Taurus Theory

Taurus Theory Zodiacs Sign Own Your Power 💜

03/03/2026

ကိုယ့် Zodiac sign ကိုမကြိုက်တဲ့ လူတွေရှိလား
မွေးဖွားတဲ့ လကိုပြင်ပီ
ကိုယ်ဖြစ်ချင်တဲ့ sign ဖြစ်ခွင့်ရမယ်ဆို ရင်
ဘာ zodiac sign ဖြစ်ချင်ကြလဲ...

Ps:မင်မင်က တော့ ဘစိုင်းပဲဖြစ်ချင်တယ် 🙂‍↕️
ငယ်ငယ်ထဲ ကခုထိ သူရုပ်က ဒီတိုင်းကဒီအတိုင်းပဲ..

03/03/2026

May Ta**us ♉နဲ့ April Ta**us ♉
ဘာကွာလဲဆို တော့‌ မွေးတဲ့လပဲကွာတယ်
ဘာမှမကွာဘူး

နယူးဇီလန်ကနွား ဖြစ်ဖြစ် ဩဇီက နွားဖြစ်"
ဘယ်က နွားပဲဖြစ်နေပါစေ မြက်ပဲစားတာ
မြက်ပဲ ကြိုက်တာ ပလာတာ သွားကြွေးလို့မစားဘူး
Ta**us ♉. တွေလဲအဲ့လိုပဲ သူချစ်ပီဆို
ဘယ်သူဘာပြောပြော ပြောတဲ့သူပဲအပစ်မြင်တာ
သူက သူမြက်မှ သူမြက်ပဲ ကျန်တာနားမ၀င်ဘူး
မစားဘူးနော်....

Ta**us ♉ ဆိုတာလဲ အဲ့လိုပဲ ဘယ်လမွေး"
ဘာတွေပဲ chart ထဲမှာ ပါနေပါစေ ဘ၀မှာ
တစ်ကြိမ် နှစ်ခါလောက်ကတော့ နွားကိုကျ ဖူးကြတယ်
ရင့်ကျက် လာရင်လဲ ချစ်မိသွားပြန်ရင်
နွားပြန်ကျတာပဲ
ပလေးမယ်ဆိုပီ သူကြံရွယ်တဲ့ သူလဲ
နောက်ပိုင်းသူပဲ ဖောလင်အင် လပ်သွားပီ
သူပဲ နဝါးဖြစ် ပလေးခံရတာပဲ.

ပြောချင်တာ Ta**us ♉ ဆိုတာ Ta**us ♉ ပါပဲ
နဝါး ကျတာသက်သာချင်ရင် ချစ်သူမထားခင်
BC လေးနဲ့ Tarot လေးလာမေးလို့ရပါတယ်ဗျ..

02/03/2026

Ta**us ♉တွေက ရည်စားဟောင်းကို
မမေ့နိုင်ဘူးဆိုတာထက်
သူတို့အရမ်းချစ်တဲ့သူဖြစ်နေလို့ဆိုရင်ပိုမှန်မယ်

အဲ့လိုချစ်ရတဲ့သူက ရည်စားဟောင်းဖြစ်နေတဲ့အခါ
သူတို့ကို ရည်စားဟောင်းEnjoyer လို့ထင်သွားကြရော
တကယ်တမ်းက မဟုတ်ဘူး
ရည်စားဟောင်းဖြစ်ဖြစ် လက်ရှိချစ်သူဖြစ်ဖြစ်
သူတို့ချစ်တဲ့သူဆို သူတို့က အရမ်းချစ်ပေးမှာပဲ

အဲ့တော့ ရည်စားဟောင်းကိုမမေ့နိုင်ဘူးဆိုတာထက်
သူ အခုလက်ရှိမှာ ရည်စားဟောင်းကို ချစ်နေသေးရင်
သူဘယ်လိုခံစားခဲ့ရ..ပါစေ ဘယ်လိုနာကျင်ခဲ့ရ..ပါစေ
ပြန်လာရင် လက်ခံမှာ
စိတ်မနာသေးသရွေ့ သူချစ်နေသေးသရွေ့
ပြန်လက်ခံနိုင်တယ် နဝါးဖြစ်တဲ့ထိချစ်တယ်ဆိုတာ
အဲ့ဒါမျိုးကိုခေါ်တာ...

အဲ့လိုမဟုတ်ပဲ လက်ရှိမှာလည်း
ချစ်သူရှိနေပြီ အဲ့ချစ်သူကိုလည်း
သူ အရမ်းချစ်‌မိနေပြီဆိုရင်တော့
ရည်စားဟောင်းဆိုတဲ့သူလည်း ဒိုး...
ပြန်လာပြီး ဒူးထောက်တောင်းပန်နေရင်တောင်
စိတ်မ၀င်စား‌တော့ဘူး

အဲ့တော့ အဓိကပြောချင်တာက
Ta**us ♉ တွေအတွက်က
ရည်စားဟောင်းကို စိတ်၀င်စားတာမဟုတ်ဘူး
သူတို့ချစ်တဲ့သူကိုပဲ သူတို့စိတ်၀င်စားကြတာ
အလေးပေးကြတာပါ..

မင့်ဆီ Birthday chart နဲ့ Tarot လာကြည့်လို့ရပါတယ်ရှင့်❤️

02/03/2026

Ta**us ♉ လေးတွေအတွက်က
အချစ်မရှိလို့ရတယ် မုန့်မရှိလို့မရဘူး
မချစ်ပဲနေနိုင်တယ် မအိပ်ပဲ နဲ့တော့မနေနိုင်ဘူး...
Ta**us ♉ တစ်ယောက်ကို အပိုင်သိမ်းတော့မယ်ဆိုရင်
သူ့ အိပ်ချိန်ကို လေးစားပီး
သူကြိုက်တတ်တာလေးတွေကို များများ၀ယ်‌ ကျွေးပါ...

Ta**us ♉ တွေကမချစ်သေးခင်ဆိုရင်
ချစ်‌ပေး နေတဲ့သူထက်
မုန့် ကျွေးတဲ့သူကို ပိုလိုချင်တယ် 🥹

ကိုယ်သဘောကျနေတဲ့ Ta**us ♉ ရှိရင်
မုန့်ခေါ်ကျွေးပီ ဂရုစိုက်ပြလိုက်ရင်တော့
အမှတ်ပြည့်ပဲနော် ..

Ta**us ♉ ဆိုတဲ့အမျိုးက အချစ်အတွက်သာလှည်းကျိုးဆွဲ‌ဆိုရင် ဆွဲနိုင်ကြပေမဲ့အသဲကွဲတဲ့ဒဏ်တော့မခံနိုင်ကြဘူးခေါင်းပဲမာတာ အသဲကမမာ...
02/03/2026

Ta**us ♉ ဆိုတဲ့အမျိုးက အချစ်အတွက်သာ
လှည်းကျိုးဆွဲ‌ဆိုရင် ဆွဲနိုင်ကြပေမဲ့
အသဲကွဲတဲ့ဒဏ်တော့မခံနိုင်ကြဘူး
ခေါင်းပဲမာတာ အသဲကမမာဘူး

မြန်မာနိုင်ငံမှာ လူဖြစ်ရသလိုပါပဲနော်မကောင်းမှန်းသိလည်း ဒီမှာပဲပျော်တယ် ...
02/03/2026

မြန်မာနိုင်ငံမှာ လူဖြစ်ရသလိုပါပဲနော်
မကောင်းမှန်းသိလည်း ဒီမှာပဲပျော်တယ် ...

01/03/2026

Ta**us ♉တွေ play တာကြမ်းတယ်
အသဲခွဲကျွမ်းတယ်ဆိုတာ
သတင်း မှားတွေပါ ....
တော" တို့ မွေးရာပါကျွမ်းတာဆိုလို့
အိပ်တာ နဲ့ စားတာရယ် အရမ်းချစ်တတ်တာပဲရှိတယ် 🙂‍↕️

01/03/2026

SAGITTARIUS ♐ တွေကိုအစက
စိတ်အပြောင်းလဲ မြန်တယ်ပဲထင်ခဲ့တာ.
ဈေးဗန်းခင်းတာလည်း...
သောက်ရမ်းကြမ်းပြီး သောက်ရမ်းကျွမ်းတယ်နော်🫠

01/03/2026

Sign နဲ့ကြည့်ပြီးရည်းစားရွေးကြလို့
တချိူ့က Sign နဲ့ ရည်းစားကို ဂရုစိုက်ပြီးရွေးတဲ့သူကိုဆိုရင်
Sign ကြောင်ဘာညာလို့ တချို့တွေကပြောနေကြတယ်
ပြောနေတဲ့ လူတွေ Sign အများစုက
Gemini ♊ , Virgo ♍ တစ်ကယ့် ပလေယာတွေ

Sign ကြောင်ချင်ကြောင် မကြောင်ချင်နေ
အဲ့ Sign တွေတော့ရှောင်ကြ အတည်ပြောတာ
ကိုယ်က မင်းထင်သလိုမဟုတ်ပါဘူး‌
Signs တွေက အလကားပါဆို အဲ့တာ player
ဝေး" သာပြေး...သူတို့က ကိုယ်တွေထက်
Sign အကြောင်းပိုသိတယ်နော်🥹

01/03/2026

Ta**us ♉ တွေရဲ့အချစ်ကို ဥပမာ ပေးရမယ် ဆို
ပေးစရာလည်း မရှိပါဘူး
ချစ်ချင်ရင် ချစ်တယ် မချစ်ချင်ရင်မချစ်ဘူး

သူတို့ချစ်ဖို့ ပြန်ကြိုက်ဖို့
ဘာမှမလိုဘူး သူတို့ကြိုက်တဲ့ Type ဖြစ်နေဖို့ပဲလိုတာ
ဘာကောင်နေနေ သူတို့ကြိုက်ချင်ရင် ကြိုက်တယ်
သူတို့ တင်ကြွေးထားမယ် ဆိုတာမျိုး
ဆေးသမားဆိုတောင် ဆေးဖိုးပေးပြီး ချစ်မဲ့
‌လူမျိုးတွေ Ta**us ♉ တွေက

အဲ့ဒါကြောင့်လည်း နဝါးဆိုုပြီး နာမည်ကြီးတာ
Ta**us ♉ တစ်ယောက် မင်းကို အချိန်ဆွဲနေရင်
သူ့ Type မဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာသိလိုက်တော့
သနားတတ်တော့ မရက်စက်ဘူး
အချိုကြွေးပီ ပလေးမှာ

ကြိုးစားရင်ဖြစ်နိိုင်ပါတယ်ဆိုပေမဲ့
ဖြစ်နိုင်တဲ့အရာက "ခဝေး "😙လည်းဖြစ်သွားနိုင်တယ်နော်... နည်းနည်းပြောပြတာ
အချစ်ရေးမှာ တိုင်ပတ်နေရင်
BC နဲ့ Tarots လာကြည့် သေချာပြောပြပေးမယ်
ဒါပဲမောတယ်...

# SAGITTARIUS ♐ admin

28/02/2026

Ta**us ♉လေးတွေရဲ့အလှက
ကြာကြာ ကြည့်လေ လှလေပဲ
Ta**us ♉ တွေကအပြုံးလဲမချိုသလို
အပြောလဲ မချိုဘူး
အပြောကတော့ သူတို့ချို ချင်တဲ့လူဆိုရင်တော့ ချိုတယ်။
သူတို့အချစ်ကလဲ ကြာကြာလိုက်နိုင်မှရသလို
တောရက်စ် တွေရဲ့အလှကလဲ
တစိမ့်" ကြည့်မှ ပိုလှမှန်းသိရတာ
Ta**us ♉ လေးတွေရဲ့ မျက်နာလေးက
ကြည့်လေ လှလေ ပဲနော် ...

28/02/2026

သကြားဖြတ်ချင်ရင်
SAGITTARIUS ♐ နဲ့ တွဲဆိုတွဲကြည့်တာ
သကြား ပြတ်မ ပြတ်တော့မသိဘူး
SAGITTARIUS ♐ အပြုံးနဲ့ ဂရုစိုက်မူလေးတွေ
ဆိုးတာ ရစ်တာ တွေ မကောင်းမှန်းသိလျက်
ပူလောင်မှန်း သိရဲ့နဲ့ စွဲလန်း သွားရင်တော့
ကုရာနတ္တိဆေးမရှိပဲ နော် 🥹..

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Taurus Theory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram