17/08/2025
                                            လူကြီးမင်းတို့အနေနဲ့ အိမ်နှင့် တိုက်ခန်းတွေကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့တော့ လိုပါမယ်ရှင်။ 
ဘဏ်ချိတ် (Home loan)ဆိုတာ … ❓
✅မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး။ ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး၊ ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။
✅ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ့်သူက လစာအနည်းဆုံး (၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့ (၃) ဆရှိရင် ရပါတယ်။ ဥပမာ (၄) သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ  ၁၂သိန်း ရှိရင်ရပါပြီ။ တစ်ယောက်ထဲ လစာမလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ရပါတယ်။
✅လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်မယ်ဆိုရင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ ဂရံအမည်ပေါက်ဖြစ်ရပါမယ်။ မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးရှင်။ 
Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ ❓
(က)။ လူ၊ ပုဂ္ဂိုလ် တစ်ဦးချင်း (သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်တဲ့ စာရွက်စာတတမ်းများ
      (၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
      (၂) Passport မိတ္တူ(ရှိလျှင်)
      (၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
      (၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
      (၅) ရပ်ကွက်ထောက်ခံစာ
      (၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
      (၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ  ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
       (၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
       (၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
      (၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
      (၁၁) Bank Statement(၆လစာ တင်ပြရပါမည်)
(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
     (၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
     (၂) Passport မိတ္တူ (ရှိလျှင်)
     (၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
     (၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
     (၅) ရပ်ကွက်ထောက်ခံစာ
     (၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
     (၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
     (၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
     (၉) Bank statement (၆)လစာ (ရှိလျှင်)
     (၁၀) အခွန်ပြေစာ (ရှိလျှင်)
(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
      (၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
      (၂) Passport မိတ္တူ (ရှိလျှင်)
      (၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
      (၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
      (၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
      (၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
      (၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
      (၈) Form VI,  Form XXVI,  Form E
      (၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
      (၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
      (၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
      (၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက် ဘာတွေလိုအပ်လဲ❓
   (၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
   (၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ် 
   (၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
   (၄) မြေရှင်ရဲ့မိတ္တူ
   (၅) BCC စာရွက်
   (၆) ဆောက်လုပ်ခွင့်စာရွက်
   (၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
   (၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
   (၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
 စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။
✅ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့အိမ်ကို ရာဖြတ်ဌာနမှ ဆင်းကြည့်မှာဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ ပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး၊  bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည် ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်ရှင်။
✅လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။
🌹 လူကြီးမင်းတို့အတွက် အကျိုးရှိစေမယ့် ဘဏ်ချိတ် (Home loan) အကြောင်းကို အခုလိုပဲ ပြန်လည်မျှဝေလိုက်ရပါတယ် 🌹
🍀မူရင်းရေးသားသူကိုလည်း လေးစားစွာ Credit ပေးပါတယ်ရှင်။