29/04/2025
သားအိမ်ခေါင်းရောင်ရမ်းခြင်း (Cervicitis) 🦋
🌷 အသက်အရွယ် ၂၀ နှစ်မှ ၄၀ နှစ်အတွင်း အမျိုးသမီးတွေ အဖြစ်များတတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်တဲ့ သားအိမ်ခေါင်းရောင်ရမ်းခြင်းက အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်မှုကို ထိခိုက်စေပြီး ကုသမှုမခံယူပါက နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။
👉 သားအိမ်ခေါင်းရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကြောင့်ဖြစ်ပြီး ဘတ်တီးရီးယားပိုးဝင်ခြင်းနဲ့ ဟော်မုန်းမညီမျှမှုတွေကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ ❓
💢 မိန်းမကိုယ်ရောင်ရမ်းတာ
💢 ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းတာ
💢 လိင်ဆက်ဆံရာမှာ နာကျင်တာ
💢 လိင်ဆက်ဆံပြီးတိုင်း သွေးထွက်တာ
💢 ဆီးသွားရာမှာ နာကျင်တာ
💢 မကြာခဏ ဆီးသွားတာ
💢 မိန်းမကိုယ်မှ အနံ့ဆိုးရှိတဲ့ အရည်ထွက်တာ
💢 နောက်ကျော နာကျင်တာ
💢 ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။
သားအိမ်ခေါင်းရောင်ရမ်းတာကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ ❓
🔎 သားအိမ်ခေါင်းကို စစ်ဆေးတာ
🔎 သားအိမ်ခေါင်းမှ အရည်နမူနာယူပြီး ဓါတ်ခွဲစစ်ဆေးတာ
🔎 လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို စစ်ဆေးပြီး သိရှိနိုင်ပါတယ်။