Ziwa Thukha Healthcare Services

Ziwa Thukha Healthcare Services ကျန်းမာပျော်ရွှင် ပြည်သူ့ဘဝ ကူညီဖေးမ ဇီဝသုခ

🌞 အခုလို ပူပြင်းလွန်းတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ Heat Stroke (အပူလျှပ်ခြင်း) နဲ့ တခြားကျန်းမာရေးပြဿနာတွေကို ...
31/03/2026

🌞 အခုလို ပူပြင်းလွန်းတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ Heat Stroke (အပူလျှပ်ခြင်း) နဲ့ တခြားကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့က အလွန်အရေးကြီးပါတယ်။ အပူဒဏ်ကာကွယ်ရန်အောက်ပါအချက်လေးတွေကိုအတူတူလိုက်နာကြရ အောင်...

🔷 ရေများများသောက်ပါ ရေကိုတစ်နေ့ အနည်းဆုံး (၂) လီတာမှ (၃) လီတာအထိ ဂရုစိုက်သောက်ပေးပါ။
🔶 ချွေးစုပ်လွယ်တဲ့ ချည်သား (Cotton) အဝတ်အစား၊ အရောင်ဖျော့ဖျော့နဲ့ ပွပွချောင်ချောင် လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။
🔷 အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ သုံးစွဲပါ။ နေလောင်ခံခရင်မ် (Sun cream) ကိုလည်း လိမ်းပေးပါ။
🔶 အေးမြ၍လေဝင် လေထွက်ကောင်းသောနေရာတွင်နေထိုင်ပါ ဖြစ်နိုင်ရင် နေ့လယ်ပိုင်း အပူဆုံးအချိန်တွေမှာတတ်နိုင် သလောက် အပြင်မထွက်ဘဲအရိပ်အောက်မှာပဲ နေထိုင်ပါ။

📌 ရှောင်ရန်အချက်များ

🌡 အပူရှိန်အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
🍻 အရက်၊ ဘီယာနဲ့ ကော်ဖီ အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။
👶🐶 ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရပ်ထားတဲ့ အလုံပိတ်ကားထဲမှာ ခဏလေးတောင် ထားခဲ့ခြင်း မပြုပါနဲ့။

အကယ်၍ သင့်ပတ်ဝန်းကျင်မှာ
👉 တစ်စုံတစ်ယောက်က -

💠 ခေါင်းအလွန်ကိုက်ခြင်း၊ မူးဝေခြင်း။
💠 ကိုယ်အပူချိန် အလွန်တက်လာခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက်အထက်)။
💠 ချွေးမထွက်တော့ဘဲ အရေပြားများ နီရဲ ခြောက်သွေ့လာခြင်း။
💠 သတိလစ်ခြင်း (သို့မဟုတ်) စိတ်ယောင်မှားခြင်းများ ဖြစ်လာရင်...

💥 ချက်ချင်းလုပ်ဆောင်ပါ လူနာကို
✅ အေးမြသောအရိပ်အောက် ရွှေ့ပါ။
✅ အဝတ်အစားများ လျှော့ချပေးပါ။
✅ ရေပတ်တိုက်ပေးပါ။

🚑 ပြီးနောက်နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပေးပါ။

📞 Booking တင်ရန် – 097 9672 8826, 097 9672 8827, 094 4775 5170, 097 9588 7125
📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃) ၊ရှုခင်းသာလမ်း၊ (၈) ရပ်ကွက်၊ သာကေတမြို့နယ်။
🚌 YBS: 42, 81 တို့ကိုစီးကာ ၈၉ လမ်းဆုံတွင်ဆင်းပါ….
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာ သာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ....

⏳ဆေးခန်းဖွင့်ချိန် (24𝗁𝗋) (ပိတ်ရက်မရှိပါ)

Website: https://ziwathukha.com.mm

Telegram:https://t.me/ziwathukha

Google Map: https://g.co/kgs/zPXcyAg

Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber: https://invite.viber.com/g2=AQB1SOjQ6oAkO%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

# Heatstroke(အပူလျှပ်ခြင်း
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

📢  Announcements!! 💠 သာကေတမြို့နယ်ရှိ Ziwa Thukha Heathcare Services တွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းများခေါ်ယူလျက်ရှိ...
26/03/2026

📢 Announcements!!


💠 သာကေတမြို့နယ်ရှိ Ziwa Thukha Heathcare Services တွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းများခေါ်ယူလျက်ရှိပါသည်။

👉 Position Title: Laboratory Technician Grade II (1) Post

Duty Day: 6 Days per Week
Duty Hours: 8 Hours per Day
Location: Thaketa Township
Salary & Benefit: Negotiate, Annual Bonus, Leave Allowance, Medical Allowance (According to company rules & regulation)

🎓 Job requirement
• Any Graduate.
• Must have Laboratory Technician Certificate.
• Good customer service mindset and patient handling.
• Good communication skills and basic English.
• Able to work well in a team.
• Basic computer skills (Microsoft Office)............................................................
Position: Customer Service Staffs (4) Post

Location: Thaketa Township
Salary & Benefit: Negotiate, Annual Bonus, Leave Allowance, Medical Allowance (According to company rules & regulation)

🎓Job Requirements
• အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
• ဘွဲ့ရ (သို့မဟုတ်)အထက်တန်းအဆင့်တက်ရောက်ထားပြီးသူ(သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
• ဆေးရုံ ဆေးခန်းများတွင်အနည်းဆုံး (၁) နှစ်လုပ်ကိုင်ဖူးသူ ဦးစားပေးမည်။
• နေ့/ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အကျင့်စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။
• ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး customer service ကောင်းမွန်သူဖြစ်ရမည်။............................................................

Position Title: Warehouse Staff (2) Post

Department: Warehouse / Store
Location: Thaketa Township
Reports To: Warehouse Supervisor / Admin Manager

🔷 Key Responsibilities
1. Warehouse အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများကို စနစ်တကျ စီမံသိမ်းဆည်းခြင်း။
2. Stock receiving နှင့် issuing များကို စာရင်းသွင်းမှတ်တမ်းတင်ခြင်း။
3. Inventory record များကို update ပြုလုပ်ခြင်း။
4. Expiry date နှင့် product condition များကို စစ်ဆေးခြင်း။
5. Warehouse safety နှင့် cleanliness ကိုထိန်းသိမ်းခြင်း။
6. Supervisor မှပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

🎓 Job Requirements

• Any Graduate or High School Passed
• Warehouse / Store experience preferred
• Basic computer skills (Microsoft Office)
• Good teamwork and communication skills
• Responsible and organized person.............................................................
Position Title: 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 - (2) 𝐏𝐨𝐬𝐭

(၁) အခြေခံပညာအလယ်တန်းအောင်မြင်ရမည်။
(၂) နေ့ / ည တာဝန်ထမ်းဆောင်နိုင်ရမည်။
(၃) အသင်းအဖွဲနှင့် အတူပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
(၄) ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမည်။
(၅) ရိုးသားကြိုးစားပြီး တာဝန်ယူမှုရှိသူ ဖြစ်ရပါမည်။
(၆) လုံခြုံရေးဆိုင်ရာ အတွေ့အကြုံရှိသူ ( မရှိသူများလည်း ‌လျှောက်ထားနိုင်ပါသည်။)
(၄) အသက် (25) မှ (50)နှစ်အတွင်း လျှောက်ထားနိုင်ပါသည်။

လျှောက်ထားလိုသူများသည် CV Form ၊ဓါတ်ပုံ (၂) ပုံ၊ မှတ်ပုံတင်မိတ္ထူ၊ အိမ်ထောင်စုစာရင်းမိတ္ထူ တို့ကို Viber မှတဆင့်ဖြစ်စေ ရုံးချိန်အတွင်း 09-252 537 640 သို့ အသေးစိတ်ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။ Online မှ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ Email သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

How to Apply
👉 စိတ်ဝင်စား၍ လျှောက်ထားလိုသူများသည် မိမိ၏ CV Form ကို အောက်ပါ Email (သို့) Viber သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Email_hr@ziwathukha.com.mm
Viber_09252537640 သို့ Cv ပေးပို့လျှောက်ထားနိုင်ပါသည်။
👉🏻Connect with Us Online

Website: https://ziwathukha.com.mm

Telegram:https://t.me/ziwathukha

Google Map: https://g.co/kgs/zPXcyAg

Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber: https://invite.viber.com/g2=AQB1SOjQ6oAkO%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
🏥 Address: Building No (23), Kamarkyi Housing, (8) Ward, Thaketa Township.

🌍 ဒီနေ့မတ်လ(၂၄)ရက်ဟာ"ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့"ပါ။👉မိမိ ပတ်ဝန်းကျင်မှာ"အအေးမိတာနေမှာပါ၊ ဖုန်မွှားကြောင့်နေမှာပါ" ဆိ...
24/03/2026

🌍 ဒီနေ့မတ်လ(၂၄)ရက်ဟာ"ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့"ပါ။

👉မိမိ ပတ်ဝန်းကျင်မှာ"အအေးမိတာနေမှာပါ၊ ဖုန်မွှားကြောင့်နေမှာပါ" ဆိုပြီး ချောင်းဆိုးတာကို လျစ်လျူရှုထားရင်းကနေတီဘီ (TB) ရောဂါအဆင့်အထိရောက်သွားတတ်ကြတာ တွေ့မြင်ဖူးကြမှာပါ။တီဘီ​ရောဂါဆိုတာ ကုသရင်ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်​ပေမယ့်"စောစောသိဖို့"ကတော့အသက်တမျှအရေးကြီးပါတယ်။

👉"ကိုယ့်ကိုယ်ကိုယ်ဒါမှမဟုတ်မိသားစုဝင်တွေမှာဒီလိုလက္ခဏာလေးတွေတွေ့နေရပြီလား?" အအေးမိတာမဟုတ်ပဲ(၂)ပတ်ထက်ကျော်ပြီးချောင်းဆိုးနေတာ။ ညဘက်ဆိုချွေးစေးတွေထွက်ပြီးဖျားချင်သလိုဖြစ်တာ၊အစားအသောက်ပျက်ပြီးကိုယ်အလေးချိန်သိသိသာသာကျလာတာ။ဒီလိုလက္ခဏာတွေရှိနေရင်မကြောက်ပါနဲ့အားမနာပါနဲ့။တီဘီရောဂါဟာလေထဲကတစ်ဆင့်ကူးစက်နိုင်တာမို့စောစောသိ၊စောစောကုသတာကမိမိအတွက်ရောမိမိချစ်တဲ့မိသားစုဝင်တွေကိုပါကူးစက်မှုကနေကာကွယ်ပေးရာရောက်ပါတယ်။

❤️ဇီဝသုခကနေအကြံပြုချင်တာကအပြင်သွားရင် Mask တပ်သွားပါ။
လက်ကိုစနစ်တကျဆေးကြောပေးပါ။ ပြီးတော့...ကိုယ့်ရဲ့ခန္ဓာကိုယ်ကပေးတဲ့ကျန်းမာရေး Signal လေးတွေကိုအမြဲသတိထားကြည့်ပေးကြပါ။ တီဘီရောဂါကင်းစင်တဲ့ပတ်ဝန်းကျင်လေး ဖြစ်လာဖို့ အသိပညာပေးတာတွေကို ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့။

📞 Booking တင်ရန် – 097 9672 8826, 097 9672 8827, 094 4775 5170, 097 9588 7125
📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃) ၊ရှုခင်းသာလမ်း၊ (၈) ရပ်ကွက်၊ သာကေတမြို့နယ်။
🚌 YBS: 42, 81 တို့ကိုစီးကာ ၈၉ လမ်းဆုံတွင်ဆင်းပါ….
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာ သာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ....
⏳ဆေးခန်းဖွင့်ချိန်24𝗁𝗋(ပိတ်ရက်မရှိပါ)

👉🏻Connect with Us Online

Website: https://ziwathukha.com.mm

Telegram:https://t.me/ziwathukha

Google Map: https://g.co/kgs/zPXcyAg

Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber: https://invite.viber.com/g2=AQB1SOjQ6oAkO%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

# WorldTuberculosisDay # ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ
#ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့

မဂ်လာပါရှင့် 🙏🔷 ဇီဝသုခမှ လစဥ်ပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်ကို ၂၄.၃.၂၀၂၆ အင်္ဂါ နေ့နံနက်(၉)နာရီမှ နေ့လည်...
22/03/2026

မဂ်လာပါရှင့် 🙏

🔷 ဇီဝသုခမှ လစဥ်ပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်ကို ၂၄.၃.၂၀၂၆ အင်္ဂါ နေ့နံနက်(၉)နာရီမှ နေ့လည် (၁၂)နာရီအတွင်း လူဦးရေ (၆၅) အထိ လက်ခံကုသပေးမည်ဖြစ်ပါသည်။
(၂၄.၃.၂၀၂၆ ရက်နေ့တစ်ရက်တည်းသာ)

📌 လူဦးရေအယောက် (၆၅) အထိလက်ခံကုသပေးမည်ဖြစ်ပါသည်။ အမှန်တကယ် လိုအပ်နေသူများ နှင့် လာရောက်နိုင်သူများသာ စောလျင်စွာ စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

👉 လူဦးရေ (၆၅) ပြည့်လျှင်စာရင်းပိတ်သိမ်းသွားပါမည်။

🔷 ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအနေဖြင့် (၂၂.၃.၂၀၂၆) မှစ၍ (၂၃.၂.၂၀၂၆) ညနေ ၆ နာရီတွင် ပြသမဲ့သူ၏ အမည်၊အသက်၊မှတ်ပုံတင်နံပါတ်၊နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို Viber ဖုန်းနံပါတ် ☎
09-406152786/09-796728826 သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။

🩺 ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်
-အထွေထွေဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသပေးခြင်း။
-လိုအပ်သောဆေးဝါးများပေးခြင်း ။
လိုအပ်ပါက လူနာများအား
- နှလုံး ECG ဆွဲပေးခြင်း ။
- Ultrasound ရိုက်ပေးခြင်း။
- ရင်ဘတ်ဓာတ်မှန်ရိုက်ပေးခြင်း။
- ဆီးချို၊ သွေးချို နှင့် သွေးများစစ်ဆေးပေးခြင်း စသည့် ဝန်ဆောင်မှုများကိုပါ အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

🏥 : တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်။
🚌 YBS: 42, 81 တို့ကိုစီးကာ ၈/၉ လမ်းဆုံတွင်ဆင်းပါ.
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာ သာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ...
☎ : 097 9672 8826, 097 9672 8827,
094 4775 5170, 097 9588 7125

⏳ဆေးခန်းဖွင့်ချိန်24(ပိတ်ရက်မရှိပါ)
Connect with Us Online
Website: https://ziwathukha.com.mm
Viber : https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
Telegram :https://t.me/ziwathukha
Google Map: https://g.co/kgs/zPXcyAg
Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

21/03/2026

မျှဝေခြင်းပီတိ 🌿

"ပြုံးပါ Foundation" နဲ့ "ဇီဝသုခ" မိသားစုဝင်များ၏ လစဥ်ပြုလုပ်နေကြဖြစ်‌‌သော စတုဒီသာအလှူလေးကို တောင်ဒဂုံ (၂၂)ရပ်ကွက်၊ သစ်ဆိပ်
တွင် ထမင်းဖြူ၊ ဘဲဥသီးစုံဟင်းတို့ဖြင့် သွားရောက်လှူဒါန်းခဲ့ပါတယ်။ 🌿

လှူဒါန်းမှုတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ✨

ဤမွန်မြတ်လှသောအလှူကို "ပြုံးပါ Foundation မှ အဓိကလှူဒါန်းခဲ့ပြီး ဇီဝသုခ မိသားစုဝင်များမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါတယ်။

🩺 ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊(၈)ရပ်ကွက်၊ သာကေတမြို့နယ်။

🚌 YBS: 42, 81 တို့ကိုစီးကာ ၈၉လမ်းဆုံတွင်ဆင်းပါ….
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာသာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ...

👉🏻Connect with Us Online

Website: https://ziwathukha.com.mm

Telegram:https://t.me/ziwathukha

Google Map: https://g.co/kgs/zPXcyAg

Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber: https://invite.viber.com/g2=AQB1SOjQ6oAkO%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ
#မေတ္တာများဖြင့်ဝေမျှခြင်း

#အလှူဒါန #ပြုံးပါFoundation

19/03/2026

ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးများ (Benefits of Drinking Water)

💧နေ့စဥ်ဘဝမှာ
ရေပုံမှန်သောက်သုံးပေးခြင်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက်
အလွန်အထောက်အကူပြုတာဖြစ်လို့ ဒီတစ်ခါမှာတော့ ရေများများသောက်သုံးပေးခြင်းရဲ့အကျိုးကျေးဇူးများကို ဗဟုသုတရအောင်မျှဝေပေးလိုက်ရပါတယ်။
💧💧လူခန္ဓာကိုယ်ရဲ့ ၆၀
ရာခိုင်နှုန်းကို ရေနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဒါကြောင့် ရေမလုံလောက်ရင် Body Function တွေ အလုပ်မလုပ် နိုင်တော့ပါဘူး။ သင့်ရဲ့ နေ့စဥ် နေ့တိုင်းမှာ ရေသောက်တဲ့ အလေ့အထကို ကျင့်သုံးပေးခြင်းက အကျိုးကျေးဇူးပေါင်း များစွာကို ခံစား ရရှိစေရန် အဓိက အရေးကြီးပါတယ်၊၊

💡 ဘာကြောင့်
ရေမှန်မှန်သောက်သင့်တာလဲ?

1. သဘာဝအတိုင်း
ဝင်းပတဲ့ အသားအရေ (Natural
Glow): ဈေးကြီးတဲ့ Skincare တွေထက် ပိုထိရောက်တာက 'ရေ'ပါပဲ။ ရေဓာတ်ပြည့်ဝနေတဲ့အခါ အသားအရေ ခြောက်သွေ့တာကို ကာကွယ်ပေးပြီး
အတွင်းပိုင်းကနေ ကြည်လင်ဝင်းပလာစေပါတယ်။
2. ဦးနှောက်စွမ်းဆောင်ရည်
မြှင့်တင်ပေးခြင်း (Brain Power): ခေါင်းခဏခဏ ကိုက်တာ၊ အာရုံစိုက်မရတာတွေဟာ ရေဓာတ်ခမ်းခြောက်မှုရဲ့
လက္ခဏာတွေပါ။ ရေလုံလောက်အောင် သောက်ပေးပါက မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို သိသိသာသာ ကောင်းမွန်စေပါတယ်။

3. ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း (Weight Management): အစာမစားခင် ရေတစ်ခွက် သောက်ပေးခြင်းက အစာစားချင်စိတ်ကို ထိန်းညှိပေးပြီး အစာခြေဖျက်မှုနှုန်းကို မြှင့်တင်ပေးလို့ ကိုယ်အလေးချိန် လျှော့ချနေသူတွေ အတွက် အကောင်းဆုံးပါပဲ။

4. ခန္ဓာကိုယ်ကိုသန့်စင်ပေးခြင်း (Detox): ခန္ဓာကိုယ်ထဲအတွင်းရှိ
အဆိပ်အတောက်များနဲ့ အညစ်အကြေးများကို ရေကအထိရောက်ဆုံး ဆေးကြောသန့်စင်ပေးပါတယ်။ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး ကျောက်ကပ်နဲ့ အစာခြေ စနစ်ကို ကျန်းမာစေပါတယ်။

👉 အထက်ဖော်ပြပေးတဲ့
အချက်လေးတွေကိုရရှိဖို့ တစ်နေ့ကို ရေ (၇) ခွက်ကနေ (၈) ခွက်အထိ ပုံမှန်သောက်ပေးပါ။ ဖြည်းဖြည်းချင်းစီ သောက်ပေးတာက ခန္ဓာကိုယ်အတွက် ပိုပြီးအကျိုးရှိစေပါတယ်ရှင်။

"ဒီနေ့ရော... ရေသောက်ပြီးပြီလား?"
မသောက်ရသေးရင် သောက်ဖို့မမေ့နဲ့အုံးနော်။

📞 Booking တင်ရန် – 097 9672 8826
,097 9672 8827, 094 4775 5170, 097 9588 7125

📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃) ၊ရှုခင်းသာလမ်း၊ (၈) ရပ်ကွက်၊ သာကေတမြို့နယ်။

🚌 YBS: 42, 81 တို့ကိုစီးကာ ၈၉ လမ်းဆုံတွင်ဆင်းပါ….
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာ သာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ....

⏳ဆေးခန်းဖွင့်ချိန်24𝗁𝗋(ပိတ်ရက်မရှိပါ)

Connect with Us Online
• Website: https://ziwathukha.com.mm
• Viber: https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
• Telegram :https://t.me/ziwathukha
• Google Map: https://g.co/kgs/zPXcyAg
• Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc


#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

12/03/2026
World Kidney Day 2026 ✨“ကမ္ဘာ့ကျောက်ကပ်ရောဂါ အထိမ်းအမှတ်နေ့”🌍 ယနေ့မတ်လ(၁၂)ရက်နေ့တွင်ကျရောက်သော “ကမ္ဘာ့ကျောက်ကပ်ရောဂါ အထိ...
12/03/2026

World Kidney Day 2026 ✨
“ကမ္ဘာ့ကျောက်ကပ်ရောဂါ အထိမ်းအမှတ်နေ့”

🌍 ယနေ့မတ်လ(၁၂)ရက်နေ့တွင်ကျရောက်သော “ကမ္ဘာ့ကျောက်ကပ်ရောဂါ အထိမ်းအမှတ်နေ့”သည်ကျောက်ကပ်၏ အရေးပါပုံနှင့် ကျောက်ကပ်ပျက်စီးမှုများ လျှော့ချနိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအသိပညာပေးသောနေ့ ဖြစ်ပါသည်။

🔷 ယခုနှစ် ၂၀၂၆ ခုနှစ်၏ ကမ္ဘာ့ကျောက်ကပ်ရောဂါ အထိမ်းအမှတ်နေ့ ဆောင်ပုဒ်မှာ "Caring for People, Protecting the Planet” ဖြစ်ပါသည်။

💁‍♀️ ကျောက်ကပ်ရောဂါဟာ ကလေး၊လူကြီး၊ လူငယ် ကျားမ မရွေးဖြစ်ပွါးလျက်ရှိပြီး နောက်ကျမှသိရှိရတတ်သော ရောဂါ တစ်ခုလဲဖြစ်ပါသည်။ ကျောက်ကပ်ရောဂါသည် အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာ မပြတတ်သဖြင့် အောက်ပါ အခြေအနေရှိသူများ ပုံမှန်စစ်ဆေးမှုခံယူသင့်ပါသည်။

✅ ဆီးချိုရောဂါ သို့မဟုတ် သွေးတိုးရောဂါ အခံရှိသူများ
✅ မိသားစုမျိုးရိုးထဲတွင် ကျောက်ကပ်ရောဂါရှိသူများ
✅ ကိုယ်အလေးချိန်များနေသူများနှင့် အသက် (၆၀) ကျော်အရွယ်ရှိသူများ ပုံမှန်ဆေးစစ်မှုများခံယူသင့်ပါသည်။

👉 ကျန်းမာသောကျောက်ကပ်ဖြစ်စေရန်လုပ်ဆောင်သင့်သောအချက်များ

✅ ကိုယ်အလေးချိန်ထိန်းပါ။
✅ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။
✅ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးပါ။
✅ ဆီးချိုရောဂါ ရှိမရှိ ပုံမှန်စစ်ဆေးပါ။
✅ သွေးပေါင်ချိန် ပုံမှန်တိုင်းပါ။
✅ ဆေးလိပ်ဖြတ်ပါ။

🎉 ယနေ့ တွင်ကျရောက်သော ကမ္ဘာ့ကျောက်ကပ်နေ့ အထိမ်းအမှတ်အဖြစ် လူကြီးမင်းတို့အတွက် Ziwa Thukha Healthcare Services မှ Healthy Kidney Package ကို 50% Discount ဈေးနှုန်းဖြင့် (12.3.26 မှ 31.3.26)အထိ စစ်ဆေးပေးနေပါသည်။

🩺 ကျောက်ကပ်အထူးကု ဆရာဝန်ကြီးများ၏ အချိန်ဇယား

ဒေါက်တာထက်မြတ်ဝင်း
M.B.,B.S(Ygn)
M.Med.Sc(Urology)
Yangon Speciality Hospital
ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်
(Oncall )

ဒေါက်တာမင်းအောင်ဟိန်း
M.B.,B.S
M.Med.Sc(Int:Med)
MRCP(UK)
FRCP(Glasgow)
Dr.Med.Sc(Nephrology)
Training in Nephrology and Renal Transplant (Apollo, India)
Fellowship in Peritoneal Dialysis (ISPD) (Thailand)
ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အထူးကုသမားတော်
(Oncall)

👨‍⚕️ ဆရာဝန်ကြီး များအချိန်အပြောင်းအလဲများရှိနိုင်ပါသဖြင့် အသေးစိတ် အချက်အလက်နှင့် Booking များအတွက် အောက်တွင်ဖော်ပြထားသော ဖုန်းနံပါတ်များသို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

📞 Booking တင်ရန် – 097 9672 8826
,097 9672 8827, 094 4775 5170, 097 9588 7125

📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃) ၊ရှုခင်းသာလမ်း၊ (၈) ရပ်ကွက်၊ သာကေတမြို့နယ်။

🚌 YBS: 42, 81 တို့ကိုစီးကာ ၈၉ လမ်းဆုံတွင်ဆင်းပါ….
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာ သာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ....

⏳ဆေးခန်းဖွင့်ချိန်24𝗁𝗋(ပိတ်ရက်မရှိပါ)

Connect with Us Online
• Website: https://ziwathukha.com.mm
• Viber: https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
• Telegram :https://t.me/ziwathukha
• Google Map: https://g.co/kgs/zPXcyAg
• Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

#ကမ္ဘာ့ကျောက်ကပ်​ရောဂါအထိမ်းအမှတ်နေ့
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ #ကမ္ဘာ့ကျောက်ကပ်ရောဂါအထိမ်းအမှတ်နေ့

🌸International Womens Day 2026(အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့)🌸🌸နှစ်စဉ် မတ်လ(၈)ရက်နေ့ကို ကမ္ဘာတစ်ဝှမ်းတွင် Internati...
08/03/2026

🌸International Womens Day 2026
(အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့)

🌸🌸နှစ်စဉ် မတ်လ(၈)ရက်နေ့ကို ကမ္ဘာတစ်ဝှမ်းတွင် International Womens Day (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့) အဖြစ်ပြုလုပ်ကျင်းပကြပါသည်။

🔷 ယနေ့ မတ်လ(၈)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ "International Women's Day" တွင် လုပ်ငန်း ဌာနအသီးသီး၊ ကဏ္ဍအသီးသီးတွင် ရှိကြသော အမျိုးသမီးများအားလုံးသည် မိမိတို့၏ ရည်ရွယ်ရာ အိမ်မက်ပန်းတိုင်ကိုလျှောက်လှမ်းရာတွင် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ပါစေလို့ "Ziwa Thukha Healthcare Services မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

🏥 တိုက်(၂၃)၊ ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။


#ဇီဝသုခ
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

27/02/2026

"MGIT Community Cup 2026" ပွဲတွင် Ziwa Thukha Healthcare Services မှ "Silver Sponsor" အဖြစ် ပါဝင်ကူညီခွင့်ရရှိခဲ့ပြီး ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပွဲမှ အမှတ်တရ ပုံရိပ်များကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ✨

🩺 ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ
📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်။
🚌 YBS: 42, 81 တို့ကိုစီးကာ ၈၉ လမ်းဆုံတွင်ဆင်းပါ….
🚌 YBS: 4, 70, 95, 89 တို့ကိုစီးကာ သာကေတအဝိုင်းမှတ်တိုင်တွင်ဆင်းပါ...

📞 𝖢𝖺𝗅𝗅 𝖴𝗌: 097 9672 8826, 097 9672 8827,
094 4775 5170, 097 9588 7125

⏳ဆေးခန်းဖွင့်ချိန်24𝗁𝗋(ပိတ်ရက်မရှိပါ)

Connect with Us Online
• Website: https://ziwathukha.com.mm
• Telegram:https://t.me/ziwathukha,
• Google Map: https://g.co/kgs/zPXcyAg
• Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
• Viber: https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

Address

Yangon

Alerts

Be the first to know and let us send you an email when Ziwa Thukha Healthcare Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ziwa Thukha Healthcare Services:

Share

Category