LADY GYM & SPA

LADY GYM & SPA No pain No gain...

10/03/2025

ကိုယ် ဖျာပုံ ရောက်ရောက်ချင်းအချိန်မှာ ဈေးဝယ်ရင်း ပထမဦးဆုံးသိခဲ့တဲ့ သူကတော့ ပတ္တမြားစတိုး ပိုင်ရှင်အမပါ။

ကိုယ် ပထမ 45 day training မှာသူလူစုပေးတယ် သူကတော့လုံးဝမကစားဘူး

ဒုတိယ တစ်ကြိမ် နှစ်နှစ်ကြာမှ 45ရက် training တန်းမှာလဲ သူလုံးဝမကစားပါဘူး။

တတိယ အကြိမ် ရက်ရှည် ဖျာပုံ မှာဆိုင်ဖွင့်ဖစ်တော့လဲ exe မလုပ်ချင်ဘူးဆိုပြီး မကစားဘူး

4 ကြိမ်မြောက် ဆိုင်ပိတ်ပြီး ကိုယ် ဖျာပုံ မှာ online try တဲ့အချိန်မှာတော့ သူရောက်လာပါတယ်။

တီချယ် ကျွန်မ ခေါင်းနဲ့ ခါးကျီးပေါင်း ခါနာတာဖြစ်နေတယ် ခေါင်းက အာရုံကြောကြောင့် အရမ်းခါနေလို့ အရိုးတွေကြွတ်ဆတ်သလိုဖြစ်နေ ပြီး လူက မလန်းဘူး
ပေါ့ပါးတာလေး ကစားကြည့်ချင်တယ် ဝိတ်မကျချင်နေပါစေတဲ့။

အလေးတော့ မ မဘူးနော်တဲ့

အိုခေ

ဒီလိုဘဲ ချော့try ရတာပေါ့

ကျွန်မ အကောင်းဆုံး try ပေးကြည့်မယ်ဆိုပြီး try ပေးခဲ့ဖြစ်တာ 6လ တာမှာ

ပထမပိုင်းမှာတော့အတော်ကြိုးစားယူရပါတယ်။

အသက် 55 နှစ်ပါ
ကလေးနှစ်ယောက်အမေ

18 lb weight ကျသွားပါတယ်။

exe ကတော့
Cardio သက်လုံ
Movement training လှုပ်ရှားမှူတွေမြန်အောင်လို့

Strength training

Body weight နဲ့ အလေးဝန် training

Yoga....

Timetable တစ်ခု နဲ့သေချာလေး ချော့တစ်လှည့် ချောက်တစ်လှည့် ခေါ်လာတာ။
18lb ကျသွားတယ်
ခါး နာတာနဲ့ ဇာတ် ကျီးပေါင်း သက်သာသွားတယ်။
ခေါင်းတုန်ခါမှူ တွေ သက်သာသွားတယ်။

အလေးဝန် 60lb ထိ မ လာနိုင်တယ်

Body weight ကို ကောင်းကောင်း control လုပ်နိုင်လာပါတယ်

Joint တွေ က တစ်ဂွတ်ဂွတ် အသံတွေမြည်မနေတော့ဘဲ လုံးဝ နေကောင်းလာပေမယ့်

တီချယ် ဖျာပုံမှာနေသ၍တော့ exe ပုံမှန်လုပ်သွားပါရစေတဲ့။

exe ဆို အသားနာမှာ ကြောက်လို့ No ဆိုတဲ့အမက exe ကို အမြဲလုပ်သွားပါရစေဆိုတဲ့ စကားလေးထွက်လာတော့ try ရကြိုးနပ်ခဲ့ပါတယ် 😊

exe လုပ်ရမှာမကြောက်ပါနဲ့ Trainer ဆိုတာ သူ့ client ကိုဘယ်လိုဆွဲခေါ်ရမလဲသိပြီးသားမို့ မကြောက်ဘဲခုက စလုပ်ကြပါလို့ဘဲပြောချင်ပါတယ်ရှင့် 😊

တစ်ပါတ်ကို ရန်ကုန်က တစ်ယောက်ဖျာပုံက တစ်ယောက် before after တင်ပေးနေတာ ဟိုနေ့က ရန်ကုန်က clinte တင်ပေးပြီးပြီဆိုတော့ဖျာပုံက...
09/03/2025

တစ်ပါတ်ကို ရန်ကုန်က တစ်ယောက်ဖျာပုံက တစ်ယောက် before after တင်ပေးနေတာ
ဟိုနေ့က ရန်ကုန်က clinte တင်ပေးပြီးပြီဆိုတော့
ဖျာပုံက တစ်ယောက်ထပ်တင်ပေးမလို့ဟာ

တစ်ကယ်က အခြားတစ်ယောက်တင်မလို့

ခု တစ်ယောက် knowledge ရအောင် ပြောင်းတင်ပေးလိုက်တာ။

အသက် က 30
ကလေးအမေ အိမ်ထောင်သည်ပါ။

Lb တစ်ပေါင်မှမကျပါဘူး။

ကလေးအမေ အိမ်ထောင်သည် ဆိုတဲ့ စကား ကို ဘာကြောင့်ပြောတာလဲဆိုရင် ကိုယ် ခုနောင်ပိုင်း ကလေးအမေတွေနဲ့ အပျို အသက်အရွယ်တူရင်တောင် class တစ်ခုထဲ မ try ပေးဘူး။

ကစားနည်းက တစ်ယောက်ချင်းဆီမတူရတဲ့အထဲ ကလေးအမေ တွေရဲ့ ဗိုက်သား နဲ့ တင် ကစားနည်း တွေက တူနေလို့ကိုမရလို့

အတန်း ခွဲ try ပေးပါတယ်။

ခုကတော့ lb တစ်ပေါင်မှ မကျ အမှတ်တရ ပါ 😊

နင်လှလာတယ်နော် အရင်ကထက် ဆိုတာတွေက ခုလုပ်ခုဖြစ်လာတာ တစ်ခုမှမရှိဘူး။အရင်ကလိုဘဲ သွက်လက် နေတာဘဲ ဆိုတာတွေ body က ပိုအဆင်ပြေကျ...
09/03/2025

နင်လှလာတယ်နော် အရင်ကထက် ဆိုတာတွေက ခုလုပ်ခုဖြစ်လာတာ တစ်ခုမှမရှိဘူး။

အရင်ကလိုဘဲ သွက်လက် နေတာဘဲ ဆိုတာတွေ body က ပိုအဆင်ပြေကျစ်လစ်နေတာဘဲဆိုတာတွေအားလုံးက
ဆယ်စုနှစ်မက ရင်းနှီးမှူတွေရဲ့ ရလဒ်တွေပါဘဲရှင့်

ကိုယ်က injury ကိုတစ်သက်လုံးဂရုစိုက်လာတဲ့သူဖြစ်လို့ exe လုပ်ရင် နည်းစနှစ်သေချာဂရုစိုက်တဲ့ Trainer ထဲမှာပါတယ်ရှင့်။

ဒါတောင် ဒူးထိသွားလို့ 3လလောက်နားရသေးတယ်

ကိုယ်စိတ်မကောင်း ဖြစ်တာလေးတွေရှိတယ် ကိုယ့်ဆီမှာ ခုထိ clinte တွေ အချိန်ပြည့်ရှိနေပေမယ့်။

တစ်လ လောက်ကို တစ်ပါတ် နှစ်ရက်လောက်အများဆုံးအချိန်ပေး two weeks လောက်ပျောက်ပြန်ရောက်လာ အလုပ်မအားတာကို လက်ခံတယ်ရှင့်။

လက်မခံနိုင်တာက exe လုပ်သူတွေကိုယ်တိုင်ရဲ့အားထုတ်မှူက သိပ်မရှိဘဲ ဝေဖန်ခံရခြင်းဘဲ။

ကိုယ်က အရှိန်ရအောင်တည်ဆောက်ပေး ကျလဲကျလာတယ် အရှိန်ရတော့ သူများက နာမည်ရသွားရော။

တည်ဆောက်ပေးခဲ့သမျှက အလကားဖစ်ဖစ်သွားရော။

စိတ်ပျက်ဖို့ကောင်းတာက သူများနာမည်ရလို့မဟုတ်ဘူး

ကိုယ့် ကိုတိုက်ခိုက် နာမည်ဖျက်လို့ ....

ဘယ်အလုပ်လုပ်လုပ် တစ်စိုက်မတ်မတ်လုပ်သွားရင် goal က ရှိပြီးသား

ကိုယ်တိုင်ဖြစ်တဲ့ ကိုယ် ခုချိန်ထိ Body Skin Perfect ကြီးမဟုတ်တောင် ကောင်းကောင်းထိန်းထားနိုင်တာပေါ့။

ဒါက personal case ပေါ့။

ဆိုလိုရင်းက တစ်ခုလိုချင်ရင် အချိန်တို ရလဒ်ကိုမကြည့်ပါနဲ့။

အသက်က ကြီးလာမှာငယ်သွားမှာမဟုတ်ဘူး။

ပုံမှန် ကိုယ်အဆင်ပြေတဲ့သူနဲ့ သေချာ try သွားပါလို့။

ခုစာတင်ရင်း Before After တင်ပေးလိုက်ပါတယ်နောက်တစ်ယောက်။

Lb ကျတာ 4lb ဘဲ

ရလဒ်က မြင်တဲ့အတိုင်းဘဲ။

အဓိက က သူစိတ်ရှည်တယ် ရက်မပျက်ဘူး။

အသက် 36

သားအိမ်မှာ အကျိတ်ရှိ

ကျီးပေါင်း ရှိ

ခု 6လအတွင်းမှာ အတော်လေးသက်သာလာပါတယ်။
အစပိုင်းတော့ အတော်ဆွဲခေါ်ခဲ့ရပါတယ်ရှင့်

Before After တွေ မတင်တာလဲကြာပေမယ့် Class တွေ ကိုကတော့ တောက်လျှောက် train ပေးနေပါတယ် လိုင်းပေါ် အစလို တက်ဖို့ အချိန်မရှိဘ...
01/03/2025

Before After တွေ မတင်တာလဲကြာပေမယ့် Class တွေ ကိုကတော့ တောက်လျှောက် train ပေးနေပါတယ် လိုင်းပေါ် အစလို တက်ဖို့ အချိန်မရှိဘူးဖစ်နေတာလေးပါဘဲ။

တစ်ချို့က အတင်ကိုမခံတာ

တင်ခံ တဲ့သူထဲ က စစ်ထုတ်ပြီးတင်ပးလိုက်ပါတယ်

ခုတင်ပေးတဲ့ မမ ကတော့

အသက် 53

အိမ်ထောင်သည်

ကလေးတစ်ယောက်အမေ ပါရှင့်....

ကိုယ် ပြီးခဲ့တဲ့ နှစ်တွေထဲက fasting လုပ်ခဲ့ဖူးတယ်
Body ကနဂိုထဲက လဲ ပုံမှန်ဘဲဆိုတော့ စာဖတ် လေ့လာပြီး fasting လုပ်ကြည့်လဲ သိပ်သတိမထားမိဘူးရယ်။

ခု နောက်ပိုင်းမှာ fasting လုပ်တာ မလိုဘူး လိုတယ် အငြင်းအခုန်တွေကြား မှာ ကိုယ်တိုင် သေချာအောင် fasting 16 hours နေ့စဉ်လုပ်တယ်။

Clinte တွေကိုလဲ try ကြည့် တာ အတော်အဆင်ပြေသလို။

36 hours ထိ ကိုယ် fasting လုပ်ကြည့်လိုက်တော့ ဟိုမုန်းတွေ သိသိသာသာ change တာကိုတွေ့ရပြီး အဓိက body process တွေ မြင့်လာတယ်။

ကိုယ့်အတွက် အခက်ခဲဆုံးက အိပ်ချိန်ပါ။

အလုပ်ချိန် က ညအတော်ညည်းနက်တယ် အိပ်ချိန်နည်းတယ် အိပ်ဖို့အတော်ကြိုးစားရတယ်။

အဲ့ ပြဿနာတွေ အဆင်ပြေလာတယ်ရှင့် ။

ဒါက ဒီတစ်လ နှစ်လအတွင်း ကိုယ့်ကိုကိုယ်ရော clinte တစ်ချို့ကိုရော try ပေးကြည့်တဲ့ရလဒ်ပေါ့။

ဆက်ပြီး try လိုက်ပါအူးမယ်။

ပြီးတော့ ဆိုးကြိုး ကောင်းကြိုးပြန်တင်ပေးပါ့မယ်နော်။

မိုးနှောင်းဆိုတော့ formula ရွတ်နေတာထက် ကိုယ်တိုင် စမ်းသပ်ကြည့်ပြီး ရလဒ်ကိုဘဲကျင့်သုံး တတ်တဲ့သူမို့ ခဏလေးစောင့်ပေးပါနော်။

အသက်အရွယ်တစ်ခု ရောက်လာတဲ့အမျိုးသမီးတွေကို try ပေးရတာ အရမ်းဂရုစိုက်ပေးရတယ်ရှင့်။ကျပြီးရောလို့လဲ မရဘူးMuscle တွေ ကျသွားရင်...
19/02/2025

အသက်အရွယ်တစ်ခု ရောက်လာတဲ့အမျိုးသမီးတွေကို try ပေးရတာ အရမ်းဂရုစိုက်ပေးရတယ်ရှင့်။

ကျပြီးရောလို့လဲ မရဘူး
Muscle တွေ ကျသွားရင် ပိန်သွားလဲ သိပ်မကြာခင် ပြန်တက်လာမယ် ပိုဝလာမယ်။
Meal နဲ့ lifestyle ကို အတင်းကြီးလိုက်ထိန်းချုပ်ဖို့ က ခဏ ဘဲရမယ်။
ဖြည်းဖြည်းချင်းတွဲခေါ်ပေးရပါတယ်။
Joint တွေနဲ့ ကိုယ်ခံအားစနှစ်တွေရဲ့ အသံကိုသေချာနားစွင့်ထားရတယ်။

exe လုပ်ရခြင်း အကျိုးကျေးဇူးကိုလဲ နားလည်အောင်ရှင်းပြပေးရတယ်။

ချော့တစ်လှည့် ချောက်တစ်လှည့်ပေါ့ 😊

Kegel exe တွေ try နေပေမယ့် ဘာအကျိုးရလဒ်မှ မရှိဘူးဆိုတဲ့သူလေးတွေအတွက် အရေးကြီးတဲ့ အကြောင်းအရာလေးတင်ပေးမယ်။Kegel ကို ကရိယာ...
20/01/2025

Kegel exe တွေ try နေပေမယ့် ဘာအကျိုးရလဒ်မှ မရှိဘူးဆိုတဲ့သူလေးတွေအတွက် အရေးကြီးတဲ့ အကြောင်းအရာလေးတင်ပေးမယ်။

Kegel ကို ကရိယာ နဲ့ရော exe နဲ့ပါ try နေတယ်
အကျိုးရလဒ်မရှိ တာမျိုးဖြစ်တတ်ပါတယ်။

အကြောင်းအရင်းက core Muscle နဲ့ butt Muscle အားနည်းနေရင် Pelvic floor Muscle ကို ဘယ်လိုမှ control မလုပ်နိုင်ဘူးရှင့်။

Core Muscle နဲ့ Butt Muscle ကိုပါ တွဲသုံးပေးရမှာမို့ အဲ့ Muscle နှစ်ခု ကို တွဲမသုံးတတ်ရင် လိုရင်းကိုရောက်ဖို့မရှိဘူး။

ဒါကြောင့် kegel exe မလုပ်ခင် အောက်ပိုင်း နဲ့ core Muscle တွေကို အပြင်းအထန် ချယ်လေ့ကျင့်ပေးလေ့ရှိတာသတိထားမိမှာပါ။

ညှစ်အားကို တစ်ဆင့်ခြင်းဆီ ဘယ်လိုယူသွားတာက အစ အသေးစိတ် သင်ပေးထားပါတယ်နော်။

အားလုံးအဆင်ပြေပါစေလို့ 😊

အမျိုးသမီး တွေအတွက် Body အသားအရေ ပိုင်းကို တစ်ကြိမ်ဘဲ လုပ်ကြည့်ပါကိုယ်က Body မှာ အစက်အပျောက်ရှိတာက အစ မကြိုက်တဲ့သူထဲမှာပ...
20/01/2025

အမျိုးသမီး တွေအတွက် Body အသားအရေ ပိုင်းကို တစ်ကြိမ်ဘဲ လုပ်ကြည့်ပါ

ကိုယ်က Body မှာ အစက်အပျောက်ရှိတာက အစ မကြိုက်တဲ့သူထဲမှာပါသလို ကိုယ့် cus တွေရဲ့ Body ကို ကိုယ်တိုင် try ရင် အသေးစိတ်ကျအောင် လိုအပ်ချက်တွေကိုလုပ်ပေးပါတယ်။

တစ်ကြိမ် try ရုံနဲ့ ရလဒ် ကိုကြည့်ကြည့်ပါ။

ချွင်းချက်တော့ရှိတယ်နော်

Spa ကို ဘာနဲ့လုပ်ချင်ပါတယ်ဆိုတာထက် ဘယ်ဆေးမျိုးသုံးပြီး လုပ်ရမလဲဆိုတာကို မိုး ကိုယ်တိုင် သေချာကြည့် ဆုံဖျက် လေ့ရှိတာလေးပါဘဲ။

အပ်တစ်ချက်မလိုဘူး အကြိမ်ကြိမ် try စရာမလိုဘူး

အသားအရေ ပြန်မကျဘူး

နည်းနည်းလေးဂရုစိုက်ပေးရုံဘဲ

ကဲ try ကြည့်လိုက်တော့နော်

Lady က Spa service တွေကို upgrade လုပ်ထားပြီး ကိုယ်တိုင် အကောင်းဆုံးဝန်ဆောင်မှူပေးနေပါပြီလို့။Lady Spa က အသားအရေ ကို ကာလ...
05/01/2025

Lady က Spa service တွေကို upgrade လုပ်ထားပြီး ကိုယ်တိုင် အကောင်းဆုံးဝန်ဆောင်မှူပေးနေပါပြီလို့။

Lady Spa က အသားအရေ ကို ကာလတိုမဟုတ်ဘဲ ရေရှည် တည်မြဲပြီး
သဘာဝ ပစ္စည်းတွေကိုသာ အသုံးပြုပြီး ပြုပြင်ပြောင်းလဲပေးနေပါပြီ။

ခေတ်ကြပ်ကြီးမှာ lotion scrub အခြား treatment ဖိုးတွေ အများကြီးကုန် ခံ အချိန်ကာလအများကြီးပေးမှရတဲ့ရလဒ်ကို Lady က တစ်ကြိမ်ဝန်ဆောင်မှူနဲ့ရမယ်ဆို budget လဲကိုက် စိတ်တိုင်းလဲကျသွားမှာပါရှင်။

ခုချိန်မှာတော့ ဝန်ထမ်းကိုဘေးအကူအနေနဲ့ထားပြီး ကိုယ်တိုင် service ပေးနေပါတယ်။

စိတ်ဝင်စားရင် join လို့ရသလို

ရလဒ်ကောင်းရသွားရင် review ပေးသွားကြပါအူးနော် 😊

2025 1လပိုင်း မှာ weight loss group အတန်းတစ်တန်းဖွင့်ပေးပါ့မယ်တစ်ပါတ် 5ရက်ပါ.....7 pm to 8pm ကိုယ် group တန်းဆိုလို့ နေ့...
30/12/2024

2025

1လပိုင်း မှာ weight loss group အတန်းတစ်တန်းဖွင့်ပေးပါ့မယ်

တစ်ပါတ် 5ရက်ပါ.....

7 pm to 8pm

ကိုယ် group တန်းဆိုလို့ နေ့လည် နှစ်နာရီ နဲ့ ည 7နာရီအတန်းဘဲ ရှိပါတယ်ရှင့်။

Private တန်းတွေများလို့

Group တန်းမျှော်နေတဲ့သူလေးတွေအားလုံး ဝင် join လို့ရပါပြီရှင့်။

Class fees က one month ကို 50000 ပါရှင်။

Class fees တွေကို အဆင်ပြေအောင် အမြဲညှိထားပေးတတ်တာမို့။

သေချာ ပုံမှန်လေးဘဲ ဝင်ကြည့်ပါ အိမ်မှာ အေးဆေးနေရင် 2025ကစ ကျန်းမာရေးကို ဂရုစိုက်ကြည့်ပါလို့ 😊

Weight loss သင်တန်းဆိုပေမယ့် အခြား course လေးတွေ ထည့်ထားပေးလို့
ပေးရတဲ့ တန်ဖိုးထက် အရမ်းတန်မယ့် class လေးဖြစ်မှာပါလို့ 😊

တစ်ကယ် က body ကိုလေ သူများဖြစ်နေသလိုပုံငါဖြစ်ရမယ်ဆိုတဲ့ phyco ကြီးကအတော်ဆိုးတာဘဲ။အဆီတွေကို ချပြစ်လို့ရတယ် muscle တွေ တက်...
24/11/2024

တစ်ကယ် က body ကိုလေ သူများဖြစ်နေသလိုပုံငါဖြစ်ရမယ်ဆိုတဲ့ phyco ကြီးကအတော်ဆိုးတာဘဲ။

အဆီတွေကို ချပြစ်လို့ရတယ် muscle တွေ တက်အောင်လဲကစားလို့ရတယ်။

ဒါပေမယ့် muscle ကလဲ limit နဲ့ဘဲတက်နိုင်တဲ့ အစိတ်အပိုင်းတွေရှိသလို

Bone ဖွဲ့စည်းပုံ မျိုးရိုးလိုက်တာကို ပြောင်းလဲပြစ်လို့ကိုမရတာ။

လက်မောင်းနဲ့ ခြေသလုံး ကြီးတဲ့မျိုးရိုးသမားတွေ ကြိုက်သလောက်ကစား အဆီ‌တွေကျသွားမယ် အဲ့ shape ကို change ပြစ်လို့ရလား ရရင် လာပြော ကိုယ့် အယူအဆ မှားရင် ပြန်တောင်းပန်လိုက်မယ် လူသိရှင်ကြား မိုးနှောင်းမှားပါတယ်လို့။

ခွဲစိတ်မှူ သဘာဝအတိုင်းမဟုတ်တာတွေမပါဘူးနော်။သဘာဝမဟုတ်တာနဲ့တော့ပြောင်းကောင်းပြောင်းနိုင်တယ်။

သဘာဝအတိုင်းမဟုတ်တာတွေ ရဲ့ side effects ကိုနောက်post တွေမှ ထပ်တင်ပေးမယ်။

Butt ဆို ပိုဆိုးသေးတယ်။

ဘေးတင် က muscle တက်မှူ က တစ်ကယ့် limited ဘဲ အဲ့တာကိုဘေးပြည့်အောင်ကစားနိုင်တယ်ထိ ကိုယ်လက်ခံတယ်။

ဘေးကားအောင်ကစားနိုင်တယ် ဒီလိုကစား လို့ ရတယ်လို့ ပြောရင် ဂျင်းအကြီးကြီးမိပြီဘဲ။

သဘာဝအတိုင်း meal တွေ protein တွေစနှစ်တစ်ကျစားစမ်းပါ။

လုံးဝမကားစေရဘူး။

Butt shape ကြီးထွားမှူပုံစံ က လဲ မျိုးရိုးဖွဲ့စည်းပုံ အတိုင်းဘဲကြီးထွားလာလိမ့်မယ်။

အိမ်မက်မမက်နဲ့။

တင်ကောက်ပြီးကားတဲ့ လှပတဲ့မျိုးရိုးက သူ့ ဘာသာရှိပြီးသား။

အဲ့တော့ ကိုယ့် ရထားတဲ့ body shape ကိုအကောင်းဆုံးပုံမှန် try ပေး ကိုယ့် shape ရဲ့အလှဆုံးပုံစံဖြည်းဖြည်းမှန်မှန်သွား။

ကိုယ့် ကို ကိုယ်ချစ်တတ်အောင်ကြိုးစားပါ။

Body change ဖို့မလောနဲ့ စနစ်တစ်ကျ နည်းမှန်လမ်းမှန်သွား။

ကိုယ်ပြန်ကြားထားတာရှိသေးတယ်။

မိုးနှောင်း နဲ့ ကစား တာ အဆင်မပြေပါဘူးဆိုတဲ့ သူတွေ။

ကိုယ်နဲ့ တိုက်ရိုက် ဘယ်နှစ်ရက် ကစားဖူးလဲမေးကြည့်ကြည့်တာ။

ကိုယ်နဲ့ တိုက်ရိုက် သေချာ try ဘူးတဲ့သူတွေ ဆီ က အဲ့စကားသံ ထွက်ကိုမလာဘူး။

ကိုယ်က အလုပ် ၃ ၄ ခု လုပ်လို့ ဂဏာ မငြိမ်ဖြစ်သွားတတ်တာက လွဲရင်

ကိုယ့် clinte အရင်း တွေ ကြိုက်တဲ့ဆီ ပြောင်း နောက်ဆုံး ကိုယ့်ဆီမှာ ဂိတ်ဆုံးတာဘဲ။

ဒါကြောင့် ကိုယ် အတန်းမကြော်ငြာဘူး။

အချိန် လတိုင်းပြည့်နေလို့

ကြော်ငြာမိရင် ကိုယ့်ဘာသာတိုင်ပါတ်လို့

ကိုယ်က တည့်သမား မို့ ဂျင်းမထည့်ဘူး ကြိုက်ချင်ကြိုက်မကြိုက်ချင်နေ ဂရုလဲမစိုက်ဘူး။

ကိုယ်အစစ်တွေဘဲပေးတယ်။

ကျန်တာဂရုကိုမစိုက်တာ 👌

ပုံက အဟောင်းဘဲတင်အူးမယ် ကလိထားလို့ ဓါတ်က ဖမ်းမရသေးဘူး 😝

22/11/2024

အသက်တစ်နှစ်ကြီးလာတိုင်း Exercise အပေါ် ခံယူချက်ပြောင်းလာတယ်။
ဦးတည်ရာပြောင်းလာပါတယ်။
အများကြီးထပ်လေ့လာတယ် စိတ်ရှည်လာတယ်။

Clinte တွေကို လဲ စိတ်ရှည်ဖို့နဲ့ fitness model တွေထိုင်ကြည့်ပြီး ရူးသွပ်နေတာထက်စာရင် လုပ်သင့်လုပ်ထိုက်တဲ့အရာကိုဖြည်းဖြည်းမှန်မှန်သွားဖို့ ဘဲ ပြောမိတယ်။

သူများဟိုဟာလုပ်ပြ ဒီဟာ လုပ်ပြ လိုက်ယောင်မနေဘဲ တစ်စိုက်မတ်မတ် ဖြစ်သင့်တာကိုဘဲသွားဖို့ ကိုယ်အမြဲဆုံးမဖြစ်တယ်။

ကိုယ်လဲ ဆက်လက်သင်ယူဆဲ ဝေမျှဆဲပါ။

ကိုယ်ခုနောက်ပိုင်း body transformation ဖြစ်ဖို့ထက် ကျန်းမာဖို့ injury အနည်းဆုံးဖြစ်ဖို့ တွေဆီကိုဖြည်းဖြည်းမှန်မှန် try ပ...
16/11/2024

ကိုယ်ခုနောက်ပိုင်း body transformation ဖြစ်ဖို့ထက် ကျန်းမာဖို့ injury အနည်းဆုံးဖြစ်ဖို့ တွေဆီကိုဖြည်းဖြည်းမှန်မှန် try ပေးတယ်။

ဘာလို့လဲဆို မကျန်းမာတဲ့သူတွေသိပ်များလာလို့။

ဒါကြောင့် clinte တွေကိုစိတ်ရှည်ပါ အတန်းပုံမှန်ဝင်ပေးပါ ဒါဘဲတောင်းဆိုတယ်။

Training လုပ်ပေးနေရင်း အတန်းသေချာဝင်နေရင် ဘာကိုဦးတည်ပြီး try ပေး try ပေး Body က အချိန်ကာလ တစ်ခုရောက်ရင်ကျစ်လစ်လှပလာတာ ထုံးစံဘဲ။

နောက်တစ်ခုက ကိုယ် clinte တွေကို လုံးဝပြန်မတက်ဘူး လို့ 100%ပြည့် မပြောပေမယ့် အြမဲ ကိုယ်အာမခံတဲ့စကားတစ်ခုရှိတယ်သိကြမှာပါ။

70% လောက် ပုံမှန်ဘဲသွား မကစားဖြစ်ရင်တောင်ပြန်မတက်စေရဘူးလို့။
30% ကတော့ lifestyle ကို ဖြစ်သလို နေပြစ်လိုက်တာမျိုး လိုအပ်တာထက် stress ပိနေတာမျိုး ရောဂါကြီးကြီးမားမားတစ်ခုဖြစ်နေတာမျိုးဆိုရင်တော့ ပြန်တက်နိုင်တယ်။

အဲ့အချိန်

ချယ့်ဆီပြန်လာကစားပါလို့ အားလုံးကိုယ်ပြောခဲ့တယ်နော်။

ပုံမှန်ဆိုရင်ပေါ့ပေါ့ပါးပါးထိန်းရုံပါဘဲလို့။

ကိုယ် clinte တွေအများကြီးတွေ့ဖူးတယ်။

အများစု စိတ်မရှည်ဘဲ results ချက်ခြင်းလိုချင်ကြတယ်။

ကျချင်တယ် လှချင်တာဘဲသိတယ်

အန္တရာယ်ကိုမသိကြဘူး။

Genetic ကိုလက်မခံနိုင်ဘူး။

ဒီတော့ ဒီ ကမ္ဘာထဲမှာ တစ်ဝဲလည်လည် တစ်သက်လုံးတိုက်ပါတ်နေရုံဘဲရှိတာပေါ့။

ကိုယ်ခု ပြ ထားတဲ့ before after ထဲမှာ အသက် 60 ဝန်းကျင်တစ်ယောက်ပါတယ်။

ပုံမှန်စားတယ် ပုံမှန်အတန်းဝင်တယ် အရင်ရှိခဲ့တဲ့ injury တွေသက်သာသွားတယ် ဖြစ်နေတဲ့ ရောဂါတစ်ချို့သက်သာလာတယ် သန်မာလာတယ်။

ကိုယ်ကလဲ ကိုယ့် clinte တွေကို ခုနောက်ပိုင်း body shape ဘယ်လိုပုံဖြစ်ချင်လဲမမေးဘူး။

ဘာ injury ရှိလဲ ဘာရောဂါရှိလဲ ဆရာဝန်တွေဘာညွှန်ကြားထားလဲ ဒါဘဲမေးပြီး

ကစားနေရင်း လိုက်နိုင်လာတဲ့အချိန်မှ body ပိုင်းကိုဆွေးနွေးဖြစ်တယ်။

စိတ်ရှည်သည်းခံ နည်းလမ်းမှန်

ကျန်းမာခြင်း ဆိုတာက လှပခြင်းထက် ဆုလဒ်ပိုကြီးပါတယ် ok 💪

မနေ့က မှ ရတဲ့ ရလဒ်လေး တွေ တင်ပေးလိုက်ပါတယ်

ကိုယ့် page လေးကို  boot တစ်ကြိမ်လားဘဲလုပ်ဖူးတယ်။10$ ဘဲကျန်တဲ့ review တွေကတော့ clinte တွေကိုယ်တိုင် ရလဒ် review တွေပေးထာ...
12/11/2024

ကိုယ့် page လေးကို boot တစ်ကြိမ်လားဘဲလုပ်ဖူးတယ်။
10$ ဘဲ
ကျန်တဲ့ review တွေကတော့ clinte တွေကိုယ်တိုင် ရလဒ် review တွေပေးထားတာပါ။

ဒီအကောင့်က friend တွေကို ထပ် share ထားပေးပါတယ် like & follow လေးလုပ်ပေးကြပါဦးရှင့်။

ခုကာလ အတွင်းမှာ ငြိမ်နေရင်း Body Spa ဆေးတွေကို ကိုယ်တိုင်ထပ် စပ်ပြီး upgrade လုပ်ထားတယ်။

ကိုယ်နှစ်သက်တဲ့ exe တွေကို ထပ်လေ့လာထားတယ်။

ကိုယ့်ကိုအပြင်မှာ မြင်ဖူးတဲ့သူတိုင်းပြောတဲ့စကားတစ်ခု ရှိတယ် အသားအရည် လှပြီး မျက်နှာကနေ ခြေထောက်ထိ ညီတယ်ဆိုတဲ့စကား နဲ့ စမြင်ကထဲက ဆယ်စုနှစ်ကျော်ထိ တစ်ခါမှ ပြောင်းလဲသွားတာမရှိဘူးဆိုတဲ့စကား။

အဲ့လိုဖြစ်အောင်အလကားတော့ရထားတာမဟုတ်ဘူးရှင့်။

အဲ့စကားက အပိုဟုတ်မဟုတ် မြင်ဖူးတဲ့သူတွေသိကြမှာပါနော်။

ကိုယ်အသားအရည်ကိုသဘောကျပြီး Spa လာလုပ်ကြတယ်။

နှစ်ချက်ကြောင့် ရလဒ် အပြည့်မရသွားတဲ့သူတွေရှိပါတယ်။

ပထမအချက်က ကိုယ်ဝန်ထမ်းတွေရဲ့ အားနည်းချက်
ဒါက ကိုယ့်အမှားလို့လဲပြောလို့ရတယ်။ လက်ရှိတော့လူနည်းစုဘဲ ကိုယ်တိုင်ကိုယ်ကျလုပ်ပေးပါတယ်။

နောက်တစ်ချက်က spa လုပ်ပြီးထိန်းသိမ်းရမယ့်အချက်ကိုမလိုက်နာတာ။

Lady spa က အသားအရေ ကိုအသေးစိတ် ဂရုစိုက်ပြီး လုပ်ပေးတဲ့ spa မျိုး formula တစ်ခု သရေသေတွက်တဲ့ spa မဟုတ်ဘူးနော်။

တစ်ကယ်ဂရုစိုက်ရင် 3ကြိမ်မှာ အသားအရည် လုံးဝ ပြောင်းလဲသွားတယ်။

အသားဖြူဆေးတွေ ထိုးသလို ခဏတာအတွက်မဟုတ်ဘူးရှင့်။

ဒီ treatment ကို ယူပြီး လိုက်နာရမယ်အချက်အလက်တွေတော့ အတိအကျလိုက်နာရတယ်။

အချက်အလက်တွေကလဲ ဝန်မပိုစေပါဘူး။

ကိုယ့် exe လဲအတူတူဘဲ ခု ကစားနေတဲ့ကလေးတွေသိကြမှာပါ။

ကိုယ်ကိုယ်တိုင် တာဝန်ယူထားတဲ့ clinte မှာ ဝိတ်ပြန်တက်ရိုး ထုံးစံမရှိဘူး။

ချွင်းချက်က ရောဂါကြီးကြီးမားမား မဖစ်သွားသ၍။

စိတ်တော့ရှည်ပေးရမယ်။

ကိုယ် လက်ရှိအလုပ်ကို အသက်လောက်ချစ်မြတ်နိုးတဲ့သူမျိုး

ငွေထက် ဝါသနာအရင်းခံထားတာမို့

နောက်ဆုံးပြောချင်တာက စိတ်ရှည်ရမယ် လိုက်နာရမယ်။

ကိုယ် ကို control လုပ်ပေးနေတဲ့ coach ကိုသေချာ
ကြည့်ပါ။

Coach ဖြစ်တဲ့ ကိုယ်ကိုတိုင် စိတ်ရှည်ရှည်နဲ့ ပြောင်းလဲယူလာတဲ့သူပါ။

ကိုယ်က ရောဂါသည် fatty ဘဝကနေ ခုအခြေအနေကို ဆန့်ကျင်ဘက်ပြောင်းလာတဲ့သူမို့ အဓိက ကိုယ့် နဲ့ join မယ်ဆိုရင်စိတ်ရှည်ရပါ့မယ်။ စည်းမျဉ်းစည်းကမ်းကိုသတွေမတိမ်း လိုက်နာရပါ့မယ်။

လူပေါင်း သိန်းနဲ့ သန်းနဲ့ ချီ ရှိတဲ့အထဲမှာ တစ်ယောက်ဘဲ ကိုယ့်ကို ပုံအပ် ကိုယ့်လက်နဲ့ ထိ အကောင်းဆုံးပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်တယ်။ အဲ့လိုနဲ့ လူပေါင်းများစွာ ဝိတ်ပြန်မတက်ကျန်းမာ သွားတဲ့ fan တွေအများကြီးရှိလာခဲ့တယ်။

ပေါ့ရွတ်ရွတ်နဲ့ တော့ ကိုယ်ဆီမလာပါနဲ့။ ကိုယ့်ပညာကို အလေးမထားရင် အဲ့လူကိုလဲ ကိုယ်အလေးထားမှာမဟုတ်ဘူးရှင့်။ အလုပ်မလုပ်ရလို့ထမင်းငတ်ရင်ငတ်သွားပါစေ professional လို့ခံယူထားသူမို့ ကိုယ့်ကိုအလေးမထားရင် လှည့်ကိုမကြည့်ဘူး။

နှစ်နဲ့ချီကြာရင်ကြာမယ်။

တစ်ခါဘဲအပင်ပန်းခံလိုက် တစ်သက်စာအတွက်။

Ok 💪

ကိုယ့် clinte တွေကို အမြဲချော့ပြောလိုက် ချိန်းချောက်လိုက် ဘာလို့ ဝတာ ချက်ခြင်းကျသွားတာကိုဂုဏ်ယူနေကြတာလဲဆိုတာနားမလည်ဘူး။က...
02/09/2024

ကိုယ့် clinte တွေကို အမြဲချော့ပြောလိုက် ချိန်းချောက်လိုက် ဘာလို့ ဝတာ ချက်ခြင်းကျသွားတာကိုဂုဏ်ယူနေကြတာလဲဆိုတာနားမလည်ဘူး။

ကိုယ့် ဆီမှာ clinte တစ်ယောက် ကစားတဲ့ နှစ်ပါတ်နဲ့ သုံးပါတ်မှာ သိသိသာသာကျသွားလို့ အရမ်းဝမ်းသာလိုက်တာချယ်ရယ်လို့ပြောရင်။

ကိုယ်အမြဲရှင်းပြတယ် that's not real...

တစ်ခါ တစ်ခါ fitness လောက ရဲ့လှည့်ဖျားမှူ တွေအများကြီးဘဲ။

ကိုယ်လုပ်စရာရှိတာ ပုံမှန်လုပ်သွား နိုင်သလောက် အချိန်ရသလောက် လုပ်မယ် တစ်ရက်ထက်တစ်ရက် metabolism က အစ အရာရာဖြည်းဖြည်းချင်းပြောင်းလဲလာမယ်။

ကျပြီး ပြန်တက်တာသိပ်နှေး သွားတဲ့အချိန် သက်လုံတွေ motivation တွေကအစ အသက်ဘယ်လောက်ကြီးလာလာ သွက်လပ်လာတဲ့အချိန်တွေ ကြမှ အော်ငါလမ်းမှန်ရောက်သွားပါပြီဆိုတာဟင်းချလို့ရတယ်။

အဲ့ကြောင့် ကိုယ့်ကိုကိုယ် ချစ်ရင် ကိုယ်လုပ်စရာရှိတာပုံမှန်မပျက်မကွက်လုပ်သွား ပိန်ခြင်း ဝခြင်း နဲ့ မတိုင်းတာနဲ့ သက်လုံ နဲ့ လှုပ်ရှားမှူ တွေ ကျန်းမာခြင်းတွေနဲ့ တိုင်းတာပါ။

ပိန်ခြင်း ဝခြင်းဆိုတာ က ပုံမှန်ကစားနေရင် အလိုလိုရပြီးသား ဆုလဒ်ဘဲ။

21/07/2024

အေး အဲ့လိုတွေဖစ်နေပြီ 🤧

Trainer တွေအားလုံးအလေးကို တိုးနိုင်သလောက်တိုးမလို့ပြောနေတဲ့အချိန်မှာ အလေးမ တော့ မ ရမယ်။Limited ရှိကိုရှိရမယ်ဆိုပြီး ကိုယ...
30/06/2024

Trainer တွေအားလုံးအလေးကို တိုးနိုင်သလောက်တိုးမလို့ပြောနေတဲ့အချိန်မှာ

အလေးမ တော့ မ ရမယ်။
Limited ရှိကိုရှိရမယ်ဆိုပြီး ကိုယ်အထပ်ထပ်ပြောခဲ့တယ်။

Protein အများကြီးစားဖို့လိုတယ် လို့ပြောတဲ့အချိန်မှာ။

ကျစ်လစ်ဖို့ protein တိုးစားရမယ့်အချိန်ရှိသလို လျှော့ပေးရမယ့်အချိန်ရှိတယ်။

ခွန်အားသုံးဖို့
kcal ကိုလဲ ပိုစားသင့်စားရမယ်လို့ ကိုယ်ပြောနေခဲ့တယ်။

Cardio exe တွေ ကိုလုပ်နေတာထက် အလေးသာတိုးမသင့်တယ်အော်နေတဲ့အချိန်မှာ။

Cardio ကိုပုံစံတစ်ခုပြောင်းပြီး သက်လုံအတွက် ထည့်ကိုကစားသင့်တယ်လို့ ကိုယ်ပြောနေမိတယ်။

ကိုယ် weight မ တယ် တစ်ကယ် limited ဘဲ။

တစ်ပါတ် နှစ်ရက် weight ချိန် limited ဘဲ။

ကျန်အချိန် ပုံမှန်
yoga
gynestic
movement ကို သွက်သွက်လက်လက်နဲ့ လှုပ်ရှားမှူတိုင်းစနှစ်ကျအောင် ကျင့်ယူနေတယ်။

ဝိတ်ချ ဖို့ဆိုတာက ခေါင်းစဉ်မဟုတ်တော့ဘူး။

တင်ကြီးဖို့ ရင်ကြီးဖို့ ခါးသေးဖို့ ဆိုတာ အရေးကြီးတဲ့အရာမဟုတ်တော့ဘူး။

ဒါတွေက
exe ပုံမှန်လုပ်နေတဲ့သူအတွက်အချိန်တန် ရလာမယ့်ဆုလဒ်ဘဲ။

တစ်ကယ် သွားနေတဲ့လမ်းကြောင်းက indury ကင်းကင်းနဲ့ ကျန်းမာ လှပဖို့ဘဲ။

ကျလာပြီ ဝိတ်ကျလာပြီဆိုတဲ့ နောက်ကွယ်မှာ ဇရာကို မင်းတွန်းလှန်နေရတယ်။
မင်း နုပျိုဖို့အတွက် ဘယ်လောက်ကုန်ကျခံထားရပြီးလဲမင်းအသိဆုံးဘဲ။

ဇရာ ကို အံတုလို့မရတာတော့သေချာပေမယ့် နည်းစနှစ်မှန်ရင် တတ်နိုင်သလောက် ဆွဲဆန့်လို့ရတယ်ဆိုတာဘဲ။

အဲ့ဒါကို မင်း အသက်အရွယ်တစ်ခုရလာရင်ပိုသိလာလိမ့်မယ်။

မင်းအိုမင်းလာတဲ့အချိန် အတွက်ပြင်ဆင်ထားရမှာတွေရှိတာ မမေ့ပါနဲ့ ☺️

19/06/2024

မိုး June ၂၄မှာစမယ့် မွေးလအတွက် ၁၀၀၀၀ ဘဲယူထားတဲ့ ပညာဒါန တစ်လသင်တန်းလေး သဘက်ခါစာရင်းပိတ်တော့မယ်နော်
တက်ချင်တဲ့သူတွေအတွက်ပြန်တင်ပေးလိုက်ပါတယ်
မတွေ့လို့ မတက်ဖြစ်လိုက်ဘူးပြောကြမှာစိုးလို့ပါရှင်☺️

Address

Yangon
MOBILE-09977754939

Opening Hours

Tuesday 08:00 - 10:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959977754939

Website

Alerts

Be the first to know and let us send you an email when LADY GYM & SPA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram