02/04/2025
(English Translation Below)
🚨ဧပြီ ၇ရက်နေ့နောက်ပိုင်း မိုးရွာမယ့်သတင်းတွေတက်နေလို့ တကယ်လို့များ ငလျင်ဘေးသင့်ခဲ့တဲ့နေရာတွေမှာမိုးရွာခဲ့မယ်ဆို ရေကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုတတ်နိုင်သလောက်ကာကွယ်ရအောင် WASH နဲ့ပတ်သတ်ပြီးပြင်ဆင်ထားသင့်ပါတယ်။ WASH (Water၊ Sanitation and Hygiene) နဲ့ပတ်သတ်ပြီးဘယ်လိုပြင်ဆင်ရမလဲဆိုတာကို တစ်ချို့တော့သိထားပြီးသားဖြစ်လောက်ပေမယ့် လက်ရှိအခြေအနေတွေပေါ်အခြေခံရေးသားပြီးပြန်လည်မျှဝေပေးလိုက်ပါတယ်။
WATER
- သန့်စင်ခြင်း
ငလျင်ဒဏ်ရဲ့နောက်ဆက်တွဲအနေနဲ့ ရေပြတ်
လတ်မှုနဲ့ရေမသန့်ရှင်းမှုကိုဒေသတော်တော်များများကြုံနေရပါတယ်။ ပိုက်လိုင်းရေတွေလည်း ညစ်ညမ်းနေပါပြီ။ မိုးရွာပြီးရင်ပိုဆိုးမှာမို့ ဖြစ်နိုင်ရင်အခုထဲက ရေသန့်ဘူးနဲ့ရေသန့်စက်တွေပြင်ထားဖို့လိုပါတယ်။ ပြီးရင်နောက်ထပ်ရနိုင်မယ့်ရေအရင်းအမြစ် ဥပမာ - တွင်းရေ၊ မြစ်ရေ စတာတွေကိုကြိုတင်ရှာဖွေပြီးသိုလှောင်ထားတာလည်းမမှားပါဘူး။
ပြီးရင်တော့ အဲ့ဒီ့ပြင်ဆင်ထားတဲ့ရေတွေကို ဒီတိုင်းမသုံးပဲ ဆူအောင်ကြိုချက်တာ၊ ကလိုရင်းပြားခတ်တာ၊ ရေကိုသေချာသန့်စင်ပေးနိုင်တဲ့ ရေသန့်စက်တွေနဲ့စစ်ပြီးမှ သုံးတာတွေလုပ်သင့်ပါတယ်။
ဒီကာလမှာ လေထဲ နဲ့ မြေပြင်မှာ DB တွေကထွက်တဲ့ Toxic gas တွေရဲ့ညစ်ညမ်းမှုကြောင့် မိုးရေခံပြီးသုံးတာမျိုးက အန္တရာယ်များပါတယ်။
- သိုလှောင်ခြင်း
ပြန်လည်ညစ်ညမ်းခြင်းကို ကာကွယ်ဖို့အတွက် သန့်စင်ထားတဲ့ရေကို သန့်ရှင်းပြီး အဖုံးပါတဲ့ ရေကာတာတွေ၊ စည်ပိုင်းတွေ၊ ရေကန်တွေနဲ့ သိမ်းဆည်းထားသင့်ပါတယ်။
SANITATION
စွန့်ပစ်အညစ်အကြေးတွေကိုသေချာစီမံသင့်ပါတယ်။ ယာယီအိမ်သာတွေကို ရေအရင်းအမြစ်တွေနဲ့ဝေးတဲ့နေရာတွေမှာ တည်ဆောက်တာ၊ DB တွေကို ရေအရင်းအမြစ်ရယ် နေထိုင်ရာနေရာတွေရယ်နဲ့ ဝေးတဲ့နေရာတွေမှာ မြှုပ်နှံတာ မီးရှို့တာ၊ အညစ်အကြေးစွန့်ဖို့ နဲ့စွန့်ပစ်ပစ္စည်းတွေအတွက် နေရာစနစ်တကျသတ်မှတ်ထားတာတွေလုပ်သင့်ပါတယ်။
DB ကနေ toxic gas တွေထွက်တဲ့အတွက် DB တွေကိုတွေ့တာနဲ့အမြန်ဆုံး ရေအရင်းအမြစ်နဲ့ဝေးရာကိုဖယ်သင့်ပါတယ်။ ရောဂါပျံ့နှံ့မှုကို လျှော့ချဖို့ အမှိုက်ကို မီးရှို့တာ သို့မဟုတ် မြေမြှုပ်တာမျိုးလုပ်နိုင်ပါတယ်။
မိုးရွာတဲ့အခါ ညစ်ညမ်းမှုတွေပိုပျံ့နှံ့တတ်တာမို့ နေထိုင်ရာနေရာနဲ့ အမှိုက်စွန့်ပစ်ရာနေရာတွေမှာမိုးရေမဝပ်အောင် ပြင်ဆင်ထားတာ မိုးရေစီးတဲ့လမ်းကြောင်းကိုပြောင်းတာတွေလုပ်သင့်ပါတယ်။
HYGIENE
- လက်ဆေးခြင်း
ဆပ်ပြာ နဲ့ သိုလှောင်ထားတဲ့ safe water ကိုသုံးပြီးမကြာခဏ လက်ဆေးပေးဖို့လိုအပ်ပါတယ်။ ဆပ်ပြာမရရှိရင် ပြာ သို့မဟုတ် သဲကို အစားထိုးသုံးနိုင်ပါတယ်။ ဒါကတော့လိုရမယ်ရပြောပြတာပါ အဆိုးဆုံး emergecy အခြေအနေမှသာဒီနည်းကိုသုံးစရာလိုတာ ပုံမှန်တော့မလိုပါဘူး။
နောက်ပြီး alcohol ပါတဲ့ လက်သန့်ဆေးကိုလည်းအသုံးပြုသင့်ပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းမှု
တတ်နိုင်သမျှ ဆပ်ပြာနဲ့ သေချာသိုလှောင်ထားတဲ့ safe water ကိုပဲသုံးပြီးရေချိုးပါ၊ ဆေးကြောပါ။ မျက်နှာကို လက်နဲ့ခဏခဏမထိပါနဲ့။
အခုလ်ိုအခြေအနေမှာ မိုးရွာမယ်ဆိုရင် ကလေးတွေ သက်ကြီးရွယ်အိုတွေနဲ့ ခုခံအားနည်းတဲ့သူတွေမှာဝမ်းရောဂါ၊ တိုက်ဖွိုက်နှင့် အခြားရေကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်ပါတယ်။
စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုအရဘေးအန္တရာယ်ရဲ့ ထိခိုက်မှုနဲ့ အသက်ဆုံးရှုံးမှုတွေကြောင့် လူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ မဖြစ်သင့်တာမဖြစ်လေအောင်ကြိုးစားပြင်ဆင်ထားဖို့လိုပါတယ်။
အလှုခံတဲ့အခါပဲဖြစ်ဖြစ် လှုချင်တဲ့အလှုရှင်တွေကပဲဖြစ်ဖြစ် ရေသန့်စက်တွေလှုပေးသင့်ပါတယ်။
အဘက်ဘက်က ခက်ခဲနေတာသိပေမယ့် ပြင်ဆင်စရာတွေပြင်ထားသင့်တဲ့အကြောင်းအရင်းကတော့ လူတွေထပ်ပြီးအထိမနာဖို့ပါပဲ။
အားလုံးဘေးကင်းကြဖို့ရည်ရွယ်ပါတယ်။🙏
Donation links; (kpay, wave and bank transfers available via pm)
https://gogetfunding.com/cyclone-mocha-and-conflict.../
Paypal: SFH donation line- https://paypal.me/MeridithBunn?locale.x=en_GB
When it rains, there's a heightened risk of waterborne diseases in earthquake-affected areas. To prevent this, it's crucial to implement WASH (Water, Sanitation, and Hygiene) preparation. I'd like to share some essential preparations, tailored to the current situation.
WATER
* Purification
Earthquake damage has led to water scarcity and contamination. Piped water is also compromised. During this situation, it could worsen. Therefore, stock up on bottled water and water purification devices. Additionally, identify and store alternative water sources like well water or river water.
Before consumption, treated the water by boiling, adding chlorine tablets, or filtering it with a reliable water purifier.
Avoid collecting rainwater as it may be dangerous by toxic gases emitted from dead bodies.
* Storage
Store purified or treated water in clean, covered containers such as tanks or barrels to prevent recontamination.
SANITATION
Properly manage waste disposal. Construct temporary toilets away from water sources. Bury or burn dead bodies away from water sources and residential areas. Designate specific areas for waste disposal.
Quickly remove dead bodies as much as you can from water sources, as they emit toxic gases. Burn or bury trash and dead bodies to minimize disease spread.
To prevent contamination during the raining , ensure that residential and waste disposal areas are not prone to flooding. Modify water flow to prevent water from pooling.
HYGIENE
*Handwashing
Wash your hands frequently with soap and treated water. If soap is unavailable, use ash or sand as a temporary (only in extreme emergencies). And use alcohol-based hand sanitizer.
* Personal Hygiene
Bath and wash with soap and treated water whenever possible. Avoid touching your face frequently with your hands.
In the current situation , a significant risk of diarrhea, typhoid, and other waterborne diseases are high especially for children, elderly, and those with weakened immune systems. The trauma and loss from the earthquake can impact people's ability to maintain personal hygiene. Therefore, proactive measures are essential.
Donations of water purification systems are highly recommended for both donors and recipients.
Despite the challenging circumstances, these preparations are vital to prevent further suffering. Stay safe, everyone.
Credit for the post goes to : Pann Phyu