18/02/2025
                                            🍀ဆယ်ကျော်သက် လူငယ်လေးတွေအတွက် ကိုယ်ဝန်ဆောင်ခြင်းဟာသင့်တော့မှု ရှိ/မရှိ လေ့လာသုံးသပ်ကြည့်ရအောင်။
🍀ယနေ့ခေတ်မှာ ဆယ်ကျော်သက်တွေဟာ အသက်အရွယ်အားဖြင့် ရင့်ကျက်မှုမရှိသေးဘဲ ကိုယ်ဝန်ဆောင်နေကြတာကို တွေ့မြင်ရပါတယ်။ အများစုကတော့ မထင်မှတ်ထားဘဲ သူ့အလိုလို ကိုယ်ဝန်ရသွားတတ်ကြတာပါ။ အစီအစဉ်အတကျ ကလေးယူကြမယ်ဆိုရင်တောင် အသက်အရွယ်ဟာ ငယ်ရွယ်သေးတဲ့အတွက် အန္တရာယ်တွေ ရှိနေနိုင်ပါတယ်။
🍀ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်တွေ ရှိနေရခြင်းရဲ့ အကြောင်းပြချက်တွေကတော့
⚠️လိင်အသိပညာနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဗဟုသုတများ မရှိခြင်း၊
⚠️ငယ်ရွယ်သူ ဆယ်ကျော်သက်တွေထံ အသိပညာ အလုံအလောက် မပေးနိုင်ခြင်း၊
⚠️မိသားစု (သို့မဟုတ်) ပတ်ဝန်းကျင်က လက်ထပ်ဖို့ ဖိအားပေးခြင်း၊
⚠️လိင်အကြမ်းဖက် ခံရခြင်း၊
⚠️အိမ်ထောင်ပြုရန် အတင်းအဓမ္မ စေခိုင်းခံရခြင်းနဲ့
⚠️ကျောင်းမနေခဲ့ရခြင်းကြောင့် အသိပညာမစုံလင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
🛑အခြားအကြောင်းအရင်းတွေထဲမှာတော့
🔺အမျိုးသမီးငယ်လေးများထံသို့ သားဆက်ခြားနည်းလမ်းများ၊ 
🔺ဆေးများ မရောက်ရှိခြင်း၊
🔺ဆင်းရဲ မွဲတေခြင်းနဲ့
🔺ဘေးဒုက္ခအန္တရာယ်တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
⛔ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းရဲ့ 
⛔နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့
💢ပညာရေးဆုံးခန်းတိုင်မှု မရှိတော့ခြင်း။
🍀ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျောင်းထွက် (သို့) ထုတ်ခြင်းကို ခံရနေပါတယ်။ သူတို့ထဲက ထက်ဝက်ခန့်သာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်တွေရှိကြပါတယ်။
💚အကြောင်းအရင်းကတော့
ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာများ၊
ကိုယ်ဝန်ဆောင်စဉ် လက္ခဏာများခံစားရခြင်း၊
ပြောင်းလဲလာတဲ့ ဝမ်းဗိုက်အရွယ်အစားနဲ့
ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် ကျောင်းထွက်လာကြရခြင်း ဖြစ်ပါတယ်။
💢ကျန်းမာရေးပြဿနာများ။
🍀အသက်ငယ်ရွယ်နုနယ်စဉ်မှာ ကိုယ်ဝန်ဆောင်ထားရခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ ပိုခံစားရတတ်ပါတယ်။
➡️သွေးပေါင်ချိန်တက်ခြင်း၊
➡️ကိုယ်ဝန်ဆိပ်တက်ခြင်း၊
➡️လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊
➡️ကလေးကိုယ်အလေးချိန်လျော့နည်းခြင်းနဲ့
➡️သွေးအားနည်းခြင်းတွေ ခံစားရတတ်ပါတယ်။
💚မရင့်ကျက်သေးတဲ့ အသက်အရွယ်အရ ကိုယ်ဝန်ဆောင်နေရတာကို ရှက်ရွံ့နေတတ်တာမို့ ကိုယ်ဝန်ကိုလည်း ပုံမှန်မအပ်ကြပါဘူး။ ဒီပြဿနာတွေကို ရှောင်ရှားဖို့ဆိုရင်တော့ ဆရာဝန်နဲ့ ပုံမှန်သွားပြပြီး မှန်ကန်တဲ့ နေထိုင်စားသောက်ပုံမျိုး ရှိဖို့ အထူးလိုအပ်ပါတယ်။ အရက်နဲ့ ဆေးလိပ်ကိုလည်း ရှောင်ရှားသင့်ပါတယ်။
💢စီးပွားရေးယုတ်လျော့ခြင်း။
🍀ပညာရေးဆုံးခန်းမတိုင်ခဲ့ခြင်းကြောင့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို မရှာဖွေနိုင်တော့ပါဘူး။ အလုပ်ကောင်းကောင်းမရှိတဲ့အခါ ဘဝကို ကောင်းမွန်စွာ မရပ်တည်နိုင်တော့လို့ စီးပွားရေးကျပ်တည်းလာပါတယ်။ ဆယ်ကျော်သက်အရွယ် ဖခင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
💢 အိမ်ထောင်ရေးပြဿနာများ။
🍀ဆယ်ကျော်သက် လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ရေးကို စီးပွားရေးအရရော၊ လူမှုရေးအရပါ ကောင်းမွန်စွာ မထိန်းသိမ်းတတ်ကြပါဘူး။ ကလေးတွေကိုလည်း ကောင်းကောင်း မပျိုးထောင်နိုင်ကြပါဘူး။ အိမ်ထောင်ဖက်နှစ်ဦးလုံးဟာ မိမိနဲ့ သက်တူရွယ်တူ လူပျို၊လူလွတ်တွေကိုပဲ အားကျနေတတ်ကြပါတယ်။
💢စိတ်ရောဂါ။
🍀အမေရိကန်နိုင်ငံ စိတ်ပညာရှင်အဖွဲ့အစည်းတွေရဲ့ လေ့လာစမ်းသပ်ချက်များ အရ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သူတွေဟာ စိတ်ကျရောဂါကို ခံစားနေရ တတ်ပါတယ်။ မိမိကိုယ်ကို အပြစ်ရှိတယ်လို့ခံစားနေရပြီး စိတ်ပေါက်ကွဲလွယ်ပါတယ်။ မွေးဖွားလာမယ့် ကလေးအပေါ်ကိုလည်း မနွေးထွေးခြင်း၊ လျစ်လျူရှုထားခြင်းနဲ့ နှိပ်စက် ရိုက်နှက်ခြင်းတွေ ပြုလုပ်တတ်ကြပါတယ်။
💢ကလေးရဲ့ အနာဂတ်ဝေဝါးခြင်း။
🍀ဆယ်ကျော်သက်မိဘတွေဟာ မိမိကိုယ်တိုင် ပညာရေး ဆုံးခန်းမတိုင်တာကြောင့် မိမိကလေးကိုလည်း ကျောင်းထုတ်ပစ်တာမျိုး၊ ကောင်းမွန်စွာ လူလားမြောက်အောင် ပျိုးထောင်မပေးနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ သုတေသနတစ်ခုအရ ဆယ်ကျော်သက်အမေက မွေးလာတဲ့ သမီးမိန်းကလေးဟာ ကြီးပြင်းလာတဲ့အခါမှာ ဆယ်ကျော်သက်အရွယ်မှာတင် စောစီးစွာ ကိုယ်ဝန်ဆောင်တတ်ကြပြီး သားယောကျ်ားလေးဆိုရင်တော့ ပြစ်မှုတွေ ကျူးလွန်တတ်ကြတယ်လို့ ဆိုထားပါတယ်။
💯ဆယ်ကျော်သက်လူငယ်တွေ ကိုယ်ဝန်ဆောင်မိခဲ့တယ် ဆိုရင်တော့ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။
🔴ဒီလို အချိန်မှာ အဓိဟာ ငွေပါ။ အိမ်ငှားရမ်းရန်၊ ကိုယ်ဝန်အပ်ရန်၊ စားဝတ်နေရေးနဲ့ ကလေးရဲ့ အသုံးအဆောင်တွေအတွက် ငွေစုရပါမယ်။ ပိုက်ဆံစစုပါ။ အရင်ကလို ကလေးမဟုတ်တော့တဲ့အတွက် ရင့်ကျက်သင့်ပါပြီ။ ရနိုင်သမျှ ဝင်ငွေလမ်းကြောင်းတွေကနေ ပိုက်ဆံကို ရတတ်သမျှ စုဆောင်းပါ။
🟠 ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ အကြောင်း နားစွင့်ပါ။ Discount ချတဲ့အချိန်မှာ လိုအပ်တာကို ဝယ်ယူထားပါ။
🟡 မလိုအပ်ဘဲ ပိုက်ဆံမသုံးပါနဲ့။ လူပျို လူလွတ် အချိန်က သွားခဲ့တဲ့ လက်သည်းခြေသည်းဆိုင်၊ အလှပြင်ဆိုင်တွေကို မသွားပါနဲ့တော့။
🟢 Brand (အကောင်းစားတံဆိပ်)တွေ မဝယ်တော့ဘဲ သက်သာတဲ့အရာတွေနဲ့ လဲလှယ်အသုံးပြုပါ။
🔵 အတတ်ပညာတစ်ခုခုကို အခွင့်အရေးရရင် ရသလို လေ့လာဆည်းပူးပါ။ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု ဖြစ်လာနိုင်လို့ပါ။
🟣 ကိုယ်ဝန်ပုံမှန် အပ်ဖို့ကတော့ အရေးအကြီးဆုံးပါပဲနော်။
Whatup_Viber_Telegram_FbChatbox စတာတွေကနေဆက်သွယ်မှာယူနိုင်တဲ့ အပြင် လူကြီးမင်းဆို့ရဲ့ Privacy ကိုပါ လုံးဝမပေါက်ကြားစေနိုင်အောင် Feedback များလုံးဝလိုင်းပေါ်မတင်ပါဘူးနော်!!!
Kbzpay/Wavepay/CbBanking/AyaBanking/KbzBanking စတဲ့ Payment တွေနဲ့လည်းငွေပေးချနိုင်တဲ့အတွက် လုံးဝကိုစိတ်ချယုံကြည်နိုင်ပါပြီနော်√√√
✓အမြန်ဆုံးစဉ်းစား__အမြန်ဆုံးဆုံးဖြတ်✓
✓✓✓အမြန်ဆုံးပြေးဝယ်လိုက်တော့နော်✓✓✓                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  