Myanmar Haemophilia Patient Association

Myanmar Haemophilia Patient Association MHPA represents people with inherited bleeding disorders and their community

28/04/2025

One Month After the Earthquake – Thank You, and Please Keep Helping Myanmar 🇲🇲On March 28, Myanmar was shaken by one of the most powerful earthquakes in ou...

World Hemophilia Day | April 17Theme: “Access for All: Women and Girls Bleed Too”Today we raise awareness for everyone l...
17/04/2025

World Hemophilia Day | April 17
Theme: “Access for All: Women and Girls Bleed Too”

Today we raise awareness for everyone living with hemophilia and other bleeding disorders. This year’s theme reminds us that support ,care and recognition must extend to everyone—including women and girls.



💦 မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုတောင်း....💦 မြန်မာ့ ရိုးရာ အတာ နှစ်သစ် မှစ၍ ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် မြန်မာန...
13/04/2025

💦 မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုတောင်း....

💦 မြန်မာ့ ရိုးရာ အတာ နှစ်သစ် မှစ၍ ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး ကိုယ် စိတ် နှလုံး ကျန်းမာရွင်လန်းကြပါစေခင်ဗျာ....

နှစ်ဟောင်းက အဆိုးများ ကျန်ရစ်ခဲ့ပြီး နှစ်သစ်မှာ အခက်အခဲ အကြပ်အတည်းများ အားလုံးမှ လွင်းကင်းပြီး ရောဂါဘယ ကပ်ဆိုးများ ကင်းဝေး၍ ကောင်းကျိုး လိုအင်ဆန္ဒများအမြန်ဆုံးပြည့်ဝကြပါစေလို့
" Myanmar Hemophilia Patient Association (MHPA) " မှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ... 💦

ယခုလက်ရှိတွင် ဖြစ်ပွားခဲ့သော ငလျင်သဘာ၀ဘေးအန္တရာယ် နှင့် ပတ်သက်ပြီး သွေးမတိတ်ရောဂါလူနာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြား...
10/04/2025

ယခုလက်ရှိတွင် ဖြစ်ပွားခဲ့သော ငလျင်သဘာ၀ဘေးအန္တရာယ် နှင့် ပတ်သက်ပြီး သွေးမတိတ်ရောဂါလူနာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြားသောကျန်းမာရေးလိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရေးအတွက် MHPA-Emergency Task Force အဖွဲ့ ဆရာမ ဒေါက်တာခိုင်ရွှေစင်နွယ် နှင့် ​စလင်း ပရဟိတ အသင်းဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်၍ ငလျင်လှုပ်ခတ်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် မြို့နယ်များရှိ အခက်ခဲများစွာကြုံတွေ့ခဲ့ရသော သွေးမတိတ်ရောဂါလူနာများထံသို့ အရေးပေါ် ထိခိုက်ဒဏ်ရာရရှိမှုများ နှင့် အခြား​သော ကျန်းမာရေး အခြေအနေလိုအပ်ချက်များအတွက် ဆောင်ရွက်ရမည့် အချက်များ ကို လမ်းညွှန်ပြီး Medicine & Medical Support များကို မြေပြင်အထိ သွား​ရောက်၍ ဆေးကုသ ဆောင်ရွက်ခဲ့ပါသည်။
သို့ရာတွင် အချို့သောဒေသများတွင် ရှိသော ​သွေးမတိတ်ရောဂါလူနာများ နှင့် မိဘ ဆွေမျိုးများအနေဖြင့်လည်း မိမိအနီးတွင်ရှိသောအဆက်အသွယ်ရရှိသောသွေးမတိတ်ရောဂါလူနာများအား ဘေးအန္တရာယ်ကင်းရှင်းကြောင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ရရှိထားပါက MHPA-Emergency Taskforce မှ သိရှိပြီး ကူညီဆောင်ရွက်နိုင်စေရန် မိမိအသိများအား ဆက်သွယ်ကာ Taskforce Hotline နံပါတ်အား ဆက်သွယ်ပြီး မိမိအခြေအနေအား အကြောင်းကြားရန် (သို့မဟုတ်) မိမိတို့တွင်ရှိသော ဖုန်းနံပါတ်များကို Taskforce အဖွဲ့အား ပေးပို့ ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်စေလိုပါတယ်။
အရေးပေါ်ထိခိုက်ဒဏ်ရာရှိမှု နှင့် အရေးအပေါ်အခြေအနေများအတွက် Emergency Medical Support ကိုရရှိနိုင်ဖို့ MHPA-Emergency Task Force Hotline no ကိုဆက်သွယ်၍သော်လည်းကောင်း၊ Messengerနှင့် Viber မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
Hotline : 09 665 453 753
: 09 964 595 325
: 09 794 941 622


-Emergency Task Force

ယခုလက်ရှိတွင် ဖြစ်ပွားခဲ့သော ငလျင်သဘာ၀ဘေးနှင့်ပတ်သက်ပြီး  သွေးမတိတ်ရောဂါလူနာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြားသောကျန်းမ...
31/03/2025

ယခုလက်ရှိတွင် ဖြစ်ပွားခဲ့သော ငလျင်သဘာ၀ဘေးနှင့်ပတ်သက်ပြီး သွေးမတိတ်ရောဂါလူနာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြားသောကျန်းမာရေးလိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရေးအတွက် MHPA-Earthquake Task Force အဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

Task Force အဖွဲ့အနေဖြင့် အခက်အခဲများကြုံတွေ့နေရသော သွေးမတိတ်ရောဂါလူနာများကို ကူညီရန်အတွက် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွါးခဲ့သည့် မြို့နယ် ၊ ကျေးရွာများရှိ သွေးမတိတ်ရောဂါလူနာများထံသို့ ဆက်သွယ်လျက်ရှိပါသည်။

သို့ရာတွင် အချို့သောဒေသများတွင် ဖုန်းလိုင်းများ ဆက်သွယ်မှု ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်းများမရခြင်းကြောင့် ဆက်သွယ်၍မရသော သွေးမတိတ်ရောဂါလူနာများစွာလည်း ကျန်ရှိပါသေးသည်။

အဆက်အသွယ်ပြတ်တောက်သောသူများနှင့်ပတ်သက်ပြီး ၎င်းတို့နှင့် အဆက်အသွယ်ရရှိ
နိုင်ရေးအတွက် Task Force အဖွဲ့မှကြိုးစားပြီးဆက်သွယ်ဆောင်ရွက်နေပါသည်။

အဆက်အသွယ်ရရှိသော လူနာများထဲမှ ထိခိုက်ဒဏ်ရာရရှိထားသော လူနာအချို့ကိုလည်း Task Force ၏ Medical Team မှ အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ ကို လမ်းညွှန်ပြီး သောက်သုံးရမည့် ဆေးဝါးများကိုလည်း လမ်းညွှန်မှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။

သွေးမတိတ်ရောဂါလူနာများ နှင့် မိဘ ဆွေမျိုးများအနေဖြင့်လည်း မိမိအနီးတွင်ရှိသောအဆက်အသွယ်ရရှိသောသွေးမတိတ်ရောဂါလူနာများအား ဘေးအန္တရာယ်ကင်းရှင်းကြောင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ကို MHPA-Earthquake Taskforce မှ သိရှိပြီး ကူညီဆောင်ရွက်နိုင်စေရန် မိမိအသိများအား ဆက်သွယ်ကာ Taskforce Hotline နံပါတ်အား ဆက်သွယ်ပြီး မိမိအခြေအနေအား အကြောင်းကြားရန် (သို့မဟုတ်) မိမိတို့တွင်ရှိသော ဖုန်းနံပါတ်များကို Taskforce အဖွဲ့အား ပေးပို့ ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်စေလိုပါတယ်။

အခြားသွေးမတိတ်ရောဂါလူနာများအနေဖြင့် လည်း Safe ဖြစ် /မဖြစ်ကိုလည်း လာရောက်ပြောကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
အရေးပေါ်ထိခိုက်ဒဏ်ရာရှိမှု နှင့် အရေးအပေါ်အခြေအနေများအတွက် Emergency Medical Support ကိုရရှိနိုင်ဖို့ MHPA Earthquake Task Force Hotline no ကိုဆက်သွယ်၍သော်လည်းကောင်း၊ Messengerနှင့် Viber မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

တစ်ဦးမှတစ်ဦ်းသို့ အကူအညီလက်ဆင့်ကမ်းနိုင်ဖို့ အတွက်လည်း post ကို share ခြင်းနှင့် သတင်းစကားပါးခြင်းဖြင့်လည်း ဝိုင်းဝန်းကူညီနိုင်ပါသည်။

Hotline : 09665453753

29/03/2025
ယနေ့ ၁၃/၃/၂၀၂၅ တွင် မွေးနေ့ရှင် ဒေါ်အေးသောင်းမှ  မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း သို့ မွေးနေ့အလှူအဖြစ် အလှူငွေ ...
13/03/2025

ယနေ့ ၁၃/၃/၂၀၂၅ တွင် မွေးနေ့ရှင် ဒေါ်အေးသောင်းမှ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း သို့ မွေးနေ့အလှူအဖြစ် အလှူငွေ ငါးသောင်းကျပ် (၅၀၀၀၀) လှူဒါန်းပါသည်။

မွေးနေ့ရှင် ဒေါ်အေးသောင်း ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ ဆုမွန်‌ကောင်းတောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လိုက်ပါတယ်။

ယခုလိုလှူဒါန်းပေးသည့်မွေးနေ့ရှင် ဒေါ်အေးသောင်းကို မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။


နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူး အချိန်အခါသမယမှာ သွေးမတိတ်ရောဂါရှိညီအစ်ကို မောင်နှမများ နှင့် မိသားစုဝင်များအားလုံး ကိုယ်စ...
31/12/2024

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူး အချိန်အခါသမယမှာ သွေးမတိတ်ရောဂါရှိညီအစ်ကို မောင်နှမများ နှင့် မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေကြောင်း Myanmar Hemophilia Patient Association (MHPA) မှဆုမွန်ကောင်းတောင်းအပ်ပါတယ်။


25/12/2024

❄️ အေးမြတဲ့ဒီဇင်ဘာလမှာ ဆောင်းရာသီရဲ့အငွေ့အသက်တွေနဲ့အတူ ကျရောက်လာမယ့် 🎅ခရစ်စမတ်🎄” အချိန်အခါသမယမှာ....

ကျန်းမာခြင်း ချမ်းသာကြွယ်၀ခြင်း၊ စိတ်ကြည်နူးခြင်းနှင့် ကံကောင်းခြင်းပေါင်းများစွာ ရရှိပိုင်ဆိုင်
နိုင်ကြပါစေလို့ “မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း” မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ
တယ် .🎅🎁 🎄

# myanmarhemophiliapatientassociation

Address

No. 10, Pinlon Housing (1), Shukhinthar Road, 27 Ward, North Dagon Township
Yangon
11421

Telephone

+959444699808

Website

Alerts

Be the first to know and let us send you an email when Myanmar Haemophilia Patient Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myanmar Haemophilia Patient Association:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram