Yangon Medical Center

Yangon Medical Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Medical Center, Hospital, Tower 3A, Lann Thit Yate Thar Condo, Phone Gyi Street, Lanmadaw Township, Yangon.

12/04/2026

မြန်မာအတာသင်္ကြန် နှစ်သစ်ဆုတောင်း

နှစ်သစ်မှစ၍ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ စီးပွါးလာဘ်လာဘများလည်း တိုးပွါးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

💦မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ ပျော်ပျော်ပါးပါး ရေကစားပြီးတဲ့နောက် အသားတွေ ယားယံတာ၊ အနီကွက်တွေ ထွက်လာတာမျိုး ကြုံဖူးကြ...
12/04/2026

💦မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ ပျော်ပျော်ပါးပါး ရေကစားပြီးတဲ့နောက် အသားတွေ ယားယံတာ၊ အနီကွက်တွေ ထွက်လာတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါဟာ သာမန် ယားယံခြင်းမျိုးမဟုတ်ဘဲ မသန့်ရှင်းတဲ့ရေနဲ့ ဓာတုဆေးတွေကြောင့် ဖြစ်တဲ့ "အရေပြားဓာတ်မတည့်ခြင်း" ဖြစ်နိုင်ပါတယ်။

👉သိထားသင့်တဲ့ လက္ခဏာများကတော့
• အရေပြား ယားယံခြင်း အနီကွက် ဖြစ်ခြင်း
• အရေပြား ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် အရည်ကြည်ဖုလေးများ ထွက်ခြင်း။
• မျက်နှာနှင့် မျက်ခွံများ ယောင်ယမ်းလာခြင်း။ ယားယံပြီးနောက် အသက်ရှုမဝခြင်း အသက်ရှုကြပ်ခြင်း

👉သင်္ကြန်တွင်း အရေပြားအတွက် ဆောင်ရန်/ရှောင်ရန်
၁။ ရေမကစားမီ ကြိုတင်ကာကွယ်ပါ
- ရေမစားမီ နေရောင်ဒဏ်ကို ကာကွယ်ဖို့အတွက် နေရောင်ကာ လိမ်းဆေး (Sun Cream) SPF +50 တစ်မျိုးမျိုးကို မမေ့မလျော့ လိမ်းပေးပါ။
- Moisturizer တစ်ခုခု ကြိုတင်လိမ်းထားပါ။ ဒါက မသန့်ရှင်းတဲ့ရေနဲ့ အရေပြားကြားမှာ အကာအကွယ် (Barrier) တစ်ခုအနေနဲ့ ဆောင်ရွက်ပေးပါတယ်။

၂။ ရေကစားနေစဉ် အတွင်း
- အနံ့ပြင်းသော ရေများ၊ အရောင်ပါသော ရေများ နှင့် မသန့်ရှင်းသော ရေများနှင့် တိုက်ရိုက် ထိတွေ့ခြင်းမှေ ရှောင်ကြဉ်ပါ။
- အင်္ကျီလက်ရှည် ဘောင်းဘီရှည်ကို သေချာစွာ ဝတ်ဆင်ပါ။

၃။ ရေကစားပြီးနောက်လုပ်ဆောင်ရမယ့် အချက်တွေကတော့
- ရေကစားပြီးနောက် သန့်ရှင်းသော ရေအေးအေး၊ ဆပ်ပြာနုနုတို့နဲ့ စင်ကြယ်အောင် ရေချိုးပါ။
- ရေချိုးပြီးနောက် အရေပြားခြောက်သွေ့မသွားစေရန် အစိုဓာတ် ထိန်းသောာ Lotion/Moisturizer တစ်မျိုးမျိုးကို သေချာစွာ ပြန်လိမ်းပေးပါ။

ရှောင်ကြဉ်ရမယ့် အချက်တွေကတော့
- အရေပြား ယားယံတဲ့အခါ လက်သည်းနဲ့ ပြင်းပြင်းထန်ထန် ကုတ်ခြင်းကို ရှောင်ပါ။

အထူးသတိပြုရန်
အကယ်၍ ယားယံခြင်းက တစ်ကိုယ်လုံးကို ပြန့်လာရင် ဒါမှမဟုတ် အသက်ရှူရခက်ခဲတာမျိုး ဖြစ်လာရင်တော့ အိမ်တွင်းကုသမှုနဲ့ လုံလောက်တော့ပါဘူး။ အမြန်ဆုံး ဆေးခန်းပြသဖို့ လိုအပ်ပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မကြာခင်မှာ အားလုံး မျှော်လင့် စောင့်စားနေကြတဲ့ 💦မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလကို 💦ရောက်ရှိလာတော့မှာဆိုတော့ ရင်ခုန်နေကြမယ်...
09/04/2026

မကြာခင်မှာ အားလုံး မျှော်လင့် စောင့်စားနေကြတဲ့ 💦
မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလကို 💦ရောက်ရှိလာတော့မှာဆိုတော့ ရင်ခုန်နေကြမယ်ထင်ပါတယ်။

တန်ဖိုးထားရပြီး ကျွန်တော်တို့ကို ယုံကြည်စွာ လာရောက်ပြသပေးကြတဲ့ မိဘပြည်သူတို့ကို လာမယ့် နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုလေးတွေ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ Yangon Medical Center မိသားစုဝင်လေးတွေက အောက်ဖော်ပြပါ ရက်တွေမှာတော့ ခဏတာ အနားယူ အားမွေးခွင့် ပြုပါခင်ဗျာ။

🗓️ ဧပြီလ (၁၃ - ၁၇) ရက်နေ့အထိ ခဏတာ အနားယူခွင့် ပြုပါရန်နှင့် ဧပြီလ (၁၈) ရက် တွင် ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။

အားလုံးပဲ နှစ်ဟောင်းက အညစ်အကြေးတွေ၊ ဘဝအမောတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အေးမြ သန့်စင်တဲ့ အတာသင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ကျွန်တော်များ Yangon Medical Centre မိသားစုများမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။

အတာသင်္ကြန်ကာလအတွင်း ယာယီဆေးခန်း ပိတ်ထားမည်ဖြစ်သော်လည်း သိရှိလိုသော အကြောင်းအရာများကို Facebook Messanger မှတဆင့် မေးမြန်းနိုင်ပါကြောင်း သတင်းပါး ပါရစေခင်ဗျာ။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Yangon Medical  Center ၌ တင်္နလာ​နေ့တွင် ပြသနိုင်​သော ဆရာဝန်ကြီးများ “Yangon Medical Center”☎️ ဖုန်းနံပါတ် - 09 7777 05 ...
06/04/2026

Yangon Medical Center ၌ တင်္နလာ​နေ့တွင် ပြသနိုင်​သော ဆရာဝန်ကြီးများ
“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ ပထမထပ်

မိုးရာသီမတိုင်ခင် သင့်မိသားစုကို 'တုပ်ကွေးအန္တရာယ်' ကနေ အကာအကွယ် ပေးပြီးပြီးလား။ရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့ တုပ်ကွေ...
06/04/2026

မိုးရာသီမတိုင်ခင် သင့်မိသားစုကို 'တုပ်ကွေးအန္တရာယ်' ကနေ အကာအကွယ် ပေးပြီးပြီးလား။

ရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ ရိုးရိုးဖျားနာတာထက် ပိုပြင်းထန်တတ်ပြီး အထူးသဖြင့် ကလေးငယ်တွေနဲ့ လူကြီးမိဘတွေမှာ အသက်အန္တရာယ်အထိ စိုးရိမ်ရတတ်ပါတယ်။

ဘာကြောင့် Flu Vaccine ထိုးသင့်တာလဲ?
ရာသီတုပ်ကွေးအတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါကူးစက်မှုကို လျှော့ချပေးခြင်း။
တုပ်ကွေးကြောင့် ဆေးရုံတက်ရနိုင်ခြေကို (၄၀% မှ ၆၀%) အထိ လျှော့ချပေးနိုင်ခြင်း။

ယခု ဧပြီလမှ စတင်၍ Yangon Medical Centre တွင် ၂၀၂၆ ခုနှစ်အတွက် နောက်ဆုံးပေါ် တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံနိုင်ပါပြီ။
"ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်" ဆိုတဲ့အတိုင်း တုပ်ကွေးရာသီမရောက်ခင် အခုပဲ ကြိုတင်ကာကွယ်လိုက်ပါ။
အဖွဲ့အစည်းအလိုက် ထိုးနှံလိုသူများအတွက် Special Package ကို သိရှိလိုပါက Messenger တွင် ဖြစ်စေ Viber မှတဆင့် ဖြစ်စေ မေးမြန်းနိုင်သလို ဖုန်း - ၀၉ ၇၇၇၇ ၀၅ ၄၈၀/၀၉ ၇၇၇၇ ၀၅ ၉၈၀ သို့လည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 10,000 လက်ဆောင်ယူကြမယ် 🎉 “Yangon Medical Center” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လ...
05/04/2026

🥳 Health Quiz ဖြေရင်း မုန့်ဖိုး 10,000 လက်ဆောင်ယူကြမယ် 🎉

“Yangon Medical Center” မှ ကျန်းမာရေးဗဟုသုတအနေနဲ့ Health Quiz လေးတွေကို အပတ်စဉ် တင်ဆက်ပေးသွားပါမယ်နော်။

ဒီတစ်ပတ်ရဲ့ မေးခွန်းလေးဖြစ်တဲ့ “ရေဓာတ်ခမ်းခြောက်လျှင် မည်သည့်လက္ခဏာပြသလဲ’’ ဆိုတဲ့ မေးခွန်းအဖြေလေးကို Comment မန့်ပြီး
Public ဖြင့် Share ပေးပါနော်..

💁‍♀️ မန့်ထားတဲ့ Comment အဖြေများကို နောက်အပတ်ထဲမှာ Comment Reply ပြန်ပေးပါမယ်နော်..

အဖြေလည်းမှန်.. Post ကိုလည်း Share ထားသူတွေထဲက တစ်ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေလ်/ Kpay/ Wave - (10000) Ks ကျပ်တိတိကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ခန္ဓာကိုယ်က အမြဲပူနေသလို🥵ခံစားရတာဟာ လူတော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဒါကို ဆေးပညာအရ "Heat Intolerance...
02/04/2026

ခန္ဓာကိုယ်က အမြဲပူနေသလို🥵ခံစားရတာဟာ
လူတော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဒါကို ဆေးပညာအရ "Heat Intolerance" (အပူဒဏ်မခံနိုင်ခြင်း) 😫😫လို့လည်း ​ခေါ်ကျပါတယ်။

​🌡️ ကိုယ်အပူချိန် ခဏခဏတက်နေတာ ဘာကြောင့်လဲ? (အမြဲပူနေတတ်သူများအတွက်)
​"ကိုယ်ကတော့ ပူနေတာပဲ၊ တခြားသူတွေကတော့ အေးတယ်ပြောတယ်" ဆိုတဲ့ အခြေအနေမျိုးကို သင်ကြုံဖူးပါသလား?🤔 ဖျားနေတာမျိုးလည်းမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက အမြဲအိုက်စပ်စပ်ဖြစ်ပြီး ပူနေရတဲ့ နောက်ကွယ်က အကြောင်းရင်း (၅) ချက်ကို ဝေမျှပေးချင်ပါတယ်။

​၁။ ဟော်မုန်း အပြောင်းအလဲများ (Hormonal Changes)
​ဒါဟာ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ သွေးဆုံးခါနီးအချိန် (Perimenopause) ဒါမှမဟုတ် သွေးဆုံးပြီးချိန် တွေမှာ Hot Flashes လို့ခေါ်တဲ့ ရုတ်တရက် အပူဟပ်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။

​၂။ လည်ပင်းကြီးဟော်မုန်း အလုပ်လုပ်ပုံလွန်ကဲခြင်း (Hyperthyroidism)
​သင့်ရဲ့ Thyroid ဂလင်းက ဟော်မုန်းတွေ အလွန်အကျွံ ထုတ်ပေးနေရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) တွေ မြန်ဆန်လာတတ်ပါတယ်။ ဒါဟာ အင်ဂျင်တစ်လုံးကို အရှိန်အလွန်အကျွံ တင်ထားသလိုမျိုးဖြစ်ပြီး ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပါတယ်။
​၃။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု (Anxiety & Stress)
​စိတ်လှုပ်ရှားတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က "Fight or Flight" စနစ်ကို အသက်သွင်းလိုက်ပါတယ်။ အဲဒီအခါ နှလုံးခုန်မြန်လာပြီး သွေးလည်ပတ်မှု အရှိန်တက်လာတာကြောင့် တစ်ကိုယ်လုံး ပူနွေးလာတတ်ပါတယ်။

​၄။ အစားအသောက်နှင့် လူမှုပုံစံ (Food and Life Style)
အစပ်များသော အစားအစာ (Hot and Spicy Food) : .....
ဆေးဝါးများ (Medications) : ......
​ကဖင်း (Caffeine): ကော်ဖီနဲ့ လက်ဖက်ရည် အသောက်များခြင်းက နှလုံးခုန်နှုန်းကို မြန်စေပြီး အပူတက်စေပါတယ်။
​အစပ်များသောအစားအစာ: ငရုတ်သီးမှာပါတဲ့ Capsaicin ဓာတ်က ဦးနှောက်ကို အပူတက်နေပြီလို့ အချက်ပေးလိုက်တာကြောင့် ချွေးထွက်ပြီး ပူလာတာမျိုး ဖြစ်တတ်ပါတယ်။
​ဆေးဝါးများ အချို့သော သွေးတိုးကျဆေးတွေ ဒါမှမဟုတ် စိတ်ကျရောဂါကုဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

​၅။ ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration)
​ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ ချွေးထုတ်ပြီး ကိုယ်အပူချိန်ကို လျှော့ချဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် အတွင်းပိုင်းက အိုက်စပ်စပ်နဲ့ ပူနေတတ်တာပါ။
​💡 ဒီလို လက္ခဏာ​တွေကို ဘယ်လို သက်သာအောင်လုပ်မလဲ?🤔
​ပထမဆုံးအ​နေနဲ့ လွယ်ကူရိုးရင်းတဲ့နည်းလမ်း​လေးက​တော့ ရေများများသောက်ပါ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် (သို့မဟုတ်) ၂ လီတာခန့် ​သောက်သုံးရပါမည်။🥛👌😉
​အဝတ်အစားဝတ်ဆင်ရာတွင် ချည်သားလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အထည်တွေကို ရွေးချယ်ဝတ်ဆင်ပါ။ 💁‍♀️👗

​အပူအစပ်လျှော့ပါ 🍺🌶☕️🍜အထူးသဖြင့် ညနေပိုင်းတွေမှာ အစပ်နဲ့ ကဖင်းပါတာတွေကို ရှောင်ပေးပါ။
​​နောက်ဆုံးအချက်အ​နေနဲ့ ဆရာဝန်နှင့် တိုင်ပင်​ဆွေး​နွှေးပါ အမြဲတမ်း 🥵🥵ပူနေတာအပြင် နှလုံးတုန်တာ၊ ဝိတ်ကျလာတာ ဒါမှမဟုတ် အိပ်မပျော်တာမျိုးတွေပါ တွဲဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသပြီး သိုင်းရွိုက် (Thyroid) စစ်ဆေးကြည့်သင့်ပါတယ်။
​မှတ်ချက်: ဒီအချက်အလက်တွေဟာ အထွေထွေဗဟုသုတအတွက်သာ ဖြစ်ပါတယ်။
မိမိရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းအကြံ​ပေးလိုပါတယ်။

​“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🌞ချွေးထွက်များပြီး ပင်ပန်းနေရင်💦ရေတစ်ခုပဲသောက်တာ လုံလောက်ရဲ့လားအခုလို နေ့အပူချိန်တွေ များပြီး အရိပ်ရတဲ့ နေရာမှာ နေနေရင်း...
31/03/2026

🌞ချွေးထွက်များပြီး ပင်ပန်းနေရင်
💦ရေတစ်ခုပဲသောက်တာ လုံလောက်ရဲ့လား

အခုလို နေ့အပူချိန်တွေ များပြီး အရိပ်ရတဲ့ နေရာမှာ နေနေရင်းတောင်မှ ချွေးတွေ အများကြီးထွက်ပြီး နုံးနေတဲ့သူတွေ ရှိကြမှာပါ။ ဒီလို ချွေးထွက်များပြီး ပင်ပန်းနေတဲ့နေ့ရက်တွေမှာ ရေပဲ သောက်နေကြမယ်ထင်တယ်နော်။ တကယ်တော့ ချွေးထွက်များတိုင်း ရေပဲသောက်နေလို့ မလုံလောက်ပါဘူး။ ပူအိုက်လို့ ချွေးထွက်တဲ့အခါ ရေဓာတ်တင်မကဘဲ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သတ္တုဓာတ် (Electrolytes) တွေပါ ဆုံးရှုံးသွားတာပါ။ ဒါကြောင့် ချွေးထွက်များလွန်းတဲ့အခါ ရေအပြင် ဓာတ်ဆားရည်ပါ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ဘယ်လိုအချိန်မှာ ဓာတ်ဆားရည် သောက်သင့်လဲ။
နေပူထဲက ပြန်လာပြီး မောပန်းနွမ်းနယ်နေတဲ့အခါ။
ချွေးထွက်လွန်ပြီး ခြေကုန်လက်ပန်း ကျနေတဲ့အခါ။
ကြွက်တက်တာ၊ ခေါင်းကိုက်တာမျိုး ခံစားရတဲ့အခါမျိုးတွေမှာ ဓာတ်ဆားရည်ကို သောက်သုံးသင့်ပါတယ်။
(သတိပြုရန် - ကျောက်ကပ်ရောဂါ သို့မဟုတ် သွေးတိုးရောဂါအခံရှိသူများ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်)

👉ဓာတ်ဆားရည်ကို ဘယ်လိုဖျော်ကြမလဲ။
-BPI (သို့မဟုတ်) ကြက်ခြေနီတံဆိပ်လိုမျိုး ဓာတ်ဆား အငန်ရည် အထုပ်တစ်ထုပ်ကို ရေသန့် (၁) လီတာနဲ့ အမှုန့်တွေ ပျော်ဝင်သွားတဲ့အထိ သေချာစွာဖျော်ပါ။
-ရေသန့်အလွယ်တကူ မရနိုင်တဲ့ ဒေသတွေမှာတော့ ရေကျက်အေးနဲ့လည်း ဖျော်စပ်နိုင်ပါတယ်။

👉သတိပြုရရန် အချက်များကတော့ .....
-ရေခဲရေ၊ ရေနွေးကြမ်း၊ ရေနွေးပူပူ စတာတွေနဲ့တော့ ဖျော်စပ်လို့မရပါဘုး။
-အထုပ်တစ်ဝက်ကို ရေ (၁) လီတာနဲ့ ဖျော်တာ တစ်ထုပ်လုံးကို ရေသန့်ဘူး တစ်ဝက်စာနဲ့ ဖျော်တာ စသဖြင့် မှားယွင်းတဲ့ အချိုးအစားနဲ့ ဖျော်စပ်တဲ့အခါ အန္တရာယ်ရှိနိုင်တဲ့အတွက် သတိပြုဖို့ လိုပါတယ်။
ဖျော်ထားတဲ့ ဓာတ်ဆာရည်ကို စတင်ဖျော်စပ်တဲ့အချိန်ကစပြီး (၂၄) နာရီအတွင်းသာ သောက်သုံးရပါမယ်၊ ပိုလျှံနေတဲ့ ဓာတ်ဆားရည်ကိုတော့ သွန်ပစ်ပါ။
-ဓာတ်ဆာအထုပ်ကို ကိုင်ကြည့်တဲ့အခါ ခဲနေတာမျိုး ဖောက်ကြည့်တဲ့အခါ စိုထိုင်းထိုင်း ဖြစ်နေတာမျိုးဆိုရင်တော့ မသုံးစွဲသင့်ပါဘူး။

ဓာတ်ဆား အစားထိုးအနေနဲ့ အုန်းစိမ်းရည်ကိုလည်း အစားထိုး သောက်သုံးနိုင်ပါတယ်။

ဒီလိုအချက်လေးတွေ သိထားရင်တော့ ဓာတ်ဆားရည်ကို မှန်မှန်ကန်ကန် သောက်သုံးပြီး အန္တရာယ်ကင်းတဲ့ နေ့စဉ်ဘဝတွေကို ကောင်းမွန်စွာ ဖြတ်သန်းကြရအောင်ပါ။

ဆေးခန်းကို လာရောက်ပြသချင်တာပဲ ဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးချင်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဆေးခန်းရဲ့ page ရဲ့ Message Box ကနေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က အသေးစိတ် ပြန်လည်ဖြေကြားပေးပါ့မယ်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

အခုလို ပူပြင်းလှတဲ့ နေရောင်အောက်မှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် ရှင်သန်လှုပ်ရှား သွားလာနေကြရတဲ့သူတွေထဲမှာ အပူဒဏ်သင့်ခ...
29/03/2026

အခုလို ပူပြင်းလှတဲ့ နေရောင်အောက်မှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် ရှင်သန်လှုပ်ရှား သွားလာနေကြရတဲ့သူတွေထဲမှာ အပူဒဏ်သင့်ခြင်း (Heat Exhaustion) နဲ့ အပူရှပ်ခြင်း (Heat Stroke) ကို ကိုယ်တိုင်ဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်စေ တွေ့ကြုံ ခံစားခဲ့ကြတဲ့သူတွေရှိမှာပါပဲ။

လက်တွေ့မှာတော့ အပူဒဏ်သင့်တာနဲ့ အပူရှပ်တာဟာ သေသေချာချာ သိထားရင် ခွဲခြားရလွယ်ကူပြီး လူတစ်ယောက်ရဲ့ အသက်ကို အချိန်မှီ ကယ်တင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို မခွဲခြားနိုင်ရင်တော့ အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။

👉Heat Exhaustion (အပူဒဏ်သင့်ခြင်း)
အကယ်၍များ တစ်စုံတစ်ယောက်ဟာ.....
ချွေးထွက်လွန်နေမယ်။
မူးဝေမယ်။
ရေအလွန်ငတ်လာမယ်။
မောပြီး နုံးချိလာမယ်။
အရေပြားက အေးစက်ပြီး ချွေးစေးတွေနဲ့ စေးကပ်နေမယ်။
ပျို့အန်ချင်မယ်၊
ကြွက်တက်မယ်ဆိုရင်တော့ အပူဒဏ်သင့်ခြင်းကို စတင်ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။
ဒီလို လက္ခဏာတွေကို ခံစားနေရတဲ့ သူကို .....
အပင်ရိပ်အောက် (သို့) အဆောက်အဉီးအတွင်းပိုင်း ကဲ့သို့ အေးမြတဲ့နေရာရွှေ့ပါ။
လေဝင်လေထွက်ကောင်းတဲ့ နေရာကို ရွေ့ပေးပါ။
ရေများများတိုက်ပေးပါ။
ရေပတ်တိုက်ပေးပါ။
အေးမြပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို လဲပေးပါ။

👉Heat Stroke (အပူရှပ်ခြင်း)
အကယ်၍များ .....
ကိုယ်အပူချိန် 104°F (40°C) ကျော်သွားမယ်။
ချွေးလုံးဝမထွက်တော့ဘဲ အရေပြားက ပူပြီး ခြောက်သွေ့နေမယ်။
သတိလစ်မယ်။
တက်မယ်။
အသက်ရှုမြန်မယ်။
ဒီလို လက္ခဏာတွေနဲ့ တွေ့ကြုံရပြီဆိုရင်တော့ ဒါဟာ အချိန်မဆွဲပဲ နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။

😰အခုလို ပူပြင်းတဲ့ ရာသီမှာ အပူရှပ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက်
အေးမြပြီး ချောင်ချိတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ၊
တတ်နိုင်သမျှ အေးမြပြီး အရိပ်ရသော နေရာတွင် နေထိုင်ပါ။
လေဝင်လေထွက်ကောင်းသော ပတ်ဝန်းကျင်တွင် နေထိုင်ပါ။
ရေများများသောက်ပါ။
ချွေးထွက်များလွန်းရင် ဓာတ်ဆားရည်သောက်ပေးပါ၊
အရည်ရွမ်းသော အစားအသောက်များကို တတ်နိုင်သမျှ စားပါ။

မိမိရဲ့ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလက္ခဏာတွေ တွေ့ရင် အမြန်ဆုံး ကူညီနိုင်ဖို့ ဒီ Post လေးကို Save ထားပြီး Share ပေးလိုက်ပါဦးနော်။

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။


28.3.2026 Saturday ​​နေ့တွင် Melia Hotel ၌ကျင်းပပြုလုပ်ခဲ့​သော Taxila University၏ Graduationပွဲတွင် Medical Cover အဖြစ် ...
28/03/2026

28.3.2026 Saturday ​​နေ့တွင် Melia Hotel ၌ကျင်းပပြုလုပ်ခဲ့​သော Taxila University၏ Graduationပွဲတွင် Medical Cover အဖြစ် Yangon Medical Centerမှ တာဝန်ယူ​​ဆောင်ရွက်ခဲ့​သောပုံရိပ်များကို ပြန်လည်မျှ​ဝေလိုက်ရပါတယ်။
“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။


"ဘယ်လောက်စားစား ဝိတ်မတက်ဘူး" ဆိုတဲ့ စကားက အများစုအတွက် အားကျစရာ ဖြစ်နေတတ်ပေမဲ့ ကာယကံရှင်တွေအတွက်တော့ ဒါဟာ တကယ့်အခက်အခဲတစ...
28/03/2026

"ဘယ်လောက်စားစား ဝိတ်မတက်ဘူး" ဆိုတဲ့ စကားက အများစုအတွက် အားကျစရာ ဖြစ်နေတတ်ပေမဲ့ ကာယကံရှင်တွေအတွက်တော့ ဒါဟာ တကယ့်အခက်အခဲတစ်ခု ဖြစ်နေနိုင်ပါတယ်။
​🍽️ "😋🧀🍟ဘယ်လောက်စားစား ဝိတ်မတက်သူများ" — ဒါဟာ ကံကောင်းခြင်းလား၊🤔 ပြဿနာလား?🤔
​ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲစားနေပြီး ဘယ်တော့မှ ဝမလာတဲ့သူတွေကို မြင်ဖူးကြမှာပါ။ အများစုက "မင်းကတော့ ကံကောင်းလိုက်တာ" လို့ ပြောလေ့ရှိပေမဲ့ တကယ်တော့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ သိပ္ပံနည်းကျ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်။
​🔍 ဘာကြောင့် ဝိတ်တက်မလာတာလဲ?
​ဝိတ်တက်မလာရခြင်းရဲ့ အဓိက အကြောင်းရင်း (၄) ချက်ကို ကြည့်ရအောင် -
​၁။ မြန်ဆန်လွန်းသော ဇီဝကမ္မဖြစ်စဉ် (High Metabolism)
လူတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က စွမ်းအင်လောင်ကျွမ်းနှုန်း မတူကြပါဘူး။ တချို့သူတွေက ငြိမ်ငြိမ်လေး ထိုင်နေရင်းတောင် တခြားသူတွေထက် ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေနိုင်တဲ့ မျိုးရိုးဗီဇ (Genetics) ပါလာတတ်ပါတယ်။
​၂။ အစားစားသလို ပြန်လှုပ်ရှားနေခြင်း (High NEAT)
NEAT ဆိုတာကတော့ Non-Exercise Activity Thermogenesis လို့ ခေါ်ပါတယ်။ အားကစားလုပ်တာ မဟုတ်ဘဲ လမ်းလျှောက်တာ၊ စကားပြောရင်း လက်ဟန်ခြေဟန် ပြတာ၊ ခဏခဏ မတ်တပ်ထရပ်တာ စတဲ့ နေ့စဉ်လှုပ်ရှားမှုတွေကနေ ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းသွားတာမျိုးပါ။ ဒီလိုလူတွေက "ငါ ဘာမှမလုပ်ဘူး" လို့ ပြောပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်က အမြဲ လှုပ်ရှားနေတတ်ပါတယ်။
​၃။ အစာခြေစနစ်နှင့် ကျန်းမာရေး အခြေအနေ
​Hyperthyroidism: သိုင်းရွိုက်ဟော်မုန်း အထွက်လွန်တဲ့အခါ ခန္ဓာကိုယ်က အစားအစာတွေကို လိုအပ်တာထက် ပိုမြန်မြန် လောင်ကျွမ်းပစ်ပါတယ်။
​Malabsorption: စားလိုက်တဲ့ အာဟာရကို အူလမ်းကြောင်းက ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်တဲ့ အခြေအနေမျိုးပါ။
​Type 1 Diabetes: ဆီးချိုရောဂါ အခံရှိနေရင်လည်း ဘယ်လောက်စားစား ဝိတ်ကျသွားတတ်ပါတယ်။
​၄။ စိတ်ပိုင်းဆိုင်ရာနှင့် အာဟာရ အမှားအယွင်း
တစ်ခါတလေမှာ "အများကြီး စားတယ်" လို့ ထင်ရပေမဲ့ တကယ်တမ်း တွက်ချက်ကြည့်ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီပမာဏ (Caloric Surplus) ကို မရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု များတဲ့သူတွေမှာလည်း ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမြင့်တက်တတ်ပါတယ်။
​💡 ဝိတ်တက်ချင်သူများအတွက် အကြံပြုချက်
​တကယ်လို့ သင်ဟာ ကျန်းကျန်းမာမာနဲ့ ဝိတ်တက်ချင်တယ်ဆိုရင် -
​Protein ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပါ။
​Strength Training (အလေးမခြင်း) ကို အဓိကထား လုပ်ဆောင်ပါ။ (ဒါမှ အဆီမဟုတ်ဘဲ ကြွက်သားတက်မှာပါ)။
​တစ်နေ့ကို (၃) နပ်တည်း မဟုတ်ဘဲ အာဟာရရှိတဲ့ အစာကို ၅ နပ်မှ ၆ နပ်ထိ ခွဲစားပါ။
​သတိပြုရန်: အကြောင်းရင်းမရှိဘဲ ရုတ်တရက် ဝိတ်ကျလာတာ ဒါမှမဟုတ် ဘယ်လိုမှ ဝိတ်မတက်ဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုး ရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပြုလိုပါတယ်။
​“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

"World Tuberculosis Day 2026’’တီဘီရောဂါကို ကျွန်တော်တို့ အတူတကွ အဆုံးသတ်ကြပါစို့!၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ဟာ "ကမ္ဘာ့တီ...
24/03/2026

"World Tuberculosis Day 2026’’

တီဘီရောဂါကို ကျွန်တော်တို့ အတူတကွ အဆုံးသတ်ကြပါစို့!

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ဟာ "ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (World TB Day)" ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "Yes, we can end TB! Led by countries! Powered by people!" ဖြစ်ပါတယ်။
တီဘီဆိုတာ ကြောက်စရာရောဂါမဟုတ်တော့ဘဲ စနစ်တကျ ဆေးကုသမှုခံယူရင် ပြန်လည်ကျန်းမာလာနိုင်တဲ့ ရောဂါတစ်ခုပါ။ ၂၀၂၆ ခုနှစ်မှာ နိုင်ငံတကာနဲ့အညီ ကျွန်တော်တို့အားလုံးရဲ့ စွမ်းအား (Powered by People) နဲ့ တီဘီရောဂါကို တိုက်ဖျက်ကြရအောင်။ တီဘီရောဂါဟာ ကြိုတင်ကာကွယ်နိုင်သလို အမြစ်ပြတ်ကုသလို့လည်း ရတဲ့ရောဂါတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းပါဝင်မှုနဲ့ စောစီးစွာ ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။

👉အောက်ပါလက္ခဏာတွေ ရှိနေရင် သတိထားပါ -
(၂) ပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း
ညနေစောင်းတွင် အဖျားတက်လာတတ်ခြင်း
ညဘက်တွင် ချွေးထွက်ခြင်းနှင့်
ကိုယ်အလေးချိန် ကျဆင်းခြင်း
ရင်ဘတ်အောင့်ခြင်း

စောစောသိ၊ စောစောကုရင် မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကူးစက်မှုကနေ ကာကွယ်နိုင်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေမှာ သံသယလက္ခဏာရှိရင်ဖြစ်စေ၊ တီဘီရောဂါအကြောင်း ဆွေးနွေးလိုရင်ဖြစ်စေ ကျွန်တော်တို့ Yangon Medical Centre ကို ယုံကြည်စိတ်ချစွာ လာရောက်ပြသနိုင်ပါတယ်။
နွေးထွေးသော လက်ကမ်းကြိုဆိုမှု၊ တိကျသော စစ်ဆေးမှုများဖြင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။
"တီဘီရောဂါ ကင်းစင်ဖို့... ပြည်သူအားလုံး ပါဝင်စို့"

“Yangon Medical Center”

☎️ ဖုန်းနံပါတ် - 09 7777 05 480,
09 7777 05 980

🏥 လိပ်စာ - Tower 3A, လမ်းသစ်ရိပ်သာ ကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Address

Tower 3A, Lann Thit Yate Thar Condo, Phone Gyi Street, Lanmadaw Township
Yangon
11131

Website

Alerts

Be the first to know and let us send you an email when Yangon Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share