သုခအိမ် Pharmacy

သုခအိမ် Pharmacy ဆေးမှန် ၊ ဈေးမှန် ၊ ဆွေးနွေးရန် ၊ သင့်ဘ၀အတွက် ကျန်းမာရေး ၊ '' သုခအိမ် '' သို့လှမ်းခဲ့ပေး

03/04/2026

ခရီးဆောင် 20ml ဘူးသေးလေး၊ သယ်လို့လွယ်တယ်။ #ချောဆီ

Magnesium Glycinate ရဲ့ ကောင်းကျိုးက✔️အိပ်ပျော်စေတယ်။✔️စိတ်ဖိစီးမှုလျော့စေတယ်။✔️အရိုးသန်မာစေတယ်။✔️အာရုံကြောလုပ်ဆောင်မှုက...
03/04/2026

Magnesium Glycinate ရဲ့ ကောင်းကျိုးက

✔️အိပ်ပျော်စေတယ်။
✔️စိတ်ဖိစီးမှုလျော့စေတယ်။
✔️အရိုးသန်မာစေတယ်။
✔️အာရုံကြောလုပ်ဆောင်မှုကောင်းစေတယ်။
✔️ကြွက်တက်တာသက်သာတယ်။
✔️နာကျင်မှုကိုပြေလျော့စေတယ်။



သုခအိမ် Pharmacy မှာ ဝယ်ယူနိုင်ပါပြီ။

ဆိုင်(၁)

အမှတ် (၉၄)၊ ဇင်္ဂမလမ်း၊ (၂/မြောက်) ရပ်ကွက်၊သာကေတမြို့နယ်၊ ရန်ကုန်။
(ထူပါရုံမှတ်တိုင်)
09 440 55 6600 (Viber)
09 75 24 777 24 (Viber)

ဆိုင်(၂)

အမှတ် (၁၀၀)၊ စည်ပင်လမ်း၊ ၂၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
(ဂိတ်ဟောင်းမှတ်တိုင်)
09 440 858 858 (Viber)
09 75 76 77 941 (Viber)

အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပါတယ်။




02/04/2026

အစုံပါတဲ့ ကလေးအားဆေးရည်

02/04/2026

က မှာ ပါ ပါဝင်လို့ #နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ခေါင်းလျှော်ပြီးတိုင်း ရေဆင်းပေါက်မှာ ပုံနေတဲ့ ဆံပင်တွေကိုကြည့်ပြီး ငါ ခေါင်းခဏခဏ လျှော်လို့ ဆံပင်တွေ အကုန်ကျွတ်ကုန်တော့...
02/04/2026

ခေါင်းလျှော်ပြီးတိုင်း ရေဆင်းပေါက်မှာ ပုံနေတဲ့ ဆံပင်တွေကိုကြည့်ပြီး ငါ ခေါင်းခဏခဏ လျှော်လို့ ဆံပင်တွေ အကုန်ကျွတ်ကုန်တော့မှာလားဆိုပြီး စိုးရိမ်နေကြပြီလား? 🚿💇‍♀️

🛑 တကယ်တော့ ခေါင်းလျှော်တာက ဆံပင်ကျွတ်စေတာ မဟုတ်ပါဘူး ....

👩‍⚕️ ဒါကတော့ အားလုံးကို အရင်ဆုံး သိစေချင်တဲ့အချက်ပါ။

💁‍♀️ တကယ်တော့ ခေါင်းလျှော်တဲ့အခါ ကျွတ်လာတဲ့ ဆံပင်တွေဟာ ကျွတ်ဖို့ အချိန်တန်နေတဲ့ ဆံပင်တွေ (Telogen Phase) သာ ဖြစ်ပါတယ်။

👩‍⚕️ ကျွန်မတို့ရဲ့ ဆံပင်တွေဟာ သဘာဝအရ တစ်နေ့ကို အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ခေါင်းမလျှော်ဘဲ နေတဲ့ရက်တွေမှာ အဲဒီကျွတ်ရမယ့်ဆံပင်တွေက ဦးရေပြားမှာ ကပ်နေပြီး ခေါင်းလျှော်လိုက်တဲ့အခါကျမှ တစ်ပြိုင်နက်တည်း ထွက်လာတာမို့လို့ ဆံပင်တွေအများကြီး ကျွတ်သွားတယ်လို့ ထင်ရတာပါ။

💡 ဒါဆို ဘယ်လိုအခြေအနေမျိုးမှာ ဆံပင်ပိုကျွတ်နိုင်သလဲ?
💁‍♀️ ခေါင်းခဏခဏလျှော်တာထက် ဘယ်လိုလျှော်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဆံပင်ကို ပိုကျွတ်စေတဲ့ အချက်တွေရှိပါတယ် ....

📌 ရေပူနဲ့ လျှော်ခြင်း
📌 ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း
📌 ဆံပင်စိုစိုကြီးနဲ့ ဘီးဖြီးခြင်း

ဒီလိုအချက်တွေကြောင့်တင် မဟုတ်ဘဲ အာဟာရဓာတ်တွေ ချို့တဲ့နေရင်လည်း ဆံပင်က ပုံမှန်ထက် ပိုကျွတ်တတ်ပါတယ် ...

📌 သံဓာတ်ချို့တဲ့ခြင်း
သွေးအားနည်းရင် ဆံပင်အမြစ်ဆီကို အောက်ဆီဂျင် အရောက်နည်းသွားလို့ ဆံပင်ကျွတ်တတ်ပါတယ်။
📌 ဇင့်ဓာတ်ချို့တဲ့ခြင်း
ဆံသားတစ်ရှူးတွေ ပြန်လည်ပြုပြင်ဖို့နဲ့ ဦးရေပြား အဆီဂလင်းတွေ ပုံမှန်အလုပ်လုပ်ဖို့ ဇင့်ဓာတ်က အရေးကြီးပါတယ်။
📌 ဘိုင်အိုတင် (Biotin) ချို့တဲ့ခြင်း
ဆံသားကို တည်ဆောက်တဲ့ Protein ထုတ်လုပ်မှုကို အားပေးတဲ့ ဗီတာမင်ဖြစ်လို့ ဒါချို့တဲ့ရင် ဆံသားကြွပ်ဆတ်ပြီး ကျိုးလွယ်တတ်ပါတယ်။

✅ ဒီလို ဆံပင်ကျွတ်တာတွေ မဖြစ်အောင် ဘာတွေလုပ်သင့်လဲ?

📌 ဦးရေပြား အမျိုးအစားအလိုက် လျှော်ပါ။ အဆီပြန်တဲ့ ဦးရေပြားရှိရင် တစ်နေ့တစ်ခါ လျှော်လို့ရပေမယ့်၊ ဦးရေပြားခြောက်ရင်တော့ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက်ပဲ လျှော်သင့်ပါတယ်။

📌 Conditioner သုံးပါ။ ဆံပင်အဖျားပိုင်းကိုပဲ လိမ်းပေးပါ။

📌 ကိုယ်နဲ့ သင့်တော်မယ့် ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။ Chemical ပြင်းတာတွေထက် ကိုယ့်ဦးရေပြားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို သေချာရွေးချယ်ပါ။

👩‍⚕️ ခေါင်းလျှော်တာက ဆံပင်ကို ကျွတ်စေတာမဟုတ်ဘဲ ဦးရေပြားမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီတွေကို သန့်စင်ပေးတာဖြစ်လို့ ဆံပင်သန်ဖို့အတွက် ပိုတောင် အထောက်အကူပြုပါသေးတယ်။ ဒါကြောင့် ဆံပင်ကျွတ်မှာ ကြောက်ပြီး ခေါင်းမလျှော်ဘဲ မနေပါနဲ့နော်။ ဦးရေပြား မသန့်ရှင်းရင် ဗောက်ထပြီး ဆံပင်ပိုကျွတ်နိုင်လို့ပါ။

ဆံပင်ကျွတ်တာ သက်သာပြီး ပိုသန်လာစေဖို့ ဒီလိုဖြည့်စွက်ဆေးတွေကို မှီဝဲပေးလို့ ရပါတယ် ....

💊Biotin (Vitamin B7)
ဆံသားကို ပိုမိုခိုင်မာစေပြီး အသစ်ပြန်ပေါက်ဖို့ အားပေးပါတယ်။
💊 Zinc & Selenium
ဦးရေပြား ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက်ကာကွယ်ပေးပါတယ်။
💊 Iron & Vitamin C
သံဓာတ်စုပ်ယူမှုကောင်းအောင် ဗီတာမင်စီနဲ့ တွဲသောက်ပေးရင် ဆံပင်ကျွတ်တာကို သိသိသာသာ သက်သာစေပါတယ်။
💊 Omega-3 Fatty Acids
ဦးရေပြားကို ရေဓာတ်ပြည့်ဝစေပြီး ဆံသားကို ပြောင်လက်တောက်ပစေပါတယ်။

💊 ကျွန်မတို့ရဲ့ သုခအိမ် Pharmacy မှာလည်း ဆံသားနဲ့ပတ်သက်ပြီး လိုအပ်တဲ့ supplements ဆေးဝါးများကို ရရှိနိုင်တာမို့ ဆိုင်ကို ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို အွန်လိုင်းကနေ ဆက်သွယ်ပြီး မှာယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ ....

သုခအိမ် Pharmacy
ဆိုင်(၁)
အမှတ် (၉၄)၊ ဇင်္ဂမလမ်း၊ (၂/မြောက်) ရပ်ကွက်၊သာကေတမြို့နယ်၊ ရန်ကုန်။
(ထူပါရုံမှတ်တိုင်)
09 440 55 6600 (Viber)
09 75 24 777 24 (Viber)

ဆိုင်(၂)
အမှတ် (၁၀၀)၊ စည်ပင်လမ်း၊ ၂၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
(ဂိတ်ဟောင်းမှတ်တိုင်)
09 440 858 858 (Viber)
09 75 76 77 941 (Viber)

အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပါတယ်။







#ဆံပင်ကျွတ်ခြင်း

ကာကွယ်ဆေး ဆိုတာ အခုထိုး အခုမကာကွယ်ပါဘူး။ ဆေးထိုးပြီး ၂-၄ ပတ် အကြာမှ ကိုယ်ခံအားထွက်တာပါ။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို အခု Ma...
01/04/2026

ကာကွယ်ဆေး ဆိုတာ အခုထိုး အခုမကာကွယ်ပါဘူး။

ဆေးထိုးပြီး ၂-၄ ပတ် အကြာမှ ကိုယ်ခံအားထွက်တာပါ။

ရာသီတုပ်ကွေး ကာကွယ်ဆေးကို အခု March လမှာ ထိုးထားရင် လာမယ့် မိုးဦးမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးကို ကာကွယ်ဖို့ အဆင်သင့်ပါပဲ။

အိမ်မှာတော့ ကလေးလူကြီး အကုန်ထိုးပြီးပြီ။




ချစ်စရာရေခဲmold နဲ့ ရေသန့်ရေခဲတုံးလေး လုပ်ထားလိုက်ရေခဲကပ်မယ်ဆို အလွယ်တကူ ကပ်လို့ရတယ်။သုခအိမ် Pharmacy မှာ ဝယ်ယူနိုင်ပါပြ...
31/03/2026

ချစ်စရာရေခဲmold နဲ့ ရေသန့်ရေခဲတုံးလေး လုပ်ထားလိုက်

ရေခဲကပ်မယ်ဆို အလွယ်တကူ ကပ်လို့ရတယ်။

သုခအိမ် Pharmacy မှာ ဝယ်ယူနိုင်ပါပြီ။

ဆိုင်(၁)

အမှတ် (၉၄)၊ ဇင်္ဂမလမ်း၊ (၂/မြောက်) ရပ်ကွက်၊သာကေတမြို့နယ်၊ ရန်ကုန်။
(ထူပါရုံမှတ်တိုင်)
09 440 55 6600 (Viber)
09 75 24 777 24 (Viber)

ဆိုင်(၂)

အမှတ် (၁၀၀)၊ စည်ပင်လမ်း၊ ၂၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
(ဂိတ်ဟောင်းမှတ်တိုင်)
09 440 858 858 (Viber)
09 75 76 77 941 (Viber)

အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပါတယ်။




#ရေခဲကပ်ခြင်းအကျိုး

27/03/2026

#ဆံပင်ပေါက် #ဆံပင်သန် ဖျန်းဆေး

နေပူရှိန်က တဖြည်းဖြည်း ပြင်းထန်လာတာနဲ့အမျှ အပြင်ထွက်တဲ့အခါ ခေါင်းနည်းနည်း မူးသလိုလို၊ ရင်တုန်သလိုလို ဖြစ်ဖူးကြမှာပါ။ 💁‍♀...
27/03/2026

နေပူရှိန်က တဖြည်းဖြည်း ပြင်းထန်လာတာနဲ့အမျှ အပြင်ထွက်တဲ့အခါ ခေါင်းနည်းနည်း မူးသလိုလို၊ ရင်တုန်သလိုလို ဖြစ်ဖူးကြမှာပါ။

💁‍♀️ ဒါဟာ ရိုးရိုးပင်ပန်းတာလား?
(ဒါမှမဟုတ်) အသက်အန္တရာယ်ရှိတဲ့ Heatstroke ဖြစ်ဖို့ လမ်းစလား?
ဆိုတာ ခွဲခြားသိထားဖို့ (အရမ်း) အရေးကြီးပါတယ်။

⚠️ အရင်ဆုံး မတူညီတဲ့ အခြေအနေ (၂) ခုကို အရင်ခွဲခြားကြည့်ရအောင် ....

နွေရာသီမှာ အဖြစ်များတဲ့ အပူဒဏ်ပြဿနာကို အဆင့် (၂) ဆင့် နဲ့ မှတ်သားထားလို့ ရပါတယ်။

Heat Exhaustion
(အပူလွန်ကဲပြီး ပင်ပန်းနွမ်းနယ်ခြင်း)
👩‍⚕️ ဒါကတော့ ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တော့ဘူးလို့ သတိပေးချက် (Warning Signal) ပေးနေတာပါ။

💁‍♀️ လက္ခဏာတွေကတော့ ချွေးတွေ အလွန်အမင်းထွက်မယ်၊ လူက နုံးချိနေမယ်၊ ပျို့အန်ချင်မယ်၊ ကြွက်တက်မယ်၊ ရင်တုန်ပြီး အသက်ရှူမြန်လာမယ်။

ဒီလို အချိန်မှာ ဘာလုပ်ရမလဲ?
📌 ချက်ချင်း အေးမြတဲ့နေရာကို ရွှေ့ပါ။
📌 ရေအေးအေး (သို့) ဓာတ်ဆားရည် သောက်ပါ။
📌 အဝတ်အစားတွေ ချောင်ချိအောင် လုပ်ပြီး အနားယူပါ။
Heat exhaustion က အချိန်မီ ကုသရင် ၁ နာရီအတွင်း သက်သာနိုင်ပါတယ်။

Heatstroke
(အပူလျှပ်ခြင်း)
👩‍⚕️ ဒါကတော့ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ် ပျက်စီးသွားတာဖြစ်လို့ အသက်အန္တရာယ် အရမ်းနီးစပ်ပါတယ်။
💁‍♀️ လက္ခဏာများကတော့ ကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (အထက်) တက်လာမယ်။ ထူးခြားတာက ချွေး လုံးဝ မထွက်တော့ဘဲ အသားအရေတွေ နီရဲခြောက်သွေ့နေတာပါ။ စကားတွေ ဗလုံးဗထွေးဖြစ်မယ်၊ သတိလစ်သွားမယ်၊ တက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

👩‍⚕️ ဒီလိုဖြစ်လာရင် ဘာလုပ်ရမလဲ?
💁‍♀️ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း ပို့ရပါမယ်။ လူနာကို ရေပတ်တိုက်ပေးတာ၊ ယပ်ခတ်ပေးတာမျိုးနဲ့ အပူချိန်ကျအောင် အမြန်ဆုံး လုပ်ပေးရပါမယ်။

💡 အခုလို အပူလျှပ်ခြင်းကနေ ကင်းဝေးဖို့ ဒါလေးတွေကို မမေ့ပါနဲ့ ...
📌 ရေကို နည်းနည်းနဲ့ ခဏခဏသောက်ပါ။ ရေငတ်မှသောက်တာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ထဲ ရေဓာတ် အမြဲရှိနေပါစေ။
📌 နေရောင်ခြည်ကို ရှောင်ပါ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်ထွက်တာမျိုး တတ်နိုင်သမျှ ရှောင်ပါ။
📌 ချည်သားအဝတ်အစား ပွပွချောင်ချောင်လေးတွေ ဝတ်ပါ။ လေဝင်လေထွက်ကောင်းစေလို့ အပူဒဏ်ကို သက်သာစေပါတယ်။
📌 အကာအကွယ်ယူပါ။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်နဲ့ Sunscreen ကို မမေ့မလျော့ အသုံးပြုပါ။

👩‍⚕️ ဒီအချက်လေးတွေက ကိုယ့်အတွက်တင်မကဘဲ ဘေးနားက မိသားစုဝင်တွေအတွက်လည်း အသုံးဝင်တာမို့ Share လေးလုပ်ပြီး တဆင့်မျှဝေပေးလိုက်ပါဦးနော် ....

💊 ကျွန်မတို့ရဲ့ သုခအိမ် Pharmacy မှာလည်းလိုအပ်တဲ့ ဆေးဝါးများကို ရရှိနိုင်တာမို့ ဆိုင်ကို ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို အွန်လိုင်းကနေ ဆက်သွယ်ပြီး မှာယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ ....

ဆိုင်(၁)
အမှတ် (၉၄)၊ ဇင်္ဂမလမ်း၊ (၂/မြောက်) ရပ်ကွက်၊ ထူပါရုံမှတ်တိုင်၊ သာကေတမြို့နယ်၊ ရန်ကုန်။
09 440 556 600 (Viber)
09 75 24 77 724

ဆိုင်(၂)
အမှတ် (၁၀၀)၊ စည်ပင်လမ်း၊ ၂၄ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
09 440 858 858 (Viber)
09 75 76 77 941








#နွေရာသီကျန်းမာရေး

25/03/2026

အခုတလော လူငယ်တွေ အမေးများတဲ့ #ရေခဲ #ချွေးပေါက်ကျဉ်း တယ် #ရောင်ရမ်းမှုကျတယ် #သွေးလည်ပတ်မှုကောင်းတယ်

✔️အရေပြား ရောင်ရမ်းနာ ✔️အရေပြား ပြည်တည်နာ✔️အရေပြား ပိုးဝင်လို့ ဖြစ်တဲ့ အနာအမျိုးမျိုးအတွက် လိမ်းဆေး   cream  cream 2%တစ်...
11/03/2026

✔️အရေပြား ရောင်ရမ်းနာ

✔️အရေပြား ပြည်တည်နာ

✔️အရေပြား ပိုးဝင်လို့ ဖြစ်တဲ့ အနာအမျိုးမျိုး

အတွက် လိမ်းဆေး

cream

cream 2%

တစ်နေ့ ၂-၃ ကြိမ် လိမ်းပါ။

သုခအိမ် Pharmacy မှာ ဝယ်ယူနိုင်ပါပြီ။

ဆိုင်(၁)
အမှတ် (၉၄)၊ ဇင်္ဂမလမ်း၊ (၂/မြောက်) ရပ်ကွက်၊သာကေတမြို့နယ်၊ ရန်ကုန်။
(ထူပါရုံမှတ်တိုင်)
09 440 55 6600 (Viber)
09 75 24 777 24 (Viber)

ဆိုင်(၂)
အမှတ် (၁၀၀)၊ စည်ပင်လမ်း၊ ၂၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
(ဂိတ်ဟောင်းမှတ်တိုင်)
09 440 858 858 (Viber)
09 75 76 77 941 (Viber)

အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပါတယ်။





👉ချွေးထွက်များတဲ့ အခါ👉ဝမ်းပျက်ဝမ်းလျောတဲ့အခါ‼️ဓာတ်ဆားရေသောက်ပါ‼️   🍊လိမ္မော်အရသာ 🥛ရေ 200ml နဲ့ ဖျော်တဲ့တခါသောက် အထုပ်သေး...
10/03/2026

👉ချွေးထွက်များတဲ့ အခါ

👉ဝမ်းပျက်ဝမ်းလျောတဲ့အခါ

‼️ဓာတ်ဆားရေသောက်ပါ‼️





🍊လိမ္မော်အရသာ

🥛ရေ 200ml နဲ့ ဖျော်တဲ့

တခါသောက် အထုပ်သေးလေး။

သုခအိမ် Pharmacy မှာ ဝယ်ယူနိုင်ပါပြီ။

ဆိုင်(၁)
အမှတ် (၉၄)၊ ဇင်္ဂမလမ်း၊ (၂/မြောက်) ရပ်ကွက်၊သာကေတမြို့နယ်၊ ရန်ကုန်။
(ထူပါရုံမှတ်တိုင်)
09 440 55 6600 (Viber)
09 75 24 777 24 (Viber)

ဆိုင်(၂)
အမှတ် (၁၀၀)၊ စည်ပင်လမ်း၊ ၂၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
(ဂိတ်ဟောင်းမှတ်တိုင်)
09 440 858 858 (Viber)
09 75 76 77 941 (Viber)

အိမ်အရောက်ပို့ ဝန်ဆောင်မှုရှိပါတယ်။

#ဓာတ်ဆား


Address

No(94), Zingama Road , 2/North Quarter, Tharkayta Township
Yangon
11231

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when သုခအိမ် Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share