Dr. Tin Tun Naing

Dr. Tin Tun Naing Healing Hands. Caring Hearts.

 #"မြေငလျင်နှင့်စိတ်ကြွပ်ဆတ်သောညများ"(Aftershocksဖြစ်ရပ်မှန်ဇာတ်လမ်း)~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #မြေင...
03/05/2025

#"မြေငလျင်နှင့်စိတ်ကြွပ်ဆတ်သောညများ"(Aftershocksဖြစ်ရပ်မှန်ဇာတ်လမ်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#မြေငလျင်

ည ၁၁:၃၀ နာရီ။ မန္တလေးမြို့က (၄)ထပ်တိုက်တစ်ခုတွင် နွေရာသီ၏ ပူပြင်းမှုကို ဖြေဖျောက်ဖို့ ဖွင့်ထားသော ပန်ကာလေကြောင့် လေတိုးဝှေ့သံများကြားမှ စာရွက်လှန်သံတစ်ချက်ကို မိုးမြန်မာ(အမည်လွဲ) က လှမ်းနားထောင်နေသည်။ သူမသည် အသက် ၂၃ နှစ်အရွယ်၊ ကုမ္ပဏီဝန်ထမ်းတစ်ဦး။ သူမ၏ စိတ်ကူးယဉ်စိတ်များကို စာအုပ်များနှင့် ဖုံးအုပ်ထားသော ဘဝ။ ထိုညတွင်မူ သူမအား လှုပ်ခတ်မည့်အရာသည် စာအုပ်ထဲက စိတ်ကူးယဉ်ဇာတ်လမ်းများ မဟုတ်။
ချက်ချင်း ကြမ်းပြင်က လှုပ်သလို ခံစားရသည်။ မီးခလုတ်များ ကြွက်တက်သံ၊ ပြတင်းပေါက်မှန်သားများ ကြွေကျသံ၊ အောက်မှ လူအော်သံများ။ "ငလျင်...ငလျင်ပဲ!" ဟု သူမ ဟစ်လိုက်မိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲသေတ္တာထဲသို့ ဝင်သွားသလို ချက်ချင်း အေးစက်သွားသည်။ လှုပ်ခတ်မှုက ၁၅ စက္ကန့်ခန့်ကြာပြီး ပြင်းထန်လှသည်။ သူမသည် စားပွဲအောက်တွင် ခေါင်းကိုဖုံးကာ ငိုသံထွက်လုနီးဖြင့် လှုပ်ရှားမှု ရပ်သွားသည်အထိ စောင့်နေခဲ့ရသည်။

#စိတ်လှိုင်းလုံးများ

ငလျင်ပြီးသည့်နောက် မိုးမြန်မာ၏ စိတ်ထဲတွင် အရာရာကို သံသယစိတ်များ စတင်ဖုံးလွှမ်းလာသည်။ ညတိုင်း အိပ်ရာဝင်ချိန်တွင် ကြမ်းပြင်ကို စိုးရိမ်စွာ စိုက်ကြည့်နေမိသည်။ မည်သည့်အသံမဆို ငလျင်ကြိုတင်လှုပ်ခြင်းဟု ထင်မှတ်သည်။ တစ်ညတွင်မူ သူမ၏ စိတ်ကူးထဲတွင် မြေကြီးကွဲဟပြီး အထပ်မြင့်တိုက်ကြီး နစ်ဝင်သွားပုံကို မက်သည်။ လန့်နိုးလာသည့်အခါ ချွေးစေးများဖြင့် လှုပ်ရှားရခက်နေပြီး နှလုံးခုန်သံသည် နားရွက်ထဲတွင် ရိုက်ခတ်နေသလို ခံစားရသည်။
သူမ လုပ်နိုင်သည့်အရာတစ်ခုကတော့ သူမနေထိုင်နေသည့် အထပ်မြင့်တိုက်မှ ထွက်ပြေးဖို့ပင်။ သူငယ်ချင်းဖြစ်သူ ရွှေစင်၏ (၁)ထပ်တိုက်ပု သို့ ပြောင်းနေသည်။ သို့သော် စိတ်ထဲတွင် ငလျင်၏အရိပ်က လိုက်ပါနေဆဲ။ လမ်းလျှောက်ရင်း မြေကြီးကို ခြေဖျားနှင့် စမ်းသပ်ရသည်။ မွှေ့ယာလှုပ်လျှင်ပင် ငလျင်လှုပ်နေပြီဟု ထင်မှတ်ကာ ထပြေးတတ်သည်။

#စိတ္တဇအပြောင်းအလဲ

တစ်လအကြာတွင် မိုးမြန်မာ၏ အပြုအမူများက ပိုမိုထူးခြားလာသည်။ သူမ၏ စားပွဲပေါ်တွင် ငလျင်သတိပေးစနစ်များ၊ မြေငလျင်ဆိုင်ရာ စာအုပ်များဖြင့် ပြည့်နှက်နေသည်။ ညဘက်တွင် မီးဖွင့်အိပ်သည်။ လေပြင်းတိုးလျှင်ပင် မျက်လုံးများကို စိုက်ကြည့်ကာ "ပြန်လှုပ်ပြီ...ပြန်လှုပ်ပြီ" ဟု ပြောဆိုနေတတ်သည်။ သူမ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်လာပြီး စကားများ နည်းလာသည်။
အထက်မှ ဖိအားများကြောင့် သူမသည် အလုပ်မှ ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အိမ်တွင်နေရင်း သူမ၏စိတ်သည် ပိုမိုပျံ့လွင့်လာသည်။ တစ်နေ့တွင် သူမ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ မြေကြီးကို စိုက်ကြည့်နေစဉ် ရုတ်တရက် အော်ဟစ်လိုက်သည်။ "ကြည့်ပါလား...ကြည့်ပါလား! မြေကြီးက ကွဲနေပြီ!" ဟူ၏။ သူငယ်ချင်းဖြစ်သူ ရွှေစင်က လှမ်းကြည့်သော်လည်း ဘာမှမမြင်ရ။

#ပြိုလဲခြင်းနှင့်အလင်းရောင်

နောက်ဆုံးအကြိမ်တွင် မိုးမြန်မာသည် သူမ၏အိမ်သို့ ပြန်သွားရန် စိတ်အားထက်သန်လာသည်။ "ငါ ရင်ဆိုင်ရမယ်...ဒါကို ကျော်လွှားရမယ်" ဟု သူမကိုယ်သူမ အားပေးသည်။ သို့သော် ညအချိန် သူမ၏အခန်းတွင်းသို့ လေတိုးဝှေ့သံတစ်ချက် ဝင်လာသည်နှင့် စိတ်ကူးယဉ်မှုနှင့် အမှန်တရားကြား စည်းခြားမှုများ ပြိုကွဲသွားသည်။ သူမသည် ပြတင်းပေါက်မှ ခုန်ချဖို့ ကြိုးစားသည်အထိ ဖြစ်သွားပြီး ရွှေစင်က နောက်ဆုံးအချိန်တွင် သူမ၏လက်ကို ဆွဲထိန်းလိုက်ရသည်။
ထိုညမှစ၍ မိုးမြန်မာသည် စိတ်ရောဂါကုသရေးဌာနတွင် ကုသမှုခံယူနေရသည်။ သူမ၏ဇာတ်လမ်းသည် မြေငလျင်ကြောင့် မဟုတ်၊ ကြောက်ရွံ့မှုများကို မျှဝေခံနိုင်ရည်မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆရာဝန်က ရှင်းပြသည်။ တဖြည်းဖြည်း သူမ၏စိတ်သည် ပြန်လည်တည်ဆောက်လာပြီး စာရွက်လှန်သံများကို ပြန်လည်နားထောင်တတ်လာသည်...သို့သော် ယခုတစ်ကြိမ်တွင် စာအုပ်ထဲက ဇာတ်လမ်းများကို စိတ်ကူးယဉ်ရင်း။

"စိတ်ဆိုတာ ဖန်တီးနိုင်တယ်...ဖျက်စီးနိုင်တယ်...ပြန်ပြုပြင်လို့လည်း ရတယ်" ဟု မိုးမြန်မာက သူမ၏ ဒိုင်ယာရီတွင် ရေးလိုက်သည်။ ငလျင်သည် မြေကြီးကို လှုပ်ခတ်နိုင်သော်လည်း၊ လူသားတို့၏ စိတ်ဓာတ်ကို မည်သည့်အရာမှ အပြီးတိုင် မကျိုးပဲ့နိုင်ဟု သူမ ယုံကြည်လာခဲ့ပြီ။

#သတိပြုရန်

စိတ်ဒဏ်ရာ ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူရပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ရှည်ပါ။ အကူအညီတောင်းခံဖို့ မရှက်ပါနဲ့။ မိမိရဲ့ စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးကြောင်း သတိရပါ။

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားခြင်းအားဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားစေမှာ ဖြစ်ပါတယ်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့် -‌ ဒေါက်တာတင်ထွန်းနိုင်

 #လူတိုင်းသိသင့်သောအစာအိမ်အနာနှင့်H.pyloriပိုး  ~~~~~~~~~~~~~~~~~~~~~~~~~~~~~အစာအိမ်အနာဖြစ်စေသော ဟယ်လီကိုဘက်တာ ပိုင်ိုင်...
30/04/2025

#လူတိုင်းသိသင့်သောအစာအိမ်အနာနှင့်H.pyloriပိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစာအိမ်အနာဖြစ်စေသော ဟယ်လီကိုဘက်တာ ပိုင်ိုင်ရီ (H. pylori) သည် ကမ္ဘာ့လူဦးရေ၏ ၅၀% ခန့်တွင် ရှိနေတတ်သည့် ဘက်တီးရီးယားပိုးဖြစ်ပြီး၊ လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ နေထိုင်နိုင်သည်။ ဤပိုးကို မကုသပါက အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း နှင့် အစာအိမ်ကင်ဆာအထိ ဆိုးရွားနိုင်သဖြင့် သတိထားရန် လိုအပ်ပါသည်။

#ဘယ်လိုကူးစက်သလဲ?

H. pylori ပိုးသည် အညစ်အကြေးများနှင့် ညစ်ပတ်သောရေ၊ မိသားစုအတွင်း ပါးစပ်မှတစ်ဆင့် (ဥပမာ - ဘုံပန်းကန်မျှဝေသုံးစွဲခြင်း) ကူးစက်နိုင်သည်။ များသောအားဖြင့် ငယ်ရွယ်စဉ်ကတည်းက ကူးစက်ခံရပြီး နှစ်ပေါင်းမျာစွာကြာမှ ရောဂါလက္ခဏာပြတတ်သည်။

#လက္ခဏာများ

ဗိုက်နာကျင်ခြင်း (အစာစားပြီးချိန် သို့မဟုတ် ဗိုက်ဆာချိန်တွင် ပိုဆိုး)
ရင်ပူခြင်း၊ လေပွခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း
အနက်ရောင် ဝမ်းသွားခြင်း (သွေးယိုစိမ့်နေပါက)

#အန္တရာယ်ရှိသောနောက်ဆက်တွဲများ

H. pylori ပိုးကြောင့် အစာအိမ်အတွင်းနံရံ ရောင်ရမ်းပျက်စီးပါက အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာ၊ နှင့် အစာအိမ်ကင်ဆာ အထိ ဖြစ်နိုင်ခြေရှိသည်။

#ရောဂါရှာဖွေနည်းများ

အသက်ရှူစစ်ဆေးခြင်း (Urea Breath Test)
သွေးစစ်ခြင်း (ပိုးကို တိုက်ဖျက်နိုင်သော ပဋိပစ္စည်းများ ရှိမရှိ)
အစာအိမ်မှန်ပြေင်းကြည့်ပြီး နမူနာယူခြင်း

#ကုသမှုနည်းလမ်း

ပိုးသတ်ဆေး (Antibiotics) + အက်စစ်လျှော့ဆေး (PPI) ကို ၁၀-၁၄ ရက်သောက်ရန်။
ဆေးယဉ်ပါးမှု မြင့်မားသည့်အတွက် ဆရာဝန်ညွှန်ကြားချက်အတိအကျလိုက်နာပါ။ (မိမိသဘောဖြင့် ဆေးဝယ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။)

#ကာကွယ်နည်း

လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးပါ။
သန့်ရှင်းသောရေ (သောက်ရေသန့် သို့မဟုတတ် ကျိုချက်ရေ) နှင့် သန့်ရှင်းသော အစားအစာကို စားသုံးပါ။
ဆေးလိပ်နှင့် အရက်ရှောင်ပါ။

#သတိပြုရန်

အစာအိမ်နာသည် စိတ်ဖိစီးမှုကြောင့်သာမဟုတ်၊ H. pylori ပိုးကြောင့်လည်း ဖြစ်နိုင်သည်ကို သိထားပါ။ လက္ခဏာများကို ပေါ့ဆမထားဘဲ စောစီးစွာ စစ်ဆေးကုသပါက နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားခြင်းအားဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားစေမှာ ဖြစ်ပါတယ်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့် -‌ ဒေါက်တာတင်ထွန်းနိုင်

" #တင်းနစ်ကစားသူတို့ဘာကြောင့်ကျန်းမာသန်စွမ်းရသလဲ"(တင်းနစ်ဝါသနာရှင်ဆရာဝန်တစ်ဉီး၏ကိုယ်တွေ့)~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
27/04/2025

" #တင်းနစ်ကစားသူတို့ဘာကြောင့်ကျန်းမာသန်စွမ်းရသလဲ"(တင်းနစ်ဝါသနာရှင်ဆရာဝန်တစ်ဉီး၏ကိုယ်တွေ့)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တင်းနစ်ကစားခြင်းဟာ ကျွန်တော့်အတွက် စိတ်လက်ပြေလျော့ရာသာမက၊ လူနာတွေကိုပါ ကျန်းမာရေးအကြံပေးရာမှာ အထောက်အကူဖြစ်စေတဲ့ အားကစားတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင် တစ်ပတ်ကို (၂)ကြိမ် မှ (၃)ကြိမ် ကစားပြီး လူနာတွေကိုလည်း ဒီအားကစားကို မကြာခဏအကြံပေးလေ့ရှိပါတယ်။ တင်းနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တာကို မျှဝေချင်ပါတယ်။

၁။ #နှလုံးကျန်းမာရေးနှင့်သွေးလှည့်ပတ်မှု

တင်းနစ်ဟာ ချွေးထွက်များစေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းဖြစ်လို့ နှလုံးကြွက်သားကို သန်မာစေပါတယ်။ ကျွန်တော့်လူနာ တစ်ဦးဖြစ်တဲ့ အသက် ၅၀ အရွယ် ဦးလှမြင့် (အမည်လွဲ) ဟာ တစ်ပတ် ၂ ကြိမ် တင်းနစ်ကစားပြီးနောက် ၆ လအတွင်း သွေးတိုးရောဂါထိန်းနိုင်လာခဲ့ပါတယ်။ သူ့လို သွေးတိုးရှိသူတွေအတွက် တင်းနစ်ကို ပုံမှန်ကစားခြင်းက သွေး‌ပေါင်ချိန် နဲ့ သွေးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပါတယ်။

၂။ #ကြွက်သားသန်မာမှုနှင့်ဟန်ချက်ညီအမူအရာ

တင်းနစ်ရိုက်တိုင်း ခြေချောင်းလက်ချောင်းများ၊ ခြေသလုံး၊ ပေါင်၊ လက်မောင်း၊ ပခုံးကြွက်သားတွေ ပါဝင်လှုပ်ရှားရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ညီညာစွာ သန်မာလာစေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တင်းနစ်ကစားပြီးနောက် ပေါ့ပါးလန်းဆန်းပြီး ဒူးနာ၊ခါးနာခြင်များ သက်သာလာတာကို သတိထားမိပါတယ်။

၃။ #စိတ်ဖိစီးမှုလျော့ချခြင်း

တနေ့တာဆေးခန်းမှာ အလုပ်ဖိစီးပြီးနောက် တင်းနစ်ကစားရင် စိတ်ကြည်လင်သွားတာကို ခံစားရပါတယ်။ ဘောလုံးကို အားရပါးရရိုက်ရင်း စိတ်ဖိစီးမှုဟော်မုန်းတွေ (ဥပမာ - ကော်တီဇော်) လျော့ကျစေပါတယ်။ လူနာတစ်ယောက်က "ဆရာပြောတဲ့တင်းနစ်က စိတ်ပူပန်မှုတွေကို အကောင်းဆုံးဖြေရှင်းနည်းပါ" လို့ သူ့ရဲ့ အတွေ့အကြုံလေးကို ပြောပြဖူးလေရဲ့။

၄။ #ဒူးနှင့်ခြေကျင်းဝတ်ဒဏ်ရာမှကာကွယ်နည်း

တင်းနစ်မှာ ချော်လဲဒဏ်ရာရနိုင်ပေမယ့် အကောင်းဆုံးကာကွယ်နည်းက ကြိုတင်ပြင်ဆင်မှု ပါ။ ကစားမယ့် ၁၀ မိနစ်အလိုမှာ ခြေချင်းဝတ် လှည့်တာ၊ ဒူးကွေးဒူးဆန့်တာ၊ လက်ကောက်ချိုးတာ၊ ဖွဖွပြေးပြီးလေ့ကျင့်ခန်းလုပ်ပါ။ ဒါမှအရွတ်ဒဏ်ရာ ရတာမျိုး မဖြစ်မှာပါ။ ကျွန်တော့်လူနာတစ်ဦးဟာ တင်းနစ်အားကစားနည်းကို လေ့ကျင့်ခန်းမလုပ်ဘဲ ကစားမိလို့ ခါးနဲ့ဒူးထိခိုက်သွားဖူးပါတယ်။ ဆရာ့ဆရာကြီးများကတော့ “သွေးပူအကြောလျှော့ မပေါ့ဆနှင့်” လို့ အမြဲ ဆိုဆုံးမလေ့ ရှိပါတယ်။

၅။ #အာဟာရနှင့်ရေဓာတ်

မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီမှာ တင်းနစ်ကစားပြီးတိုင်း ရေဓာတ်ပြန်ဖြည့်ဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေနှင့် ဓာတ်ဆားရည် (ဥပမာ - ORS၊ အသင့်သောက် Pocari Sweat/Royal-D) ကို မပါမဖြစ် ယူသွားလေ့ရှိပါတယ်။ ဓါတ်ဆား၊ Pocari Sweat/Royal-D တို့ လွယ်လွယ်ကူကူ မရနိုင်တဲ့ နေရာမျိုးမှာဆိုရင်တော့ အိမ်သုံးဆား လ္ဘက်ရည်ဇွန်း ၁ဇွန်း ကို ရေနဲ့ ဖျော်သောက်လို့ ရပါတယ်။ Recreation အတွက် ကစားတာဖြစ်ဖြစ်၊ Professional ကစားသမားများ ဖြစ်ဖြစ် ကစားနေစဉ် နဲ့ ကစားပြီး မိနစ် (၃၀) အတွင်း ပရိုတိန်းဓာတ် (ကြက်ဥ၊ ပဲနို့) နှင့် ကာဗိုဟိုက်ဒရိတ် (ငှက်ပျောသီး) စားဖို့ အကြံပေးချင်ပါတယ်။

၆။ #လူမှုရေးအထောက်အပံ့နှင့်စိတ်ချမ်းသာမှု

တင်းနစ်အားကစားနည်းကို ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် ကစားလို့ရပါတယ်။ ကျွန်တော်တို့ တင်းနစ်ဝါသနာရှင်များ အတွက်ကတော့ အခါအားလျော်စွာ တင်းနစ်ပြိုင်ပွဲလေးတွေ ကျင်းပလေ့ရှိပါတယ်။ ဒါက လူမှုအပေါင်းအသင်း ပိုမို ဝင်ဆံ့စေသလို စိတ်ချမ်းသာမှုကိုလည်း တိုးစေတာမို့ စိတ်အာဟာရလည်း ဖြစ်စေပါတယ်။

🎾🎾🎾တင်းနစ်ဟာ အသက်အရွယ်မရွေး လူတိုင်းကစားနိုင်တဲ့ အားကစားပါ။ စတင်ဖို့အတွက် စျေးကြီးတဲ့ပစ္စည်းတွေမလိုပါ။ ဒါကြောင့်မို့လို့ ဒီနေ့ပဲ မိမိအားလပ်ရက်နဲ့ချိန်ပြီး ကစားကြည့်ပါ။ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှုဖြစ်လာမှာပါ။

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားခြင်းအားဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားစေမှာ ဖြစ်ပါတယ်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့် -‌ ဒေါက်တာတင်ထွန်းနိုင် (တင်းနစ်ဝါသနာရှင် ဆရာဝန်)

" #မိဘနှစ်ပါးရဲ့အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့်သားသမီးရဲ့ဘဝပျက်စီးခြင်း" ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
24/04/2025

" #မိဘနှစ်ပါးရဲ့အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့်သားသမီးရဲ့ဘဝပျက်စီးခြင်း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော့နေ့စဉ်ဘဝမှာ ကလေးငယ်တွေရဲ့ မျက်ရည်တွေ၊ စိတ်ဒဏ်ရာတွေ၊ ခန္ဓာကိုယ်မှာ စုပြုံနေတဲ့ အနာတွေကို မရေမတွက်နိုင်အောင် မြင်ခဲ့ရဖူးပါတယ်။ ဒီအထဲက အထူးသဖြင့် #လုံးစိန်မ (အမည်လွှဲ) ဆိုတဲ့ အသက် ၁၄နှစ်အရွယ် ကလေးမလေးရဲ့ ဖြစ်စဉ်ကို ဘယ်တော့မှ မေ့မရနိုင်ပါဘူး။

#ရုပ်ပိုင်းထိခိုက်မှုများ

၂၀၂၃ ခုနှစ် ရဲ့ ပူအိုက်လှတဲ့ နွေရာသီရဲ့ ည(၁)ညမှာ လုံးစိန်မကို သူ့အဖေက ဒူးနာတယ်ဆိုပြီး ဆေးခန်းကို ခေါ်လာခဲ့တယ်။ စစ်ဆေးကြည့်တော့ ဒူးမှာ သာမန်ရောင်ရမ်းနေတာထက် အရိုးကျိုးနေတာ သိခဲ့ရတယ်။ သူ့ခြေထောက်မှာ မီးလောင်ထားသလို ရေကြည်ဖုတွေ၊ လက်မောင်းမှာ ရိုက်နှက်ထားတဲ့ အညိုအမည်းစွဲ ဒဏ်ရာတွေလည်း ရှိနေတယ်။ "ဘယ်လိုဖြစ်တာလဲ" မေးတော့ သူငိုပြီး ပြောတယ်။ "အဖေနဲ့ အမေ စကားများပြီး ရန်ဖြစ်ကြတယ်... အဖေက သမီးကို ရိုက်တယ်၊ ရေ‌‌နွေးပူနဲ့လည်း လောင်းတယ်"။ ဒီလိုထိခိုက်မှုတွေက တဆင့် လုံးစိန်မဟာ နာတာရှည်အာဟာရချို့တဲ့မှု ရောဂါစွဲကပ်လာပါတော့တယ်။ မိဘနှစ်ပါးလုံး ဆက်ဆံရေး (ယနေ့ခေတ်အခေါ် Relationship = RS) အဆင်မပြေမှုကြောင့် ကလေးကို ဂရုစိုက်ဖို့ မေ့နေကြတာပါ။

#ငိုသံတွေကနေဆိတ်ဆိတ်ငြိမ်သွားခြင်း

နောက်ပိုင်းတွေမှာ လုံးစိန်မက စကားပြောနည်းလာတာ၊ စာသင်ခန်းထဲမှာ အာရုံစိုက်မရတာ၊ ညဘက်အိပ်မပျော်တာတွေ တွေ့ရတယ်။ စိတ်ကျန်းမာရေးစစ်ဆေးတော့ သူမရဲ့ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့နေတာတွေကို သိခဲ့ရတယ်။ သူ့ဖြစ်တည်မှုကို နားလည်ဖို့ ကြိုးစားတော့ သူပြောတယ်။ "အိမ်မှာ ဘယ်သူမှ စကားမပြောဘူး... ကျွန်မရှိတာတောင် သူတို့သတိမထားမိဘူး"။

#အဆုံးသတ်ဆိုးနဲ့လမ်းပျောက်သွားခြင်း

၂၀၂၄ မှာ လုံးစိန်ဟာ ကျောင်းထုတ်ခံလိုက်ရတယ်။ မိဘတွေ ကွာရှင်းပြီးနောက် သူ့အဖေက အရက်စွဲလာတယ်။ လုံးစိန်ကတော့ ရွာထဲက အပျိုလေးတွေနဲ့ ရောပြီး ဆေးလိပ်၊ ကွမ်းယာ၊ စိတ်ကြွရူးသွပ်ဆေးပြား စတာတွေ စသုံးလာတယ်။ ၂၀၂၅ မှာ သူမနဲ့ ထပ်တွေ့ရတော့ လက်မောင်းမှာ ဆေးထိုးအပ်ရာတွေ၊ မျက်နှာမှာ ရိုက်နှက်ခံထားရတဲ့အမာရွတ်တွေနဲ့။ "ဆရာ၊ ဘယ်သူမှ ဂရုမစိုက်တော့ လူဆိုးတွေနဲ့ ပျော်နေတာ ပိုကောင်းတယ်" လို့ ရယ်ပြီးပြောတယ်။

#ဆရာဝန်တစ်ယောက်ရဲ့အတွေး

လုံစိန်လို ကလေးတွေကို ကျွန်တော်တို့ စောစောကြားဝင်ဖို့ လိုအပ်ပါတယ်။ မိသားစုပဋိပက္ခကို ကလေးတွေရဲ့စိတ်ထဲမှာ မြစ်ဖျားခံပြီး သူတို့ဘဝတွေ ပျက်သွားကြတယ်။ မိဘများအနေနဲ့ မိမိတို့ရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုက ဖြစ်တည်လာတဲ့ စိတ်ဒဏ်ရာတွေကို ကလေးတွေဆီ မသယ်မိပါစေနဲ့။ ကလေးတွေရဲ့ငိုသံကို နားထောင်ပါ။ မဟုတ်ရင်... ဒီငိုသံတွေဟာ လူ့အဖွဲ့အစည်းအတွက် နာကျင်စရာအဖြေတွေ ဖြစ်သွားနိုင်ပါတယ်။

(မှတ်ချက်။ ။ ယနေ့ခေတ်မှာ ကလေးစိတ်ပညာတတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်များ၊ Counselor များ၊ Clinical Psychologist များနှင့် လိုအပ်ပါက တိုင်ပင်ဆွေးနွေးကုသ သင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါတယ်။)

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားခြင်းအားဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားစေမှာ ဖြစ်ပါတယ်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့် -‌ ဒေါက်တာတင်ထွန်းနိုင်

 #ဝတ်ရည်နှင့်မလှိုင်သားတို့၏မှောင်မိုက်ထဲက ရုန်းကန်မှု~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ရွာလေးရဲ့ နှင်းဆီပန်းလို လှပနေတဲ့...
23/04/2025

#ဝတ်ရည်နှင့်မလှိုင်သားတို့၏မှောင်မိုက်ထဲက ရုန်းကန်မှု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွာလေးရဲ့ နှင်းဆီပန်းလို လှပနေတဲ့ ဝတ်ရည် (အမည်လွှဲ) ဟာ မိုးညိုညို၊ မှောင်မိုက်မိုက် ညတစ်တစ်ညမှာတော့ အမှားကြီး ၁ခု ကျူးလွန်မိပါတော့တယ်။ ပျိုမျစ်နုနယ်တဲ့ အသက် (၁၉) နှစ်အရွယ် ဝတ်ရည်ဟာ မိမိမလိုချင်တဲ့ ကိုယ်ဝန်ကို လက်သည်နဲ့ ဖျက်ချရင်း အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူမရဲ့ ဘဝဇာတ်လမ်းက ကျေးလက်ဒေသမှာ ကျန်းမာရေးအသိပညာ နည်းပါးမှု၊ လူမှုရေးဖိအားနဲ့ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မီးမောင်းထိုးပြနေပါတယ်။

#ရွှေပြည်ရှင်လိုအိပ်မက်နဲ့ ကြုံတွေ့ရတဲ့အမှား

ဝတ်ရည်ဟာ ရွာကလေးမှာ မိသားစုနဲ့ အတူ ရိုးရိုးရှင်းရှင်း နေထိုင်နေခဲ့သူပါ။ သူ့ဘဝကို ပြောင်းလဲစေခဲ့တာက လင်မယားမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ပါ။ "ဒီကိစ္စကို ရွာကလူတွေသိရင် ငါ့ဘဝပျက်မယ်" ဆိုတဲ့ ကြောက်ရွံ့မှုနဲ့ သူမဟာ လက်သည်တစ်ဦးဆီ လမ်းညွှန်ခံခဲ့ရတယ်။ မသန့်ရှင်းတဲ့ ကိရိယာတွေ၊ ဆေးဘက်ဆိုင်ရာ ဗဟုသုတမရှိတဲ့ လုပ်ဆောင်မှုတွေနဲ့ ကိုယ်ဝန်ဖျက်ချခဲ့ပါတော့တယ်။

#သွေးထွက်လွန်ခြင်းနဲ့ပိုးဝင်မှု

အဲ့ဒီနောက် ဝတ်ရည်ဟာ သွေးအလွန်အကျွံဆင်းလာပြီး ဗိုက်အောင့်တာ၊ အဖျားတက်တာတွေ စတင်ခံစားရပါတယ်။ သွေးထွက်လွန်ပြီး သွေးပေါင်ကျတဲ့အခါ သူမဟာ သတိလစ်သွားခဲ့ပါတယ်။ ရွာကလူတွေ သူမကို ကျေးလက်ဆေးရုံကို အရေးပေါ်သယ်ပို့ခဲ့ရပေမယ့် ပိုးဝင်မှုကြောင့် သွေးဆိပ်သင့်ခြင်း (Sepsis) နဲ့ ရင်ဆိုင်လာရပါတယ်။ ဆရာဝန်များက သူ့ကို သွေးသွင်းကုသမှုအပြင် ပိုးသတ်ဆေးတွေ ပေးခဲ့ရပြီး အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သားအိမ်ပျက်စီးမှုကြောင့် နောင်တွင် မျိုးဆက်ပွားနိုင်စွမ်း ဆုံးရှုံးသွားခဲ့ပါတယ်။

#စိတ်ဒဏ်ရာနဲ့လူမှုရေးအရှုပ်

ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတင်မက ဝတ်ရည်ဟာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုပါ ခံစားခဲ့ရပါတယ်။ "ရွာထဲက လူတွေက ငါ့ကို လှောင်ပြောင်ကြတယ်။ မိသားစုကလည်း မျက်နှာလွှဲသွားတယ်" လို့ သူမက ပြန်လည်ရှင်သန်ရတဲ့ ဘဝအကြောင်း ပြောပြခဲ့ပါတယ်။ ကျေးလက်ဒေသမှာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ လွဲမှားတဲ့အယူအဆတွေဟာ ကန့်သတ်ချက်တွေ၊ လူမှုရေးအရှုပ်တွေနဲ့ ပြည့်နေတာကို သူမရဲ့ဖြစ်ရပ်က ထင်ဟပ်စေပါတယ်။

#သင်ခန်းစာ

ဝတ်ရည်ရဲ့ ဇာတ်လမ်းက အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေရဲ့ အရေးကြီးပုံကို သတိပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းကို ဉပဒေမှ တားမြစ်ထားတာဖြစ်ပါတယ်။ ဝတ်ရည်လို ကျေးလက်ဒေသက အမျိုးသမီးတွေအတွက် ကျန်းမာရေးအသိပညာ ချို့တဲ့မှုနဲ့ ဗဟုသုတ အားနည်းမှုတွေက အန္တရာယ်ကို ပိုများစေပါတယ်။

#အလင်းဆီသို့ခြေလှမ်း

ဝတ်ရည်ဟာ အခုဆို ကျေးရွာထဲမှာ ကျန်းမာရေးအသိပညာဖြန့်ဝေတဲ့ လုပ်ငန်းတွေမှာ ပါဝင်နေပါတယ်။ "ငါ့လိုမျိုး ဘဝတွေ ထပ်မဖြစ်ရအောင်" ဆိုတဲ့ စိတ်ကူးနဲ့ သူမဟာ အမျိုးသမီးတွေကို ဘေးကင်းတဲ့ မျိုးဆက်ပွားကျန်းမာရေးနည်းလမ်းတွေ ပညာပေးနေပါတယ်။ သူမရဲ့ ဇာတ်လမ်းက ရွာငယ်ဇနပုတိုင်းမှာ အလင်းရောင်တစ်စင်း ဖြစ်လာဖို့ မျှော်လင့်ဆုတောင်းမိနေပါတော့တယ်။

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားခြင်းအားဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားစေမှာ ဖြစ်ပါတယ်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။

မေတ္တာဖြင့် -‌ ဒေါက်တာတင်ထွန်းနိုင်

❗❗❗ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်မှာ အဖြစ်များတဲ့  #အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း(🅶🅰🆂🆃🆁🅾🅴🅽🆃🅴🆁🅸🆃🅸🆂...
21/04/2025

❗❗❗ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်မှာ အဖြစ်များတဲ့ #အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း(🅶🅰🆂🆃🆁🅾🅴🅽🆃🅴🆁🅸🆃🅸🆂) ❗❗❗

👊💔 ဘာကြောင့်ဖြစ်ရတာလဲ? 👺☯

1️⃣ သန့်ရှင်းမှုအလုံအလောက်မရှိခြင်း

🎨 ရေသန့်၊ သန့်စင်ခန်း၊ လက်ဆေးကန်များ ပျက်စီးသွားတတ်ပြီး ရောဂါပိုးမွှားများ လက်ကနေ၊ ရေကနေ ပျံ့နှံ့နိုင်ပါတယ်။

2️⃣ ညစ်ညမ်းသောရေနှင့်အစားအစာ

🎨 ငလျင်ဒဏ်ကြောင့် ရေမြောင်း၊ ရေကန်များထဲသို့ မစင်နှင့်အညစ်အကြေးများ ရောက်ရှိကာ ရေ၊ အစားအစာများ ညစ်ညမ်းပါတယ်။ ဒါက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုး တို့ကို သယ်ဆောင်လာနိုင်ပါတယ်။

3️⃣ လူထူထပ်မှု

🎨 စုပေါင်းနေထိုင်ရသော ဘေးလွတ်ရာနေရာများတွင် ရောဂါကူးစက်မှု လျှင်မြန်စွာ ဖြစ်ပွားနိုင်ပါတယ်။

4️⃣ ကျန်းမာရေးစောင့်ရှောက်မှုချို့တဲ့ခြင်း

🎨 ဆေးဝါး၊ ဆေးရုံ၊ ကျွမ်းကျင်သူများ အရေးပေါ်လိုအပ်ချိန်တွင် မလုံလောက်မှုကြောင့် ရောဂါပြန့်ပွားနိုင်ပါတယ်။

👉👉လက္ခဏာများ 🤮🤢

💠 ဝမ်းပျက်ဝမ်းလျှော၊ အန်ခြင်း (အထက်အန်၊အောက်လျှောလို့ အရပ်ထဲမှာ ပြောလေ့ရှိကြပါတယ်။)
💠 ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်
💠 အဖျားတက်ခြင်း (တစ်ခါတစ်ရံ)
💠 ရေဓာတ်ဆုံးရှုံးခြင်း (အာခြောက်၊ ဆီးနည်း၊ မူးဝေခြင်း)

👉ဘယ်လိုကာကွယ်ကြမလဲ?

✅ဆောင်ရန်

🔋ရေကို ကျိုချက်သောက်ပါ

▪️ ရေကို အနည်းဆုံး ၁ မိနစ်ကြာ ဆူပွက်အောင် ကျိုပါ။ ရေသန့်ဗူးသောက်နိုင်ရင် ပိုကောင်းပါတယ်။

🔋လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးပါ

▪️ အစာမစားမီ၊ အိမ်သာတက်ပြီးနောက်၊ အမှိုက်ကိုင်ပြီးနောက် လက်ဆေးပါ။

🔋 အစားအစာကို သေချာစီမံပါ

▪️ ချက်ပြုတ်ထားသော အစာကိုသာ စားပါ။ သစ်သီး/ဟင်းသီးဟင်းရွက်များကို သန့်စင်သောရေဖြင့် ဆေးကြောပါ။

🔋 ရောဂါလက္ခဏာရှိသူနှင့် ခပ်ခွာခွာနေပါ

▪️ အန်ဖတ်၊ ဝမ်းများကို လက်အိတ်နဲ့ကိုင်တွယ်ပြီး ဘေးကင်းစွာစွန့်ပစ်ပါ။

🚫ရှောင်ရန် 🙅‍♂️🙅‍♀️

▪️ ညစ်ညမ်းသောရေ (ဥပမာ- မြစ်/ကန်/မိုးရေ) ကို သောက်သုံးခြင်း
▪️ အသားစိမ်း/ငါးစိမ်းများ၊ လမ်းဘေးအစားအစာများ
▪️ လက်မဆေးဘဲ မျက်နှာ၊ ပါးစပ်ကို ကိုင်တွယ်ခြင်း

👉ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ? 👨‍⚕️👩‍⚕️

▪️ ဝမ်းတွင်သွေးပါခြင်း၊ အဖျား ၃ ရက်ကျော်ကြာခြင်း
▪️ ရေဓာတ်ဆုံးရှုံးလက္ခဏာများ (ဥပမာ- အာခြောက်၊ဆီးမထွက်၊ မျက်တွင်းချိုင့်၊မူးလွန်းလျှင်)
▪️ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ဖြစ်ပါက အထူးဂရုစိုက်ပါ။

#အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း(Gastroenteritis) ဟာ စောစီးစွာ ကာကွယ်ကုသပါက အသက်အန္တရာယ်မရှိသော်လည်း ငလျင်လှုပ်ပြီး နောက်ပိုင်းကာလမှာ လျှင်မြန်စွာ ပြန့်ပွားနိုင်ပါတယ်။ သန့်ရှင်းမှု၊ ရေနှင့်အစားအစာ ဂရုစိုက်မှုတို့ဟာ အရေးကြီးဆုံးသော ကာကွယ်နည်းဖြစ်ပါတယ်။ မိမိနှင့် မိသားစု 👨‍👩‍👦 အပါအဝင် မိမိချစ်ရသောသူများကို 👩‍❤️‍👨 အထူးဂရုပြုကြပါစို့။

မေတ္တာဖြင့် ✍️✍️✍️
#ဒေါက်တာတင်ထွန်းနိုင်
(အထွေထွေရောဂါကုဆရာဝန်)

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်သွားဖို့လည်း မမေ့နဲ့ဉီးနော်။)

ဖျက်အားပြင်း ငလျင်ကြောင့် သေကြေ၊ထိခိုက်၊ပျက်စီး၊ဆုံးရှံးခဲ့ရသော မန္ထလေး၊စစ်ကိုင်း၊ပျော်ဘွယ်မြို့တို့မှ တင်းနစ်မိတ်ဆွေအပေ...
21/04/2025

ဖျက်အားပြင်း ငလျင်ကြောင့် သေကြေ၊ထိခိုက်၊ပျက်စီး၊ဆုံးရှံးခဲ့ရသော မန္ထလေး၊စစ်ကိုင်း၊ပျော်ဘွယ်မြို့တို့မှ တင်းနစ်မိတ်ဆွေအပေါင်းတို့အတွက် ညှိုးငယ်သောစိတ်ထားဖြင့် တနိုင်တပိုင် လှူဒါန်းထားတာလေးပါ ခင်ဗျာ။ 🙏🙏🙏

 ိုးကျိုးနှင့်မကြည်ပြာ (ဖြစ်ရပ်မှန်ဇာတ်လမ်း)~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~👁️‍🗨️👁️‍🗨️👁️‍🗨️Disclaimer - လူနာအမည် နဲ...
20/04/2025

ိုးကျိုးနှင့်မကြည်ပြာ (ဖြစ်ရပ်မှန်ဇာတ်လမ်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👁️‍🗨️👁️‍🗨️👁️‍🗨️Disclaimer - လူနာအမည် နဲ့ ရုပ်ပုံအား ပြောင်းလဲထားပါသည်။👁️‍🗨️👁️‍🗨️👁️‍🗨️

မိုးသက်လေပြင်းကျတဲ့နေတစ်နေ့မှာ မကြည်ပြာ ဆိုတဲ့ အမျိုးသမီးဟာ အဆစ်ရောင်နာကျင်မှုကို သက်သာစေဖို့ ကျေးရွာဆေးဆိုင်က "စပ်ဆေး" တစ်မျိုးကို ဝယ်သောက်ခဲ့ပါတယ်။ ဒီဆေးမှာ ပါဝင်တဲ့ dexamethasone ဆိုတဲ့ စတီးရွိုက်ဆေးကို သူမသိခဲ့ဘဲ၊ ဆေးဆိုင်က "အားတိုးဆေး" လို့ပဲ ယုံကြည်ပြီး တစ်လလောက် ပုံမှန်သောက်ခဲ့မိတယ်။ စသောက်ကာစမှာ နာကျင်မှုတွေ သက်သာသလို ခံစားရပေမယ့် တဖြည်းဖြည်း မျက်နှာဖောရောင်လာပြီး ဗိုက်တွေပူ၊ ခြေထောက်တွေဖောကာ Cushing syndrome ရဲ့ လက္ခဏာတွေ ပေါ်လာတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ သွေးတိုးလာတာ၊ ဆီးခဏခဏသွားပြီး ရေငတ်လွန်တာ (ဆေးပညာအရ Hyperglycemia လက္ခဏာ) တွေပါ ခံစားလာရတယ်။

မကြည်ပြာက ဒီလက္ခဏာတွေကို "ဆေးအာနိသင်ပြင်းလို့" ထင်ပြီး ဆေးကို ရုတ်တရက် ဖြတ်လိုက်တယ်။ ဒါပေမယ့် ဆေးရပ်လိုက်တဲ့အခါ အန်ချင်အောက်မေ့၊ ဇက်ကြောတွေတောင့်၊ သွေးပေါင်ကျပြီး သတိလစ်တဲ့အထိ ဆိုးရွားလာတယ်။ ကျေးရွာကလူတွေက "သူဖျားနာတာ" ထင်ပြီး သူ့ကို ဆေးရွက်ကြောင် ပြုတ်ရည်၊ ချင်းနှင့် ပူစီနံ အစွန်းအထင်းတွေနဲ့ ကုသကြတယ်။ ဒါပေမယ့် ဝေဒနာက ပိုပိုဆိုးလာပြီး မကြည်ပြာခမျာ အရေပြားပါးလာပြီး အနာကျက်နှေးတာ၊ ဝမ်းဗိုက်မှာ အနီကွက်တွေပါ ထွက်လာပါတော့တယ်။

မသက်သာတဲ့အဆုံး ရွာသားတစ်ဦးက မြို့ပေါ်တက်ပြီး သူပြနေကျ အထွေထွေရောဂါကု/မိသားစုဆရာဝန်နဲ့ ပြဖို့ အကြံပေးလိုက်ပါတော့တယ်။ ဆရာဝန်က စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ သွေးတွင်းသကြားဓာတ်မြင့် (Hyperglycemia)၊ အပေါ်သွေး 160၊ အောက်သွေး 100 အထိတက်နေပြီး အသည်းနဲ့ ကျောက်ကပ်လုပ်ဆောင်မှု ကျဆင်းနေတာကိုလည်း တွေ့ရှိခဲ့တယ်။ Dexamethasone ဆိုတဲ့‌‌ဆေးကို ရုတ်တရက်ဖြတ်တာကြောင့် အက်ဒရီနယ်ဂလင်းပျက်စီးမှု (Adrenal insufficiency) ဖြစ်နေကြောင်း ဆရာဝန်က အချိန်ယူပြီး ရှင်းပြပါတယ်။ ပြီးတော့ ဆေးကို တဖြည်းဖြည်းချင်း လျှော့ပေးပြီး ဇီဝကမ္မပြန်လည်ထူထောင်ရေး ကုသမှုတွေ စတင်ခဲ့တယ်။ လအနည်းငယ်ကြာလာတဲ့အခါ မကြည်ပြာရဲ့ သွေးတိုးတာတွေ၊ သွေးတွင်းသကြားဓာတ်မြင့်တာတွေ ထိန်းနိုင်လာပြီး Cushing syndrome လက္ခဏာတွေလည်း သက်သာလာပါတော့တယ်။

သင်ခန်းစာ

ဒီဇာတ်လမ်းက မိမိသဘောနဲ့ စတီးရွိုက်ဆေးသောက်သုံးခြင်းဟာ အလွန်တရာ အန္တရာယ်များကြောင်းကို သတိပေးထားပါတယ်။ Dexamethasone ကဲ့သို့သော ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကာလကြာရှည်စွာသောက်သုံးမိပါက ဟော်မုန်းမညီမျှမှု၊ ကိုယ်တွင်းအင်္ဂါပျက်စီးမှု နဲ့ အသက်အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ဤဖြစ်ရပ်က သက်သေပြနေပါတယ်။

👉မိတ်ဆွေတို့မှာ ရှေ့ကဖော်ပြထားတဲ့ ရောဂါလက္ခဏာများရှိခဲ့ပါက မိသားစုဆရာဝန်/အထွေထွေရောဂါကုဆရာဝန် (သို့မဟုတ်) နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပါ။

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများ၊ ဖြစ်ရပ်မှန်ပညာပေးဇာတ်လမ်းတိုများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်သွားဖို့လည်း မမေ့နဲ့ဉီးနော်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့် -‌ ဒေါက်တာတင်ထွန်းနိုင်

 #အသည်းရောင်အသားဝါအေပိုး(Hepatitis A)အကြောင်းသိကောင်းစရာများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အသည်းရောင်အသားဝါအ...
19/04/2025

#အသည်းရောင်အသားဝါအေပိုး(Hepatitis A)အကြောင်းသိကောင်းစရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အသည်းရောင်အသားဝါအေပိုး (Hepatitis A) ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ Hepatitis A Virus (HAV) ဟာ အသည်းကို ရောင်ရမ်းစေပြီး ပြင်းထန်ပါက အသည်းပျက်စီးခြင်းအထိ ဖြစ်စေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ 😱😱😱

၁။ ကူးစက်ပုံနှင့် ရောဂါလက္ခဏာများ
-----------------------------------
#ကူးစက်နည်း : မသန့်ရှင်းတဲ့ အစားအစာ၊ ရေ၊ ရောဂါပိုးရှိသူရဲ့ မစင်နှင့် တိုက်ရိုက်ထိတွေ့မှုက တဆင့် ပျံ့နှံ့တတ်ပါတယ်။ ဥပမာ - လက်မဆေးဘဲ အစာစားခြင်း၊ ညစ်ညမ်းသော ရေကို သောက်သုံးခြင်း။

#လက္ခဏာများ : မျက်လုံးဝါခြင်း၊ အသားဝါခြင်း (👉ပုံတွင်ကြည့်ရန်)၊ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊

ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း

၂။ ကာကွယ်နည်းများ
---------------------
#သန့်ရှင်းရေး : လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပါ။ အထူးသဖြင့် အိမ်သာတက်ပြီးတိုင်း နှင့် အစာမကိုင်မီ။

#စားသောက်မှုစနစ် : ကျက်အောင်ချက်ထားသော အစားအစာကိုသာ စားပါ။ မသန့်ရှင်းသောရေ၊ ရေခဲ၊ အသီးအနှံ/အရွက်စိမ်းများကို ရှောင်ပါ။

#ကာကွယ်ဆေး : Hepatitis A 💉💉ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကို ၉၅% အထိ ကာကွယ်နိုင်ပါတယ်။

၃။ အထူးသတိပြုရမည့် အုပ်စုများ
---------------------------------
*ရေဆိုးသန့်စင်မှုစနစ် အားနည်းသော ဒေသများသို့ ခရီးသွားသူများ

*ကလေးငယ်များ 👶၊ ကိုယ်ခံအားနည်းသူများ

*ရောဂါပိုးရှိသူနှင့် အတူနေထိုင်သူများ

၄။ ကုသမှုနည်းလမ်းများ ⛑️⛑️⛑️
----------------------------------
HAV အတွက် သီးသန့်ကုသနိုင်သော ဆေးဝါးမရှိသေးပါ။ ရောဂါလက္ခဏာသက်သာစေရန် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ဉပမာ - အနားယူခြင်း၊ ဝမ်းလျှော/အန်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ဖြည့်ခြင်း။ ဘီယာ/အရက်ရှောင်ခြင်း။

📢❗🚨အထူးသတိပြုရန် : HAV သည် အခြားအသည်းရောင် အသားဝါ ဘီပိုး၊စီပိုးများကဲ့သို့ နာတာရှည်မဖြစ်စေပါ။ သို့သော် ကာကွယ်ဆေးထိုးခြင်း နှင့် သန့်ရှင်းမှုက အထိရောက်ဆုံးသော ကာကွယ်နည်းဖြစ်တာမို့ လိုက်နာကျင့်သုံးရန် အရေးကြီးလှပါတယ်။ ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်နိုင်သူများလည်း ရှိတတ်သောကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

👉မိတ်ဆွေတို့မှာ ရောဂါလက္ခဏာများရှိပါက မိသားစုဆရာဝန်/နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပါ။

#ရောဂါကင်းစင်ပြုံးပျော်ရွင်၊ကျန်းမာရွှင်လန်းအေးချမ်းကြပါစေ။
(နေ့စဉ် ဆေးပညာဆောင်းပါးများကို မျှဝေပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်သွားဖို့လည်း မမေ့နဲ့ဉီးနော်။)
#မိတ်ဆွေတို့အတွက် အကျိူးရှိတဲ့အရာရှိခဲ့ရင်လည်း မန့်မှာရေးသွားလို့ရပါတယ်။)
ေးပြီးလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါတယ်ခင်ဗျာ။
မေတ္တာဖြင့် - ဒေါက်တာတင်ထွန်းနိုင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Tin Tun Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram