Healthy Life

Healthy Life Healthy&HappyLife

 #စစ်ကိုင်းပြတ်ရွေ့ကြောင်းနဲ့မြန်မာ့ငလျင်များ*ပါမောက္ခကိုကိုအောင်**********************မြန်မာနိုင်ငံထဲကကီလိုမီတာ ၁၂၀၀ ရှ...
06/04/2025

#စစ်ကိုင်းပြတ်ရွေ့ကြောင်းနဲ့
မြန်မာ့ငလျင်များ

*ပါမောက္ခကိုကိုအောင်*

*********************

မြန်မာနိုင်ငံထဲကကီလိုမီတာ ၁၂၀၀ ရှည်လျားတဲ့စစ်ကိုင်းပြတ်ရွေ့ကြောင်း *Sagaing Fault* ဟာဆန်းဒါးကျောက်ချပ်လွှာနဲ့အိန္ဒိယကျောက်ချပ်လွှာကြားမှာရှိနေတဲ့ပြတ်ရွေ့ကြောင်းကြီးဖြစ်တယ်...

အဲဒီပြတ်ရွေ့ကြောင်းကြီးဟာမန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနဲ့ပဲခူးဒေသတို့ကိုဖြတ်သန်း
လျှက်တည်ရှိနေတယ်...

ကပ္ပလီပင်လယ်ပြင်ကနေမြန်မာနိုင်ငံအလယ်ပိုင်းအထိတောင်မြောက်ယွန်းယွန်း
ဖြောင့်တန်းစွာတည်ရှိနေတဲ့စစ်ကိုင်းပြတ်ရွေ့ကြောင်းကို
၎င်းရဲ့အရှေ့ဘက်ကပ်လျက်
တည်ရှိနေတဲ့ရှမ်းပြတ်ရွေ့ကြောင်းနဲ့နှိုင်းယှဥ်ရင်ပြတ်ရွေ့ကြောင်းတစ်လျှောက်မှာတောင်ကုန်းတောင်တန်းထူထပ်မှုနည်းပါးတာကိုလေ့လာတွေ့ရှိရတယ်...

အိန္ဒိယနဲ့ဆန်းဒါးကျောက်ချပ်လွှာကြီးနှစ်ခုအကြားက ရွေ့လျားနှုန်းဟာတစ်နှစ်မှာ ၃၅ မီလီမီတာဖြစ်ပြီးအဲဒီ
ရွေ့လျားမှုအတိုင်းအတာရဲ့ထက်ဝက်ခန့်ဖြစ်တဲ့ ၁၈ မီလီ
မီတာအရွေ့ဟာစစ်ကိုင်းပြတ်ရွေ့ကြောင်းမှာဖြစ်ပေါ်နေတာကိုလေ့လာတွေ့ရှိရတယ်...

စစ်ကိုင်းပြတ်ရွေ့တည်ရှိတဲ့ *Burma Microplate* ကအရှေ့မြောက်ကိုရွေ့လျားနေစဥ်မှာရှမ်းပြတ်ရွေ့တည်ရှိတဲ့ *Eurasia plate* ကအရှေ့
တောင်ကိုရွေ့လျားရင်းပွတ်
တိုက်မှုကြောင့်ငလျင်လှုပ်
ခြင်းဖြစ်ပြီး၊ပွတ်တိုက်မှုရဲ့သက်ရောက်အားဟာငလျင်ရဲ့ပြင်းအားဖြစ်လာတယ်...

၂၀ ရာစုအစောပိုင်းကာလတွေတုန်းကစစ်ကိုင်းပြတ်ရွေ့ကြောင်းကြီးရဲ့အလျားထက်
ဝက်ကျော်ဟာမြန်မာနိုင်ငံမှာငလျင်များကိုဖြစ်ပေါ်စေခဲ့တဲ့အကြောင်းအရင်းများထဲမှာပါဝင်ပတ်သက်ခဲ့တယ်...

*ပါမောက္ခကိုကိုအောင်
[ကမ္ဘာ့မြေထု၊ရေထုနှင့်
လေထုဆိုင်ရာသိပ္ပံပညာရှင်]*

စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုရောဂါ (Post Traumatic Stress Disorder)PTSD ဆိုတာ အလွန်ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (Trauma) တစ်...
03/04/2025

စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုရောဂါ (Post Traumatic Stress Disorder)

PTSD ဆိုတာ အလွန်ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (Trauma) တစ်ခုခုကြောင့် ဦးနှောက်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့စနစ် ပျက်ယွင်းသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ နာတာရှည်စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ ဥပမာ - စစ်ပွဲ၊ မုဒိမ်းမှု၊ မတော်တဆမှု၊ ငလျင်ကဲ့သို့သော သဘာဝဘေးတွေကို ကြုံတွေ့ခဲ့ရသူတွေမှာ ဒီရောဂါဖြစ်နိုင်ခြေများပါတယ်။

PTSD ဘာကြောင့်ဖြစ်ရတာလဲ?
1. ဦးနှောက်ရဲ့ တုံ့ပြန်မှုစနစ် ပျက်ယွင်းခြင်း
- ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ အန္တရာယ်ကြုံရင် Fight-Flight-Freeze တုံ့ပြန်မှုဖြစ်ပေါ်ပြီး အချိန်တိုအတွင်း ပြန်လည်ငြိမ်သက်သွားတတ်ပါတယ်။
- PTSD ရှိသူတွေမှာတော့ ဦးနှောက်ရဲ့ Amygdala (ကြောက်ရွံ့မှုဗဟို) အလွန်အမင်းအလုပ်လုပ်ပြီး Prefrontal Cortex (ယုတ္တိတန်အောင် စဉ်းစားနိုင်တဲ့အပိုင်း) အားနည်းသွားတာကြောင့် အန္တရာယ်မရှိတော့ရင်တောင် စိုးရိမ်မှုတွေ ဆက်ဖြစ်နေတတ်ပါတယ်။

2. ဟော်မုန်းနဲ့ အာရုံကြောစနစ် ပြောင်းလဲမှု
- Cortisol (စိတ်ဖိစီးမှုဟော်မုန်း) နဲ့ Norepinephrine တွေ ပုံမှန်ထက်ပိုထွက်ကာ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်များခြင်း၊ အသက်ရှူမြန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

PTSD ရဲ့ အချိန်ကြာလာရင် ဘာဖြစ်နိုင်လဲ?
- စွဲလမ်းမှုပြဿနာများ (အရက်၊ မူးယစ်ဆေးသုံးစွဲခြင်း)
- ကိုယ်ခံအားကျဆင်းပြီး နာတာရှည်ရောဂါများ (နှလုံး၊ ဆီးချို)
- မိသားစုနဲ့ အလုပ်ခွင်ပြဿနာများ (ဒေါသထွက်လွယ်၊ လူမှုရေးအထီးကျန်ခြင်း)
- အဆိုးမြင်စိတ်ကြီးစိုးပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်နိုင်ခြေ များလာခြင်း

ကုသမှုနည်းလမ်းများ ကတော့ စိတ်ပညာနည်းလမ်းများ၊ ဆေးဝါးကုသမှု၊ လူနေမှုပုံစံပြောင်းလဲခြင်း(ယောဂ၊ တရားထိုင်ခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း) စတာတွေက အထောက်အကူဖြစ်စေပါတယ်

PTSD ကို ဘယ်လိုကူညီနိုင်မလဲ?
- မိမိကိုယ်ကို စာနာပါ။ ("ဒါဟာ ငါ့အပြစ်မဟုတ်ဘူး" ဆိုတဲ့အတွေးကို လက်ခံပါ။)
- ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ စကားပြောပါ။
- ပညာရှင်နဲ့ တိုင်ပင်ပါ။ (စိတ်ကျန်းမာရေးဆရာဝန် နှင့် တိုင်ပင်ပြသဆွေးနွေးခြင်း၊ အကူအညီဖုန်းလိုင်းများ ခေါ်ဆိုပြီး အကြံဥာဏ် ရယူခြင်း တို့ ရှိပါတယ်။)

PTSD ဟာ ကုသလို့ရတဲ့ရောဂါ ဖြစ်ပါတယ်။ စောစောကုသနိုင်လေ ပြန်လည်နာလန်ထူမှုမြန်လေပါ။

HCAHealthcare

❗️ဒီထက်လွယ်တဲ့ဝိတ်ချနည်းမရှိတော့ပါ❗️💥ရေ  ၁ ရက် (၃) လီတာသောက်💥ထမင်းကို၁ရက်လုံးစာအတွက်(၁၅)ဇွန်းပဲစားပါ     (၁၅ဇွန်းကိုမနက်...
29/01/2025

❗️ဒီထက်လွယ်တဲ့ဝိတ်ချနည်းမရှိတော့ပါ❗️

💥ရေ ၁ ရက် (၃) လီတာသောက်

💥ထမင်းကို၁ရက်လုံးစာအတွက်(၁၅)ဇွန်းပဲစားပါ
(၁၅ဇွန်းကိုမနက်နေ့ညနေ(၃)နပ်အဆင်ပြေသလိုခွဲစား
လိုက်ပါ)

💥ဆီပြန်ဟင်းရှောင်ပြီးအသီးအရွက်များများ /အသား/
ငါး/ပဲအမျိုးမျိုး စားလို့ရပါတယ်

💥စားပြီးရင်ထိုင်တာလှဲတာရှောင်ပါ
(နာရီဝက်လမ်းဖြေးဖြေးလျှောက်ပေးပါ)

💥ဝမ်းမချုပ်အောင်ဂရုစိုက်ပါ ။ဝမ်းချုပ်တတ်ရင်
(မန်ကျည်းမှဲ့ကိုထန်းလျက်ညို၁လုံးဆားနဲနဲထည့်ပြီး
ရေနွေးနဲ့စိမ်နေ့တိုင်း၁ရက်၁ခွက်ပုံမှန်သောက်ပေးပါ)

❌ဝိတ်တက်စာမှန်သမျှလုံးဝမစားဘူးဆို​ပြီး
ရှောင်ပစ်လိုက်ပါ❌

💥အဆာပြေဆိုရင်(အသီး/အစေ့အဆံလက်၁ဆုပ်/ကြက်ဥ
ပြုတ်အနှစ်မပါ)ဒါလေးတွေစားလို့ရပါတယ်နော်)

💥ညနေစာကို၆နာရီနောက်ဆုံးထားစားပေးပါ။
(၆နာရီနောက်ပိုင်းဘာမှမစားပါနဲ့တော့ဆာရင်ရေပဲ
သောက်ပါ)

👉ခုပြောတဲ့အချက်တွေကိုတိတိကျကျသေသေချာချာလေးလိုက်လုပ်မယ်ဆိုရင်အဆီကျလှပပြီးကျန်းမာနေမှာအမှန်ပါ👈

ချစ်တဲ့မင်မင်❤️

ကိုယ့်ဆီနောက်ကျမှ ဝင်လာခဲ့သော်လည်းကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူလို့တွေးထင်မိစေတဲ့အပြင်ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲဆိုပြီးသ...
29/01/2025

ကိုယ့်ဆီနောက်ကျမှ ဝင်လာခဲ့သော်လည်း
ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူလို့
တွေးထင်မိစေတဲ့အပြင်
ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲဆိုပြီး
သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့ မင်းကို
ငါ တကယ်ကျေးဇူးတင်ပါတယ် ။

#လင်းမာအို 🌻

 #ပူစီနံ..ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။ မိတ်ဆွေများ လိုသလို အသုံ...
29/01/2025

#ပူစီနံ..
ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။

မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။

(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။

(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။

(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။

မုန်လာဥဖြူနဲ့ အူတွေဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်🥬🥬__________________အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်...
29/01/2025

မုန်လာဥဖြူနဲ့ အူတွေဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်🥬🥬
__________________
အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။

အူဆေ:ဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေ:ကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေးကြောပေးပါတယ်။
စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေ:ဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူဆေ:ခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။

အူတွေသန့်ရှင်းသွားရင်သွေ:လည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေ:ဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေ:သန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေ:ထဲမှာရှိနေတော့သွေ:သန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။

အူဆေ:ပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်သွေ:တွေ ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကို*က်တာတွေလည်း သ.က်သာသွားမယ်၊ ညောင်းညာကို*က်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂနေ့မနက်မှာတော့အူဆေ:ခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေ:လိုသူများ, fasting လုပ်လိုသူများ, Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။

ကျောက်ဆား

အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်

သံပုရာသီး ၃-၄ လုံးကို ပါးပါးလေးတွေလှီးပြီး ဖန်ခွက်တစ်လုံးထဲထည့်၊ ရေနွေးထည့်လိုက်၊ နေ့တိုင်းသောက်ပေးရင် ကျန်းမာရေးကို အကျ...
29/01/2025

သံပုရာသီး ၃-၄ လုံးကို ပါးပါးလေးတွေလှီးပြီး ဖန်ခွက်တစ်လုံးထဲထည့်၊ ရေနွေးထည့်လိုက်၊ နေ့တိုင်းသောက်ပေးရင် ကျန်းမာရေးကို အကျိုးပြုပါလိမ့်မယ်။

ဒါ့အပြင်... သံပုရာရည်ထဲမှာပါတဲ့ Citric Acid နှင့် Flavonoids တို့သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သည်။
သွေးကြောအတွင်း သွေးခဲခြင်းကို ကာကွယ်ပေးသည်။

သွေးကိုသန့်စင်စေပြီး အားအင်တိုးစေတယ်၊ ကြွက်တက်တာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အဆီတွေကို လျှော့ချပေးတယ်။

မနက်တိုင်း သောက်ပါ။
မနက်-နေ့လည်-ညနေ နေ့တိုင်းသောက်ပေးနိုင်ပါက
သင် ပိုကျန်းမာလာမှာ သေချာတယ်!!

စမ်းသောက်ကြည့်ကြရအောင်...........

ဝိတ်ကျချင်ရင် မနက်စာနဲ့ နေ့လည်စာကို ကြိုက်တာစားပါ ညစာ ကို ဒီလိုလေး စားပါ တဲ့လေ့...🙃🍠🌽🥦
22/01/2025

ဝိတ်ကျချင်ရင် မနက်စာနဲ့ နေ့လည်စာကို ကြိုက်တာစားပါ ညစာ ကို ဒီလိုလေး စားပါ
တဲ့လေ့...🙃
🍠🌽🥦

သားသမီးတွေကို ဂရုစိုက်တဲ့ ဖေဖေကို ရှာရတာ ခက်တယ်။ အများစုက ငွေရှာပေးမယ် ငွေရှာပေး ပြည့်ပြည့်စုံစုံထားပေးရင် တာဝန်ကျေတယ်လိ...
22/01/2025

သားသမီးတွေကို ဂရုစိုက်တဲ့ ဖေဖေကို ရှာရတာ ခက်တယ်။ အများစုက ငွေရှာပေးမယ် ငွေရှာပေး ပြည့်ပြည့်စုံစုံထားပေးရင် တာဝန်ကျေတယ်လို့မှတ်ကြတယ်။

ဂရုစိုက်ပေးတဲ့ဖေဖေကိုတွေ့ရင် အရမ်းကံကောင်းတယ်လို့ ပြောလို့ရတယ်၊ ဒီ‌နောက် ပိုင်းမှာ ကောင်းတဲ့သူအနည်းငယ်ပဲကျန်တော့ပြီး အဲ့ဒိကောင်းတဲ့သူက ရွှေလိုထိုက်တန်လို့မှတ်ပါ ⭐️

ဖခင်ကောင်းတစ်ယောက်ဖြစ်ရခြင်းဟာ
သားသမီး‌တွေ ကို ငွေကြေးပြည့်စုံတည်ငြိမ်စေရုံသာမကပါဘူး သားသမီးတွေအပေါ် နွေးထွေးမှု‌ပေးတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ရခြင်းဟာ ငွေထက်မကပိုပါတယ် ။

ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ကိုယ့်ကလေးတွေဟာ ကိုယ့်ဆီက ကြင်နာတဲ့အပြုံးနဲ့ ကြင်နာနွေးထွေးမှုကိုအမြဲအိပ်မက်မက် လိုချင်ကြတယ်ဆိုတာအိမ်ထောင်ဦးစီး ဖခင်တိုင်း သိကိုသိထားရပါမယ်။

ဖေဖေ အိမ်ပြန်ရောက်လို့ ကလေးတွေ စိတ်လှုပ်ရှား‌‌ပျော် နေတဲ့အခါ
ဖေဖေထွက်သွားရင် ဝမ်းနည်းတဲ့အခါ
ကလေးက နေ့တိုင်း တစ်ခုပြီးတစ်ခုတောင်းဆိုတာ မရပ်တဲ့အခါ
ဖေဖေကို မေမေက အဲ့ဒိအရာ‌တွေ အားလုံးကို ပြောပြချင်ကြတယ်.. ဖေဖေတွေက စိတ်ရှည်ရှည်နဲ့ ကြည်ကြည်နူးနူးလေး နားထောင်ပေးရမယ်။

အဲ့ဒိလိုဖေဖေတွေရှိနေရင် မေမေတွေအနေနဲ့ သင့်ကလေးရဲ့ဖခင်အဖြစ် သင့်အနားမှာရှိနေတဲ့ယောက်ျားဟာ သင့်ဘဝရဲ့အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကို ရုံကြည်လိုက်😍။

ဖေဖေတွေ အများကြီးရှိပေမယ့် အကောင်းဆုံး ဖေဖေတွေကတော့ အိမ်ပြန်လာဖို့ စိတ်လှုပ်ရှားနေကြသူတွေဖြစ်ပြီး
ဖေဖေတစ်ယောက်အနေနဲ့ ကလေးတွေနဲ့သူ့ကို ပွေ့ဖက်ပေးရုံနဲ့ ပျော်ရွှင်ဖို့ဖန်တီးပေးနိုင်ပါတယ် ♥️

# Crd

တနင်္လာ စနေ ဗုဒ္ဓဟူး သောကြာ တနင်္ဂနွေနေ့နံဆိုပါကယုံယုံကြည်ကြည်နဲ့ ရှယ်ပြီးဆုတောင်းပါနော် ၁ရက် ၂ရက်အတွင်း ငွေတွေသိန်းချီဝ...
16/01/2025

တနင်္လာ စနေ ဗုဒ္ဓဟူး သောကြာ တနင်္ဂနွေနေ့နံဆိုပါက

ယုံယုံကြည်ကြည်နဲ့ ရှယ်ပြီးဆုတောင်းပါနော် ၁ရက် ၂ရက်အတွင်း ငွေတွေသိန်းချီဝင်လာပါလိမ့်မယ်။

"ပျော့ညံ့တဲ့မိန်းမတစ်ယောက်မဖြစ်ပါစေနဲ့"မိန်းကလေးမှန်ရင် အိမ်ထောင်ကျပြီးလဲ လှနေရမယ်၊အိမ်ထောင်မကျခင်လဲ လှနေရမယ် ဒါကမိန်းကလ...
16/01/2025

"ပျော့ညံ့တဲ့မိန်းမတစ်ယောက်မဖြစ်ပါစေနဲ့"

မိန်းကလေးမှန်ရင် အိမ်ထောင်ကျပြီးလဲ လှနေရမယ်၊အိမ်ထောင်မကျခင်လဲ လှနေရမယ် ဒါကမိန်းကလေးတိုင်းရဲ့သဘာဝပဲ သို့ပေမယ့် အချိန်မပေးနိူင်လို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပစ်စလက်ခက်မနေ လိုက်ပါနဲ့ သင့်ခန္ဓာကိုယ်ကို သင်မှမချစ်ရင် သင့်ကို ချစ်ပေးမယ့်သူမရှိဘူးဆိုတာ သတိရပါ။

အလှအပပြင်ဆင်ခြယ်သခြင်းက ပုရိသတို့ကိုစွဲဆောင်ဖို့မဟုတ်ဘူး မိန်းမဆိုတဲ့ဂုဏ်ပုဒ်အောက်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေဖို့ပါ၊ မိန်းကလေးချင်းယှဉ်ရင်တောင် ပြုပြုပြင်နေတဲ့အမျိုးသမီးနဲ့ ဒီအတိုင်း မဖြီးမလိမ်းနဲ့ ပစ်စလက်ခက်နေတဲ့ အမျိုးသမီး ဘယ်အမျိုးသမီးက လူမြင်သင့်တယ်မလဲ ဆိုတာစဉ်းစားပါ။

မိန်းမတစ်ယောက်က အိမ်ထောင်မကျသေးခင်လည်း ကိုယ်ပိုင်ဝင်ငွေရှိရမယ် အိမ်ထောင်ကျပြီးရင်လည်း ကိုယ်ပိုင်ဝင်ငွေရှိရမယ် ကိုယ့်အင်အားနဲ့ကိုယ်ရှာပြီး ကိုယ်ပိုင်ဘဝ ရပ်တည်ရတာလောက် အားရကျေနပ်စရာကောင်းတာမရှိပါဘူး။

ကိုယ်တိုင်ရှာတဲ့ပိုက်ဆံ၊ကိုယ်တိုင် ကိုင်သုံးရတာကမှ အရသာရှိတာပါ၊ဒါပေမယ့် သိက္ခာရှိပြီးလိပ်ပြာလုံတဲ့ပိုက်ဆံဖြစ်ဖို့ကတော့အဓိကလိုအပ်ပါတယ်။

ကိုယ့်ဘဝက ကိုယ့်ကြောင့်ပဲ တောက်ပနေပါစေ...ကိုယ့်အနာဂတ်က ကိုယ့်အစွမ်းနဲ့ပဲ ထွန်းလင်းပါစေ။ကျွန်မက ဘယ်သူ့ဇနီး ဆိုတာထက် ကျွန်မက ဘယ်သူပါလို့မိတ်ဆက်နိူင်တဲ့အထိကြိုးစားပါ။

မိန်းမမှန်ရင် နူ့ညံ့သိမ်မွေ့ရမယ်၊ ဟိရိဩတပ တရားရှိရမယ် ဒါပေမယ့်နေရာတိုင်းမှာပျော့ညံ့နေလို့မရပါဘူး။ ဆုံးဖြတ်ချက်ချပြီးရင်လည်း ပြတ်သားနိူင်ဖို့လိုတယ် ဒါမှလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။

လေးစားစွာဖြင့်

မိန်းမတိုင်းက သူတို့ချစ်တဲ့ယောကျ်ားကိုအမြင့်ရောက်စေချင်ကြတယ်သူများအလုပ်လုပ်နေရတဲ့ ယောကျ်ားဆိုရင်ကိုယ်ပိုင်အလုပ်ပဲ လုပ်စေ...
16/01/2025

မိန်းမတိုင်းက သူတို့ချစ်တဲ့ယောကျ်ားကို
အမြင့်ရောက်စေချင်ကြတယ်
သူများအလုပ်လုပ်နေရတဲ့ ယောကျ်ားဆိုရင်
ကိုယ်ပိုင်အလုပ်ပဲ လုပ်စေချင်တယ်🍀

လိုအပ်တာမှန်သမျှ လုပ်ပေးချင်တယ်
လူတိုင်း က အားကျတာပဲ ဖြစ်ချင်တယ်
မကောင်းတဲ့ လမ်း သွားနေရင် ပြုပြင်ပေးချင်ကြတယ်
အဝတ်အစားလိုက်တာလေး မြင်ရင် ဝတ်စေချင်တယ်🍀

သူကြိုက်တာလေး မြင်ရင် စားစေချင်တယ်
သူ့ အတွက်ဆိုပီးလည်းသေချာ ဝယ်တက်ကြတယ်
သူနဲ့ပဲ အချိန်တိုင်းအတူရှိချင်ကြတယ်🍀

ဒါ ဟာ ချစ်ခြင်းမေတ္တာ
မိခင်နဲ့တူသော မိန်းမ ကို ရတာ
မိန်းမ တန်မဲ့ ငွေရှိတဲ့ ယောကျ်ားမှ လိုအပ်တဲ့မိန်းမတွေ🍀

ငွေသာအပ်ပါစေ ဘာလုပ်လုပ်ဆိုတဲ့မိန်းမ တွေ
ကောင်းတဲ့လမ်း လား မကောင်းတဲ့လမ်းလား
တွေးမပေးနိုင်တဲ့ မိန်းမတွေ🍀

အဲ့ လူ မှားနေတောင် မပြောပြနိုင်တဲ့ မိန်းမတွေ
ဘာစေတနာမှ မရှိလို့
ငွေတစ်ကျပ်တောင် မထုပ်တဲ့မိန်းမတွေ
လောကမှာတစ်ပုံကြီး🌻

ယောကျ်ားတစ်ယောက်ရဲ့ အဆင်တန်ဆာ က
သူ့ဘေးက အမျိုးသမီး ပဲ
သူတို့ ဘာလုပ်လုပ် ရတဲ့ ခပ် အအ မိန်းမ မဟုတ်ဖူး
သူတို့ ကို controlလုပ်နိုင်တဲ့မိန်းမမျိုး🌻

အဲ့လို controlလုပ်နိုင်တဲ့ မိန်းမနောက်လိုက်နိုင်တဲ့
ယောကျ်ားတိုင်းလည်း အောင်မြင်တဲ့လူတွေကြည့်ပဲ
အဲ့တာကို ဒီကောင်က 🌻

မိန်းမကျ ကြောက်ရတယ်ဆိုပီး ပြောကြတာ
တစ်ကယ်က ကြောက်တာမဟုတ်ဖူး
အဲ့ဒီ့ မိန်းမ ရဲ့ brain levelက မိုးထဲလေထဲဆို သုံးရလို့
Control လုပ်ခံကြတာ🍀🍀

မိန်းမတွေ ခုခေတ်မှာ ပေါတယ်
ကိုယ့်ဘေးမှာ ဘာမှ မမှီခိုပဲ
ကိုယ့်အတွက် အားဖြစ်စေမဲ့ မိန်းမရထားရင်
တန်ဖိုးထားကြ🍀

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Healthy Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy Life:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram