Vitamax Caplet Myanmar

Vitamax Caplet Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vitamax Caplet Myanmar, Medical Service, No. 10 Ayar Wun 2nd Street, Mya Khwar Nyo Housing Estate, Thaketa Township, Yangon.

အားနည်းတဲ့နေ့ရက်တွေကို "ဗိုက်တာမက်စ်" နဲ့ကျော်လွှားကြမယ်။____________________နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်ဖိစီးမှုတွေကြော...
07/05/2025

အားနည်းတဲ့နေ့ရက်တွေကို "ဗိုက်တာမက်စ်" နဲ့ကျော်လွှားကြမယ်။
____________________

နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်ဖိစီးမှုတွေကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ပြီး အားအင်ချိနဲ့သလို ခံစားနေရသူများအတွက်
✔ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း
✔ ခွန်အားနှင့် အားအင်ပြည့်ဝစေခြင်း
✔ အရေပြား၊ ဆံသား၊ မျက်လုံး ကျန်းမာရေး ကောင်းမွန်စေခြင်း
✔ နှလုံး၊ အရိုးနှင့် ကြွက်သားများ သန်မာစေခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းတဲ့ ဗိုက်တာမက်စ် အားဆေးနဲ့ ကျော်လွှားနိုင်ပါတယ်။

နေ့စဉ်အာဟာရလိုအပ်ချက်‌တွေကို အပြည့်အဝဖြည့်ဆည်းပေးဖို့အတွက်လည်း Vitamax အား‌ဆေးက အကောင်းဆုံးရွေးချယ်မှုပါ။

ဗီတာမင်နဲ့သတ္ထုဓါတ်တို့ စုံလင်စွာပါ၀င်တာကြောင့် တစ်နေ့တစ်လုံးသောက်သုံးရုံနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်ချို့တဲ့မှုကို ကာကွယ်ပေးမယ့်အပြင် အမြဲတမ်း တက်ကြွလန်းဆန်းနေစေမှာပါ။

ဈေးနှုန်းလည်း ချိုသာတာကြောင့် ခုပဲ Vitamax (ဗိုက်တာမက်စ်) အားဆေးကို နီးစပ်ရာဆေးဆိုင်များမှာ ၀ယ်ယူပြီး မရှိမဖြစ်လေးတွေကို မှီဝဲလိုက်တော့နော်။

#ဗီတာမင်အားဆေး
#ဗိုက်တာမက်စ်

Vitamax နဲ့ဆို အားလုံးလန်းသွားမယ်.....____________________တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေ၊ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းန...
24/02/2025

Vitamax နဲ့ဆို အားလုံးလန်းသွားမယ်.....
____________________

တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေ၊ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် အားအင်ကုန်ခမ်းနေပြီလား?

အားအင်အပြည့်နဲ့ ပြန်လည်လန်းဆန်းဖို့လိုနေပြီလား?

ဒါဆိုရင်တော့ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ဖြည့်ဆည်းပေးဖို့ Vitamax အားဆေးရှိပါတယ်။

Vitamaxမှာ သင့်ခန္ဓာကိုယ်အတွက် အရေးပါပြီး နေ့စဉ်လိုအပ်တဲ့ Multivitamins နဲ့ Minerals တွေ ပါဝင်တာကြောင့် အားအင်ပြည့်ဝစေဖို့ နေ့စဉ်ထောက်ပံ့ပေးပါတယ်။

🌟 ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
🌟 ကျန်းမာရေးကိုအထူးကောင်းမွန်စေခြင်း
🌟 စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေခြင်း
စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းတာကြောင့် Vitamax အားဆေးသောက်သုံးပြီး သင့်ရဲ့‌နေ့ရက်တိုင်းကို အားပြည့်လန်းဆန်းစွာနဲ့ ဖြတ်သန်းလိုက်ပါ။

#ဗီတာမင်အားဆေး
#ဗိုက်တာမက်စ်

ဆေးလိပ်ဖြတ်တာနဲ့ ရရှိမယ့် အကျိုးကျေးဇူးများ🚭🚭🚭🚭🚭ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်တိုင်အတွက်ရော၊ အနီး၀န်းကျင်ကသူတွေအတွက်ရော က...
12/11/2024

ဆေးလိပ်ဖြတ်တာနဲ့ ရရှိမယ့် အကျိုးကျေးဇူးများ
🚭🚭🚭🚭🚭

ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်တိုင်အတွက်ရော၊ အနီး၀န်းကျင်ကသူတွေအတွက်ရော ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်တာ အားလုံးအသိပါ။ ဆေးလိပ်မီးပွါးကစဖြစ်တဲ့ မီးလောင်မှုတွေကိုလည်း ရံဖန်ရံခါ တွေ့မြင်နေရပါတယ်။
ဆေးလိပ်မှာပါ၀င်တဲ့ နီကိုတင်း (Ni****ne) ဓါတ်ကြောင့် ဆေးလိပ်သောက်သူတွေအနေနဲ့ မသောက်ရမနေနိုင် စွဲလန်းနေကြလေ့ရှိပေမယ့် ကြိုးစားဖြတ်လိုက်ရင် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း ဆေးလိပ်ဖြတ်ရကျိုး တန်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူးနော်။

ဆေးလိပ်ဖြတ်ပြီး

မိနစ် ၂၀ အကြာ
👉 သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်သွားမယ်။
👉 သွေးလည်ပတ်အားကောင်းပြီး ခြေဖျားလက်ဖျားတွေ စတင်နွေးလာမယ်။

၈ နာရီအကြာ
👉 သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ် ပါ၀င်မှုဟာ ပုံမှန်ဖြစ်သွားမယ်။
👉 သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုးတက်ကောင်းမွန်ပြီး အင်အားပြည့်လာပါမယ်။

၂၄ နာရီအကြာ
👉 နှလုံးရောဂါဖြစ်ပွားနိုင်ခြေ လျော့ကျလာမယ်။

၄၈ နာရီအကြာ
👉 အနံ့၊ အရသာ၊ အာရုံခံစားမှုကောင်းလာမယ်။
👉 အာရုံကြောတွေ ပြန်လည်သန်စွမ်းလာမယ်။

၇၂ နာရီ
👉 လေပြွန်တွေ ပြန်ကျယ်လာပြီး ကျန်းမာလာမယ်။

၂ ပတ်မှ ၃ လ
👉 အဆုတ်ကျန်းမာရေး၊ နှလုံးသွေးလည်ပတ်မှု၊ သက်လုံကောင်းမွန်လာမယ်။

၁ လမှ ၉ လ
👉 အဆုတ်ပြန်လည်သန့်စင်သွားမယ်။
👉 အဆုတ်ပိုး၀င်တာတွေ လျော့နည်းလာမယ်။

၁ နှစ်
ဆေးလိပ်သောက်သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ တစ်၀က်တိတိလျော့သွားမယ်။

၅ နှစ်
👉 လေဖြတ်နိုင်ခြေဟာ ဆေးလိပ်လုံး၀မသောက်ဖူးသူတွေနဲ့ တန်းတူဖြစ်လာမယ်။
👉 ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ တစ်၀က်လျော့သွားမယ်။

၁၀ နှစ်
ဆေးလိပ်သောက်‌နေသူတွေထက် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ တစ်၀က်တိတိလျော့သွားမယ်။

၁၅ နှစ်
👉 နှလုံးရောဂါဖြစ်သွားနိုင်ခြေဟာ ဆေးလိပ်လုံး၀မသောက်သူတွေနဲ့ တန်းတူဖြစ်သွားမယ်။
စတဲ့ ကျန်းမာရေးကောင်းကျိုးတွေရရှိနိုင်တာကြောင့် သင်ဟာ ဆေးလိပ်စွဲသောက်နေသူတစ်ယောက်ဆိုရင် ဖြတ်ဖို့၊ မဖြတ်နိုင်ရင်လျော့ဖို့ အကြံပေးပါတယ်နော်။

.

မရှိမဖြစ်အရာဆိုတာ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကမှ အစစ်ပါ။ဗီတာမင်နဲ့သတ္ထုဓါတ်တို့ ချို့တဲ့တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေ...
12/11/2024

မရှိမဖြစ်အရာဆိုတာ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကမှ အစစ်ပါ။

ဗီတာမင်နဲ့သတ္ထုဓါတ်တို့ ချို့တဲ့တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရာတွေ ဖြစ်နေကြတာပါ။

ဥပမာ
Vitamin A ချို့တဲ့ရင် အမြင်အာရုံဝေဝါးခြင်း၊ ကြာဆူးလေးများပေါက်ခြင်း။
Vitamin B ချို့တဲ့ရင် ခြေလက်များထုံကျဉ်ခြင်း၊ စားချင်စိတ်လျော့နည်းခြင်း၊ အစာမကြေခြင်း။
Vitamin C ချို့တဲ့ရင် ခြေဖဝါးကွဲအက်ခြင်း၊ ကိုယ်ခံအားကျဆင်းကာ နေမကောင်းဖြစ်လွယ်ခြင်း။
စတဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဗီတာမင်နဲ့သတ္ထုဓါတ်တို့ဟာ နေ့စဉ်မှီဝဲဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တို့ စုံလင်စွာရနိုင်ဖို့အတွက်ဆို
👉 အစာအုပ်စု စုံလင်မျှတစွာ ‌စားသောက်တာမျိုး
👉 အာဟာရချို့တဲ့ပါက အားဆေးမှီဝဲတာမျိုး
👉 ဗီတာမင်ဒီရရှိဖို့ မနက်ခင်းရဲ့ နေခြည်နုနုလေးခံယူတာမျိုး
စတဲ့ ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ မွေးမြူကြဖို့ တိုက်တွန်းပါတယ်နော်။

အားဆေးမှီဝဲချင်သူများအတွက် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (၁၁)မျိုး၊ သတ္ထုဓါတ် (၁၈) မျိုးတို့ ပါ၀င်တဲ့ Vitamax (ဗိုက်တာမက်စ) အားဆေးလေးရှိကြောင်း သတင်းကောင်းပါးပါရစေ။

ဗီတာမင်နဲ့သတ္ထုဓါတ်တို့ စုံလင်စွာပါ၀င်တာကြောင့် တစ်နေ့တစ်လုံးသောက်သုံးရုံနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်ချို့တဲ့မှုကို ကာကွယ်ပေးမယ့်အပြင် အမြဲတမ်း တက်ကြွလန်းဆန်းနေစေမှာပါ။

ဈေးနှုန်းလည်း ချိုသာတာကြောင့် ခုပဲ Vitamax (ဗိုက်တာမက်စ်) အားဆေးကို နီးစပ်ရာဆေးဆိုင်များမှာ ၀ယ်ယူပြီး မရှိမဖြစ်လေးတွေကို မှီဝဲလိုက်တော့နော်။

#ဗီတာမင်အားဆေး

မိသားစုတိုင်းအတွက် ဗိုက်တာမက်စ်_______________အချိန်တိုင်းမှာ အလုပ်တွေလုပ်ပြီး ငွေနောက်ပဲလိုက်နေလို့မရသေးဘူးလေ။ကျန်းမာရေ...
12/11/2024

မိသားစုတိုင်းအတွက် ဗိုက်တာမက်စ်
_______________

အချိန်တိုင်းမှာ အလုပ်တွေလုပ်ပြီး ငွေနောက်ပဲလိုက်နေလို့မရသေးဘူးလေ။
ကျန်းမာရေးကိုလည်း ဂရုစိုက်ဦးမှပေါ့။

ဘယ်လိုဂရုစိုက်ရမလဲဆိုတော့ ဗိုက်တာမက်စ် အားဆေး တစ်နေ့တစ်လုံးသောက်ပြီး ကျန်းမာရေးဂရုစိုက်ရမယ်လေ။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ဒါမှသာ ကျန်းမာပျော်ရွှင်ရတဲ့ မိသားစုဘ၀ကိုပိုင်ဆိုင်နိုင်မယ် မဟုတ်လား။

ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါဝင်ပြီး ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး ကျန်းမာသွက်လက်စေတဲ့ Vitamax အားဆေးနဲ့ ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်လိုက်ပါ။

"မိသားစုတိုင်းအတွက် ဗိုက်တာမက်စ်"

#အားဆေး
#ဗိုက်တာမက်စ်

ကျန်းမာစွာနေထိုင်ခြင်းမှာ- သန့်ရှင်းလတ်ဆတ်တဲ့အစားအစားများသာစားခြင်း- နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း- အိပ်ရေး၀၀အိပ်ခြင်းတို့...
12/11/2024

ကျန်းမာစွာနေထိုင်ခြင်းမှာ
- သန့်ရှင်းလတ်ဆတ်တဲ့အစားအစားများသာစားခြင်း
- နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း
- အိပ်ရေး၀၀အိပ်ခြင်းတို့အပြင်
ကိုယ်ခံအားကိုအထူးကောင်းမွန်စေတဲ့ ဗိုက်တာမက်စ် အားဆေးမှီဝဲခြင်းလည်း ပါ၀င်တယ်လေ။

တစ်မိသားစုလုံးရဲ့ ကျန်းမာရေးအတွက် အားဆေးကောင်းတစ်လက်ဖြစ်တဲ့ ဗိုက်တာမက်စ်ကို နေ့စဉ်သောက်သုံးတာကြောင့် ဘိုးဘိုးတို့တစ်မိသားစုလုံး ကျန်းမာသွက်လက်နေတာပေါ့။

ဒါကြောင့် အားဆေးဆိုတာနဲ့ ဗိုက်တာမက်စ်ကို အားထားလိုက်တော့နော်.....

#အားဆေး
#ဗိုက်တာမက်စ်

ကျွန်မတို့မိသားစု အမြဲကျန်းမာပျော်ရွှင်နေရတဲ့လျှို့ဝှက်ချက်ကိုသိချင်လား?ကျွန်မတို့မိသားစု တက်တက်ကြွကြွနဲ့အမြဲပျော်ရွှင်န...
12/11/2024

ကျွန်မတို့မိသားစု အမြဲကျန်းမာပျော်ရွှင်နေရတဲ့လျှို့ဝှက်ချက်ကိုသိချင်လား?

ကျွန်မတို့မိသားစု တက်တက်ကြွကြွနဲ့အမြဲပျော်ရွှင်နေရတဲလျှို့ဝှက်ချက်လေးကတော့ တစ်မိသားစုလုံး အစဉ်အမြဲသုံးတဲ့ ဗိုက်တာမက်အားဆေးကြောင့်ပါပဲ။

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (၁၁)မျိုး၊ သတ္ထုဓါတ် (၁၈) မျိုးတို့ ပါ၀င်တဲ့ Vitamax (ဗိုက်တာမက်စ်) အားဆေးလေးကြောင့် အမြဲတမ်းလည်း ကျန်းမာပျော်ရွှင်နေရတာပေါ့။

‌ဗိုက်တာမက်စ်မှာ ဗီတာမင်နဲ့သတ္ထုဓါတ်တို့ စုံလင်စွာပါ၀င်တာကြောင့် တစ်နေ့တစ်လုံးသောက်သုံးရုံနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်ချို့တဲ့မှုကိုလည်း ကာကွယ်ပေးပါတယ်နော်။

ဈေးနှုန်းလည်း ချိုသာတာကြောင့် ခုပဲ Vitamax (ဗိုက်တာမက်စ်) အားဆေးကို နီးစပ်ရာဆေးဆိုင်များမှာ ၀ယ်ယူပြီး မရှိမဖြစ်လေးတွေကို မှီဝဲလိုက်တော့နော်။

#ဗီတာမင်အားဆေး

အ၀လွန်ခြင်း9 to 5 ရုံးစားပွဲမှာပဲ တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်‌၊ ကျန်တဲ့ကိုယ်ပိုင်အချိန်များမှာလည်း ဖုန်းကြည့်ရင်းသာ ကုန်...
12/11/2024

အ၀လွန်ခြင်း

9 to 5 ရုံးစားပွဲမှာပဲ တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်‌၊ ကျန်တဲ့ကိုယ်ပိုင်အချိန်များမှာလည်း ဖုန်းကြည့်ရင်းသာ ကုန်ဆုံးကြတဲ့ လူနေမှုပုံစံများကြောင့် ယနေ့ခေတ် လူတော်တော်များများဟာ ကိုယ်အလေးချိန်တိုးခြင်း(အ၀လွန်ခြင်း)ကို ခံစားလာကြရပါတယ်။

အ၀လွန်ခြင်းဟာ သုံးစွဲတဲ့ကယ်လိုရီထက် စားသုံးတဲ့ကယ်လိုရီကပိုများပါက အချိန်ကာလတစ်ခုအကြာမှာ ရလာနိုင်တဲ့ ကိုယ်အလေးချိန်တိုးခြင်းအခြေအနေတစ်ခုပဲဖြစ်ပါတယ်။

- လိုအပ်တာထက်ပိုမိုစားသုံးခြင်း
- သကြားနှင့်အဆီအဆိမ့်များသော အစားအစာများစားသုံးခြင်း
- ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
- stress များခြင်း
- မျိုးရိုးဗီနှင့်သက်ဆိုင်ခြင်း
- ကိုယ်အလေးချိန်မြင့်တက်စေသော ဆေးဝါးများမှီဝဲရခြင်း
စတဲ့အကြောင်းအမျိုးမျိုးကြောင့်လည်း အ၀လွန်ခြင်းကိုရရှိနိုင်ပါတယ်။

အ၀လွန်ခြင်းနောက်ဆက်တွဲအနေနဲ့
- type 2 ဆီးချိုရောဂါ
- နှလုံးရောဂါ
- လေဖြတ်ရောဂါ
- အမျိုးသားများမှာ ပန်းသေပန်းညှိုးရောဂါ
စတာတွေအပြင် မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်းကဲ့သို့သော အခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကိုဖြစ်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းနိုင်စေရန်အတွက်
- အိပ်ရေး၀၀အိပ်ခြင်း
- ရေများများသောက်ခြင်း
- စိတ်ဖိဆီးမှုလျော့ချခြင်း
- ကျန်းမာရေးကိုထိခိုက်စေသော အလေ့အထများအားရှောင်ခြင်း
- ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်ခြင်း
- ဟင်းသီးဟင်းရွက်၊ သစ်သီးများကို ပိုမိုစားသုံးခြင်း
- TV ကြည့်ရင်း အစားစားခြင်းအား မပြုလုပ်ခြင်း
- အမြန်စာများစားသုံးခြင်းအား ရှောင်ကြဉ်ခြင်း
စတဲ့ အလေ့အထများကို ပြုလုပ်နိုင်ပါတယ်။

ဒါကြောင့် အ၀လွန်ခြင်းရဲ့ ဆိုးကျိုးများနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အကျိုးရှိတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အကျိုးရှိမယ်မျှော်လင့်ပါတယ်နော်။

.

အောင်မြင်မှုနဲ့ ကျန်းမာရေးဟာ အမြဲဒွန်တွဲနေပါတယ်။ကျန်းမာသန်စွမ်းမှသာ ဘ၀ရဲ့ရည်မှန်းချက်တွေပြည့်၀ဖို့အရေး ရုန်းကန်ကြိုးစားန...
12/11/2024

အောင်မြင်မှုနဲ့ ကျန်းမာရေးဟာ အမြဲဒွန်တွဲနေပါတယ်။
ကျန်းမာသန်စွမ်းမှသာ ဘ၀ရဲ့ရည်မှန်းချက်တွေပြည့်၀ဖို့အရေး ရုန်းကန်ကြိုးစားနေနိုင်မယ် မဟုတ်လား။

ကျန်းမာသန်စွမ်းဖို့အတွက်ဆို တစ်နေ့တာလိုအပ်တဲ့ဗီတာမင်နဲ့သတ္ထုဓါတ်တို့ကို ဖြည့်ဆည်းပေးတဲ့ ဗိုက်တာမက်စ် အားဆေးသောက်ဖို့လိုပါမယ်နော်🥰

ဗိုက်တာမက်စ်အားဆေးနဲ့သာဆို နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ရင်ဆိုင်ဖြတ်သန်းပြီး အောင်မြင်မှုသရဖူဆောင်းနိုင်မှာ အသေအချာပါပဲနော်.....

"ကျန်းမာသွက်လက် မိသားစုတိုင်းအတွက် ဗိုက်တာမက်စ်"

#အားဆေး
#ဗိုက်တာမက်စ်

"အဖိုးကြီးအို ခါးကုန်းကုန်း မအိုပါနဲ့ဦး။မအိုပါဘူး ငါ့မြေးရယ်။ Vitamax နေ့တိုင်းသောက်လို့ ကျန်းမာသန်စွမ်းနေပါတယ်။"အသက်ကြီ...
12/11/2024

"အဖိုးကြီးအို ခါးကုန်းကုန်း မအိုပါနဲ့ဦး။
မအိုပါဘူး ငါ့မြေးရယ်။
Vitamax နေ့တိုင်းသောက်လို့ ကျန်းမာသန်စွမ်းနေပါတယ်။"

အသက်ကြီးပေမယ့် ခုချိန်အထိ လူငယ်တစ်ယောက်လို လန်းဆန်းတက်ကြွနေတာ Vitamax အားဆေး တစ်နေ့တစ်လုံး နေ့စဉ်သောက်သုံးလို့ပါ။

ကိုယ်ခံအားအထူးကောင်းမွန်စေပြီး အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေတဲ့ Vitamax အားဆေးက ဖိုးဖိုးတို့လို အသက်ကြီးပိုင်းတွေအတွက် မရှိမဖြစ် သက်စောင့်အားဆေးတစ်လက်ပဲပေါ့။

#ဗီတာမင်အားဆေး

အိပ်စက်ခြင်းနှင့်ကျန်းမာရေး__________အိပ်စက်ခြင်းဟာ လူသားတိုင်းချစ်မြတ်နိုးတဲ့အရာတစ်ခုဖြစ်သလို လူသားတိုင်းလိုအပ်တဲ့အရာတစ...
12/11/2024

အိပ်စက်ခြင်းနှင့်ကျန်းမာရေး
__________

အိပ်စက်ခြင်းဟာ လူသားတိုင်းချစ်မြတ်နိုးတဲ့အရာတစ်ခုဖြစ်သလို လူသားတိုင်းလိုအပ်တဲ့အရာတစ်ခု လည်းဖြစ်ပါတယ်။ တစ်နေ့တာပင်ပန်းခဲ့သမျှတွေအတွက် အိပ်စက်ခြင်းနဲ့ အနားယူနိုင်သလို နောက်တစ်နေ့တာကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့အတွက်လည်း အိပ်စက်ခြင်းနဲ့ အားမွေးနိုင်ပါတယ်။
ဒါပေမယ့် နေ့၊ညမပျက်အလုပ်လုပ်ရမှုတွေ၊ ကလေးငယ်လေးတွေကိုပြုစုပျိုးထောင်ပေးရခြင်းတွေ၊ စိတ်ဖိစီးမှုတွေ နဲ့ ညအချိန်မှာ အချိန်ဖြုန်းစရာ နည်းပညာပေါ်လာခြင်းတွေ စတဲ့အခြေအနေများကြောင့် တစ်ခါတစ်ရံ လုံလောက်စွာအိပ်စက်ဖို့ မေ့လျော့နေကြတတ်ပါတယ်။

ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အဓိကကျန်းမာရေးအတွက် အာဟာရပြည့်၀စွာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း နဲ့ အိပ်စက်အနားယူခြင်းဟာ အလွန်အရေးပါပါတယ်။ ညစဉ် လုံလောက်စွာအိပ်စက်ခြင်းဟာ
👉ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးခြင်း
👉နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
👉ကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်း
👉ရောဂါပိုးမွှားများကိုတိုက်ထုတ်ရာမှာကူညီပေးခြင်း
👉ကိုယ်ခံအားကောင်းမွန်စေခြင်း
👉အားအင်ပြည့်၀ကာ လန်းဆန်းစေသောကြောင့် လုပ်ငန်းခွင်အတွင်းမှာ အာရုံစူးစိုက်မှုအပြည့်ရှိကာ မတော်တဆမှုများအား လျော့ချပေးနိုင်ခြင်း
👉မှတ်ဉာဏ်နှင့်သင်ကြားလေ့လာမှုအား မြှင့်တင်ပေးခြင်း
စတဲ့ကောင်းကျိုးတွေကို ပေးစွမ်းပါတယ်။

အိပ်စက်ချိန်ဟာ အသက်အရွယ်အလိုက် ကွဲပြားသွားလေ့ရှိပါတယ်။ ငယ်ရွယ်သူများဟာ အိပ်စက်ချိန်ပိုမိုလိုအပ်ကြပါတယ်။ U.S. Department of Health and Services ရဲ့အဆိုအရ
😴မွေးကင်းစကလေးငယ်များဟာ တစ်နေ့မှာ 14-17 နာရီကြား
😴လသားအရွယ်ကလေးများဟာ တစ်နေ့လျှင် 12-16 နာရီကြား
😴လမ်းလျှောက်စကလေးများဟာ တစ်နေ့လျှင် 11-14 နာရီကြား
😴မူကြိုအရွယ်ကလေးများဟာ တစ်‌နေ့လျှင် 10-13 နာရီကြား
😴ကျောင်းနေအရွယ်ကလေးများဟာ တစ်နေ့လျှင် 9-12 နာရီကြား
😴ဆယ်ကျော်သက်အရွယ်များဟာ တစ်နေ့လျှင် 8-10 နာရီကြား
😴လူလတ်ပိုင်းနှင့်သက်ကြီးပိုင်းများဟာ တစ်နေ့လျှင် 7-9 နာရီကြား
စတဲ့မတူညီတဲ့အိပ်စက်ချိန်များကို လိုအပ်ကြပါတယ်။

အချိန်ကြာမြင့်စွာ အိပ်စက်ချိန်လုံလောက်မှုမရရှိခြင်းက
👉နှလုံးရောဂါ
👉ကင်ဆာရောဂါ
👉လေသင်တုန်းဖြတ်ခြင်းကဲ့သို့ ဦးဏှောက်နှင့်ဆက်စပ်သောရောဂါများ
👉မတော်တဆမှုများ
👉ဆီးချိုရောဂါ
👉သွေးတိုးရောဂါ စတဲ့ရောဂါများနဲ့ ဆက်စပ်နေပါသေးတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ လုံလောက်စွာအိပ်စက်ပေးဖို့လိုပါတယ်။

တစ်ခါတစ်ရံမှာ အိပ်ဖို့ကြိုးစားပေမယ့် အိပ်ပျော်ဖို့ခဲယဉ်းတာတွေကြောင့်လည်း အိပ်ချိန်မလုံလောက်တာမျိုးတွေဖြစ်နိုင်ပါတယ်။
အောက်ပါအချက်များက သင့်ကိုအိပ်ပျော်စေဖို့ အတိုင်းအတာတစ်ခုအထိ ကူညီပေးပါလိမ့်မယ်။
👉ညမိုးချုပ်ချိန် မုန့်စားခြင်း၊ ကော်ဖီသောက်ခြင်း၊ အရက်သောက်ခြင်းများကို ရှောင်ရှားပါ။
👉ဖုန်း၊ ကွန်ပျူတာနှင့် တီဗွီကဲ့သို့သော လျှပ်စစ်ပစ္စည်းသုံးစွဲခြင်းအား အိပ်ရာ၀င်ချိန်နှင့် နှစ်နာရီခန့်ကွာပါစေ။ ထိုပစ္စည်းများမှထွက်သော အပြာရောင်အလင်းတန်းဟာ ဦးဏှောက်ကိုလန်းဆန်းနေစေသောကြောင့် အိပ်ပျော်ဖို့ခဲယဉ်းနိုင်ပါတယ်။ ဖြစ်နိုင်ရင် ထိုပစ္စည်းများကို အိပ်ခန်းထဲတွင်မထားပါနဲ့။
👉မီးအလင်းရောင်ဟာလည်း ဦး‌ဏှောက်ကိုလှုံ့ဆော်ပေးသောကြောင့် မီးမှိတ်ပြီးအိပ်ပါ။
👉အချိန်မှန်အိပ်ရာ၀င် အချိန်မှန်အိပ်ယာထတဲ့ အလေ့အကျင့်ပြုလုပ်ပါ။

အိပ်ရေးပျက်ခြင်းဟာ ကျွန်တော်တို့ရဲ့ မှတ်မိနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှန်ကန်မြန်ဆန်စွာ ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့အပေါ်မှာလည်း သက်ရောက်‌နေပါ‌သေးတယ်။ ဒါ့အပြင် အိပ်ရေးမ၀ခြင်းဟာ စိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်စွမ်းကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ဒေါသမထိန်းနိုင်ခြင်း၊ အလွန်အမင်း၀မ်းနည်းခြင်းစတာတွေဖြစ်နိုင်ကာ လူမှုရေးဘ၀ကိုပါ ထိခိုက်စေနိုင်ပါတယ်။

အိပ်စက်ချိန်လုံလောက်စွာမရရှိခြင်းက ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး နဲ့ လူမှုဘ၀တွေကိုပါ ထိခိုက်နိုင်တဲ့အတွက် အထူးဂရုပြုဖို့လိုပါမယ်နော်။

ဒါကြောင့် အားလုံးပဲ ကောင်းကောင်းအနားယူနိုင်မယ့်အိပ်ပျော်သောညချမ်းများကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Address

No. 10 Ayar Wun 2nd Street, Mya Khwar Nyo Housing Estate, Thaketa Township
Yangon

Website

Alerts

Be the first to know and let us send you an email when Vitamax Caplet Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram