20/07/2025
ဒီအပတ်အတွက် မျှဝေပေးချင်တဲ့ အရာကတော့
မနက်စောစောထခြင်းဖြင့် ရနိုင်တဲ့ အကျိူးကျေးဇူး နံပါတ် ၂ နဲ့၃ ပဲ ဖြစ်ပါတယ်
(၂) YOU CAN SIT BACK AND ENJOY THE SUNRISE
ဒါလေး မပြောခင် နံပါတ် (၁) အချက်လေးကို အရင်ဖတ်ပေးစေချင်ပါတယ် ။ မနက် စောစောထ ခြင်းအားဖြင့် လှပတဲ့ မနက်ခင်းသဘာဝ တရားကို ထိတွေ့ခံစားနိုင်မှာပါ… နေ့တိုင်း အလုပ်နဲ့ အိမ်နဲ့ stress တွေ များနေတဲ့ အချိန်မှာ ကိုယ့်စိတ်လေး ကို သဘာဝ တရားနဲ့ စက္ကန့်ပိုင်းလေး ထိတွေ့လိုက်တယ် ဆိုရင်တောင်မှ အေးချမ်းမှုလေး ရရှိစေနိုင်မှာပါ။ မနက်နိုးနိုးချင်း အိမ်
ပြတင်းပေါက်ကနေ လင်းရောင်ခြည် ပျပျလေးနဲ့ နေထွက်လာတဲ့ အလင်းရောင် လေးကို ခံစားကြည့်လိုက်
ပါ… ကိုယ့်ရဲ့ တစ်နေ့တာ အစကို Calm Energy လေးနဲ့ စလိုက် ခြင်း က ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို လှုပ်နိူးလာစေမှာပါ…
(၃) IT’S THE PERFECT TIME TO IMPLEMENT NEW HEALTHY HABITS
လူအယောက်စီတိုင်းမှာ တူညီတဲ့ ၂၄ နာရီ ကိုယ်စီရှိကြပါတယ်။ ၂၄ နာရီကို ဘယ်လို စီမံခန့်ခွဲလဲပေါ်မူတည်ပြီး ကွာခြားကြတာပါ
မနက်စောစောထခြင်းအားဖြင့် ကိုယ့်အတွက် အချိန်ပို ထွက်လာပြီး Healthy Habits တွေ စတင်တည်ဆောက်ဖို့ အချိန်ကောင်း တစ်ခု ဖြစ်လာပါတယ်
ဥပမာအနေနဲ့ မနက်စာ ပြင်ဆင်ဖို့ အချိန် ၊ Yoga Time ၊ Taiso radio excercise time ၊ အစရှိတဲ့ ကိုယ် နှစ်သက်ရာ အလေ့အကျင့်ကောင်းလေးတွေ
စတင်ဖို့ အ ချိန် တွေ ထွက်လာမှာပါ..