Healthy by 72 Hours

Healthy by 72 Hours အဟာရဖြစ်စေမည့် အားဖြည့်စာများအကြောင်း နှင့် ကျန်းမာရေးအချက်အလက်များ

fasting ဆိုတာဘာလဲ?အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားပဲနေတာကို fasting လို့ခေါ်ပါသည်။ fasting လုပ်လျှင်ပထမဆုံးရမည့်အကျိုးက ...
06/11/2025

fasting ဆိုတာဘာလဲ?

အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားပဲနေတာကို fasting လို့ခေါ်ပါသည်။ fasting လုပ်လျှင်ပထမဆုံးရမည့်အကျိုးက ကိုယ်ခန္ဓာအတွင်းသန့်စင်သွားတာပါ။

fasting လုပ်ရာတွင် ဖြစ်ပေါ်သည့် အပြောင်းအလဲများ

Day 1 — Sugar Burn Stage

အစာမဝင်တော့လို့ ကိုယ်ခန္ဓာက အသည်းထဲရှိ သကြားဓါတ် (glycogen) ကိုစတင်အသုံးပြုတယ်။
Insulin Level ကျဆင်းလာပြီး Cells သန့်စင်ခြင်းကို စတင်ပါတယ်။
အနည်းငယ်ဆာလောင်လာပြီး အားမရှိသလိုခံစားရနိုင်တယ်။

Day 2 — Fat Burn Stage

အသည်းထဲရှိ သကြားဓါတ်တွေကုန်သွားလို့ အဆီပိုတွေကို စွမ်းအင်အဖြစ်စတင်အသုံးပြုတယ်။
အဆီတွေကဆင့် fatty acid နဲ့ ketone ထုတ်ပေးတယ်။
ဆာလောင်တာသိသာလာမယ်။ စိတ်ကြည်လင်လာတာ ခံစားရမယ်။

Day 3 — Autophagy

ပျက်စီးနေတဲ့ Cell တွေကို ဖြိုဖျက်ပြီး Cell အသစ်တွေ မွေးဖွားလာမယ်။
ရောင်ရမ်းမှုနည်းလာပြီး အဆိပ်သင့်မှုကျဆင်းသွားမယ်။
ကြီးထွား ဟော်မုန်း များလာပြီး ကြွက်သား အသစ်ဖန်တီးအားကောင်း လာမယ်။
အာရုံစိုက်စူးစိုက်မှုကောင်းလာပြီး ကိုယ်ခန္ဓာတွင်း သန့်စင် လာမယ်။

Day 4 — Regeneration Stage

ကိုယ်ခန္ဓာတစ်ခုလုံး ကအဆီပိုတွေကို အဓိက 100% စွမ်းအင် အရင်းအမြစ် အဖြစ်အသုံးပြုလာမယ်။
ကြီးထွား ဟော်မုန်း အမြင့်ဆုံးအဆင့်ထိ ရောက်လာပြီး အဆီပိုတွေ လျော့ကျလာမယ်။
အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေ သိသိသာသာကောင်းမွန်လာမယ်။
စိတ်တည်ငြိမ်လာပြီး နေရထိုင်ရတာ အလွန်ကောင်းမွန်လာမယ်။

၇ ရက်ခန့် fasting လုပ်ထားတဲ့သူမှာ ကြီးထွား ဟော်မုန်း ငါးဆလောက်မြင့်တက်လာပါသည်။
1982 နှစ်လောက်က ဘာသာရေးအရ ရက်ပေါင်းလေးဆယ် fasting လုပ်ထားတဲ့သူ၏ သွေးကိုဖောက်ပြီး စမ်းသပ်ကြည့်သည့်အခါ ကြီးထွားဟော်မုန်း 1250%လောက် မြင့်တက် နေတာ တွေ့ရပါတယ်။
ဒါပေမယ့် ကြီးထွား ဟော်မုန်း ကြောင့်ဖြစ်လာသည့် ဆိုးကျိုးတွေတော့ မတွေ့ရပါ။

ကျန်းမာရေးရှုထောင့်ကကြည့်ရင် fasting လုပ်ခြင်းကြောင့် Insulin အထွက်နည်းသွားလို့ ဆားနှင့် ကိုယ်တွင်း ရေစုဝေးလာခြင်း နည်းပါးသွားလို့ ကိုယ်ရေစစ်သွားတတ်ပါသည်။ တိုးနေသည့် သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်သွားပါသည်။
Cell တွေ Insulin လက်မခံမှုကိုလည်း လျော့ချပေးသဖြင့် ဆီးချိုရောဂါအတွက်အကျိုးရှိပါသည်။
fasting လုပ်ခြင်းအားဖြင့် အသည်းက အစာခြေလုပ်ငန်း အမြားအပြားလုပ်ဖို့ မလိုတာကြောင့် ကိုယ်တွင်းသန့်စင်ပေးခြင်းကို ပိုလုပ်နိုင်လာပါသည်။
သွေးတွင်းသကြားဓာတ်များခြင်းကြောင့်ဖြစ်ပေါ်လာသော ကာလကြာရှည်ရောင်ရမ်းမှုကို အဆုံးသတ်လိုက်တာကြောင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါဖြစ်ပွားမှု လျော့နည်းသွားပါသည်။
ကျန်းမာရေးပိုကောင်းလာဖို့ ပညာရှင်တွေက intermittent Fasting ဆိုသည့် နာရီပိုင်းခြား fasting လုပ်ခြင်းကို သုသေတနလုပ်ခဲ့ပါသည်။

Intermittent fasting ခြောက်မျိုးရှိပါသည်။

1 - တစ်ရက်ခြား fasting လုပ်ခြင်း
တစ်ရက်ကို အစာလုံးဝမစားပဲပြီး နောက်တစ်ရက်ကို အဝစားတာပါ။
ကာလတို ကိုယ်အလေးချိန်ချဖို့ အတွက်သင့်တော်ပါတယ်။

2 - တစ်ပတ်တစ်ရက် fasting လုပ်ခြင်း
ကျန်းမာရေးအတွက် ရည်ရွယ်ပြီးလုပ်တာပါ။

3 - ၉ နာရီမြောက်အထိစာမစားခြင်း
အစာစားချိန်သည် နေ့လည် ၂ နာရီကနေ အိပ်ချိန် ၁၁ နာရီအထိသာဖြစ်ပါသည်။
စပြီး fasting လုပ်မည့်သူအတွက် အလွန်အကျိုးများပြီး လုပ်ဖို့လွယ်ပါသည်။

4 - တစ်ရက် တစ်နပ်သာစားခြင်း
တစ်နပ်ကို စိတ်ကြိုက်အဝစားပြီးတစ်ရက်လုံး အစာမစားတာပါ။

5 - ညဘက်အစာရှောင်ခြင်း
မအိပ်ခင် ငါးနာရီလောက်ကြိုပြီး စားထားတာပါ။

6 - 16/8 fasting
အစာစားချိန်တစ်နေ့ ၈နာရီ > မနက် ၈ နာရီက စစားလျင် ညနေ ၄ နာရီ နောက်ဆုံးညစာစားရပါမည်။
အကောင်းဆုံးနည်းလမ်းလို့ သတ်မှတ်ထားပါသည်။

အားလုံးအတွက်အဆင်ပြေဆုံးဖြစ်နိုင်မည့် နည်းက 12 နာရီ fasting ပါ။
အကောင်းဆုံးက မနက် ၇ နာရီ စစားပါ။ ည ၇ နာရီ နောက်ဆုံးစားပါ။

ဒါကို 12 hours intermittent fasting ခေါ်ပါတယ်။ စားတဲ့အစာမှာ အသင့်စား အစာတွေ ရှောင်ပါ။
အချို ၊ ဂျုံလျော့ပါ။ မစားရင်ပိုကောင်းပါတယ်။ အရွက်နဲ့ အသားငါးနှင့် အစေ့အဆံတွေပိုစားပါ။
Intermittent fasting လုပ်ခြင်းဖြင့် အူကျန်းမာလာမည်။ ဆီးချိုသက်သာမည်။ သိသိသာသာကျန်းမာလာမည်။

fasting လုပ်ထားတဲ့ အချိန်မှာ ရေ၊ Black Coffee၊ ရေနွေးကြမ်း သောက်လို့ရပါတယ်။
ထမင်း၊ ပေါင်မုန့်၊ သကြား၊ နို့၊ အရွက်၊ အသီး၊ ဖျော်ရည်များ မသောက်သင့်ပါ။

ကျန်းမာရေးအားနည်းသူများအတွက် Fasting

အစာအိမ်အက်စစ်ပြသနာရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ သွေးအားနည်း သူများအတွက်
၆ နာရီသို့မဟုတ် ၁၂ နာရီခြားတိုင်း Bone Broth သောက်နိုင်ပြီး အစာအိမ်ကိုကာကွယ်၊ ကိုယ်ခန္ဓာအားပြန်ဖြည့်ပေးပါ။

ကျန်းမာသောသူများအတွက် Fasting

ကျန်းမာသူများအတွက်တော့ Fasting လုပ်ပြီးနောက် အစာပြန်စားတဲ့အချိန်မှာ Bone Broth သောက်သုံးပြီး Fasting ကိုအဆုံးသတ် သင့်ပါတယ်။
အစာမာမာ စားတာမျိုးရှောင်ရပါမယ်။

Bone Broth သည် အစာအိမ်အတွက် သက်သက်သာသာ ဖြစ်စေပြီး collagen နဲ့ သတ္တုဓာတ်များပြည့်စုံပါသည်။

၇၂နာရီ ပြုတ်ထားတဲ့ အရိုးပြုည်ရည် (Bone Broth) ကိုအောက်ပါ Link ကနေ တဆင့်ဝယ်ယူနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=pfbid02boyKpE5no19Wgg2JnwEBknWLr4HxSxpffiUHuGj9i8zUJkGmWBhR3KMFWAFyYjr5l&id=61582855792470

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Healthy by 72 Hours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram