Kyaw Dental Clinic

Kyaw Dental Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Dental Clinic, Medical and health, Building 2, Room No 002, Ground Floor, Aye Yeik Mon 7 Road, Hlaing Butaryone 5th ward, Hlaing township, Yangon.

🦷Dental Assistant- 👩🏻မ(၂)ဦးအလိုရှိသည်။🦷အသက် ၁၈-၃၀ အတွင်းဖြစ်ရမည်။🦷ညွှန်ကြားသည်များကိုကောင်းစွာလိုက်နာပြီး၊တာဝန်ကျေပွန်အေ...
27/12/2025

🦷Dental Assistant- 👩🏻မ(၂)ဦးအလိုရှိသည်။
🦷အသက် ၁၈-၃၀ အတွင်းဖြစ်ရမည်။
🦷ညွှန်ကြားသည်များကိုကောင်းစွာလိုက်နာပြီး၊တာဝန်ကျေပွန်အောင်လုပ်ဆောင်နိုင်သူဖြစ်ရမည်။
🦷အလုပ်မခိုကပ်သူ၊ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
🦷အတွေ့ကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
🦷သင်ယူတက်မြောက်လိုစိတ်ရှိပြီး၊သွက်လက်ကြိုးစားသူဖြစ်ရပါမည်။
🦷အလုပ်ချိန်နေ့လည်(၂)မှည(၈)နာရီ ⏰
🦷တနင်္လာနေ့တိုင်းအလုပ်နားရက်ရပါမည်။
🦷လစာ(၃၀၀၀၀၀)၊အစမ်းခန့်ကာလ(၁)လ
🦷အစမ်းခန့်(၁)လကျော်ပါက(၃၅၀၀၀၀+Bonus)ခံစားခွင့်ရှိသည်။
🦷ဆေးခန်းViberဖုန်းတွင်CV Form နှင့်လျောက်ထားနိုင်ပါသည်။
☎️09-777777057

မနာမကျင်ဘဲ သက်တောင့်သက်သာ သွားစိုက်လိုသူများအတွက် အံကပ်တပ်ဆင်ခြင်း 🦷 🔹အံကပ်ဆိုတာ သွားအရေအတွက်အနည်းအများမဆိုလိုအပ်သလိုတပ်...
09/08/2025

မနာမကျင်ဘဲ သက်တောင့်သက်သာ သွားစိုက်လိုသူများအတွက် အံကပ်တပ်ဆင်ခြင်း 🦷

🔹အံကပ်ဆိုတာ သွားအရေအတွက်အနည်းအများမဆိုလိုအပ်သလိုတပ်ဆင်နိုင်တဲ့အပြင်စျေးနှုန်းလည်းအသင့်အတင့်ကနေအဆင်ပြေရာအထိရွေးချယ်နိုင်ပါတယ်။

🔹ပုံမှန်အံကပ် (အံကပ်အမာ)
အံကပ်အမာကိုရှေ့သွားနောက်သွားအားလူံးမှာအသုံးပြုနိုင်ပြီး မိမိဆုံးရှုံးလိုက်ရတဲ့သွားအရေအတွက်အတိုင်းလိုအပ်သလိုတပ်ဆင်နိုင်ပါတယ်။
ပလတ်စတစ်အံကပ်အမာလေးဖြစ်တာကြောင့်ပြုတ်ကျရင်...ထိခိုက်မိရင် ကွဲသွားနိုင်တာမို့ဂရုတစ်စိုက်လေးထားပေးဖို့တော့လိုမယ်နော်။

🔹အံကပ်ပျော့
အံကပ်ပျော့လေးရဲ့အားသာချက်ကတော့သံချိတ်လေးတွေမပါတာကြောင့်တပ်ရတာသက်သောင့်သက်သာရှိပါတယ်၊ဖြုတ်ရတပ်ရလွယ်ကူပြီးပါးစပ်ထဲမှာဆိုလည်းမြဲပြီးငြိမ်ပါတယ်နော်။

🔹သတ္ထုအံကပ်
သတ္ထုအံကပ်လေးကတော့ပါးစပ်ထဲမှာငြိမ်နေမြဲနေ. အောင်သံချိတ်၊သံကုတ်လေး(Clips)လေးတွေပါပါတယ်၊
ကုန်ကျစရိတ်လေးနဲနဲများပေမယ့်စားလို့၊ဝါးလို့အကောင်းဆုံး၊အခိုင်ခံ့ဆုံးအံကပ်အမျိုးအစားလေးဖြစ်ပါတယ်။
သတ္ထုအံကပ်ရဲ့အကောင်းဆုံးအားသာချက်ကတော့သွားဖုံးပေါ်မှာမှီခိုမှုအနည်းဆုံးဖြစ်တာမို့အံကပ်ရေရှည်တပ်ရတဲ့အခါဖြစ်ပေါ်နိုင်တဲ့သွားဖုံးရိုး၊မေးရိုးပြုန်းတီးမှုအနည်းဆုံးဖြစ်ပါတယ်နော်။

-🔺🔻ဘယ်လိုလူတွေတပ်သင့်လဲဆိုရင်​တော့......

*😃လူကြီး၊လူငယ်မရွေးအတွက်သင့်တော်တဲ့သွားစိုက်နည်းဖြစ်ပါတယ်။
*😃အံကပ်အမျိုးအစားလေးတွေလဲရှင်းပြထားပြီမို့မိမိနဲ့သင့်တော်တဲ့အံကပ်အမျိုးအစားလေးနဲ့သွားစိုက်ဖို့ အခုပဲ Kyaw Dental clinic ကို booking တင်လိုက်တော့နော်.....

Address 🏥 တိုက်၂၊အခန်း ၀၀၂
မြေညီထပ်၊ အေးရိပ်မွန် ၇ လမ်း၊ (ရွှေအိုးဆေးဆိုင်ဘေးလမ်းကြား)
လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီး၊
၅ ရပ်ကွက်၊ လှိုင်မြို့နယ်
Ph -📞 097777777057

လှိုင်မြို့နယ်အတွင်းနေထိုင်သူများအတွက်ခေတ်မှီ သန့်ရှင်းသပ်ရပ်သော သွားဆေးခန်းအသစ်လေးရှိနေပြီနော် 😊သင်တို့၏သွားကျန်းမာရေးက...
03/08/2025

လှိုင်မြို့နယ်အတွင်းနေထိုင်သူများအတွက်
ခေတ်မှီ သန့်ရှင်းသပ်ရပ်သော သွားဆေးခန်းအသစ်လေးရှိနေပြီနော် 😊

သင်တို့၏သွားကျန်းမာရေးကို ကျွန်တော်တို့၏ ကျော်
သွားနှင့်ခံတွင်းဆေးကုခန်းမှ စေတနာကောင်းပြီစိတ်ရှည်ကျွမ်းကျင်သော သွားဆရာဝန်များမှ
တာဝန်ယူပါရစေ🙏🏻🙏🏻🙏🏻

Kyaw Dental Clinic 🦷 တွင် မိတ်ဆွေတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အခမဲ့ လာရောက်ဆွေးနွေးနိုင်သဖြင့် သင့်သွားကျန်းမာရေးအတွက်အခမဲ့လာရောက်တိုင်ပင်နိုင်ကြောင်း ဖိတ်ခေါ်ပါရစေ။

Booking အတွက် Kyaw Dental Clinic ၏ Page Chat Box 🗃️ တွင်ဖြစ်စေ
ဖုန်း 📞 09777777057 ကိုဆက်သွယ်၍ ဖြစ်စေ ဆက်သွယ် booking တင်ထားနိုင်ပါပြီ။

ဆေးပစ္စည်းများ ပိုးသတ်ချိန် အလျင်မှီစေရန် free check up အတွက် ၁ ရက် လျင် ၅ ဦးသတ်မှတ်ထားတာကြောင့် ကြိုတင် booking ရန် မေတ္တာရ်ခံပါတယ်။

Address 🏥 တိုက် ၂၊ အခန်း ၀၀၂၊ မြေညီထပ်၊ အေးရိပ်မွန် ၇ လမ်း၊ လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီး၊ ၅ ရပ်ကွက်၊ လှိုင်မြို့နယ်။
Phone 📞 09777777057

သွားတိုက်ချိန် သွေးထွက်တာ ကြုံနေရလား … ?ဘယ်လောက်သွားတိုက်တိုက် ခံတွင်းနံ့ ဆိုးတုန်းလား ? ဒါဆိုရင် သွားနှင့်ခံတွင်း သန့်ရ...
26/07/2025

သွားတိုက်ချိန် သွေးထွက်တာ ကြုံနေရလား … ?
ဘယ်လောက်သွားတိုက်တိုက် ခံတွင်းနံ့ ဆိုးတုန်းလား ?

ဒါဆိုရင် သွားနှင့်ခံတွင်း သန့်ရှင်းရေး လုပ်သင့်နေပြီနော်။

“ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်” ဆိုသည့် မြန်မာစကားပုံအတိုင်း
သွားပျက်စီးချိန်မှ ကုသခြင်းထက် မပျက်စီးစေရန် ကြိုတင်ကာကွယ်သင့်ပါတယ်။

သွားကျောက်ပုံမှန်ခြစ်ပေးပါက
▪️▪️▪️
ဆိုးဝါးသည့် ခံတွင်းနံ့ထွက်ခြင်း
သွားတိုက်ချိန် သွေးထွက်ခြင်း
သွားပိုးစားခြင်း
သွားများ ပိုးစားကာ ပုံမှန်ထက်ပျက်စီးခြင်း၊
သွားဖုံးယောင်ခြင်း အစရှိသည့် သွားနှင့် ခံတွင်းပြသနာများကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

သွားပျက်စီးမှုများမှ ကြိုတင်ကာကွယ်ရန်နှင့် သွားများကြံ့ခိုင်ပြီး
အချိန်ကြာကြာ အသုံးပြုနိုင်ရန် သွားကျောက်ခြစ်ခြင်းအား ▪️၆ လ တစ်ကြိမ် လုပ်ဆောင်သင့်ပါတယ်။

“Kyaw Dental Clinic “ မှာ သွားကျောက်ခြစ်ခြင်းအား အသက်သာဆုံးနှင့် အကောင်းဆုံး လုပ်ဆောင်နိုင်ပါပြီ။

ဝါရင့်ကျွမ်းကျင်သွားဆရာဝန်များမှ နာကြင်မှုမရှိ ၊အချိန်ပိုမကုန်၊ ခေတ်မီပိုးသတ်ထားသည့် ကိရိယာများဖြင့် သန့်ရှင်း သပ်ရပ်စွာ ညင်သာစွာဖြင့် သွားကျောက်ခြစ်ပေးနေပါပြီ။

ဒါကြောင့် သွားပိုးစားကာ သွားများပျက်စီးသည်အထိ အနာမခံဘဲ သွားနှင့်ခံတွင်း သန့်ရှင်းရေးအတွက် “သွားကျောက်ခြစ်ခြင်း” ကို ၆ လ ၁ ကြိမ် ပြုလုပ်ပေးရန် တိုက်တွန်းပါရစေ။

Kyaw Dental Clinic 🦷 တွင် မိတ်ဆွေတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဩဂုတ်လကုန်ထိ အခမဲ့ လာရောက်ဆွေးနွေးနိုင်သဖြင့် သွားစိုက်ရန် အခမဲ့လာရောက်တိုင်ပင်နိုင်ကြောင်း ဖိတ်ခေါ်ပါရစေ။

Booking အတွက် Kyaw Dental Clinic ၏ Page Chat Box 🗃️ တွင်ဖြစ်စေ
ဖုန်း 📞 09777777057 ကိုဆက်သွယ်၍ ဖြစ်စေ ဆက်သွယ် booking တင်ထားနိုင်ပါပြီ။

ဆေးပစ္စည်းများ ပိုးသတ်ချိန် အလျင်မှီစေရန် free check up အတွက် ၁ ရက် လျင် ၅ ဦးသတ်မှတ်ထားတာကြောင့် ကြိုတင် booking ရန် မေတ္တာရပ်ခံပါတယ်။

Address 🏥 တိုက် ၂၊ အခန်း ၀၀၂၊ မြေညီထပ်၊ အေးရိပ်မွန် ၇ လမ်း၊ လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီး၊ ၅ ရပ်ကွက်၊ လှိုင်မြို့နယ်။

Phone 📞 09777777057



#

နှုတ်ထားတဲ့သွားကို ဘယ်အချိန်မှာ ပြန်စိုက်သင့်လဲ ? သွားနုတ်ပြီး ၃ လ မှ ၆ လအတွင်းသွားပြန်စိုက်သင့်ပါတယ်။ အရိုးထိပြီး ခွဲစိ...
19/07/2025

နှုတ်ထားတဲ့သွားကို ဘယ်အချိန်မှာ ပြန်စိုက်သင့်လဲ ?

သွားနုတ်ပြီး ၃ လ မှ ၆ လအတွင်းသွားပြန်စိုက်သင့်ပါတယ်။

အရိုးထိပြီး ခွဲစိတ်နုတ်ထားသူများကတော့
အချိန် ၆ လမှ ၈ လ အတွင်း သွားပြန်စိုက်သင့်ပါတယ်။

⚙️ ဒါကြောင့် ယေဘုယျ အချိန် ၆ လအတွင်း သွားပြန်စိုက်ဖို့ လိုအပ်ပါတယ်နော်။

သွားမစိုက်ထားပါက

အခြားသွားများရွေ့လာကာ နေရာမမှန်ခြင်း
အစာဝါးစားရခက်ခြင်း၊
Bone Loss ဖြစ်ကာ သွားနေရာရွေ့ပြီး
တံတွေးဂလင်း သေချာမလည်ပတ်နိုင်တာကြောင့် ခံတွင်းနံဆိုးဝါးခြင်း ဖြစ်တတ်ပါတယ်။

“ Kyaw Dental Clinic” မှာ

✅ Dental Bridge (တံတားထိုးသွားစိုက်နည်း)
✅ Dental implant ( သွားမြစ်တု အစားထိုး သွားစိုက်နည်း)
✅ Denture (အံကပ် / သွားအရှင်စိုက်နည်း) အစရှိသဖြင့်

နောက်ဆုံးပေါ် သွားစိုက်နည်းများကို
သင့်တင့်သည့် စျေးနှုန်း
နောက်တစ်ခေါက်ထပ်လာရန် မလိုသည့် အသေသပ်ဆုံးလက်ရာဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။

ဒါကြောင့် သွားစိုက်ရန် တစ်နေရာတည်းမှာ
အချိန်မကုန် ကရိကထမများစေသည့်
ဝန်ဆောင်မှုဆိုပါက “Kyaw Dental Clinic” ကိုသတိရလိုက်ပါ။

ကျွန်တော်တို့ Kyaw Dental Clinic 🦷 တွင်
မိတ်ဆွေတို့၏
သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဩဂုတ်လကုန်ထိ
အခမဲ့ လာရောက်ဆွေးနွေးနိုင်သဖြင့် သွားစိုက်ရန် အခမဲ့လာရောက်တိုင်ပင်နိုင်ကြောင်း ဖိတ်ခေါ်ပါရစေ။

Booking အတွက် Kyaw Dental Clinic ၏ Page Chat Box 🗃️ တွင်ဖြစ်စေ

ဖုန်း 📞 09777777057 ကိုဆက်သွယ်၍ ဖြစ်စေ ဆက်သွယ် booking တင်ထားနိုင်ပါပြီ။

ဆေးပစ္စည်းများ ပိုးသတ်ချိန် အလျင်မှီစေရန်
free check up အတွက်
၁ ရက် လျင် ၅ ဦးသတ်မှတ်ထားတာကြောင့် ကြိုတင် booking ရန် မေတ္တာရ်ခံပါတယ်။

Address 🏥 တိုက် ၂၊ အခန်း ၀၀၂၊ မြေညီထပ်၊ အေးရိပ်မွန် ၇ လမ်း၊ လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီး၊ ၅ ရပ်ကွက်၊ လှိုင်မြို့နယ်။

Phone 📞 09777777057

“ဝါဆိုလပြည့် ဓမ္မစကြာနေ့”၉.၇.၂၀၂၅တွင် ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည...
09/07/2025

“ဝါဆိုလပြည့် ဓမ္မစကြာနေ့”

၉.၇.၂၀၂၅တွင် ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝပါစေကြောင်း Kyaw Dental Clinic မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်🙏🙏🙏

လပြည့်နေ့လေး ဆေးခန်း ပိတ်ပါတယ်နော်😊

Kyaw Dental Clinic လှိုင်မြို့နယ်မှာ သွားကျန်းမာရေး အခမဲ့လာရောက် ဆွေးနွေးနိုင်ပါပြီ 🦷ဇူလှိုင်လ ၈ ရက်နေ့မှ စတင်ကာ ဩဂုတ်လ ...
04/07/2025

Kyaw Dental Clinic လှိုင်မြို့နယ်မှာ သွားကျန်းမာရေး အခမဲ့လာရောက် ဆွေးနွေးနိုင်ပါပြီ 🦷

ဇူလှိုင်လ ၈ ရက်နေ့မှ စတင်ကာ ဩဂုတ်လ ၈ ရက်နေ့အထိ “Kyaw Dental Clinic” တွင် သင့်ရဲ့သွားကျန်းမာရေးအတွက် အခမဲ့လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

🏥 အခမဲ့ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် စစ်ဆေးနိုင်ရန် ဘာတွေလုပ်ရမလဲ …

ပထမဆုံး ဒီပိုစ့်ကို Public ဖြင့် Share ပြီး Page ကို Like & Follow ပြုလုပ်ရပါမယ်။

နောက်တစ်ချက်ကတော့ Booking 📥 တင်ဖို့လိုမယ်နော်။

Booking အတွက် Kyaw Dental Clinic ၏ Page Chat Box 🗃️ တွင်ဖြစ်စေ

ဖုန်း 📞 09777777057 ကိုဆက်သွယ်၍ ဖြစ်စေ ဆက်သွယ် booking တင်ထားနိုင်ပါပြီ။

ဆေးပစ္စည်းများ ပိုးသတ်ချိန် အလျင်မှီစေရန် free check up အတွက် ၁ ရက် လျင် ၅ ဦးသတ်မှတ်ထားသည့်အတွက် booking မြန်မြန်တင်ဖို့
အခုပဲ ဒီပိုစ့်ကို like & share ပြုလုပ်ပြီး booking စတင်ယူနိုင်ပါပြီ။

Kyaw Dental Clinic ဟာ လှိုင်မြို့နယ်အတွင်း အချက်အချာကျသည့်
🚦လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီးမှာတည်ရှိပြီး သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် တစ်နေရာတည်းတွင်
service အစုံရှိပြီး သင့်တင့်သည့် စျေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

ဒါကြောင့် သင် သွားနှင့်ခံတွင်း ပြသနာတစ်စုံတစ်ရာ ကြုံနေရပါက
“Kyaw Dental Clinic” မှာ အခမဲ့လာရောက် ဆွေးနွေးတိုင်ပင်ရန် ဖိတ်ခေါ်ပါတယ်။

Address 🏥 တိုက် ၂၊ အခန်း ၀၀၂၊ မြေညီထပ်၊ အေးရိပ်မွန် ၇ လမ်း၊ လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီး၊ ၅ ရပ်ကွက်၊ လှိုင်မြို့နယ်။

Phone 📞 09777777057

လှိုင်မြို့နယ်အတွင်း သွားကျန်းမာရေးအတွက်ဆို “Kyaw Dental Clinic” ကိုရွေးချယ်လိုက်နော် 🦷 သင်ဟာ လှိုင်မြို့နယ်အတွင်း နေထို...
30/06/2025

လှိုင်မြို့နယ်အတွင်း သွားကျန်းမာရေးအတွက်ဆို “Kyaw Dental Clinic” ကိုရွေးချယ်လိုက်နော် 🦷

သင်ဟာ လှိုင်မြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး
သင့်သွားကျန်းမာရေး၊ ခံတွင်းကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်ကာ
တိကျသေချာသည့် ကုသမှုများ ရယူနိုင်ရန် “Kyaw Dental Clinic” ကို လာရောက်ပြသရန် ဖိတ်ခေါ်လိုက်ပါတယ်။

အတွေ့အကြုံရှိ ဝါရင့် ဆရာဝန်များကိုယ်တိုင်
ဦးစီးနေပြီး
မိမိ၏ သွားနှင့် ခံတွင်းအခြေအနေအတွက် ကုန်ကျစရိတ်သင့်တင်ကာ
ကောင်းမွန်သည့် 🏥 treatmentများကို “Kyaw Dental Clinic” မှာ ရရှိနိုင်ပါတယ်။

လှိုင်မြို့နယ်အတွင်း အချက်အချာကျသည့်
🚦လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီးမှာ
တည်ရှိသလို သွားနှင့် ခံတွင်းအတွက်
တစ်နေရာတည်း Service စုံလင်စွာရရှိနိုင်ပါတယ်။

Kyaw Dental Clinic တွင် ရရှိနိုင်သည့် Service များကတော့

✔️ သွားနှင့်ပက်သက်သည့် အကြောာင်းအရာများကို ဆရာဝန်နှင့် လာရောက်တိုင်ပင်ကာ ချင့်ချိန်ဆုံးဖြတ်ခြင်း

✔️ သွားဖာခြင်း၊ သွားသန့်ရှင်းရေးပြုလုပ်ခြင်း၊ သွားနှုတ်ခြင်း၊သွားအကြောထုတ်ကုသခြင်းအစရှိသည့် သွားကျန်းမာရေးကိစ္စများ

✔️ အမျိူးမျိူးသောသွားစိုက်သည့် process များ

✔️ သွားအမြစ်တုစိုက် ကုသခြင်း

✔️ သွားဓာတ်မှန်ရိုက်ခြင်း

✔️ သွားညှိကုသခြင်း၊ သွားအထိန်း ပြုလုပ်ပေးခြင်း အစရှိသည့်
အလှအပရေးရာများကို ကျွမ်းကျင်ဆရာဝန်များနှင့် လာရောက်တိုင်ပင်ဆွေးနွေးကာ ကုသမှုများ ခံယူနိုင်ပါပြီ။

သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် တစ်နေရာတည်းတွင် service အစုံရှိပြီး
သင့်တင့်သည့် စျေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေတာကတော့ “ Kyaw Dental Clinic” ၏ အားသားချက်ဖြစ်ပါတယ်။

ဒါကြောင့် သင် သွားနှင့်ခံတွင်း ပြသနာတစ်စုံတစ်ရာ ကြုံနေရပါက “Kyaw Dental Clinic” သို့လာရောက် ဆွေးနွေးတိုင်ပင်ရန် ဖိတ်ခေါ်ပါတယ်။

Address 🏥 တိုက် ၂၊ အခန်း ၀၀၂၊ မြေညီထပ်၊
အေးရိပ်မွန် ၇ လမ်း ( ရွှေအိုးဆေးဆိုင်ဘေးလမ်း ) လှိုင်ဘူတာရုံလမ်း မှတ်တိုင်အနီး၊ ၅ ရပ်ကွက်၊ လှိုင်မြို့နယ်။

Phone 📞 09777777057

Address

Building 2, Room No 002, Ground Floor, Aye Yeik Mon 7 Road, Hlaing Butaryone 5th Ward, Hlaing Township
Yangon
11051

Opening Hours

Tuesday 14:00 - 20:00
Wednesday 14:00 - 20:00
Thursday 14:00 - 20:00
Friday 14:00 - 20:00
Saturday 14:00 - 20:00
Sunday 14:00 - 20:00

Alerts

Be the first to know and let us send you an email when Kyaw Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram