05/03/2026
မျက်ကပ်မှန်ကြောင့် မျက်စိပိုးမဝင်စေဖို့ သိထားသင့်တဲ့ အချက်များ 🌟
အခုခေတ်မှာ Contact Lens ဆိုတာ အမြင်အာရုံအတွက်သာမကဘဲ Makeup Look တော်တော်များများရဲ့ အသက်လိုဖြစ်လာပါတယ်။ ဒါပေမဲ့ နေ့စဉ်အသုံးပြုနေကြတဲ့ ဒီမျက်ကပ်မှန်ကြောင့်ပဲ ချစ်သောတို့ရဲ့မျက်ကြည်လွှာမှာ အနာဖြစ်ခြင်း နဲ့ ပြင်းထန်တဲ့ ပိုးဝင်မှုတွေဖြစ်နိုင်တယ်ဆိုတာ သိပြီးပြီလား။❓
ချစ်သောက နေ့တိုင်းနီးပါး မျက်ကပ်မှန်ကို တပ်ဆင်ရတဲ့သူဆိုရင်တော့ အခုပြောပြမဲ့ အချက်လေးတွေကို လိုက်နာဖို့ တိုက်တွန်းပါရစေနော်။💯
📍မျက်ကပ်မှန် မတပ်ခင်တိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
📍မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်နဲ့ပဲ ဆေးကြောသန့်စင်ပါ။
📍မျက်ကပ်မှန်ဘူးကို အနည်းဆုံး (၃) လတစ်ကြိမ် ဗူးအသစ်လဲပေးပါ။
📍မျက်ကပ်မှန်တပ်ပြီး အိပ်စက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။
စတဲ့အချက်တွေကို လိုက်နာပြီး မျက်ကပ်မှန်တွေကို သတ်မှတ်ရက်ထက်ကျော်လွန်ပြီး အသုံးမပြုခြင်းဖြင့် ချစ်သောတို့ရဲ့မျက်စိကို ကာကွယ်စောင့်ရှောက်သင့်ပါတယ်ရှင်။✅
မျက်ကပ်မှန်တပ်ထားစဉ်နဲ့ ချွတ်ထားစဉ်အချိန်တွေမှာ မျက်စိ ယားယံတာ၊ မျက်သားနီမြန်းရောင်ရမ်းလာတာ၊ မျက်ခွံဖောင်းအစ်ပြီး ရောင်ရမ်းတာမျိုး ဖြစ်လာမယ်ဆိုရင်တော့ နီးစပ်ရာ မျက်စိဆေးခန်းကို အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။✅
ဇီးကွက် ချစ်သူတို့အားလုံး မျက်စိရောဂါကင်းဝေးပြီး ပြတ်သားကြည်လင်တဲ့ အမြင်အာရုံကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။✅
🦉 မျက်စိအတွက် ဇီးကွက် 🦉
#မျက်ကပ်မှန်