Grandpa "68"

Grandpa  "68" 🪴To be able to go through life intelligently 🌳

Maths ဘာသာ အားနည်းတယ်သင်္ချာဘာသာ ညံ့နေလျှင် သားသားမီးမီးတို့ရင်ထဲ အပူကြီးမိသလိုဖြစ်ပါလိမ့်မယ် ။‼️စိတ်ဖိစီးမှုကြောင့် တခြ...
20/07/2025

Maths ဘာသာ အားနည်းတယ်
သင်္ချာဘာသာ ညံ့နေလျှင် သားသားမီးမီးတို့ရင်ထဲ အပူကြီးမိသလိုဖြစ်ပါလိမ့်မယ် ။

‼️စိတ်ဖိစီးမှုကြောင့် တခြားဘာသာရပ်တွေမှာပါ ထိခိုက်တတ်တာ သတိထားမိလာပါလိမ့်မယ် ။

အခြေခံမရှိတာ ရှက်စရာမဟုတ်ကြောင်း မိဘများကို မေတ္တာဖြင့် အကြံပြုပါရစေ ။

အချိန်မှီ ပြင်ဆင်နိုင်ပါသေးတယ်။ 🏳️

ဆရာကောင်းမတွေ့သေးတာဆိုလျှင် သင်္ချာ ဘာသာရပ် အထူးကျွမ်းကျင် သက်ကြီးဝါရင့် ဆရာဖြင့် သင်ကြားပေးနေသော

Horizon 21 မှာ သင်ကြားဖို့
ထိရောက်မှုရှိရှိ အတတ်သင်ပေးဖို့

အသက် ၈နှစ်မှ ၁၆ နှစ်အထိ သားသားမီးမီးများကို သင်္ချာပျော် သင်္ချာတော် လူတော်များအဖြစ် မွေးထုတ်သင်ကြားပေးနေပါပြီ ။

Aug 5ရက်နေ့တွင် တန်းခွဲအသစ်စပါမည် ။







၁ရက်သင်ရင် ၁ရက် ပိုတော်လာမည့် စာသင်ကြားနည်းဖြင့် ကျောင်းသားများတည်ငြိမ်ပျော်ရွှင်စွာဖြင့်
ပညာရှာတာပျော်စရာကောင်းကြောင်း
အသိပညာလမ်းစကို ဖွင့်ပေးရင်း
ပျိုးထောင်ပေးလျှက်ရှိပါသည် ။




🌱 ကျောင်းသူကျောင်းသားတွေဟာ ပညာသန္ဓေ ပါပြီးသားပါ 🌳🌍ကမ္ဘာကြီးဖြစ်ပေါ်လာတဲ့အချိန် မြေကြီးရဲ့အတွင်းမှာ သံယံဇာတတွေ ပါလာတာ လူသ...
12/02/2025

🌱 ကျောင်းသူကျောင်းသားတွေဟာ ပညာသန္ဓေ ပါပြီးသားပါ 🌳

🌍ကမ္ဘာကြီးဖြစ်ပေါ်လာတဲ့အချိန် မြေကြီးရဲ့အတွင်းမှာ သံယံဇာတတွေ ပါလာတာ လူသားတစ်ဦးဦး / တစ်စုစုက ထည့်ထားတာမဟုတ်ပါဘူး ။
Auto System ပါတဲ့ သက်မဲ့ကမ္ဘာကြီးမှာ အံ့ဩစရာတွေတပုံကြီး လေ့လာမဆုံးပါ....

(ဘုရားကိုလည်း ကျမယုံကြည်ပါတယ် ဒါကတကန့်ပါ)

🤱👨‍🍼ကျမတို့ သားသားမီးမီးတွေ မွေးလာတည်းက အာဟာရရှိဖို့ နို့သောက်ခြင်း ၊ အချိန်မှန်ဆီး ၊ ဝမ်း သွားခြင်း Auto လုပ်ဆောင်ပါတယ် ။ ဒါတွေ ပုံမှန်ဖြစ်မဖြစ် စောင့်ကြည့်ရတာ ဆရာဝန်တွေအလုပ်ပါ ။ အစာစားပြီး အစာချေဖို့ စက်ပစ္စည်း ကိုယ်တွင်းအင်္ဂါတပ်ဆင်ပေးတာမျိုးလုပ်ရတာမျိုးမဟုတ်ဘူးလေ ။

♻️Auto ဖြစ်တည်နေတဲ့အရာတွေမှာ
လိုအပ်တာအားလုံးပါပီသားပါ ။

ဆိုတော့
ဆရာဆိုတာကရော .... ?
ပညာတွေအပုံလိုက်ကြီးကို 🧒👦သားသားမီးမီးတွေခေါင်းထဲ ဦးနှောက်ထဲ ဖြည့်ပေးရတာလား
ရှိပီးသားအရာတွေကို ဆွပေး/ တူးပေး/ စောင့်
ကြည့်ပြီး တစ်ဦးစီ​၏ ကျွမ်းကျင်ရာကို ဖော်ထုတ်ပေးပြီး
👩👨ဘဝလမ်းကြောင်းအမှန်ပေါ် ရဲရဲရင့်ရင့်လျှောက်လှမ်းဖို့ လမ်းပြပေးရတာလား ။

ဘယ်အရာက ပိုဖြစ်သင့်ပါသလဲ....❔

✅အပြုသဘောဆောင်သောထင်မြင်ချက်လေးတွေပြောပေးခဲ့လို့ရပါတယ် ။ 🌾

🌱ဒီလောက်ဆိုရင် ကလေးတွေ ၊ ကျောင်းသူကျောင်းသားတွေကို
ယုံကြည်ပေးဖို့ တွေးစရာလေးတခုရသွားမယ်ထင်ပါတယ် ။

🌱ဝေမျှခွင့်ရရှိတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ။

Horizon 21

အသက် ၁၀နှစ်မှစ၍ တတ်ရောက်နိုင်ပါသည် ။

Grade 5 to 6 Maths & English Class
(2months) Fees - 160000 ks (3Days/week)

Grade 7 Maths & English Class
(2months) Fees - 180000ks (3Days/week)

Grade 8 Maths & English Class
(2months) Fees - 200000ks (3Days/week)

Grade 9 Maths & English Class
(2months) Fees - 240000ks (3Days/week)

Grade 10 Maths & English Class
( 2months ) Fees - 320000 ks (4Days/week)

Grade 11 Maths & English Class
( 2months ) Fees - 400000 ks (4Days/week)

Grade 12 Maths & English Class
( 2months ) Fees - 480000 ks (4Days/week)

🧑‍🧒‍🧒၂လအတွင်း ကျောင်းသား/ ကျောင်းသူများကို မိဘများ
ယုံကြည်စွာစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ် ။

🤍 မိဘ​၏ ယုံကြည်မှုက သားသမီးအတွက် နောက်ကျောလုံသည့် ခွန်အားကြီးတခုမက တွန်းအားဖြစ်စေပါတယ် ယုံကြည်မှုပေးရင်ရပါပီ 🤍


#မိုးကုတ်စက်ဝိုင်း၂၁



11/02/2025

ဖေဖေမေမေတို့ ...သားသမီးပညာရေး စိတ်ဝင်စားသူဖြစ်ကြောင်းသိရသည့်အတွက် များစွာဝမ်းသာမိပါတယ် ။

၁ရက်သင်ရင် ၁ရက် ပိုတော်လာမည့် စာသင်ကြားနည်းဖြင့် ကျောင်းသားများတည်ငြိမ်ပျော်ရွှင်စွာဖြင့် ပညာရှာတာပျော်စရာကောင်းကြောင်း ...
11/02/2025

၁ရက်သင်ရင် ၁ရက် ပိုတော်လာမည့် စာသင်ကြားနည်းဖြင့် ကျောင်းသားများတည်ငြိမ်ပျော်ရွှင်စွာဖြင့်
ပညာရှာတာပျော်စရာကောင်းကြောင်း
အသိပညာလမ်းစကို ဖွင့်ပေးရင်း
ပျိုးထောင်ပေးလျှက်ရှိပါသည် ။




ကျောင်းသူကျောင်းသားအများစု သင်္ချာအားနည်းကြတာ ဒီနိုင်ငံတခုတည်းမဟုတ်ပါဘူး ။             အိမ်နီးချင်း 🇹🇭ထိုင်းနိုင်မှာ ပညာ...
11/02/2025

ကျောင်းသူကျောင်းသားအများစု သင်္ချာအားနည်းကြတာ ဒီနိုင်ငံတခုတည်းမဟုတ်ပါဘူး ။

အိမ်နီးချင်း 🇹🇭ထိုင်းနိုင်မှာ ပညာသင်ဆု Scholarship ရသည့် မြန်မာကျောင်းသူတစ်ဦးအကြောင်း ပြောပြပါမယ် ။

🧠တော်သည့်အပိုင်းကိုပြောမှာမဟုတ်ပါဘူး ။ ဒါဆိုဘာဖြစ်မလဲ ?

ထိုင်းနိုင်ငံမှာ ဆရာအဖြစ်နှင့်

ထိုင်း Scholarship ရပြီးနောက်
စာသင်ရန်သွားသူက
စာပြန်သင်ပေးနေရပါတယ် ။
ထိုင်းကျောင်းသားများကို
စာသင်ပေးရသည့်အလုပ်ကိုပါ လုပ်ကိုင်နေပါတယ် ။

ပိုကောင်းသည့် အလားအလာများဖြင့်
🇬🇧 🇺🇸 🇩🇪အနောက်နိုင်ငံများ​၏ Scholarship များကိုပါ ဝင်လျှောက်နိုင်ခဲ့တာ အလွယ်ဆုံးနှင့် လက်ရှိကျောင်းသူ ကျောင်းသားများအတွက်ဥပမာကောင်းတခု ဖြစ်ပါတယ် ။

ဆိုတော့
အဖြေက ဘာလဲဆိုရင် ....
တခြားနိုင်ငံက ကလေးတွေ ညံ့တာပါ ။ 💥

ကျမတို့ ကလေးတွေတကယ်တော်ရင် သက်တူရွယ်တူကြားမှာ သူများထက်ရှေ့ရောက်တာ ရှိလာပေမဲ့ အရေအတွက် နည်းပါတယ် ။

အကြောင်းက
ကျမတို့ ဆရာကောင်းမတွေ့သေးလို့ပါ ။
ကျမတို့ သားသမီးတွေ မညံ့ပါ ။

အမေရိက
ထိုင်း
ဂျာမနီ စသည်နိုင်ငံများသို့ ရောက်ရှိနေသည့် တပည့်သားချင်းများစွာကို ဥပမာထား၍
မိဘများထံသို့ သတင်းစကားပါးရင်း

ကျောင်းသူကျောင်းသားများ​၏ ပညာရေးကို
အလွယ်ဆုံးအောင်မြင်နိုင်မည့် အခြေခံများကို

" HORIZON 21 " မှာ

အချိန်ပိုင်းအနေဖြင့် တတ်ရောက်ဖို့
GRANDPA 68 မှ အကြံပြုလိုက်ပါတယ်ရှင့် ။

ပွင့်လန်းစွာထိုးဖောက်အောင်မြင်ကြပါစေ ။

ထို ထူးချွန်ကလေးများ​၏ လျှို့ဝှက်ချက်က ရှင်းပါတယ် ။ ကိုယ်သွားမည့်တဖက်နိုင်ငံ​၏ကျောင်းသားတွေ
အားနည်သည့်ပညာရပ်ကို
ဒီမှာကျွမ်းကျင်အောင်လုပ်ရင် အလွယ်လေးအရှေ့ရောက်ပါလိမ့်မယ် ။ ( Big Hints )







တန်ဖိုးရှိစွာ လူရာဝင်ဖို့ပညာအခြေခံအဆောက်အအုံအုတ်မြစ်သည် အရာအားလုံးထက် အရေးကြီးကြောင်း မိဘများ သိသလိုဖေဖေ မေမေတို့​၏ သားသ...
11/02/2025

တန်ဖိုးရှိစွာ လူရာဝင်ဖို့
ပညာအခြေခံအဆောက်အအုံအုတ်မြစ်သည်
အရာအားလုံးထက် အရေးကြီးကြောင်း မိဘများ သိသလို

ဖေဖေ မေမေတို့​၏ သားသမီးများလည်း
နားလည်တန်ဖိုးသိရှိရန် အထူးလိုအပ်ပါပေသည် ။

အထက်တန်းပညာရေးအတွက် အခြေခံမှစ၍ သင်ကြားပေးမည့်

ကျွန်ုပ်တို့​၏ HORIZON 21 School မှာ သင်္ချာဘာသာရပ်အားနည်းသည့် ကျောင်းသားများ တတ်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။

✨သင်္ချာဘာသာရပ်ကို အခြေခံမပိုင်နိုင်သည့်
ကျောင်းသူ ကျောင်းသားများသည်
အတန်းကြီးလာတဲ့အခါ
စာမရသောကြောင့် ကျောင်းပြေးဖြစ်ရသည့်အဖြစ်မျိုး မရှိရလေအောင်
✅
Grade 8
Grade 9
Grade 10
Grade 11
Grade 12
သင်္ချာဘာသာရပ်အတွက်

HORIZON 21 မှာ
💥 အထူး Specialized သင်ကြားပေးနေပါပြီ 💥

သင်္ချာကြောက်သူ သင်္ချာကြိုက်သွားရမည်
Horizon 21 မှ တာဝန်ယူပါသည် ။



ပညာတတ်တော့ရောဘာလုပ်ရမှာလဲ ဆိုပြီး မေးလာတဲ့သားသမီးတွေကိုမိဘတွေ ကြေကွဲဒေါသဖြင့်တုံပြန်ကြတယ် ။ သူတို့လေးတွေလိုချင်တဲ့အဖြေကိ...
10/02/2025

ပညာတတ်တော့ရောဘာလုပ်ရမှာလဲ ဆိုပြီး မေးလာတဲ့သားသမီးတွေကို
မိဘတွေ ကြေကွဲဒေါသဖြင့်တုံပြန်ကြတယ် ။

သူတို့လေးတွေလိုချင်တဲ့အဖြေကို မိဘအများစုရေရေလည်လည်ပေးနိုင်ကြပါဘူး ။

စာမတတ်ရင် ပိုက်ဆံမရဘူးပေါ့
စာမတတ်ရင် သူများနောက်လိုက်လုပ်ရမှာပေါ့
စာမတတ်ရင် သူများနှိမ်တာခံရမှာပေါ့

စာတတ်ရင်သက်တောင့်သက်သာနေရမှာပေါ့
စာတတ်ရင် ပိုက်ဆံအများကြီးရှာလို့ရမှာပေါ့
စသည်ဖြင့်
သိသလောက်လေးတွေနဲ့ အလုပ်ခွင်မှပင်ပန်းပြီး အိမ်ပြန်ရောက်လာတဲ့ မိဘတွေက ဖြေကြပါတယ် ။

🧠သူတို့လိုချင်တဲ့အဖြေ
🤍သူတို့ဖြစ်ချင်တဲ့ဆန္ဒ
✍️သူတို့တောင့်တတဲ့ပညာ

မေးခွန်းကောင်းမေးထားတဲ့
" ပညာတတ်ရင်ရောဘာလုပ်လို့ရမှာလဲ " ဆိုတဲ့
မေးခွန်းပိုင်ရှင်ကျောင်းသူကျောင်းသားများကို

" HORIZON 21 " မှ ပြောစရာအများရှိသလို

🗯️သူတို့ရောက်တတ်ရာရာ စိတ်ကူးရှိသလိုမေးနိုင်သည့်
မေးခွန်းကောင်းတွေကို နားထောင်ပေးမည့်
နှလုံးသားရှိသည့်နားတစုံလည်းရှိပါသည် ။ 🤍

✨ ✨

📃Feb 28 . 2025 (Friday) ညနေ ၄နာရီ မှာ
လူဦးရေ ၅ယောက်ဖြင့်

📃သားတို့သမီးတို့ကြောက်သည့် Subject ၂ခု - ( English & Maths )

📃အချိန်
(3Months)

🗯️ပျော်ရွှင်စွာ စာ(ပညာ) လေ့လာဖို့

Grandpa "68" page မှ

HORIZON 21
ကို မိတ်ဆက်ပေးလိုက်ရပါတယ်ရှင့် ။

သားသမီးပညာရေးကို စိတ်ပူသည့်
သားသမီးပညာတတ်ရေးကို အရာအားလုံးထက်ဦးစားပေးသည့်မိဘများကို
နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် ။







သင်္ချာသင်ရင်း English စာတတ်သွားတာEnglish သင်ရင်း science နဲ့ ကမ္ဘာသမိုင်းအကြောင်းလေ့လာလိုက်ရတာစာသင်ရင်း ပျော်စရာကောင်းတ...
09/02/2025

သင်္ချာသင်ရင်း English စာတတ်သွားတာ
English သင်ရင်း science နဲ့ ကမ္ဘာသမိုင်းအကြောင်းလေ့လာလိုက်ရတာ
စာသင်ရင်း ပျော်စရာကောင်းတာ
သိတာတွေများလာရင် ကလေးက အနေအထိုင်တည်ငြိမ်လာတာ
ကြုံဖူးခဲ့ပါပီ ။
🌱

မိဘတွေက ရမှတ်ဦးစားပေးဖြစ်နေတဲ့ခေတ်မှာ
ကျောင်းသူကျောင်းသားတွေကို
စိတ်ဝင်စားစရာအကြောင်းအရာတွေ ဗဟုသုတတွေ ပြောပြခွင့်မရတဲ့
🥀'course အပြီးသတ်ရေးဦးစားပေး' ပညာရေး
ဖြစ်နေတာ
🥀သူတို့လေးတွေအတွက် General Knowledge ကို ပျောက်ဆုံးစေပါတယ် ။
🥀ဆက်စပ်တွေးခေါ်တတ်မှုတွေ ကျဆင်းပါတယ် ။
🥀သာမန်ရိုးကျနဲ့ကွဲထွက်စွာစဉ်းစားနိုင်စွမ်း Critical Thinking ကို အကြီးအကျယ် ထိခိုက်စေပါတယ် ။

ကလေးတွေအားလုံးက genius အဖြစ်မွေးဖွားလာတာပါ ။
ကျမတို့လက်ထဲရောက်မှ သာမန်ကလေးတွေဖြစ်သွားရင် အရမ်းနှမြောစရာကောင်းပါတယ် ။

ပွင့်လန်းစွာရှင်သန်ကြီးထွားပါသမီးရေ ။

(မသစ်)




လူ့ဘဝ​၏ သက်တမ်းတခုရောက်လာတဲ့အခါ အတွေးတွေကို အဓိကစိုးမိုးတာ"စိတ်မချခြင်းများကသာ"🪴ငွေရှိသူက စည်းစိမ်ဥစ္စာအတွက်စိတ်ပူကြတယ်🪴...
08/02/2025

လူ့ဘဝ​၏ သက်တမ်းတခုရောက်လာတဲ့အခါ
အတွေးတွေကို အဓိကစိုးမိုးတာ
"စိတ်မချခြင်းများကသာ"

🪴ငွေရှိသူက စည်းစိမ်ဥစ္စာအတွက်စိတ်ပူကြတယ်

🪴အသက်ကြီးမှ သားသမီးရခဲ့သူက ငယ်ရွယ်သေးတဲ့သားသမီးငယ်လေးကို စိတ်ပူကြတယ်

🪴ရှိသည့်အရာများအပေါ် ရှိသည့်အလျှောက်စိတ်ပူကြတာမျိုးပါ

🪴တန်ဖိုးထားသည့်အရာများအပေါ် တန်ဖိုးထားသလောက်စိတ်ပူနေခဲ့ကြတာပါ ။

ပညာကိုတန်ဖိုးထားသူက ပျက်စီးတော့သယောင်ပညာရေးမျိုးမြင်ရင် ရင်လေးစွာစိတ်ပူတာ

ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ မလိုက်နိုင်တော့သော ကိုယ်ခန္ဓာကြံ့ခိုင်မှုကြားမှာ

ကလေးတွေ ကျောင်းသားတွေမြင်ရင်
ရသလောက်မီးစာနဲ့ မီးခိုးမှိုင်းဝအောင်ဝမ်းစာဖြည့်ပေးပီး အမြင့်ဆုံးကို လွတ်တင်ပေးချင်တဲ့

ကျောင်းဆရာအဖြစ်မခံယူထားသည့် ပညာရေးလောဘကြီးသူ
ဆရာတစ်ဦးအကြောင်း

ပညာရေးမြေတိုင်ဆိုတာ
ဘယ်လောက်တောင်အရေးကြီးကြောင်းကို
ထဲထဲဝင်ဝင်သိစေဖို့
ပေါ့ပေါ့ပါးပါး အခြေခံချပေးသည့်

ပညာသာသိသည့်ဆရာတစ်ဦး​၏

ပညာသင်ကြားပေးသည့်ပုံစံ
ပညာအပေါ်ခံယူချက် နှင့်
ပညာကို တန်ဖိုးထားမှုများကို
ကျမ(စာရေးသူ) မြင်သလောက် ဝေမျှရင်း
တခြားကျောင်းသားမိဘများကိုလည်း
ကျမသမီးများနှင့် အတူ
အခြေခံများလုံလောက်စွာရရှိဖို့ ယခု Grandpa "68" Page ကို တည်ထောင်လိုက်ပါတယ်ရှင့် ။

Next Gen များ​၏ဘဝခရီးသည်
ပညာကိုအခြေခံ၍ တည်ဆောက်နိုင်ရမည် ။

ဒါဆို ပညာဆိုတာ ဘာလဲ သိရပါမည် ။

Grandpa "68" မှာ တွေ့ကြမည် ။









Address

No. 95 . BANYARDALA RD .
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Grandpa "68" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram