Myint Moh

Myint Moh International Health Counsellor,
AUNG MYINT MOH
Master Diagnostician
(Harvard Medical USA)

03/02/2026

အသက် ၈၇
အမျိုးသမီး
Heart Attack Patient

ECG result မှာ
Actue MI တဲ့
Uric Acid 419.6
Cholesterol 8.65
eGFR 71.3
Systolic 178
Diastolic 105
Heart Beat 115
အဲ့ဒိလို အခြေအနေမျိုးကို
တလအတွင်း

Uric Acid 267.1
Normal ECG
Cholesterol 3.94
eGFR 83.7
Systolic 120
Diastolic 78
Heart Beat 80
ကျန်တာတွေ ထပ်ပြီး ယှဉ်ကြည့်လိုက်။

ဒီလိုအခြေအနေမျိုး ဘယ်နိုင်ငံသွားကုကု ရမယ်ထင်လား။
ပြည်ပကနေ Heart Patients တကူးတကလာပြနေတာ အလကားမဟုတ်ဘူး။

ဒီလို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ကုနိုင်တဲ့သူကို
Master Diagnostician
Dr Aung Myint Moh လို့ခေါ်ပါတယ်။

စောက်ပိုတွေမပြောချင်လို့
Results တွေသာ ကြည့်တော့။

Myint Moh
Pharmacy & Diagnostic
One Stop Treatment Clinic.

08/08/2025

မျက်စိမှုန်ခြင်း၊အမြင်ကွယ်ခြင်း။

မျက်လုံးမှာ eye lens လို့ခေါ်တဲ့ မှန်ဘီလူးတခုရှိတယ်။

Eye lens က အမြင်အာရုံကို င်္ဦးနှောက်ရဲ့ အလယ်ဗဟိုကအာရုံခံ Hypothalamus ကို
Trigeminal nerve V1 ကတဆင့် လျှပ်ကူပြီး သတင်းပို့ရပါတယ်။
အဲ့ဒိရလာတဲ့ အမြင်အာရုံကို အဖြူအမဲ အမည်ခွဲခြားသတ်မှတ်တာ ဦးနှောက်ထဲက နာပ်ကြောတွေက လုပ်ဆောင်ရတာပါ။

Trigeminal nerve ထဲမှာ သွေးပြစ်နေလျှင် အမြင်အာရုံက ဦးနှောက်ကို လျှပ်ကူးတာ နှေးပြီး မျက်စိမှုန်တာ အမြင်ကွယ်တာ ဖြစ်နိုင်ပါတယ်။

မျက်စိမှုန်တာက အချိုဓါတ်အရမ်းကျနေတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။
သွေးပြစ်လို့လည်း ဖြစ်ပါတယ်။
သွေးပြစ်ရတဲ့အကြောင်းအရင်းက နှစ်မျိုးရှိတယ်။ အစာမကြေတဲ့နောက်ဆက်တွဲ သွေးကြောထဲမှာ Triglycerides အရမ်းများလို့
ဖြစ်နိုင်သလို အဆုတ်ထဲက fungus တွေ Chemical အညစ်အကြေးအနံ့ဆိုးတွေ သွေးကြောထဲရောက်လာပြီးလည်း ဖြစ်နိုင်ပါတယ်။

သွေးပြစ်နေတဲ့ Trigeminal nerve V1 ကို မက်ကလောင် ခြစ်သလို ခြစ်လိုက်လျှင် မျက်နှာမှာ အညိုအမဲတွေ စုလာပါတယ်။
အဲ့ဒိအညိုအမဲတွေ Trigeminal nerve V1ထဲက အညစ်အကြေးတွေ ရှင်းသွားတဲ့အတွက် မျက်စိမှုန်တာ အမြင်ကွယ်နေရာကနေ ပြန်မြင်လာနိုင်ပါတယ်။
ကားတစီးပျက်နေတဲ့အခါ ကားတွေပိတ်နေသလို အဲ့ကားပျက်နေတာကို လမ်းဘေးတွန်းထားလျှင် ကားကျပ်နေတာ အဆင်သွားတယ်ဆိုတဲ့သဘောမျိုးပါဘဲ။

Trigeminal nerves မှာ V1 V2 V3 ဆိုပြီး သုံးမျိုးရှိတယ်။

V1 က အမြင်အာရုံ၊
V2 က အနံ့၊
V3 ကအရသာ ကို ခွဲခြားသိဖို့ Hypothalamus ကို ပို့ရပါတယ်။

မျက်နှာကို တခုခုနှင့် ဖိပွတ်တဲ့အခါ လွန်သွားလို့ Trigeminal nerve damage ဖြစ်သွားလျှင်
မျက်လုံးပျက်စီးပြီး အစားပြန်ထိုးလျှင်တောင်
ပြန်မကောင်းနိုင်တော့ပါ။

မျက်လုံးတိမ်စွဲတာ အပါအဝင်
မျက်သားတက်တာ မျက်စိဝေဒနာ အမျိုးမျိုးဟာ အဆုတ်နှင့် ပက်သက်နေပါတယ်။

Myint Moh
Pharmacy & Diagnostic
One Stop Treatment Clinic.

07/08/2025

ခန္ဓာကိုယ်မှာ အကျိတ်ထွက်ပြီး ကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းဟာ အဆုတ်နှင့် ၁၀၀%သက်ဆိုင်ပါတယ်။

ပြင်ပက ရှူလိုက်တဲ့ လေထဲက chemical အနံ့တွေအမှုန်အမွှားတွေ အများကြီးဟာ လေထဲကနေတဆင့်အဆုတ်ထဲကို ရောက်ပါတယ်။

ခန္ဓာကိုယ်ထဲက မည်သည့်သွေးမဆို အဆုတ်ထဲကတဆင့် ဖြတ်သန်းရပါတယ်။

အဆုတ်ထဲက chemical အနံ့တွေ fungus အမှုန်အမွှားတွေဟာ သွေးထဲကနေရောပါသွားပြီး ခန္ဓာကိုယ်နေရာအနှံ့ကို ရောက်ရှိနိုင်ပါတယ်။

လက်သည်းခြေသည်း ပိုးစားတာ၊
လက်ဖုဝါးခြေဖုဝါး ကြမ်းတာ ကွဲတာ၊
ပွေး ဝဲ ညှင်း ဝဲနှင်းခူဖြစ်တာ၊
မျက်လုံးတိမ်ဖြစ်တာ၊

ဘယ်နေရာမှာဖြစ်ဖြစ် ရင်သားအကျိတ်အပါအဝင် ဦးနှောက်အကျိတ်
ကင်ဆာဖြစ်တာ၊မျက်လုံးအကျိတ်ကင်ဆာ
ဘယ်နေရာမှာ ဘယ်အကျိတ်ကင်ဆာဖြစ်ဖြစ်
အဆုတ်နှင့် ၁၀၀% သက်ဆိုင်ပါတယ်။

အဆုတ်ထဲက chemical အနံ့အပါအဝင်
အညစ်အကြေးအမှုန်အမွှား ဖြေရှင်းနိုင်တဲ့ဆေးရှိပေမယ့် ခွဲစိတ်ပြီးလူနာတွေအတွက်တော့ သိပ်အဆင်မပြေဘူး။
အဲ့ဒ်ိအညစ်အကြေးတွေဟာ မိန်းမကိုယ်ကနေဆင်းလျှင်အဆင်ပြေတယ်။ဆီးလမ်းကြောင်းဆင်းတာဖြစ်ဖြစ်၊မစင်ကနေ စအိုကဆင်းတာဖြစ်ဖြစ် အဆင်ပြေပါတယ်။

ခွဲစိတ်ဖူးတဲ့သူကျတော့ ခွဲစိတ်ထားတဲ့နေရာက ဆင်းလာတဲ့အခါ အနာရဲ့ မျက်နှာဝမှာ fungus တွေ၊အညစ်အကြေးတွေ အတုံးလိုက်အခဲလိုက်ထွက်လာပြီး အနာကို ပိုဆိုးသွားတယ်လို့ ထင်ရနိုင်ပါတယ်။

အဆုတ်ထဲ သွေးထဲက အညစ်အကြေးကတော့ ရှင်းသွားမယ်၊အညစ်အကြေးတွေကခွဲစိတ်ထားတဲ့နေရာမှာတော့ စုပြုံထွက်လာမှာဘဲ။

အဲ့ဒိအညစ်အကြေး အတုံးအခဲတွေကြောင့် အကျိတ်ထွက်ပြီး ကင်ဆာဖြစ်တာ။

ဒီဖြစ်စဉ်ကို သိရဖို့ အများကြီးကြိုးစားရှာဖွေခဲ့ရတယ်။အဲ့ဒိပြသာနာအတွက် ဖြေရှင်းနိုင်ဖို့ဆေးလည်း ရှာတွေ့ခဲ့တယ်။

ရာဘာအနံ့၊ဆေးရွက်ကြီး၊ဓါတ်ဆီ၊ဒီဇယ်၊မိီးသွေး၊ဝရိန်၊ဝပ်ရှော့၊ကားဆေးမှုတ်၊အလှပြင်ဆိုင်၊ကျောင်းဆရာဆရာမတွေ၊ငွေကိုင်ဘဏ်ဝန်ထမ်း၊ပိုးသတ်ဆေးဖျန်းသူ၊
ဘောပင်နှင့်အမြဲစာရေးနေရတဲ့ ဝန်ထမ်းတွေ၊
ပန်းရံသမား၊ရှေ့နေတွေ၊စာရေးတွေ ဆောက်လုပ်ရေးပစ္စည်း ကိုင်တွယ်ထမ်းပိုးနေရသူ၊ လင်းနို့ချေး၊ခိုချေးအနံ့ရှိတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရသူတွေ၊
ဘတ္ထရီနှင့်အက်စစ် လုပ်ကိုင်သူ၊
ငရဲမီးနှင့် အလုပ်လုပ်ဖူးသူ၊
ရွှေမှော်တောမှာ လုပ်ခဲ့ဖူးသူ၊
အညာက တောင်ယာလုပ်သားတွေဟာ
အဆုတ်နှင့်ပက်သက်တဲ့နောက်ဆက်တွဲ
ပန်းနာရင်ကျပ်အပါအဝင် အဆုတ်ကင်ဆာ၊အကျိတ်ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဒီရက်ပိုင်း ဦးနှောက်အကျိတ်ကင်ဆာ၊
မျက်လုံးကင်ဆာ၊အူမကြီးကင်ဆာ၊ရင်သားကင်ဆာ နှင့်လေဖြတ်လူနာတွေချည်း ကြည့်နေရလို့ နောက်လူတွေ ဆင်ခြင်တတ်အောင် ဒီပို့စ်ကိုရေးတာပါ။

အကျိတ်ထွက်ပြီး ကင်ဆာဖြစ်တဲ့ သူတိုင်းရဲ့အတိတ်က အလုပ်နှင့်ပတ်ဝန်းကျင်အခြေအနေကို လေ့လာကြည့်ပါ။
အခုရေးထားတာနှင့်တိုက်ဆိုင်ပါလိမ့်မယ်။

Myint Moh
Pharmacy & Diagnostic
One Stop Treatment Clinic

International health Counselor
Aung Myint Moh
Master diagnostician
(Harvard Medical USA)

23/07/2025

လူတယောက်ရှင်သန်ကြီးထွားဖို့
အဟာရ အစုံ လိုအပ်ပါတယ်။

အချို အချဉ် အခါး အသား ငါး အသီးအနှံ
အဟာရစုံ အစာကြေအောင်စားပါ။

အဖန် အစပ် ဆီကြော်စာတွေ
လုံးဝရှောင်ပါ။

မြန်မာနိုင်ငံသားတွေရဲ့ ကျမ္မာရေးဟာ ကမ္ဘာ့အဆင့်အနိမ့်ဆုံးနေရာနားရောက်နေပါပြီ။

လိုင်းပေါ်မှာ ကျွန်တော်အပါအဝင်
ဘယ်သူဘာပြောပြော ချင့်ချိန်ယုံပါ။

အစားအသောက်တွေ အများစုက
စားရမယ့်အရာတွေကို ရှောင်နေကြပြီး
ရှောင်ရမယ့်အစားအစာတွေကို စားသုံးနေကြတယ်။

ကိုယ့်စကားတခွန်းကြောင့် လူအများဒုက္ခရောက်နိုင်တယ်ဆိုတာ သတိချပ်ဖို့ လိုတယ်။

နာမ်မည်ကြီးချင်လို့ ပြောနေကြတဲ့သူတွေလည်း အများကြီးဘဲ။

၁/ နာမ်မည်ကြီးချင်လျှင် ကိုယ့်ဆီလာတဲ့
လူနာကို
သက်သာပျောက်ကင်းအောင်သာ ကုပေးစမ်းပါ။
လူနာတွေက တဆင့်စကား တဆင့်ကြားပြီးလာမှာဘဲ။

ထမင်းစားချိန် အိပ်ချိန်တောင် ရမှာမဟုတ်ဘူး။

ဒီထက်ပိုပြီး အောင်မြင်လာလျှင် ပြည်ပက
မြန်မာတွေ နိုင်ငံခြားသားတွေပါ လာကုလိမ့်မယ်။

ဆေးပညာကို စဉ်ဆက်မပြက် လေ့လာနေဖို့
အများကြီး လိုအပ်သလို လူနာတွေဆီကလည်း
အတွေ့အကြုံတွေ ဖြစ်စဉ်တွေ ပြန်သင်ယူဖို့
လိုအပ်ပါတယ်။

လူနာကို အချိန်ပေး ဆွေးနွေးကြည့်ပါ။
လူနာဆီက ရတဲ့ အတွေ့အကြုံ သင်ခန်းစာက
တန်ဘိုးဖြတ်လို့မရဘူး။

ဘယ်နိုင်ငံက ဘယ်ကျောင်းမှာ ပညာသင်သင်
အလုပ်ခွင်က အတွေ့အကြုံကလည်း ၅၀% အရေးပါပါတယ်။

ဆရာဝန်တယောက်ရဲ့ အရည်အချင်းဟာ
သူကုပေးလိုက်တဲ့ လူနာရဲ့ ကျမ္မာရေး ရလာဒ်အပေါ်မှာ မူတည်ပါတယ်။

မြန်မာနိုင်ငံ ကျမ္မာရေးအဆင့် မြင့်တင်နိုင်ဖို့
ဆေးပညာရှင်တွေချည်း ကြိုးစားနေလို့လည်းမရပါဘူး။

၂ / ရှေးရိုးစွဲ ဘာသာရေး
အယူလွဲတွေ ပြင်ရပါမယ်။
Gym ဆရာတွေကြောင့်လည်း ပါတယ်။
အကြောပြင်ဆရာ
ဗိန္ဓောဆရာဆရာတွေ၊
ဘုန်းကြီးတွေ၊
တိုင်းရင်းဆေးအမည်ခံဆရာတွေ၊
ဆယ်လီတွေ ဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုယ်ထင်တာ ကိုယ်ပြောနေကြတာတွေ
အများကြီး။
ပြည်သူတွေကလည်း ဖြစ်နိုင်လား မဖြစ်လား မစဉ်းစားကြဘူး။
ယုံတာဘဲ။

လိုင်းပေါ်မှာ ထောက်ခံတဲ့သူ များလာလျှင်
အကြောပြင်ဆရာက
ဆရာဝန်တွေကိုတောင် စိန်ခေါ်လာတာတွေ့ရတယ်။

အနောက်တိုင်းဆေးပညာကို အာမခံနှင့်။
ယှဉ်လို့မရဘူး။

ပြည်သူအများစုက ကျမ္မာရေးမကောင်းမှ လွန်မှသာ ဆေးရုံဆေးခန်း လာပြကြတာ။
ဆေး ကွမ်း အရက် မကောင်းဘူးပြောပြောလည်း ချနေတာဘဲ။

ကျမ္မာရေးကောင်းနေစဉ်မှာ မတည့်တဲ့အစားအစာတွေ မရှောင်ကြဘူး။
လုပ်ချင်ရာ လုပ်
စားချင်သလိုစား
နေချင်သလိုနေနေကြတယ်။
ကိုယ့်ကျမ္မာရေးအတွက် သုံးရမယ့်ငွေကျတော့
နှမျောကြတယ်။

ဟိုဆေးရုံ စျေးကြီးတယ်။
ဒီဆေးခန်း စျေးကြီးတယ်နှင့်။
ပရဟိတ ဆရာတွေနှင့် ဆရာဝန်တွေ နှိုင်းယှဉ်နေကြတယ်။
မယှဉ်ပါနှင့် ပရဟိတ ခေါင်းစဉ်တပ်ပြီး
လုပ်စားလို့ရတာ ဒီနိုင်ငံနှင့် မြန်မာအချင်းချင်းဘဲ ရမယ်။
သိပ်မပြောချင်ဘူး။

အမြင်ရတဲ့နောက်ဘဝကောင်းမယ်ဆိုတာကျတော့ သိန်းထောင်သောင်းချီ လှူကြတယ်။
ကိုယ့်ဘေးနားက ဒုက္ခရောက်နေသူတွေကိုတော့ မလှူချင်မကူချင်ကြဘူး။
ကိုယ့်တူကိုယ့်သား ပညာရေးအတွက်ဆို မကူညီကြဘူး။

ကျွန်တော့်မိတ်ဆွေတွေထဲမှာ ဒါမျိုးလူတွေအများကြီးဘဲ။

ပရဟိတဆရာတွေ အားကိုးပြီး ဆရာဝန်တွေကို
လှောင်တဲ့သူတွေ သတိထားပါ။

ပညာရှင်တွေ နှတ်ဆိတ်သွားတဲ့တနေ့
ဘယ်နိုင်ငံမဆို ဒုက္ခရောက်တာဘဲ။

တိုင်းပြည်ဒုက္ခရောက်လျှင် အခြေခံလူတန်းစားတွေဘဲ ပိုဒုက္ခရောက်တာ။

အခုလက်တွေ့ဘဲ။

ပြည့်သူ့အစိုးရလက်ထက် နိုင်ငံတကာက ပညာရှင်တွေ ရိုအရေး ထောက်ပြတယ်။
အမေစု လက်မခံခဲ့ဘူး။
စကစကို အာဆီယံက ထောက်ပြတယ်။
စကစလည်း လက်မခံဘူး။
နုကြည်ကို ပညာရှင်တွေ ထောက်ပြတယ်။လက်မခံဘူး၊
ဝိုင်းဆဲကြတယ်။
အဖွဲ့အစည်း တော်တော်များများကို ပညာရှင်တွေက အမှားအမှန် ခွဲခြားပြလျှင်
အဲ့ပညာရှင်တွေကို ဆန့်ကျင်ခဲ့ကြတယ်။

အခုတိုင်းပြည် မအေးချမ်းဘူး။

စမထ ဥပဒေ ထုတ်တယ်။

ဘယ်သူတွေ ခံရလည်း Basic Class အခြေခံပြည်သူတွေဘဲ ခံရတာ ဘယ်သူဌေးသားမှ
စမထထဲမပါဘူး။

ကျမ္မာရေးနှင့် ဆေးပညာကဏ္ဍမှာ ဆရာဝန်တချို့က အကြောပြင်ဆရာတချို့ လုပ်ရပ်တွေကို ထောက်ပြတယ်။
လက်မခံဘဲ ဆန့်ကျင်လှောင်ပြောင်နေကြတယ်။

အင်းးးးးးးး
ဒီတိုင်းပြည်က လူတွေ ပြောရတာ
ခက်တယ်နော်။

23/07/2025

သတိ။

အထူးကုဆေးရုံမှာ Specialist နှင့်ပြချင်တယ်ဆိုတာ၊ အထူးကုဆေးရုံမှာ ကုချင်တယ်ဆိုတာ
လူနာတွေက မိမိရောဂါ ဘာ့ကြောင့်ဖြစ်တယ်၊
ဘယ်လို တိကျမှန်ကန်စွာ ကုသရမယ်၊
ဆရာဝန်ရဲ့ ဂရုစိုက်မှု့ ရချင်တာရယ်၊
ဆေးဝါးတွေ အဆင့်မီတာ၊
ဆေးရုံဆေးခန်းသုံး Medical equipments အဆင့်မီ သန့်ရှင်းသပ်ရပ်တာတွေ အသုံးပြုချင်လို့ ငွေကြေးအကုန်အကျခံပြီး
အထူးကုဆေးရုံကြီးတွေကို လာကုကြတာ။

အထူးကု ဆေးရုံဖြစ်ဖြစ်
အထူးကု ဆရာဝန် ဖြစ်ဖြစ်
အထူးကု specialist ဆိုမှတော့

လူနာအားကိုးချင်လောက်အောင် ကုသမှု့ပေးနိုင်ဖို့ ကြိုးစားရပါမယ်။အချိန်ပေးနိုင်ရပါမယ်။

ကုသမှု့ရလာဒ် မြန်ဆန်သက်သာရပါမယ်။

မြန်မာတွေ ထိုင်းသွားကုနေကြတာ ဘာ့ကြောင့်လည်း စဉ်းစားရပါမယ်။

ထိုင်းကဆေးပညာ မြန်မာထက် ဘယ်လောက်သာနေလို့လည်း ဘာတွေ ကွာခြားနေလို့လည်း ?

ကျွန်တော်တို့မြန်မာ့ဆေးပညာကဏ္ဍဘာတွေ အားနည်းနေလို့လည်း အဖြေရှာရပါမယ်။

ကိုယ့်ဂုဏ်ပုဒ်နှင့် ကိုက်ညီအောင်
ကိုယ်ယူတဲ့ စမ်းသပ်ခနှင့် ကိုက်ညီအောင်
လူနာဆီက တုန့်ပြန်မှု့ရလာဒ်ကောင်းအောင်
ကြိုးစားကြရပါမယ်။

ကျွန်တော်ရဲ့ ပင်ကိုယ်စိတ်က သူများဖြစ်လျှင်
ငါလည်းဖြစ်အောင်လုပ်မယ်၊
သူများခက်နေတာ ငါက လွယ်အောင် ဘယ်လိုလုပ်ရမလည်း ဆိုတာ အမြဲတမ်းတွေးပါတယ်။

ကိုယ့်မြန်မာတွေ အောင်မြင်လေ စိတ်ချမ်းသာလေဘဲ။
ကိုယ့်နိုင်ငံကို အေးချမ်းစေချင်တယ်၊တိုးတက်စေချင်တယ်။
ပညာရေး ဦးစားပေးစေချင်တယ်။

ထိုင်းကိုရောက်တိုင်း သူတို့ကို မနာလိုဖြစ်မိတယ်။

ထိုင်းသွားကုတာ မသက်သာဘူးဆိုပြီး ကိုယ့်ဆီလာပြတဲ့လူနာဆို ကြည့်ရတာ သိပ်သဘောကျတယ်။

မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့အဆင့်မီ
ရောဂါရှာတာ၊ ကမ္ဘာ့အဆင့်မီ ဆေးကောင်းသုံးတာ၊
လူနာကို အချိန်ပေးဆွေးနွေးတာ၊
ဘယ်အပိုင်းက ကြည့်ကြည့် သူတို့သွားကုတဲ့နိုင်ငံတွေက ဆရာဝန်တွေထက် ပိုမိုကောင်းမွန်အောင် ကြိုးစားပေးတယ်။

US, UK, အပါအဝင် ပြည်ပနိုင်ငံတွေက လူနာတွေ တကူးတက လာပြကြတာ အများကြီးပါ။

ငါတို့မြန်မာတွေ မညံ့ဘူးဆိုတာ လက်တွေ့ပြနိုင်ခဲ့တယ်။

တခါလာပြဖူးလျှင် တဆွေလုံး တမျိုးလုံးပါလာတော့တာဘဲဗျာ။

ပုံကတော့ အာဇာနည်နေ့ ဝန်ကြီးများရုံးရောက်
နတ်မောက်သားတယောက်ရဲ့ အမှတ်တရပါ။

အာဇာနည်နေ့
အာဇာနည်နယ်မြေမှာ
မွေးလာတဲ့ ကျွန်တော်။

International Health Counselor
Aung Myint Moh
Master diagnostician
(Harvard Medical USA)

International health

22/07/2025

မပြောချင်ပေမယ့် ဒဲ့ပြောပါမယ်။

မြန်မာနိုင်ငံက

ဘယ်မင်းသား
ဘယ်မင်းသမီး
ဘယ်အဆိုတော်
ဘယ်ဘုန်းကြီး
ဘယ်တိုင်းရင်းဆေးဆရာ
ဘယ်ဆယ်လီ ကို
ပြည်တွင်းက ဘယ်လောက် အားပေးအားပေး
နိုင်ငံတကာက ပညာရှင်တွေ ပရိတ်သတ်တွေအသိအမှတ်ပြုတာ နည်းပါတယ်။နည်းဆို မရှိသလောက်ပါဘဲ။

နိုင်ငံတကာက ပညာရှင်တွေ ပရိတ်သတ်တွေ
လက်ခံနိုင်အောင် ကြိုးစားကြပါ။

နိုင်ငံရေးမှာလည်း ဒီလိုပါဘဲ။

USA လို နိုင်ငံမျိုးက လက်ခံနိုင်တဲ့ ခေါင်းဆောင်မျိုး၊
USA က ခေါင်းဆောင်ကို နားဝင်အောင် ပြောနိုင်တဲ့သူမျိုး မရှိသ၍
ပြည်တွင်းက ဘာပြောပြော ပန်းတိုင်မရောက်နိုင်ပါဘူး။

ပြည်တွင်းမှာ လူပိန်းကြိုက်တွေ ပြောလို့ရတာ ဂျင်းထည့်ရနေတာကို အောင်မြင်မှု့ထင်နေလျှင် နိုင်ငံတကာထွက်ကြည့်လိုက်ပါ။

ဒီနိုင်ငံကလူအများစုဟာ သူများပြောလျှင် ယုံလွယ်တယ်။
ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားကြဘူး။

အခု အကြောပြင်ဆရာတွေက ပရိတ်သတ်များတယ်ဆိုပြီး အနောက်တိုင်းဆေးပညာရှင် ဆရာဝန်တွေကို စိန်ခေါ်နေကြတယ်။

မဖြစ်သင့်ဘူး နော်။

အကြောပြင်ဆရာတွေလည်း ကိုယ်လုပ်နိုင်တာ လုပ်ပါ။
ဆရာဝန်တွေကို စိန်မခေါ်ကြပါနှင့်။

နည်းပညာ အဆင့်အတန်း အရမ်းကွာပါတယ်။

တိုင်းရင်းဆေးတွေလည်း သူ့အစွမ်းနှင့်သူရှိပါတယ်။နည်းပညာ အားနည်းမှု့ကြောင့် နိုင်ငံတကာလက်ခံနိုင်တဲ့အထိ မရောက်သေးပါဘူး။

ပြည်တွင်းမှာ အကယ်ဒမီ ဘယ်နှစ်ဆုရရ
ဘွဲ့လက်မှတ်ဘယ်လောက်များများ
ပြည်တွင်းမှာဘဲ ရမယ်။
ပြည်တွင်းမှာအားပေးလို့ ဆိုပြီး
နိုင်ငံတကာထွက်ပြီး
ယှဉ်ကြည့်ပါလား ။

ဘယ်မင်းသား
ဘယ်မင်းသမီး
ဘယ်အဆိုတော်
ဘယ်ဘုန်းကြီး
ဘယ်နိုင်ငံရေးသမား
မှတ်ချက်။ ။ (အမေစုကလွဲလျှင်)
ဒါတောင် ICC case မတိုင်ခင်ကပါ ဒီအချိန်မှာတော့ ……..
ဘယ်ဆယ်လီ
ဘယ်အလှူခံပုဂ္ဂိုလ်
ဘယ်ဥုံဖွဆရာ
ဘယ်သူမှ နိုင်ငံတကာ ပရိတ်သတ်မရှိဘူး။
ပြောချင်တာ ပြည်သူတွေအတွက် ကိုယ်လုပ်နိုင်တာ လုပ်ပြီး အချင်းချင်းဖေမကူညီကြပါ။မာန်မတတ်ပါကြနှင့်။

ဒါမျိုးက ဒီနိုင်ငံမှာဘဲ မြန်မာအချင်းချင်းဘဲလုပ်စားလို့ရမယ်။ဂျင်းထည့်လို့ရမယ်။

မသိတဲ့သူကို မတတ်တဲ့သူက ဆရာလုပ်၊
မသိတဲ့သူက မတတ်တဲ့သူကိုမြှောက်ပေးနေကြတာ။

ကျွန်တော်ကတော့ အနောက်တိုင်းဆေးပညာတွေ နည်းပညာတွေ အထင်ကြီးလေးစားပါတယ်။

တကယ်တမ်း ကျမ္မာရေးအခက်ကြုံလာလျှင်
#
အနောက်တိုင်းဆေးပညာကသာ ကယ်နိုင်ပါတယ်။

မနေ့က တရုတ်လူမျိုး မိသားစု ဆေးခန်းလာပြတယ်။ခန္ဓာကိုယ်မှာ အချိုဓါတ်ရဲ့အရေးပါပုံကိုရှင်းပြနေလျင်း အမျိုးသမီးတွေ ကိုယ်ဝန်ရှိ...
22/07/2025

မနေ့က တရုတ်လူမျိုး မိသားစု ဆေးခန်းလာပြတယ်။

ခန္ဓာကိုယ်မှာ အချိုဓါတ်ရဲ့အရေးပါပုံကို
ရှင်းပြနေလျင်း အမျိုးသမီးတွေ ကိုယ်ဝန်ရှိနေချိန်မှာ အဟာရပြည့်ဝအောင်စားဖို့
အဲ့ဒိအချိန် အချိုရှောင်တာများလျှင်
မွေးလာတဲ့ကလေးမှာ မျက်လုံးစွေတာစောင်းတာ ဖြစ်တတ်တယ်လို့ ပြောတုန်း လူနာရဲ့မိန်းမက သူ့ကလေးကို ငုံကြည့်ပြီး အံ့ဩနေတယ်။
ကလေးက မျက်လုံးစွေနေတယ်။

ဒီရက်ပိုင်း အဲ့လိုပြောရတာ အားနာနေပြီ။
မိသားစုလိုက် လာပြတဲ့အခါ မျက်စိစွေနေတဲ့ကလေးတွေက အဲ့စကားကြားတာနှင့်မအေကို အပြစ်မြင်တော့တာဘဲ။

ဘယ်မိဘကမှတော့ ကိုယ့်သားသမီးကို
ရုပ်မဆိုးစေချင်ကြဘူး ကျမ္မာရေးကောင်းစေချင်တာချည်းဘဲ။

ဒါပေမယ့် စားသောက်နေထိုင်မှု့မှားနေတာအခါ
~~~~

နိုင်ငံတကာပတ်ပြီး ဆေးကုဖူးတဲ့ လူနာတွေကြည့်ရတာ ပိုသဘောကျတယ်။Consultant လုပ်ပြီးတဲ့အခါမြန်မာတွေ မညံ့ဘူးဆိုတာ လက်တွေ့ပြနိုင...
22/07/2025

နိုင်ငံတကာပတ်ပြီး ဆေးကုဖူးတဲ့
လူနာတွေကြည့်ရတာ ပိုသဘောကျတယ်။

Consultant လုပ်ပြီးတဲ့အခါ
မြန်မာတွေ မညံ့ဘူးဆိုတာ လက်တွေ့ပြနိုင်ခဲ့တယ်။

Treatment ပေးပြီး result ထွက်လာလျှင်
တဆွေလုံး တမျိုးလုံး ပါလာတော့တာဘဲ။

ဒီရက်ပိုင်း အလာများနေတာ တရုတ်လူမျိုးတွေဘဲ။

လာပြတဲ့ တရုတ်လူမျိုးအများစုမှာ ၆၀ အထက် လူတွေ ကျမ္မာရေးကောင်းပြီး
အသက် ၂၀ နှင့် ၄၅ ကြား သူတွေ ကျမ္မာရေးအားနည်းနေတာ တွေ့ရတယ်။

မနေ့က ကြည့်ဖြစ်တဲ့လူနာ ထိုင်ဝမ်မှာ အိပ်မပျော်လို့ ဆရာဝန်သွားပြတာ ဆရာဝန်က သူလည်းအိပ်မပျော်ဘူးဆိုပြီး သူသောက်နေတဲ့
အိပ်ဆေး လူနာကို ပြန်ညွှန်ပေးတယ်တဲ့😛

အသက်နှစ်ဆယ်ကျော်နှင့် ကျောက်ကပ်ဆေးနေရပြီ ဆိုတော့ မြန်မာနိုင်ငံသားတွေရဲ့
ကျမ္မာရေးဟာ အရမ်းကို အားနည်းနေပြီလား ဗျာ။

တနေ့တနေ့ ကြုံရတာတွေ ပြန်ပြောရလျှင်
မယုံနိုင်စရာတွေချည်းဘဲ။

အခု ထိုင်းက ကင်ဆာဆေးထုတ်နိုင်ပြီတဲ့။
ဝမ်းသာပါတယ်။

ကင်ဆာအမျိုးမျိုး ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ အကြောင်းအရင်းရှာတွေ့ထားတဲ့ ကျွန်တော့်မှာတော့ ပြည်သူတွေကို ချပြဖို့ မနည်းကြိုးစားနေရတယ်။

ကိုယ့်လို Medical professionals အချင်းချင်းက တိုက်ခိုက်နေတာနှင့် လူနာကြည့်တိုင်း
ဒီရောဂါက ဘာကြောင့်ဖြစ်တယ်။
ဒါ့ကြောင့် ဒီဆေးသောက်ရမယ်၊
ဒီဆေးက ဒီအာနိသင် ရှိတယ် ဆိုပြီး ကလေးတယောက်ကို စာသင်ပေးသလိုမျိုး ရှင်းပြနေရတယ်။

ကြာလာတော့ မလိုအပ်ဘဲ စကားတွေ အများကြီးပြောရတာ မောလာတယ်။
ဒါ့ကြောင့် ဘယ်နိုင်ငံ ဘယ်ဆေးရုံ သွားကုကု
ဘယ်မှာမှ မရလျှင် ငါ့ဆီလာလို့
စိန်ခေါ်ထားတယ်။

ဒါ့ကြောင့်လည်း လာလိုက်မှဖြင့် ထိုင်းမှာမရတော့ဘူး မသက်သာဘူး ဆိုပြီး လွန်မှ ရောက်လာတဲ့ သေလုမျောပါး လူနာတွေ၊
အခြေအနေမကောင်းတော့ဘူး
အပြင်ကလက်လျော့လိုက်ပြီ
ရေဝေးရောက်ခါနီး လူနာတွေချည်းဘဲ
ကြည့်နေရတယ်။

ရောဂါဖြစ်ခါစ ငွေပေါနေချိန်မှာ ပြည်တွင်းပြည်ပ ဒိတ်ဒိတ်ကြဲတွေဆီမှာ ပြနေကြတာ။
မီးစာကုန်ဆီခမ်း သေခါနီးလျှင် ရောက်လာပြီ။
ပိုက်ဆံတွေ ကုန်တယ် လူလည်း မသက်သာဘူးဆိုပြီး ငြီးလိုက်ကြတာ။

ကိုယ့်မှာတော့ သူတို့ကြည့်ပြီး စိတ်မကောင်းတွေဖြစ်။စမ်းသပ်ခတွေ လျော့ပေး။ဆေးဖိုးလှူသင့်တာ လှူ။

ဒင်းတို့က နေကောင်းသွားလျှင် နောင်ဘဝပါအောင်ဆိုပြီး ဟိုဘုန်းကြီး လှူရတာနှင့် ဒီအဖွဲ့အစည်း လှူရတာနှင့်။ သူတို့အသက်ကယ်ပေးတဲ့ ဆရာကျတော့ စမ်းသပ်ခစျေးကြီးတယ် ဆေးဖိုးကမတတ်နိုင်ဘူးနှင့်။
လူတွေ လူတွေ ငါ့ကို ပညာတွေ ပေးသွားကြတာ။

ယနေ့လို ပြည်တွင်းပြည်ပက လူနာတွေ
တကူးတက လာပြတဲ့ အခြေအနေ ရောက်လာဖို့ ရူးမတတ်ကြိုးစားခဲ့ရပါတယ်။

မှတ်ချက်။ ။ကင်ဆာဆိုတာ ဓါတ်ကင်လေ

အသေမြန်လေပါဘဲ။

International Health Counselor
Aung Myint Moh
Master Diagnostician
(Harvard Medical USA)

ဆရာဝန်တယောက်ရဲ့ အရည်အချင်းဟာသူကုပေးလိုက်တဲ့ လူနာရဲ့ ကျမ္မာရေးရလာဒ်အပေါ်မှာ မူတည်တယ်။Myint Moh Pharmacy & Diagnostic Clin...
22/07/2025

ဆရာဝန်တယောက်ရဲ့ အရည်အချင်းဟာ
သူကုပေးလိုက်တဲ့ လူနာရဲ့ ကျမ္မာရေးရလာဒ်အပေါ်မှာ မူတည်တယ်။

Myint Moh
Pharmacy & Diagnostic Clinic
One Stop Treatment.

International Health Counselor
Aung Myint Moh
Master diagnostician
(Harvard Medical USA)

Address

156, Aye Chan Tharyar 1st Street, 42 Ward, North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Myint Moh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram