖို့လည်း လိုအပ်ပါတယ်။

✅ မုန့်လုံးရေပေါ်လေး ဘုရားတင်လိုက်ပါ။ ကံကောင်းမယ်။
✅ စမူဆာနှစ်ခုဘုရားကပ်လှူလိုက်ပါ။ ချစ်သူနဲ့အဆက်အသွယ်ရမယ်။

အဲဒီလိုတွေ လျှောက်ပြောပြီး လိုင်းပေါ်တင်နေလည်း ရတာပါပဲ။ အဲဒီတင်တဲ့ဆရာရဲ့စိတ်ထဲမှာတော့ ငါတင်တာ ဘုရားလှူခိုင်းတာမို့၊ လိုက်လုပ်တဲ့သူလည်း ဘာမှမဖြစ်လောက်ပါဘူး၊ ကုသိုလ်တောင်ရဦးမယ်ဆိုတဲ့ အထင်မျိုးတွေရှိနေတတ်ပါတယ်။ တကယ်က အဲဒါဟာ ပညာမဟုတ်သလို၊ ဗေဒင်ပညာရပ်အပေါ် သစ္စာဖောက်ဖျက်ရာလည်းကျပါတယ်။
သူက ဘာမှမဖြစ်ပါဘူး ... လို့ထင်လိုက်ပေမယ့် လိုက်လုပ်တဲ့သူက အဲဒီဂြိုဟ်တွေနဲ့ မပတ်သက်ရမယ့် အခြေအနေမျိုးတွေရှိနေခဲ့ရင် ဘယ်လိုလုပ်မလဲ ...

တခါက ... ကျနော် အင်္ဂဝိဇ္ဇာပညာမှာ အရမ်းအစွမ်းထက်ပါတယ်လို့ နာမည်ကြီးနေတဲ့ "မိတ်ကိုဓာတ်အုပ်" ဆိုတဲ့ အစီရင်တစ်ခုကို ဗုဒ္ဓဟူးသားသမီးတစ်ယောက်အတွက် စီရင်ပေးဖူးပါတယ်။ ...

ဗုဒ္ဓဟူးရဲ့မိတ်က ( အောင်ပ၊ ကုလား ) အရ ... တနင်္လာဖြစ်ပြီး။ ဓာတ်က ( အန္တော၊ ဂဗ္ဘေ၊ ဝံသေ ) အရ သောကြာဖြစ်ပါတယ်။

သူက ရာဟုမဟုတ်ပဲ ဗုဒ္ဓဟူးသားအစစ်လည်း ဖြစ်ဆိုတော့ ကသစ်သားနဲ့ ခြင်္သေ့ရုပ်ထုပြီး ဆောင်ထားလိုက်ပါ။ ကံအခွင့်အလမ်းတွေတိုးတက်လာပြီး အစစအဆင်ပြေသွားပါလိမ့်မယ်လို့ ပြောပေးလိုက်တာပေါ့။

အင်္ဂဝိဇ္ဇာအစီရင်ဆိုတော့ သိတဲ့အတိုင်းပဲ အချိန်မှန်၊ အခါမှန်ကို အသုံးပြုထားရင်ကိုပဲ သိသိသာသာစွမ်းတာကိုးဗျ။

တကယ်လည်း သူဟာ ဆောင်ထားပြီးမှ ရာထူးတက်တယ်။ အလုပ်မှာ လူချစ်လူခင်လည်းများလာတယ်။ ဘယ်လောက်ထိအောင်ဖြစ်သွားသလဲဆိုရင် သူဌေးကိုယ်တိုင်က အလုပ်မလာပဲ သူ့ကိုယ်စား ယုံယုံကြည်ကြည်နဲ့ လက်မှတ်ထိုးပေးခိုင်းရတဲ့ အဆင့်ကိုတောင်ဖြစ်သွားတာဗျ။

ဒါလေးဆောင်ထားပြီးမှ ဖြစ်လာတာဆိုတော့ သူက ကျနော့်ပညာကို အရမ်းယုံသွားတာပေါ့။ ဗေဒင်လည်း ခဏခဏလာမေးတယ်။ လာမေးတိုင်းမှာလည်း ကျနော်ယူတာက ဉာဏ်ပူဇော်ခ ငါးထောင်ဆို သူက ငါးသောင်းအမြဲထည့်လှူသွားတယ်။ နောက်ပိုင်း ၅ သိန်းထိပါ ထည့်လှူနိုင်တဲ့ အဆင့်ထိဗျ။

ဒီလိုနဲ့ နှစ်နှစ်လောက်ကြာတော့ သူအလုပ်ပြုတ်တယ်။ ပြုတ်တာမှ နာမည်ပျက်နဲ့ကိုပြုတ်တာ။ သူကျနော်ဆီရောက်လာတယ်။ သူကံတွေဆိုးနေလို့ ဘယ်လိုဖြစ်တာလည်းမသိဘူးတဲ့။ ဆရာပေးထားတဲ့ အဆောင်လေးကိုလည်း ခုထိဆောင်ထားဆဲပဲ ... ဆောင်တာကြာလာလို့ အစွမ်းမပြတော့တာလားမသိဘူးတဲ့ ...

အဲဒီစကားမျိုးပြောခံရတဲ့ ဗေဒင်ဆရာတော်တော်များများဟာ ...

✅ "ဟုတ်တယ် ... အဆောင်တစ်ခုက အဲဒီလောက်ကြာကြာဆောင်ထားလို့မရဘူးလေ ... အစွမ်းပျယ်တတ်တယ်။" လို့ မေးသူစကားအပေါ် အလိုက်သင့်နင်းပြောမယ့် ဆရာတွေ။
✅ "ခင်ဗျား အထားမှားတာတွေဘာတွေရှိလို့ဖြစ်မှာပေါ့။ သိဒ္ဓိဆိုတာက အထားမှားသွားရင် အစွမ်းလည်းမရှိတော့သလို၊ လူကို ပြန်လည်းခိုက်တတ်တယ်။" ဆိုပြီး မေးသူကို ချိန်းခြောက်မယ့်ဆရာတွေ။
✅ "အဲဒါကြောင့်လည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ခင်ဗျား လူဝင်၊ ပစ္စည်းဝင်တွေ မှားထားလို့လည်း ဖြစ်နိုင်တယ်။" ဆိုပြီး ကိုယ့်အစီရင်ကိုယ် ကာကွယ်ချင်တဲ့ ဆရာတွေ မျိုးစုံရှိလာနိုင်တယ်။

တကယ်က အဲဒါမျိုးတွေပြောနေရမှာမဟုတ်ပါဘူး။ အဖြေရှာပေးရမှာပါ။ အဲဒီအချိန်က ကျနော်လည်း အဖြေရှာပေးခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက် အဖြေရှာမရခဲ့ပါဘူး။ အဖြေရှာမရတော့ သူ့ကို နောက်တနေ့ ပြန်လာဖို့ ချိန်းပြီး ဆရာကြီးဦးမြရင်ဆီ ပြေးရတာပေါ့။
ကျနော်မေးလိုက်တာက ရှင်းရှင်းလေး ...

"ဆရာကြီး အင်္ဂဝိဇ္ဇာအဆောင်တွေက လူတစ်ယောက်အတွက် ရာသက်ပန်ဆောင်ထားလို့ မရဘူးလား" ဆိုတော့ ... ဆရာကြီးက ... "အင်္ဂဝိဇ္ဇာအဆောင်တွေက ရာသက်ပန်ဆောင်ရမယ့်အဆောင်ဆိုရင် ဆောင်ထားလို့ရတယ်။ မဟုတ်ရင်တော့ ရာသက်ပန်မဆောင်သင့်ဘူး" လို့ ပြန်ဖြေပါတယ်။

အဲဒါနဲ့ ကျနော်လိုချင်တာမျိုးမပါတော့ ကျနော်က တဲ့တိုးပဲ မေးချလိုက်ပါတယ်။

"ကျနော် လူတစ်ယောက်အတွက် ရာသက်ပန်ဆောင်ထားရမယ့် အင်္ဂဝိဇ္ဇာအစီရင်တစ်ခုကို လုပ်ပေးခဲ့ပါတယ်။ သူက ဗုဒ္ဓဟူးသားအစစ်ဖြစ်နေတဲ့အတွက် ကသစ်သားနဲ့ ခြင်္သေရုပ်ထုဆောင်ခိုင်းတာပါ။ ဆောင်းခိုင်းတဲ့အတိုင်းလဲ စွမ်းပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း အဲဒါက မစွမ်းတော့သလိုဖြစ်နေတယ်။ သူကံတရားကလည်း အရင်လောက် မကောင်းတော့ဘူး။ တကယ်ဆို ဗုဒ္ဓဟူးဆိုတာက အပြောင်းအလဲမှ မရှိနိုင်တာပဲ ... ဒီအဆောင်ဟာ တသက်လုံးဆောင်ထားလည်း ရနိုင်တယ်။
သူ့အစွမ်းနဲ့လည်း တသက်လုံးထိန်းပေးထားရမယ် ... အဲဒီလိုမဟုတ်ဘူးလားဆရာကြီး။ သူ့ပြောပုံကြည့်ရတာ ကျနော့်အဆောင်ကပဲ သိဒ္ဓိပြန်တင်ပေးရမလိုလို၊ အသစ်ပြန်လုပ်ခိုင်းရမလိုလိုဖြစ်နေတယ်။ အဲဒါ ကျနော်နားမလည်လို့ပါ။"

ဒီတော့မှ ဆရာကြီးက ....

"ရာသက်ပန်အဆောင်ပေးတိုင်း ရာသက်ပန်ကံကောင်းလိမ့်မယ်လို့တော့ အာမခံထားလို့မရသေးဘူးကွ။ တဲရော့ကဒ်ရဲ့ နံပါတ် ၁၀ ကဒ်ပြားလိုပဲ လူ့ဘ၀ဟာ မြင့်တခါ၊ နိမ့်တလှည့်နဲ့ ပတ်လည်ဝိုင်းနေတတ်တာမျိုးကွ။
ပြီးတော့ အင်္ဂဝိဇ္ဇာပညာရပ်အတိုင်းပေးတယ်ဆိုတဲ့နေရာမှာ မင်းပေးလိုက်တာက သူ့ကံနဲ့ ညီမျှတဲ့စနစ်ဖြစ်နေရင် အကြောင်းမဟုတ်ဘူး။ မဟုတ်ရင်တော့ ခုလိုတွေဖြစ်လာတတ်တယ်ကွ၊ မဟုတ်မှလွဲရော ... မင်းပြောတဲ့သူဟာ
ဒီလတ်တလော ကာလထဲမှာ ဗုဒ္ဓဟူးသက်ရောက်၊ ဒါမှမဟုတ် အင်္ဂါသက်ရောက် ရောက်နေသူပဲ ဖြစ်ရမယ်။ အဲဒါကိုရော တွက်ကြည့်ရဲ့လား ...."

"အဲဒါတော့ မှန်တယ်ဆရာကြီး ... အင်္ဂါသက်ရောက်ပါ။ ကျနော်လည်း တွက်ကြည့်ပြီးပါပြီ။ ဒီသက်ရောက်က အလုပ်ပျက်၊ အကိုင်ပျက်သဘောပါတာရယ်။ စိတ်ဓာတ်တွေကျလောက်အောင်ဖြစ်စရာတွေ ကြုံရတတ်တာရယ်ကိုတော့ သူ့ကို ဟောပေးဖူးပါတယ်။ ဒါပေမယ့် ကျနော် လက်မခံချင်တာက ဒီသက်ရောက်ညံ့တာက ညံ့တာပဲလေ ... ကျနော်က သူကောင်းအောင် အင်္ဂဝိဇ္ဇာအစီရင်နဲ့ ကာကွယ်မွမ်းမံပေးထားတာပဲ ... တကယ်ဆိုရင် အဆိုးချေပြီးသားဖြစ်သင့်တယ်မဟုတ်ဘူးလားဆရာကြီးရဲ့"

"အဲဒီလိုလည်း မဟုတ်သေးဘူးကွ၊ မင်းပေးလိုက်တဲ့ အင်္ဂဝိဇ္ဇာအဆောင်က နယ်နယ်ရရနည်းတော့ မဟုတ်ပါဘူး။ မိတ်ကိုဓာတ်အုပ်ထားတဲ့အတွက် တော်တော်လေးကို ထိရောက်တဲ့နည်းပါ။ ဒါပေမယ့် လက်ရှိသူရောက်နေပါတယ်ဆိုတဲ့ အင်္ဂါသက်ရောက်တိုင်မှာတော့ ...
အဲဒီမင်းပေးလိုက်တဲ့ ကသစ်၊ ခြင်္သေ့ဆိုတဲ့ တနင်္လာအစ၊ သောကြာအဆုံးဂြိုဟ်တွေဟာ နိစ်၊ ပြဂြိုဟ်တွေကွ၊ မဆောင်သင့်တဲ့ဂြိုဟ်တွေနော်၊ ရှိနေရင်တောင် ထုတ်၊ စွန့်ရမယ့်ဂြိုဟ်တွေ ... မင်းက အင်္ဂဝိဇ္ဇာအစီရင်ကို ဒီနှစ်မှပေးခဲ့တာမဟုတ်ပေမယ့်လည်း ... မင်းပေးထားတဲ့ အစီရင်ကတော့ ... ဒီနှစ်သူ့ကံမှာ လာခိုက်ပြီကွ။ အင်္ဂဝိဇ္ဇာဘယ်လောက်စွမ်းစွမ်း ... လက်ရှိသူ့ကံကိုတော့ လွှမ်းမိုးလို့မရဘူးကွ။ အခုသက်ရောက်တိုင်မှာ အဲဒီလိုညံ့အားဖြစ်နေမှတော့ အင်္ဂဝိဇ္ဇာအဆောင်ကလည်း ကယ်တင်နိုင်ပါဦးမလားကွ။ တကယ်တော့ မင်းပေးလိုက်တဲ့ အဆောင်က ရာသက်ပန်အဆောင်လို့ ထင်ရပေမယ့်လူတစ်ယောက်ရဲ့ ကံတရားအပြောင်းအလဲကို သတိမထားပဲ ပေးလိုက်မိတဲ့သဘောဖြစ်နေတယ်ကွ၊ တကယ်ဆိုရင် အဲဒီလူဟာ အဲဒီအဆောင်ကို ဒီနှစ် ဖယ်ကို ဖယ်ထားရမယ်။ ဆက်ဆောင်ထားလို့မရဘူး။ ဆောင်ထားရင် ခိုက်တာတွေကို ဆောင်ထားသလိုဖြစ်စေပြီး တောက်လျှောက်ခိုက်ကုန်တော့မှာပဲ ...
ဒီတော့ အကောင်းဆုံးက အဲဒါကို စွန့်ခိုင်းလိုက်ကွာ ... လက်ရှိကံတရားအရ သူ့ကို ပြောင်းလဲစေမယ့် ပိတောက်ညွှန့် ၁၂ ညွှန့်ကိုပဲ ဘုရားလှူဖို့ ပြောပြလိုက်၊ ဒါမှ သက်သာသွားလိမ့်မယ်။"

မိတ်ဆွေတို့အနေနဲ့ ကျနော်ရှင်းပြတာကို နည်းနည်း နားလည်နိုင်အောင် ပုံကြမ်းတချို့နဲ့ ရှင်းပြပေးပါမယ်။

ကျနော်ရှင်းပြတာကို အတိအကျ နားမလည်ရင်လည်း အကြောင်းတော့မဟုတ်ပါဘူး။ ကျနော် ဒီမှာ အဓိက သိစေချင်တာက ... ယတြာ၊ အဆောင်၊ အစီရင်ဆိုတာတွေကို ပုံသေစဉ်းစားပြီး ရမ်းမပေးမိစေဖို့။

ကိုယ်ပေးလို့ တကယ်လည်းစွမ်းပါတယ်ဆိုတဲ့ အစီရင်မျိုးတွေတောင်မှ အပေးမတတ်ခဲ့ရင် သက်ဆိုင်သူရဲ့ ကံအပြောင်းအလဲကာလမှာ ခိုက်တတ်ကြောင်းဆိုတာတွေကို သိစေချင်တာပါ။ ကိုယ်အပေးမှားခဲ့ရင် တဖက်လူကို အရမ်းအထိနာစေတတ်ပါတယ်။ ဒါကို ကိုယ်က သတိမပြုမိပဲ ...

သြော် ... သူကံဆိုးချိန်မို့ဖြစ်တာပါ။ ငါ့အစီရင်နဲ့ မဆိုင်လောက်ပါဘူးလို့ ပေါ့ပေါ့လေး သွားမတွေးသင့်ပါဘူး။ တဖက်လူရဲ့ပြဿနာဟာ ကိုယ့်ပြဿနာဖြစ်ပါတယ်။ ဒီလိုပေါ့ပေါ့ဆဆ တွေးတောခဲ့မယ်ဆိုရင် ပေးတဲ့သူထိရုံသာမက ပေးတဲ့ဆရာဆီကိုပါ အထိနာတတ်တဲ့ အကြောင်းရင်းတွေ ရောက်လာတတ်ပါတယ်။

ဆရာကြီးဦးမြရင်ရဲ့ တပည့်တစ်ဦးဟာ ဆရာကြီးရဲ့စကားကို နားမထောင်ပဲ ပညာမာန်အတက်လွန်ပြီး နောက်ဆုံးမျက်စိကွယ်တဲ့အထိဖြစ်သွားပါတယ်။ ရိုးရိုးစဉ်းစားရင်တော့ မျက်စိကွယ်တယ်ဆိုတာ ကွယ်ရမယ့်ကံပါလို့ဆိုပြီးထင်စရာရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မကွယ်သင့်ပဲ ကွယ်သွားရတဲ့ ပညာခိုက်မှုတစ်ခုဖြစ်ပါတယ်။

အဲဒါပါ ထည့်ရှင်းပြနေရင် လိုရင်းမရောက်ဖြစ်တော့မှာမို့ ချန်ထားလိုက်ပါတယ်။ ဒီနေ့ ပြောချင်တဲ့ အဓိက သင်ခန်းစာတွေက ...

လူသိထင်ရှားအဖြစ်နဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆရာတစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင် ....

( ၁ ) စိတ်ထင်ရာ ယတြာတွေကို လိုင်းပေါ်မတင်မိအောင်သတိပြုပါ။ တင်ပေးလိုက်တဲ့ ယတြာအစီရင်တိုင်းမှာ သဘာ၀ကျတဲ့တွေးကွက်တွေ၊ ပညာတွေ၊ စီမံမှုတွေပါပါစေ။

( ၂ ) ပေးချင်တဲ့ ယတြာ၊ အစီရင်တိုင်းကို သဘာ၀ကျ၏၊ မကျ၏။ ပေးသင့်၊ မပေးသင့်ဆိုတာမျိုးနဲ့ ဘယ်လောက်ကြာကြာထိပေးနိုင်မလဲဆိုတာမျိုးတွေကိုပါ ထည့်စဉ်းစားပါ။

( ၃ ) ပေးလိုက်တဲ့ ယတြာ၊ အစီရင်တိုင်းမှာ အားနည်းချက်၊ အားသာချက်တွေ ပါလာနိုင်ပါတယ်။ တခုခုပြဿနာရှိလာတိုင်း မိမိအစီရင်တွေကို ပြန်လည်သုံးသပ်အဖြေရှာဖို့ သတိပြုပါ။

( ၄ ) ကိုယ်ရဲ့ အတ္တတစ်ခုထဲကိုကြည့်ပြီး ဟိုဟာ Share ပါ။ လာဘ်ဝင်မယ်။ ဒီနေ့ ဘာနေ့သားတွေ သိန်းတစ်ထောင်ဝင်မယ်ဆိုပြီး မတင်ပါနဲ့။ ကိုယ်က ပညာဉာဏ်နည်းပါးကြောင်း လူသိထင်ရှား ထုတ်ဖော်မိရာ ကျတတ်ပါတယ်။

#သုတဆန်း

လောကီလူသားအပေါင်း  မတရ မတဝ မတရ မတဝ မတရ မတဝ ကြပါစေရှင်...
26/08/2024

လောကီလူသားအပေါင်း မတရ မတဝ မတရ မတဝ မတရ မတဝ ကြပါစေရှင်...

20/08/2024
ယုံကြည်...ယုံရင်ကြည်ပါတယ်
15/08/2024

ယုံကြည်...ယုံရင်ကြည်ပါတယ်

15/08/2024
1.8.2024မှ31.8.2024ထိအသုံးဝင်ပါသည်။
15/08/2024

1.8.2024မှ31.8.2024ထိအသုံးဝင်ပါသည်။

14/08/2024
14/08/2024
ပုဂ္ဂိုလ်အပေါင်းတို့၏တူမလိုလိုနဲ့ကွာခြားသောအရာများ                 လူချင်းတူသော်လည်း ဉာဏ်ချင်းမတူနိုင်           ဉာဏ်ချင...
13/08/2024

ပုဂ္ဂိုလ်အပေါင်းတို့၏တူမလိုလိုနဲ့ကွာခြားသောအရာများ



လူချင်းတူသော်လည်း ဉာဏ်ချင်းမတူနိုင်

ဉာဏ်ချင်းတူသော်လည်း ပါရမီချင်းမတူနိုင်

ပါရမီချင်းတူသော်လည်း ဝီရိယချင်းမတူနိုင်

ဝီရိယချင်းတူသော်လည်း သတိချင်းမတူနိုင်

သတိချင်းတူသော်လည်း သမာဓိချင်းမတူနိုင်

သမာဓိချင်းတူသော်လည်း ပဌာန်းဆက်ချင်းမတူနိုင်

ပဌာန်းဆက်ချင်းတူသော်လည်း ပတ္ထနာဆုတောင်း

ချင်းမတူနိုင်

စိတ်ခိုင်မှ မိမိဝမ်းတွင်းအဇ္ဈတ္တမာရ်နတ်ကိုနိုင်သည်

နတ်နိုင်မှ ဓါတ်ပိုင်သည်။

ဓါတ်ပိုင်မှ မနောပိုင်သည်။

မနောပိုင်မှပညာရောက်သည်။

ပညာရောက်မှ အရိယာဝိဇ္ဇာဖြစ်မည်။

အရိယာဝိဇ္ဇာဖြစ်မှ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကိုပေါက်

မြောက်အောင်မြင်သည်။

ပေါက်မြောက်အောင်မြင်မှ လောကုတ္တရာဝိဇ္ဇာဖြစ်မည်။

လောကုတ္တရာဝိဇ္ဇာဖြစ်မှ မဂ်ဖိုလ်နိဗ္ဗာန်ရမည်။

Address

No.745,Aung Myittar St,4 South Quarter,Tharketa,Yangon.
Yangon

Website

Alerts

Be the first to know and let us send you an email when Thoon Nadi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram