ထက်ဒီပ Htet Dipa

ထက်ဒီပ Htet Dipa 🜃🜄 လောကီပညာသုတေသီ 🜂🜁 ကိစ္စများအတွက် အဟောနှင့် ဆေးဖယောင်းတိုင် အစီအရင်။ ပညာပူဇော်ခ စေတနာကြေးသာ အမြဲယူပါတယ်။ 09780992963 phone/viber

အဆောင်တွေက ခရီးမှာ လိုချင်တဲ့သူတွေကို ဝေလိုက်ရတာနဲ့တင် ပြိုက်ခနဲ ကုန်သွားတာဗျာ။ ကိုယ်လုံအဆောင်ဆိုတော့ လာဘ၊ ပီယအဆောင်တွေလ...
05/04/2026

အဆောင်တွေက ခရီးမှာ လိုချင်တဲ့သူတွေကို ဝေလိုက်ရတာနဲ့တင် ပြိုက်ခနဲ ကုန်သွားတာဗျာ။ ကိုယ်လုံအဆောင်ဆိုတော့ လာဘ၊ ပီယအဆောင်တွေလောက် လိုချင်သူ သိပ်ရှိမယ် မထင်ခဲ့လို့ ခပ်များများ မစီရင်မိတာလည်း ပါတယ်။ လာမယ့် ပထမဝါဆိုလကွယ်ရောက်မှပဲ ထပ်စီရင်လို့ ရတော့မယ်ဗျ။ ဒီတစ်ခေါက် စီရင်ဖြစ်ခဲ့ရင်တော့ ကြိုပြောထားတဲ့သူတွေအတွက် မမေ့မလျော့ ချန်ပေးထားပါ့မယ်။ ခဏခဏ လာမေးနေကြလို့ တင်လိုက်ပါတယ်ဗျ။

"ပြဿဒါး အင်္ဂါ/စနေ လကွယ် ရုက္ခမူ ကိုယ်လုံအဆောင်" သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီးကို ဝိဇ္ဇာဓိုရ်တွေ ပေးခဲ့တဲ့ နည်းတစ်ခုအတိုင်း စီရင်ထားတာဖြစ်ပြီး စုန်းမျိုး ၇ ပါး မဖမ်းစားဝံ့လို့ အဆိုရှိပါတယ်။ ဆရာလုပ်သူတစ်ယောက်အနေနဲ့ ကိုယ်လုံကောင်းတယ်ဆိုတာ ဘယ်တော့မှ မမှားလို့ ရက်ကြုံကြိုက်တုန်း စီရင်ထားတာပါ။ လိုအပ်သူတွေရှိရင် ဆောင်နိုင်အောင်လည်း ပိုစီရင်ထားပါတယ်။ အခုတော့ ခရီးထွက်လိုက်ပါဦးမယ်။ ပြန်လာမှပဲ ပညာပူ​ဇော်ခ စေတနာကြေးလေးနဲ့ ဝေငှပေးပါ့မယ်။ ကျန်နေတဲ့ အဟောနဲ့ ဆေးဖယောင်းတိုင်အစီအရင်များလည်း ပြန်ရောက်မှပဲ ဟောပေး၊ လုပ်ပေးပါတော့မယ်။ ရေစက်တိုက်ဆိုင်သူအပေါင်း လိုအင်ဆန္ဒများ လပြည့်ဝန်းပမာ ပြည့်ဝလာကြပါစေ။ ကျန်းမာချမ်းသာခြင်းများနဲ့လည်း ပြည့်စုံကြပါစေ။

ဘယ်လိုမှ ပြေလည်သွားဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရတဲ့ကိစ္စတွေအပါအဝင် ကိစ္စအတော်များများကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျော်လွ...
04/04/2026

ဘယ်လိုမှ ပြေလည်သွားဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရတဲ့ကိစ္စတွေအပါအဝင် ကိစ္စအတော်များများကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျော်လွှားနိုင်ခဲ့တာ ဂုဏ်တော်စက်ဝန်းရဲ့ကျေးဇူးတွေ အများကြီးပါ,ပါတယ်။ ဒါကြောင့်လည်း ရေစက်တိုက်ဆိုင်သူတွေကို ရွတ်ကြပါ၊ ပူဇော်ကြပါလို့ တိုက်တွန်းနေရတာပေါ့ဗျာ။

ခရီးက ပြန်ရောက်နေပါပြီဗျ။ ပညာတွေ အများကြီးကို တိုးပွားခဲ့ပါတယ်။ ပို့ထားကြတဲ့စာတွေ များလွန်းလို့ တစ်ရက်၊ နှစ်ရက်လောက် အချ...
29/03/2026

ခရီးက ပြန်ရောက်နေပါပြီဗျ။ ပညာတွေ အများကြီးကို တိုးပွားခဲ့ပါတယ်။ ပို့ထားကြတဲ့စာတွေ များလွန်းလို့ တစ်ရက်၊ နှစ်ရက်လောက် အချိန်ယူပြီးမှ ပြန်ပေးပါမယ်။ ရက်ပိုင်းအတွင်း ထုံးစံအတိုင်း ပညာဒါနတွေလည်း ရေးပေးပါဦးမယ်။ ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။

"ပြဿဒါး အင်္ဂါ/စနေ လကွယ် ရုက္ခမူ ကိုယ်လုံအဆောင်" သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီးကို ဝိဇ္ဇာဓိုရ်တွေ ပေးခဲ့တဲ့ နည်...
17/03/2026

"ပြဿဒါး အင်္ဂါ/စနေ လကွယ် ရုက္ခမူ ကိုယ်လုံအဆောင်" သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီးကို ဝိဇ္ဇာဓိုရ်တွေ ပေးခဲ့တဲ့ နည်းတစ်ခုအတိုင်း စီရင်ထားတာဖြစ်ပြီး စုန်းမျိုး ၇ ပါး မဖမ်းစားဝံ့လို့ အဆိုရှိပါတယ်။ ဆရာလုပ်သူတစ်ယောက်အနေနဲ့ ကိုယ်လုံကောင်းတယ်ဆိုတာ ဘယ်တော့မှ မမှားလို့ ရက်ကြုံကြိုက်တုန်း စီရင်ထားတာပါ။ လိုအပ်သူတွေရှိရင် ဆောင်နိုင်အောင်လည်း ပိုစီရင်ထားပါတယ်။ အခုတော့ ခရီးထွက်လိုက်ပါဦးမယ်။ ပြန်လာမှပဲ ပညာပူ​ဇော်ခ စေတနာကြေးလေးနဲ့ ဝေငှပေးပါ့မယ်။ ကျန်နေတဲ့ အဟောနဲ့ ဆေးဖယောင်းတိုင်အစီအရင်များလည်း ပြန်ရောက်မှပဲ ဟောပေး၊ လုပ်ပေးပါတော့မယ်။ ရေစက်တိုက်ဆိုင်သူအပေါင်း လိုအင်ဆန္ဒများ လပြည့်ဝန်းပမာ ပြည့်ဝလာကြပါစေ။ ကျန်းမာချမ်းသာခြင်းများနဲ့လည်း ပြည့်စုံကြပါစေ။

🌒 မြွေ၊ နဂါးတို့ မေတ္တာရှိစေဖို့ မန္တန်နဲ့ အစီအရင် 🌒မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ မြွေ၊ နဂါးတို့ မေတ္တာရှိလာစေဖို့ မန္တန်န...
15/03/2026

🌒 မြွေ၊ နဂါးတို့ မေတ္တာရှိစေဖို့ မန္တန်နဲ့ အစီအရင် 🌒

မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ မြွေ၊ နဂါးတို့ မေတ္တာရှိလာစေဖို့ မန္တန်နဲ့ အစီအရင်လေးတစ်ခုကို ရေးပေးပါဦးမယ်။ မြွေဘေးကိုလည်း ကင်းစေနိုင်တဲ့ အစွမ်းသတ္တိကြောင့် ကျေးလက်ဒေသမှာ နေထိုင်သူများ၊ တောတောင်ခရီးသွားလာတတ်သူများအတွက်လည်း အလွန်အသုံးဝင်နိုင်ပါတယ်။ တောရဆောက်တည် သီတင်းသုံးတော်မူခဲ့တဲ့ ရွှေနတ်တောင် ဆရာတော်ဘုရားရဲ့နည်းဖြစ်တယ်လို့ အဆိုရှိပါတယ်။ မန္တန်ကို အရင်ဖော်ပြပါမယ်။

"ဥုံ သဗ္ဗ သပ္ပေါ စန္ဒရော၊ သဗ္ဗ သပ္ပါ စန္ဒရာ။"

(ဥုံ သပ်ဗ သပ်ပေါ စန်ဒရော၊ သပ်ဗ သပ်ပါ စန်ဒရာ။)
.........

မြွေ၊ နဂါးအပေါင်းတို့ အေးချမ်းစေဖို့ မေတ္တာပို့သကာ ယင်းတို့ရဲ့အဆိပ်အပေါင်းလည်း ကိုယ့်အပေါ် အန္တရာယ်မဖြစ်လာစေဖို့ အဓိဋ္ဌာန်တာဖြစ်ကြောင်း အကြမ်းဖျင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ မြန်မာလဆန်းတစ်ရက်ကနေ ရှစ်ရက်အတွင်း မြင်ရတဲ့ ကောင်းကင်က လ,ကို ကြည့်ပြီး ခြေစုံရပ်ကာ လက်ညိုးထိုးလို့ ၇ ခေါက် ရွတ်ဆိုရင် အဲဒီတစ်လလုံး မြွေ၊ နဂါးတို့ရဲ့မေတ္တာကို ရရှိသလို မြွေဘေးလည်း ကင်းစေပါသတဲ့။ ရွတ်ဆိုတဲ့အချိန် ဖိနပ်ချွတ်ထားနိုင်ရင် ပိုကောင်းပါတယ်။ ယုံကြည်မှု သဒ္ဓါတရားအပြည့်နဲ့ ရိုသေကျနစွာ ရွတ်ဆိုသင့်ပါတယ်။ ဒီနည်းကို အသုံးပြုသူများအနေနဲ့ မြွေသားစားခြင်းကိုတော့ လုံးဝရှောင်ကြဉ်ရပါမယ်။

မကြာမီရောက်လာတော့မယ့် တန်ခူးလဆန်းမှာ လက်တွေ့ရွတ်ဆိုကြည့်နိုင်ပါတယ်။ တစ်လကို တစ်ကြိမ်သာ ရွတ်ဆိုရမှာဖြစ်တာကြောင့် အပန်းလည်း မကြီးပါဘူး။ မြွေ၊ နဂါးတို့နဲ့ ဆက်စပ်ကာ မေတ္တာရရှိလိုသူများ၊ မြွေအန္တရာယ်ကင်းလိုသူများ အသုံးပြုနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။ share သွားစေလိုပါတယ်။ တင်ထားသမျှသည် ကိုယ်တိုင်အားစိုက်ရေးထားတာဖြစ်တဲ့အတွက် အပန်းမကြီးရင် မူရင်းပို့စ်ကို like လေး တစ်ချက်နှိပ်သွားစေချင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

09780992963 ဖုန်း/viber/telegram
page cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

"အဆင်ပြေသွားရင် ဆရာ့ကို ကျေးဇူးဆပ်ပါ့မယ်" တို့၊ "ဆရာ့ကျေးဇူးမမေ့ပါဘူး" တို့၊ ဒီလိုစကားမျိုးတွေကို တကယ်မလုပ်နိုင်ပဲနဲ့တော...
13/03/2026

"အဆင်ပြေသွားရင် ဆရာ့ကို ကျေးဇူးဆပ်ပါ့မယ်" တို့၊ "ဆရာ့ကျေးဇူးမမေ့ပါဘူး" တို့၊ ဒီလိုစကားမျိုးတွေကို တကယ်မလုပ်နိုင်ပဲနဲ့တော့ တွင်တွင်ကြီး မပြောကြစေလိုဘူးဗျာ။ ကျွန်တော့်ကို ပြောတာက သိပ်ပြဿနာမရှိသေးပေမယ့် လောကီနယ်ပယ်မှာ "နတ်နဲ့ နဂါး မလှည့်စားနဲ့" ဆိုတဲ့ ဆိုရိုးရှိတယ်ဗျ။ စိတ်အလွန်ထက်တဲ့ ဆရာတွေ, ပညာသည်တွေ၊ အမှားမခံတဲ့ ပုဂ္ဂိုလ်တွေကို ပါးစပ်အကျင့်ပါနေလို့ ဒီလို သွားပြောမိပြီးမှ ပျက်ကွက်ခဲ့ရင် နှုတ်ထွက်စကား မတည်ဘူးဆိုပြီး အငြိုးခံရလို့/ဆုံးမခံရလို့ ဒုက္ခတွေ့တတ်ပါတယ်။ စေတနာနဲ့ ပြောပြတာပါ။ သာဓကတွေ ပြောမကုန်အောင် ရှိပါတယ်။ ဒီလို တားတဲ့သူကတော့ သိပ်ရှိမှာ မဟုတ်ဘူး။ "ဆရာတွေ, ပညာသည်တွေလည်း လူတွေပဲလေ၊ ကိစ္စအဆင်ပြေသွားလား, မပြေဘူးလား အတိအကျပြန်မသိလောက်ပါဘူး" လို့ ယူဆရင်တောင် ကမ္မဇိဒ္ဓိရှိတဲ့ ပုဂ္ဂိုလ်တွေဘက်ကတော့ ကောင်းကောင်းကြီး သိနိုင်ကြောင်း သတိချပ်ကြစေလိုပါတယ်။ ကန်တော့လိုက်တဲ့ ပညာပူဇော်ခ သိပ်မများရင် အားနာပြီး ဒီလိုမျိုးတွေ ပြောမိတတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် လောကွတ်သက်သက်လောက်နဲ့ သစ္စာကတိမတည်သလိုမျိုးဖြစ်တာတော့ မကောင်းပါဘူးဗျာ။ ကျွန်တော်ပြောချင်တာကို သဘောပေါက်မယ်လို့ ယူဆပါတယ်။ ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။

တန်ခူးလဆန်းပိုင်းထဲမှာ ခရီးထွက်ဖြစ်ဖို့ အတော်သေချာသွားပါပြီ။ ဒီ ၃ ရက်၊ ၄ ရက်လောက်အတွင်း အလုပ်တွေဖြတ်ပါမယ်။ အပ်ထားပြီး ကျ...
12/03/2026

တန်ခူးလဆန်းပိုင်းထဲမှာ ခရီးထွက်ဖြစ်ဖို့ အတော်သေချာသွားပါပြီ။ ဒီ ၃ ရက်၊ ၄ ရက်လောက်အတွင်း အလုပ်တွေဖြတ်ပါမယ်။ အပ်ထားပြီး ကျန်နေသေးသူများလည်း လာပြောထားပေးကြပါဦးဗျ။

⚔️ အရေးကြုံရင် လုံခြုံစေဖို့ ⚔️သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီးကို ဝိဇ္ဇာဓိုရ်ဆရာတော်တစ်ပါးပေးခဲ့တဲ့ စည်းချနည်းတစ...
10/03/2026

⚔️ အရေးကြုံရင် လုံခြုံစေဖို့ ⚔️

သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ကြီးကို ဝိဇ္ဇာဓိုရ်ဆရာတော်တစ်ပါးပေးခဲ့တဲ့ စည်းချနည်းတစ်ခုအကြောင်း တွေ့ထားလို့ ရေးပေးပါဦးမယ်။ အထူးသဖြင့်တော့ နေအိမ်/ခြံဝင်းတွေထဲကို ခိုးသူအပါအဝင် မလိုသူတွေ မဝင်နိုင်စေဖို့၊ လောကီအစီအရင် ဆောင်ရွက်နေစဉ် အနှောင့်အယှက်တွေ မလာစေဖို့၊ ပုတီးစိပ်နေစဉ် အဖျက်မဝင်စေဖို့ စသဖြင့် အသုံးပြုနိုင်ပြီး နည်းကလည်း လွယ်လွယ်လေးပါပဲ။ လောကီပညာနယ်ပယ်မှာ လူအများကြားဖူးပြီးသား "ကမ္မဝါသည်းခြေ ဂါထာတော်" ကိုပဲ မန်းရမှာပါ။ ဥုံ ဖြုတ်လိုသူများ ဖြုတ်နိုင်ပါတယ်။

"ဥုံ ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။"

(ဥုံ ဂစ်ဆ အမုမှိ သြကာသေ တိတ်ဌာဟိ။)
.........

အရင်ဆုံး ဘုရားရှိခိုး၊ သရဏဂုံဆောက်တည်၊ ငါးပါးသီလ ခံယူရပါမယ်။ ပြီးရင် ဒီဂါထာတော်နဲ့ တနင်္ဂနွေထောင့် (အရှေ့မြောက်ထောင့်) က စလို့ လက်ညှိုးညွှန်ပြီး အရပ် ၈ မျက်နှာကို တစ်မျက်နှာလျှင် တစ်ခေါက်စီ နာရီလက်တံအတိုင်း လှည့်ကာ မန်းသွားရမှာပါ။ "သူခိုး (အနှောင့်အယှက် အဖျက်အဆီးတို့) မလာနိုင်၊ လာသော် မဝင်နိုင်" လို့ ဆိုထားပါတယ်။ အထူးသဖြင့် ညဉ့်အချိန်တွေမှာ ပိုမန်းသင့်ပါတယ်။ တစ်ရက်ကို တစ်ကြိမ်မန်းနိုင်ရင် လုံလောက်ပါတယ်။

ဂါထာမန္တန်တွေရဲ့အစွမ်းဟာ ရွတ်ဆိုမန်းမှုတ်သူရဲ့သီလ၊ သမာဓိ၊ ပညာတို့နဲ့ သက်ဆိုင်သေးတာကိုတော့ သတိပြုစေလိုပါတယ်။ ကြုံလို့ပြောရရင် ညရေးညတာ အရေးတကြီး အပြင်ထွက်ရမယ့်ကိစ္စတွေအတွက် ကျွန်တော် အားကိုးဆုံးကတော့ "မောရသုတ်" ပါပဲ။ မြတ်စွာဘုရားရှင်ကို နမောတဿ ကန်တော့ချိုးနဲ့ ရှိခိုးကန်တော့ပြီး "အပေတယံ" အစချီလို့ "နမော ဝိမုတ္တိယာ" အထိ ၇ ခေါက် မန်းသွားရင် လမ်းမှာ မည်သို့သော အနှောင့်အယှက် အခက်အခဲမှ ပေါ်လာလေ့ မရှိပါဘူး။ ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံကာ ပရိတ်ရွတ်သူအင်္ဂါ၊ နာသူအင်္ဂါတွေနဲ့ ညီဖို့တော့ လိုအပ်ပါတယ်။

လောကီဆန်ဆန်လေး လုပ်လိုရင်တော့ ဖယောင်းသန့်သန့်တစ်ခဲကို ညာဘက်လက်ထဲမှာ ဆုပ်ကိုင်ကာ ၇ အုပ် မန်းပြီး တစ်ပွဲတိုးအဖြစ် ဆောင်သွားနိုင်ပါတယ်။ ဘေးကင်းရုံသာမက မြင်သူအပေါင်း ချစ်ခင်ကြင်နာသနားကြရကြောင်း အဆိုရှိပါတယ်။ share သွားစေလိုပါတယ်။ တင်ထားသမျှသည် ကိုယ်တိုင်အားစိုက်ရေးထားတာဖြစ်တဲ့အတွက် အပန်းမကြီးရင် မူရင်းပို့စ်ကို like လေး တစ်ချက်နှိပ်သွားစေချင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

09780992963 ဖုန်း/viber/telegram
page cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

🪴 လူပြန်ခေါ် ရှေးဓာတ်အစီအရင် တစ်နည်း 🪴အဝေးထွက်သွားသူတစ်ယောက်ကို ပြန်ရောက်လာစေနိုင်မယ့် လူပြန်ခေါ် ရှေးဓာတ်အစီအရင်တစ်ခုအက...
06/03/2026

🪴 လူပြန်ခေါ် ရှေးဓာတ်အစီအရင် တစ်နည်း 🪴

အဝေးထွက်သွားသူတစ်ယောက်ကို ပြန်ရောက်လာစေနိုင်မယ့် လူပြန်ခေါ် ရှေးဓာတ်အစီအရင်တစ်ခုအကြောင်း ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ရေးပေးခဲ့ဖူးပေမယ့် လုပ်ရတာ လက်ဝင်ပြီး ကရိကထများကြောင်း ပြန်လာပြောသူတွေ ရှိခဲ့ပါတယ်။ ဒီနေ့တော့ လုပ်ရတာ မခက်ခဲပဲ တူညီစွာ အစွမ်းထက်တဲ့ နည်းတစ်နည်းကို ရှာတွေ့ထားလို့ ဝမ်းသာအားရ ရေးပေးလိုက်ပါတယ်။ ဒီနည်းဟာလည်း ရှေးကျပြီး သိသူနည်းပါးကာ ဂါထာမန္တန် မန်းစရာ မလို၊ အချိန်, နာရီ, နေ့ရက်တွေလည်း ရွေးချယ်နေစရာ မလိုတဲ့ နည်းမျိုးဖြစ်ပြီး မိမိအဆင်ပြေတဲ့နေ့တစ်နေ့ရဲ့မနက်ခင်းပိုင်းမှာ စတင်ဆောင်ရွက်နိုင်ပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ ထွက်သွားသူရဲ့နေ့နံသင့် သစ်ရွက် ၉ ရွက် (ဒါမှမဟုတ်) အညွန့် ၉ ညွန့်ကို နေအိမ်က ဘုရားစင်၊ ဘုရားကျောင်းဆောင်မှာ ကပ်လှူလိုက်ကာ ဘုရားရှိခိုး၊ ငါးပါးသီလ ခံယူပြီး ထွက်သွားသူ အမြန်ဆုံးပြန်ရောက်လာအောင် ၃ ကြိမ် ဆုတောင်းပေးရပါမယ်။ မိမိအဆင်ပြေနှစ်သက်သလို ဆုတောင်းနိုင်ပါတယ်။ ဒီလိုကပ်လှူပြီး ဆုတောင်းတဲ့အချိန်ဟာ အပေါ်မှာပြောခဲ့သလိုပဲ နေ့တစ်နေ့ရဲ့မနက်ခင်းပိုင်းဖြစ်ဖို့တော့ လိုပါတယ်။

ဒုတိယအဆင့်အနေနဲ့ ညနေပိုင်း နေဝင်ခါနီးမှာ ကပ်လှူထားခဲ့တဲ့ သစ်ရွက်/အညွန့်တွေကို ရိုရိုသေသေ ပြန်စွန့်ပြီး ငရုတ်ဆုံထဲထည့်ကာ ငရုတ်ကျည်ပွေ့ကို လက်ပြန်ကိုင်လို့ လုံးဝညက်သွားအောင် ထောင်းရပါမယ်။ သတိထားဖို့ကတော့ စ,ထောင်းတဲ့အချိန်ကနေ ညက်သွားတဲ့အချိန်ထိ ထွက်သွားသူရဲ့မျက်နှာကို ပီပီသသ မြင်ယောင်ကာ ပြန်လာပြီဖြစ်ကြောင်း အာရုံပြုပေးရမှာပါ။ ငရုတ်ကျည်ပွေ့ လက်ပြန်ကိုင်နည်းကို ပုံထဲမှာ ပြထားပါတယ်။

တတိယအဆင့်အနေနဲ့ကတော့ ထောင်းထားတာတွေအားလုံးကို ယူပြီး အိမ်အနောက်ဘက်ဆီ လက်ပြန် လွှင့်ပစ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ အစီအရင်ဆောင်ရွက်ခြင်းကိစ္စ ပြီးဆုံးပါပြီ။ အလွန်လွယ်ကူပေမယ့် အထင်မသေးသင့်တဲ့နည်းဖြစ်ပြီး တစ်လကိုမှ တစ်ခေါက်လောက်သာ ပြုလုပ်သင့်တယ်လို့ ဆိုထားပါတယ်။ နေ့နံသင့် သစ်ရွက်/အညွန့်ကောက်ယူပုံကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

တနင်္ဂနွေ (အ ဣ ဥ ဧ ဩ နဲ့ စသမျှ၊ ဥပမာ - အုန်း)
တနင်္လာ (က ခ ဂ ဃ င နဲ့ စသမျှ၊ ဥပမာ - ကံ့ကော်)
အင်္ဂါ (စ ဆ ဇ စျ ည နဲ့ စသမျှ၊ ဥပမာ - ဇီး)
ဗုဒ္ဓဟူး (လ ဝ နဲ့ စသမျှ၊ ဥပမာ - ဝါး)
ကြာသပတေး (ပ ဖ ဘ ဗ မ နဲ့ စသမျှ၊ ဥပမာ - ပေါက်)
သောကြာ (သ ဟ နဲ့ စသမျှ အပင်များ၊ ဥပမာ - သီဟိုဠ်)
စနေ (တ ထ ဒ ဓ န နဲ့ စသမျှ အပင်များ၊ ဥပမာ - ဒန်း)
ရာဟု (ယ ရ နဲ့ စသမျှ အပင်များ၊ ဥပမာ - ရှား)

လောကီပညာကို အလွန်ကျွမ်းကျင်ခဲ့တဲ့ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးရဲ့နည်းဖြစ်ပြီး တွေ့ဖို့ကံမကုန်သေးရင် တစ်လအတွင်း ပြန်ရောက်လာတတ်တယ်လို့လည်း ဆိုထားပါတယ်။ ထွက်သွားသူကိုမှ ပြန်လာစေချင်နေသူများ လုပ်ကြည့်နိုင်ပြီ။ အသုံးတည့်သူမြင်အောင် share သွားစေလိုပါတယ်။ တင်ထားသမျှသည် ကိုယ်တိုင်အားစိုက်ရေးထားတာဖြစ်တဲ့အတွက် အပန်းမကြီးရင် မူရင်းပို့စ်ကို like လေး တစ်ချက်နှိပ်သွားစေချင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

09780992963 ဖုန်း/viber/telegram
page cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

လန်ဒန်မြို့တစ်နေရာက ရေစက်တိုက်​ဆိုင်သူတစ်ဦး ပို့ပေးလာတဲ့ ဓာတ်ပုံလေးပါ။ ကမ္ဘာ့တစ်ဘက်ခြမ်းနေရာအထိ ပင့်ဆောင်သွားပြီး ပူဇော...
02/03/2026

လန်ဒန်မြို့တစ်နေရာက ရေစက်တိုက်​ဆိုင်သူတစ်ဦး ပို့ပေးလာတဲ့ ဓာတ်ပုံလေးပါ။ ကမ္ဘာ့တစ်ဘက်ခြမ်းနေရာအထိ ပင့်ဆောင်သွားပြီး ပူဇော်ထားတာကို မြင်ရတာ သာဓု အခါခါခေါ်ဆိုရင်း ပီတိဖြစ်ရပါတယ်ဗျာ။ တပေါင်းလပြည့်နေ့မှာ အစီအရင်တွေ၊ အဟောတွေနဲ့ အလုပ်မရှုပ်ခင်လေး ကုသိုလ်အမှတ်တရတင်လိုက်ပါတယ်။ comment ထဲမှာ ကျွန်တော်ညွှန်းပေးခဲ့တာတွေကို ထပ်တင်ပေးထားပါမယ်ဗျ။ အကြိမ်ကြိမ်အခါခါတင်ဖူးပြီးသားဖြစ်ပေမယ့် ရေစက်တိုက်ဆိုင်သူများ ပြန်ရှာမနေရအောင်ပါ။ လိုအင်ဆန္ဒများ လပြည့်ဝန်းပမာ ပြည့်ဝလာကြပါစေ။ ကျန်းမာချမ်းသာခြင်းများနဲ့လည်း ပြည့်စုံကြပါစေ။

တနေ့သောအခါ မိတ္ထိလာ ရေလယ်ဆရာတော်က ရှင်ကဝိ (စွန်းလွန်းဆရာတော်ဘုရားကြီး) အား အမိန့်ရှိသည်မှာ ရှင်ကဝိ မိတ္ထိလာကန်ကြီး မြင်ရ...
26/02/2026

တနေ့သောအခါ မိတ္ထိလာ ရေလယ်ဆရာတော်က ရှင်ကဝိ (စွန်းလွန်းဆရာတော်ဘုရားကြီး) အား အမိန့်ရှိသည်မှာ ရှင်ကဝိ မိတ္ထိလာကန်ကြီး မြင်ရဲ့လား၊ မြင်ပါရဲ့ဘုရား။ ၄င်းကန်ကြီးဟာ ခု—အင်းလေးအင်း ပေါ်နေပြီ၊ အဲသည်တော့ တဘောင်ကလဲ "မိတ္ထိလာနယ်အတွင်းမှာလ၊ လေးအင်းတိုင်အောင် ပေါ်လို့၊ ရှစ်သောင်းကျော် ဝိဇ္ဇာထွက်ပါလိမ့်၊ လိုချင်သူ ဖိုခွင်တက်ကြတော့" လို့ ဆိုတယ်။ အဲဒါ ဦးကဝိ ဘယ်လို​ကောက်သတုံး။ ။ ဆရာတော်ဘုရား— ဆရာတော်များယူတဲ့ ဝိဇ္ဇာက ဘယ်လိုဝိဇ္ဇာပါလဲဘုရား၊ ဖိုကကော ဘယ်လိုဖိုပါလဲဘုရားဟု ပြန်လည် လျှောက်ထား မေးမြန်းရာ ရေလယ်ဆရာတော်က ဦးကဝိရဲ့ ဝိဇ္ဇာကတော့ ဆေးဝိဇ္ဇာ, အင်းဝိဇ္ဇာ, ပြဒါးဝိဇ္ဇာ, မန္တန်ဝိဇ္ဇာပေါ့၊ ဖိုကလဲ ဖားဖိုပေါ့ဟု အမိန့်ရှိပြန်သည်တွင် ဆရာတော်ဘုရား..... ဝိဇ္ဇာက အရိယာဝိဇ္ဇာပါ ဘုရား၊ ဖိုက အာနာပါန ဖိုပါဘုရား ဟု ဖြေကြား လျှောက်ထားလေ၏။ အေး–အေး ဦးကဝိ ဟုတ်တယ်–ဟုတ်တယ်။ တပည့်တော်တို့က သည်နေရာမှာ အယူအဆသီသီလိုနေတယ်–ဟုသဘောပေါက် ဝန်ခံကာ ရေလယ်ကျောင်း ဆရာတော်သည် မိမိ၏ ဓာတ်လုံးများနှင့် ဖားဖိုတို့ကို အပြီး စွန့်လွှတ်လိုက်ကာ ထိုနေ့မှစ၍ အာနာပါန တရားကိုသာ အားထုတ်တော်မူရှာလေသည်။
{မြင်းခြံမြို့ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျယ်နှင့် တရားတော်များ၊ စာမျက်နှာ-၅၀}

(စွန်းလွန်းဆရာတော်ဘုရားကြီး ဖြေကြားတော်မူခဲ့တာကို ကြည်ညိုလို့ပါ။ ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ်ဖြစ်အောင် အားထုတ်ချင်နေကြတဲ့ ရေစက်တိုက်ဆိုင်သူများအတွက်လည်း ရည်ရွယ်ပါတယ်။ ဘယ်လောကီပညာမှ ဘုရားဟော တရားတော်တွေလောက် တန်ဖိုးမရှိပါဘူး။ ကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ​တော့ အားလုံးကို စွန့်လွှတ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း... ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံကြပါစေ။)

ထုံးစံအတိုင်း လာမယ့် တပေါင်းလပြည့်နေ့အတွက် အစီအရင်အပ်လိုရင် လာအပ်ထားလို့ ရပါပြီဗျ။
26/02/2026

ထုံးစံအတိုင်း လာမယ့် တပေါင်းလပြည့်နေ့အတွက် အစီအရင်အပ်လိုရင် လာအပ်ထားလို့ ရပါပြီဗျ။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့တုန်းက မရောက်ခင် တစ်ရက် နှစ်ရက်လောက်အလိုမှ အစီအရင်တွေ အများကြီး လာပြုံအပ်ကြပြီး ငြင်းဖို့လည်း အားနာမိလို့ နည်းနည်း မနိုင်မနင်းဖြစ်ခဲ့ရပါတယ်။ ဒီတော့ တန်ဆောင်မုန်းလပြည့်နေ့ရောက်ဖို့ ရက်နည်းနည်းလိုသေးတဲ့ အခုအချိန်တည်းက စာရင်းကြိုကောက်ထားချင်ပါတယ်ဗျ။ လ​ပြည့်နေ့တည့်တည့်မှာ အစီအရင်လုပ်ပေးစေချင်သူများ လာအပ်လို့ ရပါပြီ။ နိုင်သလောက်ပဲ လက်ခံမှာဖြစ်လို့ ပြည့်သွားရင်လည်း နားလည်ပေးကြပါဦးဗျာ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် တတ်စွမ်းသမျှပညာနဲ့ ​​အကောင်းဆုံးလုပ်ပေးလေ့ရှိပေမယ့် လပြည့်နေ့ကို နှစ်သက်သူများရှိလို့ တင်လိုက်တာပါ။ ပညာပူ​ဇော်ခလည်း မပြောင်းလဲပဲ စေတနာကြေးပါပဲ​ဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ထက်ဒီပ Htet Dipa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share