MOON SUN Medical Center

MOON SUN Medical Center မွန်းဆန်းအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးအဆင့်မြင့်ဓာတ်ခွဲခန်း

MOON SUN Medical Center တွင် သားဖွားနှင့်မီးယပ်ကင်ဆာ အထူးကုဆရာဝန်မကြီးဖြင့် တိုင်ပင်ဆွေးနွေးကာ ပြသနိုင်ပါပြီ။Dr. Hsu Mya...
05/07/2025

MOON SUN Medical Center တွင် သားဖွားနှင့်မီးယပ်ကင်ဆာ အထူးကုဆရာဝန်မကြီးဖြင့် တိုင်ပင်ဆွေးနွေးကာ ပြသနိုင်ပါပြီ။

Dr. Hsu Myat Mon (Consultant)
MBBS (YGN), M.Med.Sc. (OG), Dr. Med. Sc. (Gynaecological Oncology)

သားဖွားနှင့်မီးယပ်ဆိုင်ရာတိုင်ပင်ဆွေးနွေးကုသခြင်းများအတွက် MOON SUN Medical Center (ကုန်သည်လမ်း၊ဗိုလ်တစ်ထောင်မြို့နယ်)တွင် အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၅နာရီ နှင့် MOON SUN Medical Center (သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်) တွင် အပတ်စဉ် သောကြာနေ့ ညနေ ၆ နာရီ မှစ၍ မိတ်ဟောင်းမိတ်သစ်လူနာများအတွက် ဆေးခန်းထိုင်သွားပါမည်။

🏥 ဆေးခန်းလိပ်စာ

MOON SUN Medical Center (Merchant): Merchant Luxury Condo (မြေညီထပ်) ကုန်သည်လမ်းနှင့် လမ်း၅၀ ထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်။ ဆက်သွယ် booking ယူရန်အတွက် ၀၉ ၇၇၇ ၂၀၇ ၀၂၇

MOON SUN Medical Center (Thuwunna): အမှတ် (၂၀) သံသုမာလမ်းမကြီး၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ (စုပေါင်းမှတ်တိုင်အနီး)။
ဆက်သွယ် booking ယူရန်အတွက် ၀၉-၇၆၀၂၅၆၀၀၁၊ ၀၉-၇၆၀၂၅၆၀၀၉

☎️ ဖုန်းဆက်ပြီး ကြိုတင်ဘိုကင်ယူကာ သားဖွားနှင့်မီးယပ်ဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းများကိုပြုလုပ်ပြီး လိုအပ်သော ကုသမှုများကို ရယူနိုင်ပါပြီ။

*Credit to those with rightful ownership

19/06/2025

MOON SUN Medical Center မှာ သမားတော် ဖြင့်ပြသဆွေးနွေးနိုင်ပါပြီ။

👩‍⚕️ သမားတော်ကြီး ဒေါက်တာ အောင်မျိုးဟိန်း
📚 M.B.,B.S, M.Med.Sc (Internal Medicine)

🩺 အထွေထွေရောဂါကုထုံးများအတွက် သုဝဏ္ဏ MOON SUN Medical Center တွင် ဆေးခန်းထိုင်ပါမည်။
📆 နေ့စဉ် ညနေ ၄ နာရီခွဲမှ စတင်၍ မိတ်ဆွေများကို ပြုစုကုသပေးပါမည်။

📍 ဆေးခန်းလိပ်စာ – အမှတ် (၂၀) သံသုမာလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ် (စုပေါင်းမှတ်တိုင်အနီး)

📞 ဆက်သွယ် booking ယူရန်အတွက်
၀၉-၇၆၀၂၅၆၀၀၁
၀၉-၇၆၀၂၅၆၀၀၉

📌 ကြိုတင်ဘိုကင်ယူနိုင်ပါသည်။

မိသားစုနှင့် ကိုယ်တိုင်အတွက် ကျန်းမာရေးအာမခံခြင်းစတင်လိုက်ပါ!

သတင်းကောင်းကြေညာချက်ကလေးအထူးကု ဆရာဝန်မကြီး ဒေါက်တာ ပြည့်ဖြိုးနိုင် သည် ဗိုလ်တထောင်မြို့နယ်၊ မွန်းဆန်းအထူးကုဆေးခန်းတွင် န...
03/06/2025

သတင်းကောင်းကြေညာချက်

ကလေးအထူးကု ဆရာဝန်မကြီး ဒေါက်တာ ပြည့်ဖြိုးနိုင် သည် ဗိုလ်တထောင်မြို့နယ်၊ မွန်းဆန်းအထူးကုဆေးခန်းတွင် နေ့စဉ် ညနေ ၅ နာရီခွဲမှစ၍ ဆေးခန်းထိုင်ပါမည်။

ဆေးခန်းလိပ်စာ – လမ်း ၅၀ နှင့် ကုန်သည်လမ်းထောင့်၊ Merchant Luxury Condo

ဆက်သွယ်ရန် ဖုန်းနံပါတ်များ –
📞 ၀၉-၇၇၇၂၀၇၀၂၇
📞 ၀၉-၇၆၅၆၅၇၈၀၉

ကြိုတင်ဘိုကင်ယူရန် ဆက်သွယ်နိုင်ပါသည်။

သင့်ကလေးငယ်များအတွက် ကျန်းမာရေးကောင်းမွန်မှုအတွက် ယနေ့မှစ၍ ကြိုတင်စီစဉ်ကြပါစို့။

သတင်းကောင်းလေးပေးချင်လို့ပါရှင် 👇👇👇
30/05/2025

သတင်းကောင်းလေးပေးချင်လို့ပါရှင် 👇👇👇

30/05/2025

MOON SUN Medical Center သုဝဏ္ဏနှင့် လမ်း50 အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန်

၁ ။ Pharmacist ( ၁ ) ဦး
၂ ။ Pharmacy aid ( ၁ ) ဦး
၃။ office Staff ( ၁ )
၄။ သန့်ရှင်းရေး ဝန်ထမ်း( သုဝဏ္ဏအတွက်) (၁ ) - လ်ိုအပ်လျက်ရှိပါသည် ။

လျှောက်ထားလိုသူသည် Viber no 09760256017 သို့ CV ပေးပို့ လျှောက်ထားနိုင်ပါသည် ။

"ကာကွယ်လို့ရတာကို ကာကွယ်ခြင်းဟာ အကောင်းဆုံးသော ကုသခြင်းတစ်မျိုးပါ”ကိုယ့်ကိုယ်ကိုရော ကိုယ်ချစ်တဲ့ခင်တဲ့ မိသားစု ဆွေမျိုး ...
23/05/2025

"ကာကွယ်လို့ရတာကို ကာကွယ်ခြင်းဟာ အကောင်းဆုံးသော ကုသခြင်းတစ်မျိုးပါ”

ကိုယ့်ကိုယ်ကိုရော ကိုယ်ချစ်တဲ့ခင်တဲ့ မိသားစု ဆွေမျိုး မိတ်ဆွေသင်္ဂဟ အားလုံးကိုရော ဘေးဘရာများမှ တတ်နိုင်သမျှ အကောင်းဆုံး ကာကွယ်ပေးချင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။

အခုဆိုလျှင် မိုးဉီးရာသီကိုရောက်နေပြီးဖြစ်ကာ များမကြာမီ ဝဿန်ကာလ မိုးတွင်းအချိန်အခါကို ထဲထဲဝင်ဝင် ရောက်ရှိတော့မှာ ဖြစ်ပါသောကြောင့် ကိုယ်ချစ်ရပါသော Loved Ones များအတွက် လွယ်လွယ်ကူကူ ကူညီစောင့်ရှောက်ကာကွယ်ပေးလို့ရတာလေးတစ်ခု ရှိပါတယ်။

အဲ့ဒါကတော့ ရာသီတုပ်ကွေးအား အကောင်းဆုံးသော အကာအကွယ်ပေးနိုင်သည့် Flu Vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး) ထိုးနှံခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို အားလုံး မပျက်မကွက်ထိုးနှံခြင်းဖြင့် ချစ်သူခင်သူများအား စောင့်ရှောက်ကူညီ ကာကွယ်ပေးဖို့ အသိပေး နှိုးဆော်အပ်ပါတယ်။

MOON SUN Medical Center (ကုန်သည်လမ်း) - Merchant Luxury Condo (မြေညီထပ်)၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ လမ်း ၅၀ မှတ်တိုင်အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 777 207 027

MOON SUN Medical Center (သုဝဏ္ဏ) - အမှတ် (၂၀)၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 760 2560 01, 09 760 2560 09

* Credit to those with rightful ownership

The rod of Asclepius VS Caduceusတုတ်ကိုမြွေတစ်ကောင်ပတ်ထားတဲ့ သင်္ကေတ (The rod of Asclepius) နဲ့ အတောင်ပံတစ်စုံပါသည့် တုတ...
20/05/2025

The rod of Asclepius VS Caduceus

တုတ်ကိုမြွေတစ်ကောင်ပတ်ထားတဲ့ သင်္ကေတ (The rod of Asclepius) နဲ့ အတောင်ပံတစ်စုံပါသည့် တုတ်ကိုမြွေနှစ်ကောင် ပတ်ထားတဲ့ သင်္ကေတ (Caduceus) တွေက ဘာတွေလဲဆိုတာ သင် သိပါ သလား? အဲ့သင်္ကေတနှစ်ခုကရော ဘယ်လိုကွာခြားမှုတွေရှိသလဲဆိုတာ သင် တွေးမိဖူးပါသလား?

MOON SUN Medical Center (ကုန်သည်လမ်း) - Merchant Luxury Condo (မြေညီထပ်)၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ လမ်း ၅၀ မှတ်တိုင်အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 777 207 027

MOON SUN Medical Center (သုဝဏ္ဏ) - အမှတ် (၂၀)၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 760 2560 01, 09 760 2560 09

* Credit to those with rightful ownership

အာရောဂျံ ပရမံ လာဘံ  ကျန်းမာရေးသည် အရေးကြီးမှန်း လူတိုင်းလိုလို သိနားလည်ထားပြီးဖြစ်ပါတယ်။ ကျန်းကျန်းမာမာ နေထိုင်နိုင်ခြင်...
19/05/2025

အာရောဂျံ ပရမံ လာဘံ


ကျန်းမာရေးသည် အရေးကြီးမှန်း လူတိုင်းလိုလို သိနားလည်ထားပြီးဖြစ်ပါတယ်။ ကျန်းကျန်းမာမာ နေထိုင်နိုင်ခြင်းသည် လူတိုင်းအတွက် ကာယသုခ စိတ္တသုခ နှစ်ဖြာလုံး ပေးနိုင်စွမ်းရှိသည်ဆိုတာကိုလည်း ငြင်းဖွယ်ရာမရှိဟု ပြောလို့ရပါတယ်။ ထိုကဲ့သို့များပြားကြီးမားသော လာဘ်လာဘကို ပေးစွမ်းနိုင်သည့် ကျန်းမာရေးကောင်းမွန်ခြင်း၏ အရေးပါမှုကို အသိ သတိ မပြတ်ရှိနေဖို့ လိုအပ်ပါတယ်။


ကျန်းမာခြင်း၏ တန်ဖိုးကို ကျန်းကျန်းမာမာဖြင့် လှုပ်ရှားသွားလာ နေထိုင် လုပ်ကိုင်နိုင်စဉ်တွင် အသေအချာ သတိထားနှလုံးသွင်းမိဖို့ ခဲယဉ်းလှပါတယ်။ လူတို့၏ ဖြစ်လေ့ရှိသော သဘောသဘာဝအတိုင်း အရာတစ်ခု၏ တန်ဖိုးကို သတိမကပ် နှလုံးမသွင်းမိသည်နှင့် ထိုအရာအား တန်ဖိုးထားသည့် နေထိုင်ပြုမူ ပုံများမှာ အားနည်း လျော့လျဲလာတတ်တာ ဓမ္မတာလို ဖြစ်နေပါတယ်။ ဒါကြောင့် လူအတော်အများဖို့ ကျန်းမာခြင်း၏ အရေးပါ မှုကို စဉ်ဆက်မပြတ် သတိပေးနှိုးဆော်ပေးနေဖို့လိုပါတယ်။


သို့ပါသောကြောင့် ကျန်းမာခြင်းသည် လူတိုင်းအတွက် လိုချင်သည်များ၊ ဖြစ်ချင်သည်များကို ဆက်လက် ကြိုးစား အကောင်အထည်ဖော်ဖို့ ပဏာမအနေဖြင့် လိုအပ်သည့် အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်ကြောင်း ထပ်လောင်းအသိပေး ပြောကြားရင်း ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ၊ နေထိုင်မှုပုံစံများ၊ ကုသမှုများကို နယ်ပယ်အလိုက် တတ်ကျွမ်းသောသူများထံမှ အချိန်မီရယူကာ ဘဝကို ပိုမိုလှပ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ။

MOON SUN Medical Center (ကုန်သည်လမ်း) - Merchant Luxury Condo (မြေညီထပ်)၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ လမ်း ၅၀ မှတ်တိုင်အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 777 207 027

MOON SUN Medical Center (သုဝဏ္ဏ) - အမှတ် (၂၀)၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 760 2560 01, 09 760 2560 09

* Credit to those with rightful ownership

ရာသီတုပ်ကွေး (Seasonal Influenza)  မကြာမီမှာ မိုးရာသီ ရောက်တော့မယ်ဆိုတော့ ဒီတစ်ခါ မိုးဦးစ နဲ့ မိုးတွင်းတွေမှာ အဖြစ်များတ...
16/05/2025

ရာသီတုပ်ကွေး (Seasonal Influenza)

မကြာမီမှာ မိုးရာသီ ရောက်တော့မယ်ဆိုတော့ ဒီတစ်ခါ မိုးဦးစ နဲ့ မိုးတွင်းတွေမှာ အဖြစ်များတတ်တဲ့ ရောဂါလေးတွေကို တင်ပြထားဖို့ စဉ်းစားထားပါတယ်နော်။ ပထမဦးဆုံးအနေနဲ့ကတော့ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါအကြောင်းလေးကို ဝေမျှပေးချင်ပါတယ်။

၁။ ရာသီတုပ်ကွေး ဆိုတာဘာလဲ?

ရာသီတုပ်ကွေး (Influenza) ဆိုတာ အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ရောဂါတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် Influenza A နှင့် Influenza B ဟူ၍ အဓိကနှစ်မျိုးရှိပြီး ၎င်းတို့၏ မျိုးဗီဇပြောင်းလဲမှု (Antigenic drift/shift) ကြောင့် နှစ်စဉ် ဗိုင်းရပ်စ်ပိုးပုံစံအသစ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အထူးသဖြင့် မိုးနှင့် ဆောင်းရာသီတွင် အဖြစ်များပြီး၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူသန်းပေါင်းများစွာ ကူးစက်ခံစားရသော အဖြစ်များသည့် ရောဂါတစ်မျိူးလည်းဖြစ်တဲ့အပြင် ပြင်းထန်ပါက အသက်အန္တရာယ်ပေးနိုင်သည်အထိ ဖြစ်တတ်တာမို့ မပေါ့ဆကြဖို့လည်း တိုက်တွန်းလိုပါတယ်၊၊

၂။ ဘယ်လို ကူးစက်နိုင်လဲ?

အဓိက ကူးစက်နိုင်တာကတော့ နှာချေ၊ ချောင်းဆိုးရာကနေတဆင့် ပျံ့နှံ့လာတဲ့ရောဂါပိုးရှိတဲ့လေကို ရှုသွင်းမိရာကနေ ကူးစက်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဗိုင်းရပ်စ်ကပ်ငြိနေတဲ့ လက်ကိုင်၊ စားပွဲများကို ထိတွေ့မိပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်သို့ လက်မှတစ်ဆင့်ဝင်ရောက်ရာကနေလည်း ကူးစက်နိုင်ပါတယ်။

၃။ လက္ခဏာတွေ အနေနဲ့ကတော့
• အဖျားတက်ခြင်း (အဖျား 38°C အထက်)
• ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း
• နှာရည်ယိုခြင်း၊ နုံးချိခြင်း
• ကလေးငယ်များတွင် အန်ခြင်း၊ ဝမ်းလျှောခြင်း
• ပြင်းထန်သောလက္ခဏာများ (ဥပမာ - မောခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း) ပေါ်ပေါက်လာခဲ့လျှင်တော့ ဆေးရုံသို့ ချက်ချင်း သွားရောက်သင့်ပါတယ်။

၄။ ကာကွယ်လို့ ရနိုင်လား?

“ဟုတ်ကဲ့….ရနိုင်ပါတယ်။” တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့်အတွက် ရောဂါဖြစ်ပွားလာပါက ကုသရခက်ခဲခြင်း၊ ကူးစက်မှု မြန်ဆန်တတ်ခြင်း၊ ပြင်းထန်ပါက အသက်အန္တရာယ် စိုးရိမ်ရခြင်းစတဲ့ အခြေအနေများကြောင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်သင့်ပါတယ်။ ရောဂါမဖြစ်ပွားနိုင်အောင် (သို့) မတော်တဆရောဂါဖြစ်ပွားခဲ့ပါက ပြင်းထန်မှု မရှိအောင် အောက်ပါနည်းလမ်းများအတိုင်း ကာကွယ်ထားနိုင်ပါတယ်။

• ကာကွယ်ဆေးထိုးပါ။ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံး ကာကွယ်နိုင်သည့် နည်းလမ်း ဖြစ်တယ်လို့ အမေရိကန်ကူးစက်ရောဂါများထိမ်းချုပ်ရေးဗဟိုက ဆိုပါတယ်။
• လက်ကို စင်ကြယ်စွာဆေးပါ။ လက်ကို စနစ်တကျဆေးကြောပေးခြင်းဖြင့်လည်း တုပ်ကွေးရောဂါ ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဆပ်ပြာရည်/ဆပ်ပြာဖြင့် လက်ကို စက္ကန့် ၂၀ ကြာဆေးကြောပေးသင့်ပါတယ်။
• နှာချေ/ချောင်းဆိုးပါက ပါးစပ်နှင့်နှာခေါင်းကို တစ်သျှူးဖြင့် အုပ်ပါ။ လူစုလူဝေးကြားသွားလျှင် Mask ဆောင်ပါ။
• နေမကောင်းသူများနှင့် ဝေးဝေးနေပါ။

ဆက်လက်ပြီး ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကိုလည်း တင်ပြပေးချင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇ ပြောင်းလဲတတ်သော သဘောသဘာဝကြောင့် ကာကွယ်ဆေးကို နှစ်တိုင်း အသစ်ပြင်ဆင်ထုတ်လုပ်ရပြီး ဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့ ဆိုရင်လည်း နှစ်စဉ် ကာကွယ်ဆေးထိုးရန် အရေးကြီးပါတယ်။

၅။ ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ?

• ကိုယ်ဝန်ဆောင်များ
• အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
• နာတာရှည်ရောဂါ (ဆီးချို၊ ပန်းနာ၊ နှလုံး) ရှိသူများ
• ကျန်းမာရေးဝန်ထမ်းများ

၆။ ထိရောက်မှု ဘယ်လိုရှိလဲ? ဘာကောင်းကျိုးတွေ ရနိုင်လဲ?

ကာကွယ်ဆေထိုးကာကွယ်ခြင်းဖြင့် ရောဂါ၏ ပြင်းထန််မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ကြောင်း လေ့လာမှုများကနေ သိရှိရပါတယ်။ ထို့သို့ ကာကွယ်ရာတွင် ကာကွယ်ဆေးသည် ဗိုင်းရပ်စ်အမျိုးအစားနှင့် ကိုက်ညီပါက ၄၀-၆၀% အထိ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိထားပြီး၊ ဆေးထိုးထားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ (ဥပမာ - အဆုတ်ရောင်ခြင်း) ကို ကာကွယ်ပေးနိုင်ကြောင်းလည်း တွေ့ရှိထားပါတယ်။

၇။ နောက်ဆုံးတစ်ခုအနေနဲ့ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် ဆိုတဲ့အတိုင်း

• လူကြီးမင်းတို့၏ တန်ဖိုးရှိလှတဲ့ လုပ်ငန်းခွင်အချိန်တွေကို တုပ်ကွေးဖျားနာနေလို့ ပျက်ကွက်ရတာ မဖြစ်စေဖို့
• ကိုယ်နဲ့အတူနေ ချစ်ခင်ရတဲ့ လူကြီးမိဘတွေနဲ့ သားသမီးငယ်လေးတွေကို ကူးစက်မခံရစေဖို့အတွက် အထက်ဖော်ပြပါ ကာကွယ်ရေးနည်းလမ်းတွေကို အလေးထားဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒါ့အပြင် ပိုပြီးစိတ်ချရအောင် ကာကွယ်ဆေးထိုးထားမှ ဖြစ်မယ်ထင်တဲ့ လူကြီးမင်းများအတွက် အဖြစ်များတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးများကိုကာကွယ်ဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ Influvac Tetra လေးမျိုးစပ် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို MOON SUN Medical Center မှာ လာရောက်ထိုးနှံနိုင်ပြီ ဖြစ်ကြောင်းကိုလည်း တဆက်တည်း တင်ပြလိုက်ပါရစေ။

MOON SUN Medical Center (ကုန်သည်လမ်း) - Merchant Luxury Condo (မြေညီထပ်)၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ လမ်း ၅၀ မှတ်တိုင်အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 777 207 027

MOON SUN Medical Center (သုဝဏ္ဏ) - အမှတ် (၂၀)၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 760 2560 01, 09 760 2560 09

Sources
1. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) - [Influenza Virus Strains](https://www.who.int/news-room/fact-sheets/detail/influenza-(seasonal))
2. CDC - [Selecting Viruses for the Seasonal Influenza Vaccine] (https://www.cdc.gov/flu/prevent/vaccine-selection.htm)
3. မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန - ရာသီတုပ်ကွေး ကာကွယ်ရေးလမ်းညွှန်ချက်များ။

* Credit to those with rightful ownership

အသက်အရွယ်ရလာတဲ့အခါ သတိမမေ့အောင် ကာကွယ်လို့ ရနိုင်လား?ဇရာကြောင့် ဖြစ်ပေါ်လာသော ဝေဒနာ…..အသက်အရွယ်ကြီးအိုမင်းလာခြင်းကြောင့်...
15/05/2025

အသက်အရွယ်ရလာတဲ့အခါ သတိမမေ့အောင် ကာကွယ်လို့ ရနိုင်လား?

ဇရာကြောင့် ဖြစ်ပေါ်လာသော ဝေဒနာ…..

အသက်အရွယ်ကြီးအိုမင်းလာခြင်းကြောင့် ဦးနှောက်အရွယ်အစားသေးလာခြင်း၊ ကျုံ့လာခြင်း တို့ဖြစ်ပေါ်နိုင်ပြီး မှတ်ဉာဏ်အားနည်းလာခြင်း၊ သတိမေ့တတ်လာခြင်းကဲ့သို့သော ပြဿနာများကို ကြုံတွေ့ရလေ့ရှိပါတယ်။ အသက်အရွယ်ရလာလေလေ ကောတက်စ် ဟုခေါ်သော ဦးနှောက်အပြင်ပိုင်း ကျုံ့လာခြင်းကြောင့် ဒိုပါမင်း ကဲ့သို့သော ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းများ လျော့ကျလာပြီး မှတ်ဉာဏ်အားနည်းလာခြင်း၊ သတိမေ့တတ်လာခြင်း၊ နှင့် အစီအစဉ်ဆွဲခြင်း၊ စသော ဦးနှောက်၏လုပ်ဆောင်ချက်များ ကျဆင်းလာတတ်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

၎င်းကဲ့သို့သော အသက်အရွယ်အရ ဖြစ်ပွားလာသော ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ရန် နှင့် ဦးနှောက်ကျန်းမာရေးကောင်းမွန်စေရေးအတွက် ကောင်းမွန်စွာနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း၊ အာဟာရပြည့်ဝသော အစားအသောက်များ မျှတစွာ စားသောက်ပေးခြင်း၊ ဆေးလိပ်၊ အရက်ကဲ့သို့သောအရာများကို ရှောင်ကြဉ်ခြင်း၊ စာဖတ်ခြင်း နှင့် ဉာဏ်စမ်းပဟေဠိများ ကစားပေးခြင်းတို့ဖြင့် ဦးနှောက် နှင့် စိတ်ကျန်းမာရေး ကောင်းမွန်အောင်ဆောင်ရွက်လို့ ရနိုင်ကြောင်း ပညာရှင်တို့က ဆိုထားပါတယ်။

အထက်ပါ အချက်များအပြင် မကြာသေးမီက အမေရိကန်နိုင်ငံ၏ သက်ကြီးရွယ်အိုများတွင်ပြုလုပ်ခဲ့သော IGNITE study တွေ့ရှိချက်အရ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ နှင့် ကခုန်ခြင်း ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကို တနေ့လျှင် ၅ မိနစ်ခန့် အတန်အသင့် မှ အနည်းငယ်ပြင်းထန်စွာ ပြုလုပ်ပေးခြင်းသည် ရေတိုမှတ်ဉာဏ်ကောင်းမွန်စေခြင်း၊ အာရုံစူးစိုက်မှုတိုးတက်လာခြင်း၊ အချက် အလက်များကို ပြန်လည်မှတ်မိစေခြင်း နှင့် အစီအစဉ်ချခြင်းကဲ့သို့သော ဦးနှောက်၏ လုပ်ဆောင်ချက်များကို ပြန်လည်မြင့်တက်အောင်စွမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေကြောင်း တွေ့ရှိရပါတယ်။

အချုပ်အားဖြင့်ပြောရလျှင်.....

ဒါကြောင့် ဖိုးဖိုး ဖွားဖွားတို့ရဲ့ သတိမေ့တတ်တာတွေ နည်းအောင်၊ ချစ်သောမိသားစုတွေနဲ့ အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်အောင် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကောင်းမွန်အောင် အာဟာရ မျှတစွာစားပေးဖို့၊ ကောင်းမွန်စွာ အနားယူအိပ်စက်ဖို့၊ နဲ့ တစ်နေ့ကို ၅ မိနစ်ခန့် အတန်အသင့်သာပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးကြဖို့ အကြံပြုပါရစေ။

အကယ်၍ ဖိုးဖိုး၊ ဖွားဖွား တို့ ဖြစ်ဖြစ်၊ မိသားစုဝင်တွေထဲက ဖြစ်ဖြစ် ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ဝေဒနာ၊ ရောဂါ တစ်ခုခုခံစားနေခဲ့ရရင်လည်း MOON SUN Medical Center မှာ ရှိတဲ့ ကျွမ်းကျင်တဲ့ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ သမားတော်ကြီးများနဲ့ ရက်ချိန်းယူပြီး တိုင်ပင်ပြသနိုင်ကြောင်းကိုလည်း အသိပေးပါရစေ။

MOON SUN Medical Center (ကုန်သည်လမ်း) - Merchant Luxury Condo (မြေညီထပ်)၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ လမ်း ၅၀ မှတ်တိုင်အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 777 207 027

MOON SUN Medical Center (သုဝဏ္ဏ) - အမှတ် (၂၀)၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 09 760 2560 01, 09 760 2560 09

* Credit to those with rightful ownership

🙏🙏🙏     #ဆေးစစ် #အထူးကုရောဂါရှာဖွေရေးဆေးခန်း #ကာကွယ်ဆေးထိုးစင်တာ  #ကာကွယ်ဆေးထိုးဆေးခန်း    #ပြည်ထောင်စုနေ့
13/04/2025

🙏🙏🙏


#ဆေးစစ်
#အထူးကုရောဂါရှာဖွေရေးဆေးခန်း
#ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း

#ပြည်ထောင်စုနေ့

🕊ပြည်ထောင်စုနေ့၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော  (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့အား "MOON SUN Medical C...
12/02/2025

🕊ပြည်ထောင်စုနေ့

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်သော (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့အား "MOON SUN Medical Center " မိသားစုမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။


#ဆေးစစ်
#အထူးကုရောဂါရှာဖွေရေးဆေးခန်း
#ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း

#ပြည်ထောင်စုနေ့

Address

ကုသည်လမ်းစင်တာ , Merchant Road (between 50th And 51st Streets) 09 7656 57809, 09 777 207027, သုဝဏ္ဏစင်တာ , Thanthumar Road (Near SuPaung Bus-stop) 09 760 2560 01, 09 760 2560 09
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when MOON SUN Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram