Teller By Akari

Teller By Akari ချစ်ခြင်းမေတ္တာရယ် ဥာဏ်ပညာရယ်

" မနာလိုစိတ် အားကြီးလာပြီ " ဆိုရင်...🙏🦋  ကောက်ကျစ်တတ်လာကြတယ် ။" ကောက်ကျစ်တဲ့စိတ် အားကြီးလာပြီ " ဆိုရင်...  ယုတ်မာတတ်လာကြ...
30/11/2025

" မနာလိုစိတ် အားကြီးလာပြီ " ဆိုရင်...🙏🦋
ကောက်ကျစ်တတ်လာကြတယ် ။
" ကောက်ကျစ်တဲ့စိတ် အားကြီးလာပြီ " ဆိုရင်...
ယုတ်မာတတ်လာကြတယ် ။
" ယုတ်မာတဲ့စိတ် အားကြီးလာပြီ " ဆိုရင်...
ရက်စက်တတ်လာကြတယ် ။
ရက်စက်မှု အားကြီးကြီးနဲ့ လုပ်ပြီးရင်...
ကြောက်စိတ် ဝင်လာတတ်ကြတယ် ။
" ကြောက်စိတ် အားကြီးပြီ " ဆိုရင်..
အယောင်ယောင်အမှားမှား လုပ်လာကြတယ် ။
အယောင်ယောင်အမှားမှားတွေ လုပ်ရင်းနဲ့
နောက်ဆုံး ပျက်စီးကျဆုံးသွားကြတာပါပဲ ။
" ဣဿာ မစ္ဆရိယ " ဆိုတဲ့ မနာလိုဝန်တိုတဲ့စိတ်ဟာ
အမှန်တကယ်ကိုယ့်ဟာကိုယ်ဖျက်ဆီးနေတဲ့စိတ်ပါပဲ
" ပျက်စီးချိန်တန်လာပြီ " ဆိုရင်လည်း...
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးကြရတော့မှာပါပဲ ။
#ကျေးဇူးတော်ရှင်ပါချုပ်မောက္ခဆရာတော်ကြီး 🙏
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ကောင်းကွက်ကိုရှာပြီး_မေတ္တာပွားပါ 🙏လူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင် ကောင်းကွက်လေးတွေကို ရှာကြည့်။ ဆိုးကွက်တွေ သွားမကြ...
29/11/2025

ကောင်းကွက်ကိုရှာပြီး_မေတ္တာပွားပါ 🙏

လူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင်
ကောင်းကွက်လေးတွေကို ရှာကြည့်။
ဆိုးကွက်တွေ သွားမကြည့်နဲ့။

လူဆိုတာ အကောင်းအဆိုး ရောနေတာပဲ။
ဘယ်သူမှ အကောင်းချည်း မရှိဘူး။
ဘယ်သူမှ အဆိုးချည်းလည်း မရှိဘူး။

ကောင်းကွက်ကိုရှာ မေတ္တာကိုပွားဆိုတာ...
"ယောနိသော မနသီကာရ"ကို ပြောတာ။
ကောင်းကွက်ကို ရှာမတွေ့နိုင်ရင် မေတ္တာမပွားနိုင်ဘူး။

မေတ္တာမပွားနိုင်ရင် ချက်ချင်း
ဘယ်သူ ဒုက္ခ ဖြစ်လဲဆိုရင်
ကိုယ့်ရဲ့ နှလုံးပူလောင် ခံရတယ်။

ငရဲ ကျမှာတွေ နောက်ထား၊
ရုပ်ဆိုးမှာတွေ နောက်ထား၊
ကိုယ်အရင် ဒုက္ခ ဖြစ်တာပဲ။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ
ဒီစာတင်သောသူကို credit ပေးပါတယ်ရှင်

my client - ဆြာမ ပြောပြပီး နှစ်သိမ့်နေတာက ကိုယ်တွေ့ကြီးကို ပြန်ဖောက်သယ် ချနေသလိုပဲနော်me - photo crd ပါရှင်   လေးလုပ်ပေး...
28/11/2025

my client - ဆြာမ ပြောပြပီး နှစ်သိမ့်နေတာက ကိုယ်တွေ့ကြီးကို ပြန်ဖောက်သယ် ချနေသလိုပဲနော်
me - photo crd ပါရှင်


လေးလုပ်ပေးကြပါဦးနော်

My client - ဆြာမ ကွက်ကွက်ကို သိလား မြောင်လေ ကျွန်မက ကွက်ကွက် version လေ 😌me - ရှင်းဘူးရယ် 🥺my client - သြော် ကျွန်မ ချစ်...
19/11/2025

My client - ဆြာမ ကွက်ကွက်ကို သိလား မြောင်လေ ကျွန်မက ကွက်ကွက် version လေ 😌
me - ရှင်းဘူးရယ် 🥺
my client - သြော် ကျွန်မ ချစ်သူက သဘော်သား စီးမန်း လို့ပြောချင်တာ အဲ့တာ တွက်ပေး right person မလားလို့နော်🧐

ဒါနဲ့လေ မေးပေးဦး ကွက်ကွက်နဲ့ သူ့လင် သဘော်သားက right cat မလားဟင်😒

Page ကို like and follower လေး လုပ်ပေးကြနော်

🙏သ‌ရဏဂုံ အမြဲရွတ်ဆိုပါကထူးခြားလာမည့်(၁၁)ချက်၁။ ဒုက္ခရာက်တော့မယ်ဆိုရင် အလိုလိုသိနေခြင်း။၂။စိတ်ရင်းမမှန်တဲ့သူတွေ ကိုယ့်အနာ...
20/10/2025

🙏သ‌ရဏဂုံ အမြဲရွတ်ဆိုပါက
ထူးခြားလာမည့်(၁၁)ချက်

၁။ ဒုက္ခရာက်တော့မယ်ဆိုရင် အလိုလိုသိနေခြင်း။

၂။စိတ်ရင်းမမှန်တဲ့သူတွေ ကိုယ့်အနားမှာအမြဲနေလို့မရခြင်း။

၃။ဒုက္ခရောက်စရာရှိလို့ ခံရတော့မယ်ဆိုရင် ပယ်ထုတ် ပလိုက်ခြင်း။

၄။ကြီးကြီးမားမားဖြစ်မယ့် ပြဿနာ ငယ်သွားခြင်း၊ လျော့သွားခြင်း၊ ပပျောက်သွားခြင်း။

၅။ဒုက္ခကြုံတွေ့နေရရင်တောင် ဆိုးရွားစွာ မဖြစ်ခြင်း။

၆။ကူညီစောင့်ရှောက် ထောက်ပံ့ကာကွယ်မည့်သူများ ပေါ်ပေါက်ရောက်ရှိလာခြင်း။

၇။အန္တရာယ်မကျရောက်ခြင်း။
၈။ဘေးဆိုးဒုက္ခ မကြုံတွေ့ခြင်း။

၉။အန္တရာယ်ကြုံရင်တောင် လွတ်မြောက်ခြင်း။

၁၀။ပိုက်ဆံများ၊ငွေများသိသိသာသာ ဝင်ရောက်လာခြင်း။

၁၁။ကျွေးချင် မွေးချင် ပေးချင်သူများ ပေါများလာခြင်း။

ဒီအချက်တွေကြောင့်သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပူဇော်ပါ🙏🙏🙏

Crd🙏🙏🙏

ကံတွေဟာ သိပ်သတိထားဖို့ကောင်းပါတယ်။နေ့စဉ် နေ့တိုင်းကိုယ်မှု နှုတ်မှုစိတ်အကြံကြောင့် လူတွေဟာ ဒုက္ခရောက်နေကြရတယ်။ ဒါကြောင့်...
17/10/2025

ကံတွေဟာ သိပ်သတိထားဖို့ကောင်းပါတယ်။
နေ့စဉ် နေ့တိုင်းကိုယ်မှု နှုတ်မှုစိတ်အကြံကြောင့် လူတွေဟာ ဒုက္ခရောက်နေကြရတယ်။
ဒါကြောင့် လုပ်ရင်လည်း သတိရှိပါ။ ပြောဆိုရင်လည်း သတိရှိပါ။
တွေးရင်လည်း သတိရှိပါ။ ကိုယ်ရေးဆွဲတဲ့ ပန်းချီကားကို အရုပ်ဆိုး အကျည်းတန်အောင် မရေးဆွဲမိပါစေနဲ့။

( #ဖားအောက်တောရဆရာတော်ဘုရားကြီး)
crd photo ပါရှင့်

my client - ဆြာမ ကျွန်မ ချစ်သူကလေ ကျွန်မကိုအရမ်းချစ်တာ သူက right person မလားဟင် ဟင်လို့ ....me - 🙂
15/10/2025

my client - ဆြာမ ကျွန်မ ချစ်သူကလေ ကျွန်မကိုအရမ်းချစ်တာ သူက right person မလားဟင် ဟင်လို့ ....
me - 🙂

သူတပါး မကောင်းတာကို တွေးနေရင် ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ် ။သူတပါးရဲ့ မကောင်းကြောင်းတွေ ပြောန...
22/09/2025

သူတပါး မကောင်းတာကို တွေးနေရင်
ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

သူတပါးရဲ့
မကောင်းကြောင်းတွေ ပြောနေရင်
ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

သူတပါး မကောင်းမှု လုပ်တာကို
ထိုင်ကြည့်နေရင်
ကိုယ်ကောင်းတာလုပ်ဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

ကမ္ဘာကြီးက တဖြည်းဖြည်း ပူလာတယ်
ကိုယ့်စိတ်တွေ အေးအောင်
ကြိုးစားထားမှ တန်ဖိုး ရှိမယ်
ဘဝက အချိန်ခဏလေးပဲ နေရတာ ။

နေရာတိုင်းက ဆူနေတယ်
ကိုယ့်စိတ်ကိုယ် တိတ်အောင်
ငြိမ်အောင် ကြိုးစားထားမှ
ဘယ်နေ့ ဘယ်အချိန်
ဘယ်ဘေးနဲ့ သေရမယ်မှန်း
မသိနိုင် အတွက်
ပြင်ဆင်ပြီးသား ဖြစ်မယ်။

ကုသိုလ်လည်းမရ၊ပညာလည်း မရ ဥစ္စာလည်း မရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့
အလုပ်တွေ အတွက်အချိန်မဖြုန်းပါနဲ့။

🌹 ကုသိုလ်ကောင်းမှု့ က
တိတ်ဆိတ်တဲ့ သဘော ရှိတယ် အေးချမ်းတယ်

🔥အကုသိုလ်က ဆူတယ် ပူတယ်
ဒါကြောင့် တိတ်တိတ်လေးနေနော်
ဘဝက သိပ်မြန်လွန်းလို့ပါ။

မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီး

🙏 🙏 🙏

Credit

" မိမိစိတ်ကို ထိန်းသိမ်းနည်း "လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ - မဟုတ်မမှန်တာတွေ ပြောတာတွေ - ရိုင်းရိုင်းပ...
21/09/2025

" မိမိစိတ်ကို ထိန်းသိမ်းနည်း "

လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ
- မဟုတ်မမှန်တာတွေ ပြောတာတွေ
- ရိုင်းရိုင်းပြပြ ပြောတာတွေ
- ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင် -

မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။
"န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ "

- ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူး လို့
အဲဒီလို စိတ်မဆိုးနဲ့တဲ့။

- ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။

- ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။

- အပြောမခံရခင်က စိတ်ကတစ်မျိုး , အပြောခံရတဲ့အခါမှာ
စိတ်က တစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။

အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့ ။
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။

တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ ။
တရားကျင့်တယ် ဆိုတာ အများက " တင်ပလ္လင်ခွေ ထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ် , တရား အားထုတ်တယ် လို့ ထင်တယ် ။ အဲဒီလိုကျင့်တာက သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင်
ထိန်းနိုင်တာကိုလည်း တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။

ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့ စိတ်ကလေးကို
ထိန်းသိမ်းမယ် လို့ သန္နိဋ္ဌာန် ချထားလိုက်ပါ ။

စိတ်ကလေးကို မထိန်းနိုင်လို့ ပြောင်းသွားပြီ ဆိုရင်
ထပ်ပြီး ထိန်းလိုက်ရမှာက -

- မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။
- ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။
- မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လဲ
မကြားဝံ့ မနာသာ စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့ တဲ့ ။

လူက ကိုယ့်ကိုလာပြီးဆဲရင် ပြန်ပြီး ဆဲတတ်ကြတယ် ။ ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့ လို့ ပြောတာ ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ် ။ တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင် ပေါက်ကွဲကုန်မယ် တဲ့ ။ တနည်းအားဖြင့် သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ် ။ ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။

( ၃ ) အဲဒီစကားလာပြောတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ ။ စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -

ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။

တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။
ပိုပြီးခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။

နောက်တစ်ခုက အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။
---------------------------------------------------
လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့် လေ့ကျင့်ယူကြရမယ် ။

တချို့ကပြောတယ် ။ ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့ မွေးရာပါ သန္တာန်မှာ အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။ သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

ဒါဆို ဘယ်လိုလုပ်ရမလဲ ။ မေတ္တာဓါတ်တွေ ရလာအောင် တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။ မလေ့ကျင့်ဘဲ လာမှ မဖြစ်လာနိုင်ဘူး။

တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။
လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။
စိတ်ကိုလည်း လေ့ကျင်ပေးရင် စွမ်းရည်တက်လာမှာပါပဲ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

မနက် အိပ်ရာထထချင်း သရဏဂုံသုံးပါးကို ရွတ်ပါ ..မျက်နှာသစ်တဲ့အချိန်မှာ ဘုရားဂုဏ်တော် ကိုးပါးရွတ်ပါ ..ရေချိုးတဲ့အချိန်မှာ သံ...
19/09/2025

မနက် အိပ်ရာထထချင်း
သရဏဂုံသုံးပါးကို ရွတ်ပါ ..

မျက်နှာသစ်တဲ့အချိန်မှာ
ဘုရားဂုဏ်တော် ကိုးပါးရွတ်ပါ ..

ရေချိုးတဲ့အချိန်မှာ သံဗုဒ္ဓေရွတ်ပါ ..

ထမင်းချိုင့်ပြင်နေတဲ့အချိန်မှာ
မေတ္တာပို့ပါ ..

မနက်ခင်းကို ကောင်းခြင်း
မင်္ဂလာရှိတဲ့အရာတွေနဲ့
စတင်ကြည့်ကြရအောင် ။

#စက်တင်ဘာရဲ့မနက်ခင်းများ

10.09 အတွက် အကျိုးပေးသော number က 5 ဖြစ်ပါတယ်ဤပိုစ့်လေးကို share ပေးစေချင်ပါတယ်ရှင်
09/09/2025

10.09 အတွက် အကျိုးပေးသော number က 5 ဖြစ်ပါတယ်
ဤပိုစ့်လေးကို share ပေးစေချင်ပါတယ်ရှင်

9.9 အတွက် တနေ့တာ ......✨ ဒီနေ့ Tarot Reading ✨✨ ဒီနေ့ရဲ့ ခန့်မှန်းချက်ကို ဖတ်ကြည့်ပြီး Share လုပ်ပေးနော်။ သူများအတွက်လည်...
08/09/2025

9.9 အတွက် တနေ့တာ ......

✨ ဒီနေ့ Tarot Reading ✨

✨ ဒီနေ့ရဲ့ ခန့်မှန်းချက်ကို ဖတ်ကြည့်ပြီး Share လုပ်ပေးနော်။
သူများအတွက်လည်း တနေ့တာကို ပြောင်းလဲစေမယ့် အစစအရာရာ ဖြစ်နိုင်ပါတယ် ✨

- မိန်းကလေးများအတွက် အထူးကောင်းမွန်သည်ံ့နေ့ဖြစ်သည်။ အလှအပရေးရာများ အကျိုးပေးသည်။
- အထူးသဖြင့် မိတ်ကပ်ဆရာ , အလှအပရေးရာ ဖြင့် ပတ်သက်သော လုပ်ငန်းများအတွက် ကောင်းမွန်သော နေ့ဖြစ်သည်
။။ သာမာန်နေ့ထက် ပိုရောင်းကောင်းမည်။ ပိုအလုပ်များမည်။
- မိမိသည် အလုပ်အကိုင် များလျှောက်ထားပါက သတင်းကောင်းကြားရမည့်နေ့ဖြစ်သည်။
- သောကြာသားသမီးများနှင့် ရာဟု သားသမီးများအတွက်တော့ ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်သည်။ မတော်တဆ ထိခိုက် ဒဏ်ရာ ရခြင်းများဖြစ်ပေါ်တတ်သည်။
- သမီး ရည်းစား ချစ်သူ လင်မယားများအတွက်တော့ သဝန်တိူမှူကြောင့် ရန်ဖစ်ရတတ်သည်။
- တနလာ်သားသမီးများနှင့်ကြာသပတေး သားသမီးများအတွက် မုန့်ဖ်ိုးရတတ်သည်။ မထင်မှတ်ပဲ ငွေတွေ လက်ခံရရှိမည်။
- ထီထိုးမည်ဆိုပါက 8 1 2 ပါသော လက်မှတ်များ အကျိူးပေးတတ်သည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Teller By Akari posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram