Extended Tarot Reading by Marcus

Extended Tarot Reading by Marcus Tarot for clarity~healing~awareness..🌷🌲

Messages for a week💭❤️ (March 4 to 11)•အတွင်းစိတ်မှာရှုပ်ထွေးနေတာလေးတွေ ကိုယ့်ကိုကိုယ်မေးခွန်းအရမ်းထုတ်နေတာမျိုးတွေ စိတ်...
04/03/2026

Messages for a week💭❤️ (March 4 to 11)

•အတွင်းစိတ်မှာရှုပ်ထွေးနေတာလေးတွေ ကိုယ့်ကိုကိုယ်မေးခွန်းအရမ်းထုတ်နေတာမျိုးတွေ စိတ်ပူနေတာမျိုးတွေကြောင့် ကိုယ့်ရင်ထဲမှာကို ပူလောင်ပြီး ပဋိပက္ခများနေတတ်တယ်..
•ကိုယ့်အတွက် ယုံကြည်ရတဲ့သူ နဲ့ မယုံကြည်ရတဲ့သူကို ပြတ်သားစွာသိလာရမယ်
•တစ်ယောက်တည်း လုပ်ကိုင်နေသောအလုပ်များ အောင်မြင်မယ်၊ သို့မဟုတ် ကိုယ်က ဦးဆောင်ရသောအလုပ်မှာ အဆင်ပြေခြင်းသို့ရောက်မယ်။ ကိုယ့်ပန်းတိုင်ကို ကိုယ်ကိုယ်တိုင်သတ်မှတ်မှာမလို့ သူများတွေရဲ့ validation (အသိအမှတ်ပြုခြင်း) ကိုသင်မလိုအပ်တော့ပါဘူး..
•နယ်ဝေး/ တစ်နေရာရာကနေ တစ်ခုခု မျှော်နေတတ်တယ်၊ ပစ္စည်း၊ လူ၊ အခွင့်အရေး သို့မဟုတ် စာတစ်စောင်ပေါ့နော်။ အဲ့တာကို ရနိုးနိုးနဲ့ စိတ်မှာဗျာများနေရတာလည်းတွေ့မယ်
•အချစ်ရေးနဲ့ပက်သက်ရင်တောင် ကိုယ့်ဘာကိုယ်လည်းဗျာများနေသလို ကိုယ့်ပါတနာနဲ့ပက်သက်၍လည်း စိတ်ရှုပ်နေရတတ်တယ် ဒါကြောင့် သည်းခံခြင်းကသာ အနိုင်ရလိမ့်မယ်..
•ဆုံးရှုံးသွားပြီထင်သော အခွင့်အရေးများပြန်လည်ရရှိလာတတ်တယ်၊ တစ်ခုခုပြီးဆုံးထားသူများ တစ်ခုခုစတင်မယ်.. တစ်ပတ်အတွင်းဖြစ်ပေါ်မယ်..
•အတိတ်ကမိတ်ဆွေဟောင်း သူငယ်ချင်းဟောင်း ရည်းစားဟောင်း အချစ်ဟောင်းတွေစီကနေ အဆက်အသွယ်ရမယ်..

Oracle Messages : ကိုယ့်ရဲ့ intuition (အလိုလိုသိစိတ်) ကိုယုံကြည်ပါ.. ကိုယ့်ဘာကိုယ် မယုံကြည်မိရင် အလုပ်တစ်ခုကို နှစ်ခါလုပ်ရတတ်တယ် သတိထားပါ။ ကိုယ့်ရဲ့ဉာဏ်စွမ်းဉာဏ်စကိုယုံကြည်ပါ၊
သည်တစ်ပတ်အတွင်းကိုယ့်ရဲ့ gut feeling တွေအရမ်းအားကောင်းနေတာမလို့ ကိုယ့်အပေါ် သူများတွေရဲ့ထားရှိတဲ့ energy တွေ အတိုင်းသားခံစားရမယ် မြင်ရမယ်.. အတွင်းထဲက inner voice ကိုသေချာနားထောင်ပါ.. အဖြေက အတွင်းထဲရှိပါတယ်ရယ်..
အပြောင်းအလဲတွေဖြစ်လိမ့်မယ်.. အပြင်ဘက်ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲဆိုတာထက် အတွင်းစိတ်က ရင့်ကျက်ပြီး ပြောင်းလဲလာပါမယ်။ spiritual awakening ကြုံမယ် angel numbers တွေ ခဏခဏမြင်မယ် တရားများများထိုင်ပါလေ

Energy ကိုက်ကြပါစေကြောင်း

Messages for March 2 💭❤️သာယာချမ်းမြေ့တဲ့ တပေါင်းလပြည့်နေ့လေးဖြစ်ပါစေနော်..Full moon day မှာတော့ energy block လေးတွေမြင်ရ...
02/03/2026

Messages for March 2 💭❤️

သာယာချမ်းမြေ့တဲ့ တပေါင်းလပြည့်နေ့လေးဖြစ်ပါစေနော်..

Full moon day မှာတော့ energy block လေးတွေမြင်ရတယ်.. ဆက်ဆံရေးတွေမှာ ကိုယ့်ရဲ့ စကားတွေ အပြုအမူတွေကို ထိန်းချုပ်လွန်းပြီး ပြောသင့်တာမပြော လုပ်သင့်တာကိုမလုပ်မိတာမျိုးဖြစ်တတ်တယ်ပေါ့နော်.. ကိုယ့်ရင်ထဲ စိတ်ပူနေရတဲ့ကိစ္စတွေ များမြံနေတာမလို့ သည်နေ့မှာ အလုပ်တွေကို နှစ်ခါပြန်လုပ်ရတာ အမှားများတာလေးတွေနဲ့ကြုံတွေ့နိုင်ပါတယ်..

အထူးသဖြင့် မိန်းကလေးတွေ ကျန်းမာရေးပြဿနာလေးမြင်ရတယ်၊ ဆင်းသင့်တဲ့ မကောင်းတဲ့ အရာတွေဟာ မဆင်းဘဲ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေတတ်လို့ ဆေးကောင်းကို မှီဝဲပါ မဟုတ်ရင် ဆေးခန်းပြပါ..

ကိုယ်ကကြိုးစားချင်စိတ်ရှိပေမယ့် စိုးရိမ်ပူပန်ခြင်းကရှေ့ရောက်နေတော့ တစ်ခုခုဆို မလုပ်ရသေးဘူး တွေးကြောက်နေပြီဆိုတာမျိုးပါ။ ဒါတွေမဖြစ်ရအောင် အဲ့စိတ်ဇုန်ထဲကနေထွက်ပါ ထွက်လာနိုင်အောင် တရားထိုင်ပေးလို့ရပါတယ်၊ therapist တွေနဲ့တိုင်ပင်ပြီး healing or counselling ဝင်သင့်ပါတယ်..

အိပ်ရေးပျက်တာမျိုးတွေဖြစ်တတ်လို့ ကျန်းမာရေးကိုထိခိုက်နေနိုင်ပါတယ်၊ လွယ်လွယ်နဲ့မောပန်းတာ ရင်ဘတ်နဲ့နှလုံးပတ်ချာလည် တင်းမာခြင်းမျိုးကြုံရနိုင်တယ်နော် သတိထားပါ..

Universe Message : စိတ်ကိုတည်ငြိမ်အောင်အရင်ထားစေချင်ပါတယ်.. ပူပင်နေတဲ့စိတ်လေးကို ခဏလျှော့ထားပြီး ကိုယ်နဲ့စိတ် သမမျှတမှုရှိစေဖို့ကို အားထုတ်ပါ.. ပိတ်ဆို့နေတာတွေရှိရင် may or June လလောက်မှာ တံခါးပွင့်ပါမယ်.. အချစ်ရေးနဲ့ပက်သက်ပြီး အဆင့်တက်ချင်သူတွေ may or June မှာ အဆင့်တစ်ခုကို ကျိန်းသေပေါက်ရောက်ပါမယ်။ အချို့က commitment အထိပါ ရပါမယ်။ အဓိကက ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြဖို့ ပြောပြဖို့လိုအပ်ပါတယ်နော် .. အတင်းမြိုသိပ်ပြီး သည်းခံဖို့ကြိုးစားတာက အဖြေတစ်ခုမဟုတ်ဘဲ ဖွင့်ထုတ်ပြီးဖြေရှင်းတာကမှ ပြဿနာကိုငြိမ်းအေးသွားစေတာပါတဲ့နော်💭❤️

"ငါ့ကိုယ်ငါ ခွင့်လွှတ်ပါတယ်"
"ငါ့ကို နာကျင်စေခဲ့တဲ့လူတွေကိုလည်း ငါခွင့်လွှတ်ပါတယ်"
"ငါ့ကံကြမ္မာကို ငါ ခွင့်လွှတ်ပါတယ်"
"အရာရာတိုင်းအတွက် Universe ကို ကျေးဇူးတင်ပါတယ်.."

အရမ်းစိတ်ဖိစီးလာရင် ကျေးဇူးတရားသာပွားများလိုက်ပါ၊ သည်နည်းက စိတ်ညစ်သက်သာစေဖို့ အမြန်ဆုံးနည်းပါပဲ

Lucky Sign : Ta**us
သတိထားရမှာကတော့ Air signs တွေပါ Mercury Retrograde ဒဏ်ကို ပယ်ပယ်နှယ်နှယ် ခံနေရပါတယ်.. ပိတ်ဆို့နေပါတယ်
Lucky color : Green, Yellow, Brown, White
Lucky Number : 5

Energy resonate ဖြစ်ကြပါစေ

March : Messages For You 💭❤️ဆုံးရှုံးထားခဲ့ရတဲ့ မျှော်လင့်ချက်တွေ အခွင့်အရေးတွေ အသစ်ပြန်ပေါ်လာပါမယ်၊ အရင်က ကိုယ့်ကို လူတ...
01/03/2026

March : Messages For You 💭❤️

ဆုံးရှုံးထားခဲ့ရတဲ့ မျှော်လင့်ချက်တွေ အခွင့်အရေးတွေ အသစ်ပြန်ပေါ်လာပါမယ်၊ အရင်က ကိုယ့်ကို လူတွေက အရမ်းအာရုံစိုက်ကြပြီး မနာလိုကြတာ goosip လုပ်ကြတာ မျိုးတွေရှိခဲ့မယ် သို့မဟုတ် အများနဲ့တစ်ယောက်ဖြစ်ခဲ့ရတဲ့ကာလတွေ ပဋိပက္ခဖြစ်ရတဲ့ ကာလတွေ ကြုံခဲ့ရလိမ့်မယ်.. ဒါတွေက အဆုံးသတ် ငြိမ်းချမ်းခြင်းစီကိုရောက်လာပါပြီ..

တစ်ခုခုဟာ ပြီးဆုံးပြီးမှ တစ်ခုခုဟာ စတင်လာနိုင်မှာပါ၊ ပြီးဆုံးသွားတဲ့ အခွင့်အရေးတွေဟာ ကိုယ်နဲ့ မထိုက်လို့သာဖြစ်တယ်..

အချစ်ရေးမှာ အသစ်စတင်ခြင်းတွေမြင်တယ်.. လက်ရှိ rs ရှိပြီးသားသူတွေက ပိုကောင်းတဲ့ committed relationship အဆင့်သို့တက်မယ်.. single တွေအတွက် ချစ်ရမယ့်သူတစ်ယောက်ပေါ်လာတတ်ပါတယ်.. အတော်လည်းတည်ငြိမ်ပြီး ချစ်ဖို့ကောင်းတဲ့လူလေးဖြစ်ပါလိမ့်မယ် fire signs ထဲကဖြစ်တတ်ပါတယ် သို့မဟုတ်သင်က fire signs ဖြစ်တတ်ပါတယ်..

Emotional ဖြစ်ခဲ့ရတဲ့အခြေအနေတွေ စိတ်ထိခိုက်နာကျင်ခဲ့ရတဲ့အခြေအနေတွေကနေ ပြန်ရုန်းထွက်လာနိုင်ပြီး နလန်ပြန်ထူလာနိုင်ပါလိမ့်မယ်.. အပူမီးတွေ ငြိမ်းအေးသွားမယ့် လလေးပါ.. သေချာလည်း အနားယူဖြစ်ပါလိမ့်မယ်.. တစ်ခုပါပဲ ဆုံးရှုံးခဲ့ရတဲ့အရာတွေကိုပဲ တသသ ဖြစ်နေမယ်ဆို အသစ်ရမယ့်ဟာတွေကိုမြင်မှာမဟုတ်ပါဘူး..

Universe Message : ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ အိပ်မက်တွေနဲ့ပက်သက်ပြီးယုံကြည်မှုရှိပါ အမှန်တကယ်ဖြစ်လာအောင် သင်ကြိုးစားနိုင်ပါတယ်.. သင်အောင်မြင်နိုင်ပါတယ် သင်ဟာ ဘယ်လိုလူဆိုတာကို ဖုံးကွယ်မထားဘဲ သင့်ကိုကာရံထားတဲ့ အဖုံးတွေ အခွံတွေထဲကနေ ထွက်လာခဲ့ပါ.. သင့်အိပ်မက်တွေဟာ အလျင်အမြန် လက်တွေ့အကောင်အထည်မပေါ်လာရင်တောင် လက်တော့မလျှော့လိုက်ပါနဲ့.. Pisces season မလို့ emotional ဖြစ်တတ်တာမျိုးရှိပေမယ့် အသိ သတိ နဲ့ ကိုယ့်ကိုကိုယ် ပြန်ထိန်းချုပ်လိုက်ပါနော်..

"ပျော်ရွှင်ရတာလည်း ခဏပါပဲ၊ နာကျင်ရတာလည်း ခဏပါပဲ၊ အရာရာဟာ ခဏပါပဲ၊ လူ့ဘဝဟာလည်း ခဏပါပဲ၊ ငါဟာ တစ်နေ့သေရမှာပဲ.. စိတ်ညစ်နေလည်း သေရမှာပဲ.. ပျော်ရွှင်နေလည်း သေရမှာပဲ.. ဘယ်အရာမှမမြဲပါဘူး အကုန်ပျက်စီးခြင်းသို့ရောက်မှာပါ.."
ဒါကြောင့် မမြဲတာတွေကို မတွယ်ငြိတော့ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်နော်...

Songs for March ;

What was I made for - Billie Eilish
Die with a smile - Bruno Mars and Lady Gaga

Lucky Numbers : 4, 5, 20
Lucky Colors : Red

အကုန် Energy resonate ဖြစ်ဖို့ မျှော်လင့်ပါတယ်💭❤️

Feb 27 : Messages for Collectives (General Reading)This is the general reading for ya all. So take what resonates. Don't...
27/02/2026

Feb 27 : Messages for Collectives (General Reading)

This is the general reading for ya all. So take what resonates. Don't be serious. It's just an energy message for you all. If you're ready, let's get into the reading.

ပူပင်နေရတဲ့ကိစ္စတွေတော်တော်များနေတယ်၊မျှော်လင့်သလိုတွေဖြစ်မလာမှာကို စိတ်ပူနေရတယ်၊

အခုကာလက အတိတ်က ကြိုးတွေကိုဖြတ်နေရတဲ့အချိန်ဖြစ်လိမ့်မယ်.. ပင်ပန်းနေလိမ့်မယ်.. အထူးသဖြင့် အတိတ်က လူတွေ အကြောင်းတရားတွေကို မေ့ဖို့ရာ အရမ်းခက်နေမယ်.. မပြတ်မသား ဖြစ်နေတာတွေကို ပြတ်သားဖို့ရုန်းကန်ရမယ်နော်..

သို့ပေမယ့် အသစ်နဲ့အဟောင်းကြား လွန်ဆွဲနေတဲ့ကာလမလို့ အခွင့်အရေးအသစ်ကလည်း လက်တစ်ကမ်းမှာစောင့်ကြိုနေပြန်ပါတယ်၊ အချစ်သစ် အခွင့်အလမ်းအသစ်တွေကိုယ့်ကိုစောင့်ကြိုနေပါတယ် ပျော်ရပါလိမ့်မယ်နော်

စိတ်ပူနေတာတွေကို ဖြေသိမ့်ပေးမယ့်သူ ကူညီပေးမယ့်သူ အနားမှာရှိနေပါတယ်၊ သူ့စီက အကြံဉာဏ်တစ်ခုခုရပြီး အဆင်ပြေသွားဖို့ရှိတယ်နော်

Feb 25 : Messages For You This is the General Reading. So take it resonate. If you're ready, let's get into the reading....
25/02/2026

Feb 25 : Messages For You

This is the General Reading. So take it resonate. If you're ready, let's get into the reading.

မနက်ခင်းတိုင်းဟာ ကိုယ့်အတွက် new beginnings တွေပဲဖြစ်ပါတယ်၊ ကိုယ်ဟာ နေ့တိုင်း ကိုယ့်ရဲ့ပုံစံအသစ်ကို ရှာဖွေနေလို့ရပါတယ်။ O energy ကစလို့ ကိုယ့်ရဲ့ တစ်နေ့တာကိုပြောင်းလဲပစ်နိုင်ပါတယ်..

ကိုယ် passionate ဖြစ်တဲ့အရာတွေကိုလုပ်ဖို့က ကိုယ့်ရဲ့ effort ကလည်း လိုအပ်ပါတယ်၊ ဘာပဲလုပ်လုပ် action လေးထည့်လုပ်ပါ၊ အားစိုက်ပါနော်၊ communication ကစလို့ big job, project အစရှိသဖြင့် ကိစ္စ‌ကြီးတွေမှာလည်း ရသမျှ အားအင်အကုန်စိုက်ထုတ်ပါ..

ကိုယ့်ကိုကိုယ်လှအောင်နေပါ။ စိတ်ပျို ကိုယ်နုနော်.. ကိုယ်က လူအချို့ရဲ့ inspiration လေး ဖြစ်နေတတ်ပါတယ်၊ ကိုယ့်ရဲ့ appearance ကို သဘောကျလို့ သို့မဟုတ် personality လေးကိုမှ သဘောကျလို့ဆိုပြီး ငေးကြည့်နေသူ ငေးမောနေသူများတယ်.. You're such a big deal နော်.. အဲ့တော့ သူတို့ရှေ့မှာ ကိုယ့်ကိုကိုယ် ဂုဏ်ယူပစ်လိုက်.. ပြီးတော့ ကိုယ်ကြိုးစားထားခဲ့တဲ့ကိစ္စတွေရဲ့ အကျိုးအမြတ်ရလဒ်ကို ယနေ့ခံစားရမယ်.. ပျော်ရွှင်စရာကောင်းတဲ့ event တွေနဲ့ကြုံရမယ် အပြည့်အဝ enjoy လုပ်ပါ.. တစ်ခါတစ်ရံ worries တွေက ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို လာပိတ်ပင်တာမျိုးမဖြစ်ပါစေနဲ့..

ကိုယ်က leader နော်၊ သူများတွေကို လမ်းပြပေးရမယ့်သူ၊ အဲ့တော့ကိုယ့်ရဲ့ skills တွေကိုမြှင့်ထားပါ။ ကိုယ့်အကြံဉာဏ်တွေ ကိုယ့်ရဲ့စွမ်းအင်တွေကို လူအချို့က တောင်းတ နေကြတယ် သူတို့အတွက် ကိုယ်ဟာအရမ်းအရေးပါတယ်.. ဒါကြောင့် ကိုယ်က leader ကောင်းတစ်ဦးဖြစ်အောင် နေတတ်ရမယ် စိတ်ထားတတ်ရမယ်..

ဖုန်း Messages တစ်စုံတစ်ယောက်စီကရတတ်ပါတယ် သ‌တင်းကောင်းပါနိုင်တယ်

ကိုယ့်ရဲ့ willpower ကိုယုံကြည်ပါ၊ အတွင်းစိတ်လေးကိုကြည်လင်အောင်ထားပါ၊ ကြိုးစားပါ၊ ကိုယ့်အိပ်မက်တွေအတွက် passionate ဖြစ်အောင်လုပ်ပါ၊ Lighting it up! Bcz you have one spark, baby..

Love Messages : ကိုယ့်ချစ်ရတဲ့သူနဲ့ long distance ဖြစ်နေတာ ဝေးကွာနေတာမျိုး၊ separation တွေကြုံတွေ့နေရတာမျိုး (သို့) ကိုယ့်ရဲ့ partner ဟာ အဝေးကို ထွက်သွားဖို့ဖြစ်လာမှာမျိုးတွေကြောင့် အချစ်ရေးမှာတော့ စိတ်ပူပန်ရတတ်တယ်၊ သို့ပေမယ့်လည်း နှစ်ယောက်က နီးစပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်၊ ဒါကြောင့်မလို့တဲ့ ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အချိန်ဖြုန်းကြည့်ပါ.. crush နဲ့ သိပ်ပြီး မနီးစပ်ဘူးခံစားနေရသူတွေ သူငယ်ချင်းတစ်ဦးကို အောင်သွယ်ပေးဖို့ အကူအညီတောင်းလိုက်ပါ.. အချစ်ခံရဖို့အတွက်ကတော့ အချိန်ကျမှဖြစ်လာမှာမလို့ အရမ်းမလောဘဲ စိတ်ရှည်ပေးပါလို့ပဲ မှာချင်ပါတယ်.. ကိုယ့်ကိုသဘောကျသူတွေ၊ လာပြီး အီစီကလီ လုပ်ချင်သူပေါများနေပေမယ့် ကိုယ့်ဘက်ကတော့ မလှုပ်ချင်သေးပါဘူး

Lucky Number : 6, 11
Lucky Color : Red, Orange, Yellow, Brown

24/02/2026

Feb 24 Messages For You ❣️

Feb 23 : Today Messages For Collectives (General Reading)This is the reading for Collectives. So, if you're not 100% res...
23/02/2026

Feb 23 : Today Messages For Collectives (General Reading)

This is the reading for Collectives. So, if you're not 100% resonate, please understand me. If you're ready let's get into the reading.

မောပန်းခဲ့ရပြီးပြီဆိုတဲ့ဟာမျိုးတွေ့ရတယ်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အချစ်ရေးကြောင့်ပဲဖြစ်ဖြစ် အနာတရနဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခါးစီးခံခဲ့ရပြီးပြီမလို့ အခုချိန်မှာ ‌မျှော်လင့်ချက်ကို လွှတ်ထားပြီး အနားယူချင်နေပါတယ်၊ စိတ်တွေလည်း အေးချင်နေပြီဆိုတာ တွေ့ရတယ်။

သည်နေ့ကတော့ အခွင့်အရေးကောင်းတွေအတွက် သိပ်ကို ကောင်းမွန်မယ့်နေ့တစ်နေ့ဖြစ်ပါတယ်။ ကိုယ်ရဲ့ ရည်မှန်းချက်တွေ ဝါသနာတွေကိုပိုပြီးအချိန်ပေးဖြစ်မယ်ထင်တယ်၊ ကြိုးစားမှုလေးတွေလည်းပြုလုပ်နိုင်တယ်.. ဝီရိယ ဇွဲ စတာတွေလည်း ထည့်ပြီး အတတ်နိုင်ဆုံး ကြိုးစားလုပ်နေတာမျိုးရှိမယ်..

ဆရာကောင်း သမားကောင်းတွေနဲ့တွေ့ရမယ့်အချိန်ဖြစ်ပါတယ်၊ ပညာရေးကံလည်း ကောင်းနေတာမလို့ သင်လွယ်တတ်လွယ်ဖြစ်ပါမယ်

*စာမေးပွဲဖြေနေတဲ့ ညီငယ် ညီမငယ်လေးတွေ အကိုတွေ အမတွေကတော့ အောင်မြင်စွာနဲ့ဖြေဆိုနိုင်မှာပါ၊ မေးခွန်းကတော့ လွယ်ကူတာမျိုးထက် စည်းဘောင် မကျော်တဲ့မေးခွန်းဖြစ်မှာမလို့ စာသာ သေချာပိုင်နိုင်အောင်ကျက်ထားရင် ခက်မှာစိတ်ပူစရာမရှိပါဘူးနော်

ကိုယ့်မှာ ရှေးရိုးစွဲဆန်တဲ့ အမူအကျင့် ဒါမှမဟုတ် အယူအဆတွေရှိတတ်တယ်၊ သူများတွေဟာ ခုခေတ်မှာ ခေတ်ရေစီးကြောင်းနဲ့အတူ တသွင်သွင် မျောပါနေပေမယ့် ကိုယ်ဟာတော့ ကိုယ့်ရဲ့ မူကို မပျောက်သွားချင်တာမျိုးကိုတွေ့ရတယ်. ဥပမာ Digital ခေတ်မှာ ကိုယ်က လက်နဲ့စာရေးရတာကို ပိုသဘောတွေ့နေသလို.. ဖုန်းတွေခေတ်ပြိုင်နေတဲ့အချိန် ကိုယ်ဟာ စာအုပ်ဖတ်ရတာကိုနှစ်သစ်နေသလို.. ခေတ်ဆန်တဲ့အဝတ်အစားတွေ ပေါ်ပေါက်နေတဲ့ခေတ်မှာတောင် ကိုယ်ဟာ မြန်မာဝတ်ဆုံကို ပိုသဘောကျတာမျိုးပေါ့နော်.. အစရှိသဖြင့် အဲ့လိုရှိနေနိုင်ကြပါတယ်။

စည်းစနစ်ရှိဖို့က သိပ်အရေးကြီးတာနော်၊ သင့်အတွက်ကလေ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းထိန်းချုပ်နိုင်လေ စည်းနဲ့ဘောင်နဲ့သေချာလုပ်နိုင်လေ အောင်မြင်လေပဲဗျ၊

အဓိကက ဇွဲလုံ့လ ဝီရိယရှိဖို့သိပ်အရေးကြီးတယ်တဲ့၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ အောင်မြင်ဖို့ကတော့ ကိုယ်ဟာ commitment ရှိရပါမယ်။ ဘယ်အချိန်မှာ ဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒလည်း ရှိရပါမယ်။

အချစ်ရေးမှာတော့ တစ်စုံတစ်ယောက်စီက ဂရုစိုက်ခံရတတ်ပါတယ်။ ကိုယ့်ကို သဘောကျလို့အနားကပ်လာတာမျိုး ခံရနိုင်ပါတယ်။ အဆက်အသွယ်မျှော်လင့်နေရင် ရနိုင်ပါတယ်။

တစ်စုံတစ်ယောက်က သူ့အမှားတွေကို လာပြီး တောင်းပန်နိုင်ပါတယ်..

Universe Message : လူပီသဖို့အတွက်ကလေ ကြမ်းတမ်းတဲ့စိတ်ရှိဖို့မလုပ်ပါနဲ့၊ နူးညံ့တဲ့စိတ်ထား နှလုံးသားရှိဖို့ကိုပဲ လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်ပြပါ၊ ဖော်ထုတ်ပါ.. ဆွေးနွေး တိုင်ပင်ပါ၊ အဓိကကတော့ သူများတွေကိုယ့်အပေါ် မကောင်းလည်း ကိုယ့်ရဲ့ အကောင်းတွေကို အဆိုးမလုပ်ပစ်လိုက်ပါနဲ့ ကိုယ့်စိတ်ကမပြောင်းလိုက်ပါနဲ့.. သင်တို့ဟာ ပင်ကိုယ် နူးညံ့တဲ့စိတ်ထားရှိသူမလို့ စိတ်ထားကြမ်းတမ်းသူတွေနဲ့ဆို အဆင်ပြေမှာမဟုတ်ပါဘူး ဒါကိုပဲ နားလည်သဘောပေါက်နိုင်ပြီး သည်းခံခွင့်လွှတ်နိုင် ရင်ရပါပြီ

Zodiac : Ta**us,Aries,Virgo,Libra,Leo
Lucky Number : 1,6,4,3,2
Lucky Color : Yellow, Orange, Pink

I hope you'll have a good day for sure. Thanks for reading the Messages, Dear.
Sincerely,
Marcus

Feb 20 : Collective Messages (General Reading)Don't take it seriously. It's just an entertainment. If you're ready, let'...
20/02/2026

Feb 20 : Collective Messages (General Reading)

Don't take it seriously. It's just an entertainment. If you're ready, let's get into the reading.

ငွေကြေး နဲ့ပက်သက်၍ စိုးရိမ်ပူပန်မှုလေးတွေရှိနေမယ်၊ ငွေအသုံးကြမ်းသွားတာ ဒါမှမဟုတ် သုံးငွေမလုံလောက်တာကြောင့် စိတ်ဖိစီးနေရတာမျိုးလေးတွေ့ရတယ်၊ အချို့ကျတော့ ငွေကြေးပြေလည်ပြီး စိတ်အတွင်းထဲခက်ခဲနေရတာမျိုးပါ၊ mental illness ပေါ့၊

Don't worry too much လေနော်.. Maybe ကိုယ့်ပြဿနာတွေဟာ အရမ်းကြီးမားနေတာမဟုတ်ဘဲ မကြာခင်ပြေလည်သွားနိုင်တယ်မလား..

ဆက်ဆံရေးတွေသိပ်ကောင်းနေမယ့်နေ့တစ်နေ့ပါပဲ၊ ပြောစရာရှိတာတွေပြောဖြစ်နေပြီး လုပ်စရာရှိတာကိုလုပ်နေဖြစ်မှာပါ၊ အချိန်ကိုအကျိုးရှိရှိအသုံးချနေပြီး ကိုယ့်ရဲ့ ပူပန်နေရတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစပေါ်လာမှာ၊ ဖြေရှင်းနိုင်သွားမှာ တွေ့ရပါတယ်၊ New beginnings အသစ်စတင်ခြင်း and new solution အဖြေအသစ်တွေ သိပ်အားကောင်းနေပါတယ်နော်.. ငြိမ်းချမ်းခြင်းသို့ခေါ်ဆောင်သွားလိမ့်မယ်.. လူချစ်လူခင်ပေါနေပါမယ်..

သည်နေ့မှာ ကိုယ်ဟာ အမှား အမှန်ကို သေချာဝေဖန်ဆုံးဖြတ်ဖြစ်ပါလိမ့်မယ်၊ အရင်လို ပေါ့ပျက်ပျက်မလုပ်တော့ဘဲ လေးလေးနက်နက်ရွေးချယ်ပါလိမ့်မယ်..
‌
‌သည်နေ့လေးဟာ သည်တစ်လတာလုံးမှာ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်လို့ပြောထားပါတယ်၊ ကိုယ့်ရဲ့အစောင့်အရှောက်တွေရဲ့ ကူညီဖေးခခြင်းကိုရရှိပါမယ်၊ ကလေးတစ်ယောက်လို လွတ်လပ်စွာရယ်မောပျော်ရွှင်ရပါမယ်၊ စိတ်ညစ်စရာမရှိသလောက် နည်းပါးသွားမယ့်နေ့လေးပါ..

လမ်းမှာ ‌မတော်တဆ ငှက်မွှေးလေးတွေ့ရင် ကိုင်ပြီး ဆုတောင်းပါ.. ငှက်နဲ့ပက်သက်တဲ့အစောင့်အရှောက်တစ်ဦး ကိုယ့်အနားပတ်ချာလည်မှာရှိနေပါတယ်..

Universe Message : flow and rhythm အပြောင်းအလဲရှိနေပါတယ်၊ ပုံမှန်သွားနေကျမဟုတ်ဘဲ routine ပြောင်းလဲတာ၊ type ကွဲသွားတာတွေဟာ ဖြစ်ချိန်တန်လို့ဖြစ်လာတာမလို့ လက်ခံလိုက်ပါ၊ တစ်ခုပဲယုံကြည်ထားပါ ကိုယ်ကောင်းဖို့ဖြစ်လာတာလို့.. လူအသစ်တွေ အချစ်သစ်တွေလည်း သည်နေ့ကစလို့ နောက်နေ့တွေအတွင်း ဝင်ရောက်လာတတ်ပါတယ်နော်❤️

Lucky Color : Blue, Orange, Yellow
Lucky Number : 11,19,5

Thanks you.
Sincerely
Marcus.

Your right person (PAP) 💘💟Personal readings feeshttps://m.facebook.com/story.php?story_fbid=122125761986995358&id=615798...
19/02/2026

Your right person (PAP) 💘💟

Personal readings fees

https://m.facebook.com/story.php?story_fbid=122125761986995358&id=61579860746885&mibextid=Nif5oz

𝗧𝗜𝗞 𝗧𝗢𝗞 :
𝗧𝗘𝗟𝗘𝗚𝗥𝗔𝗠 :
𝗙𝗔𝗖𝗘𝗕𝗢𝗢𝗞 : https://www.facebook.com/share/1Mo3fmz58N/
𝗬𝗢𝗨𝗧𝗨𝗕𝗘 : https://youtube.com/?si=fr0gWCtlqhkfcdvu



Feb 19 : Messages for Collectives (General Reading)Don't take seriously. This is the general Reading. If you're ready, l...
19/02/2026

Feb 19 : Messages for Collectives (General Reading)

Don't take seriously. This is the general Reading. If you're ready, let's get into the reading..

There's a word I want to say is "Just Let it be".. အချို့အရာတွေက let go လုပ်လိုက်မှ အဆင်ပြေသွားတတ်တာပါ.. ကိုယ်လုပ်ချင်တဲ့အရာတွေကို မလုပ်ဘဲ အောင့်အီးထားရပြီး သူများရဲ့ ဆန္ဒတွေ၊ သူများရဲ့အကျိုးတွေကို ထမ်းပိုးရင်း ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေရတယ် သို့ပေမယ့် ကိုယ်က ကိုယ့်ဘာကိုယ်သိနေတယ် ပျောက်ဆုံးနေပြီဆိုတာ၊ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုကို ပြန်ရှာဖွေမယ်လို့ ခံယူထားပုံရတယ်..

- ဒီနေ့ဟာ new beginnings တွေအတွက် သိပ်ကောင်းတဲ့နေ့တစ်နေ့ဖြစ်တယ်
- ငွေကြေးကံကောင်းဖို့ကတော့ ကိုယ့်ရဲ့စိတ်ကိုကိုယ် နိုင်ဖို့လိုတယ်၊ အလုပ် ပညာရေးမှာ အားစိုက်ထုတ်ဖို့လိုတယ်
- အချစ်ရေးအတွက်ကတော့ သည်နေ့မှာ အရမ်းကြီးအာရုံမစိုက်ဖြစ်လောက်ပါဘူး.. ဘာလို့ဆို ကိုယ့်ကိုကိုယ်ပိုအာရုံစိုက်နေမိမှာမလို့ပါ
- အရင်ကထက် စကားပြောတာ ပိုပြတ်သားလာမယ်၊ အချို့ဆက်ဆံရေးတွေမှာ မာသင့်ရင်မာလာမယ် နူးညံ့သင့်ရင်နူးညံ့မယ် ပိုပြီး flexible ဖြစ်လာမယ်
- ဒီနေ့က အလုပ်အများကြီးလုပ်ရပါလိမ့်မယ်၊ နဂိုစိတ်အခံမှာ ဝန်ထုပ်ဝန်ပိုးများနေတာမလို့ အဲ့ဘက်ကို အတွေးမလွန်မိသွားအောင် အာရုံမရောက်မိသွားအောင် စိတ်ကို ထိန်းချုပ်ရင်း အခြားအရာတွေအပေါ်အာရုံစိုက်ထားတာကောင်းပါတယ်၊ healing is not loud နော် healing က တိတ်တဆိတ်ပဲဖြစ်ပေါ်ပါလိမ့်မယ်.. ကိုယ့်ကိုကိုယ်ဂရုစိုက်ရင်း ကိုယ့်ဒဏ်ရာတွေကိုမြင်လာပြီး အလိုအလျောက် healing ဖြစ်သွားမယ်
- အိမ်‌တွင်းအောင်း နေတဲ့သူတွေ အပြင်ထွက်ပြီး စိတ်ဖြေပါ။
- ကိုယ့်မှာရှိတဲ့ ငွေကြေး၊ အလုပ်ကို တန်ဖိုးထားပါ
- သင်သာ စိတ်ဝင်စားရင် အရာအားလုံးကို အမှန်တကယ်ဖြစ်လာအောင် သင်လုပ်နိုင်ပါတယ်.. You have the power to create all mysteries into reality, babe❤️

Universe Message : အခုက အပြင်က အမြင်အာရုံကို အားစိုက်လို့သိပ်မရဘူး၊ သိပ်မမြင်ရဘူးပေါ့နော်.. *ပြောချင်တာက ခုက energy အခြေအနေတွေကြောင့် လမ်းဟာ ဝေဝေဝါးဝါးဖြစ်နေတတ်တယ်..* ဒါကြောင့်မလို့ ကိုယ့်ရဲ့ inner ရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပါ.. အခက်အခဲဖြစ်နေသူများ Mercury Retrograde စတာနဲ့ ပြန်ပြီး လမ်းပွင့်လာမယ် (or) အချို့လူတွေက March 3, Eclipse ပြီးသွားရင် ဘဝမှာ abundance တွေရရှိမယ်

Lucky Number : 1,8,25
Lucky Color : Green, Red, White, Brown

Address

Yangon
NONE

Alerts

Be the first to know and let us send you an email when Extended Tarot Reading by Marcus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram