JDS - Over The Counter

JDS - Over The Counter Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JDS - Over The Counter, Medical and health, No. 6 (A) , Dawbon Jute Carpet Product Factory Compound, Min Nandar Road, Dawbon Township, Yangon.

💁ရာသီတုပ်ကွေးကို ကြံ့ကြံ့ခံဖို့ဆို ကိုယ်ခံအားကလည်း သန်စွမ်းကျန်းမာနေဦးမှနော်။👀ကိုယ်ခံစွမ်းအားကို တဖက်တလမ်းက ကူညီအားဖြည့်...
19/10/2025

💁ရာသီတုပ်ကွေးကို ကြံ့ကြံ့ခံဖို့ဆို ကိုယ်ခံအားကလည်း သန်စွမ်းကျန်းမာနေဦးမှနော်။
👀ကိုယ်ခံစွမ်းအားကို တဖက်တလမ်းက ကူညီအားဖြည့်ပေးပြီး ရာသီတုပ်ကွေးကို ကာကွယ်ပေးမဲ့ အစားအစာငါးမျိုးကို FluSafe က ပြောပြပေးလိုက်ပါတယ်။
ဒါတွေကတော့ ရာသီတုပ်ကွေးကို တွန်းလှန်ဖို့ စားသုံးပေးသင့်တဲ့ အစားအစာ (၅) မျိုးပဲ ဖြစ်ပါတယ်။
🍊 ၁။ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး (Citrus Fruits)
ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။
🫚 ၂။ ချင်း (Ginger)
ရောင်ရမ်းမှုကို လျော့ကျစေတဲ့အာနိသင်ရှိလို့ လည်ချောင်းနာတာ၊ ချောင်းဆိုးတာလိုမျိုး အအေးမိဖျားနာလက္ခဏာတွေကို သက်သာစေပါတယ်။
🧄 ၃။ ကြက်သွန်ဖြူ (Garlic)
ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဓာတ်က ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။
🥣 ၄။ ဒိန်ချဉ် (Yogurt)
ဒိန်ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics) တွေက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။
🍲 ၅။ ကြက်စွပ်ပြုတ် (Chicken Soup)
ဖျားနာချိန်မှာ အားရှိစေရုံသာမက ရောင်ရမ်းမှုကိုလျော့ကျစေပြီး ရေဓာတ်ကိုလည်း ဖြည့်တင်းပေးတာကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ သောက်သုံးဖို့ အသင့်တော်ဆုံးပါပဲ။
😶 ဘယ်လိုမှ တားဆီးမရဘဲ ရာသီတုပ်ကွေးကို ခံစားရပြီဆိုရင်လည်း စိတ်မညစ်ပါနဲ့။ တုပ်ကွေးလက္ခဏာတိုင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေမဲ့ FluSafe ကို ဆေးပတ်လည်အောင် သောက်ပေးရုံပဲနော်။
တစ်မိသားစုလုံး တုပ်ကွေးကင်းဖို့ FluSafe 😉✨

#အအေးမိ #နှာစေး #ချောင်းဆိုး

❄️ ရာသီဥတုကအေး၊ လေတဖြူးဖြူးနဲ့ တိမ်စိုင်တွေကင်းစင်တဲ့ သီတင်းကျွတ်ရောက်တော့မယ်နော်။🎇ဒီလိုသာယာတဲ့ သီတင်းကျွတ်မှာတုပ်ကွေးကြ...
10/10/2025

❄️ ရာသီဥတုကအေး၊ လေတဖြူးဖြူးနဲ့
တိမ်စိုင်တွေကင်းစင်တဲ့ သီတင်းကျွတ်ရောက်တော့မယ်နော်။🎇

ဒီလိုသာယာတဲ့ သီတင်းကျွတ်မှာ
တုပ်ကွေးကြောင့် အိမ်တွင်းအောင်းမနေရဘဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရဖို့ FluSafe ကို အားကိုးလိုက်ပါနော်။❣️

ကိုယ်ပူတာလား? ကိုက်ခဲတာလား?
နှာစေး နှာချေတာလား?
ခေါင်းကိုက်ပြီး ချောင်းဆိုးတာလား?

ဘယ်လို တုပ်ကွေးလက္ခဏာပဲ ခံစားရပါစေ..FluSafe က သင့်ကို ပြင်းထန်တဲ့တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ပေးပြီး
သီတင်းကျွတ်ရဲ့ အလှတရားတွေကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးပါလိမ့်မယ်။🥰

FluSafe ကြောင့် တုပ်ကွေးကင်းပြီး သီတင်းကျွတ်ရဲ့ ပျော်ရွှင်ခြင်းကို တပျော်တပါး မျှဝေဖြတ်သန်းကြရအောင်ပါ။🏮✨

#တုပ်ကွေး #ဖျားနာ #နှာစေး #ချောင်းဆိုး #သီတင်းကျွတ်

10/10/2025

သီတင်းကျွတ်ညရဲ့ လပြည့်အလှကို ခံစားနေတုန်း ရုတ်တရက်ကြီး ခေါင်းကိုက်လာလို့ စိတ်ပျက်နေပြီလား။🥴

မီးပုံးလေးတွေ လွှတ်တင်ရင်း၊ မီးပန်းတွေကြည့်ရင်း သီတင်းကျွတ်ရဲ့အပျော်တွေကို အပြည့်အဝ ခံစားနိုင်ဖို့ PoldanMig ကို ဆောင်ထားလိုက်ပါနော်။🤩

ခေါင်းတခြန်းလုံး ထိုးကိုက်တဲ့ ဝေဒနာကို PoldanMig က မြန်မြန်သက်သာစေပြီး သီတင်းကျွတ်ညရဲ့ ပျော်စရာ ရွှင်စရာလေးတွေကို ဆက်လက်ဖန်တီးပေးပါလိမ့်မယ်။✨🏮
#ခေါင်းတစ်ခြမ်းကိုက်ပျောက်ဆေး

☃️ ရာသီဥတုအေးလာပြီဆိုရင် ရုံးတက်ရတာ တစ်မျိုးကောင်းပေမဲ့ ရာသီတုပ်ကွေးကတော့ မလွဲမသွေ နောက်က ပါလာတတ်ပါတယ်။ ရာသီတုပ်ကွေးဟာ အ...
08/10/2025

☃️ ရာသီဥတုအေးလာပြီဆိုရင် ရုံးတက်ရတာ တစ်မျိုးကောင်းပေမဲ့ ရာသီတုပ်ကွေးကတော့ မလွဲမသွေ နောက်က ပါလာတတ်ပါတယ်။

ရာသီတုပ်ကွေးဟာ အလွယ်တကူ ကူးစက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ လုပ်ငန်းခွင်တစ်ခုလုံးကို ကူးစက်စေနိုင်ပါတယ်။ ❗

ဒါပေမဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းတွေကို လုပ်ဆောင်ခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ရာသီတုပ်ကွေးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပါတယ်။

1️⃣ လက်ကို မကြာခဏ ဆေးပါ။
ရာသီတုပ်ကွေးပိုးဟာ ချောင်းဆိုး၊ နှာချေတာကနေတစ်ဆင့် လေထဲမှာလည်း ပျံ့နှံ့နိုင်သလို တံခါးလက်ကိုင်၊ စားပွဲ၊ ကွန်ပျူတာကီးဘုတ်လို မျက်နှာပြင်တွေပေါ်မှာလည်း နာရီပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ အဲဒီမျက်နှာပြင်တွေကို ကိုင်တွယ်မိပြီးတဲ့နောက် သင့်လက်ပေါ်ကို ရောဂါပိုးတွေ ကပ်ပါလာနိုင်ပါတယ်။
ဒီလိုပိုးမွှားတွေ မကူးစက်အောင် ကာကွယ်ဖို့အတွက် လက်ကို ပုံမှန်ဆေးကြောတာဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။

2️⃣ တုပ်ကွေးရောဂါလက္ခဏာရှိရင် အိမ်မှာနေပါ။
တုပ်ကွေးမိတဲ့အခါ ကိုယ်ပူတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဖျားနာနေတယ်ဆိုရင် အခြားလုပ်ဖော်ကိုင်ဖက်တွေဆီ မကူးစက်အောင် အိမ်မှာပဲနေပြီး အနားယူပါ။

3️⃣ မျက်နှာနဲ့ မျက်လုံးကို ကိုင်တာ ရှောင်ပါ။
ရာသီတုပ်ကွေးပိုးဟာ လက်ကနေတစ်ဆင့် နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးထဲကို အလွယ်တကူ ရောက်ရှိသွားနိုင်ပါတယ်။ ရာသီတုပ်ကွေးပျံ့နှံ့မှုကို လျှော့ချဖို့အတွက် မျက်နှာကို မလိုအပ်ဘဲ ကိုင်တွယ်တာကို ရှောင်ကြဉ်ပါ။

4️⃣ ချောင်းဆိုး/နှာချေတဲ့အခါ သေချာအုပ်ပါ။
ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတဲ့အခါ ပိုးမွှားတွေဟာ လေထဲကို ပျံ့နှံ့နိုင်တာကြောင့် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားသင့်ပါတယ်။ တစ်ရှူးမရှိဘူးဆိုရင် တံတောင်ဆစ်ကွေးနဲ့ အုပ်နိုင်ပါတယ်။

5️⃣ ရုံးတွင်းရှိ မျက်နှာပြင်များကို သန့်ရှင်းပါ။
ရုံးသုံးပစ္စည်းများဖြစ်တဲ့ စားပွဲများ၊ တံခါးလက်ကိုင်များနဲ့ ကွန်ပျူတာ ကီးဘုတ်တွေကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးတာဟာ ရာသီတုပ်ကွေးပိုး ပျံ့နှံ့မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

လုပ်ငန်းခွင်တစ်ခုလုံး တုပ်ကွေးကင်းပြီး ဘေးကင်းလုံခြုံနေစေဖို့ ဒီအလေ့အကျင့်ကောင်းတွေကို အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်နော်။☺️

FluSafe လို တုပ်ကွေးလက္ခဏာတွေကို အလျင်အမြန်သက်သာစေတဲ့ဆေးမျိုး အမြဲဆောင်ထားမယ်ဆိုရင် နည်းနည်းလေး မအီမသာဖြစ်တာနဲ့ သောက်လိုက်ရုံပဲပေါ့။😉ဒါဆို လက္ခဏာတွေ ပြင်းထန်ပြီး အခြားသူတွေဆီကူးမှာကို စိုးရိမ်ရတာလည်း လျော့နည်းသွားပါလိမ့်မယ်နော်။

FluSafe နဲ့ဆို တုပ်ကွေးကနေ အမှန်တကယ် Safe ဖြစ်မှာပါ။🥰

#အအေးမိ #နှာစေး #ချောင်းဆိုး

လူကြီးမိဘ၊ ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး သွားရောက်ကန်တော့ကြမယ့် ဒီလိုမင်္ဂလာရှိတဲ့ အချိန်အခါမှာ ကျန်းမာရေးက...
06/10/2025

လူကြီးမိဘ၊ ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး သွားရောက်ကန်တော့ကြမယ့် ဒီလိုမင်္ဂလာရှိတဲ့ အချိန်အခါမှာ ကျန်းမာရေးက အဓိကပါ။ 🙏

JDS-OTC မိသားစုမှ မြန်မာပြည်သူပြည်သားအပေါင်း တုပ်ကွေးဘေးမှ ကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်ကာလကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

😓တုပ်ကွေးကြောင့် ဖျားပြီး အားကမရှိ၊ မျက်လုံးတွေက မှေးစင်း၊ အနားယူချင်စိတ်ကလွဲပြီး ဘာမှမလုပ်ချင်တော့ပါဘူး။ FluSafe လည်းသေ...
25/09/2025

😓တုပ်ကွေးကြောင့် ဖျားပြီး အားကမရှိ၊ မျက်လုံးတွေက မှေးစင်း၊ အနားယူချင်စိတ်ကလွဲပြီး ဘာမှမလုပ်ချင်တော့ပါဘူး။

FluSafe လည်းသောက်ပြီးရော….

အချိန်တိုလေးအတွင်းမှာတင် လူက လန်းလာပြီး ကိုယ်ခန္ဓာတစ်ခုလုံး ပေါ့ပါးလာတဲ့ ခံစားမှုကို ပြန်ရလိုက်တာပေါ့။😍🤩

အအေးမိတာလား…တုပ်ကွေးလား…FluSafe နဲ့ဆို ပြင်းထန်တဲ့လက္ခဏာတိုင်းကနေ အမြဲတမ်း Safe ဖြစ်နေမှာပါ။ 🫶

#အအေးမိ #နှာစေး #ချောင်းဆိုး

24/09/2025

ကမ္ဘာရဲ့ ဘယ်ဘက်ခြမ်းပဲရောက်ရောက်..ပတ်ဝန်းကျင်က ဘယ်လောက်ပဲဆူညံနေပါစေ PoldanMig ရှိနေရင် ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာက သင့်ကိုအနှောင့်အယှက်ပေးမှာ မဟုတ်တော့ပါဘူး။ 🤗
PoldanMig နဲ့အတူ နေ့ရက်တိုင်းကို ရဲရဲရှေ့ဆက် 😎 ပျော်ပျော်ကြီးနေလိုက်ပါ။

#ခေါင်းတစ်ခြမ်းကိုက်ပျောက်ဆေး

တုပ်ကွေးနဲ့ပတ်သက်ပြီး လူတိုင်းသိချင်ကြတဲ့မေးခွန်းတွေကို FluSafe က ဖြေပေးထားပါတယ်။💚▶️ တုပ်ကွေးရောဂါဆိုတာ ဘာလဲ။တုပ်ကွေးရော...
21/09/2025

တုပ်ကွေးနဲ့ပတ်သက်ပြီး လူတိုင်းသိချင်ကြတဲ့မေးခွန်းတွေကို FluSafe က ဖြေပေးထားပါတယ်။💚

▶️ တုပ်ကွေးရောဂါဆိုတာ ဘာလဲ။
တုပ်ကွေးရောဂါ (Influenza) ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါတယ်။

▶️ တုပ်ကွေးရဲ့ အဓိကလက္ခဏာတွေက ဘာတွေလဲ။
တုပ်ကွေးမိတဲ့အခါ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ အားအင်ကုန်ခမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အအေးမိတာနဲ့ လက္ခဏာတွေ ဆင်ပေမဲ့ တုပ်ကွေးက ပိုပြင်းထန်ပါတယ်။

▶️ဘယ်လိုလူတွေက တုပ်ကွေးပိုဖြစ်နိုင်လဲ။
ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ (ဥပမာ- နှလုံးရောဂါ၊ ဆီးချိုရောဂါ) ဟာ တုပ်ကွေးပိုဖြစ်နိုင်ပါတယ်။

▶️တုပ်ကွေးကို ဘယ်လိုကုသလို့ရလဲ။
အများစုအတွက်ကတော့ အနားယူတာ၊ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်တာနဲ့ အဖျားနဲ့ ကိုက်ခဲတာကို သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်တာမျိုးနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ဆရာဝန်နဲ့ပြသပြီး ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေ သောက်ဖို့ လိုအပ်နိုင်ပါတယ်။

▶️တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။
တုပ်ကွေးကာကွယ်ဆေးထိုးတာဟာ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ကို မကြာခဏဆေးကြောတာ၊ နေမကောင်းတဲ့သူတွေနဲ့ ခပ်ခွာခွာနေတာနဲ့ မျက်နှာကို လက်နဲ့ မကြာခဏ ထိတွေ့တာမျိုးကို ရှောင်တာတွေကလည်း ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။

တကယ်တော့ တုပ်ကွေးဆိုတာ ကြောက်စရာမဟုတ်ပါဘူး။🤗

တုပ်ကွေးမိလို့ လက္ခဏာတွေပြင်းထန်လာတဲ့အခါ အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ကိုယ်ပိုင်အစီအစဉ်တွေ ပျက်တာမျိုး မဖြစ်ရအောင် FluSafe ကို အမြန်ဆုံးသောက်ပေးနော်။🙋

အအေးမိနှာစေးချောင်းဆိုးပျောက်ဆေး FluSafe ဟာ တုပ်ကွေးရဲ့ အဓိကလက္ခဏာဖြစ်တဲ့ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာစေးနှာရည်ယိုခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို လျင်မြန်စွာ သက်သာစေပါတယ်။✅

တစ်ကဒ်ဆောင်ထားရုံနဲ့ စိတ်ချရတယ်နော်။😉

📍Chlorpheniramine မပါလို့ ငိုက်မျဉ်းခြင်းကို လုံးဝမဖြစ်စေပါဘူး။

FluSafe ဟာ သင့်ရဲ့နေ့စဉ်ဘဝကို တုပ်ကွေးကြောင့် အနှောင့်အယှက်မဖြစ်စေဖို့ အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။🫶

🤕 အိပ်ရာကနိုးတာနဲ့ ခေါင်းတခြမ်းကိုက်တာက စပြီ။💻 အလုပ်လုပ်ဖို့ထိုင်တာနဲ့ ခေါင်းတခြမ်းကိုက်လာတော့ စိတ်ညစ်ရပြန်ရော။ 🍿 ရုပ်ရှ...
18/09/2025

🤕 အိပ်ရာကနိုးတာနဲ့ ခေါင်းတခြမ်းကိုက်တာက စပြီ။

💻 အလုပ်လုပ်ဖို့ထိုင်တာနဲ့ ခေါင်းတခြမ်းကိုက်လာတော့ စိတ်ညစ်ရပြန်ရော။

🍿 ရုပ်ရှင်ကြည့်ချင်တာ‌တောင် ခေါင်းတခြမ်းကိုက်တာကြောင့် အလင်းရောင်နဲ့ အသံတွေနဲ့ဝေးရာကို ရှောင်နေရတာမျိုးတွေကြောင့်…ကိုယ်ပိုင်အချိန်လေးတွေ ပျက်စီးကုန်တာပေါ့။

ဒါကြောင့် သင့်ရဲ့ပျော်ရွှင်စရာအချိန်တွေကို ခေါင်းကိုက်ဝေဒနာကနေ အကာအကွယ်ပေးထားနိုင်မဲ့ PoldanMig ကိုဆောင်ထားဖို့ အကြံပြုပါရစေ။ ❣️

PoldanMig ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေတဲ့ အာရုံကြောတွေကို တားဆီးပေးပြီး ကိုက်ခဲမှုကို လျင်မြန်စွာ သက်သာစေပါတယ်။ ဆေးသောက်ပြီး နာရီဝက်အတွင်း သိသိသာသာ သက်သာလာတာကို ခံစားရမှာပါနော်။☑️

😵‍💫ခေါင်းတစ်ခြမ်းစကိုက်လာပြီလို့ ခံစားရတာနဲ့ PoldanMig တစ်လုံးကို ရေနဲ့သောက်နိုင်ပါတယ်။

ဝေဒနာမသက်သာသေးရင် ၂ နာရီခြားပြီး နောက်တစ်လုံး ထပ်သောက်နိုင်ပါတယ်။ တစ်နေ့ကို အများဆုံး ၂ လုံးအထိပဲ သောက်သင့်ပါတယ်။☺️ အစာစားပြီး သောက်ရင် ပိုကောင်းပါတယ်။

ကိုယ်ပိုင် Me Time လေးတွေကို စိတ်ကြည်ကြည် ခေါင်းကြည်ကြည်နဲ့ ဖြတ်သန်းဖို့ PoldanMig က ကူညီပါရစေ။😚

#ခေါင်းတစ်ခြမ်းကိုက်ပျောက်ဆေး

ရာသီဥတုအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ခံအားကျလို့ပဲဖြစ်ဖြစ် နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေက အမြဲလိုလိုကြုံတွေ့ရတတ်...
15/09/2025

ရာသီဥတုအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ခံအားကျလို့ပဲဖြစ်ဖြစ် နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေက အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်။ 🤧🤒

ဒီလိုအချိန်တွေမှာ ဝေဒနာတွေကို အမြန်ဆုံးသက်သာစေပြီး ခန္ဓာကိုယ်ပြန်လည်လန်းဆန်းလာစေဖို့အတွက် သိထားသင့်တဲ့ အရေးကြီးအချက်တွေကို အာဟာရဆိုင်ရာအထူးပြုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာရဲရင့် က ဆွေးနွေးပြောပြပေးမယ့် Video အစီအစဉ်လေး မကြာခင်မှာ တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။

ဒေါက်တာရဲရင့် ပြောပြမယ့် ကျန်းမာရေးဗဟုသုတတွေက ဘာတွေဖြစ်မလဲဆိုတာကို လက်မလွတ်တမ်းစောင့်ကြည့်နိုင်ဖို့ JDS Page ကို Like & See First လုပ်ထားဖို့ မမေ့နဲ့နော်။ ❤️


#နှာစေး #ချောင်းဆိုး #ဖျားနာ
#ကျန်းမာရေးဗဟုသုတ

တုပ်ကွေးကြောင့် ဖျားနာကိုက်ခဲပြီး ခန္ဓာကိုယ်တစ်ခုလုံး ပုစွန်တုပ်လေးလို ကွေးနေရတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပါ။ 🍤 ဒီခံစာ...
14/09/2025

တုပ်ကွေးကြောင့် ဖျားနာကိုက်ခဲပြီး ခန္ဓာကိုယ်တစ်ခုလုံး ပုစွန်တုပ်လေးလို ကွေးနေရတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပါ။ 🍤

ဒီခံစားချက်ကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ Flusafe ကို သောက်ကြည့်ပါနော်။🤗

🔹 FluSafe မှာ တုပ်ကွေးလက္ခဏာတွေကို ကုသပေးနိုင်မဲ့ အထိရောက်ဆုံးဆေးတွေကို ပေါင်းစပ်ထုတ်လုပ်ထားလို့ အာနိသင်က ယုံကြည်စိတ်ချရတယ်။

🔹အအေးမိ တုပ်ကွေးကြောင့်ဖြစ်တဲ့ ဖျားတာ၊ ခေါင်းကိုက်တာတွေအပြင် နှာစေးနှာပိတ်တာနဲ့ ချောင်းဆိုးတာတွေကိုပါ သက်သာစေတဲ့အတွက် တစ်မျိုးတည်းသောက်ရုံနဲ့ လုံလောက်ပါတယ်နော်။

🍤ပုစွန်တုပ်လေးလို မကွေးရဖို့ FluSafe သောက်ထားပြီး အနားယူမယ်၊ ရေများများသောက်ပေးမယ်၊ ပူပူနွေးနွေးအစားအစာတွေကို အာဟာရပြည့်စွာစားလိုက်မယ်ဆို….💪အမြန်ဆုံး နာလန်ထနိုင်ပြီး လန်းဆန်းသွားမှာပါ။

FluSafe ကို ဆောင်ထားလိုက်ရုံနဲ့ တုပ်ကွေးကို ဘယ်တော့မှ ကြောက်နေစရာ မလိုတော့ပါဘူးနော်။🤩😍
#အအေးမိ #နှာစေး #ချောင်းဆိုး

🎉ဖုန်းဘေလ်လက်ဆောင်ရယူဖို့ FluSafe အကြောင်း ဖြေကြည့်ကြရအောင်!FluSafe ကို ဘယ်အချိန်မှာသောက်ရမလဲဆိုတာကို ဖြေပေးရမှာပါနော်။🤗...
13/09/2025

🎉ဖုန်းဘေလ်လက်ဆောင်ရယူဖို့ FluSafe အကြောင်း ဖြေကြည့်ကြရအောင်!

FluSafe ကို ဘယ်အချိန်မှာသောက်ရမလဲဆိုတာကို ဖြေပေးရမှာပါနော်။🤗

❕တုပ်ကွေးမိချိန်လား။
❕အအေးမိချိန်လား။
❕နှာစေး၊ ချောင်းဆိုးချိန်လား။
❕ခေါင်းကိုက်ချိန်လား။

အဖြေမှန်ကို ကောမန့်မှာဖြေပေးခဲ့ကြပါနော်။ အဖြေမှန်သူတွေထဲက ငါးဦးကိုရွေးချယ်ပြီး ဖုန်းဘေလ်ငါးထောင်စီ လက်ဆောင်ပေးသွားမှာပါ။

🤩🤩အခုပဲ အဖြေမှန်ကို မန့်လိုက်ကြရအောင်။

Address

No. 6 (A) , Dawbon Jute Carpet Product Factory Compound, Min Nandar Road, Dawbon Township
Yangon
11241

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when JDS - Over The Counter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram