Swen Thit Physiotherapy and Rehab Clinic

Swen Thit Physiotherapy and Rehab Clinic Rehabilitation and Physical Therapy
Pain Clinic
Musculoskeletal and Neuro Rehabilitation
Exercise

ဆေးရုံ / ဆေးခန်းတစ်ခုမှာ Chronic Muscle Pain Problemများကို ကုသတဲ့အခါ "အရိုးအကြောနှင့် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီ...
11/08/2025

ဆေးရုံ / ဆေးခန်းတစ်ခုမှာ Chronic Muscle Pain Problemများကို ကုသတဲ့အခါ "အရိုးအကြောနှင့် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီးများ"က အောက်ပါ နည်းလမ်းများနဲ့ ကုသပေးတတ်ပါတယ်..

ဆေးခန်းအတွင်းမှာ ကုသမှု ခံယူနိုင်သော နည်းလမ်းများ

1. # # Physical Therapy / Physiotherapy
╰┈➤ Therapeutic Exercises
ရောဂါနှင့်သက်ဆိုင်သော‌လေ့ကျင့်ခန်းများဖြင့် ကုသ‌ပေးနိုင်ပါတယ်

╰┈➤ Ultrasound Therapy
အသံလွန်လှိုင်းကိုသုံးပြီး ကြွက်သား၊ အရွတ်များကို ကုသပေးပါတယ်။

2. # # Medication (ဆေးဝါးကုသမှု)
╰┈➤ Pain Reliver
နာကျင်မှုကို သက်သာစေသော ဆေးဝါးများပေး၍ ကုသခြင်း
╰┈➤ Muscle Relaxants
ကြွက်သားများကို ပြေလျော့စေသော ဆေးဝါးများပေး၍ ကုသခြင်း

3. # # Injection Therapy
╰┈➤ Trigger Point Injection
ကြွက်သားတင်းနေတဲ့နေရာထဲကို local anesthetic (or) steroidထိုးပေးခြင်း
╰┈➤ Corticosterioid Injection
နာကျင်မှုအထူးပြင်းထန်ပြီး နာတာရှည် နာကျင်မှုကို အချိန်တိုအတွင်း သက်သာအောင် ထိုးပေးခြင်း

4. # # Electrotherapy
╰┈➤ TENS (Transcutaneous Electrical Nerve Stimulation
လျှပ်စစ် currentနည်းနည်းဖြင့် nerve signalsအကြား၊ ခန္ဓာကိုယ်နာကျင်မှုကြား electrode padလို့ခေါ်တဲ့ အပြားလေးတွေ ကပ်ပေးပြီး လျှပ်စီးလှိုင်းလေးတွေ စီးဆင်းပြီး ကုသခြင်း

5. # # Heat & Cold Therapy
╰┈➤Clinic-based hot packs / cold compress treatment
အပူ၊ အအေးနည်းပညာဖြင့် နာကျင်မှုနဲ့ အယောင်ကျအောင်အထောက်အကူပြုကုသခြင်း

အစရှိသော နည်းလမ်းများဖြင့် နာကျင်မှုဝေဒနာသက်သာအောင် ကုသနိုင်ပါတယ်..

ဒေါက်တာ စည်သူလင်း

>> >> ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်ပြေစေဖို့ ဖုန်းဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥ဆေးခန်းနေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည ၇🌠🕖

☎️ ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

💁‍♂️အရိုး၊ အကြော၊ အဆစ်ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်..🙋‍♂️ဒီ အစိတ်...
06/08/2025

💁‍♂️အရိုး၊ အကြော၊ အဆစ်ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်..
🙋‍♂️ဒီ အစိတ်အပိုင်းတွေကို သေချာလေး ဂရုစိုက်ပြီး ကျန်းမာစွာ ထိန်းသိမ်းဖို့အတွက် သတိထားသင့်ပါတယ်..

Part 2 ကြွက်သား

အရိုး၊အကြော၊ အဆစ်ရောဂါဝေဒနာ ခံစားနေရလျက်ရှိသော လူနာများအတွက် ကြွက်သား/အကြောနဲ့ပတ်သက်ပြီး သတိထားရမည့် အချက်လေး အနည်းငယ်လောက် ပြောပေးပါမယ်၊
⚠️ 1. Protein လုံလောက်စွာစားရန်
– အသားဓာတ်ကို လုံလောက်မျှတစွာ စားသုံးခြင်းက ကြွက်သားများ ပြန်ကောင်းအောင်ပြုပြင်ပေးပါတယ်

⚠️ 2. ကြွက်သားသန်မာရန် အလေးမခြင်း စတဲ့လေ့ကျင့်ခန်းများ နေ့စဉ် ပုံမှန်ပြုလုပ်ခြင်း
– ကြွက်သားများ ဒဏ်ရာမရအောင် (Muscle Strain)မဖြစ်အောင် နေထိုင်ခြင်းတို့ဖြစ်ပါတယ်။

>> >> 🔰Muscle Strain ဖြစ်ရခြင်းအကြောင်းအရင်းများကတော့
- ရုတ်တရက် အားပြင်းပြင်း လေ့ကျင့်ခြင်း
-မမှန်ကန်တဲ့ ပုံစံမျိုးနဲ့ ထိုင်တာ/လှုပ်တာ
-ဝိတ်လေးသော အလေးအပင်များကို ပုံစံမမှန်လွှဲခြင်း/အသုံးပြုခြင်း
- ပင်ပန်းနွမ်းနယ်ခြင်းများနှင့် အနာတရဖြစ်ခြင်းများကို လျစ်လျူ ရှုခြင်းများက ကြာလာတာနဲ့ အမျှ Chronic Muscle Problem (ရေရှည်ကြွက်သား အနာတရဖြစ်ခြင်း)များဖြစ်လာနိုင်ပါတယ်

🔰Chronic muscle problem ရှိတတ်တဲ့လက္ခဏာများကတော့
-နေ့စဉ်နာကျင်မှု များများလာခြင်း
-ကြွက်သားမာကြောတင်းကြပ်ကာ လှုပ်ရှားရမလွယ်ခြင်း
-ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်ခြင်းများပဲဖြစ်ပါတယ်

ကုသနည်းတွေ အနေနဲ့ကတော့ စွမ်းသစ်ဆေးခန်းမှာဆိုလျှင်

🔷 Medicine
🔷 အသံလွန်လှိုင်းကုထုံး
🔷အနီအောက်ရောင်ခြည်ကုထုံး
🔷အာရုံကြောလှုံ့ဆော်ကုထုံး
🔷လျှပ်စစ်လှိင်းဖြင့်နာကျင်မှုကုသ‌သော ကုထုံး
🔷ဖယောင်းကုထုံး
🔷စက်ရုပ်လက်ကုထုံး
🔷အားပြုအကူစက်ဖြင့်လက်နှင့်ခြေထောက် ကြွက်သား၊အာရုံကြောကုထုံး
🔷လည်ပင်း၊ခါးအာရုံကြောညှပ်ခြင်းကိုလွတ်စေသောစက်ဖြင့်ကုထုံး
🔷လက်ပိုင်းဆိုင်ရာလေ့ကျင့်မှုကုထုံး
🔷လေ့ကျင့်ခန်းကုထုံး
စသည့်ကုထုံးများစွာဖြင့်ကုသခြင်း

🧏🏻‍♂️လတ်တလော ဆေးခန်း မသွားလာနိုင်သေးသူများ အနေဖြင့်
1. Home exercises ( အိမ်မှာလုပ်နိုင်သော လေ့ကျင့်ခန်းများ
2. Lifestyle changes (နေ့စဥ် နေထိုင်မှု ဘဝပုံစံကိုပြောင်းလဲ ဂရုပြုကာ နေထိုင်ခြင်း)များ ပြုလုပ်ထားနိုင်ပါမယ်

*ဒေါက်တာ စည်သူလင်း*

>> >> ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်​ပြေ​​စေဖို့ ဖုန်း​ဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

😌 အရိုး၊ အကြော၊ အဆစ်ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်..💁‍♂️ ဒီ အစိတ်အ...
04/08/2025

😌 အရိုး၊ အကြော၊ အဆစ်ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်..
💁‍♂️ ဒီ အစိတ်အပိုင်းတွေကို သေချာလေး ဂရုစိုက်ပြီး ကျန်းမာစွာ ထိန်းသိမ်းဖို့အတွက် သတိထားသင့်ပါတယ်..

🦴 No.1 အရိုး

အရိုး၊အကြော၊ အဆစ်ရောဂါဝေဒနာ ခံစားနေရလျက်ရှိသော လူနာများအတွက် အရိုးနဲ့ပတ်သက်ပြီး သတိထားရမည့် အချက်လေး အနည်းငယ်လောက် ပြောပေးပါမယ်၊ လိုက်နာပေးပါခင်ဗျ!!

1.🥛 Calcium (ကယ်ဆီယမ်) နှင့် Vitamin-D (ဗစ်တာမင်-ဒီ) လုံလောက်စွာ စားသုံးပေးပါ
- အရိုးကို အားကောင်းစေပြီး အရိုးမပွအောင် ကာကွယ်ပေးပါတယ်
- နို့နှင့် ပဲစေ့များ၊ ငါးများမှလည်း ကယ်ဆီယမ်ဓာတ်ကို လုံလောက်စွာ ရရှိစေပြီး
- နေပူဆာလှုံပေးခြင်းကလည်း အထောက်အကူဖြစ်စေမှာပါ

2.🏃‍♂️ Exercises အသေးစားလေးများ ပြုလုပ်ပေးပါ
- ‌ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေက အရိုးအဆစ်ကို သန်မာစေပါတယ်
- ပေါ့ပေါ့ပါးပါးပြေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် Gymဆော့တာကလည်း အရိုးအတွက် အထောက်အကူဖြစ်စေပါတယ်

3. 🚫သေချာပေါက် မပြုလုပ်သင့်တာကတော့
- ဆေးလိပ်သောက်ခြင်း မပြုလုပ်တာက တကယ်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်စေမှာပါ
- အရိုးအတွက် ဆိုးကျိုးများစွာရှိပါတယ်

*ဒေါက်တာ စည်သူလင်း*

>> >> ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်​ပြေ​​စေဖို့ ဖုန်း​ဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

 #ဒူးနာသူများအတွက် လေ့ကျင့်ခန်းSide Leg Raise ExerciseStraight Leg Rasing Exercise ပြီးတော့ နောက်တခုကတော့ Side Leg Raise...
25/07/2025

#ဒူးနာသူများအတွက် လေ့ကျင့်ခန်း

Side Leg Raise Exercise

Straight Leg Rasing Exercise ပြီးတော့ နောက်တခုကတော့ Side Leg Raise Exercise ပါ။ ဒီတခါကတော့ ဘေးစောင်းအိပ်ပြီး ခြေထောက်ကိုဘေးတိုင်မြှောက်ရတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

(၁) အရင်ဆုံး ကိုယ်အနေအထားပိုင်းမှ
✔️ခါးဆန့်ပြီးလဲလျှောင်းလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။

မတ်တပ် ရပ်ပြီးလုပ်ရတာမဟုတ်တဲ့အတွက် ဒူးပေါ်ကို ကိုယ့်ရဲ့ခန္ဓာကိုယ်ဖိအားက သက်ရောက်မှုမရှိပါဘူး။

အဲတာကြောင့် ဒူးနာနေသူများအတွက် ပြုလုပ်သင့်သော၊ ပြုလုပ်ရလွယ်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။

(၂) ဘေးစောင်းအနေအထားရာတွင်
🔺ဦးခေါင်းကိုခေါင်းအုံးဖြင့်သော်လည်ကောင်း စောင်းထားတဲ့ဘက်ကလက်ကိုခည်ကောင်း ခုပြီးထားလို့ရပါတယ်။

🔺ကျန်တဲ့လက်ကိုကြမ်းပြင် သို့မဟုတ် ကုတင်မျက်နှာပြင်ပေါ်ထောက်ထား၊ ထိန်းထားပြီး ကိုယ်လုံး လိမ်ခြင်းစောင်းခြင်းဖြစ်မသွားအောင်ထိန်းထားပါ၊ ခြေထောက်မြှောက်တဲ့အချိန်မှာလည်း အားယူထိန်းဖို့ အကူအညီဖြစ်ပါတယ်။
ဒါမှမဟုတ်ရင် လက်ကိုခါးမှာထောက်ထားလည်းရပါတယ်။

🔺လေ့ကျင့်ခန်းမလုပ်သေးသောခြေထောက်ဘက်ခြမ်းတွင် ဒူးဆန့်ပြီးသော်လည်ကောင်း ဒူးကွေးပြီးသော်လည်ကောင်းထားလို့ရပါတယ်။

🔺လေ့ကျင့်ခန်းလုပ်မယ့်ခြေထောက်ကိုဒူးဆန့်ထားပြီး ကြမ်းပြင် သို့မဟုတ် ကုတင်မျက်နှာပြင် အထက်သို့ မိမိ မြှောက်တင်နိုင်သလောက် အမြင့်အထိ မြှောက်တင်ပါ။

🔺ခြေထောက်မြှောက်လျက်အနေအထားဖြင့် သုံးစက္ကန့်ခန့် တောင့်ထားပါ။

🔺 ‌ထို့‌နောက် ခြေထောက်ကို ကြမ်းပြင် သို့မဟုတ် ကုတင်မျက်နှာပြင်ရှိ ခြေထောက်ပေါ်သို့ ဖြေညှင်းစွာပြန်ချပြီး ကြွက်သားများကို‌ လျှော့ချအနားယူပါ။

🔺ထို့နောက် နောက်တခါ ဤပုံစံအတိုင်းခြေထောက်ကို ပြန်‌မြှောက်ပါ။

(၃) ဒီလိုမျိုး ခြေထောက်မြှောက်လိုက်၊ချလိုက်လုပ်ခြင်းကို ၁၀ - ၃၀ ကြိမ်ခန့်အထိလုပ်ပေးပါ။

(၄) တစ်ရက်လျင် ၁-၃ ကြိမ်အထိလုပ်နိုင်ပါတယ်။

(၅) လေ့ကျင့်ခန်း မလုပ်ခင်
ဒူး‌၊ တံခေါက်ခွက် နေရာများကို ရေနွေးအိပ်ကပ်ခြင်း၊ ဆေးလိမ်းခြင်းများကို ပြုလုပ်ထားနိုင်လျင် လေ့ကျင့်ခန်းလုပ်ရာတွင် ပိုမို သက်တောင့်သက်သာရှိနိုင်ပါတယ်။

(၆) အခြေခံ လေ့ကျင့်ခန်းကိုကျွမ်းကျင်သွားလျင် ခြေချင်းဝတ်တွင် အလေးတုံးအဝတ်၊အပတ်များတပ်ပြီး ကြွက်သားပိုမိုသန်မာအောင်လေ့ကျင့်နိုင်ပါတယ်

အကျိုးကျေးဇူးများ
(၁) ဒူးနာသက်သာ‌စေခြင်း
(၂) ပေါင်၊တင်ပါး၊ခါးကြွက်သားများပိုမိုသန်မာစေခြင်း
(၃) ဒူးညွတ်ကျတတ်ခြင်းကိုသက်သာစေခြင်း
(၄) ဒူးလည်သွားခြင်းကိုသက်သာစေပြီး ဒူးကိုပိုမိုထိန်းကွပ်မှုရစေခြင်း
(၅) လမ်းလျောက်ရာတွင်ပိုမိုလွယ်ကူစေခြင်း တို့ဖြစ်ပါတယ်
(၆) ဒူးနာသက်သာစေပါတယ်
(၇) ရုတ်တရက်ကိုယ်ခန္ဓာ လှည့်ခြင်း၊ ယိုင်ခြင်း၊ စတဲ့ အနေအထားတွေမှာ ဒူးနာခြင်းကိုလျော့ချပေးပါတယ်။
(၈) ခန္ဓာကိုယ် ယိမ်းယိုင်ခြင်း၊ချော်လဲနိုင်ခြင်း တို့ကို လျော့ချ ပြီး Balance ကောင်းစေပါတယ်

သတိထားရမည့်အချက်ကတော့
🔷 ခြေထောက် အမြှောက် အချ တို့တွင် ကိုယ်ရော၊ ခြေထောက်ရောနှစ်ခုလုံး လိမ်သွားခြင်း၊ လည်သွားခြင်း မဖြစ်အောင်ထိန်းပြီးလုပ်ရပါမယ်
🔷ခြေထောက်ကိုဆန့်ထားပြီးဖြေးဖြေးမြှောက်ပြီး ဖြေးဖြေးပြန်ချပါ
🔷နာလျင် ဆက်မလုပ်ပါနှင့်
🔷 မြန်ဆန်စွာ မလုပ်ရပါ
🔷 နည်းလမ်း မှန်ကန်ဖို့လိုပါတယ်

ဒေါက်တာ စည်သူလင်း

ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်​ပြေ​​စေဖို့ ဖုန်း​ဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


Hand Therapy
Passive Limb Mobilizer
Rehabilitation Clinic
#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

လေ့ကျင့်ခန်းလုပ်ပါ🔴လေဖြတ်လို့ပဲဖြစ်ဖြစ်🔴အာရုံကြောအားနည်း၊လေးလံလို့ပဲဖြစ်ဖြစ်🔴ဒူးနာ၊ခါးနာလို့ပဲဖြစ်ဖြစ်🔴ခွဲစိတ်ပြီးကာစ လူ...
23/07/2025

လေ့ကျင့်ခန်းလုပ်ပါ

🔴လေဖြတ်လို့ပဲဖြစ်ဖြစ်
🔴အာရုံကြောအားနည်း၊လေးလံလို့ပဲဖြစ်ဖြစ်
🔴ဒူးနာ၊ခါးနာလို့ပဲဖြစ်ဖြစ်
🔴ခွဲစိတ်ပြီးကာစ လူနာပဲဖြစ်ဖြစ်
🔴အားကစားသမားများထိခိုက်မိလို့ပဲဖြစ်ဖြစ်
🔴ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ကလေးပဲဖြစ်ဖြစ်

ဘယ်ရောဂါအတွက်မဆို
❌လေ့ကျင့်ခန်း လုပ်ပါ ဆိုတာနဲ့တော့ မလုံလောက်ပါဘူး။

❌You Tube ကကြည့်ပြီးလုပ်
AI နဲ့လုပ် လို့ရတယ်ဆိုရင်လည်း ပိုမိုတိကျသော ကောင်းမွန်မှန်ကန်သော လေ့ကျင့်ခန်းကို မရနိုငိပါဘူး။

ဘယ်ရောဂါအတွက်မဆို
🔷ကုသမှုလေ့ကျင့်ခန်း Therapeutic Exercise သီးသန့်ရှိပါတယ်။

ဒါ့အပြင် ရောဂါတူရင်တောင်
🟢လူတစ်ဦးစီအလိုက်ရောဂါအနုအရင့်
🟢အသက်အရွယ်
🟢ခန္ဓာကိုယ်အရွယ်အစား
စတာတွေမတူညီနိုင်ပါဘူး။

ဒီလိုမျိုးရောဂါတစ်ခုချင်းစီ လူနာတစ်ဦးချင်းစီအလိုက် လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် 📣📣📣စွမ်းသစ် အရိုးအကြောအဆစ်အထူးကုဆေးခန်းကို လာဖို့ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။

ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်​ပြေ​​စေဖို့ ဖုန်း​ဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


Hand Therapy
Passive Limb Mobilizer
Rehabilitation Clinic
#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

Static Quadriceps Exercise (SQE) ပုံစံနှစ်မျိုးထဲက တစ်မျိုးကိုပြောပြီးသွားလို့ နောက်တမျိုးကတော့Straight Leg Rasing Exerc...
17/07/2025

Static Quadriceps Exercise (SQE)

ပုံစံနှစ်မျိုးထဲက တစ်မျိုးကိုပြောပြီးသွားလို့ နောက်တမျိုးကတော့
Straight Leg Rasing Exercise လို့လဲခေါ်လို့ရတဲ့ ဒူးဆန့်ပြီး ခြေထောက်မြှောက် ခြေဖျားကော့ရတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

(၁) အရင်ဆုံး ကိုယ်အနေအထားပိုင်းမှ
✔️လဲလျှောင်းပြီးလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။

❌မတ်တပ် ရပ်ပြီးလုပ်ရတာမဟုတ်တဲ့အတွက် ဒူးပေါ်ကို ကိုယ့်ရဲ့ခန္ဓာကိုယ်ဖိအားက သက်ရောက်မှုမရှိပါဘူး။

✔️အဲတာကြောင့် ဒူးနာနေသူများအတွက် ပြုလုပ်သင့်သော၊ ပြုလုပ်ရလွယ်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။

လဲလျှောင်းလျက်အနေအထားမှ ပိုသက်တောင့်သက်သာရှိပြီး အဆင်ပြေသော်လည်း ဒူးရော ခါးရော နာနေသူများအတွက်တော့ အဆင်မပြေပါ။ ခါးနာနေလျင် ဒီလေ့ကျင့်ခန်းလုပ်လို့မရပါဘူး။

(၂) အနေအထားယူပြီးရင်
🔺လေ့ကျင့်ခန်းမလုပ်သေးသောခြေထောက်ဘက်ခြမ်းတွင် ဒူးကွေး၊ဒူးထောင်ပြီး ခြေပြားကိုကြမ်းပြင်ချထားခြင်းဖြင့် လေ့ကျင့်ခန်းလုပ်မည့်ခြေထောက်ကို ပိုပြီးအားစိုက်လုပ်နိုင်ရန်ပြင်ဆင်ထားပါ။
🔺လေ့ကျင့်ခန်းလုပ်မယ့်ခြေထောက်တွင် ဒူးဆန့် ခြေဖျားမျက်နှာဘက်သို့‌ကော့ ထားပြီး ကြမ်းပြင် သို့မဟုတ် ကုတင်မျက်နှာပြင် အထက် တစ်ပေခန့် သို့မြှောက်တင်ပါ။
🔺ခြေထောက်မြှောက်လျက်အနေအထားဖြင့် သုံးစက္ကန့်ခန့် တောင့်ထားပါ။
🔺 ‌ထို့‌နောက် ခြေထောက်ကို ကြမ်းပြင် သို့မဟုတ် ကုတင်မျက်နှာပြင်သို့ဖြေညှင်းစွာပြန်ချပြီး ကြွက်သားများကိုလျော့ချပြီးအနားယူပါ။
🔺ထို့နောက် နောက်တခါ ဤပုံစံအတိုင်းခြေထောက်ကို ပြန်‌မြှောက်ပါ။

(၃) ဒီလိုမျိုး ပေါင်ကြွက်သားတောင့်ထားပြီး ခြေထောက်မြှောက်လိုက်၊ချလိုက်လုပ်ခြင်းကို ၁၀ - ၃၀ ကြိမ်ခန့်အထိလုပ်ပေးပါ။

(၄) တစ်ရက်လျင် ၁-၃ ကြိမ်အထိလုပ်နိုင်ပါတယ်။

(၅) လေ့ကျင့်ခန်း မလုပ်ခင်
ဒူး‌၊ တံခေါက်ခွက် နေရာများကို ရေနွေးအိပ်ကပ်ခြင်း၊ ဆေးလိမ်းခြင်းများကို ပြုလုပ်ထားနိုင်လျင် လေ့ကျင့်ခန်းလုပ်ရာတွင် ပိုမို သက်တောင့်သက်သာရှိနိုင်ပါတယ်။

အကျိုးကျေးဇူးများ
(၁) ဒူးနာသက်သာ‌စေခြင်း
(၂) ပေါင်ကြွက်သားပိုမိုသန်မာစေခြင်း
(၃) ဒူးညွတ်ကျတတ်ခြင်းကိုသက်သာစေခြင်း
(၄) လမ်းလျောက်ရာတွင်ပိုမိုလွယ်ကူစေခြင်း တို့ဖြစ်ပါတယ်။

သတိထားရမည့်အချက်ကတော့
ဘယ်လေ့ကျင့်ခန်း မဆို
🔷 နာလျင် ဆက်မလုပ်ပါနှင့်။
🔷 မြန်ဆန်စွာ မလုပ်ရပါ။
🔷 နည်းလမ်း မှန်ကန်ဖို့လိုပါတယ်။

ဒေါက်တာ စည်သူလင်း

ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်​ပြေ​​စေဖို့ ဖုန်း​ဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


Hand Therapy
Passive Limb Mobilizer
Rehabilitation Clinic
#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

 #ခန္ဓာကိုယ်တစ်ရှူးများအနာကျက်ခြင်း💫ခန္ဓာကိုယ်၏ တစ်ရှူးများ ဒါဏ်ရာရပါက ဇီဝဗေဒဆိုင်ရာ အနာကျက်ခြင်း ဟူသော သဘာဝတုံ့ပြန်မှု ...
16/07/2025

#ခန္ဓာကိုယ်တစ်ရှူးများအနာကျက်ခြင်း

💫ခန္ဓာကိုယ်၏ တစ်ရှူးများ ဒါဏ်ရာရပါက ဇီဝဗေဒဆိုင်ရာ အနာကျက်ခြင်း ဟူသော သဘာဝတုံ့ပြန်မှု ဖြစ်စဉ်တစ်ခုဖြင့် ခန္ဓာကိုယ်မှ ပြုပြင်ပါသည်။ ယေဘုယျအားဖြင့် အဆင့်လေးဆင့်ဖြင့် ခွဲခြားဖေါ်ပြကြပါသည်။ထိုအဆင့်များကို သိရှိခြင်းအားဖြင့် အဆင့်လိုက်စီတွင် ကုသရန်၊ ဆင်ခြင်ရန်၊ လိုက်နာရန်များကိုသိရှိ၍ အမြန်ကောင်းမွန်စေနိုင်ပြီး မိမိအလုပ်၊ အားကစား ရာဆီသို့ အမြန်ပြန်လည် ၀င်ရောက်နိုင်မည်ဖြစ်ပါသည်။💪
ထိုအဆင့်များမှာ

၁. သွေးတိတ်စေခြင်း (hemostasis)၊

၂. ရောင်ရမ်းလာခြင်း (inflammation)၊

၃. တစ်ရှူးဆဲလ်များ ပြန်လည်ပွားများခြင်း (proliferation) နှင့်

၄. တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း (remodeling) တို့ဖြစ်သည်။

👎ဆီးချိုရောဂါ၊ ကိုယ်ခံအားကျခြင်း သို့မဟုတ် ဘက်တီးရီးယားဝင်ခြင်း စသည့်အချက်များက အနာကျက်မှုကို နှောင့်နှေးစေနိုင် ပါသည်။

၁. သွေးတိတ်စေခြင်း အဆင့် (Hemostasis)

👆ကနဦးအဆင့်၊ စတင်သည့် အဆင့်ဖြစ်၍ ဒဏ်ရာရပြီးချိန်တွင် ချက်ချင်း စတင်ပါသည်။ သွေးထွက်လျော့နည်းစေရန် ဒဏ်ရာ နေရာကို သွေးခဲခြင်း (Coagulation) နှင့် သွေးကြောများ ကျုံ့သွားခြင်း (vasoconstriction) ဖြစ်စဉ် တို့စလုပ်ပါသည်။ ဒဏ်ရာနေရာတွင် သွေးဥမွှားများ (platelets) စုပုံလာကာ ထိုနေရာကို ပိတ်ရန်ကြိုးစားပြီး သွေးခဲခြင်းဖြစ်စဉ်ကို အဆင့်ဆင့်လှုံ့ဆော်ပေးပါသည်။ ထို့နောက် (fibrin mesh) ဖိုင်ဘရင်အမျှင်များက သွေးဥမွှားများနှင့် သွေးဆဲလ်များကို ချည်နှောင်ကာ တည်ငြိမ်စေအောင် ကူညီပေးပါသည်။ (⌛မိနစ်ပိုင်း မှ နာရီပိုင်းထိ ကြာနိုင်သည်)

၂. ရောင်ရမ်းခြင်းအဆင့် (Inflammatory Phase)

🐝ဤအဆင့်တွင် ကိုယ်ခံ သွေးဖြူဥ ဆဲလ်များ neutrophils နှင့်macrophages စသည်တို့ ဒဏ်ရာနေရာသို့ စုဝေးလာပါသည်။ ထို့နောက် အညစ်အကြေးများ၊ ဘက်တီးရီးယားများနှင့် ပျက်စီးနေသောတစ်ရှူးများကို (🍝phagocytosis) နည်းဖြင့် ရှင်းထုတ်လိုက်ပါသည်။ growth factors နှင့် cytokines များထုတ်လွှတ်ပြီး တစ်ရှူးဆဲလ်များပြန်လည်ပွားများခြင်း (proliferative phase) အတွက် အဆင်သင့်ဖြစ် အောင်လုပ်ဆောင်ပါသည်။ ရောင်ရမ်းမှုသည် အနာကျက်ခြင်းအတွက် အရေးပါသော်လည်း ဤအဆင့် ကြာရှည်စွာဖြစ်ပါက အနာကျက်နှုန်းကို နှောင့်နှေးစေနိုင်သည်။ (⌛တစ်ရက် မှ ခုနှစ်ရက်ခန့်ထိ ကြာနိုင်သည်)

၃. တစ်ရှူးဆဲလ်များ ပြန်လည်ပွားများခြင်းအဆင့် (Proliferation Phase)

🦀ဤအဆင့်တွင် ခန္ဓာကိုယ်သည် ပျက်စီးသွားသော တစ်ရှူးများကို ပြန်လည်တည်ဆောက်ရန် စတင်သည်။ ဒဏ်ရာနေရာသို့ အောက်ဆီဂျင်နှင့် အာဟာရများရောက်ရှိစေရန် သွေးကြောငယ်အသစ်များ ဖြစ်ပေါ်လာခြင်း (Neovascularization) ၊ Fibroblasts ဆာလ်များ မှ ကော်လာဂျင် Collagen များထုတ်လုပ်ခြင်း၊ ဒဏ်ရာအနာတွင် ဂရန်နူလေးရှင်းတစ်ရှူး (Granulation Tissue) ဖြစ်ပေါ်လာခြင်း၊ အရေပြားဆဲလ်များ ရွေ့လျားကာ ဒဏ်ရာ မျက်နှာပြင် ကို ပြန်လည်ဖုံးအုပ်ခြင်း ဖြင့် ပျက်စီးသွားသော တစ်ရှူး (Extracellular Matrix) ကို တည်ဆောက်ပြုပြင်ပါသည်။ (ပုံမှန် ၂ရက်မှ ၅ရက်၊သီတင်းပတ် ၆ ပါတ် ခန့်ထိလည်း ကြာနိုင်သည်)

၄. တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း (Remodeling Phase)

👊ဤနောက်ဆုံးအဆင့်သည် အသစ်ဖြစ်ပေါ်လာသော တစ်ရှူးများကို ပိုမိုအားကောင်းစေရန် နှင့် စနစ်တကျပြန်လည်စီစဉ်ခြင်း ကို အဓိကထားသည်။ Collagen Remodeling ရှေ့အဆင့်တွင် စုပုံထားသော ကော်လာဂျင်အမျှင်များ (collagen fibers) ကို ပိုမို ကြံ့ခိုင် ကောင်းမွန်အောင် ပြန်လည်စီမံပါသည်။

(Scar Maturation) အမာရွတ်တစ်ရှူးသည် တဖြည်းဖြည်း ပိုမိုနူးညံ့ပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာသည်။ 😢သို့သော် မူလက တစ်ရှူးကဲ့သို့ ၁၀၀% အပြည့်အစတော့ ပြန်မရနိုင်ပါ။ ဒဏ်ရာ၏အရွယ်အစားနှင့် တည်နေရာပေါ်မူတည်၍ ဤအဆင့်သည်⌛ သီတင်းပတ်မှ လပေါင်းများစွာ ကြာနိုင်သည်။ 🍻အာဟာရဓာတ်၊ သွေးလည်ပတ်မှု၊အသက်အရွယ် နှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများ က ဤဖြစ်စဉ်ကို သက်ရောက်မှုရှိနိုင်ပါသည်။ 🏋️(Physical therapy) ကိုယ်ကာယ ကုသမှု နှင့် လေ့ကျင့်ခန်း များက ဒါဏ်ရာ ပြန်လည်သန်စွမ်းရေးကို အထောက်အကူပြုနိုင်သည်။

!!! 🌼အရွတ် ဒါဏ်ရာ အနာ ပြန်လည်ကျက်ခြင်း

အရွတ်ပြန်လည် အနာကျက်ခြင်း (Tendon healing) သည် အခြေခံအဆင့်များ (သွေးတိတ်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်ပြန်ပွားခြင်း၊ ပြန်လည်ပြုပြင်ခြင်း) အတူတူဖြစ်သော်လည်း အရွတ်များတွင် သီးသန့်ကွာခြားချက်များ ရှိပါသည်။

အရွတ်များသည် ကော်လာဂျင်အမျှင်များ (Collagen fibers) အလွန်သိပ်သည်းစွာ ရှိနေသော တစ်ရှူးများ ဖြစ်ပြီး ကြွက်သားနှင့် အရိုးကို ဆက်သွယ်ပေးသည်။ အခြားတစ်ရှူးများထက် သွေးလှည့်ပတ်မှုနည်းပါးသောကြောင့် ပြန်ကောင်းရန် နှေးကွေးပါသည်။ အရွတ်ဒဏ်ရာများအတွက် အရေးကြီးသောအချက်မှာ စောစီးစွာ ပြန်လည် သန်စွမ်းရေး ကုထုံးများ (Early rehabilitation) လုပ်ရန် အရေးကြီးသည်။ ကော်လာဂျင်ဖွဲ့စည်းမှုကို နှောင့်နှေးစေနိုင် ၍ ပြင်းထန်သောအကိုက်အခဲပျောက်ဆေး (NSAIDs) များကို ရှောင်ရှားပါက ကုသမှု ပိုမိုထိရောက်နိုင်ပါသည် အရွတ်များသည် မှန်ကန်သောကုသမှုမရှိပါက နာတာရှည်နာကျင်မှု များဆီသို့ ဦးတည်နိုင်သည်။ (Ligaments အနာကျက်ခြင်း သည်လည်း သဘောသဘာဝ များသောအားဖြင့် tendon နှင့်တူပါသည်)

👩‍⚕️အဆင့်လိုက် ကုသရန် ချည်းကပ်ခြင်း

၂. ရောင်ရမ်းခြင်းအဆင့် (Inflammatory Phase) စီမံ ကုသခြင်း

✍️ကုသရေး ရည်မှန်းချက် Goal

ပိုးမဝင်စေရန်၊ရောင်ရမ်းမှုထိန်းရန်၊ အနာကိုထပ်မထိခိုက်စေရန် ကာကွယ်ရန်၊ နာကျင်မှုသက်သာစေရန်

💉စီမံကုသခြင်း

+ Protection and cleanup ဒါဏ်ရာကို ကာကွယ်ခြင်းနှင့် သန့်ရှင်းအောင်ထားခြင်း

+ RICE (Rest, Ice, Compression, Elevation)

ဒါဏ်ရာများ ကနဦး စီမံခြင်းဖတ်ရန် အောက် Link ကို နှိပ်ပါ

https://www.facebook.com/1770784197/posts/10205329513195251/

+ Pain control နာကျင်မှု ထိန်းသိမ်း စီမံ ကုသခြင်း

+ Avoid overuse of injured area အလွန်အကျွံ အသုံးမပြုမိအောင် ဆင်ခြင်ခြင်း စီမံ ကုသနိုင်ပါသည်။

၃. တစ်ရှူးဆဲလ်များ ပြန်လည်ပွားများခြင်းအဆင့် (Proliferation Phase) ကုသခြင်း

✍️ကုသရေး ရည်မှန်းချက် Goal

တစ်ရှူးများ ပြန်လည်တည်ဆောက်ခြင်း ပြည့်ပြည့်ဝဝ ရစေရန် Tissue rebuilding

💉စီမံ ကုသခြင်း

+ Physical therapy ကာယကုသမှု ကုထုံးများ

+ Nutrition support အဟာရ ပြည့်စုံအောင်ဖြည့်ဆည်းခြင်း

+ Gentle movement/exercise ပေါ့ပေါ့ ပါးပါး လှုပ်ရှားမှု/လေ့ကျင့်ခန်း လုပ်ခြင်း တစ်ရှူးများ ပြန်လည်တည်ဆောက်ခြင်း ပြည့်ပြည့်ဝဝ ရစေရန် ကုသမှုများလုပ်နိုင်ပါသည်။

၄. တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း (Remodeling Phase) စီမံကုသခြင်း

✍️ကုသရေး ရည်မှန်းချက် Goal

ပုံမှန်အတိုင်း ဖွဲ့စည်းပုံနှင့် အလုပ်လုပ်နိုင်စွမ်း ပြန်ရစေခြင်း Restore normal structure and function.

💉စီမံ ကုသခြင်း

+ Progressive loading and strengthening အဆင့်ဆင့်တိုးမြှင့်ကာ ဖိအားတိုးမြှင့်လေ့ကျင့်မှုများ နှင့် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း

+ Stretching and mobility work အကြောပျော့ပြောင်းစေသော လေ့ကျင့်ခန်းများ၊ လှုပ်ရှားနိုင်စွမ်းတိုးတက်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ခြင်း

+ Long-term rehab ရေရှည် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းက တစ်ရှူးဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း အလျင်အမြန်တိုးတက်စေ နိုင်ပါသည်။

🕵️ကိုးကား References

Chhabra, S., Chhabra, N., Kaur, A., & Gupta, N. (2017). Wound healing concepts in clinical practice of OMFS. Journal of Maxillofacial and Oral Surgery, 16(4), 403–423. https://doi.org/10.1007/s12663-016-0880-z

Schultz, G. S., Chin, G. A., Moldawer, L., & others. (2011). Principles of wound healing. In R. Fitridge & M. Thompson (Eds.), Mechanisms of vascular disease: A reference book for vascular specialists (Chap. 23). University of Adelaide Press. https://www.ncbi.nlm.nih.gov/books/NBK534261/

ဒေါက်တာစိုးလူကျော်
M.B.,B.S,
M.Med.Sc (Rehabilitation medicine),
MSc Sports & Exercise medicine (Cardiff/ UK),
Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)
အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်​ပြေ​​စေဖို့ ဖုန်း​ဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


Hand Therapy
Passive Limb Mobilizer
Rehabilitation Clinic
#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

ဆေးခန်းအတွက်သူနာပြု အကူ အလိုရှိပါသည်။ဆေးခန်း Page Messenger သို့မဟုတ်09772100695 Viber သို့ဆက်သွယ်ပေးပါ။
16/07/2025

ဆေးခန်းအတွက်

သူနာပြု အကူ

အလိုရှိပါသည်။

ဆေးခန်း Page Messenger သို့မဟုတ်
09772100695 Viber
သို့ဆက်သွယ်ပေးပါ။

 #ဒူးနာသူများအတွက် လေ့ကျင့်ခန်း🦵ဒူးလေ့ကျင့်ခန်းများစွာရှိတဲ့အထဲကဒူးနာနေသူများအတွက် အလွယ်ဆုံးနှင့် အထိရောက်ဆုံးလေ့ကျင့်ခန...
14/07/2025

#ဒူးနာသူများအတွက် လေ့ကျင့်ခန်း

🦵ဒူးလေ့ကျင့်ခန်းများစွာရှိတဲ့အထဲက
ဒူးနာနေသူများအတွက် အလွယ်ဆုံးနှင့် အထိရောက်ဆုံးလေ့ကျင့်ခန်းတခုနှင့်မိတ်ဆက်ပေးပါရစေ။

#ဒူးနာပါတယ်ဆိုမှ လေ့ကျင့်ခန်းလုပ်ခိုင်းနေတယ်ဆိုပြီး ဆန္ဒမစောပါနဲ့ဦး။

🦵ဒူးအရမ်းရောင်နေပြီး၊
ငြိမ်ငြိမ်လေးနေရင်းမလှုပ်မယှက်နေရင်းနဲ့ကို မျက်ရည်ကျရလောက်အောင် နာတဲ့သူက လွဲလို့ ဒီလေ့ကျင့်ခန်းလေး လုပ်လို့ရပါတယ်။

အဲတာကတော့
Static Quadriceps Exercise (SQE) လို့ ခေါ်ပါတယ်။

အဲတာကိုမှ ပုံစံနှစ်မျိုးနဲ့လုပ်လို့ရပါတယ်။
🔷ဒူးဆံ့ပြီး ခြေထောက်မကြွဘဲ‌လေ့ကျင့်ခန်းလုပ်ခြင်းနှင့်
🔷ဒူးဆံ့ပြီး ခြေထောက်မြှောက်လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြစ်ပါတယ်။

ပထမ ပုံစံကတော့ ပိုလွယ်ပြီး ပိုထိရောက်ပါတယ်။

(၁) အရင်ဆုံး ကိုယ်အနေအထားပိုင်းမှ
✔️ထိုင်ပြီးခြေထောက်ဆင်းထားရင်းလုပ်လဲရသလို
✔️လဲလှောင်းရင်းနဲ့လဲလုပ်လို့ရပါတယ်။

❌မတ်တပ် ရပ်ပြီးလုပ်ရတာမဟုတ်တဲ့အတွက် ဒူးပေါ်ကို ကိုယ့်ရဲ့ခန္ဓာကိုယ်ဖိအားက သက်ရောက်မှုမရှိပါဘူး။

✔️အဲတာကြောင့် ဒူးနာနေသူများအတွက် ပြုလုပ်သင့်သော၊ ပြုလုပ်ရလွယ်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။

ထိုင်လျက်လုပ်မယ်ဆိုရင် ထိုင်ခုံမှထိုင်ပြီး ခြေထောက်ဆံ့လုပ်လို့ရသလို၊ ကုတင်ပေါ်ထိုင်ပြီး ခြေထောက်ဆံ့ပြီး လုပ်လို့လဲရပါတယ်။

ထိုင်လျက်လေ့ကျင့်ခန်းလုပ်လျင်တော့ ကိုယ့်ရဲ့ပေါင်ကြွက်သားအားနည်းမှု၊ အားသားမှု၊ ဂုံညှင်းရိုးလှုပ်ရှားမှု စတာတွေကိုပါကြည့်ရှုစစ်ဆေးနိုင်လို့ (Visual Feedback) ပိုပြီးအကျိုးရှိပါတယ်။

ထိုင်လျက်လေ့ကျင့်ခန်း လုပ်ချိန်မှာ မိမိရဲ့ကျောကို နံရံ သို့မဟုတ် ကုတင်ခေါင်းရင်း တခုခုကို မှီးထားရင် ခန္ဓာကိုယ် အပေါ်ပိုင်းက ပိုပြီး သက်တောင့်သက်သာရှိပြီး လိုချင်တဲ့ ပေါင်ကြွက်သားကိုပဲ အဓိက အာရုံစိုက် လေ့ကျင့်နိုင်လို့ မလိုလားအပ်တဲ့ အားစိုက်ထုတ်မှုတွေမရှိတော့ပါဘူး။

လဲလျောင်းလျက်ဆိုရင် ပိုသက်တောင့်သက်သာရှိနိုင်သော်လည်း ပေါင်နဲ့ဂုံညှင်းရိုးလှုပ်ရှားမှုတွေကိုတော့ မမြင်နိုင်တော့ပါဘူး။

(၂) အနေအထားယူပြီးရင်
🔺ပေါင်ကြွက်သားကိုသန်မာစေရန်
🔺ဒူးကိုကြမ်းပြင်သို့မဟုတ် ကုတင်မျက်နှာပြင်သို့ဖိချပြီး
🔺ခြေကျင်းဝတ်ကိုကိုယ့်ဘက် (ခေါင်းရင်းဘက်) သို့ ၉၀ ဒီဂရီ ကော့ပါ
🔺ဤပုံစံအတိုင်း ၅/၁၀ စက္ကန့် ခန့်တောင့်ထားပေးပါ။
🔺 ‌ပေါင်ကြွက်သား‌နှင့် ခြေကျင်းဝတ်ကို ပြန်လျော့ချပြီး သက်တောင့်သက်သာထားပါ။
🔺ပြီးလျင် ခြေထောက်ပြန်ကော့ပြီး ပေါင်ကြွက်သားကိုတောင့်ထားပါ။
🔺ဒီလို ပေါင်ကြွက်သားတောင့်ထားပြီး ခြေကျင်းဝတ်ကော့လိုက်လျော့ချလိုက်လုပ်ခြင်းအားဖြင့် ပေါင်ကြွက်သားကိုတောင့်တင်းသန်မာလာစေပါတယ်။

(၃) ဒီလိုမျိုးကို ၁၀ - ၃၀ ကြိမ်ခန့်အထိလုပ်ပေးပါ။

(၄) တစ်ရက်လျင် ၁-၃ ကြိမ်အထိလုပ်နိုင်ပါတယ်။

(၅) လေ့ကျင့်ခန်း မလုပ်ခင်
ဒူး‌၊ တံခေါက်ခွက် နေရာများကို ရေနွေးးအိပ်ကပ်ခြင်း၊ ဆေးလိမ်းခြင်းများကို ပြုလုပ်ထားနိုင်လျင် လေ့ကျင့်ခန်းလုပ်ရာတွင် ပိုမို သက်တောင့်သက်သာရှိနိုင်ပါတယ်။

အကျိုးကျေးဇူးများ
(၁) ဒူးနာသက်သာ‌စေခြင်း
(၂) ပေါင်ကြွက်သားပိုမိုသန်မာစေခြင်း
(၃) ဒူးညွတ်ကျတတ်ခြင်းကိုသက်သာစေခြင်း
(၄) လမ်းလျောက်ရာတွင်ပိုမိုလွယ်ကူစေခြင်း တို့ဖြစ်ပါတယ်။

ဒေါက်တာ စည်သူလင်း

ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်ပြေစေဖို့ ဖုန်းဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥ဆေးခန်းနေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည ၇🌠🕖

☎️ ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


Hand Therapy
Passive Limb Mobilizer
Rehabilitation Clinic
#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

  Gravis (MG)Rehabilitation of Myasthenia Gravis (MG) ပိုင်းမှာဆိုရင်✔️ကြွက်သားတွေသန်မာခြင်း✔️နေ့စဉ်လှုပ်ရှားသွားလာမှုကိ...
11/07/2025

Gravis (MG)

Rehabilitation of Myasthenia Gravis (MG) ပိုင်းမှာဆိုရင်

✔️ကြွက်သားတွေသန်မာခြင်း
✔️နေ့စဉ်လှုပ်ရှားသွားလာမှုကိုလွယ်ကူစေခြင်း
✔️ဘဝနေထိုင်မှုလိုအပ်ချက်များအားလုံးကိုတိုးတက်ကောင်းမွန်စေခြင်း တို့ကို ရည်ရွယ်ပါတယ်။

🔴MG ဖြစ်လို့မလုပ်ရဘူးဆိုတာလည်းမှားပါတယ်📣📣📣

လူတဦးချင်းစီအလိုက်
🔷ခံနိုင်ရည်အား
🔷ရောဂါအခြေအနေပေါ်မူတည်ပြီး
မနည်းလွန်း မများလွန်းသော သင့်တော်သောလေ့ကျင့်ခန်းလုပ်ခြင်းဖြင့်
ဆေးသောက်နေရုံ၊ လှုပ်ရှားမှုမရှိသောလူနာထက် ပိုပြီး သွက်လက်လန်းဆန်းပေါ့ပါးစွာနေထိုင်နိုင်ပါတယ်။

MG လူနာများအနေဖြင့်
အရိုးအကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆရာဝန်များနှင့်ပြသပြီး
ကျွမ်းကျင်ဆရာများနှင့်

ကိုယ်လက်လှုပ်ရှားမှု ၊လေ့ကျင့်ခန်း၊ Balance၊ ကြွက်သားသန်မာမှုလေ့ကျင့်ခန်းများအတွက်
Physical Therapy

နေ့စဉ်လှုပ်ရှားသွားလာထိတွေ့ကိုင်တွယ်မှုများအတွက် နည်းလမ်းများနှင့် အကူကိရိယာသုံးခြင်းများအတွက်
Occupational Therapy

အဆုတ်နှင့်ချွဲထွက်ခြင်း အသက်ရှုရခက်ခြင်းများအတွက်
Pulmonary Rehabilitation

အစာရေမျိုခက်ခြင်းအတွက်
Swallowing Rehabilitation

စတာတွေလုပ်လို့ရပါတယ်

ဆရာဝန်နှင့် ပြသနိုင်ရန်
လူနာများ အဆင်ပြေစေဖို့ ဖုန်းဆက်ပြီး Booking ကြိုတင်နိုင်ပါသည်။

🏥ဆေးခန်းနေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည ၇🌠🕖

☎️ ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


Hand Therapy
Passive Limb Mobilizer
Rehabilitation Clinic
#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့်နေ့ (ဓမ္မင်္စကြာနေ့အခါတော်နေ့)လေး ဖြစ်ပါစေခင်ဗျာ...🙏🙏🌟 နေ့ထူးနေ့မြတ်ဖြစ်သော ဝါ...
09/07/2025

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့်နေ့ (ဓမ္မင်္စကြာနေ့အခါတော်နေ့)လေး ဖြစ်ပါစေခင်ဗျာ...🙏🙏

🌟 နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ အခါသမယမှာ အလှူဒါနများ ပြုခြင်း၊ အကျွေးအမွေးများနှင့် တည်ခင်းဧည့်ခံခြင်း၊ သီတင်းသီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်း အစရှိသည့်ကောင်းမှုကုသိုလ်တို့အား မြန်မာတပြည်လုံး ပြည်လုံးကျွတ်ပြုလုပ်ကြတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်... 🤍

😊 ဒီလိုမွန်မြတ်လှပါသော ဝါဆိုလပြည့်နေ့မှ မြန်မာတစ်ပြည်လုံး လိုအင်ဆန္ဒပြည့်ဝပြီး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်း စွမ်းသစ်ဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်…

🏥​ဆေးခန်း​နေရာ
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

​ဆေးခန်းအချိန်🕰
မနက် ၉ 🌞🕘 ည​ ၇🌠🕖

☎️ ​ဆေးခန်း ဖုန်းနံပါတ်
097777 037 36
0977 2100 695

ဖုန်းဖြင့်ဆက်သွယ်မရပါက
page Messenger မှသော်လည်ကောင်း၊
အထက်ပါ ဖုန်းများ၏ Viber မှသော်လည်ကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Clinic


#စွမ်းသစ်အရိုးအကြောအဆစ်ဆေးခန်း

Address

No. 1, Building 4, Hlaing Myint Mo Housing, Kan Road, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Swen Thit Physiotherapy and Rehab Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram