Myittar Shin Clinic

Myittar Shin Clinic Health care services
(1)

၆.၁၀.၂၀၂၅ -မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် 🪔🪔🪔သီတင်းကျွတ်လပြည့်နေ့ မှစ၍ ၇ရက်သားသမီးများနှင့် သက်ရှိသတ္တဝါများအားလုံး စိတ်၏ချမ...
06/10/2025

၆.၁၀.၂၀၂၅ -မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်
🪔🪔🪔သီတင်းကျွတ်လပြည့်နေ့ မှစ၍ ၇ရက်သားသမီးများနှင့် သက်ရှိသတ္တဝါများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်🙏🏼🙏🏼🙏🏼

ဆေးခန်းရဲ့ လပြည့်/ လကွယ်နှင့် အပတ်စဉ်ဆွမ်းတန်းအလှူလေးများ🙏🏼( ဆေးခန်းလာ ၇ရက်သားသမီးများကောင်းမှု🙏🏼)၆.၉.၂၀၂၅ ယနေ့ကျရောက်တဲ...
06/09/2025

ဆေးခန်းရဲ့ လပြည့်/ လကွယ်နှင့် အပတ်စဉ်ဆွမ်းတန်းအလှူလေးများ🙏🏼( ဆေးခန်းလာ ၇ရက်သားသမီးများကောင်းမှု🙏🏼)
၆.၉.၂၀၂၅ ယနေ့ကျရောက်တဲ့
တော်သလင်းလပြည့် ( ဂရုဓမ္မအခါတော်နေ့) မှစ၍
သက်ရှိသတ္တဝါ ၇ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်🙏🏼🙏🏼🙏🏼

FYI
09/01/2025

FYI

(ခုမှ Page ထဲဝင်လို့ရလို့ပါ ။ ) 2.1.2025 ၂၀၂၅ နှစ်သစ်မှစ၍ ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းန...
02/01/2025

(ခုမှ Page ထဲဝင်လို့ရလို့ပါ ။ ) 2.1.2025
၂၀၂၅ နှစ်သစ်မှစ၍ ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွါးဥစ္စာများဒီရေအလားတိုးပွါးကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းပြီး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🏼

15/11/2024

ဆေးခန်းအတွက် Nurse Aid (မ) ၁ဦးအလိုရှိပါတယ်ရှင်။
* ဆေးခန်းချိန် မနက် ၇:၅၀-၁၁:၃၀ / ညနေ ၃:၅၀-၈:၀၀ ထိ
*တပတ်၁ရက် နားရက်ရှိပါမယ်။
*အစမ်းခန့် ၁လ ခန့်ပါမယ်။
*အခြေခံပညာ အနည်းဆုံးအထက်တန်းအဆင့်ဖြစ်ရပါမယ်။
* ရေရှည်လုပ်ကိုင်နိုင်ပြီး ဆက်ဆံရေးပြေပြစ်သူများသာလျှောက်ထားပေးပါ။
* ရိုးသား ကြိုးစား၍ အလုပ်လုပ်ကိုင်လိုစိတ်ရှိရပါမည်။
* Nurse Aid သင်တန်းဆင်း လက်မှတ်မရှိ / အတွေ့အကြုံမရှိလည်း ရပါတယ် ( သင်ကြားပေးပါမည်)
* တနှစ်ပြည့်တိုင်း နှစ်ကုန်Bonus ရပါမည်။

စိတ်ပါဝင်စားသူများ မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်းတွင် CV form လာရောက်တင်နိုင်ပါသည်။

မှတ်ချက်- ဆေးခန်းအချိန် မနက်/ည ဖြစ်သောကြောင့် သွားလာရေးအဆင်ပြေစေရန် ၁၀မိုင်အနီးတဝိုက်နေထိုင်သူများသာ ဦးစားပေးရွေးချယ်ပါမည်
ရှင်။
-ဖုန်း 09768823300/ 09408017755
Viber only -095176960

 #တန်ဆောင်မုန်းလပြည့်နေ့🌕🌕၁၃၈၆ခုနှစ် ( ၁၅.၁၁.၂၀၂၄) မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆ...
15/11/2024

#တန်ဆောင်မုန်းလပြည့်နေ့🌕🌕
၁၃၈၆ခုနှစ် ( ၁၅.၁၁.၂၀၂၄) မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် ရှင် 🙏🏼

🕯🪔 ဒီပါဝလီ (ဒေဝါလီ)နေ့ 🕯🪔Happy Deepavali 🔥✨   # Diwali 🙏  #ဒီပါဝလီ (Deepavali) သို့မဟုတ် တချို့က ဒေဝါလီ (Diwali)  ဟုလဲ  ...
01/11/2024

🕯🪔 ဒီပါဝလီ (ဒေဝါလီ)နေ့ 🕯🪔

Happy Deepavali 🔥✨

# Diwali 🙏
#ဒီပါဝလီ (Deepavali) သို့မဟုတ် တချို့က ဒေဝါလီ (Diwali) ဟုလဲ ခေါ်ကြသော ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်တစ်ခုဖြစ်ပြီး...

#ဒီပ ဆိုသည်မှာ မီးအလင်းရောင်ဖြစ်သောကြောင့် ဒီပါဝလီဆိုသည်မှာ ဆီမီးခွက်များ စီတန်းထွန်းညှိပူဇော်သည့်ပွဲ ဟု အဓိပ္ပါယ်ရပါသည်။

#အလင်းဖြင့် အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့များရှိခဲ့ပါက ပျောက်ကွယ်ပြီး အကောင်းတို့ရောက်လာစေရန်၊ အဆင်မပြေသည့် အခြေအနေမှ မျှော်လင့်ချက်များ ရရှိလာစေရန် အဓိပ္ပါယ်နှင့် မီးပူဇော်ကြခြင်း ဖြစ်ပါသည်။

2024 ခုနှစ်တွင် ကျရောက်သော ဒီပါဝလီနေ့မှ စပြီး ဟိန္ဒူ ဘာသာဝင် မိတ်ဆွေများအားလုံးပဲ
ပျော်ရွှင်စရာ Deepavali ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🏼။
# Credit

၁၇.၁၀.၂၀၂၄ 🙏သီတင်းကျွတ်လပြည့် 🙏အဘိဓမ္မာအခါတော်နေ့) မြန်မာသက္ကရာဇ် (၁၃၈၆)ခုနှစ် ကြာသပတေးနေ့ မှစ၍ ၇ရက်သားသမီးများနှင့်တစ်က...
17/10/2024

၁၇.၁၀.၂၀၂၄ 🙏သီတင်းကျွတ်လပြည့် 🙏အဘိဓမ္မာအခါ

တော်နေ့) မြန်မာသက္ကရာဇ် (၁၃၈၆)ခုနှစ်

ကြာသပတေးနေ့ မှစ၍ ၇ရက်သားသမီးများနှင့်တစ်ကွ သက်ရှိသတ္တဝါများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ရှင် 🙏🏼🙏🏼🙏🏼

Credit  # Photos
21/08/2024

Credit # Photos

21/08/2024

WHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ အဖြစ် ကြေညာလိုက်သည့်
မျောက်ကျောက်ရောဂါ
=================================

မျောက်ကျောက်က အာဖရိကနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားပြီးနောက်မှာ အခုဆိုရင် ပြင်းထန်တဲ့စိုးရိမ်စရာတစ်ခုဖြစ်နေပါပြီ။ တခြားနိုင်ငံတွေအထိ ကူးစက်ပြန့်ပွားမှုတွေ တွေ့နေရတာကြောင့်ပါ။

ကိုဗစ်ရောဂါဟာ ကမ္ဘာတစ်ဝန်းကိုပျံ့နှံ့ပြီးနောက် (၂) နှစ်အတွင်းမှာ မျောက်ကျောက်ရောဂါဟာ ကူးစက်မှုမြန်တဲ့ ရောဂါတစ်မျိုးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ယခုဆိုလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မျောက်ကျောက်ရောဂါကို အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ် မှတ်ယူဖို့ ကြေညာလိုက်ပြီး အာရှတိုက်ရှိ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်စသည့် လူထူထပ်သောနယ်မြေတစ်ချို့မှာ ပျံ့နှံ့နိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လူနာများအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အရေပြားရောဂါတစ်ခုခု မရှိဘူးဆိုရင်တော့ သေချာဂရုတစိုက်စောင့်ရှောက်ပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်းက ပြန်လာကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

#ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
#ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ် ၊ လိင်အင်္ဂါတစ်ဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ခြင်း ခံရသည့် နိုင်ငံများမှာ
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ - ၁၇၅၄
အမေရိကန်ပြည်ထောင်စု - ၁၃၃၉
တရုတ် - ၃၃၃
စပိန် - ၃၃၂
ထိုင်း - ၁၂၀
ဩစတေးလျ - ၁၀၈
ဘရာဇီး - ၁၀၆
ကိုလမ်ဘီယာ - ၁၀၁
ပြင်သစ် - ၁၀၁
ကနေဒါ - ၈၃
ဗီယက်နမ် - ၈၁
အင်္ဂလန် - ၇၇
ပီရူး - ၆၃
အီတလီ - ၆၀
ဂျာမနီ - ၅၇
မက္ကဆီကို - ၄၅
နိုင်ဂျီးရီးယား - ၃၄
ဆွီဒင် - ၃၂
ပေါ်တူဂီ - ၃၁
အာဖရိကအလယ်ပိုင်း - ၂၁
ကွန်ဂို - ၁၉
နယ်သာလန် - ၁၇
ဆွစ်ဇာလန် - ၁၆
တောင်အာဖရိက - ၁၆
ဂျပန် - ၁၅
အင်ဒိုနီးရှား - ၁၅
အာဂျင်တီးနား - ၁၃
ကမ္ဘောဒီးယား - ၁၂
Czech- ၁၁
ဂရိ - ၁၀
ဘယ်လ်ဂျီယမ် - ၁၀
ဩစတြီးယား- ၁၀
ပိုလန်- ၆
လီဘာရီယား - ၅
ကာမယ်ရွန် - ၅
အိုင်ယာလန် - ၅
ကိုရီးယား - ၄
ဟမ်ဂေရီ - ၃
ရုရှား - ၂
နော်ဝေ- ၂
Slovak - ၂
ဘူဂါရီယာ - ၁
ခရိုအေးရှား - ၁
ဖိလစ်ပိုင် - ၁
မျောက်ကျောက်‌ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှလည်း နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ထပ်မံကြေညာလိုက်တာကြောင့် အထူးဂရုစိုက်နေထိုင်ကြစေရန် တိုက်တွန်းလိုက်ပါတယ်။

.indiatimes.com,independent.co.uk,cdc


၂၀.၇.၂၀၂၄ ( မြန်မာသက္ကရာဇ် ၁၃၈၆) ဝါဆိုလပြည့်နေ့မနက်ပိုင်း ဆေးခန်းမှာ နှစ်တိုင်း လှူနေကျ မုန့်ဖက်ထုပ်များ ဝေမျှလှူဖြစ်ခဲ့...
20/07/2024

၂၀.၇.၂၀၂၄ ( မြန်မာသက္ကရာဇ် ၁၃၈၆) ဝါဆိုလပြည့်နေ့မနက်ပိုင်း ဆေးခန်းမှာ နှစ်တိုင်း လှူနေကျ မုန့်ဖက်ထုပ်များ ဝေမျှလှူဖြစ်ခဲ့ပါတယ်ရှင်။

အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏🏼

🤑🤑ဆေးခန်းမှာ Kpay / Wave pay / AYA pay နဲ့ ပေးချေနိုင်ပါတယ်ရှင်**(  % ပေးစရာမလိုပါ) **။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ...
14/07/2024

🤑🤑ဆေးခန်းမှာ Kpay / Wave pay / AYA pay နဲ့ ပေးချေနိုင်ပါတယ်ရှင်**( % ပေးစရာမလိုပါ) **။
အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်🙏🏼

Address

No;394( A) Yangyi Aung Street, 10 Miles Market, Insein Township
Yangon

Telephone

+959768823300

Website

Alerts

Be the first to know and let us send you an email when Myittar Shin Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram