NAPS - Myanmar

NAPS - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NAPS - Myanmar, Medical and health, Yangon.

NAPS-Myanmar is a non-governmental, non-political, non-religious, and non-profit umbrella association to unite pharmacy students across Myanmar, fostering professional growth and development.

အားလုံးပဲ မင်္ဂလာပါခင်ဗျNAPS Myanmar page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါမှာတော့ လတ်တစ်လော INDIA မှာအဖြစ်များနေတဲ့နီ...
25/02/2026

အားလုံးပဲ မင်္ဂလာပါခင်ဗျ

NAPS Myanmar page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ခါမှာတော့ လတ်တစ်လော INDIA မှာအဖြစ်များနေတဲ့

နီပါးဗိုင်းရပ်စ် (Nipah Virus) အကြောင်း

ပြောပြချင်ပါတယ်။

Nipah Virus ဆိုတာ ဘာလဲ?

Nipah Virus ဟာ ၁၉၉၈တွင် MALAYSIA တွင်စတင်ဖြစ်ပွားခဲ့ပါတယ်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သော Zoonotic Virus အမျိုးအစားဖြစ်သည်။ ၎င်းဟာ Paramyxoviridae မျိုးရင်း၊ Henipavirus မျိုးစုတွင် ပါဝင်ပြီး ပြင်းထန်သော ဦးနှောက်ရောင်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပါတယ်။ Pteropodidae မျိုးရင်းဝင် အသီးစားလင်းနို့များ (Fruit Bats)ဟာ Nipah Virus၏ သဘာဝအလျောက် ခိုအောင်းရာ သက်ရှိ(Natural Host)များဖြစ်ပါတယ်။

Nipah Virusဟာစတင်ဖြစ်ပွားရာ ၁၉၉၈ မှ ၂၀၂၆အထိ ကူးစက်ခံရသူ ၇၅၄ ယောက်ရှိခဲ့ပြီး ဆုံးသူ ၄၃၅ယောက် ရှိခဲ့ ရှိခဲ့ပါတယ်။ ၄၀% မှ ၇၅% အထိ သေဆုံးနိုင်တာ ကြောင့်အလွန်အန္တရာယ်များ လွန်အန္တရာယ်များသော ဗိုင်းရပ်စ်ဖြစ်ပါတယ်။

၊ ဘယ်လိုကူးစက်နိုင်သလဲ?(Transmission)

* တိရစ္ဆာန်မှတစ်ဆင့် လူသို့ - အထူးသဖြင့် လင်းနို့ (Pteropodidae family) များ စားထားသော အသီးအနှံများ၊ လင်းနို့အညစ်အကြေးများနှင့် ထိတွေ့မိရာမှ ကူးစက်တတ်ပါတယ်။ (ဥပမာ -ထန်းရည်၊ သစ်သီးဝလ်များ)။ ရောဂါရှိသော ဝက်များနှင့် ထိတွေ့ကိုင်တွယ်ရာမှလည်း ကူးစက်နိုင်ပါတယ်။

* လူမှတစ်ဆင့် လူသို့ - ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များ (တံတွေး၊ ဆီး၊ သွေး) နှင့် တိုက်ရိုက်ထိတွေ့ရာမှ ကူးစက်နိုင်ပါတယ်။

* ရောဂါလက္ခဏာများ (Symptoms)

ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၅ ရက်မှ ၁၄ ရက်အတွင်း အောက်ပါလက္ခဏာများ စတင်ပြလေ့ရှိပါတယ်။

- ဖျားခြင်း၊

- ခေါင်းကိုက်ခြင်း၊

- ချောင်းဆိုးခြင်း၊

- လည်ချောင်းနာခြင်း၊

- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊

- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊

- အော့အန်ခြင်း၊

- ပြင်းထန်ပါက သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း နှင့် ဦးနှောက်ရောင်ခြင်း (Encephalitis) တို့ ဖြစ်ပွားနိုင်ပါတယ်

ကာကွယ်ရမည့် နည်းလမ်းများ (Prevention)

လက်ရှိတွင် Nipah Virus အတွက် သီးသန့်ကာကွယ်ဆေး မရှိသေးပါ။ ဒါ့ကြောင့် "ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်"ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အောက်ပါတို့ကို သေချာစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။

သစ်သီးများကို သေချာစွာ ဆေးကြောပါ။

ငှက် သို့မဟုတ် လင်းနို့ ကိုက်ထားသော အမှတ်အသားပါသည့် အသီးအနှံများကို ရှောင်ကြဉ်ပါ။

အသီးများကို မစားမီ အခွံခွာပြီး ရေစင်စင်ဆေးပါ။

ထန်းရည်များတွင် လင်းနို့ အညစ်အကြေး ပါဝင်နိုင်သည့်အတွက် သေချာစွာ ကျိုချက်ပြီးမှ သောက်သုံးပါ။

တိရစ္ဆာန်များနှင့် ထိတွေ့မှု (အထူးသဖြင့် ဖျားနာနေသော ဝက်များ၊ လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်း) ကို ရှောင်ကြဉ်ပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး အထူးဂရုစိုက်ပါ(လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ)။

လူနာကို ပြုစုရာတွင် PPE ဝတ်စုံ၊ Mask နှင့် လက်အိတ်များကို စနစ်တကျ အသုံးပြုပါ။

ကဲ လက်ရှိသီတင်းတွေမှာHOT ဖြစ်နေတဲ့NIPAH VIRUS အကြောင်းလေးတင်ပြလိုက်ပါတယ်။ဖတ်ရှုပြီးဗဟုသုတတိုးပွားသွားရင်လဲ NAPS page ကို Like
and share လေးလုပ်သွားပေးပါအုန်း။

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ NAPSအဖွဲ့သားအားလုံးကဆုတောင်းပေးလိုက်ပါတယ်ဗျ။

Welcome to our "VAMPIRE CUP" 🧛🦇🧛 Vampire လို့ကြားတာနဲ့ သွေးစုပ်မယ့် creatureလို့မြင်ကြပါလိမ့်မယ် ဒါပေမယ့် အခုကတော့ မတူပါ...
22/02/2026

Welcome to our "VAMPIRE CUP" 🧛🦇

🧛 Vampire လို့ကြားတာနဲ့ သွေးစုပ်မယ့် creatureလို့မြင်ကြပါလိမ့်မယ် ဒါပေမယ့် အခုကတော့ မတူပါဘူး NAPS-Myanmarက နေ introduce လုပ်ချင်တဲ့ VAMPIRE CUP ကတော့ သွေးမစုပ်ဘူး သွေးလှူပြီး အသက်ကယ်မယ့် vampire heroလေးတွေ စုဝေးမယ့် နေရာပါ။

🤔 Vampire hero ဖြစ်ဖို့ ဘာတွေလို မလဲ?
Super power ‌တွေလည်း မလိုသလို ၊ငွေကြေးတွေလည်းမလိုအပ်ပါဘူး ။တကယ်လိုအပ်တာကတော့ ကြင်နာပြီး‌ စာနာစိတ် နဲ့ စေတနာ ထက်သန်တဲ့နှလုံးသားတစ်စုံနဲ့အတူ သင့်ရဲ့ အချိန်မိနစ် အနည်းငယ်သာလိုအပ်ပါတယ်။
ဒါပေမယ့်ရရှိလာနိုင်တဲ့ အကျိုးကတော့ အသက်တစ်ချောင်းကို ကယ်လိုက်နိုင်ပါ‌တယ်။

🩸သွေးလှူဒါန်းခြင်းဟာ အနာဂါတ်တခုကိုလှူဒါန်းခြင်း တနည်းအားဖြင့် အသက်ကို အလှူပေးခြင်းဆိုတဲ့မွန်မြတ်တဲ့အလုပ်တခုဆိုလည်းမမှားပါဘူး။

Hospital တခုရဲ့ ER ထဲ မှာ သူတို့ရဲ့ ဘဝတွက် အသက်လုတိုက်ပွဲဝင်နေရတဲ့ patient များစွာရဲ့ hero က သင်ဖြစ်လာနိုင်ပါတယ်။

Date : Feb, 28, 2026 (Saturday)
Time : 9:00AM-11:00AM , 11:00AM-1:00PM , 1:00PM-3:00PM
Location : Mandalay General Hospital 🏥

Register here
https://docs.google.com/forms/d/e/1FAIpQLSdUeCtHc43ZjXtF0lW8kk7JsMAI5PiPqFje7A6Ir9OTX5dMPg/viewform

အသေးစိတ်သိလိုပါက page chatboxမှာ လာရောက်မေးမြန်နိုင်ပါတယ်ရှင့်။ ❤️

🧛Be the vampire that gives life.
🩸Be the reason someone survives.
🔥 Be the flex that actually matters .

ဒါကြောင့် NAPS-Myanmar ရဲ့ Vampire Cup မှာ အတူပါဝင်ပြီး ကိုယ်တိုင် Vampire Hero လုပ်ဖို့ တွက် ဖိတ် ခေါ်ပါရစေ ရှင်။

🧛VAMPIRE CUP CAMPAIGN 2026 🧛‍♀️🩸
Be a hero. Save a life. Win the Cup.

NAPS-Myanmar proudly invites you to participate in our Blood Donation Campaign at Mandalay General Hospital.

Every drop counts.
Every donor matters.
Every life saved begins with YOU.

🏆 Receive a Certificate of Participation.
🩺 Support patients in urgent need of blood.

📍 Location: Mandalay General Hospital 🏥
📅 Limited slots available - Register now.

Donate blood. Earn respect. Become someone’s silent miracle.❤️✨

Register here :

https://docs.google.com/forms/d/e/1FAIpQLSdUeCtHc43ZjXtF0lW8kk7JsMAI5PiPqFje7A6Ir9OTX5dMPg/viewform

Ramadan Kareem🌙May this Ramadan bring light to your heart, peace to your mind, and blessings to your life🤗✨From NAPS Mya...
18/02/2026

Ramadan Kareem🌙
May this Ramadan bring light to your heart, peace to your mind, and blessings to your life🤗✨
From NAPS Myanmar💊✨

🎇 Xin Nian Kuai LeGong Xi Fa Cai 🧧အားလုံးကို ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေလို့ NAPS Myanmar ကနေ ဆုတောင်းပေးလိုက်...
17/02/2026

🎇 Xin Nian Kuai Le
Gong Xi Fa Cai 🧧

အားလုံးကို ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေလို့ NAPS Myanmar ကနေ ဆုတောင်းပေးလိုက်ပါတယ်။ 🤗

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့အတူ ကံကောင်းခြင်းတွေ၊ စည်းစိမ်ဥစ္စာတွေ အများကြီး ပိုင်ဆိုင်နိုင်ကြပါစေ။ ✨

မင်္ဂလာပါရှင်။ ဒီနေ့ခေတ်မှာ ဆေးသောက်တဲ့အခါ“ဒီဆေးက brand မဟုတ်ဘူးလား?”“Generic ဆေးဆို အာနိသင်နည်းတာမဟုတ်ဘူးလား?”ဆိုပြီး ပ...
12/02/2026

မင်္ဂလာပါရှင်။
ဒီနေ့ခေတ်မှာ ဆေးသောက်တဲ့အခါ
“ဒီဆေးက brand မဟုတ်ဘူးလား?”
“Generic ဆေးဆို အာနိသင်နည်းတာမဟုတ်ဘူးလား?”
ဆိုပြီး ပြောကြတာ မကြာခဏ ကြားရတယ်နော် 😅
နာမည်မတူတာနဲ့ ဆေးမတူဘူးလို့ ထင်နေကြတာ…
တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး 👀💊
Generic name နဲ့ Brand name ကို မခွဲမသိလို့ ဖြစ်လာတဲ့ misunderstanding လေးတွေပါပဲ။
ဒါကြောင့် ဒီနေ့မှာတော့
“Generic name နဲ့ Brand name က ဘာကွာလဲ? ဘာတွေတူလဲ?”
ကို လွယ်လွယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ပြောပြမယ်နော် ✨
Generic name ဆိုတာက ဆေးရဲ့ အမှန်တကယ် နာမည်ပါ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဒီနာမည်ကိုပဲ သုံးကြပါတယ်။ ဆေးထဲမှာ ပါတဲ့ အဓိက substance ကို အခြေခံထားတဲ့ နာမည်ဖြစ်လို့ ဆရာဝန်တွေ၊ pharmacy ကျောင်းသားတွေ အများဆုံးသုံးကြပါတယ်။

Brand name ဆိုတာက ဆေးကုမ္ပဏီတွေက ကိုယ်ပိုင်ပေးထားတဲ့ နာမည်ပါ။ ဆေးတစ်မျိုးတည်းပဲ ဖြစ်ပေမယ့် ကုမ္ပဏီမတူရင် နာမည်မတူကြပါဘူး။ စျေးကွက်ထဲမှာ လူသိများအောင် ရောင်းချဖို့အတွက် သုံးတဲ့ နာမည်လို့လည်း ပြောလို့ရပါတယ်။

Generic နဲ့ Brand ဆေးတွေ တူလားဆိုရင်တော့..
အခြေခံအားဖြင့် တူပါတယ်။ အဓိကပါဝင်ပစ္စည်း၊ အာနိသင်တွေ တူတူပါပဲ။ မတူတာကတော့ နာမည်၊ အထုပ်အပိုးနဲ့ စျေးပဲ ဖြစ်ပါတယ်။ Brand ဆေးတွေက ကြော်ငြာ၊ brand image စတဲ့ အကြောင်းကြောင့် စျေးနည်းနည်းကြီးတတ်ပါတယ်။
လွယ်လွယ်နားလည်အောင် ပြောရမယ်ဆိုရင် Generic name ကို ဆေးရဲ့ “အမည်ရင်း” လို့ နားလည်လို့ရပါတယ်။
Brand name ကိုတော့ “ကုမ္ပဏီက ပေးထားတဲ့ နာမည်” လို့ပဲ ထင်ရင်ရပါတယ်။

ဥပမာ – Paracetamol က Generic name ဖြစ်ပြီး Panadol, Calpol တို့က Brand name တွေပါ။

Brand ဆေးတွေ ဘာကြောင့် စျေးကြီးလဲ?
Brand ဆေးတွေက ကြော်ငြာလုပ်ရတယ်၊ brand တည်ဆောက်ရတယ် ဆိုတော့ စရိတ်ပိုကုန်ပါတယ်။ Generic ဆေးတွေကတော့ အဓိက ဆေးအာနိသင်ကိုပဲ ဦးစားပေးထားလို့ စျေးပိုသက်သာပါတယ်။

ဒါဆို ဘာကြောင့် လူတိုင်းသိဖို့လိုအပ်တာလဲ။

ကိုယ်က သိထားတယ်ဆိုရင်
✔ဈေးသက်သာတဲ့ဆေးကို ရွေးနိုင်တယ် (money save 💸)
✔ အာနိသင်တူတဲ့ဆေးကို name မတူလို့ နှစ်ခါမသောက်မိခြင်းမှလည်း ကာကွယ်နိုင်တယ်
✔ အာနိသင်တူတယ် ဆိုတာ သိပြီး စိတ်ချလက်ချ သုံးစွဲနိုင်တယ်

Pharmacy student တစ်ယောက်အနေနဲ့ လည်း Generic နဲ့ Brand ကို ခွဲသိထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှ လူနာတွေကို မှန်ကန်တဲ့ အချက်အလက်ပေးနိုင်ပြီး စျေးသက်သာပြီး အာနိသင်တူတဲ့ ဆေးရွေးဖို့လည်း ကူညီပေးနိုင်ပါမယ်။

အကျဉ်းချုပ် အနေနဲ့ကတော့ နာမည်မတူပေမယ့် ဆေးအာနိသင်ကတော့ တူတူပါပဲ။
မှန်ကန်တဲ့ သိမြင်နားလည်မှုက လူနာအတွက် အကျိုးရှိစေပါတယ် 💚

အားလုံးပဲ မင်္ဂလာညခင်းလေးပါ 🫶🏻NAPS -Myanmar မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ လူတွေမှာ အဖြစ်များတဲ့ သွေးအားနည်း ရောဂါ...
05/02/2026

အားလုံးပဲ မင်္ဂလာညခင်းလေးပါ 🫶🏻NAPS -Myanmar မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ လူတွေမှာ အဖြစ်များတဲ့ သွေးအားနည်း ရောဂါအကြောင်းကို ဝေမျှသွားမှာပဲ ဖြစ်ပါတယ်။
Anemia(သွေးအားနည်းရောဂါ)

📍Anemia က ဘာလဲ။ဘယ်လိုမျိုးလဲ။❓🤔

🔬သင်တို့ရဲ့ခန္တာကိုယ်ထဲမှာရှိနေတဲ့သွေး‌တွေက delivery serviceလုပ်ငန်းတစ်ခုလိုပါပဲ။

Oxygenကိုသယ်ယူပို့ဆောင်ဖို့အတွက် ခန္တာကိုယ်ထဲမှာ ကျန်းမာတဲ့သွေးနီဥဆဲလ်တွေ

လုံလုံလောက်လောက်မရနိုင်တဲ့ အခြေအနေမှာ Anemiaရောဂါဖြစ်တတ်ပါတယ်။

🖇ရောဂါလက္ခဏာများ

╭☞ပင်ပန်းနွမ်းနယ်၍ အားမရှိသလိုခံစားရခြင်း

╭☞အသားအရေ၊နှုတ်ခမ်း၊လက်သည်းများ အရောင်ဖျော့နေခြင်း

╭☞ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း

╭☞အသက်ရှူမဝခြင်း

╭☞နှလုံးခုန်မြန်ခြင်း

🔗Anemiaဖြစ်စေသောအကြောင်းအရင်းများ

➜သံဓာတ်အားနည်းခြင်း

➜ဗီတာမင် B 12 ချို့တဲ့ခြင်း

➜သွေးဆုံးရှုံးမှုများခြင်း(ဥပမာ-သွေးပမာဏများပြားစွာရာသီလာခြင်း၊သွေးထွက်သံယို

ထိခိုက်ဒဏ်ရာရရှိခြင်း)

👀Anemiaကိုဘယ်လိုလူ‌တွေက ပိုခံစားရနိုင်သလဲ။

➝ကလေးသူငယ်များနှင့် ဆယ်ကျော်သက်အရွယ်များ

➝ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ရာသီသွေးဆင်းများသောအမျိုးသမီးများ

➝အစာအာဟာရချို့တဲ့သူများ

🔑ဘယ်လိုနေထိုင်စားသောက်တာက အကောင်းဆုံးဖြစ်မလဲ။

☞ဟင်းနုနွယ်ရွက်၊ပဲအမျိုးမျိုး၊ဥများ၊အသည်းနှင့်အနီရောင်ရှိသောအသားများကဲ့သို့သံဓာတ်ကြွယ်၀စွာပါဝင်သောအစားအစာများစားသုံးပေးခြင်း။

☞လိမ္မော်သီး၊ခရမ်းချဉ်သီးကဲ့သို့ ဗီတာမင်စီပါ၀င်သောအသီးအနှံများစားသုံးခြင်း။

☞ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်ခြင်း။

☞နားလည်တတ်ကျွမ်းသော ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုပေးသူများ၏ ညွှန်ကြားချက်ဖြင့် ဖြည့်စွက်စာများသောက်သုံးခြင်း။

⭕️ဘယ်အချက်တွေကိုရှောင်ရှားရမလဲ။

💬ဆေးလိပ်သောက်ခြင်း၊အရက်သေစာအလွန်အကျွံသောက်စားခြင်း။

💬အာဟာရပါဝင်မှုနည်းပါးပြီး ကိုလက်စထရောပါဝင်သောအစာများစားခြင်း။

💬ပြင်းထန်၍ရှည်ကြာသောအစာရှောင်ခြင်းများ။

အဲ့တာကြောင့်Anemiaလို့ခေါ်တဲ့သွေးအားနည်းရောဂါကို စောစီးစွာကုသခြင်းနှင့် သင့်လျော်ညီညွတ်မျှတသောအာဟာရများဖြင့်သာ ကာကွယ်ကုသနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် Anemia နဲ့ပက်သက်တဲ့ သိသင့်စရာတွေ ကို ဖတ်ရှုလေ့လာပြီးပြီ ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ မိတ်ဆွေတွေက်ို ပြန်လည်မျှဝေနိုင်ပါပြီလို့ ယုံကြည်ပါတယ်။ အခြာသော ကျန်းမာရေး knowledage တွေကိုလည်း သိရအောင် NAPS -Myanmar ကို Like and follow လေး လုပ်ထားပါဦးနော်

"Healthy blood, healthier life"

Hello everyone 👋NAPS - Myanmar page ကနေ content လေးတွေကို အမြဲတမ်းစောင့်ကြည့်ပေးနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆ...
28/01/2026

Hello everyone 👋

NAPS - Myanmar page ကနေ content လေးတွေကို အမြဲတမ်းစောင့်ကြည့်ပေးနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆေးဝါးစိတ်ဝင်စားသူတွေကို admin team ကနေ ကျေးဇူးတင်ကြောင်း ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။ 🙏

ဒါပေမယ့် လောလောဆယ်တော့ admin တို့တွေ စာမေးပွဲလေးရှိနေလို့ရယ်၊ အလုပ်တွေရှုပ်ပြီး မအားဖြစ်နေလို့ရယ် ဒီရက်ပိုင်း active မဖြစ်နိုင်ဘူး ဖြစ်နေပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့၊ လာမယ့်အပတ်ကစပြီး content လေးတွေ ဝေဝေဆာဆာတင်ပြီး အားလုံးရှေ့ကို active ဖြစ်ဖြစ်နဲ့ ပြန်လာခဲ့ပါ့မယ်နော်။

See you soon!!!

Hello အာလုံးဘဲမင်္ဂလာပါ။ 💚✨Energy drinks (အားဖြည့်အချိုရည်)တွေကိုအမြဲသောက်မိနေတဲ့သူတွေရှိကြလား။🤷🏻‍♂️❓ဒီလိုစွဲစွဲလန်းလန်း...
03/01/2026

Hello အာလုံးဘဲမင်္ဂလာပါ။ 💚✨
Energy drinks (အားဖြည့်အချိုရည်)တွေကိုအမြဲသောက်မိနေတဲ့သူတွေရှိကြလား။🤷🏻‍♂️❓

ဒီလိုစွဲစွဲလန်းလန်းသောက်လေ့ရှိရင်နောက်ဆက်တွဲပြဿနာတွေလည်းကပ်လိုက်လာတယ်ဆိုတာကိုသတိထားဖို့လိုအပ်နေပါပြီ။
⚠️Energy drinksတွေမှာအဓိကပါဝင်တာက သကြားနဲ့ လူကိုနိုးကြားတက်ကြွစေနိုင်တဲ့caffeine ဓာတ်တို့ဖြစ်ပါတယ်။

ကဲဒါဆို Energy drinks တွေကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေဖြစ်မလဲ။

⚠️ Energy drinks ကသောက်လိုက်တာနဲ့ကိုယ်ရောစိတ်ပါလန်းဆန်းတက်ကြွစေပေမဲ့အလွန်အကျွံသောက်သုံးမိရင်ရေတိုအကျိုးဆက်အနေနဲ့
▪️ရင်တုန်ခြင်း၊
▪️သွေးပေါင်ချိန်တက်ခြင်း၊
▪️စိတ်မငြိမ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊
▪️အိပ်မပျော်ခြင်း၊
▪️ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊
▪️ရေဓာတ်ခမ်းခြောက်ခြင်း
စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
💡 ကလေးနဲ့ လူငယ်တွေက caffeine ကို ပိုမိုခံစားလွယ်တဲ့အတွက် အနည်းငယ်ပဲ သောက်ရင်တောင် ပြဿနာဖြစ်နိုင်ပါတယ်။

🚨Energy drinks တွေကို နေ့တိုင်းလိုလို သောက်နေမယ်၊ သို့မဟုတ် လိုအပ်တာထက် ပိုသောက်နေမယ်ဆိုရင် ရေရှည်အန္တရာယ်များအနေဖြင့်
▪️နှလုံးရောဂါ၊
▪️သွေးချို၊ ဆီးချို၊
▪️အဝလွန်ခြင်း၊
▪️စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (စိတ်လှုပ်ရှားမှုများ၊ အိပ်မပျော်မှုများ)၊
▪️ကျောက်ကပ်၊ အသည်း ထိခိုက်မှု
စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

⭐ ဒါဆိုမသောက်ရတော့ဘူးလား။ 🤷🏻‍♂️❓
မသောက်မိရင်အကောင်းဆုံးဖြစ်ပေမဲ့ တကယ်လိုအပ်လို့သောက်တဲ့အခါမျိုးမှာလဲ ချင့်ချိိန်ပြီးသောက်ဖို့အကြံပြုချင်ပါတယ်ရှင်။

🌿Energy drinksအစားထိုးအနေနဲ့ရောဘာတွေသောက်ရမလဲ။
Energy drinks အစား -
▪️ရေများများသောက်ပါ၊
▪️သဘာဝအသီးဖျော်ရည်တွေ သောက်နိုင်ပါတယ်။
▪️အရမ်းပင်ပန်းနေရင် တစ်ရေးတစ်မော အနားယူပါ။
▪️လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်းကလည်း ကိုယ်ခန္ဓာကို သဘာဝအတိုင်း အားပြန်ဖြည့်ပေးနိုင်ပါတယ်။
▪️ကော်ဖီ သို့မဟုတ် လက်ဖက်ရည်စိမ်းကိုလည်း သကြားနည်းနည်းနဲ့ ချင့်ချိန်သောက်နိုင်ပါတယ်။

✨ အဆုံးသတ်အနေနဲ့
Energy drinks တွေက ခဏတာအတွက် အားဖြည့်ပေးနိုင်ပေမဲ့ နောက်ဆက်တွဲဆိုးကျိုးများလည်း များပါတယ်။
ဒါကြောင့် သောက်မယ်ဆိုရင် caffeine နဲ့ sugar ပါဝင်မှုကို အရင်စစ်ဆေးပြီး ချင့်ချိန်သောက်ဖို့ မမေ့ပါနဲ့နော် 💚


On Christmas Day, NAPS-Myanmar spread Christmas cheer to our little babies and children in the wards with small festive ...
28/12/2025

On Christmas Day, NAPS-Myanmar spread Christmas cheer to our little babies and children in the wards with small festive gifts at 550-Bedded Children Hospital Mandalay. 🏥 🎄🎁✨

Tiny smiles, happy hearts, and lots of holiday magic filled the Children Hospital! We’re so thankful to our senior pharmacists and doctors for their kind support, and to everyone who helped make this joyful moment possible.🥰✨

Wishing everyone a Merry Christmas and a bright, happy New Year ahead 🎄☃️✨

Rx Adventure Week: Navigate Your Home Medicine Cabinet Winners Announcement NAPS-MYANMAR ရဲ့ ၇ ရက်တာ Quiz Challenge လေးမ...
25/12/2025

Rx Adventure Week: Navigate Your Home Medicine Cabinet Winners Announcement

NAPS-MYANMAR ရဲ့ ၇ ရက်တာ Quiz Challenge လေးမှာ ပါဝင်ဖြေဆိုခဲ့ကြတဲ့ ပရိသတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ✨

Challenge တစ်လျှောက် မေးခွန်းအားလုံးကို မှန်ကန်စွာနဲ့ 7-day streak ဖြေဆိုနိုင်ခဲ့ကြသူများကတော့ ဖော်ပြပါကံထူးရှင်များပဲဖြစ်ပါတယ်။🏆

Winner များအနေဖြင့်မိမိတို့ရရှိထားသော Phone Bill ဆုများကို NAPS-MYANMAR ရဲ့ page Chatbox (Messenger) မှတစ်ဆင့် ဆက်သွယ်ပြီး ထုတ်ယူနိုင်ပါပြီ။ 📱

ထပ်မံပြီးတော့လည်း NAPS-MYANMAR မှ စိတ်ဝင်စားဖွယ် လှုပ်ရှားမှုအသစ်တွေကို ပြုလုပ်သွားဖို့ရှိတာမလို့ page လေးကို like လုပ်ထားပြီးဆက်လက်စောင့်မျှော် အားပေးကြပါအုံးရှင်။

နောက်ထပ်အစီအစဥ်အသစ်တွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော် 💖
Merry Christmas everyone 🎅

We would like to express our heartfelt gratitude for her generous donation to NAPS-Myanmar.Her kindness and support have...
24/12/2025

We would like to express our heartfelt gratitude for her generous donation to NAPS-Myanmar.
Her kindness and support have deeply encouraged and inspired all of us.

The donated funds will be used responsibly and effectively for meaningful purposes. Your thoughtful contribution has given us strength, inspiration, and hope to move forward with even greater dedication.

As future pharmacists, we sincerely promise to continue striving toward our goal of serving the public and contributing to the well-being of society in the years to come.

We would like to extend our deepest appreciation to Ma Phyo Pa Pa Thein, Founder of Powerful Health Vitamins and Supplements, for her generous donation of 300,000 MMK, given with such kindness and goodwill. Your support will always be remembered and truly valued.🙏🏻🇲🇲🎄✨

NAPS-Myanmar ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် Mission နဲ့ Activities များအကောင်ထည်ဖော်နိုင်ရေးအတွက် Ma Phyo Pa Pa Thein , Powerful Health Vitamins and Supplements မှ မြန်မာငွေကျပ် (၃)သိန်းအား စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။

ယခုကဲ့သို့ စေတနာထက်သန်သော လှူဒါန်းပေးမှုအတွက် မြန်မာနိုင်ငံဆေးဝါးကျောင်းသားများ အဖွဲ့အစည်းအနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် နှစ်သစ်မှစ စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုး၊ ဆေးဝါးပညာရှင်များအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့်။

အနာဂတ်တွင်လည်း NAPS-Myanmar အနေနဲ့ ဆေးဝါးပညာရှင်များအဖြစ် လူမှုအသိုင်းအဝိုင်းအကျိုးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်းလည်း ဆေးဝါးပညာရှင်များအနေနဲ့ ကတိပြုအပ်ပါတယ်ရှင့်။ 🙏🏻🇲🇲🎄✨

-Myanmar

&Supplements

Rx Adventure Week: Navigate Your Home Medicine Cabinet Recap & Answersပထမဦးစွာ challenge လေးစတင်လိုက်တဲ့နေ့ကစပြီး နောက်ဆ...
22/12/2025

Rx Adventure Week: Navigate Your Home Medicine Cabinet Recap & Answers

ပထမဦးစွာ challenge လေးစတင်လိုက်တဲ့နေ့ကစပြီး နောက်ဆုံးနေ့အထိ ၇ ရက်လုံးလုံး တက်တက်ကြွကြွနဲ့ဝင်ရောက်ဖြေကြားပေးခဲ့ကြတဲ့ NAPS Myanmar ရဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်လို့ပြောပါရစေရှင်။ 🙏❤

📚 မေးခွန်းအားလုံးရဲ့ အဖြေမှန်များကိုလည်း အောက်မှာဖော်ပြပေးထားတာမလို့ ကိုယ့်အဖြေနဲ့ထပ်တူကျရဲ့လားဆိုတာ စစ်ကြည့်ပြီး comment မှာ ကိုယ်ရရှိတဲ့ score လေးတွေရေးပေးခဲ့ကြအုံးနော်😉

ဒီ Challenge မှာ မေးခွန်းအားလုံးကို မှန်ကန်စွာဖြေဆိုနိုင်ခဲ့တဲ့ ကံကောင်းသူများကိုလည်း ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ Phone bill ဆုလက်ဆောင်များနဲ့အတူ ဂုဏ်ပြုပေးသွားမှာမို့ စောင့်ကြည့်အားပေးကြပါနော်!🏆

✨ နောက်ထပ်လည်း ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာဗဟုသုတတွေကို မျှဝေပေးသွားမှာမလို့ NAPS Myanmar page လေးကို like လုပ်ထားပြီး စောင့်ကြည့်ပေးကြပါအုံးရှင်

သာယာသောညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ 🌙

Address

Yangon

Alerts

Be the first to know and let us send you an email when NAPS - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram