mental heal with you

mental heal with you Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from mental heal with you, Health & Wellness Website, Yangon.

A safe home that provides mental health support to everyone equally and makes sure everyone can achieve emotional well-being through inclusive and comprehensive services.

🕊️ ငယ်ငယ်က သင်ဖြစ်ချင်ခဲ့တဲ့ လူကြီးမျိုး အခုဖြစ်နေပြီလား?ငယ်ငယ်က... ရှေ့နေကြီးလုပ်မယ်၊ ဆရာဝန်ကြီးလုပ်မယ်...ဒါမှမဟုတ် လွတ...
21/04/2026

🕊️ ငယ်ငယ်က သင်ဖြစ်ချင်ခဲ့တဲ့ လူကြီးမျိုး အခုဖြစ်နေပြီလား?

ငယ်ငယ်က... ရှေ့နေကြီးလုပ်မယ်၊ ဆရာဝန်ကြီးလုပ်မယ်...ဒါမှမဟုတ် လွတ်လပ်တဲ့ ငှက်ကလေးတစ်ကောင်လို ကမ္ဘာပတ်မယ်ဆိုတဲ့ အိမ်မက်ရောင်စုံတွေ မှတ်မိသေးရဲ့လား?
အဲဒီတုန်းက "လူကြီးဖြစ်ရတာ ပျော်စရာကြီး" လို့ ထင်ခဲ့ကြဖူးတယ်နော်...တကယ်တမ်း လူကြီးဘဝထဲ ရောက်လာတဲ့အခါမှာတော့ အိမ်မက်တွေထက် တာဝန်တွေ၊ ရုန်းကန်မှုတွေနဲ့ ဖြတ်သန်းမှုတွေက ပိုပြီး နေရာယူလာတတ်ပါတယ် 🍂
✨ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်...
တကယ်တော့ "သင်ဖြစ်ချင်တဲ့လူကြီး" ဆိုတာ ရာထူးဂုဏ်ရှိန်တွေ၊ ငွေကြေးတွေထက်—
စိတ်နှလုံး ဖြူစင်တဲ့သူတစ်ယောက် ဖြစ်နေပြီလား?
တစ်ပါးသူအပေါ် ကြင်နာတတ်တဲ့သူ ဖြစ်နေပြီလား?
အခက်အခဲတွေကြားမှာ ပြုံးနိုင်စွမ်းရှိတဲ့ လူကြီးတစ်ယောက် ဖြစ်နေပြီလား?
အိမ်မက်တွေ အကုန်လုံး မပြည့်သေးရင်တောင်မှ၊ ဒီနေ့အထိ ကြိုးစားရှင်သန်နေတဲ့ သင့်ရဲ့ "ရင့်ကျက်မှု" ကပဲ ဂုဏ်ယူထိုက်တဲ့ လူကြီးတစ်ယောက်ဖြစ်ကြောင်း သက်သေပါပဲနော် 🤍🤍
✨ သင့်ရဲ့ နာကျင်မှုတွေကို တစ်ယောက်တည်း မထမ်းထားပါနဲ့တော့...
✨ mental heal မှ "Unprocessed Pain" April Campaign
ဒီလမှာတော့ သင့်ရဲ့ နာကျင်မှုတွေကို အတူတူကုသကျော်လွှားဖို့ ကျွန်မတို့ ရှိနေပေးပါမယ်နော် 🤍

🎁 Campaign မှာ ပါဝင်ခြင်းဖြင့် ရရှိမည့် လက်ဆောင်များ
Individual Counseling (၂ ကြိမ်စာ) Gift Card: ကိုယ့်အတွက်ဖြစ်ဖြစ်၊ ချစ်ရသူအတွက်ဖြစ်ဖြစ် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်လေးပါ။ သင့်ရဲ့ ရင်ထဲက Message လေးတွေကိုပါ ထည့်ပေးသွားမှာဖြစ်ပါတယ်

Free Healing Webinar: "မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို ကုစားပေးမယ့် Healing Talk"

Free Emotional Well-being Check-in: Webinar တက်ရောက်သူတိုင်းအတွက် စိတ်ကျန်းမာရေး ဆန်းစစ်ချက် ရလဒ် လက်ဆောင်

"တစ်ခါတလေမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုကို ဖန်တီးပေးခြင်းပါပဲ။"
ဒီညမှာ အတိတ်က အတွေးတွေကြောင့် အိပ်မပျော်ဖြစ်နေတယ်ဆိုရင်... အဲ့ဒီနာကျင်မှုတွေကို တစ်ယောက်တည်း မထမ်းထားပါနဲ့တော့....mental heal နဲ့အတူ အတူတူ ကုစားကြရအောင်ပါ 🤍🌿
📩 ပါဝင်လိုပါက:
Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ “LOVE” လို့ ရေးခဲ့ပါ (သို့မဟုတ်) ဒီ Google Form မှာ စာရင်းပေးသွင်းလိုက်ပါနော်။
🔗 https://forms.gle/CrSo9FutEdVdRFgn8

မပို့ဖြစ်လိုက်တဲ့ စာတစ်စောင်နှလုံးသားထဲမှာ အမြဲတမ်း သိမ်းဆည်းထားပေမယ့် ဘယ်တော့မှ ပို့ခွင့်မရတော့တဲ့ စာတစ်စောင် သင့်မှာ ရ...
18/04/2026

မပို့ဖြစ်လိုက်တဲ့ စာတစ်စောင်
နှလုံးသားထဲမှာ အမြဲတမ်း သိမ်းဆည်းထားပေမယ့် ဘယ်တော့မှ ပို့ခွင့်မရတော့တဲ့ စာတစ်စောင် သင့်မှာ ရှိနေလား?

တစ်ခါတလေကျရင်... အလွမ်းတွေက လိပ်စာမရှိတဲ့ စာအိတ်လေးတွေလိုပါပဲ...အဝေးတစ်နေရာကို ရောက်နေတဲ့သူပဲဖြစ်ဖြစ်၊ ဘဝထဲကနေ ထာဝရနှုတ်ဆက်သွားတဲ့သူပဲဖြစ်ဖြစ်... ပြောချင်ပါလျက်နဲ့ မျိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေ၊ "တောင်းပန်ပါတယ်" ဆိုတဲ့ စကားတွေ ဒါမှမဟုတ် "လွမ်းတယ်" ဆိုတဲ့ စကားတစ်ခွန်းက ရင်ထဲမှာ အနည်ထိုင်နေတတ်ကြပါတယ် 💔

"တကယ်တော့... အချိန်ဆိုတာ လူတိုင်းအတွက် စောင့်မနေဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ အဲဒီစာလေးက ပို့ခွင့်မရှိတော့တဲ့ 'မပို့ဖြစ်လိုက်တဲ့စာ' တစ်စောင် ဖြစ်သွားခဲ့ပြီ"

သင့်မှာရော... အခုထိ ဖွင့်မပြောလိုက်ရသေးတဲ့၊ ဒါမှမဟုတ် ပြောဖို့နောက်ကျသွားခဲ့တဲ့ စကားလေးတွေ ရှိနေမလား? ဒါဆိုရင်တော့ mental heal က အကျယ်လောင်ဆုံး ရင်ဖွင့်သံတွေကို နားထောင်ပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်...ဒီ Meetup လေးမှာတော့ အဝေးရောက်နေတဲ့သူ ဒါမှမဟုတ် ဆုံးရှုံးသွားခဲ့ရတဲ့ ချစ်ရသူတွေအတွက် ကိုယ့်ရင်ထဲက စကားလုံးတွေကို အတူတူ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောပြကြပါမယ်နော် 🤍

မီးရောင်မှိန်မှိန်လေးနဲ့ အေးချမ်းတဲ့ Safe Space တစ်ခုမှာ တစ်ယောက်ရဲ့ ဝမ်းနည်းမှုနဲ့ လွမ်းဆွတ်မှုတွေကို တစ်ယောက်က ငြိမ်သက်စွာ နားထောင်ပေးရင်း (Holding space) ရင်ချင်းနီးနီး အတူတူရှိပေးကြမယ့် ညနေခင်းလေးတစ်ခုဖြစ်လာမှာပါ 🤍

Meetupကျင်းပမည့်အသေးစိတ်

နေ့ရက်: ဧပြီလ (၁၈) ရက်၊စနေနေ့

အချိန်: မြန်မာချိန် ည (၇) နာရီ

Platform-Zoom

Fees-Free(အခမဲ့)

ဘာတွေပြောကြမလဲ? 📌

ဆုံးရှုံးမှု (Grief) တွေအကြောင်း အေးအေးဆေးဆေး မျှဝေခြင်း။

ထိုင်ခုံလွတ်ရှေ့မှာ ကိုယ်ပြောချင်ခဲ့တဲ့ စကားတွေကို ရင်ဖွင့်ခြင်း။

တစ်ဦးကိုတစ်ဦး နွေးထွေးစွာ နားထောင်ပေးခြင်း။

"ပြောခွင့်မရလိုက်တဲ့ စကားတွေကို... ဒီထိုင်ခုံလွတ်လေးကတစ်ဆင့် လွှတ်ချလိုက်ရအောင်လားနော်" 🤍

ဒီတိတ်ဆိတ်တဲ့ ညနေခင်းလေးမှာ အတူတူရှိနေပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင် 🤍

Meetupလေးမှာအတူတူပါဝင်ဖို့ Commentမှာ "Attend"လို့ရေးခဲ့ပေးပါနော် 🤍

mental heal Communityကို joinထားပေးပါနော်

https://www.facebook.com/share/g/17jGQZYpXt/

🌊 သင်္ကြန်ရေနဲ့အတူ "အတိတ်က အပူတွေ" ကိုပါ မျှောချလိုက်ပါ နွေဦးရဲ့ အပူရှိန်က ပြင်းထန်ပေမယ့် ကျွန်မတို့ရဲ့ ရင်ထဲက အပူတွေက ပ...
15/04/2026

🌊 သင်္ကြန်ရေနဲ့အတူ "အတိတ်က အပူတွေ" ကိုပါ မျှောချလိုက်ပါ
နွေဦးရဲ့ အပူရှိန်က ပြင်းထန်ပေမယ့် ကျွန်မတို့ရဲ့ ရင်ထဲက အပူတွေက ပိုပြီး လောင်မြိုက်တတ်ကြပါတယ်...တစ်နှစ်တာလုံး ဖြတ်သန်းခဲ့ရတဲ့ အဆင်မပြေမှုတွေ၊ နာကျင်မှုတွေနဲ့ မျက်ရည်တွေကို ဒီသင်္ကြန်ရေအေးအေးလေးနဲ့အတူ အပြီးတိုင် ဆေးကြောပစ်လိုက်ကြရအောင်လားနော် 🤍
✨ စိတ်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း
ခွင့်လွှတ်ခြင်းဖြင့် အစပြုပါ: ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ အပြစ်တင်နေမိတဲ့ စိတ်အစဉ်တွေကို ရေစင်သွန်းလောင်းရင်း ခွင့်လွှတ်ပေးလိုက်ပါ... ခွင့်လွှတ်ခြင်းဟာ ကိုယ့်စိတ်ကို အပေါ့ပါးဆုံး ဖြစ်စေပါတယ်
ဝန်ထုပ်ဝန်ပိုးတွေကို ချပစ်ပါ: ပြီးခဲ့တဲ့ အတိတ်က နောင်တတွေဟာ ရှေ့ဆက်ရမယ့် ခရီးအတွက် အပိုဝန်ထုပ်ဝန်ပိုးတွေပါပဲ...အေးမြတဲ့ သင်္ကြန်ရေစက်တွေထဲမှာ အဲဒီအပူတွေကို ထာဝရ မျှောချလိုက်ပါ
မျှော်လင့်ချက်အသစ်ကို ပျိုးထောင်ပါ: ရေစိုသွားတဲ့ ပိတောက်ဖူးလေးတွေ ပြန်လည်လန်းဆန်းလာသလိုပဲ၊ သင့်ရဲ့ အိမ်မက်တွေနဲ့ စိတ်ကူးတွေကိုလည်း ဒီနှစ်သစ်မှာ အားအင်အသစ်နဲ့ ပြန်လည်စတင်လိုက်ပါ 🤍

"သင်္ကြန်ဆိုတာ ရေပက်ခံဖို့တင် မဟုတ်ပါဘူး... စိတ်နှလုံးထဲက အညစ်အကြေးတွေကို ဆေးကြောပြီး ဘဝသစ်ကို အေးအေးချမ်းချမ်းနဲ့ ပြန်စဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။"

🌸mental heal မိသားစုမှ နှစ်သစ်ဆုတောင်း
ဒီနှစ် သင်္ကြန်မှာတော့...
ခန္ဓာကိုယ်ရဲ့ ပူလောင်မှုတွေကို ရေအေးအေးလေးက ငြိမ်းသတ်ပေးပါစေ 🤍
စိတ်နှလုံးရဲ့ ပူလောင်မှုတွေကို အေးချမ်းတဲ့ မေတ္တာက ကုစားပေးပါစေ 🤍
အတိတ်က အရိပ်မည်းတွေကို အနာဂတ်ရဲ့ အလင်းရောင်က ဖယ်ရှားပေးပါစေ 🤍
မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အေးချမ်းသာယာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 💦🙏

"The Empty Chair" (တိတ်ဆိတ်ခြင်း၏ စကားသံ) - Meetupမဲပေးပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်🥰 အားလုံးရဲ့ ...
14/04/2026

"The Empty Chair" (တိတ်ဆိတ်ခြင်း၏ စကားသံ) - Meetup

မဲပေးပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်🥰 အားလုံးရဲ့ ဆန္ဒအရ Meetup လေးကို ဧပြီလ (၁၈) ရက်နေ့ မြန်မာချိန် ည၇နာရီမှာ Zoomကနေကျင်းပသွားမှာဖြစ်ပါတယ်ရှင် 🖥🤍

လူတိုင်းမှာတော့ တစ်ယောက်တည်းရှိချိန်တိုင်း သတိရနေမိတဲ့... နှုတ်ဆက်ခွင့်မရဘဲ ဝေးကွာသွားခဲ့တဲ့သူ ဒါမှမဟုတ် ရင်ထဲက စကားတွေကို ပြောပြခွင့်မရလိုက်တဲ့သူ တစ်ယောက်ယောက်ရှိနေတတ်ကြပါတယ် 💔
တိတ်ဆိတ်နေတဲ့ ထိုင်ခုံလွတ်တစ်ခုဟာ တစ်ခါတလေမှာ ကျွန်မတို့ရဲ့ အကျယ်လောင်ဆုံး ရင်ဖွင့်သံတွေကို နားထောင်ပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်...ဒီ Meetup လေးမှာတော့ အဝေးရောက်နေတဲ့သူ ဒါမှမဟုတ် ဆုံးရှုံးသွားခဲ့ရတဲ့ ချစ်ရသူတွေအတွက် ကိုယ့်ရင်ထဲက စကားလုံးတွေကို အတူတူ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောပြကြပါမယ်နော် 🤍
မီးရောင်မှိန်မှိန်လေးနဲ့ အေးချမ်းတဲ့ Safe Space တစ်ခုမှာ တစ်ယောက်ရဲ့ ဝမ်းနည်းမှုနဲ့ လွမ်းဆွတ်မှုတွေကို တစ်ယောက်က ငြိမ်သက်စွာ နားထောင်ပေးရင်း (Holding space) ရင်ချင်းနီးနီး အတူတူရှိပေးကြမယ့် ညနေခင်းလေးတစ်ခုဖြစ်လာမှာပါ 🤍
Meetupကျင်းပမည့်အသေးစိတ်
နေ့ရက်: ဧပြီလ (၁၈) ရက်၊စနေနေ့
အချိန်: မြန်မာချိန် ည (၇) နာရီ
Platform-Zoom
Fees-Free(အခမဲ့)

ဘာတွေပြောကြမလဲ? 📌
ဆုံးရှုံးမှု (Grief) တွေအကြောင်း အေးအေးဆေးဆေး မျှဝေခြင်း။
ထိုင်ခုံလွတ်ရှေ့မှာ ကိုယ်ပြောချင်ခဲ့တဲ့ စကားတွေကို ရင်ဖွင့်ခြင်း။
တစ်ဦးကိုတစ်ဦး နွေးထွေးစွာ နားထောင်ပေးခြင်း။
"ပြောခွင့်မရလိုက်တဲ့ စကားတွေကို... ဒီထိုင်ခုံလွတ်လေးကတစ်ဆင့် လွှတ်ချလိုက်ရအောင်လားနော်" 🤍
ဒီတိတ်ဆိတ်တဲ့ ညနေခင်းလေးမှာ အတူတူရှိနေပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင် 🤍
Meetupလေးမှာအတူတူပါဝင်ဖို့ Commentမှာ "Attend"လို့ရေးခဲ့ပေးပါနော် 🤍
mental heal Communityကို joinထားပေးပါနော်
https://www.facebook.com/share/g/17jGQZYpXt/

"ငါ့ကြောင့်များလား?" ဆိုတဲ့ အတွေးက လူတော်တော်များများရဲ့ စိတ်ထဲမှာ တိတ်တိတ်လေး နေရာယူထားတတ်တဲ့ အသံလေးတစ်ခုပါ 💭တစ်ဖက်လူ မ...
10/04/2026

"ငါ့ကြောင့်များလား?" ဆိုတဲ့ အတွေးက လူတော်တော်များများရဲ့ စိတ်ထဲမှာ တိတ်တိတ်လေး နေရာယူထားတတ်တဲ့ အသံလေးတစ်ခုပါ 💭
တစ်ဖက်လူ မျက်နှာပျက်နေရင်... စကားပြောတာ အေးစက်သွားရင် ဒါမှမဟုတ် ဒေါသထွက်နေရင် "ငါ တစ်ခုခု မှားသွားလို့လား"၊ "ငါ့ကြောင့် စိတ်ဆိုးသွားတာလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်ကြပါတယ်💔 ဒီလို ခံစားရတာဟာ သင်ဟာ အခြားသူတွေရဲ့ ခံစားချက်ကို ဂရုစိုက်တတ်တဲ့၊ စာနာစိတ်ရှိတဲ့သူတစ်ယောက် ဖြစ်လို့ပါ...ဒါပေမဲ့ ဒီအတွေးကပဲ သင့်ကို စိတ်ပင်ပန်းစေတတ်ပါတယ်နော်

📝 ဒေါသတိုင်းက သင့်ကြောင့် မဟုတ်ပါဘူး
လူတစ်ယောက် ဒေါသထွက်ရတဲ့ အကြောင်းရင်းက အများကြီးရှိနိုင်ပါတယ်....
အလုပ်မှာ အဆင်မပြေတာ📌
ပင်ပန်းနွမ်းနယ်နေတာ📌
ကျန်းမာရေး သိပ်မကောင်းတာ📌
သူ့ရဲ့ ကိုယ်ပိုင် အခက်အခဲတစ်ခုခု ရှိနေတာ📌
ဒါကြောင့် တစ်ဖက်လူရဲ့ စိတ်အခြေအနေဟာ သူ့ရဲ့ Internal Struggle (အတွင်းစိတ် တိုက်ပွဲ) သာ ဖြစ်ဖို့ များပါတယ်....အဲဒါကို သင့်ပုခုံးပေါ်တင်ပြီး အပြစ်မတင်ပါနဲ့နော်
📝 ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ
"ငါ့ကြောင့်လား" လို့ တွေးမိတဲ့အခါ စိတ်ကို ခဏလောက် အနားပေးပြီး ဒါလေးတွေ စဉ်းစားကြည့်ပါ -
"ငါ တကယ်ပဲ ရည်ရွယ်ချက်ရှိရှိ တစ်ခုခု မှားလုပ်ခဲ့မိလား?"
"ငါ့ဘက်က အကောင်းဆုံး ဆက်ဆံခဲ့ရဲ့သားနဲ့ သူ စိတ်တိုနေတာလား?"
တကယ်လို့ သင့်ဘက်က အမှားမရှိဘူးဆိုရင် အဲဒီဒေါသက "သင့်တာဝန် မဟုတ်ဘူး" ဆိုတာကို လက်ခံပေးဖို့ လိုပါတယ်ရှင် 🍀
Spaceလေးပေးလိုက်ပါ
တစ်ဖက်လူ ဒေါသထွက်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်လိုက်ရှာနေမယ့်အစား သူ့ကို အချိန်နဲ့ နေရာလွတ် (Space) ပေးလိုက်တာက အကောင်းဆုံးပါ... သူ စိတ်အေးသွားတဲ့အခါမှ သေချာစကားပြောကြည့်လို့ ရပါတယ်
📝 ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ
အခြားသူတွေရဲ့ ပျော်ရွှင်မှုအတွက် သင်က တစ်ယောက်တည်း တာဝန်ယူပေးလို့ မရပါဘူးနော်... တစ်ဖက်လူ စိတ်ဆိုးနေတာကို လိုက်ချော့ရမယ်၊ အမြဲ အဆင်ပြေအောင် လုပ်ပေးရမယ်ဆိုတဲ့ ဖိအားတွေက သင့်ရဲ့ စိတ်ချမ်းသာမှုကို လောင်မြိုက်စေနိုင်ပါတယ်

📌"သင်ဟာ တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ပေမဲ့၊ အဲဒီခံစားချက်တွေအတွက်တော့ တာဝန်မရှိပါဘူး။"
ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ "ဒါဟာ သူ့ရဲ့ စိတ်ခံစားချက်သက်သက်ပဲ" လို့ တွေးပြီး သက်ပြင်းချလိုက်ပါ...သင့်ရဲ့ စိတ်အေးချမ်းမှုကလည်း တန်ဖိုးရှိပါတယ်🤍
✨ mental heal မှ "Unprocessed Pain" April Campaign
ဒီလမှာတော့ သင့်ရဲ့ နာကျင်မှုတွေကို အတူတူကုသကျော်လွှားဖို့ ကျွန်မတို့ ရှိနေပေးပါမယ်နော် 🤍

🎁 Campaign မှာ ပါဝင်ခြင်းဖြင့် ရရှိမည့် လက်ဆောင်များ
Individual Counseling (၂ ကြိမ်စာ) Gift Card: ကိုယ့်အတွက်ဖြစ်ဖြစ်၊ ချစ်ရသူအတွက်ဖြစ်ဖြစ် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်လေးပါ။ သင့်ရဲ့ ရင်ထဲက Message လေးတွေကိုပါ ထည့်ပေးသွားမှာဖြစ်ပါတယ်

Free Healing Webinar: "မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို ကုစားပေးမယ့် Healing Talk"

Free Emotional Well-being Check-in: Webinar တက်ရောက်သူတိုင်းအတွက် စိတ်ကျန်းမာရေး ဆန်းစစ်ချက် ရလဒ် လက်ဆောင်

"တစ်ခါတလေမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုကို ဖန်တီးပေးခြင်းပါပဲ။"
ဒီညမှာ အတိတ်က အတွေးတွေကြောင့် အိပ်မပျော်ဖြစ်နေတယ်ဆိုရင်... အဲ့ဒီနာကျင်မှုတွေကို တစ်ယောက်တည်း မထမ်းထားပါနဲ့တော့....mental heal နဲ့အတူ အတူတူ ကုစားကြရအောင်ပါ 🤍🌿
📩 ပါဝင်လိုပါက:
Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ “LOVE” လို့ ရေးခဲ့ပါ (သို့မဟုတ်) ဒီ Google Form မှာ စာရင်းပေးသွင်းလိုက်ပါနော်။
🔗 https://forms.gle/CrSo9FutEdVdRFgn8

Free Meetupလေးတွေနဲ့ Webinarလေးတွေကိုလတိုင်းမပျက်လုပ်ပေးပြီး စိတ်ကျန်းမာရေး tipsလေးတွေအမြဲတင်ပေးနေတဲ့ ကျွန်မတို့ရဲ့ mental heal Community ကိုလဲjoinထားဖို့မမေ့ပါနဲ့နော် 🍀
https://www.facebook.com/share/g/1KDvEMaRGn/

"စိတ်တိုလွယ်တာ" ဆိုတဲ့ ဒေါသနောက်ကွယ်မှာ တကယ်တော့ "တိတ်တဆိတ် နာကျင်နေရတဲ့ နှလုံးသားတစ်စုံ" ရှိနေတတ်ပါတယ် 💔လူတစ်ယောက်က အကြ...
09/04/2026

"စိတ်တိုလွယ်တာ" ဆိုတဲ့ ဒေါသနောက်ကွယ်မှာ တကယ်တော့ "တိတ်တဆိတ် နာကျင်နေရတဲ့ နှလုံးသားတစ်စုံ" ရှိနေတတ်ပါတယ် 💔
လူတစ်ယောက်က အကြောင်းမဲ့ စိတ်တိုနေတာမဟုတ်ဘဲ သူ့ရဲ့ စိတ်ထဲမှာ တစ်စုံတစ်ရာကို အလူးအလဲ ခံစားနေရတဲ့အခါ... ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်မှုတွေက အတိုင်အဖောက် မညီတော့တဲ့အခါမှာ ဒေါသဆိုတဲ့ ပုံစံနဲ့ အပြင်ဘက်ကို ပေါက်ကွဲထွက်လာတတ်ပါတယ်

📌 ဒေါသဆိုတာ "အကာအကွယ်" တစ်ခုပါ
တစ်ခါတလေမှာ ကျွန်မတို့ဟာ ကိုယ့်ရဲ့ နာကျင်မှုတွေ... ဝမ်းနည်းမှုတွေကို သူများတွေ မြင်သွားမှာ စိုးရိမ်တဲ့အခါ "ဒေါသ" ကို အကာအကွယ် (Shield) တစ်ခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်... "ငါ အဆင်ပြေပါတယ်" လို့ ပြောဖို့ အင်အားမရှိတော့တဲ့အခါ စိတ်တိုလိုက်ခြင်းက ပိုပြီး လွယ်ကူနေတတ်လို့ပါ

📌 ဂရုစိုက်ခံချင်တဲ့ အသံတိတ် အော်ဟစ်မှု
စိတ်တိုလွယ်နေတဲ့သူတစ်ယောက်ဟာ တကယ်တော့ "ငါ့ကို နည်းနည်းလောက် နားလည်ပေးပါ၊ ငါ့ကိုလည်း တစ်ယောက်ယောက်က ဂရုစိုက်ပေးစေချင်တယ်" ဆိုတဲ့ စကားလုံးတွေကို ဒေါသနဲ့ ဖလှယ်ပြီး ပြောဆိုနေတာလည်း ဖြစ်နိုင်ပါတယ်

📌 စိတ်ပင်ပန်းမှုတွေ ပြည့်လျှံလာတဲ့အခါ
ရေခွက်တစ်ခုထဲကို ရေတွေ အမြဲဖြည့်နေရင် တစ်ချိန်မှာ လျှံကျလာသလိုပါပဲ...စိတ်ထဲမှာ ဖိအားတွေ၊ သောကတွေနဲ့ မကျေနပ်ချက်တွေကို အောင့်အည်းသည်းခံရာကနေ အကန့်အသတ် ကျော်လွန်သွားတဲ့အခါ စိတ်တိုလွယ်တဲ့သူ တစ်ယောက် ဖြစ်လာတတ်ပါတယ်

ဒီတော့ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးလူကိုပါ ဘယ်လို နားလည်ပေးမလဲ?

ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ🍀
"ငါ တကယ်ပဲ စိတ်တိုနေတာလား? ဒါမှမဟုတ် ငါ တစ်ခုခုကို ဝမ်းနည်းနေတာလား?" ဆိုတာကို ဖြည်းဖြည်းချင်း ဆန်းစစ်ကြည့်ပါ

အနားယူဖို့ အချိန်ပေးပါ🍀
စိတ်တိုလွယ်နေပြီဆိုရင် သင့်စိတ်ဝိညာဉ်က နားခိုရာတစ်ခုကို တောင့်တနေပြီဆိုတာ သတိပြုပါ...

ကြင်နာမှုနဲ့ တုံ့ပြန်ပါ🍀
သင့်အနားမှာ စိတ်တိုလွယ်နေသူတစ်ယောက်ရှိရင် သူတို့ကို ပြန်ပြီး ဒေါသနဲ့ မတုံ့ပြန်ဘဲ "ပင်ပန်းနေပြီလား" ဆိုတဲ့ နွေးထွေးတဲ့ စကားတစ်ခွန်း ပြောပေးကြည့်ပါ...

"ဒေါသထွက်နေတဲ့ မျက်နှာတွေရဲ့ အနောက်မှာ ဖုံးကွယ်ထားတဲ့ မျက်ရည်တွေ ရှိနေတတ်တာမို့... တစ်ဦးပေါ်တစ်ဦး နားလည်မှု ပိုပေးကြရအောင်နော် 🤍
သူတို့လိုအပ်နေတာက နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုပါ ❤

✨ mental heal မှ "Unprocessed Pain" April Campaign
ဒီလမှာတော့ သင့်ရဲ့ နာကျင်မှုတွေကို အတူတူကုသကျော်လွှားဖို့ ကျွန်မတို့ ရှိနေပေးပါမယ်နော် 🤍

🎁 Campaign မှာ ပါဝင်ခြင်းဖြင့် ရရှိမည့် လက်ဆောင်များ
Individual Counseling (၂ ကြိမ်စာ) Gift Card: ကိုယ့်အတွက်ဖြစ်ဖြစ်၊ ချစ်ရသူအတွက်ဖြစ်ဖြစ် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်လေးပါ။ သင့်ရဲ့ ရင်ထဲက Message လေးတွေကိုပါ ထည့်ပေးသွားမှာဖြစ်ပါတယ်

Free Healing Webinar: "မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို ကုစားပေးမယ့် Healing Talk"

Free Emotional Well-being Check-in: Webinar တက်ရောက်သူတိုင်းအတွက် စိတ်ကျန်းမာရေး ဆန်းစစ်ချက် ရလဒ် လက်ဆောင်

"တစ်ခါတလေမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုကို ဖန်တီးပေးခြင်းပါပဲ။"
ဒီညမှာ အတိတ်က အတွေးတွေကြောင့် အိပ်မပျော်ဖြစ်နေတယ်ဆိုရင်... အဲ့ဒီနာကျင်မှုတွေကို တစ်ယောက်တည်း မထမ်းထားပါနဲ့တော့....mental heal နဲ့အတူ အတူတူ ကုစားကြရအောင်ပါ 🤍🌿
📩 ပါဝင်လိုပါက:
Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ “LOVE” လို့ ရေးခဲ့ပါ (သို့မဟုတ်) ဒီ Google Form မှာ စာရင်းပေးသွင်းလိုက်ပါနော်။
🔗 https://forms.gle/CrSo9FutEdVdRFgn8

"အရာအားလုံး အဆင်ပြေနေပါလျက်နဲ့ ဘာလို့ ပျော်လို့မရတာလဲ?""ငါ့မှာ အားလုံးရှိနေတာပဲ၊ ဘာလို့ ဒီလောက် စိတ်မသက်မသာ ဖြစ်နေရတာလဲ?...
07/04/2026

"အရာအားလုံး အဆင်ပြေနေပါလျက်နဲ့ ဘာလို့ ပျော်လို့မရတာလဲ?"
"ငါ့မှာ အားလုံးရှိနေတာပဲ၊ ဘာလို့ ဒီလောက် စိတ်မသက်မသာ ဖြစ်နေရတာလဲ?" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေသလား? 💔

တစ်ခါတလေမှာ ကျွန်မတို့ရဲ့ စိတ်ဟာ အတိတ်က "မဖြေရှင်းရသေးတဲ့ နာကျင်မှု (Unprocessed Pain)" တွေကို အိတ်ထဲထည့်ပြီး အတင်းသယ်ပိုးလာခဲ့မိလို့ ဖြစ်နိုင်ပါတယ်... ဘဝကြီးက ရှေ့ဆက်နေပေမယ့် စိတ်ကတော့ အနောက်မှာ ကျန်ခဲ့တဲ့ ဒဏ်ရာတစ်ခုခုမှာ တစ်န့်နေတုန်းမို့ အခုလက်ရှိ ရောက်နေတဲ့ ပျော်စရာတွေကို အပြည့်အဝ မခံစားနိုင်တော့တာပါ

📍 ဒါဟာ သင် ခံစားနေရတဲ့ "မဖြေရှင်းရသေးတဲ့ နာကျင်မှု" ရဲ့ လက္ခဏာတွေပါ...
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း (Emotional Exhaustion): ဘာအလုပ်မှ အပင်ပန်းခံမလုပ်ထားဘဲ စိတ်က အမြဲနုံးနေပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောချင်တာ 📌

စိုးရိမ်စိတ်က အမြဲကပ်နေခြင်း (Anxiety): အားလုံးအဆင်ပြေနေတာတောင် "မကြာခင် တစ်ခုခုဖြစ်တော့မှာလား" ဆိုတဲ့ ကြောက်စိတ်က ဖယ်ထုတ်လို့မရတာ📌

ကိုယ့်ကိုယ်ကိုယ် ဝေးကွာနေသလို ခံစားရခြင်း: ဘဝမှာ ဟန်ဆောင်ကောင်းတဲ့ "လူသန်မာကြီး" တစ်ယောက်အဖြစ် နေထိုင်နေရလို့ ကိုယ့်ရဲ့ တကယ့်ခံစားချက်အစစ်အမှန်နဲ့ ဝေးကွာနေတာ📌

ဒီလို ခံစားနေရတာဟာ သင့်အပြစ်မဟုတ်သလို၊ သင်ဟာ ကျေးဇူးမသိတတ်တဲ့သူလည်း မဟုတ်ပါဘူး...သင့်စိတ်ထဲက နာကျင်မှုဟောင်းလေးတွေကို အသိအမှတ်ပြုပေးဖို့နဲ့ ကုသပေးဖို့ လိုအပ်နေရုံလေးပါ 🌿

✨ ဒီ April လမှာ mental heal က သင့်အတွက်
ကျွန်မတို့ရဲ့ "Unprocessed Pain" Campaign ဟာ ဒီလို အကြောင်းရင်းမရှိ လေးလံနေတဲ့ စိတ်တွေကို အတူတူ ကုစားပေးဖို့ ရည်ရွယ်ပါတယ် 🥰

🎁 စိတ်ခွန်အားဖြည့် လက်ဆောင်များ:

Free Healing Webinar: "မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို ကုစားပေးမယ့် Healing Talk" – ဘာကြောင့် ပျော်လို့မရတာလဲဆိုတဲ့ အဖြေကို စိတ်ပညာရှုထောင့်ကနေ အတူတူရှာဖွေကြမယ်။

Individual Counseling Gift Cards: စိတ်ထဲက အဖုအထစ်တွေကို ကျွမ်းကျင်သူနဲ့ သီးသန့်ဆွေးနွေးပြီး ပေါ့ပါးသွားစေဖို့။

Emotional Well-being Check-in: သင့်စိတ်ရဲ့ လက်ရှိအခြေအနေကို ဆန်းစစ်နိုင်မယ့် အထူးလက်ဆောင်။

"ပျော်ရွှင်ခြင်းဆိုတာ အရာအားလုံး ပြည့်စုံနေဖို့ထက်၊ စိတ်ထဲက အနာဟောင်းတွေကို ကုသပြီး ပေါ့ပါးနေဖို့ ပိုအရေးကြီးပါတယ်။"

မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို အတူတူ ကုစားကြစို့... mental heal နှင့်အတူ။ ✨

📩 ပါဝင်ချင်တယ်ဆိုရင်:
Webinar link နဲ့ အသေးစိတ်ကို ရယူဖို့အတွက် Comment မှာ “LOVE” လို့ ရေးခဲ့ပြီး ဒီ Google Form မှာ စာရင်းပေးသွင်းနိုင်ပါတယ်ရှင် 🤍
🔗 https://forms.gle/CrSo9FutEdVdRFgn8

ညဘက်တွေမှာ အတိတ်ကကိစ္စတွေကို ပြန်တွေးပြီး အိပ်မရဖြစ်နေရင်...ညဘက်တွေမှာ အတိတ်ကကိစ္စတွေကို ပြန်တွေးပြီး အိပ်မရဖြစ်နေတတ်တဲ့...
06/04/2026

ညဘက်တွေမှာ အတိတ်ကကိစ္စတွေကို ပြန်တွေးပြီး အိပ်မရဖြစ်နေရင်...

ညဘက်တွေမှာ အတိတ်ကကိစ္စတွေကို ပြန်တွေးပြီး အိပ်မရဖြစ်နေတတ်တဲ့ အတွေ့အကြုံဟာ တစ်ယောက်တည်း ကြိတ်ခံစားနေရတဲ့အခါ တကယ်ကို ပင်ပန်းလွန်းလှပါတယ်...💔
"ပြီးခဲ့တာတွေ ပြီးပါပြီ" လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်နှစ်ကြိမ်လောက် ချော့ပြောခဲ့ဖူးလဲ?
ဒါပေမဲ့ တိတ်ဆိတ်တဲ့ ညဉ့်ဦးယံရောက်တိုင်း အဲ့ဒီအတွေးတွေက ဘာလို့ ပိုကျယ်လောင်လာရတာလဲ?
တကယ်တော့ ဒါဟာ သင် "မေ့ထားလိုက်ရုံ" နဲ့ မပျောက်သွားသေးတဲ့ မဖြေရှင်းရသေးတဲ့ နာကျင်မှု (Unprocessed Pain) တွေကြောင့် ဖြစ်နိုင်ပါတယ်....အပြင်ပန်းမှာ အရာအားလုံး အဆင်ပြေနေပေမယ့် စိတ်ထဲမှာ တစ်ခုခု လေးလံနေတာ၊ အမြဲတမ်း စိုးရိမ်စိတ်ကပ်နေတာတွေဟာ သင့်ရဲ့ စိတ်ဒဏ်ရာ (Trauma) လေးတွေက "ငါ့ကို ဂရုစိုက်ပေးပါဦး" လို့ လှမ်းအော်နေတာပါ 😿

📍 သင်ဟာ ဒီလိုမျိုး ခံစားနေရသူလား?
အတိတ်က အရိပ်တွေနောက်ပါလာခြင်း: ပြီးသွားပြီဆိုပေမယ့် ခုထိ စိတ်ထဲမှာ လေးလံနေဆဲ၊ မေ့ပစ်ဖို့ ခက်ခဲနေဆဲလား?
အကြောင်းရင်းမဲ့ စိုးရိမ်ပူပန်ခြင်း: အရာရာအဆင်ပြေနေပါလျက်နဲ့ တစ်ခုခုဖြစ်တော့မလိုလို စိုးရိမ်စိတ်ကြောင့် အိပ်မပျော်နိုင်ဖြစ်နေသလား?
ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ: ဆေးစစ်ရင် ဘာရောဂါမှမရှိပေမယ့် ရင်တုန်တာ၊ အသက်ရှူမဝတာ၊ ဇက်ကြောတက်တာတွေ ခံစားနေရသလား?

ဒီလိုခံစားချက်တွေဟာ သင့်အပြစ်မဟုတ်ပါဘူး။ သင်လိုအပ်နေတာက နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုပါ ❤

✨ mental heal မှ "Unprocessed Pain" April Campaign
ဒီလမှာတော့ သင့်ရဲ့ နာကျင်မှုတွေကို အတူတူကုသကျော်လွှားဖို့ ကျွန်မတို့ ရှိနေပေးပါမယ်နော် 🤍

🎁 Campaign မှာ ပါဝင်ခြင်းဖြင့် ရရှိမည့် လက်ဆောင်များ
Individual Counseling (၂ ကြိမ်စာ) Gift Card: ကိုယ့်အတွက်ဖြစ်ဖြစ်၊ ချစ်ရသူအတွက်ဖြစ်ဖြစ် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်လေးပါ။ သင့်ရဲ့ ရင်ထဲက Message လေးတွေကိုပါ ထည့်ပေးသွားမှာဖြစ်ပါတယ်

Free Healing Webinar: "မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို ကုစားပေးမယ့် Healing Talk"

Free Emotional Well-being Check-in: Webinar တက်ရောက်သူတိုင်းအတွက် စိတ်ကျန်းမာရေး ဆန်းစစ်ချက် ရလဒ် လက်ဆောင်

"တစ်ခါတလေမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုကို ဖန်တီးပေးခြင်းပါပဲ။"
ဒီညမှာ အတိတ်က အတွေးတွေကြောင့် အိပ်မပျော်ဖြစ်နေတယ်ဆိုရင်... အဲ့ဒီနာကျင်မှုတွေကို တစ်ယောက်တည်း မထမ်းထားပါနဲ့တော့....mental heal နဲ့အတူ အတူတူ ကုစားကြရအောင်ပါ 🤍🌿
📩 ပါဝင်လိုပါက:
Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ “LOVE” လို့ ရေးခဲ့ပါ (သို့မဟုတ်) ဒီ Google Form မှာ စာရင်းပေးသွင်းလိုက်ပါနော်။
🔗 https://forms.gle/CrSo9FutEdVdRFgn8

"မဖြေရှင်းရသေးတဲ့ နာကျင်မှုများ""ဘဝမှာ အရာအားလုံး အဆင်ပြေနေပေမယ့်... ဘာလို့ စိတ်ထဲမှာ တစ်ခုခု လိုအပ်နေသလို၊ တစ်ခုခု လေးလ...
04/04/2026

"မဖြေရှင်းရသေးတဲ့ နာကျင်မှုများ"

"ဘဝမှာ အရာအားလုံး အဆင်ပြေနေပေမယ့်... ဘာလို့ စိတ်ထဲမှာ တစ်ခုခု လိုအပ်နေသလို၊ တစ်ခုခု လေးလံနေသလို ခံစားနေရတာလဲ? ဒါဟာ မေ့ထားလိုက်ရုံနဲ့ မပျောက်သွားတဲ့ 'မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေ' ကြောင့် ဖြစ်နိုင်ပါတယ်။"

ဒီAprilလမှာ mental heal မှ "Unprocessed Pain" အထူး Campaign လေးကို ယူဆောင်လာပါပြီ။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (Emotional Support) ပေးနိုင်ဖို့နဲ့ နာကျင်မှုတွေကို အတူတူ ကုသကျော်လွှားနိုင်ဖို့ ရည်ရွယ်ပါတယ်။

📍 ဘယ်သူတွေ ပါဝင်သင့်သလဲ?
အတိတ်က ဒဏ်ရာတွေ လက်ရှိအထိ ပါလာသူများ "ပြီးခဲ့တာတွေ ပြီးပါပြီ" လို့ ကိုယ့်ကိုယ်ကို ပြောနေပေမယ့် စိတ်ထဲမှာ တစ်ခုခု လေးလံနေဆဲ၊ မေ့ပစ်ဖို့ ခက်ခဲနေဆဲ ဖြစ်နေသူများ။
အကြောင်းရင်းမရှိဘဲ စိုးရိမ်ပူပန်မှု (Anxiety) ခံစားနေရသူများ အရာအားလုံး အဆင်ပြေနေပါလျက်နဲ့ စိတ်အေးလို့မရဘဲ အမြဲတမ်း တစ်ခုခုဖြစ်တော့မလိုလို စိုးရိမ်စိတ် ကပ်နေတတ်သူများ။
အချစ်ရေး/လူမှုရေးမှာ ပုံစံတူအမှားတွေ ထပ်နေသူများ ဘာကြောင့်မှန်းမသိဘဲ ကိုယ့်အပေါ် နာကျင်အောင်လုပ်မယ့်သူမျိုးတွေကိုပဲ ထပ်ခါထပ်ခါ ရွေးချယ်မိနေသူ ဒါမှမဟုတ် Relationship ထဲမှာ အမြဲတမ်း စိတ်မလုံခြုံသလို ခံစားနေရသူများ။
စိတ်ပင်ပန်းနွမ်းနယ်မှု (Emotional Exhaustion) ခံစားနေရသူများ ပတ်ဝန်းကျင်မှာ "လူသန်မာကြီး" အဖြစ် ဟန်ဆောင်နေရလို့ စိတ်ဓာတ်တွေ ပင်ပန်းနေပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောနိုင်ဘဲ တစ်ယောက်တည်း ကြိတ်ခံစားနေရသူများ။
ခန္ဓာကိုယ်မှာ ဝေဒနာတွေ ခံစားနေရသူများ ဆေးစစ်ရင် ဘာရောဂါမှမရှိပေမယ့် ရင်တုန်တာ၊ အသက်ရှူမဝတာ၊ ဇက်ကြောတက်တာ စတဲ့ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ခံစားနေရသူများ။
ကိုယ့်ကိုယ်ကို ပိုမိုနားလည်လိုသူများ မိမိရဲ့ စိတ်ဒဏ်ရာ (Trauma) တွေ၊ စိတ်ခံစားမှု တုံ့ပြန်ပုံတွေနဲ့ ပတ်သက်ပြီး စိတ်ပညာရှုထောင့်ကနေ နက်နက်ရှိုင်းရှိုင်း နားလည်ပြီး ပြန်လည်ကုစား (Heal) လိုသူများ။

🎁 Campaign အတွင်း ရရှိနိုင်မည့် အထူးလက်ဆောင်များ
၁။ "Thank You" Digital Gift Cards (တန်ဖိုးရှိသော စိတ်ခွန်အား လက်ဆောင်)
မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်ခင်ရသူတွေကို Counseling Session လက်ဆောင်ပေးချင်သူများအတွက် အထူးစီစဉ်ထားတဲ့ Digital Gift Card လေးတွေပါ။
Individual Counseling (၂ ကြိမ်စာ): မိမိကိုယ်တိုင် သို့မဟုတ် ချစ်ရသူတစ်ဦးချင်းစီအတွက် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်။
✨ Extra Touch: ဒီ Gift Card လေးမှာ သင့်ရဲ့ ရင်ထဲက စကားလုံးလေးတွေကိုပါ အမှတ်တရ Message အဖြစ် ထည့်သွင်းပေးသွားမှာပါ။

၂။ Free Healing Webinar (အခမဲ့ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ)
“မဖြေရှင်းရသေးတဲ့ နာကျင်မှုတွေကို ကုစားပေးမယ့် Healing Talk”

၃။ Special Gift for Attendees
Webinar တက်ရောက်သူတိုင်းအတွက် မိမိရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်နိုင်မယ့် "Free Emotional Well-being Check-in" ရလဒ်ကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

📩 ပါဝင်ချင်တယ်ဆိုရင်
Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment “LOVE”/ ကျွန်မတို့ရဲ့ [Google Form Link] မှာ စာရင်းပေးသွင်းလိုက်ပါ။
https://forms.gle/CrSo9FutEdVdRFgn8
"တစ်ခါတလေမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ နားထောင်ပေးမယ့်သူတစ်ယောက်နဲ့ လုံခြုံတဲ့ ရင်ခွင်တစ်ခုကို ဖန်တီးပေးခြင်းပါပဲ။"
အတူတူ ကုစားကြစို့ ... mental heal နှင့်အတူ။ ✨

"အချိန်က ကုစားပေးတယ်" ဆိုတဲ့ စကားလေးကို ကျွန်မတို့အားလုံး ကြားဖူးကြမှာပါ ⏳ တကယ်ရော အချိန်က ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်...
03/04/2026

"အချိန်က ကုစားပေးတယ်" ဆိုတဲ့ စကားလေးကို ကျွန်မတို့အားလုံး ကြားဖူးကြမှာပါ ⏳

တကယ်ရော အချိန်က ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်သလား?
ဒီမေးခွန်းအတွက် အဖြေကတော့... "အချိန်က ဒဏ်ရာကို ပျောက်သွားအောင် လုပ်ပေးတာမဟုတ်ဘဲ၊ အဲဒီဒဏ်ရာနဲ့အတူ ယှဉ်တွဲနေထိုင်တတ်အောင် သင်ပေးသွားတာ" ဆိုရင် ပိုမှန်ပါလိမ့်မယ် 🌿

အချိန်ဆိုတာ ဆေးတစ်ခွက်လား❓
တကယ်တော့ အချိန်ကိုယ်တိုင်က ဆေးမဟုတ်ပါဘူး.... ဒါပေမဲ့ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ ကျွန်မတို့ရဲ့ ခံစားချက် ပြင်းထန်မှုတွေက တဖြည်းဖြည်း လျော့ပါးလာတတ်ပါတယ်... လတ်တလောမှာ ခံစားနေရတဲ့ နာကျင်မှုက တောင်ကြီးတစ်လုံးလို လေးလံနေပေမဲ့၊ အချိန်တွေကြာလာတဲ့အခါ အဲဒီတောင်ကြီးက ကိုယ့်ပုခုံးပေါ်မှာ မဟုတ်တော့ဘဲ ကိုယ့်ရဲ့နောက်ကွယ်က ရှုခင်းတစ်ခုလို ဖြစ်ကျန်ရစ်ခဲ့တာမျိုးပါနော်

မေ့ပျောက်ခြင်း မဟုတ်ဘဲ နားလည်ခြင်း 💭
"ကုစားတယ်" ဆိုတာ အရင်ကဖြစ်ရပ်တွေကို လုံးဝမေ့သွားတာကို ဆိုလိုတာမဟုတ်ပါဘူး...အဲဒီအဖြစ်အပျက်ကို ပြန်တွေးမိတဲ့အခါ အရင်ကလို အသက်ရှူရမဝလောက်အောင် မနာကျင်တော့တာ၊ အရင်ကထက် ပိုပြီး တည်ငြိမ်စွာ လက်ခံနိုင်လာတာကို ဆိုလိုတာပါ

ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ ❤
ဒဏ်ရာတစ်ခု ရထားတဲ့အခါ ချက်ချင်းထပြေးဖို့ မကြိုးစားပါနဲ့ဦး
ငိုချင်ရင် ငိုလိုက်ပါ 💔
ဝမ်းနည်းနေတာကို အပြစ်မမြင်ပါနဲ့ ❣
စိတ်ရှည်ရှည်ထားပါ ❣
ပန်းလေးတစ်ပွင့် ပွင့်ဖို့တောင် အချိန်စောင့်ရသလိုသင့်နှလုံးသား ပြန်လည်ကျန်းမာလာဖို့အတွက်လည်း အချိန်လိုအပ်ပါတယ်ရှင် ❤

အနှစ်ချုပ်လေး ပြောရရင်...
အချိန်က သင့်ဆီက ဆုံးရှုံးမှုတွေကို ပြန်ပေးနိုင်မှာမဟုတ်ပေမဲ့၊ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ "ခွန်အား" နဲ့ "ရင့်ကျက်မှု" ကိုတော့ လက်ဆောင်ပေးသွားပါလိမ့်မယ် ⏳🤍
ဒီနေ့မှာ အရမ်းပင်ပန်းနေတယ်ဆိုရင်တောင် "ဒါဟာလည်း ခဏပါပဲ" လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပေးရင်း အချိန်လေးကို ခဏလောက် အဖော်ပြုကြည့်လိုက်ပါနော်

စိတ်ထဲမှာ ပိတ်လှောင်ထားရတဲ့ ခံစားချက်တွေကို မျှဝေပြီး စိတ်ပေါ့ပါးသွားဖို့အတွက် ကျွန်မတို့ဆီမှာ ရင်ဖွင့်လို့ရသလို.. အတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ Counseling ရယူဖို့ ဖိတ်ခေါ်ချင်ပါတယ် 🤍 တိုင်ပင်ဆွေးနွေးလိုပါက Page Messenger ကနေအချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် 🤍🍀

သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

လူတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ (Trauma) ဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အမာရွတ်တွေလို မဟုတ်ဘဲ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်...
02/04/2026

လူတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ (Trauma) ဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အမာရွတ်တွေလို မဟုတ်ဘဲ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတတ်ပါတယ်...တစ်ခါတလေ ကျွန်မတို့ရဲ့ စိတ်က မေ့ပစ်လိုက်ပြီလို့ ထင်ရပေမဲ့ ခန္ဓာကိုယ်ကတော့ အဲဒီဒဏ်ရာတွေကို မှတ်မိနေတတ်စမြဲပါနော်...
သင့်ရဲ့ ခန္ဓာကိုယ်ကနေတစ်ဆင့် တိုးတိုးလေး ပြောပြနေတတ်တဲ့ "စိတ်ဒဏ်ရာရဲ့ လက္ခဏာ (၅) ချက်" ကို အတူတူ ဆန်းစစ်ကြည့်ရအောင် 🍀

၁။ အကြောင်းပြချက်မရှိဘဲ အမြဲတမ်း ပင်ပန်းနေတာမျိုး
အိပ်ချိန်တွေလည်း အလုံအလောက်ရှိရဲ့သားနဲ့ မနက်နိုးလာရင် လူက နုံးချိနေတာမျိုး ကြုံဖူးပါသလား။ ဒါဟာ ခန္ဓာကိုယ်က စိတ်ဒဏ်ရာကြောင့် အမြဲတမ်း "သတိကပ်" နေရလို့ စွမ်းအင်တွေ ကုန်ခမ်းနေတာပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စိတ်က အမြဲ အလုပ်လုပ်နေရတာမို့ ခန္ဓာကိုယ်က အနားမရနိုင်တာ ဖြစ်ပါတယ်။

၂။ ပခုံးနဲ့ လည်ပင်းတွေ တောင့်တင်းနေတာ
စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတွေ၊ မပြောဖြစ်တဲ့ စကားတွေ အများကြီး ရှိနေတဲ့အခါ အဲဒီဖိအားတွေက ပခုံးနဲ့ လည်ပင်းကြွက်သားတွေမှာ သွားပြီး စုနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ ပခုံးကို မြှင့်ထားတာ၊ မေးရိုးကို တင်းထားတာမျိုးတွေက သင့်စိတ်ထဲမှာ တစ်ခုခုကို ကြောက်ရွံ့နေရကြောင်း ပြသနေတာပါ။

၃။ ဗိုက်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတတ်တာ
စိတ်လှုပ်ရှားရင်ဖြစ်ဖြစ်၊ စိတ်ညစ်ရင်ဖြစ်ဖြစ် ဗိုက်ထဲက မအီမသာဖြစ်တာ၊ လေပွတာ ဒါမှမဟုတ် အစားစားချင်စိတ် လုံးဝမရှိတာမျိုးတွေဟာ စိတ်ဒဏ်ရာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ "ဗိုက်ထဲက အသိစိတ်" လို့ ခေါ်တဲ့ Gut Feeling က သင့်စိတ်ထဲမှာ မလုံခြုံမှုကို ခံစားနေရကြောင်း အချက်ပေးနေတာပါ။

၄။ အသံအကျယ်ကြီးကြားရင် လန့်ဖျပ်သွားတာ
တံခါးပိတ်သံ ပြင်းပြင်းလေး ကြားတာ ဒါမှမဟုတ် တစ်ယောက်ယောက်က အနောက်ကနေ လှမ်းခေါ်လိုက်တာမျိုးကို ပုံမှန်ထက်ပိုပြီး တုန်လှုပ်သွားတာမျိုးပါ။ ဒါဟာ သင့်ရဲ့ အာရုံကြောစနစ်က အတိတ်က နာကျင်မှုတွေကြောင့် အမြဲတမ်း အန္တရာယ်ကို စောင့်ကြည့်နေရလို့ ဖြစ်ပါတယ်။

၅။ အသက်ကို ဝဝမရှူနိုင်ဘဲ ရင်ကျပ်နေတာ
တစ်ခုခုဆို ရင်ဘတ်ထဲမှာ တစ်ခုခုနဲ့ ပိတ်ထားသလို ခံစားရပြီး အသက်ရှူရတာ မဝတာမျိုး ကြုံဖူးကြမှာပါ။ စိတ်ဒဏ်ရာက အသက်ရှူနှုန်းကို တိုစေပြီး ခန္ဓာကိုယ်ကို အမြဲ တင်းကျပ်နေစေပါတယ်။ အသက်ကို ဝဝရှူဖို့ မေ့နေတာဟာလည်း စိတ်ထဲက စိုးရိမ်ပူပန်မှုတွေရဲ့ လက္ခဏာတစ်ခုပါပဲ။

အခုလို ခံစားနေရတာဟာ သင့်အမှားမဟုတ်သလို သင်ဟာ အားနည်းနေတာလည်း မဟုတ်ပါဘူး...ဒါဟာ သင့်ခန္ဓာကိုယ်က သင့်ကို "အနားယူဖို့ လိုနေပြီ" လို့ ချော့မော့ပြောဆိုနေတာပါ....ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ၊ နားလည်ပေးပါ။ ဒီဒဏ်ရာတွေကို အတူတူ ကုစားသွားလို့ ရပါတယ် 🤍

အိမ်ထောင်ရေး ဒါမှမဟုတ် အချစ်ရေးမှာ အဆင်မပြေမှုလေးတွေ ကြုံလာရတဲ့အခါ မိမိတို့နှစ်ဦးတည်း ဖြေရှင်းရခက်ခဲနေတာမျိုးက ဖြစ်လေ့ဖြ...
30/03/2026

အိမ်ထောင်ရေး ဒါမှမဟုတ် အချစ်ရေးမှာ အဆင်မပြေမှုလေးတွေ ကြုံလာရတဲ့အခါ မိမိတို့နှစ်ဦးတည်း ဖြေရှင်းရခက်ခဲနေတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါနော် 💔
ဒီလိုအချိန်မှာ Couples Counseling ဆိုတာဟာ အချင်းချင်း နားလည်မှု ပိုမိုခိုင်မာစေဖို့အတွက် ခွန်အားတစ်ခု ဖြစ်စေနိုင်ပါတယ်

📌 ဘေးကင်းပြီး ပွင့်လင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ခြင်း
Counseling ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်တို့နှစ်ဦးစလုံး စိတ်အေးချမ်းသာစွာနဲ့ ရင်ဖွင့်နိုင်မယ့် "Safe Space" တစ်ခု ဖန်တီးပေးဖို့ ဖြစ်ပါတယ် 🍀ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ၊ ဘက်မလိုက်ဘဲ နားထောင်ပေးမယ့် ပညာရှင်တစ်ယောက်ရဲ့ ရှေ့မှောက်မှာ မိမိရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ချပြခွင့်ရမှာပါ
📌ဆက်သွယ်ပြောဆိုမှု ပုံစံသစ်ကို သင်ယူခြင်း
တစ်ခါတလေမှာ စကားပြောဆိုပုံ လွဲမှားတာကြောင့် အထင်အမြင်လွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်....Counseling မှာဆိုရင်:
အချင်းချင်း စိတ်မဆိုးစေဘဲ ကိုယ့်လိုအပ်ချက်ကို ဘယ်လိုပြောမလဲ
တစ်ဖက်လူရဲ့ စကားကို ကိုယ်ချင်းစာစိတ်နဲ့ ဘယ်လိုနားထောင်မလဲ
ငြင်းခုံမှုတွေကြားကနေ အဖြေရှာပုံတွေကို အတူတူ လေ့ကျင့်ယူကြရပါတယ်

📌 ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေခြင်း
မျက်မှောက်မှာဖြစ်နေတဲ့ ရန်ဖြစ်မှုတွေထက် ပိုမိုနက်ရှိုင်းတဲ့ အကြောင်းရင်းတွေကို အတူတူ ရှာဖွေကြပါတယ်... ငယ်စဉ်က အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ Love Languages တွေကို နားလည်လာတဲ့အခါ တစ်ဖက်လူကို ပိုပြီး ကြင်နာလာနိုင်ပါတယ် 🤍
📌အပြန်အလှန် ယုံကြည်မှုနဲ့ ရင်းနှီးမှုကို ပြန်လည်တည်ဆောက်ခြင်း
အက်ကြောင်းထပ်နေတဲ့ ယုံကြည်မှုတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦးကြားက ဝေးကွာနေတဲ့ စိတ်ချင်းဆက်နွှယ်မှုကို ပြန်လည်နီးစပ်စေဖို့ နည်းလမ်းကောင်းတွေကို အတူတူ ဖော်ဆောင်ပေးပါတယ်ရှင် 🤍

"Counseling ဆိုတာ အမှားတွေကို ရှာဖွေတာမဟုတ်ဘဲ၊ ပိုကောင်းတဲ့ အနာဂတ်အတွက် လက်ချင်းတွဲပြီး လမ်းလျှောက်ဖို့ အားယူတာပဲ ဖြစ်ပါတယ်။"

Counseling တက်တဲ့အခါ ပြဿနာအပေါ်မူတည်ပြီး အချိန်ယူရနိုင်ပါတယ် 📌

အချင်းချင်း ပိုမိုနားလည်လာပြီး သံယောဇဉ် ပိုမိုခိုင်မြဲလာစေပါတယ် 📌

တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပြီး ရှေ့ဆက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် Counseling က သင့်အတွက် အဖော်မွန်ကောင်း ဖြစ်မှာပါ 🤍
စိတ်ထဲမှာ ပိတ်လှောင်ထားရတဲ့ ခံစားချက်တွေကို မျှဝေပြီး စိတ်ပေါ့ပါးသွားဖို့အတွက် ကျွန်မတို့ဆီမှာ ရင်ဖွင့်လို့ရသလို.. အတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ Counseling ရယူဖို့ ဖိတ်ခေါ်ချင်ပါတယ် 🤍 တိုင်ပင်ဆွေးနွေးလိုပါက Page Messenger ကနေအချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် 🤍🍀
🎁 အချစ်ဆိုတာ ဂရုစိုက်ခြင်းပါ (Gift of Care)
Campaign ကာလ ကျော်လွန်သွားပေမဲ့ mental health Gift Card လေးတွေက သင့်ချစ်သူ၊ သူငယ်ချင်း ဒါမှမဟုတ် မိဘတွေအတွက် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်နေဦးမှာပါ။
"လူတစ်ယောက်ကို ပစ္စည်းလက်ဆောင်ပေးတာထက် သူတို့ရဲ့ စိတ်အေးချမ်းမှုကို လက်ဆောင်ပေးတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်"
နွေးထွေးတဲ့ စကားဝိုင်းတစ်ခုကနေတစ်ဆင့် စိတ်ပေါ့ပါးမှုတွေ ရရှိစေဖို့ အခုပဲ ဆက်သွယ်လိုက်ပါရှင် 🍀🤍

သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

Address

Yangon

Website

Alerts

Be the first to know and let us send you an email when mental heal with you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share