Rice germ vvip creates income

Rice germ vvip creates income Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rice germ vvip creates income, Vitamins/Supplements, ย่างกุ้ง, Yangon.

ဆီးချို သွေးချို ရောဂါနှင့် လွဲမှားသော   အယူအဆများ အကြောင်းသိကောင်းစရာ...🩸✖ ဆီးချိုသွေးချိုရောဂါသည် မျိုးရိုးရှိသူများတွ...
24/02/2025

ဆီးချို သွေးချို ရောဂါနှင့် လွဲမှားသော
အယူအဆများ အကြောင်းသိကောင်းစရာ...🩸

✖ ဆီးချိုသွေးချိုရောဂါသည် မျိုးရိုးရှိသူများတွင်သာ ဖြစ်နိုင်သည်။
✔ မှားယွင်းသောအယူအဆဖြစ်ပါသည်။ ဆီးချိုမျိုးရိုးရှိသူများသည် ဆီးချိုမျိုးရိုး မရှိသူများထက် ပို၍ ဆီးချို သွေးချိုရောဂါ ပိုမိုဖြစ်နိုင်ကြသည်။ သို့သော် မျိုးရိုးမရှိသော်လည်း စားသောက်နေထိုင်မှုပုံစံ မှားနေကြသူများသည် ဆီးချိုမျိုးရိုး မရှိလင့်ကစား ဆီးချို သွေးချိုရောဂါ ဖြစ်လာနိုင်ကြသည်။ ဆီးချိုမျိုးရိုး ရှိရှိ / မရှိရှိ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်နိုင်မှုက အရေးအကြီးဆုံးဖြစ်ပါသည်။ . . . .
✖ အဝလွန်သူများသာ ဆီိးချိုသွေးချိုဖြစ်နိုင်သည်။
✔ အဝလွန်သူများက သာမန်လူများထက် ပို၍ ဆီးချို သွေးချို အဖြစ်များကြသော်လဲ ပုံမှန်ကိုယ်အလေးချိန် ရှိသူများနှင့် ပိန်သူများသည် ဆီးချိုသွေးချိုရောဂါ မဖြစ်ဘဲမနေကြပါ။ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်နေထိုင်မှုများက ပိန်သူများ၊ အဝမလွန်ကဲသူများကိုပါ ဆီးချို သွေးချို ဖြစ်စေနိုင်ပါသည်။ . . . .
✖ မြို့တွင်နေထိုင်သူများသာ ဆီးချို သွေးချို ဖြစ်နိုင်သည်။
✔ မြို့ပြများတွင် နေသူများသည် ကျေးလက်ဒေသတွင် နေထိုင်ကြမှုများထက် နှစ်ဆပို၍ ဆီးချို သွေးချို ဖြစ်နိုင်ကြပါသည်။ လူနေမှုပုံစံ ကွာခြားခြင်းကြောင့် ပိုမိုဖြစ်ပွားရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ဆီးချို သွေးချို ရောဂါသည် ကျေးလက်၊ နယ်ဒေသများတွင် နေသူများကိုလည်း လွတ်ငြိမ်းချမ်းသာမပေးပါ။ ရောဂါဖြစ်နိုင်ပါသည်။ . . . .
✖ ချမ်းသာသူများသာ ဆီးချိုဖြစ်သည်။
✔ လွန်စွာမှားယွင်းပါသည်။ ဆီးချို သွေးချို ရောဂါသည် ဆင်းရဲ ချမ်းသာမရွေး လူအားလုံးတွင် ဖြစ်နိုင်ပါသည်။ ဆင်းရဲသူများတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပေါ်လာလျှင်၊ ရောဂါ၏ဒါဏ်ကို ပိုမိုခံစားရကြောင်း သုတေသနပြုချက်များအရ သိရှိရပါသည်။ . . . .
✖ ဆီးချို သွေးချို ရောဂါကို ကာကွယ်၍ မရပါ။
✔ ဆီးချို သွေးချိုရောဂါကို ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်နေထိုင်ခြင်း အဝမလွန်ကဲလာအောင် ကာကွယ်တားဆီးခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ၅၈% အထိ ကွာကွယ်တားဆီးနိုင်ကြောင်း တွေ့ရှိထားကြပါသည်။ . . . .
✖ ဆီးချို သွေးချို ဖြစ်သူတိုင်း လူဖြစ်ရကျိုးရှုံးကြသည်။
✔ ဆီးချို သွေးချို ဖြစ်လာသော်လည်း တတ်ကျွမ်းနားလည်သူ ဆရာဝန်များနှင့် ထိရောက်စွာကုသမှုခံယူခြင်းဖြင့် ဆီးချို သွေးချို ရောဂါ၏ နောက်ဆက်တွဲရောဂါများ မဖြစ်ပေါ်လာအောင်၊ လူစဉ်မမီ မဖြစ်ရအောင်၊ လူသက်တမ်းကို သက်တမ်းစေ့ နေထိုင်နိုင်ရအောင် ကုသထား၍ရပါသည်။ . . . .
✖ ဆီးချိုသွေးချိုဖြစ်သူများသည် ရောဂါမရှိသူများကဲ့သို့ ပုံမှန်လူ့ဘဝကို နေထိုင်နိုင်ကြခြင်းမရှိပါ။
✔ ဆီးချိုသွေးချိုရှိလင့်ကစား တက်ကျွမ်းနားလည်သူများနှင့် ထိထိရောက်ရောက်ကုသခြင်း၊ ပုံမှန်စစ်ဆေးမှု့များ ခံယူနေခြင်းများအားဖြင့် ဆီးချိုရှိသော်ငြားလည်း ပုံမှန်လူများကဲ့သို့ပင် ပုံမှန်လူ့ဘဝကို နေထိုင်သွားနိုင်မည်ဖြစ်ပါသည်။ . . . .
✖ ဆီးချိုသွေးချိုရောဂါကို အနောက်တိုင်းဆေးဝါးများဖြင့် ကုသမည့်အစား သစ်ဥ၊ သစ်ဖု၊ သစ်ရွက်များဖြင့် တိုင်းရင်းဆေးနည်းများဖြစ်သာ ကုသသင့်သည်။
✔ အနောက်တိုင်းဆေးဝါးများသည် ဆေးဝါးတစ်ခုကို ဆီးချိုလူနာများတွင် ပေးရန် သင့်၊ မသင့် စနစ်တကျစမ်းသပ်မှု့များ ပြုလုပ်ထားပြီးမှ လူနာများကုသရေးတွင် အသုံးပြုကြသဖြင့် လုံခြုံစိတ်ချရခြင်း ရှပါသည်။ သစ်ဥ၊ သစ်ဖုများနှင့် တိုင်းရင်းဆေးများကမူ ဆီးချိုသွေးချိုလူနာများတွင် ကုသရန် အစွမ်းအာနိသင်ထက်ကြောင်းနှင့် ဘေးအန္တရာယ်ကင်းကြောင်း စနစ်တကျ သုတေသနပြုထားမှု များစွာအားနည်းကြပါသည်။ ထို့ကြောင့် စနစ်တကျ သုတေသနပြုထားသော အနောက်တိုင်းဆေးဝါးများကိုသာ ယုံကြည်အားကိုး၍ စနစ်တကျ ကုသမှုခံယူသင့်ကြပါသည်။ . . . .
✖ ဆီးချိုသွေးချိုကို ကုလည်းမထူးပါ၊ သက်တမ်းတိုမည်သာဖြစ်ပါမည်။
✔ ဆီးချိုသွေးချိုရောဂါကို ထိရောက်စွာ ကုသမှုမခံယူလျှင် သာမန်အားဖြင့် လူုသက်တမ်း ၁၀နှစ်မှ ၁၂နှစ်ခန့် တိုနိုင်ပါသည်။ သို့ရာတွင် စနစ်တကျ ကုသမှုခံယူခဲ့လျှင် သာမန်လူများကဲ့သို့ သက်တမ်းစေ့ နေနိုင်ပါသည်။ . . . .
✖ ဆီးချိုသွေးချို ကုသရေး၊ ကာကွယ်ရေးသည် ဆီးချိုသွေးချိုရောဂါရှိသူများနှင့်သာ သက်ဆိုင်သည်။
✔ လွန်စွာမှားယွင်းပါသည်။ ဆီးချိုသွေးချို ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ဆီးချိုသွေးချိုရောဂါရှိသူများသာမက ၎င်းတို့၏မိသားစုများနှင့် အခြားဆီးချိုမရှိသူများကပါ မိမိ၏ အရေးကိစ္စအနေဖြင့် ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။ ဆီးချိုသွေးချိုကာကွယ်ရေးတွင် လူတိုင်း၏ အရေးကိစ္စဖြစ်ပါသည်။

■ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ■

ပြန်လည်မျှဝေရေးသားသူ - အလင်းစစ်
(ဆီးချိုသွေးချိုရောဂါခံစားနေရတိုင်း စိတ်ဓာတ်မကျပါနဲ့ စနစ်တကျကုသပါက သက်သာ ပျောက်ကင်းစေပါသည်။)

28/09/2024

မဂ်လာပါရှင့် Vvip Riceberryကနေမြန်မားပြည် တစ်ပြည်လုံးအတွက် ကိုယ်စလှယ် လက်ခံနေပါပြီရှင့်📢

အထူးသက်သားတဲ့စျေးနှုန်ဖြင့် ကိုယ်စလှယ်တွေးကိုပေးနေပါပြီ အကယ်၍စမ်းပြီသောက်ချင်းတယ်ဆို Vvip ကကိုယ်စလှယ် တွေးအတွက် Promotion လေးရှိပါတယ်ရှင့်

အရောင်းကိုယ်စားလှယ်လက်ခန်ပါသည်အခမဲ့စျေးကွက်သင်တန်းနှင့်အတူ။ကျွန်ုပ်တို့သည်စတော့ခ်နှင့် စတော့မဟုတ်သော ပစ္စည်းနှစ်မျိုးလုံ...
25/09/2024

အရောင်းကိုယ်စား
လှယ်လက်ခန်ပါသည်
အခမဲ့စျေးကွက်သင်တန်းနှင့်အတူ။
ကျွန်ုပ်တို့သည်
စတော့ခ်နှင့် စတော့မဟုတ်သော ပစ္စည်းနှစ်မျိုးလုံးကို လက်ခံပါသည်။
စျေးကွက်ရှာဖွေရေးနှင့် ထုတ်ကုန်သင်တန်းများ သင်ကြားပေးသည်.
လစဉ် ပရိုမိုးရှင်း ကမ်ပိန်း(Campaign)ရှိသည်.
ကိုယ်စားလှယ်များအတွက်သာ လက်ကားဈေးနူန်း.
VVIP Riceberry Germ

Address

ย่างกุ้ง
Yangon
269262

Telephone

+959266664223

Website

Alerts

Be the first to know and let us send you an email when Rice germ vvip creates income posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram