28/09/2025
"သူငယ်ချင်းက အစ်ကိုနဲ့ One by one ဆွေးနွေးရတာ အဆင်ပြေတယ်၊ မသိခဲ့တာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ အခက်အခဲတွေ သိလာတယ် ပြောလို့ အစ်ကို့ဆီ ဆက်သွယ်လိုက်တာပါ"
That's mean a lot to me. Thank you Guys.
တက္ကသိုလ် တက်တုန်းက ထမင်းဆိုင် တခုရဲ့ ဆောင်ပုဒ်လေး သတိရစေတယ်။
Budget ထမင်းဆိုင်လေး ပုံစား၊ အသားဟင်းတမျိုး၊ အရံဟင်းနှစ်မျိုးမှ ၈၀၀ ကျပ်ပဲ။ ထမင်းဆိုင် နာမည်က ဦးအောင်တဲ့။
"သင်စားရတာ အဆင်ပြေရင် သူငယ်ချင်းတွေကို ပြောပြလိုက်ပါ၊ အဆင်မပြေရင် ဦးအောင်ကို ပြောပါ" တဲ့။
အဲ့ဒီလိုပါပဲ ကျွန်တော့်ဆီမှာ One by one Discussionဖြစ်ဖြစ်၊ ဆေးလာထိုးတာပဲ ဖြစ်ဖြစ်။ အဆင်ပြေတယ် ဆိုရင် သူငယ်ချင်းတွေကို ပြောပြလိုက်ပါ။
"အဆင်မပြေရင် ကျွန်တော့်ကို အားမနာတမ်း၊ ဝေဖန် အကြံပြု၊ Feedback ပြန်ပေးကြပါခင်ဗျာ။"
တာဝန်ယူစရာရှိရင် ခေါင်းမရှောင်တမ်း တာဝန်ယူပါမယ်။ ပြုပြင်မွမ်းမံ စရာ တွေကို ပြုပြင်ပါမယ် ခင်ဗျာ။