Sayarma Thet Htar Han

Sayarma Thet Htar Han မဟာဘုတ်ဗေဒင်
09971992148 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်🥰
Viber phone - 0943144753

အခုလို review လေးတွေကြောင့် အမောတွေပြေဆရာမရဲ့ အစီမံတွေကြောင့် အဆင်ပြေလာပြီ ကြားသိရတာ အရမ်း ဝမ်းသာရပါတယ်
14/02/2025

အခုလို review လေးတွေကြောင့် အမောတွေပြေ
ဆရာမရဲ့ အစီမံတွေကြောင့် အဆင်ပြေလာပြီ ကြားသိရတာ အရမ်း ဝမ်းသာရပါတယ်

ဒီရက်ပိုင်းမှာ page ကို ပစ်ထားသလိုဖြစ်သွားတယ် ကျန်းမာရေးကြောင့်ရော မအားလပ်တာတွေကြောင့်ရောပေါ့ 😌ဗေဒင်လာမေးတဲ့ သူတွေ ကို တ...
28/01/2025

ဒီရက်ပိုင်းမှာ page ကို ပစ်ထားသလိုဖြစ်သွားတယ် ကျန်းမာရေးကြောင့်ရော မအားလပ်တာတွေကြောင့်ရောပေါ့ 😌
ဗေဒင်လာမေးတဲ့ သူတွေ ကို တော့ နေ့တိုင်းလိုလို ကြည့်ပေးဖြစ်ပါတယ်🥰
ကျမဆီမှာ ဗေဒင်မေးပြီး အဆင်ပြေကြတယ် တိုက်ဆိုင်ကြတယ် ဗေဒင်ဟောတာ အရမ်းမှန်ပါတယ်ဆိုတဲ့ စကားလေးတွေကြားရလို့လည်း အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်😍
ကျမနဲ့ ဗေဒင်မေးချင်ရင် 0943144753 viber မှာ မွေးသက္ကရာဇ်လေးပေးထားပြီး မေးလို့ရပါတယ်ရှင့် 🙏
09971992148 ဖုန်းကိုလည်းဆက်သွယ်လို့ရပါတယ်ရှင့် 🙏
၇ ရက်သားသမီးများအားလုံး ဘေးဥပါဒ်အန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေရှင့် 🙏

လောကမှာ လူရယ်လို့ဖြစ်လာရင် လောကဓံကိုကြုံရမှာ မလွဲသေချာပါ ကြုံလာရမယ့် လေကဓံကို ခံနိုင်ဖို့က ကံ ညဏ် ဝီရိယ လိုပါတယ်ကျမတို့ရ...
17/12/2024

လောကမှာ လူရယ်လို့ဖြစ်လာရင် လောကဓံကိုကြုံရမှာ မလွဲသေချာပါ ကြုံလာရမယ့် လေကဓံကို ခံနိုင်ဖို့က ကံ ညဏ် ဝီရိယ လိုပါတယ်

ကျမတို့ရဲ့ဗေဒင်ပညာဟာ ညဏ်နဲ့ဆိုင်ပါတယ် တစ်ချို့ကိစ္စတွေမှာ သေချာပေါက်ဖြစ်ရမယ် အောင်မြင်ရမယ်လို့တွေးထားပြီး မဖြစ်လာတာမျိုး မအောင်မြင်လာတာမျိုးတွေကြုံရတတ်ပါတယ် အဲဒါမျိုးတွေ မကြာခဏ ကြုံလာရတဲ့အခါ ဘဝကို အရှုံးပေးရမလိုတွေဖြစ်လာတတ်ပါတယ်
အဲဒါမျိုးကို ကျမတို့ဗေဒင်ပညာဖြင့်ညဏ်ကူပြီး ကယ်လို့ရပါတယ်

ကျမတို့လူသားတွေရဲ့ ကံကြမ္မာကို လောကဓံ ၈ ပါးလို့ခေါ်တဲ့ ဂြိုဟ်စားသက်ရောက်ဟောဗေဒင်ပညာဖြင့် ကြိုတင်ဟောကိန်းထုတ် ကယ်တင်နိုင်ပါတယ်

မိမိတိုးအခုရောက်ရှိနေတဲ့အသက်အပိုင်းအခြားအလိုက် အဆိုးထဲမှာလား အကောင်းထဲမှာလားကို ဂြိုဟ် ၈ ခွင်က ဟောပြပေးနိုင်ပါတယ်

ဂြိုဟ် ၈ ခွင်က တစ်နှစ်မှာ တစ်ခါပြောင်းတာကြောင့် ဗေဒင်ကို တစ်နှစ် တစ်ခါ အနည်းဆုံး မေးသင့်ပါတယ် အရေးကြီးတဲ့သူများ ဥပမာ ရေရှည်နာမကျန်းဖြစ်နေသူများ လုပ်သမျှအဆင်မပြေသူများ ပညာရေး နိုင်ငံခြားရေး စတာတွေအတွက် ၆ လ တစ်ကြိမ်လောက်မေးသင့်ပါတယ်

ဂြိုဟ် ၈ ခွင်ထဲမှာ ညံ့တဲ့နှစ် ၃ နှစ်ရှိပါတယ် အဲဒီနှစ်တွေကို လူတိုင်းဖြတ်သန်းကြရပါတယ် ညံ့တဲ့နှစ်တွေမရောင်ခင်ကတည်းက ဗေဒင်မေးမြန်းပြီး ဗေဒင်ဆရာညွှန်ကြားတဲ့အတိုင်း မလုပ်သင်တဲ့စီးပွားအသစ်တွေမလုပ်ဖြစ်တာမျိုး မသွားသင့်ဘူးလို့ပြောတဲ့ ခရီးကို မသွားတာမျိုးတွေ ပြုလုပ်ရပါမယ်
အဲသလိုမှမဟုတ်ပဲ ညံ့တဲ့နှစ်ရောက်မှန်းမသိပဲ လုပ်ငန်းတွေတိုးချဲ့မိတာမျိုး မသွားသင့်တဲ့ခရီးသွားလာမိတာမျိုး ကားမဝယ်သင့်ပဲ ဝယ်မိတာမျိုး စတာတွေလုပ်မိလို့ လူလိမ်ခံရတာတွေ ခရီးသွားရင်းထိခိုက်ဒဏ်ရာရတာမျိုးတွေ စသဖြင့်အသေးအဖွဲ့မှစ၍ စီးပွားဥစ္စာကုန်သည်အထိဖြစ်သွားနိုင်ပါတယ်

ဂြိုဟ် ၈ ခွင်ရဲ့ကောင်းတဲ့နှစ်တွေမှာ ဘယ်လိုနေထိုင်ရမယ် ဘယ်လိုနေ့နာမ်တွေနဲ့တွဲလုပ်ရမယ် ဘယ်လိုနေ့မျိမှာ လုပ်ငန်းစရမယ် ဘယ်လိုနေ့မျိုးမှာအရေးကြီးကိစ္စမဆောင်ရွက်ရ စတာတွေကို ဗေဒင်ပညာက ဟောပြပေးမှာဖြစ်ပါတယ် အဲဒါကြောင့် မိမိတို့ရဲ့ ကံကြမ္မာ အဆိုး အကောင်း အကျိုးအကြောင်းတွေကိုကြိုတင်သိရှိ၍ မိမိတို့ရဲ့ ဘဝပန်းတိုင်ကို အန္တရာယ်ကင်းစွာရောက်ရှိနိုင်အောင် ဗေဒင်ကို တစ်နှစ်မှာ တစ်ခါ အနည်းဆုံးမသင့်ပါတယ်လို့ အကြုံလိုက်ရပါတယ် 🙏🙏🙏

ဆရာမ သက်ထားဟန်
၀၉၉၇၁၉၉၂၁၄၈ ကိုဆက်သွယ်၍ ဗေဒင်မေးမြန်းနိုင်ပါတယ်ရှင့်

ဘယ်လို အချက်တွေကြောင့် ဗေဒင်မေးသင့်သလဲဗေဒင်ကို ဘာဖြစ်လို့ကြည့်သင့်သလဲဗေဒင်ကို ဘယ်နှစ်လကြာရင် တစ်ခါမေးသင့်သလဲစတဲ့ အကြောင်...
16/12/2024

ဘယ်လို အချက်တွေကြောင့် ဗေဒင်မေးသင့်သလဲ
ဗေဒင်ကို ဘာဖြစ်လို့ကြည့်သင့်သလဲ
ဗေဒင်ကို ဘယ်နှစ်လကြာရင် တစ်ခါမေးသင့်သလဲ
စတဲ့ အကြောင်းအရာလေးတွေကို မနက်ဖန်မှာ ဗဟုသုတအဖြစ် ပြောပြပေးပါမယ် 🥰🥰🥰

ဒီနေ့မှာတော့ စနေသားသမီးတွေရဲ့ စိတ်နေသဘောထားနဲ့ ဆောင်ရန်ရှောင်ရန်များကိုပြောပြပါမယ်🥰စနေသားသမီးတွေရဲ့ဘဝဟာ အခက်ခဲမျိုးစုံ အ...
08/12/2024

ဒီနေ့မှာတော့ စနေသားသမီးတွေရဲ့ စိတ်နေသဘောထားနဲ့ ဆောင်ရန်ရှောင်ရန်များကိုပြောပြပါမယ်🥰

စနေသားသမီးတွေရဲ့ဘဝဟာ အခက်ခဲမျိုးစုံ အပြိုင်ဆိုင်မျိုးစုံ အနှောင့်ယှက်မျိုးစုံနဲ့ကြံုဆုံရတတ်ပါတယ် ကိုယ့်ကိုကိုယ် ကံကောင်းလိုက်တာလို့ တစ်ခါမှမခံစားဖူးကြတဲ့ သူများလည်းဖြစ်ပါတယ် 😌
စနေသားသမီးအများစုဟာ အသက်ငယ် အသက်အလတ်ပိုင်းတွေမှာ သိပ်မအောင်မြင်နိုင်ကြပါဘူး
လူလတ်ပိုင်း အရွယ်တွေမှာ မိမ်ယုံကြည်ရသူများရဲ့ သစ္စာဖောက်မှုဒဏ်ကို အလူးအလဲခံကြရပါတယ်
နောက်ကျောကို ဓားနဲ့ထိုးသူများနဲ့လည်းများစွာကြုံခဲ့ကြရပြီး ဘဝရဲ့သက်လတ်ပိုင်းအရွယ်တွေကို စိတ်နာကြည်းမှုများစွာနဲ့ ဖြတ်သန်းလာခဲ့ကြရပါတယ်
အဲဒီရဲ့ သင်ခန်းစာတွေကြောင့်ပဲ အသက်အရွယ်ကြီးလာတဲ့အခါမှာ အောင်မြင်မှာရတတ်တဲ့သူတွေဖြစ်ပါတယ်🥰
စနေသားသမီးတွေရဲ့အတိတ်ဟာ ဝမ်းနည်းစရာများစွာရှိနေတတ်ကြပါတယ် မိမိနဲ့သိတဲ့ စနေသားသမီးတစ်ယောက် အောင်မြင်နေပြီလို့ သင်မြင်နေရပြီဆိုရင် သူ့ကိုမေးကြည့်ပါ သူရဲ့အတိတ်ဟာ ဝမ်းနည်းကြေကွဲစရာများနဲ့ပြည့်နှက်နေခဲ့မှာ မလွဲဧကန်ပါ
စနေသားသမီးတွေဟာ မိမိခိစ်မိတဲ့သူအပေါ် အချစ်စစ်တွေ ပေးပေမယ့် ပြန်ရရှိတာက လှည့်စခံခဲ့ရမှု သက်သက်ဖြစ်နေတတ်ကြပါတယ် 😪
အဲဒီတော့ စနေသားသမီးများကိုမှာချင်တာက ဘယ်လိုလူမျိုးနဲ့မဆို ကိုယ်ပေါင်းစိတ်ခွာ နေပေးပါလို့ပြောချင်ပါတယ်😌

စနေသားသမီးများတွက် ဆောင်ရန်ရှောင်ရန်လေးတွေကိုပြောပြပါမယ်🥰

စနေသားသမီးတွေဟာ သောကြာဂြိုလ်ခိုက်ပါတယ်
သောကြာဂြိုလ်ရဲ့သဘောသဘာဝက ခရီး လှုပ်ရှား စကားဖြစ်ပါတယ်
အဲဒီတော့ စနေသားသမီးတွေဟာ စကားပြောရင် ရိုင်းရိုင်းစိုင်းစိုင်းပြောမယ် အဆီအငေါ်မတည့်တာတွေပြောမယ် ဒုတ်ထိုးအိုးပေါက် လူများလက်မခံနိုင်အောင်ပြောမယ် မလိုလားအပ်တဲ့ ခရီးတွေသွမယ် ဂတ်မတည်တာမျိုးတွေလုပ်မယ်ဆိုရင် သူရဲ့ နဝင်းဂြိုလ်ဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုလ်ပျက်ပါမယ်
ဗုဒ္ဓဟဂြိုလ်က လူကို ကိုယ်စားပြုတာကြောင့် ဗုဒ္ဓဟူးဂြိုလ်ပျက်တာနဲ့ လူအများရဲ့ယုံကြည်မှုမရတော့ပဲ မြင်တဲ့လူတိုင်းက‌မ‌ပြောချင်မခေါ်ချင်‌ေတာ့တာမျိုး ကိုယ့်အကြောင်းမကောင်းပြောတဲ့လူများလာမယ် ပါတ်ဝန်းကျင်ရဲ့လေးစားမှု မခံရတာမျိုး လူအများရဲ့ ရှောင်ဖယ်ခြင်းခံကြရပါမယ် အဲဒီအခါမှာ မိမိရဲ့ မူလတိုင်ဖြစ်တဲ့ စနေဂြိုလ်ပျက်ပါမယ်
စနေဂြိုလ်ရဲ့ သဘောသဘာဝက ဂုဏ်သတင်း ထင်ပေါ်မှုကို ကိုယ်စားပြုတာကြောင့် မိမိရဲ့ ဂုဏ်တွေ ထင်ပေါ်မှုတွေ ပျက်စီးပြီး ဘဝမှာ ပင်ပန်းဆင်းရဲမှုများနဲ့ နေထိုင်သွားကြရမှာဖြစ်ပါတယ်

အဲဒီတော့ စနေသားသမီးတွေဟာ

စကားပြောတဲ့အခါမှာ မှန်ကန်တဲ့စကား တည်ကြည်တဲ့စကားမျိုးကို ချိုသာစွာပြောမယ် လှုပ်ရှားမှုတွေ နှူးညံ့ညင်သာမယ် ကောင်းမွန်တဲ့ခရီးကိုမှ ရွေးသွားမယ် မလိုလားအပ်ပဲ ခရီးသွားတာမျိုးရှောင်မယ် ဆိုရင် နဝင်းဂြိုလ်ကောင်းလာပြီး လူရိုသေရှင်ရိုသေဖြစ်လာမယ် ပါတ်ဝနကျင်ရဲ့လေးစားမှုကိုရမယ် လူတွေရဲ့ချစ်ခင်ခြင်းကိုခံရမယ် လူတွေရဲ့ချီးမြှောက်ခြင်းကိုရမယ် လူက‌ဘုန်ကြီးလာပြီး ကောင်းမွန်တဲ့အကျိုးတရားတွေရရှိလာမှာဖြစ်ပါတယ် 🥰
နဝင်းဂြိုလ်ကောင်းလာတာနဲ့အမျှ စနေသားသမီးတွေရဲ့ မူလဂြိုလ်ဖြစ်တဲ့ စနေဂြိုလ်ဟာ ကောင်းလာပြီး ကိုယ့်စကားကြားလိုက်ကြတာနဲ့ အပြီးဆိုတာမျိုးဖြစ်သွားနိုင်ပြီး ဘဝမှာ သေတဲ့အထိ ဂုဏ်သတင်းကျောဇောမယ့်သူများဖြစ်ပါတယ် 😍

စနေသားသမီးများ အောင်မြင်စေရန်
ရွက်လှ ၁၇ ညွန့် ဘုရားလှူပါ
ရှယ် လက်ဖက်ရည် ဆွမ်း ကပ်လှူပါ
မိမိထက် အသက်ကြီးသူများကို လက်ဖက်ရည် တိုက်ပါ

စီးပွားရေးနဲ့ ငွေကြေးအဆင်ပြေစေရန်
အုန်း ၆ညွန့် ဘုရားလှူပါ
အုန်းနို့ခေါက်ဆွဲဆွမ်း ကပ်လှူပါ

အချစ်ရေး အ‌ဆင်ပြေစေရန်
မေမြို့ပန်း ၁၉ ဘုရားလှူပါ
ပေါင်မုန့်ဆွမ်းကပ်လှူပါ
မိမိချစ်နေသူအား ပဲပေါင်မုန့်ကျွေးပါ

စနေသားသမီးများ စိတ်ချမ်းသာ ၍ ဂုဏ်သတင်းမွှေးပျံ့နိုင်ကြပါစေရှင် 🙏🙏🙏

ဆရာမ သက်ထားဟန်
၀၉၉၇၁၉၉၂၁၄၈ ကို ဆက်သွယ်၍ ဗေဒင်မေးမြန်းနိုင်ပါတယ်ရှင် 😍

ဒီနေ့မှာ သောကြာသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆောင်ရှောင်ရန်များကို ဗဟုသုတအဖြစ် ပြောပြပါမယ် 🥰သောကြာသားသမီးတွေဟာ ရည်းမှန်...
07/12/2024

ဒီနေ့မှာ သောကြာသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆောင်ရှောင်ရန်များကို ဗဟုသုတအဖြစ် ပြောပြပါမယ် 🥰

သောကြာသားသမီးတွေဟာ ရည်းမှန်းချက်အတွက် စိတ်ရှည်သည်းခံတတ်သူများဖြစ်ပါတယ် မာနကြီးတယ်ထင်ရတဲ့ သောကြာသားသမီးတွေဟာ ကိုယ်ခင်မင်တဲ့ လူတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆို ဆက်ဆံနေတတ်ကြပါတယ် 🥰
လွတ်လပ်ပေါ့ပါးစွာ နေထိုင်ချင်သူတွေဖြစ်ကြသလို စိတ်ထင်ရာလုပ်ချင်သူများလည်း ဖြစ်ကြပါတယ်

တစ်ခါတစ်လေမှာ ပျော်ရွှင်မြူးတူးနေတဲ့ပုံပေါက်နေပေမယ့်လည်း တစ်ခါတစ်လေမှာ အေးအေးဆေးဆေး တစ်ယောက်တည်း ဆွေးဆွေးလေး နေတတ်သူများဖြစ်ကြပါတယ်😌
စိတ်ညစ်စရာ ဒေါသထွက်စရာများကိုလည်း တစ်ယောက်ထဲပဲ တွေးတော ခံစားနေကြသူများဖြစ်ပါတယ် ရှူးရှူးရှဲရှဲ မလုပ်တတ်ကြပါဘူး
မိသားစုအပေါ်အနစ်နာခံတတ်သူများဖြစ်ပြီး ဘဝကိုရင်ဆိုင်ရာမှာလည်း ရဲရင့်သူများဖြစ်ပါတယ်

အချစ်ရေးနဲ့ပက်သက်ရင် အမြဲ ကံညံ့နေတယ်လို့ စိတ်ထဲ ထင်မှတ်နေသူများဖြစ်ပါတယ် သောကြာသားသမီးများ အနားကိုရောက်လာတဲ့သူတွေဟာ မိမိဆီက တစ်ခုခုလိုချင်လို့ အနားကိုရောက်လာသူတွေဖြစ်ပါတယ် အဲသလို လူမျိုးများနဲ့ မကြာခဏတွေ့ရဖန်များလာတဲ့အခါမှာ သောကြာသားသမီးတွေဟာ ကိုယ့်ဟာကိုယ် ကံမကောင်းတဲ့သူဟု ထင်မှတ်မှားစေပါတယ်
သောကြာသားသမီးတွေဟာ အချစ်ကိုဦးစားမပေးသင့်တဲ့သူတွေဖြစ်ပါတယ် အချစ်ဦးနဲ့လည်း အလွဲကြီး လွဲတတ်သူများဖြစ်ပါတယ်
အသက်ကြီးတဲ့ အရွယ်မှ အိမ်ထောင်ပြုသင့်ပါတယ်

သောကြာသားသမီးတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပါမယ် 🥰

သောကြာသားသမီးတွေဟာ ကြာသပတေးဂြိုလ်ခိုက်ပါတယ်
ကြာသပတေးဂြိုလ်က ပညာ အတွေးအခေါ် အပျော်အပါးကို ကိုယ်စားပြုပါတယ်
အဲဒီတော့ သောကြာသားသမီးတွေဟာ အပျော်ပါး လောင်းကစားမက်မယ် ပညာအတွေးအခေါ်မှာအားနည်းတာမျိုး ပညာတတ်ဖြစ်ပေမယ့် တယူသန် တစ်ဇောက်ထိုးဖြစ်နေတာမျိုး အတွေးအခေါ် တစ်ဖက်စွန်းရောက်နေတာမျိုး လူအများနဲ့ ဆန်ကျင်ဖက်နေမယ်ဆိုရင် သူ့ရဲ့ နဝင်းဂြိုလ်ဖြစ်တဲ့ အဂ်ါဂြိုလ် ပျက်ပါတယ်
အဂ်ါဂြိုလ်ရဲ့သဘောသဘာဝက စိတ် ခံစားမှုကိုကိုယ်စားပြုပါတယ်
အဂ်ါဂြိုလ်ပျက်တဲ့အခါမှာ စိတ်နှလုံးပျက်မယ် စိတ်ပိုင်းဆိုင်ရာတွေအားနည်းလာမယ် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ခဏခဏ ကြုံရမယ် နောက်ဆုံးမှာ ရူးသွားနိုင်ပါတယ် 😪
အဲဒီအခါမှာ မိမိရဲ့ မူလဖြစ်တဲ့ သောကြာဂြိုလ်ပျက်ပါမယ်
သောကြာဂြိုလ်ပျက်တာနဲ့ မိမိပြောသမျှစကား ဘာမှ အရာမဝင်တော့ပါဘူး လုပ်သမျှအဆင်မပြေတော့ပါဘူး
အဲဒီတော့ သောကြာသားသမီးတွေဟာ ဆရာကောင်းသမားကောင်း မိတ်ကောင်းဆွေကောင်းများနဲ့ ရင်းရင်းနှီးနှီးနေမယ် အပျော်ပါး လောင်းကစား ရှောင်မယ် လူအများနဲ့ အလိုက်တသင့်လေးနေမယ် မိသားစုနဲ့ သင့်သင့်မြတ်မြတ်နေပြီး သေသေချာချာတွေးတောကြံဆကြမယ်ဆိုရင် နဝင်းဂြိုလ်ကောင်းလာပြီး စိတ်ချမ်းသာရမယ် စိတ်နှလုံးပျော်ရွှင်ရမယ် စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းမှကင်းလာမယ်
နဝင်းဂြိုလ်ကောင်းတာနဲ့ မိမိရဲ့ မူလ သောကြာဂြိုလ်ကောင်းလာပြီး စကားပြောတည်ကြည်လာမယ် မိမိပြောသမျှအားလုံးကလက်ခံမယ် အရာရာကိုယ်ြစကားနဲ့ ပြီးမြောက်အောင်မြင်လာမယ်

သောကြာသားသမီးများအောင်မြင်စေရန်
ဇော်စိမ်း ၈ ညွန့် ဘုရားကပ်လှူပါ
ဆီထမင်းဆွမ်းကပ်ပါ

စီးပွားရေးနဲ့ ငွေကြေးအဆင်ပြေစေရန်
ဒါန်း ၁၀ ညွန့် ဘုရားလှူပါ
ထောပါတ်ထမင်း ဆွမ်းလှူပါ

အချစ်ရေးအဆင်ပြေစေရန်
ရွက်လှ ၁၇ ဘုရားလှူပါ
လက်ဖက်သုပ်ဆွမ်း ကပ်လှူပါ

သောကြာသားသမီးများစိတ်ချမ်းမြေ့ပျော်ရွှင်ချမ်းသာကြပါစေ 🙏🙏🙏

ဆရာမ သက်ထားဟန်
၀၉၉၇၁၉၉၂၁၄၈ သို့ ဆက်သွယ်၍ ဗေဒင်မေးမြန်းနိုင်ပါတယ်ရှင်

ဒီနေ့မှာတော့ ကြာသပတေးတွေရဲ့ စိတ်နေသဘောထားနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပါမယ် 🥰ကြာသပတေးသားသမီးတွေဟာ ဦးဆောင်ချင်စိတ်အပ...
06/12/2024

ဒီနေ့မှာတော့ ကြာသပတေးတွေရဲ့ စိတ်နေသဘောထားနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပါမယ် 🥰

ကြာသပတေးသားသမီးတွေဟာ ဦးဆောင်ချင်စိတ်အပြည့်ရှိသူတွေဖြစ်တဲ့အတွက် ခေါင်းဆောင်ကောင်းဖြစ်လာမယ့်သူတွေလို့ သတ်မှတ်ရပါမယ်🥰 ငယ်စဉ်အခါမှာ မိဘတွေရဲ့ မပြေလည်မှုတွေကြောင့် စိတ်ဆင်းရဲ ပင်ပန်းခဲ့ရပြီး မိသားစုရဲ့ဒဏ်ကိုခံခဲ့ရတဲ့သူတွေလည်းဖြစ်ပါတယ်😌

အများအကျိုးသယ်ပိုးလိုစိတ်ရှိသူတွေဖြစ်သလို မိသားစုမှာလည်း အားကိုး အားထားရတဲ့သူတေဖြစ်ပါတယ် လိုချင်တာ ဖြစ်ချင်တာတွေကို မရမကယူတတ်တဲ့သူတွေလည်းဖြစ်ပါတယ် အကြောင်းအရာ တစ်ခုခုကိုလည်း တွေးပြီး စိတ်ပူပန်နေကြသူများလည်းဖြစ်ပါတယ် ဦးဆောင်ချင်တဲ့စိတ် သူများနောက်လိုက် မလုပ်ချင်တဲ့စိတ် ရှိသူတွေဖြစ်တာကြောင့် သူများဝန်ထမ်းမလုပ်သင့်ပါဘူး ကိုယ်ပိုင်လုပ်ငန်းများနဲ့ သင့်တော်သူတွေဖြစ်ပါတယ် 🥰
အသက်အရွယ်ကြီးလာတာနဲ့အမျှ ချမ်းချမ်းသာသာ နေနိုင်မယ့်သူတွေလည်းဖြစ်ပါတယ် 🥰

အချစ်ရေးနဲ့ပက်သက်ရင်တော့ ပေးဆပ်သူသက်သက် ဖြစ်နေတတ်ကြပါတယ်
အချိန်ပြည့် ဂရုစိုက်ချစ်ပေးနေချင်သူတွေ ဖြစ်တာကြောင့် တစ်ဖက်လူကို အနေရခက်စေပါတယ်
ကြာသပတေးသားသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မပြုသင့်ပါဘူး အသက်ကြီးမှ အိမ်ထောင်ပြုသင့်ပါတယ်
ဘာဖြစ်လို့လဲဆိုရင် ချစ်သူရည်းစားဘဝမှာ ကတည်းက ကိုယ်ကပဲ ဦးဆောင်ရမှာကြောင့်ပါ။

ကြာသပတေးသားသမီးတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပါမယ် 🥰

ကြာသပတေးသားသမီးတွေဟာ ဗုဒ္ဓဟူးဂြိုလ် ခိုက်ပါတယ် ဗုဒ္ဓဟူးဂြိုလ်ရဲ့သဘောသဘာဝက လူကို ကိုယ်စားပြုတာကြောင့် ကြာသပတေးသားသမီးတွေဟာ လူတွေပေါ်မှာ အနိုင်ယူချင်တာမျိုး လူမှုပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတာမျိုး အနွံ့တာမခံချင်တာမျိုး မိမိကပဲ အသာစီးရချင်တာမျိုးတွေပြုမှုကြမယ်ဆိုရင် မိမိရဲ့ မွေးနံတိုင်ပျက်ပါမယ် မွေးနံတိုင် ကြာသပတေးဂြိုလ်ရဲ့ သဘောသဘာဝက ပညာညဏ်နဲ့ အတွေးခေါ် ဆုံးဖြတ်ချက်ကို ကိုယ်စားပြုတာကြောင့် ပညာမဲ့တဲ့အပြုမူမျိုးတွေ ပြုလုပ်လာမယ် အတွေးအခေါ်တွေမှားလာမယ် ဆုံးဖြတ်ချက်တွေလွဲချော်လာမယ် အဲသလိုမျိုးတွေဖြစ်လာပြီဆိုရင် နဝင်းမှာရှိနေတဲ့ တနလ်ာဂြိုလ် ( ငွေဂြိုလ် ) ပျက်ပါမယ် အဲဒီအခါမှာ ကြာသပတေးသားသမီးတွေဟာ ဘဝမှာ ငွေ ကြေးနဲ့ ပက်သက်ပြီး အမြဲပူပန်နေရပါမယ် သေတဲ့နေ့အထိ ငွေအပူများမိနေရတတ်ပါတယ်

အဲဒီတော့ ကြာသပတေးသားသမီး အားလုံးဟာ မိမိတို့ရဲ့ခိုက်မှာရှိနေတဲ့ ဗုဒ္ဓဟူးဂြိုလ်ရဲ့သဘောသဘာဝကို ကောင်းအောင်
လူတွေအပေါ်အနစ်နာခံတာမျိုး ပေဆပ်တာမျိုး လူတွေကိုသည်းခံတာမျိုးတွေ ပြုလုပ်ကြမယ်ဆိုရင် မိမိတို့ရဲ့ မူလဂြိုလ်ဖြစ်တဲ့ ကြာသပတေးဂြိုလ် ကောင်းလာပြီး ပညတွေကောင်းလာမယ် အတွေးအခေါ် ဆုံးဖြတ်ချက်တွေမှန်လာမယ် အဲဒီအခါမှာ နဝင်းဂြိုလ်ဖြစ်တဲ့ တနလ်ာဂြိုလ်ကောင်းလာပြီး ငွေရေးကြေးရေး အထူးကံကောင်းလာပါမယ် ငွေကိုလွယ်လင့်တကူ ရရှိနိုင်ပြီး ဘဝရဲ့ပြည့်စုံချမ်းသာမှာကို ရရှိလာမှာဖြစ်ပါတယ် ဘဝရဲ့နောက်ဆုံးအချိန်ထိ ငွေအတွက်မပူပန်ရပဲ ချမ်းသာကြမယ့်သူတွေဖြစ်ပါတယ်😱

ကြာသပတေးသားသမီးတွေ အောင်မြင်စေရန်

ငွေပန်း ဘုရားလှူပါ
ကိတ်မုန်းဆွမ်းကပ်ပါ

စီးပွားရေး နဲ့ ငွေဝင်စေရန်
သီဟို ၂၁ ညွန့် ဘုရားလှူပါ
သစ်သီးဆွမ်းကပ်ပါ

အချစ်ရေး အဆင်ပြေစေရန်
ဇော်စိမ်း ၈ ညွန့် ဘုရားလှူပါ
ဇီးဖျော်ရည် ဘုရားကပ်လှူပါ
ကြာသပတေးသားသမီးတွေ ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေရှင် 🙏🙏🙏

ဒီနေ့မှာဗုဒ္ဓဟူးသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆောင်ရန်ရှောင်တွေကိုပြောပြပါမယ်🥰ဗုဒ္ဓဟူးသားသမီးတွေဟာ အေးဆေးစွာနေတတ်ပေမယ့်...
05/12/2024

ဒီနေ့မှာဗုဒ္ဓဟူးသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆောင်ရန်ရှောင်တွေကိုပြောပြပါမယ်🥰

ဗုဒ္ဓဟူးသားသမီးတွေဟာ အေးဆေးစွာနေတတ်ပေမယ့် စိတ်ကြီးတဲ့သူများဖြစ်ကြပါတယ် အပေါင်းအသင်း သူငယ်ချင်းများနဲ့ ပျော်ပျော်နေတတ်ပြီး အစအနောက်သန်သူများလည်းဖြစ်ပါတယ် 😁

မိမိစိတ်ပါတဲ့ကိစ္စများကို အောင်မြင်အောင်လုပ်သလောက် မိမိ စိတ်မပါဘူးဆိုရင် အောက်ဆုံးထိလက်လျှော့ထားကြသူများဖြစ်ပါတယ် စိတ်ဆန္ဒကိုဦးစားပေးတတ်သူများဖြစ်ပါတယ် ဂရုစိုက်မှုခံချင်သူများလည်းဖြစ်ပါတယ် ဟာသညဏ်ရွှင်သူများဖြစ်ပါတယ်🥰

ပညာရေး စီးပွားရေးနဲ့ အချစ်ရေးတို့မှာ အားနည်းမှုတွေရှိကြပါတယ်
သူတစ်ပါးအပေါ်အားနာတတ်ကြပါတယ်
ဂီတဝါသနာပါသူများလည်းဖြစ်ပါတယ်
အချစ်ကိုရူးသွပ်စွာ ကိုးကွယ်သူတွေထဲမှာ ဗုဒ္ဓဟူးသားသမီးတွေ မပါဝင်ပါဘူး
စကားနည်းတယ်ထင်ရပေမယ့် စကားအလွန်များသူများလည်းဖြစ်ပါတယ်🥰

ဗုဒ္ဓဟူးသားသမီးတွေရဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပါမယ် 😍

ဗုဒ္ဓဟူးသားသမီးတွေရဲ့မွေးနံတိုင်မှာ အဂ်ါဂြိုလ်ခိုက်ပါတယ် အဂ်ါဂြိုလ်က စိတ်ခံစားမှုကို ကိုယ်စားပြုပါတယ်
အဲတော့ ဗုဒ္ဓဟူးသားသမီးတွေဟာ ယှဉ်ပြိုင်ချင်တဲ့စိတ် သူများအပေါ်အနိုင်လိုချင်တဲ့စိတ် ဒေါသမထိန်းနိုင်တဲ့စိတ် စိတ်ဆိုး စိတ်ကောက် စတဲ့ အဂ်ါဂြိုလ်ရဲ့ သဘောသဘာဝတွေကို ပြုမူနေထိုင်မယ်ဆိုရင် ဗုဒ္ဓဟူးဂြိုလ်ရဲ့ နဝင်းဖြစ်တဲ့ တနဂ်နွေဂြိုလ်ပျက်ပါတယ်
တနဂ်နွေဂြိုလ်ရဲ့ သဘောသဘာဝက အိုးအိမ် အိမ်ထောင်အုပ်စု ဖြစ်တာကြောင့် မိမိအိမ်ထောင်ဖက်နဲ့ အဆင်မပြေတာမျိုး အိမ်ထောင်ဖက်အကောင်းမရတာမျိုး အိုးအိမ်ကောင်းနဲ့ မနေရတာမျိုး အုပ်စုအသင်းဖွဲ့နဲ့ အဆင်မပြေတာမျိုး လူအများရဲ့ အပါယ်ခံသဘောမျိုးနဲ့ နေသွားရတတ်ပါတယ်
အဲတော့ မိမိတို့က အဂ်ါဂြိုလ်ရဲ့ သဘောသဘာဝတွေကို ထိန်းနိုင်မယ်ဆိုရင် တနဂ်နွေဂြိုလ်ကောင်းလာပြီး
ကောင်းမွန်တဲ့အိမ်ထောင်ဖက်ရရှိမယ် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူအများလေးစားရတဲ့ အရာရှိ အရာခံကြီးတွေ ဖြစ်လာမယ် ဩဇာကြီးမားလာမယ် အိုးကောင်း အိမ်ကောင်းနဲ့နေရမယ် စတဲ့ ကောင်းမွန်ခြင်းတွေဖြစ်လာပြီး စိတ်ချမ်းသာရမှာဖြစ်ပါတယ်
သည်းခံခြင်း ခွင့်လွှတ်တဲ့စိတ်များများမွေးနိုင်ရင် အောင်မြင်တဲ့လူသား‌ေတွဖြစ်လာမှာဖြစ်ပါတယ်🥰

ဗုဒ္ဓဟူးသားသမီးတွေအတွက်

အောင်မြင်မှုရရှိစေရန် အုန်း ၆ ညွန့် ဘုရားလှူပါ
အုန်းထမင်းဆွမ်း ဘုရားကပ်လှူပါ

စီးပွားရေး နဲ့ ငွေဝင်စေရန်အတွက်
မေမြို့ပန်း ၁၉ ဘုရားလှူပါ
ပေါင်မုန်ဆွမ်း ကပ်လှူပါ

အချစ်ရေး အဆင်ပြေစေရန်
ကံ‌့ကော် ၁၅ ဘုရားကပ်လှူပါ
ကော်ဖီ ကိတ် ဆွမ်းကပ်လှူပါ

ချစ်ရတဲ့သူကို ကော်ဖီဆိုင်မှာဖွင့်ပြောပါ🥰

ဗုဒ္ဓဟူးသားသမီးတိုင်း လိုအင်ဆန္ဒများပြည့်စုံနိုင်ကြပါစေရှင်🙏🙏🙏
ဆရာမ သက်ထားဟန်

၀၉၉၇၁၉၉၂၁၄၈ ကို ဆက်သွယ်၍ ဗေဒင်မေးနိုင်ပါတယ် ။

ဒီနေ့ အဂ်ါသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ဗဟုသုတအဖြစ် ပြော ပြပါမယ်🥰အဂ်ါဟားသမီးတွေရဲ့ ရုပ်ရည်ဟာ ဆ...
04/12/2024

ဒီနေ့ အဂ်ါသားသမီးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ဗဟုသုတအဖြစ် ပြော ပြပါမယ်🥰

အဂ်ါဟားသမီးတွေရဲ့ ရုပ်ရည်ဟာ ဆွဲဆောင်မှုရှိတယ် အဝေးကနေကြည့်ရင်တောင် ထင်ပေါ်နေတတ်တယ် ဂုဏ်ကျက်သရေရှိတဲ့ ပုံ ဖြစ်နေတတ်ပါတယ် 🥰

အပြင်ပန်းကြည့်ရင် အေးသလိုလိုထင်ရပေမယ့် ဒေါသကြီးတဲ့သူတွေဖြစ်ပါတယ် ဒေါသဖြစ်လာရင်လည်း ရှူးရှူးရှဲရှဲဖြင့် ‌ကြောက်စရာကောင်းတဲ့သူတွေဖြစ်ပါတယ် 🫢

မိသားစုအပေါ် ပျော်ရွှင်စေချင်တဲ့စိတ် အပြည့်ရှိသူတွေဖြစ်ပါတယ် ဦးဆောင်လိုစိတ်ရှိပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိကြသူများလည်းဖြစ်ပါတယ် မိမ်ိရဲ့ စိတ်ခံစားချက်က ကောင်းတယ်လို့ ထင်ထားတဲ့သူတွေအပေါ် တစ်သက်လုံးမမေ့တတ်သလို မိမိအပေါ်မကောင်းဘူးလို့ ထင်ထားသူများကိုလည်း တစ်သက်လုံး လှည့်မကြည့်ကြတဲ့သူများဖြစ်ပါတယ် 😱

စိတ်ဓါတ်မာကျောသယောင်ရှိနေပေမယ့် ဝမ်းနည်းစရာများကြုံတဲ့အခါ မျက်ရည်လွယ်သူများဖြစ်ပါတယ် သူတို့ခင်မင်သူများနဲ့ဆို ပေါကြောင်ကြောင် အပြုမှုမျိုးများနဲ့ နေကြတဲ့ လူပေါလေးတွေဖြစ်နေတတ်ကြပါတယ် 🤣

အဂ်ါသားသမီးတွေဟာ သူတို့ချစ်တဲ့ ချစ်သူအပေါ် သစ္စာရှိကြသူတွေဖြစ်ပါတယ် နာကြည်းသွားပြီဆိုရင်လည်း လှည့်တောင်မကြည့်ချင်ကြတော့ပါဘူး 😌

ဘဝမှာတွေ့ကြံလာသမျှ အခက်ခဲဟူသမျှကိုလည်း ဇွဲရှိရှိနဲ့ ဖြေရှင်းနိုင်တာ အဂ်ါသားသမီးတွေ ဖြစ်ပါတယ်💪

အဂ်ါသားသမီးတွေရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပါမယ်

အဂ်ါသားသမီးတွေရဲ့ ဘဝမှာ တနလ်ာဂြိုလ်ခိုက်ပါတယ် တနလ်ာဂြိုလ်ရဲ့သဘောသဘာဝက ငွေ အကြွား နဲ့ ပေါ်လွင်မှုတို့ဖြစ်ပါတယ်

အဲတော့ အဂ်ါသားသမီးတွေဟာ ငွေ အသုံးဖြုန်းကြီးတာမျိုး ငွေနဲ့ပက်သက်ရင် သေသေချာချာ မသုံးစွဲတတ်ပဲ ကပ်စီးမနည်းသင့်တဲ့နေရာ ကပ်စီးနည်းတာမျိုး ငွေနဲ့ပက်သက်ပီး စနစ်မကျတာမျိုးတွအကြွားသန်တာမျိုး အရမ်းပေါ်လွင်ချင်နေတာမျိုးတွေ ပြုလုပ်မိပြီဆိုရင် သူ့ရဲ့ နဝင်း ဖြစ်တဲ့ စနေဂြိုလ်ပျက်ပါတယ် စနေဂြိုလ်ရဲ့ သဘောသဘာဝက ထင်ပေါ် ခြင်းဖြစ်တာကြောင့် ဂုဏ်သတင်းမှေးမှိန်မယ် လောဘတွေဖြစ်လာမယ် လောဘစိတ်ကြောင့်လုပ်သင့်မှန်းမလုပ်သင့်မှန်းပသိလုပ်မိမယ် ပြောမိဆိုမိမယ် အဲဒီအခါမှာ သူရဲ့ မူလဂြိုလ်ဖြစ်တဲ့ အဂ်ါဂြိုလ်ပျက်ပါမယ် အဂ်ါဂြိုလ်ပြီဆိုရင် မိမိရဲ့ စိတ်ခံစားမှုမကောင်းတော့ပါဘူး ဒေါသဖြစ်လွယ်လာမယ် စိတ်ဆိုးလွယ်လာမယ် စိတ်အလိုမကျဖြစ်လာမယ် စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး တစ်သက်လုံး စိတ်ဆင်းရဲခြင်းများစွနဲ့ နေထိုင်ရပါမယ်

အဲဒီတော့ အဂ်ါသားသမီးတွေဟာ အပေါ်ကအချက်တွေကို ပြောင်းပြန်လှန်ပြီး ငွေကို စနစ်တကျသုံးစွဲမယ် စုဆောင်းသင့်တာစုဆောင်းမယ် ငွေနဲ့ ပက်သက်ပြီးကြွားဝါတာမျိုးရှောင်မယ် မတော်မရားတဲ့အလုပ်နဲ့ ငွေရှာတာမျိုးရှောင်မယ် ဆိုရင် နဝင်းမှာရှိနေတဲ့ စနေဂြိုလ်ဟာ ကောင်းမွန်လာပြီး ဂုဏ်သတင်းကျော်ဇောမယ် မိမိကို တွေ့မြင်လိုက်တာနဲ့ အထင်ကြီးခြင်းခံရမယ် လူအများ မရနိုင်တဲ့ ဂုဏ်သတင်းကျော်ဇောမှုတွေရလာမယ် လူတွေကြားထဲမှာအမြဲထင်ပေါ်နေမယ် စတာတွေဖြစ်လာပါမယ်

စနေဂြိုလ်ကောင်းသွားတာနဲ့ မိမိတို့ရဲ့ အဂ်ါဂြိုလ်ကောင်းလာပြီး စိတ်ရဲ့အေးချမ်းမှု ပျော်ရွှင်မှုကိုရလာပြီး လုပ်သမျှကိုင်သမျှ အဆင်ပြေလာကာ ချမ်းချမ်းသာသာဖြင့် ဘဝတစ်လျှောက်လုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မှာဖြစ်ပါတယ် 🥰🥰

အဂ်ါသားသမီးတွေ လုပ်သမျှ အောင်မြင်စေရနါ
ဒါန်း ၁၀လက် ဘုရားလှူပါ
ထောပါတ်ထမင်း ဘုရားဆွမ်းတော်ကပ်လှူပါ
စီးပွားရေး ငွေကြေးအဆင်ပြေစေရန်
ရွက်လှ ၁၇ ညွန့် ဘုရားလှူပါ
အချိုရည် ဘုရားကပ်လှူပါ
အချစ်ရေး အဆင်ပြေစေရန်
အုန်းညွန့် ၆ညွန့် ဘုရားလှူပါ
အုန်းသီးစိပ် ဘုရားကပ်လှူပါ
မိမိချစ်နေတဲ့သူဆီမှာ အချစ်ခံရအောင် ချစ်သူအား
အုန်းရည်တိုက်ပါ😘
အဂ်ါသားသမီးများ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်နိာင်ကြပါစေရှင် 🙏🙏🙏

ဆရာမ သက်ထားဟန်
မိမိတို့သိလိုသမျှ အကြောင်းအရာများကို on line မှ ဟောကြားပေးပါတယ်ရှင်
၀၉၉၇၁၉၉၂၁၄၈ ကို ဆက်သွယ်နိုင်ပါတယ်၊

ဒီနေ့မှာ တနလ်ာသားသမီးတွေရဲ့စိတ်နေစိတ်ထားနဲ့ ဆောင်ရန် ရှောင်ရန်လေးအကြောင်းလေး ဗဟုသုတအဖြစ် ပြောပြပါ့မယ် 🥰တနလ်ာသားသမီးတွေဟာ...
03/12/2024

ဒီနေ့မှာ တနလ်ာသားသမီးတွေရဲ့စိတ်နေစိတ်ထားနဲ့ ဆောင်ရန် ရှောင်ရန်လေးအကြောင်းလေး ဗဟုသုတအဖြစ် ပြောပြပါ့မယ် 🥰

တနလ်ာသားသမီးတွေဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့သူတွေဖြစ်ပါတယ် စိတ်ဖိစီးမှုတွေကို မကြိုက်ပဲ ပေါ့ပေါ့ပါးပါးပဲ နေချင်တဲ့ သူတွေဖြစ်ပါတယ် စိတ်ရှုပ်တာနဲ့ စိတ်ပူရတာကို မကြိုက်တဲ့သူများဖြစ်ပါတယ် စိတ်ဆိုးလွယ် စိတ်ပြေလွယ်သူများဖြစ်ပါတယ်
အချစ်ရေးမှာလည်း ချုပ်ချယ်တာ ချည်နှောင်တာမျိုးကို မကြိုက်ကြပါဘူး

တနလ်သားသမီးတွေရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပါမယ်

တနလ်ာသားသမီးတိုင်းဟာ တနဂ်နွေဂြိုလ်ခိုက်ပါတယ် တနဂ်နွေဂြိုလ်ရဲ့ သဘောသဘာဝက အိုး အိမ် အိမ်ထောင် အုပ်စု ဖြစ်ပါတယ်

တနဂ်နွေဂြိုလ်ခိုက်နေတာမို့ မိသားစုနဲ့ မတည့်တာမျိုး အုပ်စုအသင်းဖွဲ့တွေနဲ့ အဆင်မပြေတာမျိုး အိမ်ထောင်ဖက်နဲ့ မသင့်မြတ်တာမျိုး ဖြစ်တတ်ပါတယ်
အဲတော့ တနလ်ာ သားသမီးတွေဟာ မိသားစုကို အနိုင်ကျင့်တာ အိမ်ထောင်ဖက်အပေါ် ခြယ်လှယ်ချင်တာ အသင်းအဖွဲ့အုပ်စုအပေါ် အနိုင်ယူချင်တာမျိုးတွေ မပြုလုပ်ရပါဘူး

အဲသလိုပြုလုပ်မိရင် တနလ်ာဂြိုလ်ရဲ့ နဝင်းပျက်ပါတယ် နဝင်းဂြိုလ်က သောကြာဂြိုလ်ဖြစ်ပါတယ်
သောကြာဂြိုလ်ရဲ့သဘောသဘာဝက ခရီး လှုပ်ရှား စကား ကိုယ်အမူအရာဖြစ်တာကြောင့်

ကိုယ်ပြောသမျှစကား အရာမထင်တာမျိုး ကိုယ့်စကား ဘယ်သူမှ အယုံကြည်မရှိတာမျိုး ကိုယ့်ရဲ့ဩဇာအာဏာ အားလုံးပျက်သွားပါမယ်

အဲဒီလို နဝင်းပျက်ပြီဆိုရင် တနလ်ာရဲ့မူလဖြစ်တဲ့ တနလ်ာဂြိုလ်ပျက်ပီး သေတဲ့နေ့အထိ ငွေကြေးအခက်ခဲနဲ့ကြုံရပါမယ်

အဲဒီတော့ တနလ်ာသားသမီးတွေဟာ အပေါ်ကပြောထားတဲ့အရာတွေကိုမပြုလုပ်ပဲ
မိသားစုကို စောင့်ရှောက်မယ် အိမ်ထောင်ရေးရှုပ်ထွေးတာမျိုးမလုပ်ဘူး မိမိရဲ့ အိမ်ထောင်ဖက်အပေါ် အနိုင်ယူတာမျိုး ပုံသွင်းတာမျိုး မပြုလုပ်ဘူး အကုန်လုံးနဲ့ ညှိနှိုင်းပီး ဘဝမှာ နေထိုင်မယ်ဆိုရင် သူ့ရဲ့ နဝင်းဂြိုလ်က ကောင်းလာပြီး သူပြောတဲ့စကားတိုင်း အောင်မြင်လာမယ် မိသားစုထဲမှာ အကုန်အဆင်ပြေလာမယ် ဘယ်နေရာမှာမဆို သူပြောရင် မပြီးဆိုတာမျိုးတွေဖြစ်လာမယ်

အဲသလို နဝင်းဂြိုလ်အားကောင်းလာတာနဲ့ တနလ်ာရဲ့ မူလာဂြိုလ်ကောင်းလာပြီး ငွေအတွက်မပူပင်ရတာမျိုး ဂုဏ်သတင်း ကျော်ဇောတာမျိုးတွေ ဖြစ်လာပြီး ဘဝမှာ ပြီးပြည့်စုံလာမှာဖြစ်ပါတယ် 🥰

တနလ်ာသားသမီးတွေ ဘဝမှာ အောင်မြင်မှုရစေရန်
မိမိမွေးနေ့ မနက် ၉နာရီမှ ၁၀ ခွဲကြား
သီဟို ၂၁ ညွန့် ဘုရားလှူပါ
သစ်သီးဆွမ်းကပ်ပါ

စီးပွားရေးကောင်းပြီး ငွေဝင်စေရန်
အဂ်ါ မနက်မှာ ဇီး ၈ ညွန့် ဘုရားလှူပါ
စမူဆာ ဆွမ်းကပ်ပါ

အချစ်ရေးအဆင်ပြေစေရန်
နွားနို့ စနေ မနက်မှာ ဘုရားကပ်လှုပါ

တနလ်ာသားသမီးတိုင်း ဘဝရဲ့ အောင်မြင်မှုများစွာပိုဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ရှင်🙏🙏🙏

ဆရာမ သက်ထားဟန်

၀၉၉၇၁၉၉၂၁၄၈ ကို ဆက်သွယ်၍ ဗေဒင် မေးနိုင်ပါတယ်ရှင့်

ဒီနေ့မှာ တနဂ်နွေသားသမီးတွေရဲ့စိတ်နေစိတ်ထားနဲ့ပြုမှုနေထိုင်သင့်ရမယ့်အကြောင်းအရာများကို ဗဟုသုတအဖြစ် ‌‌ေပြာပြပါ့မယ်  🥰တနဂ်န...
02/12/2024

ဒီနေ့မှာ တနဂ်နွေသားသမီးတွေရဲ့စိတ်နေစိတ်ထားနဲ့ပြုမှုနေထိုင်သင့်ရမယ့်အကြောင်းအရာများကို ဗဟုသုတအဖြစ် ‌‌ေပြာပြပါ့မယ် 🥰

တနဂ်နွေသားသမီးတွေဟာ အများအားဖြင့် ဦးဆောင်နိုင်စွမ်း ရှိတဲ့သူတွေဖြစ်ပါတယ် 💪

အပြင်ပန်းကကြည့်ရင် မာကျောသယောင်ရှိနေပေမယ့် စိတ်အတွင်းပိုင်းက အရမ်းချစ်တတ်တဲ့သူတွေဖြစ်ပါတယ်🥰

သူတို့ရဲ့ချစ်တာကို ထုတ်ဖော်မပြတတ်တဲ့ သူဖြစ်တာကြောင့် မိသားစုနဲ့ ပက်သက်ရင် သိပ်အဆင်မပြေတာမျိုး ကြုံရပါတယ် 😌

သူတို့တွေက ခံစားချက်ကို မထုတ်ပြတတ်တဲ့သူမျိုး ဖြစ်တာကြောင့် သူတို့ရဲ့ အကြောင်းကို သိရဖို့ ခက်ခဲပါတယ်

တနဂ်နွေသားသမီးတွေဟာ ဦးဆောင်ဦးရွက်ပြုလုပ်ရတာကို ကြိုက်တဲ့သူတွေဖြစ်တာမို့ အများအမြင်မှာ ဆရာကြီးလုပ်ချင်သူများဟု အထင်ခံရတတ်ပါတယ်🫢

တနဂ်နွေသားသမီးတွေနဲ့ ပက်သက်ပီး ဆောင်ရန် ရှောင်ရန်လေးတွေကိုပြောပြပါမယ်
ဗေဒင်ရဲ့သဘောသဘာဝတွေကို သိရှိနားလည်သွားတဲ့အခါမှာ ငါဘယ်လိုလေးနေရမယ် ဘယ်လိုလေးပြောရမယ် ဆိုတာကို သိရှိသွားမှာဖြစ်တဲ့အတွက် လောကရဲ့အပူတွေကို အကုနိမဟုတ်ရင်တောင် တစ်ချို့တစ်ဝက်လောက်ငြိမ်းသတ်နိုင်ပီး ဘဝအေးချမိးလာမှာဖြစ်ပါတယ်

တနဂ်နွေသားသားသမီးတွေရဲ့ဘဝမှာ စနေဂြိုလ် ခိုက်ပါတယ် စနေဂြိုလ်ရဲ့ သဘောသဘာဝက ထင်ပေါ်ချင်တာ လောဘကြီးတာ ဂုဏ်မောက်တာတွေဖြစ်ပါတယ်။

အဲဒီတော့ တနဂ်နွေသားသမီး တစ်ယောက်ဟာ ခိုက်နေတဲ့ စနေဂြိုလ်ရဲ့ သဘောသဘာဝတွေကို ပြုမှုနေထိုင်မယ်ဆိုရင် မိမိတို့ရဲ့ဘဝတစ်လျှောက်လုံးဟာ မအေးချမ်းတော့ပဲ စား ဝတ် နေ ရေး ဆိုတဲ့အခြေခံ အချက်တွေကို သွားရောက်ထိခိုက်မှာဖြစ်ပါတယ်

ဥပမာအားဖြင့် ဖြတ်လမ်းစီးပွားရေးလုပ်ချင်တာမျိုး ထင်ထင်ပေါ်ပေါ် လုပ်ချင်တာမျိုး မတရားသဖြင့် အောင်မြင်ချင်တာမျိုး ချမ်းသာချင်တာမျိုး စတာတွေကိုမလုပ်သင့်ပါဘူး

တနဂ်နွေတွေမှာ ခိုက်တဲ့ဂြိုလ်ရှိသလို
ကောင်းတဲ့ဂြိုလ်လည်းရှိပါတယ်

တနဂ်နွေတွေရဲ့ကောင်းတဲ့ဂြိုလ် ( နဝင်းဂြိုလ်) ကကြာသပတေးဂြိုလ် ဖြစ်ပါတယ်
ကြာသတေးဂြိုလ်ရဲ့သဘောသဘာဝက ညဏ်ပညာ အတွေးအခေါ် ဆုံးဖြတ်ချက် တို့ဖြစ်ပါတယ်။

အဲဒီတော့တနဂ်နွေတွေ ခိုကိနေတဲ့ စနေဂြိုလ်ရဲ့ သဘောသဘာဝကို မပြုလုပ်ပဲ ဘဝမှာ ရိုးရိုးသားသား နေထိုင်ကျင့်ကြံရပါမယ်
အဲဒီလို နေထိုင်ကျင့်ကြံရင် ခိုက်နေတာတွေပြုတ်ပီးကောင်းတာတွေဖြစ်လာမှာဖြစ်ပါတယ်

ကောင်းတာတွေနဲ့ပက်သက်ပြီး ဘာတွေ ဖြစ်လာနိုင်သလဲဆိုရင် ပညာညဏ် အတွေးအခေါ်တွေ ကောင်းမွန်လာမယ် လုပ်ရည်ကိုင်ရည်နဲ့ဆုံးဖြတ်ချက်တွေဟာ မှန်ကန်လာပြီး ထူးထူးချွန်ချွန်တွေဖြစ်လာမယ် စိတ်ချမ်းသာစရာတွေကြုံရမယ်

တနဂ်နွေတွေဟာ ဘဝမှာ အားကောင်းတဲ့ ကြာသပတေးဂြိုလ်ရဲ့ သဘောသဘာဝတွေကို မပြုလုပ်မိပဲ ကိုယ့်ဘဝကို ဒုက္ခပေးမယ့် စနေဂြိုလ်ရဲ့ သဘောသဘာဝတွေကို ပြုလုပ်မိရင် မိမိရဲ့ နဝင်းတိုင်ပျက်ပါမယ် နဝင်းပျက်တာနဲ့ မိမိရဲ့ မူလတိုင်ဖြစ်တဲ့ တနဂ်‌နွေရဲ့သဘောသဘာဝပျက်စီးမှာဖြစ်ပါတယ်

တနဂ်နွေရဲ့ သဘောသဘာဝက အိုးအိမ်။ အိမ်ထောင် အုပ်စု ဖြစ်တာကြောင့် အိမ်ထောင်ရေးပြိုကွဲတာမျိုး အောက်လက်ငယ်သားတော်လှန်တာ မိသားစုပေါ်ဩဇာမညောင်းတော့တာ သားသမီးကို ဆုံးမလို့မရတာမျိုး အိုးအိမ်နဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေကြုံရတာမျိုးတွေ စတဲ့ မကောင်းတာတွေကြုံတွေ့ရမှာ ဖြစ်ပါတယ်

အဲဒီတော့ ကျမတို့ဟာ ဒီသဘောသဘာဝကို သိရှိနားလည်သွားတဲ့အချိန်ကစပြီး မိမိတို့ ခိုက်နေတဲ့ စနေဂြိုလ်ရဲ့ သဘောသဘာဝကို မပြုမှူပဲ နဝင်းဖြစ်တဲ့ ကြာသပတေးဂြိုလ်ရဲ့ သဘောသဘာဝအတိုင်း နေထိုင်ကျင့်ကြံသွားမယ်ဆိုရင် တနဂ်နွေသားသမီးတွေဟာ ဘဝတစ်သက်တာလုံး ကံကောင်းခြင်းတွေပိုင်ဆိုင်ရမယ့်သူတွေဖြစ်ပါတယ်

အချုပ်ပြောရမယ်ဆိုရင် တနဂ်နွေသားသမီးတွေဟာ မိမိတတ်ထားတဲ့ပညာကို ကောင်းသထက်ကောင်းအောင်ကြိုးစားပါ အထွေအထူးလောဘကြီးတာမျိုးမလုပ်ပဲ ကိုယ့်အလုပ်ကိုယ်လုပ်ပါ ရိုးရိုးသားသားဘဝကို ဖြတ်သန်းပါ
တစ်နေ့မှာ ဘဝရဲ့ အောင်မြင်ခြင်း ချမ်းသာခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်မယ့် တနဂ်နွေ သားသမီးတွေဖြစ်ပါတယ်။

ယတြာအနေဲ့
ဘဝမှာ အောင်မြင်ခြင်းတွေ ရရှိနိုင်ရန်
မေမြို့ပန်း ၁၉ ဘုရားကပ်လှူပါ
ပေါင်မုန့်ဆွမ်း မြတ်စွာဘုရားကပ်လှူပါ

စီးပွားရေး ငွေရေးကြေးရေး အဆင်ပြေစေရန်
ကံ့ကော် ၁၅ ဘုရားကပ်လှူပါ
ကြက်ကြော်ဖြင့် ဆွမ်းကပ်လှူပါ

အချစ်ရေးအဆင်ပြေစေရန်
သီဟို ၂၁ ဘုရားလှူပါ
မိမိ ချစ်နေသူအား သစ်သီးလက်ဆောင်ပေးပါ
သစ်သီး ဝယ်ကျွေးပါ 🥰

ကျမတို့ရဲ့ဘဝမှာ အောင်မြင်ခြင်း စီးပွားတိုးတက်ခြင်း လူချစ်လူခင်များခြင်း စတာတွေ အဆင်ပြေပြီဆိုရင် ဘဝဟာ အင်မတန်မှ ကျေနပ်စရာ ကောင်းမှာဖြစ်ပါတယ်။

တနဂ်နွေသားသမီးတိုင်းအထက်ကပြောခဲ့တဲ့အတိုင်း ပြုမှုနေထိုင်ကျင့်ကြံကြရင်း ဘဝရဲ့ အောင်မြင်မှု အစစ်အမှန်ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့် 🙏🙏🙏

ဆရာမ သက်ထားဟန်
ဗေဒင်တွက်လိုသူများ on line မှ ဟောပေးပါတယ်ရှင့်
09971992148 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

29/11/2024

ကျမဟာ ဗေဒင် ပညာကို ငယ်စဉ် ကတည်းက စိတ်ဝင်စားခဲ့သူပါ
ဗေဒင် စာအုပ်မျိုးစုံ ကိုလည်း ဖတ်ခဲ့ဖူးပါတယ်
ခုချိန်ခါမှ သေသေချာချာ သင်ယူခွင့် ရခဲ့လို့ ကျမကို ဗေဒင်ပညာကို သင်ကြားပေးတဲ့ ကျမ ဆရာ ကိုထွန်းလင်းကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်

တကယ်တော့ ဗေဒင်ပညာရပ်ဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းလှပါတယ်

ဗေဒင်ပညာကို တရားသေ ယုံကြည်ဖို့ ပြောတာမဟုတ်ပါဘူး

မိမိဘဝလမ်း လျှောက်လှမ်းတဲ့အခါ ညဏ်လေးကူရမယ်လို့ ဆိုလိုတာပါ

လောကုတ္တရာလမ်း လျှောက်လှမ်းနေသူတွေ အတွက်က ဗေဒင်ပညာဟာ အနှောင့်ယှက် အတားဆီး တစ်ခုဖြစ်ပါတယ်

ဒါပေမယ့် ကျမတို့လို လောကုတ္တရာလမ်းကို မလျှောက်လှမ်းနိုင်သေးတဲ့ လူတွေ အတွက်ကတော့ ဗေဒင်ပညာကို ညဏ်ကူဖို့အတွက် အသုံးပြုစေချင်ပါတယ်

လူတွေကို ကူညီဖို့အတွက် ဗေဒင်ပညာလေ့လာသင်ယူတဲ့ ကျမတို့လို ဗေဒင်ဟောမယ့် ဆရာ ဆရာမတွေ အနေနဲ့ ဗေဒင်ပညာကို သေသေချာချာလေ့လာ သင်ယူသင့်တယ်လို့ ကျမခံယူထားပါတယ်

ကျမဗေဒင်ပညာကို လေ့လာသင်ယူ တတ်မြောက်ချိန်မှာ ကျမ ဆရာက လူ ၁၀၈ ယောက်ပြည့်အောင် လက်တွေ့ ဟော ခိုင်းခဲ့ပါတယ်

ကျမဟာ ကျမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လူ‌ေတွကို သေချာ တွက်ချက်ပြီး ဟောပြောခဲ့ရာ အားလုံးရဲ့ နှစ်သက်မှုကို ရရှိခဲ့ပါတယ်

ခုချိန်မှာတော့ ကျမသေချာသင်ယူထားတဲ့ ဗေဒင်ပညာဖြင့် လူသားများကို ဒါလေးကိုရှောင်ပါ ဒါလေးကိုတော့ ဆောင်ပါ စသဖြင့် သေသေချာချာ ဟောကြားနိုင်နေပြီဟု ကျမ ဆရာရဲ့ ကောက်ချက်ချမှုကြောင့် ဆရာမ သက်ထားဟန် အမည်ဖြင့် ဒီ page လေးကို ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်ရှင့်

လူသားအားလုံး မိမိတို့ လိုအင်ဆန္ဒများ အနှောက်ယှက်အန္တရာယ်ကင်းကင်းဖြင့် ပြည့်စုံနိုင်ကြပါစေရှင့် 🙏

ဆရာမ သက်ထားဟန်

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959971992148

Website

Alerts

Be the first to know and let us send you an email when Sayarma Thet Htar Han posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram