17/04/2025
" မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်သစ် ဆုတောင်း" 😍🤗
===============
နှစ်သစ်ကူး အခါသမယမှာ ...🙏
ရေလိုအေးလို့ ပန်းလိုလန်းပြီး
ရွှင်လန်းချမ်းမြေ့ ကြပါစေ ...🙏
စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...🙏
စီးပွားဥစ္စာများ ဒီရေအလားကဲ့သို့
ကြီးပွား တိုးတက် ကြပါစေ ...🙏
ဘေးအန္တရာယ်ခပ်သိမ်း ကင်းငြိမ်းပြီး
ကပ်ကြီး သုံးပါးမှ ကျော်လွှားနိုင်ကြပါစေ ...🙏
ရန်သူမျိုး ငါးပါးမှ ကင်းဝေးနိုင်ကြပါစေ APS မိသားစု မှ ဆုတောင်းအပ်ပါတယ်...🙏😍🏝
# # # # # #