13/03/2026
လူငယ်တွေအနေနဲ့ 𝐒𝐞𝐱 ကိစ္စကို လက်တည့်မစမ်းသင့်တဲ့အကြောင်း
ယနေ့ခေတ်မှာ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚၊ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 တွေကြောင့်
𝐒𝐞𝐱 နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လူငယ်တွေ လွယ်လွယ်ကူကူတွေ့မြင်လာပါတယ်။
ဒါကြောင့် တချို့လူငယ်တွေက
စိတ်ဝင်စားမှုကြောင့်ပဲ ဖြစ်ဖြစ်
သူငယ်ချင်းဖိအားကြောင့်ပဲ ဖြစ်ဖြစ်
“လက်တည့်စမ်းကြည့်မယ်” ဆိုတဲ့အတွေးတွေ ဖြစ်လာတတ်ပါတယ်။
ဒါပေမယ့် 𝐒𝐞𝐱 ဆိုတာ
ပျော်ဖို့အတွက်ပဲ လုပ်လိုက်ရတဲ့အရာ မဟုတ်ပါဘူး။
အဲဒီအရာနောက်မှာ တာဝန်ယူမှုနဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။
လူငယ်တွေအနေနဲ့ မစဉ်းစားဘဲ လက်တည့်စမ်းလိုက်ရင် ဖြစ်နိုင်တဲ့အရာတွေ
• မမျှော်လင့်ထားတဲ့ ကိုယ်ဝန်ရခြင်း
• လိင်မှတဆင့်ကူးစက်တဲ့ရောဂါများ
• စိတ်ပိုင်းဆိုင်ရာ အနာတရများ
• နောင်တရနိုင်တဲ့ ဆုံးဖြတ်ချက်များ
𝐒𝐞𝐱 ဆိုတာ
ရုပ်ပိုင်းဆိုင်ရာအရာတစ်ခုတည်း မဟုတ်ပဲ
စိတ်ပိုင်းဆိုင်ရာနဲ့ တာဝန်ယူမှုပါ ပါဝင်တဲ့အရာ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေအနေနဲ့
စိတ်ဝင်စားမှုကြောင့်ပဲဖြစ်ဖြစ်
ဖိအားကြောင့်ပဲဖြစ်ဖြစ်
လက်တည့်စမ်းမလုပ်သင့်ပါဘူး။
မိမိကိုယ်ကို တန်ဖိုးထားပြီး
ကိုယ့်ဘဝအတွက် မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက် ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။
📌 ကိုယ့်ဘဝအတွက် တာဝန်ယူနိုင်တဲ့အချိန်မရောက်သေးဘူးဆိုရင်
မလုပ်ခြင်းကပဲ အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။
📌 ကိုယ်ခန္ဓာအခြေအနေ မတူကြတဲ့အတွက်
ကျန်းမာရေးဆိုင်ရာ ပြသာနာရှိရင်
ဆရာဝန်နှင့် တိုင်ပင်ဖို့ မမေ့ပါနဲ့။
𝐃𝐮𝐰𝐮𝐧 ဟာ သင့်မိသားစုကျန်းမာရေးအတွက် အဖော်မွန်ကောင်းဖြစ်အောင် စွမ်းဆောင်ပေးပါရစေ။🤗
𝐃𝐮𝐰𝐮𝐧: 𝐇𝐞𝐚𝐥𝐭𝐡 𝐭𝐨 𝐇𝐨𝐦𝐞.
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑
📍𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 - https://maps.google.com/maps?q=loc:16.8398761,96.1900647
#ဓူဝံဆေးခန်း #တောင်ဥက္ကလာပ #𝗛𝗲𝗮𝗹𝘁𝗵𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 #𝗠𝗲𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝗮𝗳𝗲𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 #𝐘𝐨𝐮𝐭𝐡𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 #𝐑𝐞𝐬𝐩𝐞𝐜𝐭𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩
#𝐃𝐮𝐰𝐮𝐧 💬