Prime Medicine

Prime Medicine Providing genuine, fairly priced, high-quality medicines from trusted foreign sources, ensuring on-time delivery for your health and convenience.

ယနေ့ ဩဂတ်လ ၉ ရက်နေ့မှာကျရောက်သော  National Women’s Dayမှာ အမျိုးသမီးတိုင်း ကျန်းမာပျော်ရွှင်ပြီး ဘဝရဲ့ အောင်မြင်မှုတွေကိ...
09/08/2025

ယနေ့ ဩဂတ်လ ၉ ရက်နေ့မှာကျရောက်သော
National Women’s Dayမှာ အမျိုးသမီးတိုင်း ကျန်းမာပျော်ရွှင်ပြီး ဘဝရဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေ၊ ဒါ့အပြင် အမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေ ပိုမိုများပြားလာပြီး တန်းတူညီမျှမှုရှိတဲ့ လူ့ဘောင်သစ်ကြီးကို အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း Prime Medicine မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

# NationalWomen’sDay
# PrimeMedicine

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှာကျရောက်သော   ကမ္ဘာ့အသည်းရောင်ရောဂါနေ့မှာ ရောဂါဝေဒနာ ခံစားနေရသူများအားလုံးလျှင်မြန်စွာပျောက်ကင်...
28/07/2025

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှာကျရောက်သော
ကမ္ဘာ့အသည်းရောင်ရောဂါနေ့မှာ ရောဂါဝေဒနာ ခံစားနေရသူများအားလုံးလျှင်မြန်စွာပျောက်ကင်းပြီးကျန်းမာပျော်ရွှင်ကြပါစေ၊‌အသည်းရောင်ရောဂါကုသရေးနဲ့ ပတ်သက်ပြီး အသိပညာတွေ တိုးပွားလာကာ အားလုံးရဲ့ ကျန်းမာရေးကို ဂရုစိုက်နိုင်သော
အသည်းရောင်ရောဂါ ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ အတူတကွ ကြိုးပမ်းနိုင်ကြပါစေလို့လည်း Prime Medicine မိသားစုမှဆန္ဒပြုလိုက်ပါတယ်။

Hepatitis Day
Medicine

" အာဇာနည်နေ့ တို့မမေ့ " ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ သည် (၇၈) ကြိမ်မြောက်အာဇာနည်နေ့ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်၊ ဇူ...
19/07/2025

" အာဇာနည်နေ့ တို့မမေ့ "

ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ သည် (၇၈) ကြိမ်မြောက်အာဇာနည်နေ့ ဖြစ်ပါသည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား Prime Medicine မိသားစုမှ ရိုသေလေးစားစွာဖြင့် ဂါရဝပြုပါတယ်ရှင့်။

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်
# Prime Medicine

ယနေ့ ၉ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မြတ်အခါသမယမှာ စာဖတ်သူများအားလုံး လိုအင်ဆန္ဒများ ပြည့်ဝပြီး ကောင်းကျိုးလိုရာဆန္ဒ...
09/07/2025

ယနေ့ ၉ရက်နေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မြတ်အခါသမယမှာ စာဖတ်သူများအားလုံး လိုအင်ဆန္ဒများ ပြည့်ဝပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေ၊ကောင်းမှုကုသိုလ်များ ပွားများနိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ လောကီ လောကုတ္တရာ နှစ်ဖြာသောချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေလို့ Prime Medicine မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။


Moon Day

မင်္ဂလာပါရှင့်🥰  ဒီနေ့မှာတော့  Leptospirosis လို့ခေါ်တဲ့ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါပိုးတစ်မျိုးအကြောင်းကို စာဖတ်သူတ...
07/07/2025

မင်္ဂလာပါရှင့်🥰

ဒီနေ့မှာတော့ Leptospirosis လို့ခေါ်တဲ့ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါပိုးတစ်မျိုးအကြောင်းကို စာဖတ်သူတို့အား ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်ရှင်။

Leptospirosis (ကြွက်သေးပိုးရောဂါ) သည် Leptospira ဟုခေါ်သော spiral-shaped bacteria ကြောင့်ဖြစ်ပြီး အန္တရာယ်ရှိသောရောဂါတစ်ခုဖြစ်ပါတယ်။

Leptospirosis ကိုဖြစ်စေသော ဘတ်တီးရီးယား Leptospira interrogans များသည် ကြွက်၊ ခွေး၊ ဝက် တို့၏ ဆီးနှင့်အတူ မြေတွင်၊ ရေတွင်နေထိုင်နိုင်ပါတယ်။

ထို့ကြောင့် ၎င်းသည် တိရစ္ဆာန်များမှတဆင့် လူကိုကူးစက်သော zoonotic disease ဖြစ်လာပြီး၊ မြန်မာနိုင်ငံအပါအဝင် အာရှဒေသများတွင် မိုးရာသီ၌ ဖြစ်ပွားမှုအများဆုံး‌ရောဂါဖြစ်ပါတယ်။

ကူးစက်နိုင်သောနည်းလမ်းများ

ရောဂါရှိသောတိရစ္ဆာန်များ၏ အညစ်အကြေးပါဝင်သော‌ရေ၊ မြေဆီနှင့် ထိတွေ့ခြင်း
ရောဂါပိုးများနှင့် ထိတွေ့ထားသောအစားအစာများကိုစားသုံးမိခြင်း
ကွဲရှနေသောအရေပြား(cut, scratch)များ၊ နှာခေါင်း၊ မျက်စိမှတဆင့်လည်းဝင်ရောက်နိုင်ပါတယ်။
မိုးများရေကြီးသောနေရာများတွင်လည်း တိရစ္ဆာန်များ၏ စွန့်ပစ်အညစ်အကြေးများမှတဆင့် လူအများသို့ကူးစက်စေနိုင်ပါတယ်။

ရောဂါလက္ခဏာများ

ရောဂါပိုးစတင်ဝင်ရောက်ပြီးနောက် ၅ရက်မှ၁၄ရက်အတွင်း ပုံမှန်အားဖြင့် လက္ခဏာစတင်ပြတတ်ပါသည်။ အချို့သောလူများတွင် ၂ရက်မှ ရက်ပေါင်း၃၀အတွင်းပြတတ်ပါတယ်။

ပထမအဆင့်
အဖျားတက်ခြင်း‌(၃၈-၄၀ ဒီဂရီစင်တီဂရိတ် )
ရင်ဘတ်အောင့်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်း
မျက်လုံးအနီရောင်ဖြစ်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း
ခေါင်းကိုက်ခြင်း၊ တုပ်ကွေးကဲ့သို့ချမ်းတုန်ခြင်း

ဒုတိယအဆင့်
မူးမောခြင်း၊ အင်အားလျော့ခြင်း
ကျောက်ကပ်ထိခိုက်ပျက်စီးမှူကြောင့် ဆီးနည်းလာခြင်း
အသားအရေအဝါရောင်ဖြစ်ခြင်း
ဦးနှောက်အမှေးပါးရောင်ခြင်း

ထို့နောက်ဆက်လက်၍ Weil's disease ဟုခေါ်သော ရောဂါအခြေအနေကြောင့် အသည်း၊ ကျောက်ကပ်၊ သွေးကြောများပျက်စီးကာ အသက်ရှုကြပ်ခြင်း၊ ဆဲလ်များပျက်စီးခြင်းဖြင့်သေဆုံးနိုင်ပါတယ်။

ရောဂါရှာဖွေစမ်းသပ်နည်းများ

Blood Test: CBC, Liver/Kidney function test (အသည်းနှင့် ကျောက်ကပ်လုပ်ငန်းအခြေအနေများအားစစ်ဆေးခြင်း)

Serology Test:ELISA,MAT(Microscopic Agglutination Test)

PCR Test: ဘတ်တီးရီးယား၏ DNAရှာဖွေခြင်း

ကုသနည်းများ

Antibiotics(အချိန်မှီသောက်သုံးရန်လိုအပ်ပါသည်)

Doxycycline

Penicillin

Ceftriaxone (ရောဂါပြင်းထန်လက္ခဏာများတွင်)

ကာကွယ်နည်းများ

ကျေးလက်ဒေသ၊ ရေကြီး‌ဒေသများတွင်

တိရစ္ဆာန်များ၏ ဆီး၊ အညစ်အ‌ကြေးများနှင့်မထိတွေ့ရန်

ရေဝပ်သောနေရာများသို့သွားလျှင် ဖိနပ်၊ အကာများဖြင့် ကာကွယ်ရန်

သန့်ရှင်းသောရေသုံးစွဲရန်

အိမ်မွေးတိရစ္ဆာန်များကို

ကာကွယ်ဆေးထိုးပေးခြင်း(ကာကွယ်ဆေးများသည်ရာနှုန်းပြည့်မကာကွယ်နိုင်ပါ)

သတိပြုရန်

Leptospirosisရောဂါလက္ခဏာများသည် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ တိုက်ဖွိုက်ရောဂါများနှင့်ဆင်တူနေတတ်ပါတယ်။ ထို့ကြောင့် ရောဂါလက္ခဏာများစတင်တွေ့ရှိသည်နှင့် နီးစပ်ရာဆေးရုံ ဆေးခန်းများတွင်ရောဂါရှာဖွေစမ်းသပ်ပြီး တတ်ကျွမ်းသောပညာရှင်ဆရာဝန်များနှင့်ကုသသင့်ပါတယ်ရှင့်။ စောစီးစွာမကုသပါက ကိုယ်တွင်းကလီစာများကို ဆိုးရွားစွာထိခိုက်ပျက်စီးစေနိုင်သောကြောင့် မပေါ့ဆကြရန် အကြံပေးတိုက်တွန်းလိုပါတယ်။

ဒါ‌ကြောင့် လူကြီးမင်းတို့အတွက် လိုအပ်နေသောဆေးဝါးများနှင့် Medical supplement များကို Prime Medicine မှာ 100% authentic စစ်စစ် မှန်ကန်သောစျေးများဖြင့်လည်း တိုက်ရိုက်မှာယူနိုင်ပါတယ်ရှင်။ Order confirm ဖြစ်ပါက မှာယူထားသောပစ္စည်းများအား ငွေချေပြီးဆယ်ရက်အတွင်းအရောက်ပို့ပေးပါတယ်ရှင်။ မရောက်ရှိပါက ချေထားသောငွေအပြည့်ပြန်လွှဲပေးပါတယ်ရှင်။ ငွေလွှဲထားသောဖုန်းနံပါတ်ကိုလဲ ဆက်သွယ်စုံစမ်း‌မေးမြန်းနိုင်ပါတယ်ရှင်။ မှာယူလိုပါက ရုံးချိန် (9:00) မှ (5:00) အတွင်း Page Messenger မှ ဖြစ်စေ အောက်ဖော်ပြပါဖုန်းနံပါတ်မှဖြစ်စေ မှာယူနိုင်ပါတယ်ရှင်။

👉09 752 444 487
👉09 442 885 885

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကိုလဲ ဆက်လက်၍ရေးသားမျှဝေပေးမည် ဖြစ်သောကြောင့် Prime Medicine page ကို Like and follow လေးလုပ်ပေးထားကြပါဦးရှင်။
စာဖတ်သူအားလုံးအန္တရာယ်ကင်းဝေးပြီး ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။



စာဖတ်သူများအားလုံး မင်္ဂလာပါရှင့်❤              ယနေ့ ၂၁ရက်နေ့မှာ ကျရောက်တဲ့ Global ALS/MND Awareness Day လေးမှာ ALS ရောဂ...
21/06/2025

စာဖတ်သူများအားလုံး မင်္ဂလာပါရှင့်❤
ယနေ့ ၂၁ရက်နေ့မှာ ကျရောက်တဲ့ Global ALS/MND Awareness Day လေးမှာ ALS ရောဂါဝေဒနာခံစားနေရသူများအားလုံးရောဂါဒဏ်ကို ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားများနဲ့ ကြံ့ကြံ့ခံနိုင်ပြီး အောင်မြင်စွာဖြတ်ကျော်နိုင်ကြပါစေ၊ ရောဂါကုသမှုနည်းသစ်များလည်း လျှင်မြန်စွာ ပေါ်ပေါက်ပြီး အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ Prime Medicine မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။


/MND Awareness Day

မင်္ဂလာပါရှင့်🥰  ဒီနေ့မှာတော့ လတ်တလောအဖြစ်များနေသော Covid-19 ရောဂါမျိုးကွဲ တစ်မျိုးဖြစ်တဲ့ " NB.1.8.1" လို့ခေါ်တဲ့ ရောဂါ...
03/06/2025

မင်္ဂလာပါရှင့်🥰

ဒီနေ့မှာတော့ လတ်တလောအဖြစ်များနေသော Covid-19 ရောဂါမျိုးကွဲ တစ်မျိုးဖြစ်တဲ့ " NB.1.8.1" လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးအကြောင်းကို စာဖတ်သူတို့အား ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်ရှင်။





အောက်ပါ ပုံတစ်ပုံချင်းစီမှာ အသေးစိတ်ရှင်းပြထားသောကြောင့်နှိပ်ကြည့်ပြီး လေ့လာဖတ်ရှု့နိုင်ပါတယ်နော်။

မင်္ဂလာပါရှင်ဒီကနေ့မှာတော့ သွေးကျဆေးတစ်မျိုးဖြစ်တဲ့ Diuretics ဆေးများအကြောင်းကို လူကြီးမင်းတို့အား ကျမ်းမာရေးဗဟုသုတအနေဖြ...
23/05/2025

မင်္ဂလာပါရှင်
ဒီကနေ့မှာတော့ သွေးကျဆေးတစ်မျိုးဖြစ်တဲ့ Diuretics ဆေးများအကြောင်းကို လူကြီးမင်းတို့အား ကျမ်းမာရေးဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါတယ်ရှင်။





Diuretics အမျိုးအစားများနှင့် အကျိုးသက်ရောက်မှုများ ကို အောက်ပါပုံတစ်ပုံချင်းစီဆက်လက်ဖတ်ရှုနိုင်ပါတယ်ရှင်။

🌍 ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းအမှတ်နေ့ (World Hypertension Day) – မေလ ၁၇ ရက် 💓သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင...
17/05/2025

🌍 ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းအမှတ်နေ့ (World Hypertension Day) – မေလ ၁၇ ရက် 💓
သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာကို ထိခိုက်စေပြီး များသောအားဖြင့် ပြင်းထန်မှုမဖြစ်မချင်း သတိမထားမိတတ်‌သောရောဂါတစ်ခုဖြစ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းအမှတ်‌နေ့ ဆောင်ပုဒ်က‌တော့ “Measure Your Blood Pressure Accurately, Control It, Live Longer” ဖြစ်ပါတယ်။ ယ‌‌နေ့မှစ၍ မိမိ၏‌သွေးပေါင်ချိန်ကို ပုံမှန်စစ်‌ဆေးဖို့နှင့် ကျမ်းမာ‌ရေးနှင့်ညီညွတ်‌ သော နေထိုင်မှုပုံစံကို‌ ပြောင်း‌လဲ‌နေထိုင်ကျပါရန် တိုက်တွန်းလိုက်ပါတယ်ရှင်။

Prime Medicine မိသားစုမှ မြန်မာပြည်သူပြည်သားများအားလုံး သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ‌ ရောဂါများမှ ကာကွယ်နိုင်ကြပါစေလို့ ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။



#သွေးဖိအားတိုင်းတာကြစို့

မင်္ဂလာပါရှင်ဒီကနေ့မှာတော့ သွေးကျဆေးတစ်မျိုးဖြစ်တဲ့ Calcium Channel Blockers (CCBs) ဆေးများအကြောင်းကို လူကြီးမင်းတို့အား...
16/05/2025

မင်္ဂလာပါရှင်
ဒီကနေ့မှာတော့ သွေးကျဆေးတစ်မျိုးဖြစ်တဲ့ Calcium Channel Blockers (CCBs) ဆေးများအကြောင်းကို လူကြီးမင်းတို့အား ကျမ်းမာရေးဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါတယ်ရှင်။





👉အောက်ပါပုံ တစ်ပုံချင်းစီတွင် အသေးစိတ်ရှင်းပြထားသောကြောင့် နှိပ်ကြည့်ပြီး လေ့လာဖတ်ရှုနိုင်ပါတယ်‌နော်။

မင်္ဂလာပါရှင် ဒီက‌နေ့မှာတော့ အရင် post တွင်မျှဝေပေးထားသည့် သွေးကျဆေးတစ်မျိုးဖြစ်သည့် ACEI ဆေးနှင့် အမျိုးအစားမတူသည့် ARB...
13/05/2025

မင်္ဂလာပါရှင်
ဒီက‌နေ့မှာတော့ အရင် post တွင်မျှဝေပေးထားသည့် သွေးကျဆေးတစ်မျိုးဖြစ်သည့် ACEI ဆေးနှင့် အမျိုးအစားမတူသည့် ARBs ဆေးအကြောင်းကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။





👉အောက်ပါပုံ တစ်ပုံချင်းစီတွင် အသေးစိတ်ရှင်းပြထားသောကြောင့် နှိပ်ကြည့်ပြီး လေ့လာဖတ်ရှုနိုင်ပါတယ်ရှင်။

" ကဆုန်လပြည့် ဗုဒ္ဓနေ့ "ဒီကနေ့ ကျရောက်သော ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း၊ ကုသိုလ်ကောင်းမှု့ပြုလု...
11/05/2025

" ကဆုန်လပြည့် ဗုဒ္ဓနေ့ "
ဒီကနေ့ ကျရောက်သော ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း၊ ကုသိုလ်ကောင်းမှု့ပြုလုပ်ခြင်းအားဖြင့် ကျန်းမာသုခအဝဝဖြင့် ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေကြောင်း Prime Medicine မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Prime Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram