Shwe Min Medical Laboratory & Clinic

Shwe Min Medical Laboratory & Clinic To give all walks of life, the facility of medical check-up at primacy healthcare clinics.

အေးမြခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ အသားခြောက်ပြီး ယားစပ်စပ်ဖြစ်တာမျိုးတွေ အားလုံးပဲ ကြုံဖူးကြမှာပါ 🌬️ဒီနေ့မှာတော့ ဘာလို့အ...
10/12/2025

အေးမြခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ အသားခြောက်ပြီး ယားစပ်စပ်ဖြစ်တာမျိုးတွေ အားလုံးပဲ ကြုံဖူးကြမှာပါ 🌬️

ဒီနေ့မှာတော့ ဘာလို့အဲဒီလို ဆောင်းတွင်းမှာ အသားအရေ ခြောက်သွေ့အက်ကွဲရတာလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်

📍 ဆောင်းတွင်းမှာ အသားအရေ ခြောက်သွေ့ယားယံတာဟာ အဓိကအားဖြင့်

◾ လေထုရဲ့ သဘာဝ ပြောင်းလဲခြင်း
◾ ပတ်ဝန်းကျင်မှာ စိုထိုင်းဆ အလွန်နည်းပါးခြင်း
◾ ရေသောက်နည်းခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း
..စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်

ဒါကြောင့် ဆောင်းတွင်းမှာ အသားအရေ ခြောက်သွေ့တာ သက်သာစေဖို့...

👉 အစိုဓာတ်များတဲ့ Cream တစ်မျိုးမျိုး လိမ်းပေးပါ
👉 ရေများများ သောက်ပြီး ရေဓာတ်ဖြည့်ပါ
👉 ရေနွေးပူပူနဲ့ ကြာကြာ ချိုးတာ ရှောင်ပါ

ဒီလို ဆောင်ရန်ရှောင်ရန်လေးတွေကို လုပ်ဆောင်ပြီး အေးမြခြောက်သွေ့တဲ့ ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုကို သက်သာအောင် နေထိုင်နိုင်မှာဖြစ်ကြောင်း 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 က မျှဝေလိုက်ပါတယ် 💢

References:
1.https://www.dexeryl.com/en/your-skin/dry-to-very-dry-skin/cause-and-symptoms/cold-dry-skin -674305269

2.https://www.health.harvard.edu/womens-health/what-to-do-about-dry-skin-in-winter

🩺 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။‌💚 ရွှေမင်း အဆင့်မြ...
01/12/2025

🩺 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

💚 ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်ပထမအပတ်၏ စနေနေ့တိုင်း၊ အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

📌 ဒီဇင်ဘာအတွက် အခမဲ့ကုသပေးမည့်ရက်
(၆.၁၂.၂၀၂၅ )၊ မနက် (၈) နာရီဲမှ နေ့လယ် (၁၂) နာရီအထိ။

☎️ ကြိုတင်စာရင်းပေးသွင်းရန် -
အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်

ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

ပြီးခဲ့တဲ့လမှာ စိတ်ကျရောဂါအကြောင်းနဲ့ စိတ်ကျရောဂါဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါ...
25/11/2025

ပြီးခဲ့တဲ့လမှာ စိတ်ကျရောဂါအကြောင်းနဲ့ စိတ်ကျရောဂါဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါမှာ စိတ်ကျရောဂါအတွက် တရားထိုင်ခြင်းဟာ ဘယ်လိုမျိုး သက်ရောက်မှုကောင်းတွေ ရှိနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ် ☺️

🧘🏻 တရားထိုင်ခြင်းက စိတ်ကျရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းများဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့အပေါ် ကို ဦးနှောက်က တုံ့ပြန်မှု နည်းပါးလာစေဖို့ ပြန်လည်လေ့ကျင့်ပေးနိုင်ပါတယ်။

🧘🏻 တရားထိုင်ခြင်းက သင့်ရဲ့ အာရုံစူးစိုက်မှုကို ထိန်းညှိဖို့နဲ့ အဆိုးမြင်တဲ့ အတွေးစက်ဝန်းထဲမှာ ပိတ်မိမနေဘဲ ပစ္စုပ္ပန်မှာရှိတဲ့ သင့်ရဲ့ ခံစားချက်များကို အာရုံစိုက်ဖို့ ကူညီပေးနိုင်ပါတယ်။

🧘🏻 မေတ္တာဘာဝနာလိုမျိုး အချို့ကျင့်စဉ်တွေက သင့်ကိုယ်သင်နဲ့ အခြားသူများအပေါ် အပြုသဘောဆောင်တဲ့ ခံစားချက်များနဲ့ ကရုဏာကို တိုးမြှင့်ပေးနိုင်ပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားဖို့အရေးကြီးတဲ့အချက်တွေကတော့ -

👉🏻 တရားထိုင်ခြင်းဟာ စိတ်ဓာတ်ကျခြင်းကိုကုသတဲ့ ဆေးဝါးနဲ့ကုထုံးတွေကို အစားထိုးနိုင်တာမဟုတ်ဘဲ ဖြည့်စွက်ကုထုံးတစ်ခုသာဖြစ်ပါတယ်။

👉🏻 ရံဖန်ရံခါမှ ထိုင်တာထက် ပုံမှန်ထိုင်ပေးတာက ပိုပြီးထိရောက်စေပါတယ်။

👉🏻 စထိုင်တဲ့အချိန်မှာ အကြာကြီးထိုင်စရာမလိုဘဲ မိနစ်အနည်းငယ်စီကနေ စတင်ပြီးပုံမှန်ထိုင်သွားတာက ပိုပြီးထိရောက်ပါတယ်။

တရားထိုင်ခြင်းဆိုတာဟာ ဘာသာရေးကျင့်စဉ်တစ်ခုတင်မဟုတ်ဘဲ ကျန်းမာရေးနယ်ပယ်မှာလည်း တွင်ကျယ်စွာအသုံးပြုနေကြတဲ့ စိတ်ငြိမ်စေတဲ့ကျင့်စဉ်တစ်မျိုးဖြစ်တာကြောင့် ဘယ်ဘာသာဝင်မဆို လိုက်ပါလုပ်ဆောင်လို့ရတဲ့နည်းလမ်းဖြစ်ပါတယ် 🥰

တရားထိုင်ခြင်းဟာ အထိုက်အလျောက်ထိရောက်တယ်ဆိုပေမယ့် တကယ်ကိုစိတ်ကျရောဂါခံစားနေရတယ်ဆိုရင်တော့ အခုလိုတွဲဖက်ကုထုံးတွေပဲလိုက်လုပ်တာထက် တကယ်ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်များ၊ ဆွေးနွေးသူများနဲ့ ပြသဆွေးနွေးပြီး ကိုယ့်အတွက်လိုအပ်တဲ့ ကုထုံးများရယူကုသဖို့ 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 ကအကြံပေးတိုက်တွန်းလိုက်ပါတယ် 💚

References :
1.
https://pmc.ncbi.nlm.nih.gov/articles/PMC3500142/
2.
https://www.health.harvard.edu/mind-and-mood/how-meditation-helps-with-depression

𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်ဆိုတာ လူကို တက်ကြွစေတတ်တဲ့ ဓာတ်ပစ္စည်းပါ☕ မနက်စောစောမှာ Coffee တစ်ခွက်သောက်လိုက်တာနဲ့ ငေးငိုင်တဲ့ခံစားမှုတွ...
20/11/2025

𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်ဆိုတာ လူကို တက်ကြွစေတတ်တဲ့ ဓာတ်ပစ္စည်းပါ

☕ မနက်စောစောမှာ Coffee တစ်ခွက်သောက်လိုက်တာနဲ့ ငေးငိုင်တဲ့ခံစားမှုတွေ ပျောက်သွားပြီး ဦးနှောက်အလုပ်လုပ်နှုန်းကို တိုးလာ‌စေတတ်ပါတယ် 🧠

ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်ကို လိုအပ်တဲ့အတိုင်းတာထက် ပိုသောက်ရင်တော့ ကျန်းမာရေး ပြဿနာတချို့ကို ခံစားရနိုင်ပါတယ် ‼️

📌 အရင်ဆုံး ရနိုင်တဲ့ ကောင်းကျိုးတွေ အနေနဲ့ကတော့-
◾ အာရုံစူးစိုက်မှုတိုးစေတယ် - ဦးနှောက်သွေးလည်ပတ်မှုကို ကူညီပြီး စိတ်အားထက်သန်မှုနဲ့ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေပါတယ်
◾ လန်းဆန်းတက်ကြွ ကြည်လင်စေတယ် - ပင်ပန်းနွမ်းနယ်တဲ့အချိန်မှာ 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်ရဲ့ သိသာတဲ့အခါးအရသာကြောင့် အာရုံခံစားမှုက နိုးထလာပြီး လန်းဆန်းတက်ကြွမှုကို ရရှိစေပါတယ်
◾ ကိုယ်အလေးချိန် လျော့ကျစေတယ် - ကဖိန်းဓာတ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုနှုန်း (ကယ်လိုရီလောင်ကျွမ်းနှုန်း)ကို တိုးစေနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်

📌 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ် လိုတာထက် ပိုများသွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးလက္ခဏာတွေအနေနဲ့ကတော့-
◾ အိပ်မပျော်ခြင်း – မွန်းလွဲပိုင်း၊ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ သောက်ရင် အာရုံခံစနစ်က နိုးကြားနေပြီး မျက်လုံးကြောင်ကာ အိပ်မပျော် ဖြစ်တတ်ပါတယ်
◾ နှလုံးခုန်မြန်ခြင်း – 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်အများကြီး‌ သောက်သုံးမိရင် နှလုံးခုန်နှုန်းမြန်ပြီး စိတ်လှုပ်ရှားမှု များတတ်ပါတယ်
◾ မူးဝေခြင်း – တချို့လူတွေအတွက် နှလုံးခုန်မြန်ကာ ရင်တုန်လာပြီးတဲ့နောက်မှာ မူးဝေခြင်းကို ဆက်တိုက် ခံစားရစေနိုင်ပါတယ်

ဒါ့အပြင် 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်နဲ့ အစာအိမ်ရဲ့သတိပြုဖွယ် ဆက်စပ်မှု‌လေးတစ်ခုလည်း ရှိပါသေးတယ်။ 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်က အစာအိမ်ကနေ 𝐀𝐜𝐢𝐝 ထွက်ခြင်းကို လှုံဆော်ပေးနိုင်တာကြောင့် အစာမရှိဘဲ ကော်ဖီသောက်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။ အထူးသဖြင့်တော့‌ အစာအိမ်ရောဂါရှိတဲ့လူတွေဟာ ဒီအချက်လေးကို သေချာဂရုပြုသင့်ပါတယ်

ဒါကြောင့် လိုအပ်တဲ့ ပမာဏလောက်ပဲသောက်ရင် စိတ်လန်းဆန်းပြီး စွမ်းအင်အပြည့်ဖြစ်စေမယ့် 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ဓာတ်ကို အလွန်အကျွံ မသောက်မိစေဖို့ 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 က အကြံပြုမျှဝေပေးလိုက်ပါတယ် 🙋🏻‍♀️

References: 1.https://www.medicalnewstoday.com/articles/285194
2.https://webber-nutrition.co.uk/caffeine-pros-and-cons/

မြန်မာနိုင်ငံမှာ ဆောင်းရာသီအစ November လလယ်ကနေ February လလယ်အထိပေါ်တဲ့ ရာသီစာလိမ္မော်သီးတွေဟာ အားလုံးသိထားကြတဲ့အတိုင်း V...
08/11/2025

မြန်မာနိုင်ငံမှာ ဆောင်းရာသီအစ November လလယ်ကနေ February လလယ်အထိပေါ်တဲ့ ရာသီစာလိမ္မော်သီးတွေဟာ အားလုံးသိထားကြတဲ့အတိုင်း Vitamin C ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာကို အားလုံးအတွက်မျှဝေပေးသွားပါမယ် 🍊

၁. ရေဓာတ်ဖြည့်တင်းမှုအတွက် အကူအညီပေးခြင်း💧

လိမ္မော်သီးတစ်လုံးဟာ ပျမ်းမျှအားဖြင့် ရေခွက်တစ်ခွက်ရဲ့ တစ်ဝက်စာပမာဏ ရေဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်တွေကိုပြန်လည်ဖြည့်တင်းရာမှာ အကူအညီပေးနိုင်ပါတယ်။

၂. အစာချေဖျက်မှုကို ပိုမိုကောင်းမွန်စေခြင်း 💩

လိမ္မော်သီးတစ်လုံးမှာ ပျှမ်းမျှအားဖြင့် အမျှင်ဓာတ် 2.8g ပါဝင်တယ်ဆိုတာကြောင့် အမျှင်ဓာတ်ရဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့
- အစာချေစနစ်ကို အထောက်အကူပြုခြင်း၊
- သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ပမာဏကို ထိန်းညှိရာတွင် အထောက်အကူပြုခြင်း၊
- အူလမ်းကြောင်းလှုပ်ရှားမှုကို ထိန်းညှိပေးခြင်း နဲ့
- ဆာလောင်မှုကို အချိန်ကြာကြာ ပြေစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိစေပါတယ်။

၃. ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးခြင်း 🦾

လိမ္မော်သီးတစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ Vitamin C (DV) ၁၀၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ကျန်းမာရေးကို အားပေးတဲ့ အခြားအာဟာရဓာတ်တစ်ခုဖြစ်တဲ့ ကော်လာဂျင် ကို ထုတ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

၄. သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုခြင်း 🩸

ဗီတာမင်စီဟာ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးပြီး၊ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ အထောက်အကူပြုပါတယ်။

၅. ရောဂါများမှ ကာကွယ်ပေးရန် အကူအညီပေးခြင်း 🛡️

လိမ္မော်သီးများမှာ ဖလေဗိုနွိုက် (Flavonoids) ဓာတ်များ ပါဝင်တဲ့အတွက် ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းမှုကျစေသောအာနိသင်၊ ဗိုင်းရပ်စ်ဆန့်ကျင်အာနိသင် နဲ့ ပိုးမွှားဆန့်ကျင်အာနိသင်များကို ရရှိစေပါတယ်။ ဖလေဗိုနွိုက်များ အများအပြား စားသုံးခြင်းက စိတ်ဓာတ်ကျဆင်းမှုအန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် ပိုမိုအကျိုးရှိစေပါတယ်။ လိမ္မော်ရည်ကို နေ့စဉ်သောက်သုံးခြင်းကလည်း ကိုလက်စထရောကို လျှော့ချပေးနိုင်ပြီး ဆီးချိုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၆. ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း 🧬

လိမ္မော်ခွံတွေမှာက အခြားအချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေထက် ဖလေဗိုနွိုက် နဲ့ ဗီတာမင်စီ ပါဝင်မှုနှုန်း ပိုများပြီး သစ်သီးခွံများမှရရှိသော ဖလေဗိုနွိုက်တွေက ကင်ဆာဆဲလ်များ ကြီးထွားခြင်းနဲ့ ပျံ့နှံ့ခြင်းကိုကာကွယ်ပေးရာမှာ ကူညီပေးပါတယ်။

၇. သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း 🧠

လိမ္မော်ရည်က သက်ကြီးရွယ်အိုတို့အတွက် သိမြင်မှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေနိုင်ပြီး ပိုမိုရှင်းလင်းစွာ တွေးခေါ်နိုင်ဖို့ ကူညီပေးပါတယ်။ အချဉ်ဓာတ်ရှိသော သစ်သီးဖျော်ရည်ကို အသင့်အတင့် သောက်သုံးခြင်းက ဦးနှောက်ကို သွေးစီးဆင်းမှု တိုးတက်လာစေပါတယ်။

အခုရာသီမှာ ပေါ်စပြုနေပြီဖြစ်တဲ့ လိမ္မော်သီးရဲ့အကျိုးကျေးဇူးတွေအကြောင်းကို Shwe Min Medical Laboratory & Clinic မှ ဗဟုသုတရဖွယ် မျှဝေပေးလိုက်ရပါတယ် 🙆🏻‍♀️

References :
1. https://www.health.com/food/health-benefits-oranges
2. https://www.vibhavadi.com/en/blogs/12-amazing-benefits-of-lsquo-oranges-rsquo

📌 ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (လှိုင်) တွင် တာဝန်ထမ်းဆောင်ရန် Medical Technologist ခေ...
06/11/2025

📌 ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (လှိုင်) တွင် တာဝန်ထမ်းဆောင်ရန် Medical Technologist ခေါ်ယူနေပါပြီ

🔍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐬𝐭 - 𝟏 𝐏𝐨𝐬𝐭 (လှိုင်)

▫️ B.Med.Tech (Medical Laboratory Technology) ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
▫️ ဓာတ်ခွဲခန်း အတွေ့အကြုံ ကောင်းမွန်စွာရှိသူဖြစ်ရမည်။
▫️ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်ရမည်။
▫️ အလုပ်တွင် ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
▫️ မိမိအသင်းအဖွဲ့၏ စွမ်းရည်အားမြှင့်တင်နိုင်သူ ဖြစ်ရမည်။
▫️ အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။

လျှောက်ထားလိုသူများသည် လိုအပ်သောစာရွက်စာတမ်းများဖြင့် -

🏢 အမှတ် (၁၂/က)၊ မယ်ဇီကုန်းလမ်း (သံလမ်း)၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း

📱 CV Form များကို Viber ဖုန်းနံပါတ် 09 740 994 461 သို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

✨🌕 (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှာကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) မှာ ခုနှစ်ရက်သားသမီးများအ...
04/11/2025

✨🌕 (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှာကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) မှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြီးပြည့်စုံပြီး လိုအင်ဆန္ဒများပြည့်ဝကာ စီးပွားဥစ္စာများလည်း ဒီရေအလားတိုးတက်ကြပါစေလို့ Shwe Min Medical Laboratory & Clinic က ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ် 🪔

ရွှေမင်းနဲ့ဆိုရင် ဓာတ်မှန်ကို အိမ်မှာပဲ လွယ်လွယ်ကူကူရိုက်လို့ရပါပြီ 🥰ဆေးရုံဆေးခန်းသွားပြီး ဓာတ်မှန်ရိုက်ဖို့အခက်အခဲရှိနေ...
31/10/2025

ရွှေမင်းနဲ့ဆိုရင် ဓာတ်မှန်ကို အိမ်မှာပဲ လွယ်လွယ်ကူကူရိုက်လို့ရပါပြီ 🥰

ဆေးရုံဆေးခန်းသွားပြီး ဓာတ်မှန်ရိုက်ဖို့အခက်အခဲရှိနေတဲ့လူနာများအတွက် ရွှေမင်းရဲ့ X Ray Home Service (အိမ်တိုင်ရာရောက်ဓာတ်မှန်ရိုက်ပေးခြင်း) က အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။

🔰 အတက်အဆင်းခက်တဲ့ ဖိုးဖိုးဖွားဖွားတွေ၊
🔰 နာတာရှည်လှဲလျောင်းလူနာတွေ၊
🔰 သွားလာရခက်ခဲတဲ့ လူနာတွေအတွက် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု တစ်ခုပါ။
🔰 နောက်ဆုံးပေါ် နည်းပညာမြင့် Digital ဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေတာဖြစ်တဲအတွက် အကောင်းဆုံး ဓာတ်မှန်အရည်အသွေးကို ရရှိမှာဖြစ်ပါတယ်။
🔰 ဓာတ်မှန်အဖြေပိုင်းမှာလည်း ကျွမ်းကျင်တဲ့ ဓာတ်မှန်ဆရာဝန်ကြီးများ ကိုယ်တိုင်အဖြေထုတ်ပေးပြီး အဖြေများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်းများမှာ အိမ်အရောက်ဓာတ်မှန်ရိုက်ခြင်း ကျန်းမာရေးဝန်ဆောင်မှုများကို ရယူမယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။

➡️ လှိုင် Clinic - 09 79 5555 443, 09 88 5555 443
➡️ စမ်းချောင်း Clinic - 09 255 552 124, 09 740 994 470
➡️ သင်္ဃန်းကျွန်း Clinic - 09 255 552 126, 09 740 994 460

🩺 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။💚 ရွှေမင်း အဆင့်မြင...
31/10/2025

🩺 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

💚 ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်ပထမအပတ်၏ စနေနေ့တိုင်း၊ အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

📌 နိုဝင်ဘာလအတွက် အခမဲ့ကုသပေးမည့်ရက်
(၁.၁၁.၂၀၂၅ )၊ မနက် (၈) နာရီဲမှ နေ့လယ် (၁၂) နာရီအထိ။

☎️ ကြိုတင်စာရင်းပေးသွင်းရန် -
အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်းမြို့နယ်) တွင် အောက်ပါရာထူးအတွက် ဝန်ထမ်းခေ...
29/10/2025

ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်းမြို့နယ်) တွင် အောက်ပါရာထူးအတွက် ဝန်ထမ်းခေါ်ယူနေပါသည် 📣

Medical Officer (1 Post)

✅ ဆမလက်မှတ်ရရှိပြီး Medical Officer အတွေ့အကြုံ (၂) နှစ်ရှိသူဖြစ်ရပါမည်။
✅ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်ရပါမည်။
✅ မိမိအသင်းအဖွဲ့၏ Skill ကိုမြှင့်တင်နိုင်သူဖြစ်ရပါမည်။
✅ Home Visit သွားနိုင်ရပါမည်။
✅ အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။

✔️ Home visit fees and other referral fees
✔️ ရွေမင်းဆေးခန်းများတွင်ဆေးကုသခြင်း 30 % Discount ခံစားခွင့်
✔️ Duty Hour - 210 hr/month (1 - 2 day off per week)
✔️ Probation Period - 3 months

လျှောက်ထားလိုသူများသည် လိုအပ်သောစာရွက်စာတမ်းများဖြင့် - အမှတ် (၁၂/က)၊ မယ်ဇီကုန်းလမ်း (သံလမ်း)၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ CV Form များကို Viber ဖုန်းနံပါတ် 095401061 သို့ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 20:00
Wednesday 08:00 - 18:00
Thursday 08:00 - 20:00
Friday 08:00 - 18:00
Saturday 08:00 - 20:00
Sunday 08:00 - 18:00

Telephone

+959795555443

Website

Alerts

Be the first to know and let us send you an email when Shwe Min Medical Laboratory & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Min Medical Laboratory & Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram