07/12/2025
ရပ်ဝေးနဝင်း ဒီဇင်ဘာ ၂၇ရက်တွင်ပြုလုပ်ပေးပါမည်
တစ်ဦးကို -၂၇၀၀၀ကျပ်
ဆက်သွယ်ရန် Viber +959444066760
လွန်စွာ အကျိုးပေးထူးသော နဝင်းယတြာကြီး
ကုန်းဘောင်ခေတ်လောက်ကနေ ယနေ့ခေတ်တိုင်အောင် လွန်စွာ ထူးခြားသော နဝင်းယတြာကြီး ဖြစ်၏။ ကြှနျုပျတို့ ဗေဒင်ဆရာလောက တွင်လည်း နဝင်းထိုင်တယ် ၊ နဝင်းရိုက်တယ် ၊ နဝင်းစီးတယ် ၊ နဝင်ခြုံတယ် စသည်ဖြင့် အမည် မျိုးစုံဖြင့် ကျော်ကြားလှသော ယတြာကြီးပင် ဖြစ်လေသည်။ လင်ဗန်းထဲတွင် ဆန်နို့ဆီဗူး (၉) ဗူး ၊ ဖယောင်းတိုင် (၉) တိုင် ၊ အမွှေးတိုင်(၉) တိုင် ၊ မတ်စေ့ (၉) စေ့ ၊ လ္ဘက် (၉) လုံး ၊ ကွမ်းယာ (၉) ယာ ၊ မိမိ၏ နဝင်းပန်းများဖြင့် ပွဲပြင်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြု၍ လှူဒါန်းပူဇော်ရခြင်း ဖြစ်၏။
တစ်ဖက်က ပြန်ကြည့်သောအခါ သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကိုယ်တော်တိုင် ဖူးတွေ့နေရပြီ ၊ ကိုယ်တိုင် ဆက်ကပ်နေရပြီဟု အာရုံပြု၍ လှူဒါန်းပူဇော်ခြင်း ဖြစ်သောကြောင့် လွန်စွာကုသိုလ် ရသော ယတြာကြီးဖြစ်၍ တစ်ဖက်က ပြန်ကြည့်သော အခါ စနစ်တကျ စီရင်ဆောင်ရွက်ရသော ယတြာဖြစ်သောကြောင့် လွန်စွာမှပင် လောကီ အကျိုးစီးပွားများ ပြည့်စုံခြင်း ၊ မကောင်းသော အညံ့
အခိုက်များ ပြေပျောက်ခြင်းများ စသော အကျိုးကျေးဇူးများကို ရရှိလေသည်။
ကြှနျုပျတို့၏ ဆရာသခင် အဘမင်းသိင်္ခ သက်ရှိထင်ရှား ရှိလေစဉ်တုန်းက (၇)ရက်သားသမီးများ၏ အခက်အခဲများကို ကူညီကယ်တင် ပေးရသော အခါ ထိုနဝင်းယတြာကြီးသည် လွန်စွာ အားကိုးအားထား ပြုရသော ယတြာကြီးပင် ဖြစ်လေသည်။ မှော်ဘီမြို့ မရမ်းတလင်း အယူတော် မင်္ဂလာခြံကြီးတွင် နေ့စဉ်နေ့တိုင်း နဝင်းပွဲများကို ပွဲပေါင်း ရာနှင့်ချီ၍ ချေပေးရလေသည်။ နဝင်းယတြာ ချေရလေသောကြောင့် မရမ်းတလင်း အယူတော် မငှဂှလာခှံလာသူမှာား၏ အခက်အခဲများ ပြေပျောက်ကုန်ခြင်း အလိုရှိသော ဆုနှင့် ပြည့်ဝကြကုန်သောကြောင့် အဘဆရာကြီး မင်းသိင်္ခကို ကျေးဇူး တင်ကြကုန်သည် ဖြစ်၏။
နဝင်းယတြာချေခြင်းကြောင့် အကျိုးထူး နှစ်ခုကို ဧကံမုချ ရရှိမည် ဖြစ်သည်။
(၁) မိမိတွင် စွဲကပ်နေသော ကံဇာတာ အညံ့အခိုက်များ ၊ ရောဂါများ ၊ မကောင်းသော အနှောက်အယှက် အတိုက်အခိုက်များ ၊ လာဘ်ပိတ်နေခြင်းများ ၊ အမှု့အခင်း ၊ တရားတပေါင်များ စသည့် မကောင်းသော အနိဋ္ဌာရုံများသည် နဝင်းပန်းများနှင့် ရိုက်ချလိုက်သော အခိုက်အတန့်တွင် ချက်ချင်း ပြေပျောက်သွားကုန်၏။ လာဘ် ပိတ်နေသူများ လာဘ်ပွင့်ကုန်ကျ၏။ ရောဂါ ဖိစီး နှိတ်စက်နေသူများသည် ကျန်းမာသော အဖြစ်သို့ ရောက်ရှိကြကုန်၏။ အတိုက်အခိုက် အနှောက်အယှက် များနေသော သူများသည်လည်း မီးကို ရေနှင့် ငြိမ်းသတ်လိုက်သကဲ့သို့ အေးချမ်း ကြကုန်၏။ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်းတို့မှ သက်သာရာရ၏။ စိတ်ဓတ်ကျနေသောသူများ စိတ်ဓာတ်ပြန်လည် တက်လာကုန်၏။ အချစ်ရေး အိမ်ထောင်ရေး သောကတို့မှ လွတ်မြောက်ကြကုန်၏။
(၂) အင်မတန် ပွင့်လန်းသော အကျိုးကျေးဇူးကို ရရှိလေသောကြောင့် ရာထူးတိုးခြင်း ၊ လာဘ်ရွှင်ခြင်း ၊ စျေးရောင်းကောင်းခြင်း ၊ အလုပ်အကိုင် အကြံအစည်များ အောင်မြင်ခြင်း ၊ အလိုရှိသော ရာထူးနှင့် နေရာကို ရရှိခြင်း ၊ နစ်မြုတ်နေသော ငွေကြေးများ ပြန်လည် ဦးမော့လာခြင်း ဖြစ်ကြကုန်လေသောကြောင့် ထိုနဝင်းယတြာကြီးသည် လွန်စွာ ဆုတောင်းပြည့်ဝသော ယတြာအစီအရင်ကြီးပင် ဖြစ်လေသည်။
ထိုနဝင်းယတြာကြီးကို ကိုယ်တိုင်ကိုယ်ကျလည်း ချေလို့ရ၏။ ဓါတ်ပုံနှင့် ကိုယ်စား ဆောင်ရွက်လို့လည်း ရလေသည်။ အိုးအိမ်နေရာ တိုက်တာ အဆောက်အဦးများနှင့် ယဉ် ကားများကိုလည်း အန္တရာယ်ကင်း ချေကြကုန်သည်။ တစ်ချို့သော သူများသည် အမြန်ရောင်းထွက်လိုပါက ထိုကားတို့ အိမ်တို့ကို ရောင်းလိုသော အိမ် ၊ ကားတို့၏ ဓာတ်ပုံများနှင့် နဝင်းချေလို့လည်း ရလေသည်။
ကြှနျုပျတို့၏ အဘမင်းသိင်္ခက မည်သို့သောသူများ နဝင်းယတြာကို ချေသင့်သည်။ ချေအပ်၏ဟူ၍ ၎င်း၏ ဓာတ်ပုံနှင့် ပြုလုပ်ပေးထားခဲ့သည်ကို အဘမင်းသိင်္ခ တပည့်များ၏ ဟောခန်းတိုင်းတွင် တွေ့ရှိရမည် ဖြစ်ပေသည်။
နဝင်းယတြာကို မည်သို့သောသူများ ချေရမည်နည်း
၁။ ကျန်းမာရေး ညံ့နေသူများ
၂။ အမှုဖြစ်နေသူများ
၃။ ရန်သူဝိုင်းနေသူများ
၄။ အန္တရာယ်များသော နေရာသို့ရောက်ရှိနေသူများ။
၅။ စိတ်လက် မအီမသာ ဖြစ်နေသူများ။
၆။ အရှက်တကွဲ အကျိုးနည်း ဖြစ်နေသူများ။
၇။ စီးပွားပျက်နေသောသူများ။
၈။ ရာထူးတက်ရန် တာစူနေသောသူများ။
၉။ ရာထူးပြုတ် အလုပ်ပြုတ်ရန် အကြောင်းရှိသောသူများ။
၁ဝ။ အထက်လူကြီး အထင်မှားအမြင်မှားခံနေရသူများ။
၁၁။ တစ်စုံတစ်ခု ယှဉ်ပြိုင်ရန် အကြောင်းရှိနေသူများ။
၁၂။ စွန့်စား လုပ်ကိုင်ရမည့် လုပ်ငန်း လုပ်ကိုင်မည့်သူများ။
၁၃။ တန်ဖိုးကြီးပစ္စည်းများ ရောင်းရန်ဝယ်ရန်ရှိသောသူများ။
၁၄။ သူတစ်ပါးက စုန်းပယောဂတို့ဖြင့် ပြုစားခံထားရသူများ။
၁၅။ လွန်စွာ လာဘ်ပိတ်၍ စျေးရောင်းစျေးဝယ် ၊ ကုန်သည်လုပ်ငန်း အဆင်မပြေသူများ။
၁၆။ အချစ်ရေး အိမ်ထောင်ရေး သောကများနေသူများ။
ဤသူတို့ကို မရမ်းတလင်း နဝင်းယတြာ ချေပေးရမည်ဟု ရေးသား ထားပေးခဲ့ပေသည်။