Karuna Lan Thit Specialist Clinic

Karuna Lan Thit Specialist Clinic General Medicine & Cancer, Pain & Palliative Care Excellence Center
(အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

ကင်ဆာ ဆိုတာနဲ့  လူတိုင်းက နာကျင်ခံစားရတဲ့ ထိတ်လန့်စရာ ရောဂါတခု လို့ မြင်ကြပါတယ် ။ လူအများစုက နာကျင်မှုဟာ ကင်ဆာခရီးလမ်းမှ...
16/01/2026

ကင်ဆာ ဆိုတာနဲ့ လူတိုင်းက နာကျင်ခံစားရတဲ့ ထိတ်လန့်စရာ ရောဂါတခု လို့ မြင်ကြပါတယ် ။ လူအများစုက နာကျင်မှုဟာ ကင်ဆာခရီးလမ်းမှာ မလွဲမရှောင်သာ ပါဝင်တယ်လို့ ထင်ကြပေမဲ့ ကရုဏာလမ်းသစ် ရဲ့ ရည်မှန်းချက်ကတော့ နာကျင်မှုကို ထိန်းချုပ်နိုင်အောင် ကူညီပေးဖို့ပါပဲ။ 💯

နာကျင်ကိုက်ခဲခြင်း အနေနဲ့ တင်မဟုတ်ဘဲ ထုံကျဉ်ခြင်း၊ ပူခြင်း၊ တင်းခြင်း၊ အောင့်ခြင်း စသည့် လက္ခဏာများအနေနဲ့ လည်း ခံစားရနိုင်ပါတယ်။

ဒါကြောင့် ကင်ဆာကုသရာမှာ နာကျင်မှုကိုစနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ အရမ်းအရေးကြီးပါတယ်။

ကရုဏာလမ်းသစ်အထူးကုဆေးခန်းမှာ နာကျင်မှုအထူးကု ကျွမ်းကျင်ပညာရှင်တွေ ရှိတာကြောင့် သင့်အတွက် အကောင်းဆုံး အသက်သာဆုံး ဖြစ်စေမယ့် နည်းလမ်းတွေကို ရှာဖွေ ကုသပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် နာကျင်မှု ဝေဒနာကို တစ်ယောက်တည်းကြိတ်မခံစားပဲ ကရုဏာ နဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ …. 🥰

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Email : info@karunalanthit.com, marketing@karunalanthit.com
Phone : 0940 1699 403, 0988 645 1212, 0988 645 7878

Google Map📍: https://maps.app.goo.gl/EWocVxnHwLyM3s5P8

.

ကင်ဆာလူနာများရဲ့ အနာတွေဟာ အနာဆေးထည့်ရခက်ခဲလှပါတယ် ကင်ဆာအနာကြောင့်  နာကျင်တာ, အနံ့ဆိုးထွက်တာ ,သွေးထွက်တာ များအပြင်  စိတ်ပ...
11/01/2026

ကင်ဆာလူနာများရဲ့ အနာတွေဟာ အနာဆေးထည့်ရခက်ခဲလှပါတယ် ကင်ဆာအနာကြောင့် နာကျင်တာ, အနံ့ဆိုးထွက်တာ ,သွေးထွက်တာ များအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကရုဏာလမ်းသစ်က အတူဖြေရှင်းပေးဖို့ ရှိနေပါတယ်။ 💯

ကင်ဆာအနာ ဆေးထည့်မှု ကျွမ်းကျင်ပိုင်နိုင်သော ကင်ဆာအထူးကု ဆရာဝန်ကြီးများ ၊ အနာဆေးထည့်ကျွမ်းကျင်သော ဆရာဝန်ကြီးများ၊ သူနာပြုများ ပါဝင်သော ထောက်ကူပြုစုကုသမှုအဖွဲ့ Palliative Care Team ၏ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ကင်ဆာအနာ ဆေးထည့်မှုပြုလုပ်ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာခံစားနေရသော စိတ်ဒဏ်ရာများကိုပါ ဖေးမကုသပေးတာ ဖြစ်ပါတယ်။

ကင်ဆာအနာကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများ ဝေဒနာများကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့အတွက် စိတ်ချယုံကြည်ရတဲ့ ကရုဏာလမ်းသစ်အထူးကုဆေးခန်းကို အခုပဲ ဆက်သွယ်လိုက်ပါ … 💞

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Email : info@karunalanthit.com, marketing@karunalanthit.com
Phone : 0940 1699 403, 0988 645 1212, 0988 645 7878
Google Map 📍 : [https://maps.app.goo.gl/EWocVxnHwLyM3s5P8](https://maps.app.goo.gl/EWocVxnHwLyM3s5P8?fbclid=IwZXh0bgNhZW0CMTAAYnJpZBExQW50N1Y1NXdGSHo4aExZcHNydGMGYXBwX2lkEDIyMjAzOTE3ODgyMDA4OTIAAR4oiqh-wLLcVcM3iOwDqUwsJrqqWh6kB1vzQmWm7M8pTOemtrC0O6ixtzuAiA_aem_9ZnkxjUIo8pi888Hg6CZxw)

.

ကရုဏာလမ်းသစ်အထူးကုဆေးခန်းတွင် ပြင်ပလူနာအဖြစ်ပြသနိုင်မည့် အထူးကု ဆရာဝန်ကြီးများနှင့် အချိန်ဇယားများကို အားလုံးအတွက် ပြန်လ...
09/01/2026

ကရုဏာလမ်းသစ်အထူးကုဆေးခန်းတွင် ပြင်ပလူနာအဖြစ်ပြသနိုင်မည့် အထူးကု ဆရာဝန်ကြီးများနှင့် အချိန်ဇယားများကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

📌ဆရာဝန်ကြီးများရဲ့ ပြောင်းလဲနိုင်သည့် အချိန်ဇယားများကို အသေးစိတ်သိရှိနိုင်ရန်အတွက် ဆေးခန်းသို့ ဖုန်းဆက်၍ ကြိုတင်စုံစမ်းမေးမြန်းခြင်းနှင့် Booking ယူခြင်းများ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်လိုက်ပါတယ်နော်။

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

Email : info@karunalanthit.com , marketing@karunalanthit.com
Phone: 0940 1699 403, 0988 645 1212, 0988 645 7878

.

မိမိကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ ကျန်းမာရေးဝေဒနာတွေ ခံစားနေရတဲ့အခါ နွေးထွေးတဲ့ ဂရုစိုက်မှုနဲ့ ထိရောက်တဲ့ ကု...
03/01/2026

မိမိကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ ကျန်းမာရေးဝေဒနာတွေ ခံစားနေရတဲ့အခါ နွေးထွေးတဲ့ ဂရုစိုက်မှုနဲ့ ထိရောက်တဲ့ ကုသမှုတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

ကရုဏာလမ်းသစ် အထူးကုဆေးခန်းမှာဆိုရင် အထွေထွေရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များ၊ နာကျင်မှုဝေဒနာရှင်များအတွက် အထူးပြု ကုသပေးနေပါတယ်။

📍 ဆေးခန်းတည်နေရာကတော့ လမ်းမတော်မြို့နယ်၊ လမ်းသစ်ရိပ်သာ တိုက်အမှတ် (၇) မှာ ဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးနဲ့ အရမ်းနီးတဲ့အပြင် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိလို့ ရှာရလွယ်ကူပြီး သွားရလာရ အလွန်အဆင်ပြေပါတယ်။

🚗 မြို့ထဲမှာ ဆေးခန်းပြတဲ့အခါ ကားရပ်ဖို့ ခက်ခဲတတ်ပေမယ့် ကရုဏာလမ်းသစ်မှာတော့ ကျယ်ဝန်းတဲ့ ကားပါကင် ရှိတာကြောင့် ယာဉ်ရပ်နားဖို့အတွက် လုံးဝ စိတ်ပူစရာမလိုတော့ပါဘူး။

🚌 YBS စီးပြီး လာရောက်ပြသသူများအနေနဲ့ သရက်တောမှတ်တိုင် (သို့မဟုတ်) စံပြမှတ်တိုင်မှာ ဆင်းလိုက်ရုံနဲ့ ဆေးခန်းကို အလွယ်တကူ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

🕒 မနက် ၇ နာရီကနေ ည ၇ နာရီအထိ ပိတ်ရက်မရှိ (၇) ရက်လုံး ဖွင့်လှစ်ထားတာကြောင့် အရေးကြီးတဲ့ ကျန်းမာရေးကိစ္စတွေအတွက် အချိန်မရွေး လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါပြီ။

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Email : info@karunalanthit.com, marketing@karunalanthit.com
Phone : 0940 1699 403, 0988 645 1212, 0988 645 7878
Google Map📍: https://maps.app.goo.gl/EWocVxnHwLyM3s5P8



ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ကရုဏာလမ်းသစ်သို့ လှမ်းလာခဲ့ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်နော် … 🥰

" မယ်နှင်း " ပြန်လည်ကျန်းမာလာတာမြင်ရလို့ ဝမ်းသာပါတယ်ရှင် . . 🥰
03/01/2026

" မယ်နှင်း " ပြန်လည်ကျန်းမာလာတာမြင်ရလို့ ဝမ်းသာပါတယ်ရှင် . . 🥰

ကျွှန်မကင်စာဖြစ်ခဲ့စဥ်ကုသပေးခဲ့တဲ့ဆရာမဒေါ်ဝါဝါမြင့်ဥ္ဇူပါဒီနေ့ဆေးပြန်စစ်တာပါအပြင်ပန်းဆရာမစစ်ဆေးမှူ့ရလဒ်ကောင်းပါတယ်ဓာတ်ခွဲခန်းအဖြေတော့မသိရသေးပါ
ကျေးဇူးရှိခဲ့တဲ့ဆရာမလွန်ခဲ့တဲ့၇နှစ်ကစတင်ပြခဲ့ဘူးတဲ့နေ့ကစကားတွေကိုအခုထိမှတိမိနေသေးတဲ့ဆရာမပါကင်စာလို့သိလိုက်တဲ့အချိန်မှာလူတကိုယ်လုံးနတ်ပူးသလိုတုန်နေတာကိုအားရပါးရဖတ်ပီးပေးငိုခိုင်းခဲ့တဲ့ဆရာမပါအဆင့်တန်းမခွဲခြားသဘောအရန်းကောင်းသူတွေ့တာနဲ့နာမည်ကိုအခုချိန်ထိမှတ်မိသူကျေးဇူးတွေအများကြီးတင်ရပါတယ်ဆရာမလည်းဝိတ်ကြပီးပိုလှလာပါတယ်ကျေးဇူးပါဆရာမ
ဆေးတခါစစ်ရင်သွေးကြောသေးလို့ကြောက်တတ်သူမယ်နှင်းဒီနေ့တော့ငါဖြစ်တာငါဘဲခံရမှာဘဲဘုရားစာလေးရွတ်ပီးဖောက်လိုက်တာတခါထဲအကြောရှာတာအဆင်ပြေသွားတယ်ဆေးအဖြေရလဒ်လည်းစာမေးပွဲအောင်စာရင်းစောင့်သလိုရင်တုန်ရပါတယ်ဒီတခါပေါ့ပေါ့ပေါ့ပါးပါးဘဲဘာလာလာငါရင်ဆိုင်မယ်ဆိုပီးစိတ်ကိုပေါ့ပါးလိုက်ပါတယ်အဆင်ပြေမှာပါဓာတ်ပုံရိုက်မယ်ဆိုတော့လည်းရိုက်ပါလို့ခွင့်ပြုခဲ့လို့ကျေးဇူးပါဆရာမ
အားလုံးကျန်းမာကြပါစေ

ကုန်ဆုံးသွားတဲ့ နှစ်ဟောင်းက အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလို၊ ရောက်ရှိလာမယ့် နှစ်သစ်မှာလည...
31/12/2025

ကုန်ဆုံးသွားတဲ့ နှစ်ဟောင်းက အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလို၊ ရောက်ရှိလာမယ့် နှစ်သစ်မှာလည်း “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း ရောဂါဝေဒနာတွေ ကင်းဝေးပြီး စိတ်ချမ်းမြေ့စရာ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေရန်လည်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် … 🙆🏻‍♀️

ဒီဇင်ဘာလ (၄) ရက်မှ (၆) ရက်အထိ ကရုဏာလမ်းသစ်အထူးကုဆေးခန်း သို့ မဟာသွံသာရရုပ်ရှင်တော်မြတ်ကြီးအား ပင့်ဆောင်ပူဇော်ရာတွင် လာရေ...
26/12/2025

ဒီဇင်ဘာလ (၄) ရက်မှ (၆) ရက်အထိ ကရုဏာလမ်းသစ်အထူးကုဆေးခန်း သို့ မဟာသွံသာရရုပ်ရှင်တော်မြတ်ကြီးအား ပင့်ဆောင်ပူဇော်ရာတွင် လာရောက် ဖူးမြော် ကုသိုလ်ယူကြပါသော ဓမ္မမိတ်ဆွေများနှင့် ဧည့်သည်တော်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

လူကြီးမင်းတို့၏ သဒ္ဓါတရားထက်သန်မှုကြောင့် အခမ်းအနားမှာ ကုသိုလ်တရားများဖြင့် ပြည့်စုံခဲ့ရပါသည်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ကရုဏာလမ်းသစ် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကရုဏာလမ်းသစ် အထူးကုဆေးခန်းတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး  တွဲဖက်ပါမောက္ခ  Dr. ဝါဝါမဉ္ဇူ ( M.B.B.S,  M.Med. Sc ( Radiation O...
23/12/2025

ကရုဏာလမ်းသစ် အထူးကုဆေးခန်းတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး

တွဲဖက်ပါမောက္ခ Dr. ဝါဝါမဉ္ဇူ
( M.B.B.S, M.Med. Sc ( Radiation Oncology ),
Fellowship in Palliative Medicine ( Singapore ),
Fellowship in Palliative Care ( India / UK ),
ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ( ဓါတ်ရောင်ခြည် ),
ကင်ဆာရောဂါနာကျင်မှုနှင့် ဘက်စုံထောက်ကူပြုစုကုသမှုအထူးကု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး။ )

နှင့် Booking ယူပြီး ပြသနိုင်ပြီကြောင်း အသိပေးအပ်ပါတယ်။ ☑️☑️

ရန်ကုန်မြို့မှ မဟုတ်သော အခြားသောမြို့များမှ ဆေးခန်းကို လာရောက်ပြသရန် အခက်အခဲရှိသော လူနာများအတွက်လည်း TeleConsultation ( Online Consultation) ပြုလုပ်နိုင်ရန် စီစဉ်ပေးထားကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။ 📱📱

ဆရာမကြီးနှင့် ပြသလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်၍ booking ယူနိုင်ပါတယ်ရှင့် … 🥰

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Email : info@karunalanthit.com , marketing@karunalanthit.com
Phone: 𝟎𝟗𝟒𝟎 𝟏𝟔𝟗𝟗 𝟒𝟎𝟑, 𝟎𝟗𝟖𝟖 𝟔𝟒𝟓 𝟏𝟐𝟏𝟐, 𝟎𝟗𝟖𝟖 𝟔𝟒𝟓 𝟕𝟖𝟕𝟖

သင်ရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင်၊ တိကျမှန်ကန်တဲ့ ရောဂါရှာဖွေမှုရလဒ်တွေကို ရရှိဖို့ လိုအပ်ပါတယ်။ ...
29/11/2025

သင်ရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင်၊ တိကျမှန်ကန်တဲ့ ရောဂါရှာဖွေမှုရလဒ်တွေကို ရရှိဖို့ လိုအပ်ပါတယ်။ ကရုဏာလမ်းသစ်ရဲ့ ဓာတ်ခွဲခန်းဟာ သင့်အတွက် အကောင်းဆုံး အရည်အသွေး၊ အမြန်ဆုံး အဖြေနှင့် အပြည့်စုံဆုံး ဝန်ဆောင်မှုများကို ပေးအပ်ဖို့ အသင့်ရှိနေပါပြီ။ ✨

ကရုဏာလမ်းသစ်ရဲ့ ဓာတ်ခွဲခန်းမှာဆိုရင် …

🔬 ခေတ်မီသော စက်ကြီးများဖြင့် စစ်ဆေးနိုင်ခြင်း
🔬 ကျွမ်းကျင်သော ဓာတ်ခွဲပညာရှင်များမှ စစ်ဆေးမှုပြုလုပ်ပေးခြင်း
🔬 ကျွမ်းကျင် Phlebotomist (သွေးဖောက်သူ) များမှ ကိုယ်တိုင် သွေးနမူနာ ရယူပေးခြင်း
🔬 အချို့သော Blood Test များကို အဖြေ (၁) နာရီအတွင်း ရရှိနိုင်ခြင်း
🔬 အိမ်အရောက် ဝန်ဆောင်မှုပေးခြင်း
🔬 သင်တန်းကျောင်း၊ ကုမ္ပဏီများနှင့် နိုင်ငံခြားသွားဖို့အတွက် အထွေထွေကျန်းမာရေး စစ်ဆေးမှု၊ ဓာတ်ခွဲစမ်းသပ်မှု၊ ရောဂါရှာဖွေမှု စတာတွေအတွက် စုံလင်တဲ့ Package တွေကို ရရှိနိုင်ခြင်း

စစ်ဆေးနိုင်သော Test များအနေဖြင့် နှလုံးကျောက်ကပ်၊ အသည်း၊ အဆုတ်ရောဂါတွေ၊ နာတာရှည်ရောဂါတွေအပြင် ဆရာဝန်စမ်းသပ်စစ်ဆေးခြင်း၊ သွေးတွင်းအဆီဓာတ်၊ Uric Acid၊ သွေးလေးဖက်နာ၊ B ပိုး၊ စီပိုး၊ ဘီပိုးအားခုခံကာကွယ်မှုရှိမရှိ၊ ကာလသားပိုး၊ သွေးအားစစ်ဆေးခြင်း (CP)၊ သွေးဗေဒစစ်ဆေးခြင်း၊ လည်ပင်းကြီး ရှိမရှိနှင့် ဆီးစစ်ဆေးခြင်း၊ ပိုးမွေးခြင်း များ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 💯

အားသာချက်အနေနဲ့ဆိုရင်လည်း သွေးအဖြေရလဒ်များကို ဆရာဝန်ကြီးများနှင့် တစ်ခါတည်းပြသနိုင်ခြင်း၊ အခြားလိုအပ်သော ကျန်းမာရေးစစ်ဆေးမှု၊ USG, X Ray, Echo, ECG များ ရရှိခြင်းတို့ကြောင့် တစ်နေရာတည်းမှာ အားလုံးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် စစ်ဆေးဖို့ လိုအပ်လာပြီဆိုရင်တော့ ကရုဏာလမ်းသစ်ကိုသာ ရွေးချယ်လိုက်ပါ … 🥰

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Email : info@karunalanthit.com , marketing@karunalanthit.com
Phone : 0940 1699 403, 0988 645 1212, 0988 645 7878

.

၂၂.၁၁.၂၀၂၅ ရက်၊ စနေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော ကရုဏာလမ်းသစ် အထူးကုဆေးခန်းရဲ့ Grand Opening အခမ်းအနား သို့ က...
25/11/2025

၂၂.၁၁.၂၀၂၅ ရက်၊ စနေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော ကရုဏာလမ်းသစ် အထူးကုဆေးခန်းရဲ့ Grand Opening အခမ်းအနား သို့ ကြွရောက်ချီးမြှင့်ပေးခဲ့ကြသော ဧည့်သည်တော်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် မိတ်ဆွေများအားလုံးကို ကရုဏာလမ်းသစ်မှ အထူးကျေးဇူးတင်ရှိပါတယ်။ ✨🧡

လူကိုယ်တိုင် လာရောက်ချီးမြှင့်ပေးကြရုံသာမက တန်ဖိုးရှိသော ဆုတောင်းစကားများ၊ လက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့ကြသည့်အတွက်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။
အနာဂတ်မှာလည်း ကရုဏာလမ်းသစ် အနေနဲ့ လူနာများရဲ့ စိတ်ချယုံကြည်မှုကို ဆက်လက်ရရှိစေရန် အကောင်းဆုံးသော ကျန်းမာရေး ဝန်ဆောင်မှုများနှင့် စောင့်ရှောက်မှုများကို ပေးအပ်ရင်း ခေတ်မီသော အထူးကု ဆေးခန်းကြီး အဖြစ် အကောင်းဆုံး ကြိုးစားရင်း ရပ်တည်သွားမည်ကိုလည်း လေးနက်စွာ ကတိပြုလိုက်ပါတယ်။

ကြွရောက်လာသော ဧည့်သည်တော်ကြီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘများလည်း တိုးတက်အောင်မြင်စေရန် ကရုဏာလမ်းသစ်ဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် … 🤎🧡

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Email : info@karunalanthit.com , marketing@karunalanthit.com
Phone : 0940 1699 403, 0988 645 1212, 0988 645 7878
.

ကရုဏာလမ်းသစ်အထူးကုဆေးခန်းမှာ  ကင်ဆာမဖြစ်ခင် ကာကွယ်ခြင်းမှသည် ကုသမှုပြီးဆုံးချိန်အထိ  ခရီးစဉ်တလျှောက်လုံး အတွက် အကောင်းဆု...
20/11/2025

ကရုဏာလမ်းသစ်အထူးကုဆေးခန်းမှာ ကင်ဆာမဖြစ်ခင် ကာကွယ်ခြင်းမှသည် ကုသမှုပြီးဆုံးချိန်အထိ ခရီးစဉ်တလျှောက်လုံး အတွက် အကောင်းဆုံး စောင့်ရှောက်မှုများကို ပြည့်စုံစွာရယူနိုင်ပါပြီ

ကင်ဆာမဖြစ်ပွားအောင်နေထိုင်စားသောက်မှုပုံစံများ နှင့် ကာကွယ်ဆေးများအကြောင်း ( ဥပမာ - ဘီပိုးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ) များအကြောင်းကို ရှင်းလင်းစွာ ညွှန်ကြားပေးခြင်း

☑️ ကင်ဆာရောဂါအထူးကု ဆရာဝန်ကြီးများနှင့် ပြသနိုင်ခြင်း

☑️ အဆင့်မြင့် Laboratory & Diagnostic Center တွင် ဓာတ်မှန်၊ အာထရာဆောင်း၊ ECHO စသည့် စစ်ဆေးမှုများကို တနေရာတည်းမှာ တိတိကျကျ ဆောင်ရွက်နိုင်ခြင်း

☑️ ကင်ဆာရောဂါအတွက် လိုအပ်သော ကင်ဆာ ဆေးသွင်းခြင်း ဝန်ဆောင်မှု

>> ကျယ်ဝန်းပြီး သက်တောင့်သက်သာဖြစ်သော ဆေးသွင်းခုံများ အခန်းများရှိသော ( Chemo Daycare Center ) တွင် ​ဆေးသွင်းကုသမှု ခံယူနိုင်ခြင်း

>> ဆေးသွင်းနေစဉ်တစ်လျှောက် ကျွမ်းကျင် ဆရာဝန်များနှင့် ကျွမ်းကျင် သူနာပြုများမှ လိုအပ်သည့်စောင့်ရှောက်မှုများကို ပေးရန် အသင့်ရှိနေခြင်း

☑️ Chemo ဆေးမျိုးစုံနှင့် အခြားဆက်စပ်ဆေးမျိုးစုံအား စျေးနှုန်းအစားစားထားရှိပေးခြင်း

☑️ ကင်ဆာအနာ ​ဆေးထည့်ပေးခြင်းနှင့် ဝမ်းအိတ်ဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း( Cancer wound care and colostomy care)

☑️ ကင်ဆာ​ရောဂါ​ကြောင့် နာကျင်မှု၊ ​မောပန်းခြင်း စသည့် ဝေဒနာအမျိုးမျိုး သက်သာ​စေရန် ကုသ​ပေးခြင်း ( Cancer Pain and Palliative Care )

☑️ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက် ​အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ကျွမ်းကျင်ပညာရှင်များမှ လေ့ကျင့်ခန်းများပြုလုပ်သင်ကြားပေးခြင်း၊ ​​နောက်ဆုံးပေါ် စက်များဖြင့် ​ ကုသပေးခြင်း ( Cancer Rehabilitation )

ကင်ဆာခရီးစဉ်တလျှောက် အကောင်းဆုံး အဖော်မွန်အဖြစ် အတူရှိနေမယ့် ကရုဏာလမ်းသစ်အထူးကုဆေးခန်း ✨✨✨

Karuna Lan Thit General Medicine & Cancer, Pain & Palliative Care Center
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း )

Address : တိုက်အမှတ် - ၇ ၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email : info@karunalanthit.com , marketing@karunalanthit.com
Phone : 0940 1699 403, 0988 645 1212, 0988 645 7878
.

ယနေ့မှာကျရောက်သော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် ကမ္ဘာပေါ်ရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တ...
04/11/2025

ယနေ့မှာကျရောက်သော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် ကမ္ဘာပေါ်ရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာလုံး ကျန်းမာခြင်း၊ အေးချမ်းခြင်းတွေနဲ့ ပြည့်စုံကြပါစေရန် ကရုဏာလမ်းသစ်အထူးကုဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် . . . .

Address

Building 7A,Lan Thit Avenue, Lanmadaw Township
Yangon
11131

Website

Alerts

Be the first to know and let us send you an email when Karuna Lan Thit Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram