Sacred Czar - A Journey With Tarot

Sacred Czar - A Journey With Tarot A home for tarot enthusiasts

15/08/2025

တားရော့ ၇၈ ကတ် ဟာ မိသားစုကြီး တစ်စုပါ။မေဂျာ ၂၂ ကတ်ဟာ အကြောင်းဆိုရင် မိုင်နာ ၅၆ ကတ်ဟာ အကျိုးတရားလို့ ဆိုလို့ရပါတယ်။

တားရော့လောက မှာ အဲဒါကို The Fool’s journey လို့ ခေါ်ကြတာပါပဲ။

ဒီလမ်းရဲ့ မူဘဘူတ ဟာ The Magician ဆိုတဲ့ နံပါတ် ၁ က အစပျိုးခဲ့ပေတော့ မိုင်နာကတ်တွေရဲ့ Ace တိုင်းမှာ ဒီကတ်ရဲ့ စွမ်းအင်ဟာ ပါကို ပါနေတာပါပဲ။Raw energy တဲ့ ၊ ဘယ်လို ယဉ်ပါးအောင် လုပ်မလဲ။

Court Card တွေဟာ မူလဘူတ မေဂျာကတ်တွေရဲ့ blood line ကို ဆက်ခံပါတယ်။

ဘုရင်မ ကတ်တွေ ရဲ့ နောက်မှာ The Empress ဟာ ရှိနေပါတယ်။ဘာကြောင့်လဲ ဆိုတော့ မေဂျာ ၂၂ ကတ်အပြီး the fool ဟာ လောကထဲ ခြေစုံပစ် ဝင်တဲ့အခါ တွဲရက် အတူထိုင်နေတဲ့ The Empress နဲ့ the Emperor ဟာ ကိုယ်ပွါးတွေ ထည့်ပေးလိုက်တဲ့အခါ
Queen နဲ့ King ဖြစ်လာတာပါပဲ။

ဒီအကြောင်းတွေ ကို symbolism ထဲမှာ ထည့်ပြောထားပါတယ်။

Empress ကနေ စရိုက် လေး မျိုး ကွဲပြီး ဘုရင်မ လေးမျိုး၊ Emperor ကနေ ဘုရင် လေး မျိုး ပေါ့။

လူ ဟာ အရူးပါ။ကိုယ် ဟာ ဘာ အရူး လဲ ဆိုတာ တားရော့ က ပြောပါတယ်။ကောင်းသော ရူးသွပ်ခြင်းဖြင့် လောက ကို အလင်းဆောင်နိုင်ဖို့ ဒီပညာ က သင်ပေးပါလိမ့်မယ် ၊ ပညာ ကို ချစ်တတ်ရင်ပေါ့။

14/08/2025

တားရော့ ကတ် မရွေးဘဲ ဟောနိုင်လား မေးတဲ့ လူနှစ်မျိုး ကို တွေ့ဖူးပါတယ်။
မေးတဲ့သူ နဲ့ ကြးဖူးနားဝ နဲ့ လာစမ်းတဲ့ သူပေါ့။
တားရော့လမ်းကို စလျှောက်တဲ့ အခါ လူတိုင်းဟာ မဖြစ်မနေ သိရမှာက ဒီကတ် ဟာ ဘာပြောတာလဲပါ။
သက်တမ်းရင့်လာတဲ့ အခါ ၇၈ ကတ်ရဲ့ ကတ်တွေ အခြင်းခြင်း စကားပြောနေတာကို တွေ့လာရတာပါပဲ။အထူးသဖြင့် သင်္ကေတ ဘာသာပိုင်း မှာပါ။
အဲ့လို တွေ့လာတဲ့အခါ ကတ်တွေမှာ ကိုယ်သိခဲ့တာတွေ ကို ချဲ့တွေးတဲ့ အဆင့်ရောက်ပါတယ်။

၂၀၀၀ နောက်ပိုင်းမှာ တားရော့ဟာ အသွင်သစ်ကို ပြောင်းခဲ့တယ်။အရင်က နက်နဲတဲ့ အရောင်တွေ၊သင်္ကေတတွေ သိပ်မထည့်တော့ဘဲ ကတ်အဓိပ္ပါယ် ကို အရှင်းသားပြနိုင်တဲ့ ပုံတွေ ပြောင်းသုံးလာပြီး LGBTX အထိ ခရီးဆန့်လာတာတွေ့ရပါတယ်။

တားရော့ ဟာ spiritual awakening နဲ့ personal development ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး နဲ့ စိတ်အဆင့်မြှင့်ခြင်းဘက်ကို သိသိသာသာ ဦးတည်လာတာပါပဲ။

မေးခွန်း ကို ပြန်ကောက်ရရင် တားရော့ဟာ ပုဂ္ဂလိက အဆန်ဆုံး ပညာပါ။
လူဟာ အစားမျိုးစုံ စားနိုင်ပေမယ့် ကိုယ် ကြိုက်တာ ကို စားနေတဲ့ အချိန် စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတာ သိဖို့ အရေးကြီးသလို
တားရော့ ဟာ ကတ်ကို ဖတ်ပေးတဲ့သူ ၊ မေးတဲ့သူ တို့ရဲ့ စိတ်စွမ်းအင်လှိုင်းတွေနဲ့ အလုပ်လုပ်ပါတယ်။
တားရော့ကတ်တွေကို ကလေးလေး တစ်ယောက်လို မြင်ကြည့်ပါ။သူစိမ်းတစ်ယောက် နဲ့ အသံကို ကြားဖူးနေကြသူတစ်ယောက် ကို ပြန်တုန့်ပြန်တာ မတူပါဘူး။

ကတ် အမျိုးအစား တိုင်းမှာ မတူကွဲပြားတဲ့ စွမ်းအင်ရှိပါတယ်။ခံစားကြည့်ပါ။ဖွင့်ထားတဲ့ စိတ်နဲ့ ၊ရိုးကျိုးတဲ့ စိတ်နဲ့ပါ။

လူတိုင်းကို ပြုံးပြရတဲ့ အခါ ကိုယ်ချစ်တဲ့သူ ကို ပြုံးပြရတာ၊လိုချင်မှု တစ်ခုကြောင့် ပြုံးပြရတာ၊ဒေါသ ကို မျိုချပြီး ပြုံးပြရတာ၊တခါမှ မမြင်ဘူးတဲ့ ကလေးတစ်ယောက် ကို ပြုံးကြည့်မိတာ…

07/08/2025

တားရော့ နဲ့ဆိုင်တဲ့ စာတွေ ရေးဖို့ အားခဲထားပေမယ့် သင်တန်းအတွက် အချိန်တော်တော်များများ ပေးထားတော့ ဒီဘက် မလှည့်ဖြစ်ပါဘူး။

တားရော့ အကြောင်း ဆည်းပူးနေသမျှ၊လက်လှမ်းမီ သမျှကို လက်ဆင့်ကမ်းပေးခဲ့တာ season 4 အထိ ရောက်ခဲ့ပါပြီ။

နောက် ၂ လ ပြည့်ပြီးနောက် season 5 - Value Added advance ကို ၃ လ လောက် ဆက်သင်ပေးပြီးတဲ့ အခါ တာဝန်တစ်ခု ကျေပွန်ပြီပေါ့။

လူအများစု ဟာ လေဖန်း ဒန်းစီး ကြတယ်။အထူးသဖြင့် ဗမာပြည် တားရော့လောက ဟာ အရင်ထက် ပိုရှုပ်ထွေးလာပြီး ငါးခုံးမ တွေကြောင့် ဖဲဗေဒင် ဆိုတဲ့ အမြင်က မတက်လာပါဘူး။

ပြောတာလွယ်တယ် ၊ သိဖို့ ခက်တယ်တဲ့။

ကျွန်တော် အခကြေးငွေ နဲ့ တားရော့ကို ၆ လ နီးပါး သင်ပေးတဲ့ အခါ နိုင်ငံစုံရောက်နေတဲ့ ညီအကို မောင်နှမတွေ လာတက်ကြပါတယ်။လုပ်စားဖို့ မဟုတ်ဘူး၊သိချင်လို့တဲ့။

တားရော့ ဟာ မှန်တစ်ချပ်ပါ။ကိုယ် ပေးသမျှ ကိုယ့်ဆီ ပြန်လာတဲ့ ဓမ္မကို သင်ပေးတာပါ။

ဒီဇင်ဘာလောက်ကျရင် season 6 အနေနဲ့ နောက်ထပ် ခရီးရှည်တစ်ခု ထပ်သွားဖြစ်ရင် အသိပေးပါ့မယ်။

ပညာ အစစ် ကို အချိန် စိုက်ထုတ်မှု၊ဉာဏ် ၊ ဝီရိယ စိုက်ထုတ်မှု ၊ စိတ်ခွန်အား စိုက်ထုတ်မှု ဆိုတဲ့ အရင်းအနှီး တစုံတရာ မပေးရင် မရပါဘူး။

ဘယ်လောက် အထိ နေခဲ့ ပြီးပြီလဲ၊ကိုယ် သိချင်စိတ် ရှိခဲ့တဲ့ ပညာ ကို သိရပြီလား၊နောက် ဘယ်လောက် အထိ နေနိုင်ဦးမှာလဲ၊ပိုကောင်းတဲ့ လူ တစ်ယောက် ဖြစ်လာဖို့ သိစရာ၊သင်စရာ တွေ ကို တားရော့ နဲ့ အတူ ရှာကြည့်နိုင်ဖို့ပါ။

ဘဝ က သိမှသာ နေရတာ တန်ပါတယ်။လူတိုင်း ရတဲ့ ၂၄ နာရီ ကို သိခြင်း နဲ့ သွားမလား၊မသိခြင်း နဲ့ ဖြုန်းမလား ဆိုတာပါပဲ။

‘May the Tarot be a light for you in dark places, when all other lights go out“
17/05/2025

‘May the Tarot be a light for you in dark places, when all other lights go out“

A new beginning 5.5.2025
05/05/2025

A new beginning
5.5.2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sacred Czar - A Journey With Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share