10/12/2025
ကမ္ဘာတလွှားမှာ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက သူတို့ရဲ့ သက်တမ်းတလျှောက် ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ မတူညီတဲ့ ပုံစံတွေနဲ့ လူတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံနေရပါတယ်။
လူတိုင်းအတွက် စိတ်ချလုံခြုံတဲ့ လူမှုအသိုက်အဝန်းတစ်ရပ်ကို ဖန်တီးဖို့ဆိုရင် လူတစ်ယောက်ချင်းစီတိုင်းရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုပါမယ်။
အကြမ်းဖက်မှုကင်းဝေးခြင်းက အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်တာကြောင့် မြန်မာနိုင်ငံတလွှားက အမျိုးသမီးတွေ မိန်းမငယ်လေးတွေနဲ့ LGBTIQ+တို့အတွက် စိုးထိတ်မှုတွေ၊ ရှက်ရွံ့မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကင်းစင်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို အတူဖန်တီးကြည့်ကြစို့လား။
#သိစေချင်