Starlight heal you

Starlight heal you Tarot Oracle Reading and Healing

20/09/2025

Solar Eclipse(နေကြတ်ခြင်း)
2nd new moon in Virgo
21.9.2025

ဒီနေကြတ်ခြင်းဖြစ်စဥ်ကိုတော့မြန်မာနိုင်ငံကနေမမြင်ရပါဘူး ဒီနှစ်ရဲ့နောက်ဆုံး Eclipse ဖြစ်ပြီး
ပြီးဆုံးခြင်း နဲ့ အသစ်ပြန်လည်မွေးဖွားခြင်း

အပြောင်းအလဲတွေလုပ်ပါ လက်ခံပါ

ကျန်းမာရေး(စိတ်နဲ့ခန္ဓာ) အနာဟောင်းရောဂါဟောင်းတွေပြန်ပေါ်လာရင်အရှင်းပျောက်အောင်ကုသပါ

ဘဝအဆင့်အတန်း ဓနဥစ္စာပိုင်ဆိုင်မှု စတာတွေကို
စနစ်တကျအစီစဥ်စွဲပြီးလက်တွေ့ကျကျကြိုးစားပါတော့(မှိုင်တွေစိတ်ကူးယဥ်မနေပါနဲ့)

အကျင့်ဆိုး အကျင့်ဟောင်း ခံစားချက်ဟောင်း ဇာတ်လမ်းဟောင်းများ အပြီးတိုင်ရှင်းထုတ်ပါ။

Manifest ကျွမ်းကျင်သူများပြုလုပ်နိုင်တယ်
စိတ်ကြည်စိတ်ရှင်းအောင်နေလေ ကောင်းကံအပြောင်းအလဲတွေရလေ။

20/09/2025

ဒီ journey မှာ ရတဲ့ နောက်ထပ်အသိတစ်ခုက
အရှိအရှိအတိုင်း လက်ခံလာတတ်ခြင်းပဲ

လူတွေအပေါ် ကောင်းစေချင်တဲ့စေတနာနဲ့
စိတ်ပင်ပန်းလူပင်ပန်းခံစိတ်ရင်းခံနဲ့
ဆွဲခေါ်တယ် ကူညီတယ် လမ်းပြတယ်

သူတို့အကြိမ်ကြိမ်ပြန်မှားလဲ
ကိုယ်ကအကြိမ်ကြိမ်ထပ်အပင်ပန်းခံတယ်
နောက်တော့ကိုယ်ပဲမောရတယ်

လူတိုင်းဟာသူတို့အသိနဲ့ပါရမီရှိသလောက်ပဲလို့
လက်ခံလိုက်တယ်

လိုလိုချင်ချင်ယူချင်စိတ်ရှိရင်မျှဝေပေးလိုက်တယ်
တန်ဖိုးမထားရင် နေမြဲအတိုင်းပြန်နေလိုက်တယ်

စာဖတ်မိသူတို့လဲ ဒီလိုစိတ်ကလေးထားပြီး အေးချမ်းအောင်နေတတ်ကြပါစေရှင်။

self-boundaries and self-respect 💚

12/09/2025

With Quick Share, you can immediately send and receive files from devices close to your location.

အခုကာလမှာ သတိထားမိစေဖို့သူဖောက်ပြန်နေမလား သူ့ကိုဆုံးရှုံးရမလားငါ့ပိုက်ဆံတွေဆုံးရှုံးမလား ငါ့မှာဘယ်သူမှမရှိဘူးငါ့ကိုလူတွေ...
11/09/2025

အခုကာလမှာ သတိထားမိစေဖို့

သူဖောက်ပြန်နေမလား သူ့ကိုဆုံးရှုံးရမလား
ငါ့ပိုက်ဆံတွေဆုံးရှုံးမလား ငါ့မှာဘယ်သူမှမရှိဘူး
ငါ့ကိုလူတွေကကဲ့ရဲ့နေကြတာပဲမုန်းနေကြတာပဲ
စသည်ဖြင့် တွေးပူနေပါတယ်ဆို အိမ်မက်တွေကလဲ
ဒါတွေပဲမက်နေမယ်...။

နိမိတ်ပြနေပြီဖြစ်လာတော့မယ် သွားမထင်လိုက်လေနဲ့ လမ်းပျောက်သွားမယ်ရှင်။ အဲဒါ Neptune retrograde နဲ့ Eclipse energy ပေါင်းဆော်နေတာပါ🤭

Neptune က ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဥ်တွေကိုခွဲတတ်ဖို့ အမှန်တကယ်မဟုတ်တာတွေကိုစိတ်ကပုံဖော်ကြောက်ရွံ့တာတွေကိုသိဖို့ပါ။
Eclipse ကတော့ အလင်းမရသေးတဲ့မကုသရသေးတဲ့ဖုံးဖိထားတဲ့ အကြောက်တရားတွေ အတ္တတွေကို မြင်တတ်ဖို့ပါ။
အိမ်မက်တွေဆိုတာ guidance ပါ။

အဲဒီ့စိတ်တွေကိုရှင်းထုတ်ပါတဲ့။ ကိုယ်လက်လှုပ်ရှားပါ။ မနက်စောစော ၅မိနစ်လောက် နေ့စဥ်တရားထိုင်ပါ သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ဖြစ်ချင်တဲ့အေးချမ်းတဲ့ဘဝလေးကိုစာချရေး ပြန်ဖတ်ပြီး positive thinking လေးတွေမွေးမြူပါ။
You တို့စိတ်ပူနေတာတွေကအဓိပ္ပါယ်မရှိပါဘူးတဲ့။

Starlight heal you

လကြတ်ခြင်းရဲ့ သက်ရောက်မှု7th Sep, Lunar Eclipse in Pisces (Blood Moon) သာမန်လပြည့်ချိန်တွေလိုမဟုတ်ပဲသက်ရောက်မှုပြင်းထန်ပ...
07/09/2025

လကြတ်ခြင်းရဲ့ သက်ရောက်မှု

7th Sep, Lunar Eclipse in Pisces
(Blood Moon)

သာမန်လပြည့်ချိန်တွေလိုမဟုတ်ပဲသက်ရောက်မှုပြင်းထန်ပါတယ်။အတွေးတွေ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာတွေပိုအဓိကကျပါမယ်။

အလိုလိုနေရင်း စိတ်ရှုပ်ထွေးလာတာ အိပ်မက်ဆိုးတွေမက်တာ ဒါမှမဟုတ် တောင်တွေးမြောက်တွေးနဲ့အိပ်မရတာ ခံစားချက်တွေအတက်အကျမြန်နေတာ
တွေဖြစ်တတ်တယ်။

ဒေါသဟောင်း အနာဟောင်း အတိတ်ဟောင်း ဖြစ်ရပ်ဆိုးတွေကိုပြန်သတိရပြီး ငိုလိုက်မောလိုက်ဖြစ်တတ်တယ်။

အဆုံးသတ်ရမှာတွေပါ မိန်ရာသီခွင်(pisces)ဟာနောက်ဆုံးရာသီခွင်ဖြစ်ပြီး Blood Moon ကလဲ
အသွင်ကူးပြောင်းခြင်း energy မို့ ဒီအကြောက်တရားတွေဟာ ခံစားနေဖို့မဟုတ်ပဲ ကုစားဖို့ပါ။

ဆားရည်နဲ့ရေချိုးပါ negative energy တွေရှင်းထုတ်လိုက်ပြီလို့စိတ်ကမှတ်ယူရင်းချိုးပါ။

ရေများများသောက်ပါ သဘာဝလေကိုတဝကြီးရှူသွင်းပြီး ခန္ဓာကိုယ်ထဲကလေအပူတွေအကုန်မှုတ်ထုတ်ပစ်တဲ့ လေ့ကျင့်ခန်းလေးလုပ်ပါ သို့မဟုတ် တရားထိုင်ပါ။

ခံစားနေရသမျှစာရွက်ထဲချရေး အောက်ဆုံးမှာ ဒါတွေကိုငါလွှတ်ချလိုက်ပြီ လို့ရေးပြီး မီးရှို့ပါ။

ပေါ့ပါးကြည်လင်တဲ့ New version ကို အသွင်ကူးပြောင်းဖို့အချိန်ကောင်းပါ။ Find yourself.

🌠Starlight Heal You

05/09/2025

အကြောက်တရားတွေတစ်ကျော့ပြန်လာခြင်း

ဒီဖြစ်ရပ် ဒီလိုလူ ဒီလိုခံစားချက်တွေပဲ ထပ်တလဲ
ကြုံနေခဲ့ရတဲ့ cycle ကြီးပြီးဆုံးပြီး

ကိုယ်တောင်မထင်ထားတဲ့ ကိုယ့်ရဲ့ new version တွေဖြစ်လာမဲ့ အချိန်ဟာ September ပါ

September ဟာ 2025 ရဲ့ special month ပါပဲ
Ending နဲ့ Beginning တွေသိသာထင်ရှားမှာပါ

Retro တွေ Eclipse တွေပြိုင်နေလို့ 20ရက်ဝန်းကျင်ထိ သက်ရောက်မှုပြင်းပါတယ်

အဲ့ဒီ့ရက်အထိ အရေးတကြီးဆုံးဖြတ်စရာတွေ ငွေကြေးကိစ္စတွေ တရားရေးရာတွေ Relationship တွေ သတိလေးနဲ့ လုပ်ဆောင်ပါ

နောက်ဆုံးစာမေးပွဲမှာကိုယ့်ကိုကိုယ်ရှာတွေ့ပါစေ
ဖြစ်တဲ့အရာတွေပေါ်မှာလူးလှိမ့်ခံစားမနေပဲ

ဘာကိုပြင်ဆင်စေချင်တာလဲ ဘာကိုလွှတ်ချသင့်လဲ ဘာတွေလိုအပ်နေလဲ မြင်နိုင်တဲ့သူအတွက်

ဒီဖြစ်ရပ်တွေဟာနောက်ဆုံးပါပဲ
ဆင့်ကဲတိုးတက်လာမဲ့ next version မှာ ဒီလိုတုန်လှုပ်မှုတွေမရှိတော့ပါဘူးတဲ့
ကဲ fighting 💪 ❤️

🌠Starlight Heal You

22/08/2025

First New Moon in Virgo
2025 မှာ New Moon Virgo က
နှစ်ကြိမ်ပါ Second ကတော့
Solar Eclipse နဲ့တွဲဖြစ်မှာမို့
ပိုအားကောင်းမယ်။

Leo နဲ့ Virgo တွေ 2025 ရဲ့မွေးနေ့ကို
စာမေးပွဲလေးတွေနဲ့ကျော်ဖြတ်ကြရတာနော်🤭

Virgo ရဲ့ rule က စနစ်ကျခြင်း
healingလုပ်ခြင်း လက်တွေ့ကျခြင်း
ညာဏ်ပညာ အလှတရား တွေနဲ့သက်ဆိုင်ပါတယ်

Body fitness တွေ Beauty တွေချိန်းချင်ရင်
စတင်နိုင်တယ် သိသာမယ်။
အိမ် အလုပ် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်
မလိုတာတွေပစ်ထုတ်ပါ။
စိတ် ရဲ့ ဝန်ထုတ်ဝန်ပိုးတွေ စာရွက်ထဲချရေး မီးရှို့
အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပြီး တစ်ခါ
ထဲလွှတ်ချပါ။
ဘဝအောင်မြင်တိုးတက်ရေး ပညာရပ်တွေတိုးတက်ရေး သေချာ plan ချပုံဖော်ပါ။
ငွေကြေး အိမ်ယာ စီမံခန့်ခွဲမှုတွေ ပြန်စစ်ဆေး balance ဖြစ်အောင်ပြုပြင်ပါ။

အရေးကြီးရင်ကြီးသလိုထပ်ရေးပေးပါမယ်
အခုတော့ဘာမှအာရုံမရတော့ပြန်ဘူး
(birthday season မို့ ကိုယ်လဲ
စာမေးပွဲဖြေနေရပါတယ်😵‍💫)

🌠Starlight

Mercury retrograde ပြီးပြီဆိုတော့messages ကလှနေရောပေါ့စတင်ခြင်း ရှေ့ဆက်ခြင်း အခွင့်ရေးအခွင့်လမ်းသစ်စိန်ခေါ်မှုအသစ် အပေးအ...
11/08/2025

Mercury retrograde ပြီးပြီဆိုတော့
messages ကလှနေရောပေါ့

စတင်ခြင်း ရှေ့ဆက်ခြင်း အခွင့်ရေးအခွင့်လမ်းသစ်
စိန်ခေါ်မှုအသစ် အပေးအယူမျှတခြင်းတွေ

သတင်းစကား ခရီးသွားလာခြင်း အဆက်အသွယ် ချစ်ခြင်းမေတ္တာ ဖန်တီးနိုင်စွမ်းတွေ အားလုံး

ရပ်တန့်နေတာတွေ စီးဆင်းလာပြီတဲ့

ပြီးဆုံးသွားတာတွေလက်ခံလိုက်တော့ ပြန်မတွေးနဲ့ စောင့်မနေနဲ့တော့

စိတ်အားထက်သန်တာ လိုချင်တာရှိရင် ဖန်တီးပါ စတင်ပါ လုပ်စရာရှိတာလုပ် ချစ်စရာရှိတာချစ်ပါ

🌠Starlight Heal You

08/08/2025

သင်ဘယ်လိုလူတစ်ယောက်အဖြစ်ပြောင်းလဲသွားမလဲ

07/08/2025

8.8 lion gate portal

lion gate ဆိုတာကတော့ နေမင်းကြီးဟာ
Leo ရာသီခွင်မှာတည်ရှိနေပြီး
နေပြီးရင် အတောက်ပဆုံးကြယ်ကြီးဖြစ်တဲ့
Sirius Star ကြီးဟာလဲ
နေနဲ့ တစ်တန်းထဲဖြစ်နေတဲ့အချိန်ကိုခေါ်တာပါ

9.8 မှာလဲ full moon in Aquarius
(Sturgeon Moon) ရဲ့ အထွတ်အထိပ်ချိန်မို့
စွမ်းအားတွေအရမ်းမြင့်နေတဲ့အချိန်ပေါ့

🔮8.8 မနက် 3 နာရီမှ 5 နာရီအတွင်း (အပူရှိန်မပြင်းခင်အချိန်) မှာ ကိုယ်လက်သန့်စင် ဘုရားရေချမ်းကပ် အမွှေးနံ့သာပူဇော် ပန်းအရောင်နုလေးတွေပူဇော် ဖယောင်းတိုင်အဖြူလေးထွန်းပြီး ဝတ်ပြုဆုတောင်းတာ ရွတ်ဖတ်တာ မေတ္တာပို့အမျှဝေတာတွေပြုလုပ်ပါ။

🔮 သောက်ရေတစ်ခွက်ကိုရှေ့ချ
ဖယောင်းတိုင်အဝါလေးထွန်း
တရားထိုင်ပြီး စိတ်နဲ့ခန္ဓာ Healing လုပ်မယ်
စိတ်ငြိမ်လာရင် Sirius star🌟 ကိုချိတ်ဆက်မယ်
သူ့ရဲ့ Golden light တွေဟာ မိမိခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းထားတာမြင်ယောင်
ကိုယ်လိုချင်တာ ရချင်တာ အောင်မြင်ချင်တာ တွေ
ဖြစ်နေပြီဆိုပြီး ရွတ်ဆိုမယ် ကျေးဇူးတင်မယ်
ရေကို သောက်လိုက်ပါ။

🔮ပြီးဆုံးချင်တာတွေ လွတ်မြောက်ချင်တာတွေချရေး မီးရှို့နိုင်တယ်။ ဥပမာ- အကြွေးကြေချင်ရင်
(ငါပေးစရာရှိတဲ့ငွေတွေ အားလုံးပေးနိုင်သွားပြီ) လို့ရေးပါ ရေးနည်းမမှားဖို့ လိုအပ်ရင် မေးပါ။

🔮ဆားရေနဲ့ရေချိုးသန့်စင်ပြီးအညံ့တွေဆေးနိုင်တယ်။ ကျောက်မြတ်ရတနာတွေကိုလဲ ဆားရည်နဲ့ cleansing လုပ် အမွှေးနံ့သာတွေနဲ့ လာဘ်ဖွင့်နိုင်တယ် အဝါရောင် ကျောက်မြတ်တွေပိုအစွမ်းထက်တယ်။

သတိပေးလိုတာက ဘယ်အရာမှမလောပါနဲ့ ဇောတွေမများပါနဲ့ စိတ်အေးချမ်းစွာ စွဲဆောင်ယူပါ။
စွမ်းအင်မြင့်မားခြင်းမှာ ဇောတွေများတာ ရန်အတိုက်ခိုက်တွေလဲပါဝင်တတ်တာသတိထားပါ အရာရာဟာအကောင်းအဆိုးဒွန်တွဲနေတာမို့ balance ဖြစ်ပါစေ။

🌠Starlight Heal You

Address

Yangon

Website

https://t.me/+A5WvhlNftWIyN2M1

Alerts

Be the first to know and let us send you an email when Starlight heal you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram