Doctor EKG

Doctor EKG We share medical knowledge on EKG interpretation

Real case scenario~crd to ownerA 34-year-old male experienced chest pain after drinking alcohol. After receiving the fir...
02/08/2025

Real case scenario~crd to owner

A 34-year-old male experienced chest pain after drinking alcohol. After receiving the first ECG at an outside hospital, he was transferred to the emergency department at the hospital.

Upon arrival at the ED, the second ECG was taken. The third ECG, a right-sided ECG, was done.

What’s your diagnosis based on the first two ECGs, and what’s the issue with the third ECG?

Source: Jafaar
19/07/2025

Source: Jafaar

Diagnosis?
26/05/2025

Diagnosis?

25-year-old patient presentation with palpitation. That's one of the recent scnerios in UKMLA exam. What are your findin...
20/05/2025

25-year-old patient presentation with palpitation.
That's one of the recent scnerios in UKMLA exam.
What are your findings?
What is provisional diagonosis?
Let's discuss.

PericarditisPericarditis မှာ Widespread ST elevation ဖြစ်တာ လူသိများပါတယ်ဒါပေမဲ့ တကယ် specific ဖြစ်တဲ့ sign က PR depress...
25/02/2025

Pericarditis

Pericarditis မှာ Widespread ST elevation ဖြစ်တာ လူသိများပါတယ်
ဒါပေမဲ့ တကယ် specific ဖြစ်တဲ့ sign က PR depression ပါ
ဒီ point က Plab 1, MRCP Part 1 and 2 မှာ အမေးများတဲ့ Quiz တစ်ခုဖြစ်ပါတယ်

Ref: https://litfl.com/pericarditis-ecg-library/
Passmedicine

အသည်းကွဲရင် ECG မှာပေါ်နိုင်လား??ပေါ်နိုင်ပါတယ် Broken Heart syndrome လို့လည်း‌ခေါ်တဲ့ Takosubo Cardiomyopathy မှာဆိုရင်...
24/02/2025

အသည်းကွဲရင် ECG မှာပေါ်နိုင်လား??

ပေါ်နိုင်ပါတယ်

Broken Heart syndrome လို့လည်း‌ခေါ်တဲ့
Takosubo Cardiomyopathy မှာဆိုရင်
ST elevation ကို မြင်ရမှာပါ။

Pathophysiology အရတော့ Heart က apical balloning ဖြစ်သွားပြီးတော့
coronary angiogram မှာတော့ normal finding ပဲတွေ့မှာပါ။

Management ကတော့ supportive ပါပဲ...

ဒီမှာကတော့ Takosubo cardiomyopathy ရဲ့ ECG လေးပါ။

STEMI နဲ့ ခွဲရခက်နိုင်ပါတယ်..

Ref: https://litfl.com/takotsubo-cardiomyopathy-ecg-library/

Physiology တွေနဲ့ပဲ foreplay နေရတာ ပျင်းနေရောပေါ့ ဆရာတို့…Digoxin toxicity မှာရတတ်တဲ့ EKG pattern တွေကိုမျှဝေပေးပါမယ်…Di...
22/02/2025

Physiology တွေနဲ့ပဲ foreplay နေရတာ ပျင်းနေရောပေါ့ ဆရာတို့…

Digoxin toxicity မှာရတတ်တဲ့ EKG pattern တွေကိုမျှဝေပေးပါမယ်…

Digoxin အကြောင်းမပြောခင် ကနဦး cardiac glycoside ဖြစ်တဲ့ ouabain(အွာဘိန်း) အကြောင်းလေးပါပြောချင်သေးတယ်…

Ouabainကို အရှေ့အာဖရိကလူတွေက မြှားမှာလူးပြီး အမဲလိုက်တဲ့နေရာမှာအသုံးပြုကြတယ်…

ဒီကောင် ဘယ်လိုအလုပ်လုပ်လဲဆိုရင် Na-K ATPase ကိုပိတ်တယ်…Cellအထဲက sodiumကိုအပြင်ထုတ်ခွင့်မပေးဘူး…အဲ့Pumpကို အားကိုးနေရတဲ့ Na-Ca exchanger(secondary active transport)ကအလုပ်ဆက်မလုပ်တော့ဘူး…အဲ့pumpက sodium ၃လုံးအထဲသွင်းပြီး calcium ၁လုံးအပြင်ထုတ်နေတာ…Calcium loadingဖြစ်တော့ Actin-Muosin complex မှာ contraction ကောင်းစေတယ်…အဲ့actionကို positive inotropic လို့ခေါ်ပါတယ်…ခုတော့စျေးကွက်မှာအသုံးမပြုတော့ပါ…

Digitalis/Digoxin လဲအဲ့ပုံစံအတိုင်းအလုပ်လုပ်တယ်…Ouabianကတော့ သူတို့ရဲ့အဖေပေါ့…

Digoxin/Digitalis/Ouabian က Na-K ATPase ရဲ့ potassium binding site မှာ compete ရတယ်…အဲ့တော့ hypokalaemia ရှိရင် digoxin toxicity ပိုဆိုးစေပါတယ်…Hypokalaemia ရှိရင် correct ပြီးမှ digoxinကိုသုံးပါ…

Digoxin mainly act လုပ်တဲ့နေရာက AV ပါ…Positive inotrophic actionရှိတယ်…Negative chronotrophic action ပါပေးပါတယ်…Therapeutic doseမှာ digoxin action က နှလုံးခုန်တာနှေးစေပြီး အားပြင်းပြင်းနဲ့ညှစ်စေပါတယ်…

ဆရာဝန်တိုင်းက digoxin toxicity မှာ reverse tick sign ရတာသိတယ်…GI side effects ကိုမေ့ရင် အမှတ်အများကြီးလျော့တာလဲသိတယ်…
$ရမ်းတော်တဲ့ဆရာဝန်ဆို block/bradycardia ရတာသိတယ်…
Proဆန်တဲ့ဆရာဝန်ဆို PAC/PVC,VT/VF ရတာပါသိတယ်…

Digoxinကိုသုံးရင် survivalမတက်ပေမယ့် hospitalization ကျတယ်ပြောကြတယ်…Digoxin toxicity ကို မြန်မာနိုင်ငံမှာ serum levelနဲ့ monitorလို့ရတယ်တော့ ကျွန်တော်မကြားမိသေးဘူး(ကိုယ်ဗဟုသုတနည်းတာလဲဖြစ်ရင်ဖြစ်မှာပါ)…အဲ့မှာမလို့လဲ ဆေးကိုစိတ်ပြီးတိုက်ကြတယ်…

နောက်ပြီးသူ့ပုံစံက နှလုံးရဲ့ဝန်ကိုချပေးတာမဟုတ်ဘူး…နှလုံးကိုအတင်းခိုင်းတဲ့ပုံစံမဲ့တူတယ်…

EKGပုံလေးတွေ လေ့လာရအောင်ဗျာ…

မသိမဖြစ်သိရမယ့် Arrhythmia များ(၂)ဒီနေ့မှာတော့ ALS provide ပေးရင် သိရမယ့် rhythm တွေထဲမှာမှNon-shockable rhythm တွေအကြော...
21/02/2025

မသိမဖြစ်သိရမယ့် Arrhythmia များ(၂)

ဒီနေ့မှာတော့ ALS provide ပေးရင် သိရမယ့် rhythm တွေထဲမှာမှ
Non-shockable rhythm တွေအကြောင်းဆက်ရေးပေးမှာဖြစ်ပါတယ်။

Non-shokable rhythm နှစ်မျိုးရှိပါတယ်။
Asystole နဲ့ Pulseless electrical activity ပါ။

Asystole

ဒီ rhythm ကတော့ရှင်းပါတယ်။
Asystole = absence of systole ပါ
Heart မှာ electrical activity လုံးဝမရှိတော့ဘဲ
isoelectric line ကိုသာ မြင်ရပါမယ်။
wave သေးသေးလေးတွေ အနည်းအကျဥ်းပေါ် နိုင်တာကလွဲလို့
ဘာ activity မှာမရှိတော့ပါဘူး။

ရုပ်ရှင်တွေထဲမှာ ဒီလို ECG ဖြစ်သွားရင်
shock ရိုက်ပြီးတော့ normal sinus rhythm ဖြစ်သွား၊
လူနာလည်းပြန်ကောင်းသွားတာတွေ ကြည့်ဖူးမှာပါ။

တကယ်လက်တွေ့မှာတော့ asystole ဖြစ်သွားရင်
shock ရိုက်လို့မရဘဲ non-shockable side of ALS algorithm ကို
follow လုပ်ရမှာပါ။

Pulseless Electrical Activity(PEA)

နောက်ဆုံးတစ်ခုက Pulseless electrical activity ပါ
ALS လုပ်ပေးနေရင်း rhythm check လုပ်တဲ့အချိန်မှာ
sinus rhythm ပေါ်သွားရင်လည်း ပျော်လို့မရသေးပါဘူး။
Carotid Pulse ကိုပါ တစ်ပြိုင်တည်း check ရပါတယ်။
တကယ်လို့ pulse မရသေးဘူးဆိုရင် ဘယ်လို rhythm ပဲ ဖြစ်နေပါစေ...
Pulseless electrical activity လို့ပဲ သတ်မှတ်ပြီး
ALS algorithm အတိုင်းဆက်လုပ်ရမှာပါ။
PEA မှာ sinus rhythm အပြင် AF တို့ Heart block တို့ကိုပါ တွေ့နိုင်ပါတယ်။
PEA ကို အဓိကဖြစ်စေတာက cardiac arrest cause တွေဖြစ်တဲ့ 4H 4T ထဲက hypovalaemia နဲ့ hypoxia ကအဖြစ်များပါတယ်။

အခုပြောပြသွားတဲ့ အကြောင်းအရာတွေက cardiac arrest ‌ဖြစ်သွားတဲ့ patient တွေကို
ALS provide လုပ်ရာမှာ သိကိုသိထားရမယ့် rhythm လေးတွေကို
ECG interpretation ‌ရှုထောင့်ကနေရေးပေးထားတာဖြစ်ပါတယ်။
ECG အကြောင်းအဓိကရေးထားတာဖြစ်လို့ ALS algorithm တစ်ခုလုံးကိုတော့ cover မဖြစ်ပါဘူး။

စီနီယာဆရာ၊ ဆရာမတွေအတွက်တော့ တော်‌တော်လေး လွယ်နေတဲ့ topic ဖြစ်နေပေမဲ့
စာဖတ်သူတွေထဲက ဂျူနီယာ ဆရာ၊ ဆရာမများအတွက်
အတော်လေး အသုံးဝင်မယ့် topic ဖြစ်တာကြောင့် ရေးပေးလိုက်ပါတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မရှင်းတာလေးတွေရှိရင်လည်း comment မှာမေးလို့ရပါတယ်။
တကယ်လို့ ရေးပေးစေချင်တဲ့ topic တွေရှိရင်လည်း
comment မှာပြောထားလို့ရပါတယ်ဗျ။



References

Advanced Life Support 8th Edition by Resuscitation Council UK
ECG Made Easy
ACLS

ECG ကြည့်ရင် arrhythmia ကအခက်ဆုံးပါ…Analysis လုပ်ရအောင်…As I prescribed in previous postPrefix A means absent,so arrhyth...
19/02/2025

ECG ကြည့်ရင် arrhythmia ကအခက်ဆုံးပါ…

Analysis လုပ်ရအောင်…

As I prescribed in previous post
Prefix A means absent,so arrhythmia=absence of rhythmic function

Mechanism of arrhythmia
1.Automaticity~SA nodeမှာ Catecholamine actionကြောင့် Calcium inward ပိုဖြစ်ပြီး rateမြန်လာစေတဲ့နည်း
2.Triggered activity~Ventricular tissueတွေမှာ repolarization မဆုံးခင် new action potential ပေါ်လာတဲ့နည်း(early after depolarization/late after depolarization)
3.Re-entry~Cardiac muscleမှာ MIရတယ်ဆိုပါတော့…အဲ့infarct areaကိုပတ်ပြီး impulseကဆင်းရမှာဖြစ်တယ်…normal speedနဲ့ပြိုင်တူဆင်းမယ်ဆိုရင် re-entryမဖြစ်တော့ပါဘူး…အကယ်၍ blockတခုခုရှိလို့ တဖက်ကမဆင်းနိုင်တော့ဘူးဆိုရင် slow pathwayက impulseက fast pathwayကို ပြန်ဝင်မှာပါ…ဘာလို့ဆို excitableဖြစ်နေလို့ refractoryမဖြစ်နေလို့ပါ…အဲ့ infarct areaကို တပတ်ပြည့်အောင်လည်ဖို့အချိန်က blockနေတဲ့pathwayရဲ့ refractory period ထက်ပိုများတယ်ဆိုရမှာပါ…AV nodeပဲပြောပြော AV extra-conduction pathwayပဲပြောပြော ဒီconceptကို applyလို့ရပါတယ်…

Arrhythmia မဟုတ်ဘူးလို့ပြောဖို့ ဒီအချက်တွေနဲ့ပြည့်စုံနေရမယ်…
1.SA nodeက dischargeတဲ့ impulse နဲ့ပဲ whole heart depolarized ဖြစ်ရမယ်
2.Normal conduction pathway အတိုင်းသွားရမယ်
3.Normal conduction velocity အတိုင်းဖြစ်ရမယ်
4.Normal rate 60-100 ကြားပဲရှိရမယ်

ဒီအချက်တွေ သွေဖယ်ရင်တော့ arrhythmia ရှိနေပြီလို့ပြောလို့ရတယ်…

Normal rate ထက်မြန်တဲ့ categoryထဲမှာဆို…
100-150 ဆို Tachycardia
150-250 ဆိုရင် Paroxysmal tachycardia
250 ကျော်ရင် Flutter
350 ကျော်ရင် Fibrillation

နာမည်တပ်ရင်တော့ originပေါ်မူတည်ပြီးတပ်လိုက်တာပဲ…
ဥပမာ…Atrium origin ဖြစ်ပြီး tachycardia ရရင် atrial tachycardia,Atrium origin ဖြစ်ပြီး HR>150ကျော်ရင် atrial paroxysmal tachycardia စသဖြင့်ပေါ့…

HR မြန်မှ arrhythmia ခေါ်တာမဟုတ်ပါ…Normal heart rate ထက်နှေးရင်လဲ arrhythmia category အောက်ကိုရောက်မှာပါ…

Normal rate ထက်နှေးတဲ့ categoryထဲမှာဆို…
60-40 ဆိုရင် mild bradycardia
40-20 ဆိုရင် moderate bradycardia
20 အောက်ဆို severe bradycardia

Ventricle မဟုတ်တဲ့ ventricle အပေါ်က ဘယ်originမဆို HR မြန်တဲ့ အုပ်စုထဲပါရင် Supraventricular tachycardia ခေါ်တယ်…(တခါက Surgical admission ညမှာ နားချိန်၃နာရီပေးတာ အရမ်းရင်းနှီးရပါသောဆရာနဲ့ AFသည်လည်း SVT ပဲလို့ ငြင်းခုံပြီး မအိပ်လိုက်ရတဲ့ညလေးကို ပြန်သတိရနေမိတယ်…ဆရာတို့လဲ မရောအောင်ခါတည်းအပြတ်ပြောတာပါ…AFသည် SVT classification အောက်မှာပါပါတယ် ဒါမယ့် AFက တခြားsubtypesတွေထက် anti-coagulation လိုကောင်းလိုနိုင်ပါတယ် အမြဲမလိုပါဘူး…CHADVAS score တွက်ပြီးမှ scoreဝင်မှပေးပါ…valvular ဆိုရင်တော့လဲ တန်းပေးတာပေါ့ဗျာ)

Sinus arrhythmia
Sinus tachycardia
Sinus bradycardia
Sick sinus syndrome
Atrial tachycardia
Atrial flutter
Atrial fibrillation
Junctional tachycardia
Junctional block
Junctional escape
Ventricular tachycardia
Ventricular fibrillation

အထက်ပါဖော်ပြခဲ့တာတွေက အမြဲတွေ့နေရမယ့် arrhythmia တွေပဲဖြစ်ပါတယ်(ဘယ်ဟာက ဘယ်လိုpathogenesisနဲ့ ဘယ်လိုပေါ်မလဲကတော့ နောက်တော့ရေးမယ်ဗျ…ခုကတော့စာမရှည်ချင်လို့ ဒီမှာပဲနားပါမယ်)

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ…

Understanding ECG LeadsECG leads တွေက တကယ်တော့ ဆင်စမ်းနေတဲ့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်နဲ့ အတူတူပဲ။ ဘယ်သူကမှ အမှန်ကို အပ...
18/02/2025

Understanding ECG Leads

ECG leads တွေက တကယ်တော့
ဆင်စမ်းနေတဲ့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်နဲ့ အတူတူပဲ။
ဘယ်သူကမှ အမှန်ကို အပြည့်အဝမပြောနိုင်ဘူး။
သူမြင်တဲ့ ရှုထောင့်ကနေပဲ သူ ပြောနိုင်တာ။

ECG ကြည့်တဲ့လူက သူတို့ပြောပြတဲ့ information တွေကို
တစ်စတစ်စစီ စုပြီးတော့ ရုပ်လုံးပေါ်လာအောင်
ဉာဏ်မျက်စိနဲ့ ကြည့်ရတာပါ။

အဲဒီတော့ lead တွေက ဘာလဲဆိုတာရယ်၊
Electricity activity တွေကို ဘယ်ရှုထောင့်ကနေ ကြည့်နေလဲဆိုတာကို သေသေချာချာသိဖို့က ECG ဖတ်တတ်ဖို့အတွက်
တအားအရေးကြီး ပါတယ်။

နှလုံးကို ဖြတ်စီးသွားတဲ့ depolarization-repolarization wave တွေက
3 dimensions ထဲမှာ စီးနေတာပါ။
ဒီလို 3D ပုံကို တိတိကျကျမြင်ရဖို့ ဆိုတာ
Plane နှစ်ခုကနေ ကြည့်မှဖြစ်ပါမယ်။

Horizontal plane - chest leads V1-V6
Vertical plane - limb leads I,II,III, aVR, aVL, aVF

ကျနော်ကတော့ leads လေးတွေကို ကင်မရာလေးတွေလို့
သဘောထားတယ်ဗျ။
ဒီလိုလေး တွေးလိုက်ရင် ‌ဖတ်ရတာ ပိုလွယ်သွားတယ်။

ဥပမာ lead I ဆိုတာ
horizontal plane မှာ ‌ကန့်လန့်ဖြတ်ကြည့်တဲ့ ကင်မရာလေးပေါ့
ဒီလိုဆိုတော့ ဒီကင်မရာလေးက ကြည့်ရင် သူ့ ရှုထောင့်မှာ လာပေါ်တဲ့
လျှပ်စီးပုံရိပ်ကို ပဲ မြင်ရမယ်။

ECG ဖတ်ရာမှာ
သင်္ချာရဲ့ vector သဘောတရားကို သုံးရပါတယ်။
တကယ်တော့ လျှပ်စစ်စီးကြောင်းဆိုတာ
direction ရော၊ magnitude ရောပါတဲ့ variable တစ်ခုပဲ။
ဒါ‌ပေမဲ့ leads တွေဘက်က ကြည့်လိုက်ရင်
magnitude ကိုပဲမြင်ရတယ်။
direction ကိုတော့ leads ဘက်နေ သတ်မှတ်လိုက်သလို
ဖြစ်သွားတာပေါ့။

Ventricular depolarization ကို ကိုယ်စားပြုတဲ့
R wave ချင်းအတူတူ
Lead I က R wave က ပုနေပြီးတော့
Lead II က R wave က ဘာလို့ရှည်နေလဲလို့မေးရင်
Lead II ရဲ့ direction က depolarization wave ရဲ့ direction နဲ့
ပိုပြီးနီးစပ်သွားလို့ပါ
ဒါကြောင့် Lead II ရဲ့ ရှုထောင့်က ကြည့်ရင် R wave က အကြီးကြီးဖြစ်နေတာ။

aVR အတွက်က ပိုသနားစရာကကောင်းသေး။
Depolarization wave က သူနဲ့ ‌ဆန့်ကျင်ဘက်ဆီကို
ကျောခိုင်းသွားတဲ့အတွက်
ECG wave က အပေါ်ကို မတက်လာတဲ့အပြင်
အောက်ကို ကျသွားရော။
ဒီလို သဘောတရားလေးတွေကို နားလည်သွားရင်တော့
ECG ဖတ်ရတာ သိပ်မခက်တော့ပါဘူး။

ဒီပို့စ်မှာ ကျနော် အဓိကပြောချင်တာက..
Heart ရဲ့ electrical activity ဆိုတာ
Magnitude ‌ရော၊ Direction ရောပါတဲ့ vector တွေဆိုတာရယ်
Leads တွေဆိုတာ သူ့ရဲ့ direction ကိုလာတဲ့ vector အစိတ်အပိုင်းလေးပဲ မြင်နိုင်တာဆိုတာရယ်ပါ...

(Vector အကြောင်းကို နားလည်သွားတာက Dr. Najeeb ကြောင့်ပါ။ သူ့ရဲ့ Youtube channel ထဲက ECG interpretation video တွေက တကယ်ကောင်းပါတယ်)

Thank you for supporting Doctor EKG!!We have gained 1K followers within 4 days. We wholeheartedly say thank you to all o...
17/02/2025

Thank you for supporting Doctor EKG!!

We have gained 1K followers within 4 days. We wholeheartedly say thank you to all of you for supporting us to get this enormous growth within a short period of time.

We promise we will deliver high-quality medical contents on EKG and other topics.

Better posts are coming.
Stay tuned.

အရင်ရက်က RMPကို ကျွန်တော် detailဖော်ပြခဲ့ပြီးဖြစ်ပါတယ်…မဖတ်ရသေးတဲ့သူတွေအနေနဲ့ တချက်ပြန်ဖတ်ပြီးမှ အခုpostကိုဖတ်ပေးဖို့ re...
17/02/2025

အရင်ရက်က RMPကို ကျွန်တော် detailဖော်ပြခဲ့ပြီးဖြစ်ပါတယ်…

မဖတ်ရသေးတဲ့သူတွေအနေနဲ့ တချက်ပြန်ဖတ်ပြီးမှ အခုpostကိုဖတ်ပေးဖို့ requestပါတယ်…

https://www.facebook.com/share/1D9brmFejf/?mibextid=wwXIfr

Cell membrane အထဲမှာ -90mVဖြစ်ပြီး အပြင်မှာ positiveဖြစ်နေတာ…

ဆိုပါတော့…

ဘယ်ကလာတဲ့ stimulusပဲကြောင့်ဖြစ်ဖြစ် cellအပြင်က Positive chargeတွေ cellအထဲကိုဝင်လာခဲ့သည်ရှိသော် (သို့) cellအထဲကpositiveတွေအပြင်ကိုမထွက်နိုင်သည်ရှိသော် -90 to -89 then -89 to -88…………တဖြေးဖြေး valueကမြင့်လာပြီး -70mVရောက်တဲ့အချိန်မှာ sodium channels တွေအများကြီးပွင့်မှာပါ…ဒီစကားကိုဘာလို့တကူးတကပြောရလဲဆိုရင် resting stage မှာ sodium channelတွေ inactiveပါ…

Sodium channels တွေပွင့် sodium diffusion များများစားစားဖြစ်…-70mV ကနေတန်ပြီး Zeroအဖြစ်ကို မြန်မြန်ဆန်ဆန်ရောက်သွားတာကို depolarization လို့ခေါ်တယ်…

It means “loss of polarity”

-90mVကနေ -70mVရောက်ဖို့ကို ဖြေးဖြေးချင်းစီသွားရပြီး -70mVအချိန်မှာ မြန်မြန်ဆန်ဆန် zeroဖြစ်တဲ့အတွက်ကြောင့်မလို့ -70mVကို cardiac depolarization threshold ခေါ်ပါတယ်…

Cellတွေတခုနဲ့တခု RMPမတူသလို thresholdလဲမတူပါ…

အပေါ်ကဖော်ပြခဲ့တဲ့ cellအထဲကို positive chargeဝင်ပြီး depolarization ဖြစ်တဲ့ဖြစ်စဉ်ကတော့ cardiac cell မှာဖြစ်ပြီးတော့ cellအထဲက positive charge မထွက်ပဲ depolarizationဖြစ်တဲ့ဖြစ်စဉ်ကတော့ pancreas beta cell မှာ insulinထွက်စေတဲ့ဖြစ်စဉ်ဖြစ်ပါတယ်…sulphonylureaနဲ့meglitinideတို့ရဲ့mechanism of actionတွေဖြစ်ပါတယ်…

အခုဆိုcellအပြင်ရောအထဲရော zeroကိုရောက်နေပြီဆိုပါတော့…

အရင်ပကတိအခြေအနေကိုပြန်ရောက်သွားတာ တနည်းအားဖြင့်ပြောရင် နဂိုpolarဖြစ်တဲ့အခြေအနေကိုပြန်သွားတာကို repolarizationခေါ်တယ်…

Cellအထဲက potassiumတွေကို channelကပဲ passive diffusion တွေလုပ်တယ်…Polarity ပြန်ဖြစ်တယ်…တချိန်တခုအကြာမှာ cellအပြင်က calciumတွေ transiently cellအထဲကို channelတွေကနေပြန်ဝင်တယ်…အဲ့တော့ အထဲကpositive chargeထွက်တာနဲ့ အပြင်ကpositive chargeပြန်ဝင်တာနဲ့ မျှခြေရောက်နေတာကို Plateau phase လို့ခေါ်တယ်…သိပ်မကြာလိုက်ပါဘူး calcium diffusion ရပ်ပြီး potassium diffusion ပဲဆက်ကျန်တယ်…-90mVထိရောက်အောင်ပြန်သွားတယ်…

ဒီနည်းနဲ့ depolarization-repolarization ကို alternateလုပ်နေတာ…ဒါကို electrical activityခေါ်တယ်…Depolarizationတခါလာတိုင်း muscleတွေတခါညစ်တာကို
Electro-mechanical couplingခေါ်တယ်…mechanical activity ကို ကျွန်တော် detailပြောပြဖို့မရှိပါဘူး…နောက်လိုအပ်မယ်ထင်ရင်ကြားထဲထည့်ထည့်ရေးပေးပါမယ်…

Cardiac depolarization ဖြစ်တာ အရမ်းမြန်တယ်…တပြိုင်တည်းဖြစ်တာ…Atriumဆို atrium,ventricle ဆိုလဲ ventricle…တပြိုင်တည်းdepolarizationဖြစ် တပြိုင်တည်းညစ်တာကို electrical syncytium ခေါ်တယ်…

နောက်ရက်တွေမှာ depolarization ကိုပုံဖော်ကြတာပေါ့…ဒါတွေမြင်တတ်ပြီဆို basicလောက်တော့ကြည့်နိုင်ပါပြီ…တခုတော့ရှိတယ် theory background လေးလဲပြင်ဆင်ထားပါ…ဒါမှစာနဲ့ရောဂါနဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်…ဥပမာပြောရရင်Digoxinသောက်ရင် ဘာeffectတွေရမလဲ ECGမှာဘယ်လိုပေါ်မလဲ စသဖြင့်ပေါ့ စာလဲရနေမှ ECGဖတ်ရတာအဓိပ္ပါယ်ရှိမှာပါ…

ပုံကတော့ ကျွန်တော်ဟိုရက်ကပြောခဲ့သလိုပဲ muscle tissueပေါ်မူတည်ပြီး Ion diffusion အနည်းငယ်ကွာလို့ depolarization graph တွေက အနည်းငယ်စီကွာဟနေတာကိုပြတာပါ…

Address

Yangon

11131

Website

Alerts

Be the first to know and let us send you an email when Doctor EKG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram