CalBone K2 Myanmar

CalBone K2 Myanmar အရိုးကျန်းမာစိတ်ချမ်းသာ CalBone K2 ကိုမှီဝဲပါ

မနက်ခင်းနေရောင်ခြည်က အရိုးအတွက် ဘာကြောင့်အရေးကြီးလဲ🌅?☀မနက်ခင်းနေရောင်ခြည်ဟာ အရိုးကျန်းမာရေးအတွက် "သဘာဝကပေးတဲ့ အားဆေး" လိ...
03/03/2026

မနက်ခင်းနေရောင်ခြည်က အရိုးအတွက် ဘာကြောင့်အရေးကြီးလဲ🌅?

☀မနက်ခင်းနေရောင်ခြည်ဟာ အရိုးကျန်းမာရေးအတွက် "သဘာဝကပေးတဲ့ အားဆေး" လို့ တင်စားလို့ ရပါတယ်။ ဘာကြောင့် ဒီလောက်အရေးကြီးရတာလဲဆိုတာကို အောက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဗီတာမင် D (Sunshine Vitamin) ကို ထုတ်လုပ်ပေးတယ်⛅
နေရောင်ခြည်ထဲက UVB ရောင်ခြည်နဲ့ အရေပြား ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က Vitamin D ကို သဘာဝအတိုင်း အလိုအလျောက် ထုတ်လုပ်ပေးပါတယ်။ ဗီတာမင် D ဟာ အရိုးသန်မာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

၂။ ကယ်လ်စီယမ် စုပ်ယူမှုကို တိုးတက်စေတယ်✨
အရိုးသန်မာဖို့ ကယ်လ်စီယမ် (Calcium) ကြွယ်ဝတဲ့ အစားအစာတွေ စားနေပေမယ့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D မလုံလောက်ရင် အရိုးတွေက အပြည့်အဝ မရရှိနိုင်ပါဘူး။ နေရောင်ခြည်ကရတဲ့ ဗီတာမင် D ကမှ ကယ်လ်စီယမ်တွေကို အရိုးထဲရောက်အောင် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

၃။ အရိုးပွ၊ အရိုးပါးရောဂါကို ကာကွယ်ပေးတယ်💪🛡
ဗီတာမင် D လုံလောက်သူတွေမှာ အရိုးသိပ်သည်းဆ (Bone Density) ပိုကောင်းတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အရိုးပွရောဂါနဲ့ အရိုးကျိုးနိုင်ခြေ အန္တရာယ်တွေကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။

⏰ ဘယ်အချိန်မှာ နေပူစာလှုံသင့်သလဲ🤔🏖?
• မနက် ၇ နာရီကနေ ၉ နာရီဝန်းကျင် (သို့မဟုတ်) ညနေ ၄ နာရီနောက်ပိုင်း နေရောင်ခြည်က အကောင်းဆုံး ဖြစ်ပါတယ်။
• တစ်နေ့ကို ၁၅ မိနစ်ကနေ ၂၀ မိနစ် ခန့် လက်၊ ခြေ၊ မျက်နှာ အနည်းငယ် ထိတွေ့ရုံနဲ့ လုံလောက်တဲ့ ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ နေ့လယ်ပိုင်း အပူပြင်းတဲ့အချိန် နေရောင်ခြည်ကတော့ အရေပြားကို ထိခိုက်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

⛅မနက်ခင်းနေရောင်ခြည်ဟာ ကယ်လ်စီယမ် စုပ်ယူမှုကောင်းစေတဲ့ Vitamin D ကို သဘာဝအတိုင်း ရရှိစေပြီး အရိုးသန်မာ၊ အရိုးပွကင်းတဲ့ ဘဝကို ရရှိဖို့ အထောက်အကူပြုပါတယ်။ နေရောင်ခြည်ပုံမှန်ပြပေးခြင်းက အရိုးအတွက် အကောင်းဆုံး ပြင်ဆင်မှုပဲ ဖြစ်ပါတယ်။

နေရောင်ခြည် လုံလောက်စွာ မရရှိသူတွေ ဒါမှမဟုတ် အရိုးကျန်းမာရေးကို အထူးဂရုစိုက်ချင်သူတွေအတွက် CalBone K2 ဖြည့်စွက်စာကို မှီဝဲခြင်းက အကောင်းမွန်ဆုံးသော ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ Calcium, Vitamin K2 နဲ့ D3 တို့ပါဝင်တဲ့အတွက် နေရောင်ခြည်က ရရှိတဲ့ ဓာတ်အတိုင်း အရိုးကျန်းမာရေးကကို ကောင်းမွန်စေကာ ဆေးတစ်မျိုးတည်းနဲ့ အာနိသင်များစွာရရှိစေမှာပါ 🥰🫂
#အရိုးပွရောဂါ #အရိုးပွ #ကယ်လ်စီယမ် #အရိုး #နေရောင်ခြည်

ဒီနေ့မှာ ကျရောက်တဲ့ မတ်လ (၂) ရက်၊ တောင်သူလယ်သမားနေ့ မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်န...
02/03/2026

ဒီနေ့မှာ ကျရောက်တဲ့ မတ်လ (၂) ရက်၊ တောင်သူလယ်သမားနေ့ မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ သီးနှံများ အထွက်တိုးကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုအပ်ပါတယ်။ 🙏✨

​ #တောင်သူလယ်သမားနေ့ #ကျေးဇူးရှင်တောင်သူဦးကြီးများ

လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး 🤒💨လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျ...
26/02/2026

လေထုညစ်ညမ်းမှု နှင့် ကျန်းမာရေး 🤒💨

လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ရှူလိုက်တဲ့ လေထဲမှာ ပါဝင်နေတဲ့ အမှုန်အမွှားတွေက မျက်စိနဲ့မမြင်နိုင်ပေမဲ့ ကျန်းမာရေးကိုတော့ တဖြည်းဖြည်းချင်း ထိခိုက်စေနိုင်ပါတယ်။
လေထုညစ်ညစ်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနှင့် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ် ... 🫶

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ❗️
လေထုညစ်ညမ်းမှုက
အဆုတ်ရောင်ရမ်းခြင်း
• အာလတ်ဂျီ (Allergy)
• ပန်းနာရင်ကျပ် (Asthma)
• COPD (နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ)
တို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးများနဲ့ အသက်ကြီးသူများမှာ ပိုမိုထိခိုက်လွယ်နိုင်ပါတယ် ...

နှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများ❗️
PM2.5 က သွေးကြောအတွင်းသို့ ဝင်ရောက်နိုင်ပြီးသွေးတိုး
• နှလုံးသွေးကြောပိတ်ခြင်း
လေဖြတ်ခြင်း တို့ကို ပိုမို ဖြစ်ပေါ်စေနိုင်ပါတယ် ...
ဦးနှောက်နှင့် စိတ်ကျန်းမာရေး
သုတေသနများအရ လေထုညစ်ညမ်းမှုမြင့်မားမှုဟာ
• မှတ်ဉာဏ်လျော့နည်းခြင်း
• စိတ်ဖိစီးမှု

စိတ်ကျရောဂါ တို့နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ် ...
🤰👼ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပေါ် သက်ရောက်မှု
• မွေးကင်းစကလေး ပေါင်ချိန်လျော့နည်းခြင်း
အချိန်မတိုင်မီ မွေးဖွားခြင်း
• ကလေးအဆုတ်ဖွံ့ဖြိုးမှုနည်းခြင်း
မိခင်များအရေပြားယားယံခြင်း စသည့် ပြဿနာများ ဖြစ်နိုင်ပါတယ် ...

လေထုညစ်ညမ်းမှုအန္တရာယ်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ ...
✅လေထုအရည်အသွေး စစ်ဆေးပါ
ဖုန်းထဲက Air Quality Index (AQI) ကို နေ့စဉ်စစ်ဆေးပြီး လေထုအရမ်းညစ်ညမ်းနေရင် အပြင်ထွက်တာ ရှောင်ပါ။
✅Mask တပ်ဆင်ပါ
အပြင်ထွက်တဲ့အခါ အမှုန်အမွှားတွေကို သေချာစစ်ထုတ်ပေးနိုင်တဲ့ N95 သို့မဟုတ် KN95 mask များကို တပ်ဆင်ပါ။
✅နေအိမ်အတွင်း လေသန့်အောင်ထားပါ
ပြတင်းပေါက်များကို ပိတ်ထားပါ၊ လေသန့်စင်စက် (Air Purifier) သုံးပါ၊ အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းနှင့် အမွှေးတိုင်ထွန်းခြင်း ရှောင်ပါ။
✅အစားအသောက် ဂရုစိုက်ပါ
ခန္ဓာကိုယ်ရဲ့ ခုခံအားကောင်းစေဖို့ ဗီတာမင်စီ (Vitamin C) ကြွယ်ဝတဲ့ သစ်သီးဝလံတွေနဲ့ ရေများများသောက်ပေးပါ။
ယခုမျှဝေပေးသွားတဲ့ လေထုညစ်ညမ်းခြင်းဟာ ချက်ချင်းအသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးမဟုတ်ပေမယ့် ဖော်ပြခဲ့သလို တဖြည်းဖြည်းခြင်းဆိုးရွားသော ကျန်းမာရေးအခြေနေသို့ ရောက်ရှိသွားနိုင်ပါတယ် ….

ဒါကြောင့် Sharing is Caring ဆိုတဲ့အတိုင်း မိမိမိသားစု ပတ်ဝန်းကျင်တို့အား သတိထားကာကွယ်နိုင်ဖို့အတွက် မျှဝေဖို့တိုက်တွန်းလိုက်ပါရစေ ...📣💙
#အရိုးပွရောဂါ #ကယ်လ်စီယမ် #အရိုးပွ #လေထုညစ်ညမ်းမှု

အသက်ကြီးသူတွေ ချော်လဲမှုအန္တရာယ်ကို ဘယ်လိုလျှော့ချမလဲ🤔? အသက်ကြီးသူတွေအတွက် ချော်လဲခြင်းဟာ သာမန်ဒဏ်ရာတင်မကဘဲ တင်ပါးဆုံရို...
25/02/2026

အသက်ကြီးသူတွေ ချော်လဲမှုအန္တရာယ်ကို ဘယ်လိုလျှော့ချမလဲ🤔?

အသက်ကြီးသူတွေအတွက် ချော်လဲခြင်းဟာ သာမန်ဒဏ်ရာတင်မကဘဲ တင်ပါးဆုံရိုးကျိုးခြင်း နဲ့ ဦးနှောက်သွေးယိုစိမ့်ခြင်း စတဲ့ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

🏠 ၁။ အိမ်တွင်းပတ်ဝန်းကျင်ကို ပြုပြင်ပါ
• လှေကား၊ အိမ်သာလမ်းနဲ့ အမှောင်ကျတဲ့နေရာတွေမှာ မီးချောင်းလုံလုံလောက်လောက် တပ်ဆင်ပါ။
• အိမ်သာနဲ့ လှေကားနံရံတွေမှာ အားကိုးတကြီး ကိုင်တွယ်နိုင်မယ့် လက်တန်း (Grab bars) များ တပ်ဆင်ထားပါ။
• ကြမ်းပြင်ပေါ်ရှိ လျှပ်စစ်ကြိုးများ၊ ခလုတ်တိုက်နိုင်တဲ့ ပစ္စည်းများနှင့် ခြေသုတ်ဖျာအစုတ်များကို ဖယ်ရှားပါ။

👟 ၂။ အသုံးအဆောင်နှင့် ဖိနပ်
အိမ်တွင်း/အပြင် နှစ်မျိုးလုံးအတွက် အောက်ခြေကုတ်အားကောင်းပြီး မချော်တဲ့ ဖိနပ် (Non-slip sole) ကိုပိုပြီး စီးသင့်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်ဖို့ အားနည်းပါက လမ်းလျှောက်တုတ် (Walking stick) သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။

💪 ၃။ ကျန်းမာရေးနှင့် လေ့ကျင့်ခန်း (Physical Fitness)
• ခြေထောက်ကြွက်သား သန်မာစေရန် ပုံမှန်လမ်းလျှောက်ခြင်းနှင့် Balance လေ့ကျင့်ခန်းများ (ဥပမာ- ထိုင်ချီ) စတာတွေ ပြုလုပ်သင့်ပါတယ်။
• အရိုးပွရောဂါ ကာကွယ်ရန် Calcium နဲ့ Vitamin D ကြွယ်ဝတဲ့ အစားအစာ တွေကို ပိုစားသင့်ပါတယ်။

👵👴မိဘဘိုးဘွားတွေရဲ့ ကျန်းမာရေးအတွက် ချော်လဲခြင်းကနေ ကာကွယ်ပေးတာဟာ အကောင်းဆုံးသော ဂရုစိုက်မှုတစ်ခု ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ပြုပြင်ပေးတာတင်မကဘဲ၊ အရိုးတွေကို အတွင်းကနေ သန်မာလာစေဖို့အတွက် မှန်ကန်တဲ့ အာဟာရဖြည့်တင်းခြင်းက အလွန်အရေးကြီးပါတယ်။
👉အရိုးကျန်းမာရေးအတွက် CalBone K2 အရိုးပွခြင်းကို ကာကွယ်ဖို့နဲ့ အရိုးတွေကို ကြံ့ခိုင်စေဖို့အတွက် CalBone K2 လို အားဆေးတွေက အထောက်အကူပြုနိုင်ပါတယ်။

Calcium နဲ့ Vitamin D3 ပါဝင်တဲ့အတွက် အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပြီး အရိုးကျိုးနိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ Vitamin K2 ပါဝင်တဲ့အတွက် Vitamin K2 ကယ်လ်စီယမ်ဓာတ်တွေကို သွေးကြောတွေထဲမှာ မစုပုံစေဘဲ အရိုးတွေဆီကို အရောက်ပို့ဆောင်ပေးတာကြောင့် အရိုးတွေကို သန်မာစေပါတယ်💪💙
#ကယ်လ်စီယမ် #အရိုးပွ #ကျန်းမာရေး #အရိုး #အရိုးပွရောဂါ

အရိုးတွေက ဘယ်လိုပုံစံနဲ့ အားနည်းသွားတာလဲ? 👨‍👩‍👧🏡အိမ်တစ်လုံးရဲ့ ထောက်တိုင်တွေ ဆွေးမြည့်သွားရင် အိမ်တစ်ခုလုံး ပြိုကျပျက်စီ...
20/02/2026

အရိုးတွေက ဘယ်လိုပုံစံနဲ့ အားနည်းသွားတာလဲ?

👨‍👩‍👧🏡အိမ်တစ်လုံးရဲ့ ထောက်တိုင်တွေ ဆွေးမြည့်သွားရင် အိမ်တစ်ခုလုံး ပြိုကျပျက်စီးနိုင်သလိုပဲ၊ ကျွန်တော်တို့ရဲ့ အရိုးတွေဟာလည်း ခန္ဓာကိုယ်တစ်ခုလုံးကို မတ်မတ်ရပ်နိုင်အောင် ထိန်းထားပေးတဲ့ အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် 'တိတ်ဆိတ်တဲ့ ရောဂါ' လို့ ခေါ်တဲ့ အရိုးအားနည်းခြင်း ပြဿနာဟာ ကျွန်မတို့မသိအောင် အတွင်းပိုင်းကနေ တိုက်စားတတ်ပါတယ်။ ဒီနေ့မှာတော့ အရိုးတွေ အားနည်းသွားရတဲ့ လျှို့ဝှက်ချက်တွေနဲ့ အရိုးကျိုးရင် ပြန်ဆက်ပုံ အဆင့်ဆင့်ကို ဗဟုသုတအဖြစ် တင်ဆက်ပေးချင်ပါတယ်။

၁။ အသစ်ဖြစ်နှုန်းက အဟောင်းပျက်နှုန်းကို မမီခြင်း
အသက်ရလာတဲ့အခါ အရိုးဟောင်းပျက်စီးမှုက မြန်လာပြီး အရိုးအသစ်တည်ဆောက်မှုက နှေးသွားတာကြောင့် အရိုးတွေ ပါးလာပါတယ်။
၂။ အရိုးသိပ်သည်းဆ ကျဆင်းခြင်း
ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်တွေ လျော့နည်းလာတဲ့အခါ အရိုးအတွင်းပိုင်းမှာ အပေါက်ငယ်လေးတွေ များလာပြီး ကျိုးလွယ်တဲ့ "အရိုးပွရောဂါ" ဖြစ်လာပါတယ်။

၃။ ဟော်မုန်းအပြောင်းအလဲ
အမျိုးသမီးတွေမှာ သွေးဆုံးချိန် အီစထရိုဂျင်ဟော်မုန်း လျော့ကျခြင်းက အရိုးကို မြန်မြန်အားနည်းစေပါတယ်။
၄။ အာဟာရနဲ့ လှုပ်ရှားမှု
ဗီတာမင် D၊ ကယ်လ်စီယမ် ချို့တဲ့ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့က အရိုးထုထည်ကို လျော့ကျစေပါတယ်။

🛠️ အရိုးကျိုးရင် ဘယ်လိုပြန်ဆက်သလဲ?
အရိုးကျိုးတာဟာ ပြင်းထန်မှုအလိုက် ပြန်ဆက်ချိန် ကွာခြားတတ်ပါတယ်။ အရိုးကျိုးပြီးနောက် ခန္ဓာကိုယ်က အောက်ပါအတိုင်း ပြုပြင်ပါတယ်။
• အဆင့် (၁) ရောင်ရမ်းသန့်စင်ခြင်း (၁-၂ ပတ်): ကျိုးသွားတဲ့နေရာမှာ သွေးခဲလာပြီး ခုခံအားဆဲလ်တွေက ပိုးမွှားနဲ့ အစအနတွေကို ရှင်းလင်းစေပါတယ်။
• အဆင့် (၂) ကျီးပေါင်းနုတက်ခြင်း (၄-၂၁ ရက်): အရိုးအပျော့ (Soft Callus) လေးတွေ တက်လာပြီး ကျိုးနေတဲ့အရိုးကို ဆက်ပေးဖို့ ကြိုးစားပါတယ်။ (ဒီအချိန်မှာ အလွန်အကျွံလှုပ်ရှားရင် ပြန်ကွဲတတ်ပါတယ်။)
• အဆင့် (၃) အရိုးမာတက်ခြင်း (၆-၁၂ ပတ်): ကျီးပေါင်းအပျော့တွေက အရိုးမာ (Hard Callus) အဖြစ် ပြောင်းလဲသွားပြီး အရိုးအသစ်တွေ ခိုင်မာလာပါတယ်။
• အဆင့် (၄) ပုံစံပြန်ချခြင်း (၁ နှစ်မှ ၉ နှစ်ထိ): မညီမညာ ဖုထစ်နေတဲ့ အရိုးမျက်နှာပြင်တွေကို ခန္ဓာကိုယ်က ပြန်လည်ချောမွေ့အောင် ပြုပြင်ပြီး မူလပုံစံအတိုင်းဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

🚨 ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ချက်ချင်းပြန်ပြရမလဲ?
❕အရေပြား ပြာနှမ်းလာခြင်း (သို့) ခြေချောင်း၊ လက်ချောင်း လှုပ်မရခြင်း
❕နာကျင်မှု ပိုဆိုးလာခြင်း (သို့) ထုံကျင်စူးရှခြင်း
❕ကျောက်ပတ်တီး အရမ်းတင်းကျပ်နေခြင်း (သို့) ကွဲသွားခြင်း
❕အနာမှ ပြည်ထွက်ခြင်း၊ အရည်ထွက်ခြင်း (သို့) အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေခံစားနေရပါက ဆရာဝန်ဆီ ချက်ချင်း သွားသင့်ပါတယ်။

အရိုးကျိုးသွားမှ ကုသတာထက် အရိုးမကျိုးခင် ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ သင့်ခန္ဓာကိုယ်ရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အရိုးတွေ အမြဲတမ်းသန်မာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို CalBone K2 က အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးမယ့် Calcium နဲ့ Vitamin D3 သာမက၊ ကယ်လ်စီယမ်ဓာတ်ကို အရိုးထဲသို့ တိုက်ရိုက်ရောက်အောင် လမ်းညွှန်ပေးတဲ့ Vitamin K2 လည်း ပါဝင်တာကြောင့် အနာဂတ်မှာ စိတ်ကြိုက်လှုပ်ရှားသွားလာနိုင်ဖို့ CalBone K2 နဲ့ ဒီနေ့ပဲ စတင်ရင်းနှီးမြှုပ်နှံလိုက်ပါ ခင်ဗျာ😍📣🫶
#ကယ်စီယမ် #အရိုးပွရောဂါ #ကျန်းမာရေး #ကယ်လ်စီယမ် #အရိုးပွ #အရိုး

🥛 နွားနို့တစ်မျိုးတည်း သောက်ရုံနဲ့ အရိုးသန်မာဖို့ လုံလောက်ပါသလား?နွားနို့ဟာ အရိုးကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အာဟာ...
18/02/2026

🥛 နွားနို့တစ်မျိုးတည်း သောက်ရုံနဲ့ အရိုးသန်မာဖို့ လုံလောက်ပါသလား?

နွားနို့ဟာ အရိုးကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အာဟာရအရင်းအမြစ်တစ်ခု ဖြစ်ပေမဲ့ အရိုးတွေ တကယ်သန်မာဖို့အတွက်ဆိုရင်တော့ နွားနို့တစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။ နွားနို့မှာ အရိုးအတွက် လိုအပ်တဲ့ ကယ်လ်စီယမ် (Calcium)၊ ပရိုတင်းနဲ့ ဗီတာမင် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးသိပ်သည်းဆ ကောင်းမွန်စေဖို့နဲ့ အရပ်ရှည်စေဖို့အတွက် အထောက်အကူပြုပါတယ်။🤗

ဒါပေမဲ့ အရိုးတွေ တကယ်ခိုင်မာဖို့ဆိုရင်တော့ အောက်ပါ အချက်တွေကိုပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
• နွားနို့မှာ ကယ်လ်စီယမ် ဘယ်လောက်ပဲ ပါပါ၊ ခန္ဓာကိုယ်က အဲဒီကယ်လ်စီယမ်ကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D လိုအပ်ပါတယ်။ ဗီတာမင် D ချို့တဲ့နေရင် နွားနို့သောက်သမျှ ကယ်လ်စီယမ်တွေဟာ အရိုးဆီ မရောက်နိုင်ဘဲ အလဟဿ ဖြစ်သွားနိုင်ပါတယ်။
• ကယ်လ်စီယမ်တွေ အရိုးထဲမှာ မြဲမြံနေဖို့အတွက် မဂ္ဂနီစီယမ် နဲ့ ဗီတာမင် K2 တို့ကလည်း အရေးကြီးပါတယ်။ ဗီတာမင် K2 ဟာ သွေးကြောထဲမှာရှိတဲ့ ကယ်လ်စီယမ်တွေကို အရိုးတွေဆီ တိုက်ရိုက်ရောက်အောင် လမ်းညွှန်ပေးပြီး သွေးကြောမာတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

• အာဟာရတင်မကဘဲ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ အရိုးကို ဝန်အားပေးတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်မှသာ အရိုးဆဲလ်တွေက ပိုမိုသန်မာလာမှာ ဖြစ်ပါတယ်။
နွားနို့ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပေမဲ့ အချို့သူတွေမှာ လက်တို့စ် (Lactose) ဓာတ်မတည့်တာကြောင့် လေပွခြင်း၊ ဗိုက်ရစ်ခြင်း ဖြစ်တတ်သလို၊ ကယ်လိုရီ များတာကြောင့် အလွန်အကျွံ သောက်ရင် ကိုယ်အလေးချိန် တက်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ခွက် (သို့မဟုတ်) နှစ်ခွက် ခန့်သာ သောက်သုံးဖို့ တိုက်တွန်းပါရစေ..💙

🥛နွားနို့ကနေရတဲ့ ကယ်လ်စီယမ်တွေ အရိုးထဲကို တိုက်ရိုက်ရောက်ရှိပြီး ခိုင်မာလာစေဖို့ဆိုရင် အဆင့်မြင့်ဖော်စပ်ထားတဲ့ CalBone K2 ဟာ အကောင်းဆုံးသော အဖော်မွန်တစ်ခု ဖြစ်ပါလိမ့်မယ်။
👉CalBone K2 မှာ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စေတဲ့ ဗီတာမင် D3 သာမက၊ ကယ်လ်စီယမ်တွေကို အရိုးဆီ တိုက်ရိုက်လမ်းညွှန်ပေးတဲ့ ဗီတာမင် K2 ပါဝင်တာကြောင့် သွေးကြောထဲမှာ ကယ်လ်စီယမ်တွေ ပိတ်ဆို့ကျန်ခဲ့မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် အရိုးပွရောဂါနဲ့ အရိုးပါးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပြီး အသက်အရွယ်မရွေး အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပါတယ်။

အရိုးသန်မာဖို့ဆိုတာ ကယ်လ်စီယမ်ရှိရုံနဲ့ မလုံလောက်ဘဲ မှန်ကန်တဲ့ လမ်းညွှန်မှု (ဗီတာမင် K2) ပါ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နွားနို့ပုံမှန်သောက်ပေးရင်း အရိုးအဆစ်တွေ ကြံ့ခိုင်ဖို့အတွက် CalBone K2 ကို နေ့စဉ် ဖြည့်စွက်မှီဝဲပေးဖို့ တိုက်တွန်းပါရစေခင်ဗျာ😍‼
#ကယ်လ်စီယမ် #အရိုးပွရောဂါ #ကယ်စီယမ် #နွားနို့ #ကျန်းမာရေး

🧧2026 Happy Chinese New Year!ကံကောင်းခြင်း၊ ကျန်းမာခြင်းနဲ့အောင်မြင်မှုတွေ ပြည့်ဝတဲ့ နှစ်သစ်ဖြစ်ပါစေ ✨
17/02/2026

🧧2026 Happy Chinese New Year!
ကံကောင်းခြင်း၊ ကျန်းမာခြင်းနဲ့
အောင်မြင်မှုတွေ ပြည့်ဝတဲ့ နှစ်သစ်ဖြစ်ပါစေ ✨

(၁၂.၂.၂၀၂၆) နေ့ရက်တွင် ကျရောက်သော (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အား   ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်💙
12/02/2026

(၁၂.၂.၂၀၂၆) နေ့ရက်တွင် ကျရောက်သော (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်💙

🦴 အရိုးပွရောဂါကို ဘာကြောင့် “အသံတိတ်ရောဂါ” လို့ ခေါ်ကြတာလဲ?အရိုးပွရောဂါဟာ သူ့ရဲ့အမည်အတိုင်းပဲ ဘာသံမှမထွက်ဘဲ ခန္ဓာကိုယ်ထဲ...
10/02/2026

🦴 အရိုးပွရောဂါကို ဘာကြောင့် “အသံတိတ်ရောဂါ” လို့ ခေါ်ကြတာလဲ?

အရိုးပွရောဂါဟာ သူ့ရဲ့အမည်အတိုင်းပဲ ဘာသံမှမထွက်ဘဲ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် အမြစ်တွယ်တတ်ပါတယ်။
သတိပေးလက္ခဏာ လုံးဝမပြတတ်ဘူး
ပုံမှန်ရောဂါတွေလို နာကျင်တာ၊ ဖျားတာမျိုး ကြိုတင်မဖြစ်ဘဲ အရိုးသိပ်သည်းဆတွေ တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်။ ဒါကြောင့် အရိုးတွေ အားနည်းနေပြီဆိုတာကို လူနာကိုယ်တိုင် သတိမထားမိဘဲ အချိန်အတော်ကြာ တိတ်တဆိတ် ဆိုးရွားလာတတ်ပါတယ်။

အရိုးကျိုးမှသာ ရောဂါရှိမှန်း သိကြရတယ် 😫🦴
အရိုးတွေဟာ အပြင်ပန်းကြည့်ရင် ပုံမှန်ပဲလို့ ထင်ရပေမဲ့ အတွင်းပိုင်းမှာတော့ အလွန်ကြွပ်ဆတ်နေပါတယ်။ အဲဒါကြောင့် ခပ်ပြင်းပြင်း ချောင်းဆိုးလိုက်တာ၊ တစ်ခုခုနဲ့ မသိမသာ တိုက်မိတာမျိုးလောက်နဲ့တင် အရိုးကျိုးသွားနိုင်ပါတယ်ခင်ဗျာ။ ဒီလိုမျိုး မတော်တဆ အရိုးကျိုးသွားမှသာ ဆေးစစ်ကြည့်တဲ့အခါ ရောဂါရှိနေမှန်း သိကြရတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အချိုးအစား မသိမသာ ပြောင်းလဲလာတယ် 😅
ကျောရိုးဆစ်လေးတွေက တဖြည်းဖြည်း ကျုံ့ဝင်လာတာကြောင့် အရင်ကထက် အရပ်ပုသွားတာ ဒါမှမဟုတ် ကျောကုန်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို လူအများစုက အသက်ကြီးလို့ဖြစ်တာပဲလို့ အမှတ်မှားပြီး လျစ်လျူရှုမိတတ်ကြပါတယ်။

အရိုးမကျိုးခင်အထိ အသံမထွက်တဲ့ ရောဂါဖြစ်တာကြောင့် ကြိုတင်ကာကွယ်ဖို့က အလွန်အရေးကြီးပါတယ်။
၁။ အာဟာရဖြည့်တင်းပါ
ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေကို လုံလောက်အောင် စားသုံးပေးရပါမယ်။
၂။ လေ့ကျင့်ခန်းလုပ်ပါ
အရိုးသိပ်သည်းဆ ကောင်းမွန်စေဖို့ လမ်းလျှောက်တာမျိုးနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးရပါမယ်။
၃။ ကြိုတင်စစ်ဆေးပါ
အသက် (၄၀) ကျော်လာရင် အရိုးသိပ်သည်းဆ စစ်ဆေးမှု (BMD Test) ကို အချိန်မှန် ပြုလုပ်သင့်ပါတယ်။

❗️အရိုးပွရောဂါဟာ အသံတိတ် ရောက်လာတတ်တာကြောင့် မိမိရဲ့ အရိုးကျန်းမာရေးကို ပေါ့ဆလို့ မရပါဘူး။ အရိုးတွေ ကြံ့ခိုင်နေဖို့အတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းအပြင် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်စွက်မှီဝဲပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

ဒါကြောင့် အရိုးသိပ်သည်းဆကို ပြန်လည်ကောင်းမွန်စေပြီး အရိုးပွခြင်းမှ ကာကွယ်ပေးနိုင်တဲ့ CalBone K2 လို သဘာဝဖြည့်စွက်စာကို မှီဝဲသင့်ပါတယ်🥰💙CalBone K2 မှာ အရိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်သာမက၊ ထိုကယ်လ်စီယမ်ကို အရိုးဆီသို့ တိုက်ရိုက်ရောက်ရှိအောင် ပို့ဆောင်ပေးပြီး သွေးကြောထဲမှာ ထုံးဓာတ်မတင်ကျန်အောင် ကူညီပေးတဲ့ Vitamin K2 လည်း ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် ပိုမိုထိရောက်စေပါတယ်။

ကျန်းမာသန်စွမ်းတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်ပြီး ပျော်ရွှင်စရာ ဘဝနေ့ရက်တွေကို အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ 💪!
#ကျန်းမာရေး #အရိုးကျန်းမာရေး #အရိုးပွရောဂါ #ကယ်လ်စီယမ် #ကယ်စီယမ် #အသံတိတ်ရောဂါ #အရိုးပွ

🦴 အရိုးပွရောဂါက အသက်ကြီးမှ ဖြစ်တာလား?အရိုးပွရောဂါကို "တိတ်ဆိတ်တဲ့ လူသတ်သမား" လို့ ခေါ်ကြပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ အရိ...
02/02/2026

🦴 အရိုးပွရောဂါက အသက်ကြီးမှ ဖြစ်တာလား?

အရိုးပွရောဂါကို "တိတ်ဆိတ်တဲ့ လူသတ်သမား" လို့ ခေါ်ကြပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ အရိုးတွေ တော်တော်လေး ပါးမလာမချင်း ဘာလက္ခဏာမှ မပြဘဲ ချော်လဲလို့ အရိုးကျိုးတော့မှသာ သိရတတ်လို့ ဖြစ်ပါတယ်။ တကယ်တော့ အရိုးပွတာဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အသက်ကြီးလေလေ ပိုတွေ့ရလေလေ ဖြစ်ပါတယ်😅

ကျွန်တော်တို့ရဲ့ အရိုးထုထည်ဟာ အသက် ၃၀ ခန့် မှာ အမြင့်ဆုံး (Peak Bone Mass) ကို ရောက်ပါတယ်ခင်ဗျာ။ အဲဒီနောက်ပိုင်းမှာတော့ အရိုးအသစ်ဖြစ်နှုန်းထက် ဆုံးရှုံးနှုန်းက ပိုမြန်လာတာကြောင့် အရိုးတွေ တဖြည်းဖြည်း ပါးလာရပါတယ်။
• အသက် ၆၀ ကျော် အမျိုးသမီးများတွင် (၁၀) ဦးလျှင် (၁) ဦး
• အသက် ၈၀ ကျော်လာလျှင် (၁၀) ဦးလျှင် (၄) ဦးအထိ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်ခင်ဗျာ။

🤔အမျိုးသမီးတွေမှာ ဘာလို့ ပိုဖြစ်ရတာလဲ?
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ခြေ ၄၀% မှ ၅၀% အထိ ပိုများပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်မှာ လိင်ဟော်မုန်း (Estrogen) ရုတ်တရက် လျော့နည်းသွားတာကြောင့် အရိုးထုထည် ဆုံးရှုံးမှု အလွန်မြန်သွားလို့ ဖြစ်ပါတယ်ခင်ဗျာ။

အရိုးပွရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းရင်းတွေကတော့
• မိဘတွေမှာ အရိုးပွရောဂါရှိရင် ကလေးမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
• အကိုက်အခဲပျောက်ဆေး သို့မဟုတ် စတီးရွိုက် (Steroid) ပါတဲ့ ဆေးတွေကို ရေရှည်စွဲသောက်ခြင်းက အရိုးကို ပါးစေပါတယ်။

• ပိန်လွန်းသူတွေဟာ အရိုးကျိုးနိုင်ခြေ သာမန်လူထက် (၂) ဆ ပိုများပါတယ်။
• ကယ်လ်စီယမ်နဲ့ ဗီတာမင် D ချို့တဲ့ခြင်း၊ ဆားအလွန်အကျွံ စားခြင်းနဲ့ ကဖိန်းဓာတ် (လက်ဖက်ရည်/ကော်ဖီ) အလွန်အကျွံ သောက်ခြင်းက ခန္ဓာကိုယ်ထဲက ကယ်လ်စီယမ်တွေကို ပြန်ထုတ်ပစ်လို့ အရိုးပွရခြင်းကို ဖြစ်ပေါ်စေပါတယ်။
• တစ်နေ့ကို (၉) နာရီထက်ပိုပြီး အထိုင်များသူတွေဟာ တင်ပါးရိုးကျိုးနိုင်ခြေ ၅၀% ပိုများပါတယ်ခင်ဗျာ။ ဆေးလိပ်နဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကလည်း အရိုးဆဲလ်တွေကို ပျက်စီးစေပါတယ်။

🦴အရိုးပွရောဂါဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါမျိုးဖြစ်သလို အားနည်းသွားတဲ့ အရိုးတွေကိုလည်း စနစ်တကျ ပြန်လည်အားဖြည့်ပေးလို့ ရပါတယ်ခင်ဗျာ။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ Calbone K2 နဲ့ မိတ်ဆက်ပေးပါရစေ။
✨Calbone K2 ဟာ သာမန်ကယ်လ်စီယမ်ဆေးတွေနဲ့မတူဘဲ အရိုးသိပ်သည်းဆ တိုးတက်ဖို့အတွက် အဆင့်မြင့် ပေါင်းစပ်မှုတွေနဲ့ ဖော်စပ်ထားတာပဲ ဖြစ်ပါတယ်။ အရိုးသန်မာဖို့ အခြေခံလိုအပ်တဲ့ Calcium နဲ့ Vitamin D3 တို့ ပါဝင်ရုံတင်မကဘဲ အရေးကြီးဆုံး အားသာချက်ဖြစ်တဲ့ Vitamin K2 (MK-7) လည်း ပါဝင်ပါတယ်ခင်ဗျာ။ ဗီတာမင် K2 ဟာ သွေးထဲမှာရှိတဲ့ ကယ်လ်စီယမ်တွေကို သွေးကြောနံရံတွေမှာ မကပ်ကျန်ခဲ့စေဘဲ အရိုးဆီသို့ တိုက်ရိုက်ရောက်ရှိသွားအောင် လမ်းပြပေးတဲ့အတွက် အရိုးတွေကို အမှန်တကယ် သန်မာလာစေပါတယ်ခင်ဗျာ။
ဒါ့အပြင် သွေးကြောထဲမှာ ကယ်လ်စီယမ်တွေ ပုံမနေအောင်လည်း တစ်ပြိုင်နက်တည်း ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။

အသက်အရွယ်ကြောင့်ဖြစ်စေ၊ နေထိုင်မှုပုံစံကြောင့်ဖြစ်စေ အရိုးပါးလာမှာကို စိုးရိမ်နေရတယ်ဆိုရင်တော့ Calbone K2 ကို နေ့စဉ်မှီဝဲခြင်းဖြင့် ခိုင်မာတောင့်တင်းတဲ့ ဘဝကို စိတ်ချလက်ချ ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ 🩺💪🏻💙
#အရိုးပွရောဂါ #အရိုးကျန်းမာရေး #ကယ်လ်စီယမ် #ကျန်းမာရေး

🦴 ဗီတာမင် D3 ချို့တဲ့ခြင်းနှင့် အရိုးပွရောဂါဗီတာမင် D3 ဟာ အရိုးတွေသန်မာဖို့အတွက် "သော့ချက်" အာဟာရဓာတ်ဖြစ်ပါတယ်။ သူက အစား...
27/01/2026

🦴 ဗီတာမင် D3 ချို့တဲ့ခြင်းနှင့် အရိုးပွရောဂါ

ဗီတာမင် D3 ဟာ အရိုးတွေသန်မာဖို့အတွက် "သော့ချက်" အာဟာရဓာတ်ဖြစ်ပါတယ်။ သူက အစားအသောက်ထဲမှာပါတဲ့ ကယ်လ်စီယမ် (Calcium) ကို အရိုးထဲရောက်အောင် ပို့ဆောင်ပေးတဲ့ တာဝန်ကို ယူထားရတာပဲ ဖြစ်ပါတယ်။

⚠️ ဗီတာမင် D3 ချို့တဲ့ရခြင်း အကြောင်းရင်းတွေကတော့
😷နေရောင်ခြည် မရရှိခြင်း
အိမ်ထဲမှာပဲ အမြဲနေသူတွေနဲ့ နေပူရှောင်သူတွေမှာ အဖြစ်များပါတယ်။
😷အာဟာရ မလုံလောက်ခြင်း
ကယ်လ်ဆီယမ် ပါဝင်မှုများတဲ့ ငါးအဆီ၊ ကြက်ဥအနှစ်နဲ့ နို့ထွက်ပစ္စည်း စားသုံးမှု နည်းပါးခြင်းကြောင့်လည်း ဖြစ်ပါတယ်။

အဝလွန်သူများ၊ အသားအရောင် ရင့်သူများနဲ့ ကျောက်ကပ်/အသည်း ရောဂါရှိသူတွေမှာ ဗီတာမင် D ထုတ်လုပ်မှုနဲ့ အသုံးပြုနိုင်စွမ်း လျော့နည်းတတ်ပါတယ်။

🚩 သတိထားရမယ့် လက္ခဏာများ
• အမြဲပင်ပန်းနွမ်းနယ်ပြီး အားနည်းနေတတ်ပါတယ်။
• အရိုးနဲ့ ကြွက်သားတွေ (အထူးသဖြင့် ဒူးနဲ့ ခါး) မကြာခဏ နာကျင်ကိုက်ခဲတတ်ပါတယ်။
• ကိုယ်ခံအားကျပြီး ခဏခဏ ဖျားနာတတ်ပါတယ်။
• စိတ်ဓာတ်ကျတာ၊ စိတ်မတည်ငြိမ်တာနဲ့ ဆံပင်ကျွတ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

🚫 ဗီတာမင် D3 ချို့တဲ့ရင် ဘယ်လိုကျန်းမာရေးဆိုးကျိုးတွေ ကြုံရနိုင်သလဲ?
👉အရိုးပျော့ရောဂါ (Osteomalacia) ခံစားရခြင်း
ဗီတာမင် D3 နည်းပါးလာတဲ့အခါ အရိုးတွေက ပုံမှန်အတိုင်း မမာကျောတော့ဘဲ ပျော့လာတတ်ပါတယ်။ ဒါဟာ နေ့စဉ်လှုပ်ရှားမှုတွေမှာ အရိုးနာကျင်တာနဲ့ ကြွက်သားအားနည်းတာတွေကို ဖြစ်စေရုံတင်မကဘဲ လမ်းလျှောက်ရတာကိုပါ ခက်ခဲစေပါတယ်။

👉အရိုးပွရောဂါ (Osteoporosis) ဖြစ်ပွားခြင်း
ဒါကတော့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး အခြေအနေပဲ ဖြစ်ပါတယ်။ အရိုးသိပ်သည်းဆတွေ လျော့နည်းလာပြီး အရိုးတွေက ဆတ်ပြီး ပွလာတာကြောင့် ချော်လဲရုံတင်မကဘဲ အနည်းငယ် ထိခိုက်မိရုံ၊ နှာချေမိရုံနဲ့တင် အရိုးကျိုးသွားနိုင်တဲ့အထိ စိုးရိမ်ရပါတယ်။

👉အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ
ဗီတာမင် D3 ချို့တဲ့မှုဟာ အရိုးတင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းသွားတာကြောင့် ရောဂါပိုးတွေ ဝင်လွယ်လာသလို နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုပါ သိသိသာသာ မြင့်တက်စေနိုင်တာပဲ ဖြစ်ပါတယ်ခင်ဗျာ။

အရိုးပွရောဂါဟာ အသံတိတ်လူသတ်သမားနဲ့ တူတာကြောင့် အရိုးတွေ မပျော့လာခင်နဲ့ မကျိုးခင်မှာ ကြိုတင်ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် အရိုးသိပ်သည်းဆကို ပြန်လည်မြှင့်တင်ပေးဖို့အတွက် လုံလောက်တဲ့ ဗီတာမင် D3 နဲ့အတူ ကယ်လ်စီယမ်ကို အရိုးထဲရောက်အောင် ပို့ဆောင်ပေးတဲ့ ဗီတာမင် K2 တို့ အချိုးကျပါဝင်တဲ့ CalBone K2 လိုမျိုး သဘာဝဖြည့်စွတ်တာကို မှီဝဲသင့်ပါတယ်။ CalBone K2 က အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးပွခြင်းအန္တရာယ်ကနေ ထိရောက်စွာ ကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ🔰🩺💥
#ကယ်လ်စီယမ် #အရိုးကျန်းမာရေး #အရိုးပွရောဂါ #ကျန်းမာရေး #ကယ်စီယမ်

Address

No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when CalBone K2 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram