Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး

  • Home
  • Myanmar
  • Yangon
  • Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး

Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး Let’s talk real woman’s health/from periods to pregnancy, menopause and everything in between

မိန်းမကိုယ်တွင်းက ရောဂါပိုးကိုရှာဖွေဖို့ အရိုးရှင်းဆုံးနည်းလမ်း - ကိုယ်တိုင် privacy ရှိရှိ ပြုလုပ်နိုင်မယ် 💁‍♀️-တစ်မိနစ...
20/07/2025

မိန်းမကိုယ်တွင်းက ရောဂါပိုးကိုရှာဖွေဖို့ အရိုးရှင်းဆုံးနည်းလမ်း
- ကိုယ်တိုင် privacy ရှိရှိ ပြုလုပ်နိုင်မယ် 💁‍♀️
-တစ်မိနစ်အောက်ဘဲကြာမယ်⏰

High vaginal swab (HVS) က ဘက်တီးရီးယား vaginosis, thrush, သို့မဟုတ် sexly transmitted infections (STIs) စတဲ့ မိန်းမကိုယ်အတွင်း ရောဂါပိုးများကို ရှာဖွေဖို့ လျင်မြန်ရိုးရှင်းတဲ့ စမ်းသပ်မှုတစ်ခုပါ

😱တော်တော်များများ မသိကြသည့်အချက်က
ဆရာဝန် သို့မဟုတ် သူနာပြုဆရာမ မလိုအပ်ဘဲဆေးခန်းတစ်ခုက အခန်းထဲ သို့ အိမ်သာမှာ ကိုယ့်ဘာသာ စစ်ဆေးနိုင်ပါတယ်

🤷‍♀️🙋‍♀️Self-taken HVS ဆိုတာဘာလဲ??? ဘယ်လိုလုပ်ရမှာလဲ???

နားကြပ်တံ အကြီးစားလေးလို ပါဘဲပျော့ပျောင်းသော ဂွမ်းထိပ်ကို မိန်းမကိုယ်အလယ်နားလောက်ရောက်တဲ့ထိညင်သာစွာထည့် စက္ကန့်အနည်းငယ်ကြာ လှည့်ပတ်ပေးပြီး ပေးထားသည့် ပြွန်ဘူးထဲပြန်ထည့်ပြီး nurse သို့ ဆရာဝန်သို့ အဲ့ဘူးလေးပြန်ပေးရပါမယ်
အဲ့တုတ်ချောင်းလေးမှာ တွယ်ကပ်ပါလာမယ့် ပိုးတွေကို ဓာတ်ခွဲခန်းမှာဘဲ စစ်ဆေးပေးမှာဖြစ်ပါတယ်

☺️🤦‍♀️ရှက်တတ်သော အမျိုသမီးတို့ အတွက်
မနာကျင်ဘဲ တစ်မိနစ်အောက်သာ ကြာပြီး ကိုယ်တိုင်ဘဲ လုပ်ရမှာ ဖြစ်ပါတယ်

ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း၊ ယားယံခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းကဲ့သို့သော လက္ခဏာများခံစားရပါက ဒီစစ်ဆေးမှုလေးကအရေးကြီးတဲ့အဖြေကို ပေးနိုင်ပါတယ်နော်

Yours
Dr Thiri 🇬🇧

☺️မိန်းမကိုယ်တွင်းက အရည်ဆင်းလာရင် ပုံမှန် အမျိုးသမီးတို့ က ရှက်စရာ ရွံစရာ လို့ထင်ကြပါတယ်☺️တကယ်တော့ မိန်းမကိုယ်မှ အရည်ဆင်...
17/07/2025

☺️မိန်းမကိုယ်တွင်းက အရည်ဆင်းလာရင် ပုံမှန် အမျိုးသမီးတို့ က ရှက်စရာ ရွံစရာ လို့ထင်ကြပါတယ်☺️

တကယ်တော့ မိန်းမကိုယ်မှ အရည်ဆင်းခြင်းက
အမျိုးသမီးတစ်ယောက် မျိုးပွားစနစ်ရဲ့
မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ 👍

✅ဆဲလ်ဟောင်းများကို ဖယ်ရှားပေးခြင်း၊
✅အစိုဓာတ်ထိန်းပေးခြင်းနှင့်
✅ရောဂါပိုးမွှားများကို ကာကွယ်ပေးခြင်းဖြင့် မိန်းမကိုယ်ကို သန့်ရှင်းစေပါတယ် 🫧

🤔🙇‍♀️ဒါပေမယ့် အရောင် သို့မဟုတ် အနံ့ပြောင်းလာရင်တော့ တစ်ခါတစ်ရံမှာ ပြဿနာတစ်ခုခုဖြစ်နေပြီလို့ ဆိုလိုပါတယ်



🧬 🩸 ဘာကို ပုံမှန်လို့ သတ်မှတ်သလဲ??

• အရောင်- ကြည်လင်၊ အဖြူရောင်
• အရည်ကျဲကျဲ သို့ စေးကပ်ကပ်ဖြစ်တတ်တယ်
• အနံ့ : အနံ့ ပျော့ ပျော့ရှိတတ်ပါတယ်
• ရာသီစက်ဝန်းတစ်လျှောက်လုံး ပမာဏနှင့် အသွင်အပြင် ပြောင်းလဲနိုင်သည်။
• ဥပမာ- မျိုးဥထွက်ချိန်တစ်ဝိုက်
• လိင်စိတ်ထကြွခြင်း
• ကိုယ်ဝန်ဆောင်စဥ်
• ဟော်မုန်းပဋိသန္ဓေတားဆေးအသုံးပြုခြင်း (တားဆေးပြား၊ IUD)



⚠️ Vaginal discharge က ဘယ်အချိန်မှာ ပုံမှန်မဟုတ်တာလဲ??

‼️အောက်ကအချက်တွေ သတိပြုမိပါက 👩‍⚕️ဆရာဝန်နှင့် ပြသပါ။‼️

• အဝါရောင်၊ အစိမ်း သို့မဟုတ် မီးခိုးရောင်
• ထူပိတ်ပျစ်ပျစ်ခဲခဲဒိန်ခဲကဲ့သို့ အရည်ထွက်ခြင်း
• ငါးနံ့ သို့မဟုတ် အနံ့ဆိုးထွက်ခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ နာခြင်း
• ရာသီလာချိန် သို့မဟုတ် လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း

Yours
Dr Thiri 👩‍⚕️🇬🇧

🚨သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ 🚨ကို လိုတိုရှင်းလေးပြောပြမယ် • ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်း (လိင်ဆက်ဆံပြီး...
22/06/2025

🚨သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ 🚨ကို
လိုတိုရှင်းလေးပြောပြမယ်

• ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်း (လိင်ဆက်ဆံပြီးနောက်၊ ရာသီလာချိန် သို့မဟုတ် သွေးဆုံးပြီးနောက်)၊

• တင်ပါးဆုံတွင်း သို့မဟုတ် ခါးနာခြင်း

• လိင်ဆက်ဆံစဉ် သို့မဟုတ် ပြီးနောက် နာကျင်မှု

• ပုံမှန်ထက် ပိုများပြီးပိုကြာသော ရာသီလာခြင်း

• မိန်းမကိုယ်မှ အနံ့နံသောအရည်များထွက်ခြင်း ပန်းရောင် သို့မဟုတ် သွေးထွက်ခြင်း

• ခြေထောက်ရောင်ရမ်းခြင်း

• အကြောင်းပြချက်မရှိကိုယ်အလေးချိန်ကျခြင်း
(သို့)ပင်ပန်းနွမ်းနယ်ခြင်း

ဟိုတစ်လောက video လေးနဲ့
1️⃣ဘယ်လိုလူတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်လဲ
2️⃣ဘယ်လို ပုံမှန် စစ်ဆေးရမလဲ
3️⃣ဘယ်လို ကာကွယ်ဆေး ထိုးရမလဲ ဆိုတာတွေကို ပြောပြထားပြီးပြီနော်

မကြည့်ရသေးရင် page မှာ video လေးတွေ
ရှာကြည့်ပေးနော် 😉

Yours
Dr Thiri🇬🇧

🧬 သုတ်ပိုး အားနည်းနေသလား ??? ကလေးမရဖြစ်နေပြီလား??If you’re trying for a baby and nothing’s happening… it might not just ...
20/06/2025

🧬 သုတ်ပိုး အားနည်းနေသလား ??? ကလေးမရဖြစ်နေပြီလား??

If you’re trying for a baby and nothing’s happening… it might not just be her.

🧪 ရောဂါရှာဖွေခြင်း

☝️သုတ်ရည်ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်းက ပထမအဆင့်ပါ
☝️သုက်ပိုးအရေအတွက်၊ ပုံသဏ္ဍာန်နှင့် လှုပ်ရှားမှုတို့ကို စစ်ဆေးရပါမယ်

လိုအပ်ပါက သွေးစစ်ခြင်းနှင့် အာထရာဆောင်း စစ်ဆေးခြင်းများ ပြုလုပ်ရမယ်

-------------------------//////--------------
🏊‍♂️သုတ်ပိုးလှုပ်ရှားမှုနည်းခြင်း = သုတ်ပိုးကောင်လေးက ရေကောင်းကောင်းမကူးနိုင်ပါ
ဆိုလိုတာက အမျိုးသမီးသားဥလေးဆီကို မရောက်နိုင်တဲ့ ပြဿနာပါ။

🚫 အဖြစ်များသော အကြောင်းရင်းများ
မွေးရာပါ ပြသာနာများ
hormone မညီမျှခြင်း

• ဆေးလိပ်နှင့် အရက်

• အပူလွန်ကဲခြင်း (ရေပူကန်များခနခန စိမ်ခြင်းကျပ်တဲ့ဘောင်းဘီ ဝတ်တာlaptop ကိုပေါင်ပေါ်တင် အချိန်ကြာအလုပ်လုပ်ခြင်း)

• စိတ်ဖိစီးမှု
စားသောက်မှုပုံစံ ဖြစ်သလိုစားခြင်း အာဟာရမမျှတခြင်း

• လိင်မှတစ်ဆင့် ကူးစက်ရောဂါများရှိခြင်း
ပိုးဝင်ခြင်း
varicocele-သွေးကြောထုံးများ ကပ်ပယ်အိတ်တွင်ပြည့်နေခြင်း

✅ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတော့

• ဆေးလိပ်ဖြတ်ပါ။

• ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ (ဇင့်၊ အိုမီဂါ-၃၊ vitamins C,ae Folic acid သောက်ပါ)

• လေ့ကျင့်ခန်းလုပ်ပြီး ကောင်းကောင်းအိပ်ပါ။

• "ကိုယ့် ဝှေးစေ့ လေးကို 🧊 အေးအေးလေးဖြစ်အောင်နေပါ။

Hormone မညီမျှတာတွေဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီ လိုအပ်တဲ့ ဆေးကုသမှုခံယူရမယ်နော်

🕒 သုတ်ကောင်ကျန်းမာရေးပြန်ကောင်းမွန်ဖို့က
2-3 လကြာနိုင်ပါတယ်

သုတ်ကောင်စစ်ဆေးပါ ပြီးတာနဲ့
အပေါ်ကပြောထားသလို နေထိုင် စားသောက်ပါ

Yours
Dr Thiri 🇬🇧

16/06/2025

🤔Ecee 2 Ecee 2နဲ့ လူငယ်တွေကြားအသိများတဲ့ အရေးပေါ်တားဆေး ဆိုတာဘာလဲ???

🙄မိန်းကလေးများ ရည်းစားက တိုက်လို့ သောက်လိုက်ရတယ် ဘာဆေးလဲမသိဘူးဆိုတာတွေ မဖြစ်စေဖို့ ဒီ video ကို အဆုံးထိကြည့်ပါ သေချာနားထောင်ပါနော် 😤

‼️နေ့စဥ်သောက်ရမယ့်ဆေးမဟုတ်ဘူးနော်

Video လေးထဲမှာ ဒီတားဆေးနဲ့ ပက်သတ်တဲ့ သတိထားရမယ့် အရာတွေ ရှင်းပြထားပါတယ်

လူငယ်တွေ တစ်လွှဲတွေ မမှားစေဖို့ မလိုလားအပ်တဲ့ ပြသာနာများ မဖြစ်စေဖို့ စေတနာနဲ့ ရည်ရွယ်ထားတဲ့ video လေးပါ

Yours
Dr Thiri🇬🇧

😱PCOS ဆိုတာဘာလဲ😱Polycystic O***y Syndrome (PCOS) ဆိုတာအမျိုးသမီးတစ်ဦးမှာ hormone တွေ မညီမျှဘဲသားဥအိမ်အလုပ်လုပ်ပုံပြသနာတွ...
15/06/2025

😱PCOS ဆိုတာဘာလဲ😱

Polycystic O***y Syndrome (PCOS) ဆိုတာအမျိုးသမီးတစ်ဦးမှာ hormone တွေ မညီမျှဘဲ
သားဥအိမ်အလုပ်လုပ်ပုံပြသနာတွေ ရှိလာတဲ့ ရောဂါအခြေအနေတစ်ခုပါ

⚠️PCOS ရှိတဲ့ အမျိုးသမီးလေးတွေမှာ
ပုံမှန်ရာသီမလာခြင်း
ကျားဟော်မုန်း (အန်ဒရိုဂျင်) မြင့်မားပြီး
Ultrasound မှာ သားဥအိမ်မှာ အလုံးငယ်များ ရှိနေနိုင်ပါတယ်

‼️အဖြစ်များသော လက္ခဏတွေကတော့
💔ရာသီမမှန်ခြင်း
💔မျက်နှာ/ခန္ဓာကိုယ် အမွှေးအမျှင်များများလာခြင်း
💔ဝက်ခြံ သို့မဟုတ် အဆီပြန်သောအသားအရေ
💔ကိုယ်အလေးချိန်တိုးခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျရန် ခက်ခဲခြင်း။
💔ဆံပင်ပါးခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း။
💔 ကလေးရရန် ခက်ခဲခြင်း

"PCOS ပိုကောင်းအောင် ဘာက ကူညီပေးလဲ"

🥗 အာဟာရမျှတသော အစားအစာများ

🚶‍♀️ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေလုပ်ပါပြစ်ဒဏ်ပေးသလို အလွန်အကြူးတွေ လုပ်စရာ မလိုဘူးနော်

💊 metformin၊ spironolactone သို့မဟုတ် contraceptive pills(ဆရာဝန်နဲ့ တိုင်ပင်ပြီး မှသာ သောက်သုံးပါ)

🧘‍♀️ အိပ်စက်ခြင်း + စိတ်ဖိစီးမှုကိုလျှော့ချပါ

ကိုယ်အလေးချိန် (၅-၁၀%) ကျအောင်ကြိုးစားနိုင်ရင် ရာသီချိန်ပုံမှန်ပြန်ဖြစ်ပြီး ရောဂါလက္ခဏာများကို လျှော့ချနိုင်ပါတယ်

You deserve a plan that works for your body, not against it.




Yours
Dr Thiri🇬🇧

11/06/2025

🌸 မျိုးမပွားနိုင်ခြင်း 🌸 အကြောင်းပြောကြရအောင်

ကမ္ဘာတစ်ဝှမ်းမှာ စုံတွဲ 6 တွဲတွင် 1 တွဲကတော့
ဒီပြသနာ ရှိနေတတ်ပါတယ်

လူတွေကြား ပွင့်ပွင့်လင်းလင်းပြောဖို့ အကူအညီတောင်းဖို့ ခက်ခဲတဲ့ အရာဖြစ်နေသလို အဆုံးမရှိသော မေးခွန်းများဖြင့် ပြည့်နှက်နေတဲ့ စိတ်ပင်ပန်းရတဲ့ ဘဝခရီးတစ်ခု ဖြစ်ပါတယ်

မျိုးမပွားနိုင်ခြင်းလို့ပြောလိုက်ရင် ဘယ်တော့မှကလေးမရနိုင်ဟု အမြဲတမ်းမဆိုလိုပါ

ကိုယ်ဝန်ရရန် အချိန်၊ ပံ့ပိုးမှု၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာအကူအညီများ ပိုလိုအပ်နိုင်နေတာလေးတစ်ခုပါ

❓❓🙋‍♀️🙋ငါတို့ ဘာလို့ကလေးမရတာလဲ❓❓

-မျိုးဥထွက်ခြင်းဆိုင်ရာပြဿနာများ
- သုတ်ပိုးပြဿနာများ
- သားအိမ်ပြွန်ပိတ်ဆို့ခြင်း
-endometriosis သို့မဟုတ် fibroids
-တစ်ခါတစ်လေ အကြောင်းပြချက်မရှိ

😔ကလေးမရနိုင် မျိုးမပွားနိုင်ခြင်းသည် စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်ခြင်းကို ဖြစ်စေပါတယ် ☹️
လူ့အသိုင်းအဝိုင်းမှာ ကလေးမရရင် အရင်ဆုံး ထို 🤦‍♀️
အမျိုသမီးလေးကို အပြစ်ဝိုင်းတင်ကြပါတယ်

သင်တို့ မမေ့ထားဖို့က 🤦‍♂️အမျိုးသားတွေကြောင့်ဖြစ်တာသည် percentage တူတူဘဲဆိုတာပါဘဲ
(By global factors 📊 Who Contributes More to Infertility — Men or Women?)

According to global studies, infertility causes are roughly divided as follows

🔍 Infertility Causes by Percentage
• 👩 Female factors: 35%
(e.g., ovulation issues, blocked tubes, endometriosis)
• 👨 Male factors: 35%
(e.g., low s***m count, motility issues, varicocele)
• 👩‍❤️‍👨 Combined male and female factors: 20%
• ❓ Unexplained infertility: 10%
ကလေးမရရင် သူ့အပြစ်ကိုယ့်အပြစ် လက်ညိုးတွေ မထိုးဘဲ လင်မယား ၂ယောက်လုံး စစ်ဆေးဖို့ လိုပါတယ်

👩‍⚕️ ဘယ်အချိန်မှာ အကူအညီရှာရမလဲ။

• သင် 35 နှစ်အောက်ဖြစ်ပြီး ကလေးရဖို့ ကြိုးစားပြီး 1 နှစ်အကြာတွင် ကိုယ်ဝန်မဆောင်ပါက၊
• သင် 35 ကျော်ပါက 6 လကြာကြိုးစားပြီးနောက်
• ရာသီလာချိန်မမှန်ခြင်း သို့မဟုတ် PCOS ကဲ့သို့သော ကျန်းမာရေးပြဿနာများရှိရင်

(🫣Q:ဘယ်လို ကြိုးစားရမလဲ??
A:🤭တစ်ပတ်ကို အနည်းဆုံး၂/၃ကြိမ် ပုံမှန်အကာအကွယ်မပါ အတူနေပါ)

No matter where you are on your fertility journey, you are not alone. Be kind to yourself and others—you never know what silent battles people are fighting.

💬 တစ်ယောက်ကိုတစ်ယောက် အားပေးပြီး စကားဝိုင်းကို ဆက်ကြပါစို့။ ❤️

Yours
Dr Thiri🇬🇧

Let’s talk real woman’s health/from periods to pregnancy, menopause and everything in between

🌸 Dysmenorrhea (ရာသီမလာခင်နာကျင်ကိုက်ခဲသော ကာလများ) Dysmenorrhea က ဆယ်ကျော်သက်နှင့် reproductive ageတွင် သက်ရောက်မှုရှိသ...
10/06/2025

🌸 Dysmenorrhea (ရာသီမလာခင်နာကျင်ကိုက်ခဲသော ကာလများ)

Dysmenorrhea က ဆယ်ကျော်သက်နှင့် reproductive ageတွင် သက်ရောက်မှုရှိသည်။

အဓိက အမျိုးအစား နှစ်မျိုးရှိသည်။

🔹 Primary Dysmenorrhea
ရာသီစလာခါစ အမျိုးသမီးငယ်များတွင် အဖြစ်များပြီး မည်သည့်ရောဂါကြောင့်မျှ အကြောင်းပြချက်ကြောင့်မှမဟုတ်ပါ

သားအိမ်ကျုံ့စေတတ်တဲ့ prostaglandin တွေ ကိုယ်ခန္ဓာထဲ မှာ မြင့်မားနေတာကြောင့်ပါ
များသောအားဖြင့် ဓမ္မတာမလာမီ သို့မဟုတ် ပထမရက်အနည်းငယ်အတွင်း ဖြစ်စေပါတယ်

🔹 Secondary Dysmenorrhea

Underlying conditions တစ်ခုခု
• Endometriosis
• Fibroids
• Adenomyosis
• Pelvic infections လို ရှိနေတတ်တာကြောင့် ရာသီမလာခင်နာကျင်တတ်ပါတယ်

အပေါ်ကအကြောင်းရင်းတွေကြောင့်ဖြစ်တဲ့ ရာသီမလာခင်အလွန်နာကျင်ကိုက်ခဲခြင်းတွေကတော့အသက်ပိုကြီးတဲ့အချိန်မှ စတင်လေ့ရှိပြီး ရာသီလာတာ amount များတာ လိင်ဆက်ဆံစဉ် နာကျင်ခြင်း သို့မဟုတ် ကိုယ်ဝန်ရရန် ခက်ခဲခြင်းတို့နှင့် ဆက်စပ်နေနိုင်ပါတယ်



💡 How do we manage dysmenorrhea??

✅ အကိုက်အခဲပျောက်ဆေး (NSAIDs) – ibuprofen သို့မဟုတ် mefenamic acid

✅ ဟော်မုန်း ပဋိသန္ဓေတားဆေး - ဆေးများ၊ ထိုးဆေးများ၊IUD -ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကိုက်ညီသော အမျိုးအစားကို သောက်သုံးပါ

✅ အပူကုထုံး - နာကျင်တဲ့အချိန်မှာ ရေနွေးအိတ်လေးကပ်ပေးပါ

✅ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ
စိတ်ဖိစီးမှုကို လျှော့နိုင်အောင်ကြိုးစားတာတွေက ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။

ရာသီလာစဉ် နာကျင်မှုသည် အလုပ်အကိုင် ကျောင်းတက်ရက် ပျက်ကွက်တဲ့အထိ ပြင်းထန်တာ
သို့မဟုတ် ပုံမှန်ကုသမှုများဖြင့် မသက်သာပါက
ကိုယ့်မှာ အပေါ်မှာ ပြောပြထားတဲ့ သားအိမ်အလုံးတွေများရှိနေသလားဆိုတာ
သိရှိရန် ဆရာဝန်ထံ သွားရောက်စစ်ဆေးဖို့ အရေးကြီးပါတယ်



Yours
Dr Thiri🇬🇧 💗

ရာသီလာခါနီးတိုင်းအမြဲခေါင်းကိုက်တတ်ကြလားဟင်??? ကိုယ့်ဘာသာ သတိထားမိကြလား??Menstrual migraine လို့ခေါ်တဲ့ မီးယပ်ခေါင်းတစ်ခ...
08/06/2025

ရာသီလာခါနီးတိုင်းအမြဲခေါင်းကိုက်တတ်ကြလားဟင်??? ကိုယ့်ဘာသာ သတိထားမိကြလား??

Menstrual migraine လို့ခေါ်တဲ့ မီးယပ်ခေါင်းတစ်ခြမ်းကိုက်ခြင်းအကြောင်းလေး အတိုချုပ်လေးပြောပြပေးချင်ပါတယ်

1. 🧠 ရာသီမလာခင်မှာ Estrogen ကျဆင်းမှုကြောင့် Menstrual migraine ဖြစ်တတ်ပါတယ်။

2. 📆 ပုံမှန်အားဖြင့် ဓမ္မတာစပြီး 2 ရက်မှ 3 ရက်အတွင်း ဖြစ်တတ်တယ်

3. ❗️ရောဂါလက္ခဏာတွေက ပုံမှန်ခေါင်းတစ်ခြမ်းကိုက်တာထက် ပိုပြင်းထန်ပြီး ကြာရှည်တတ်တယ်

4. 🚫 ပုံမှန် migraine နှင့် မတူဘဲ ရာသီလာစဉ် ခေါင်းတစ်ခြမ်းကိုက်တာက များသောအားဖြင့် aura မပါဝင်ပါ။

5. 💊 NSAIDs (ဥပမာ ibuprofen)၊ triptans နှင့် အအန်ပျောက်ဆေးတစ်ချိ့ကလဲ သက်သာစေပါတယ်

6. 🔁 naproxen သို့မဟုတ် triptans လိုဆေးတွေကို ရာသီမပေါ်မီ ရက်အနည်းငယ်အလိုတွင် ကြိုပြိး သောက်ထားပြိး ခေါင်းကိုက်တာ ကာကွယ်နိင်ပါတယ်

7. 🌸 Magnesium supplements တွေကလဲ တစ်ဖက်တစ်လမ်းကနေ သက်သာစေပါတယ်

8. 🧘‍♀️ စိတ်ဖိစီးတာ stress များတာ
အိပ်ရေးမဝါ အစာမစားဘဲ နေတာနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့က ပိုဆိုးစေနိုင်ပါတယ်။

👩‍⚕️ ခေါင်းတစ်ခြမ်းကိုက်ခြင်း မကြာခဏဖြစ်လာပါ
ပြီးမသက်သာပါက ဆရာဝန်နှင့် သေချာပြသဖို့လိုအပ်ပါမယ်ရှင်

Yours
Dr Thiri🇬🇧

ကဲ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အမျိုးအစားလေးတွေနဲ့ သူရဲ့ အာနိသင် ဘယ်ရောဂါပိုးတွေ ကာကွယ်နိုင်မယ်ဆိုတာကို ဇယားလေးနဲ့ ယှည်က...
07/06/2025

ကဲ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
အမျိုးအစားလေးတွေနဲ့ သူရဲ့ အာနိသင်
ဘယ်ရောဂါပိုးတွေ ကာကွယ်နိုင်မယ်ဆိုတာကို
ဇယားလေးနဲ့ ယှည်ကြည့်ပြီး ဗဟုသုတလေးတွေ
တိုးပွါးရင်း ကိုယ်ကိုယ်တိုင်ရော ကိုယ့်ညီမ ကိုယ့်တူမ ကိုယ့်သမီးလေးတွေ ကိုလဲ ကာကွယ်ဆေး ထိုးပေးဖို့ မမေ့ပါနဲ့နော်

Yours
Dr Thiri🇬🇧

💉HPV ကာကွယ်ဆေး – ဘယ်သူထိုးသင့်သလဲ၊ ဘာကြောင့် အရေးကြီးလဲ❓❓📌 ကာကွယ်ဆေး ဘယ်သူထိုးသင့်လဲ။ • 👧အသက် 9 နှစ်မှ 14 နှစ်ကြား မိန်း...
04/06/2025

💉HPV ကာကွယ်ဆေး – ဘယ်သူထိုးသင့်သလဲ၊ ဘာကြောင့် အရေးကြီးလဲ❓❓

📌 ကာကွယ်ဆေး ဘယ်သူထိုးသင့်လဲ။
• 👧အသက် 9 နှစ်မှ 14 နှစ်ကြား မိန်းကလေးများ (HPV ပိုးနှင့်မထိတွေ့ရသေးသောသူများ)
• ယခင်က ကာကွယ်ဆေးမထိုးရသေးသော အသက် 15 နှစ်နှင့်အထက် အမျိုးသမီးများ

• 👦 အချို့သောနိုင်ငံတွေနဲ့ Uk 🇬🇧 လိုနိုင်ငံတွေမှာတေ့ HPV ပျံ့နှံ့မှုကိုကာကွယ်ရန်နှင့် အချို့သောကင်ဆာများကိုကာကွယ်ရန် ယောက်ျားလေးများကိုပါ ဒီကာကွယ်ဆေးထိုးပေးနေပါပြီ

🗒️HPVပိုး နှင့် မထိတွေ့ရသေးသူ (လိင်ဆက်ဆံမှုမပြုမီ) တွင် ကာကွယ်ဆေး ထိုးနိုင်ပါ ကအကျိုးအမြတ်အများဆုံးရနိင်ပါတယ်

✅ HPV Vaccine ၏ အကျိုးကျေးဇူးများ
• သားအိမ်ခေါင်းကင်ဆာ (CA cervix) ကို ပြင်းထန်စွာ အကာအကွယ်ပေးခြင်း

✅အခြားသော HPVပိုး ဆက်စပ်ကင်ဆာများ
(ဥပမာ- မိန်းမကိုယ်၊ အင်္ဂါစပ်၊ စအို၊ နှင့် အချို့သော ဦးခေါင်းနှင့်လည်ပင်းကင်ဆာများ) ကို ကာကွယ်ပေးသည်။

❕• ဘေးထွက်ဆိုးကျိုး အလွန်နည်း ဘေးကင်းပြီး ထိရောက်မှုရှိပါတယ်

📣 ‼️အရေးကြီးတာကတော့ ကာကွယ်ဆေးထိုးပြီးသည့်တိုင် အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် ပုံမှန်သားအိမ်ခေါင်းစစ်ဆေးမှု (Pap smear)
စစ်ဖို့ လိုအပ်ပါတယ်နော်‼️

——— ———— ————————————————

📊ဘယ်လိုထိုးရမယ် ဘယ်အသက်အရွယ်မှာ ထိုးရမလဲ ကြည့်ရအောင်

(နောက်ဆုံးပေါ် HPV ပိုး ၉မျိုးကာကွယ်သော ကာကွယ်ဆေး အတွက်သာ ရည်ရွယ်ပြီး ရေးထားပေးပါတယ်)
England မှာ တော့ Gardasil 9 သာ အသုံးပြု တော့ပါတယ်….
❌အရင်ကပေါ်ခဲ့သော ပိုး၂မျိုးသာ ကာကွယ်နိုင်မယ့်cervarix vaccine and ၄မျိုးကာကွယ်နိုင်တဲ့gardasil4 ကို UKမှာ လုံးဝ အသုံးမပြုတော့ပါ❌

🇬🇧1 စက်တင်ဘာ 2023 မှစတင်၍ England နိုင်ငံမှာ
👧 • အသက် 12-13 နှစ်ဆယ်ကျော်သက် (ယောက်ျားလေးနှင့် မိန်းကလေးများ) သည် Gardasil 9 ကို တစ်ကြိမ်သာ ထိုးစရာလိုပါတယ်

🎂• ကျောင်းတွင် ကာကွယ်ဆေးထိုးရန် ပျက်ကွက်ပါက 25 နှစ်မြောက်မွေးနေ့အထိ တစ်ကြိမ်ထိုးရုံနှင့်လုံလောက်ပါတယ်

👨‍❤️‍👨• လိင်တူချစ်ကြိုက်သော အမျိုးသားများ(MSM)
• အသက် 25 နှစ်အောက် -တစ်ကြိမ်။
• အသက် 25 မှ 45 နှစ်ကြား -2 ကြိမ်၊ 6 လခြားပြီး ထိုးရန်လိုပါတယ်

🤢 🛌😷• Immunocompromised ပုဂ္ဂိုလ်များ-
• Gardasil 9 ကို 12 လတာကာလအတွင်း ၃ကြိမ်ထိုးရန်လိုအပ်ပါတယ်

📣အားလုံးဘဲ ကာကွယ်ဆေး ထိုးကြရမယ်နော် 📣



Yours
Dr Thiri🇬🇧

03/06/2025

သားဥအိမ်ကင်ဆာက ဆိုးရွားလွန်းတဲ့ အဆင့်မရောက်
ခင်အထိ သေချာသော ရောဂါလက္ခဏာ မပြတတ်ပါဘူး
သူပြသတတ်တဲ့ ပုံစံဟာလဲ တစ်ခြား ရောဂါတွေနဲ့ ပုံစံတူနေတတ်လို့ သတိမမူဘဲ မေ့မေ့ပျောက်ပျောက်နေကြရင်းက ဆိုးရွားတဲ့ နောက်ဆုံး အဆင့်အထိ ရောက်သွားနိုင်တာဘဲ ဖြစ်ပါတယ်

သံသရရှိဖွယ်ကောင်းသော လက္ခဏာများ ကိုစောင့်ကြည့် စစ်ဆေးရန် လိုအပ်ပါတယ်

🚨 သားဥအိမ်ကင်ဆာ(Ovarian Cancer)ဖြစ်နိုင်တဲ့ သတိထားစရာ အခြေအနေများ:
1. ပုံမှန်မဟုတ်တဲ့ ဗိုက်ပူဖောင်းလာခြင်း
2. ဗိုက်အောက်ပိုင်း (သို့)ခါးအောက်ပိုင်းအောင့်ခြင်း
3. အစာနည်းနည်းစားပြီးတာနဲ့ ရင်ပြည့်သလိုခံစားရခြင်း
4. အစာစားချင်စိတ် မရှိတော့ခြင်း
5. မကြာခဏ ဆီးသွားချင်ခြင်း



⚠️ အခြားဖြစ်နိုင်သော လက္ခဏာများ:
• အလွန် ပင်ပန်းနွမ်းနယ်ခြင်း
• အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
• ခန္ဓာကိုယ်အလေးချိန် များစွာလျော့နည်းခြင်း
• ခါးနာခြင်း
• လိင်ဆက်ဆံစဉ်အတွင်း နာကျင်ခြင်း
• သွေးဆုံးပြီးမှ မူမမှန်သွေးပြန်ဆင်းခြင်း



🕒 သတိထားရမည့် အချိန်:

အထက်ပါလက္ခဏာတွေက
• တစ်လမှာ ၁၂ ခါကျော် ဖြစ်လာခြင်း
• ၂ ပတ်လောက် ဆက်တိုက် ဖြစ်နေခြင်း
• အပေါ်မှ ဖော်ပြထားသော လက္ခဏာအသစ်များ ဖြစ်လာခြင်း

ဆိုရင်တော့ ကျွမ်းကျင်သော ဆရာဝန် နဲ့ ချက်ချင်းဆွေးနွေးပြသဖို့ လိုပါတယ်
🇬🇧England နိုင်ငံ guideline များအရတော့Dr👩‍⚕️ တို့ဟာ
အသက်၅၀ကျော် 👵🏻အမျိုးသမီး အထက်ဖော်ပြပါရောဂါလက္ခဏာ တွေနဲ့ လာပြပြီဆိုတာနဲ့ အနည်းဆုံး သွေးဖောက် 💉🩸စစ်ကြပါတယ်(CA 125)လို့ခေါ်ပါတယ်

သားဥအိမ်ကင်ဆာကစောစောစီးစီး ရှာဖွေတွေ့ရှိနိုင်ရင် ကုသနိုင်မှု အောင်မြင်မှုမြင့်မားပါတယ်။

Let’s talk real woman’s health/from periods to pregnancy, menopause and everything in between

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram