𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆 Let the Wave of Breeze carry your worries away, leaving you calm and free. 🌊 🍃

🧧 2026 တရုတ်နှစ်သစ်ကူးအလွန် ဘာတွေဆောင်သင့်၊ရှောင်သင့်လဲ?🧧 🌊Collective reading 🍃🌊Twinflame journeyက သူလေးတွေနှစ်သစ်ကူးအလွ...
15/02/2026

🧧 2026 တရုတ်နှစ်သစ်ကူးအလွန် ဘာတွေဆောင်သင့်၊ရှောင်သင့်လဲ?🧧 🌊Collective reading 🍃

🌊Twinflame journeyက သူလေးတွေနှစ်သစ်ကူးအလွန်မှာ ဘာတွေရှောင်သင့်၊‌ဆောင်သင့်လဲကို collective readingလေးဖတ်ပေးထားပါတယ်နော်။🍃

Twinflameတွေအနေနဲ့ နှစ်သစ်ကူးအလွန် တစ်ဖက်လူနဲ့ပတ်သက်တဲ့ နာကျင်မှုတွေစိတ်ဒဏ်ရာတွေတကြော့ပြန်ပေါ်လာတတ်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုကန့်သတ်ထားမိတာတွေ၊ မလုပ်သင့်ဘူးဆိုပြီး လက်တွန့်နေမိတာတွေလည်းရှိလာနိုင်၊ ဖြစ်ပေါ်လာနိုင်တာမို့ တစ်ဦးတည်းဒဏ်ရာတွေကိုhealဖို့ အချိန်သေချာယူသင့်တယ်လို့ပြောထားပါတယ်။

အဲ့ကာလမှာလုပ်စရာတွေနဲ့ အာရုံစိုက်ရတာတွေများနေတတ်တာ မဟုတ်လည်း စိတ်ဟိုရောက်ဒီရောက်နဲ့ ဘာကိုအဓိကလုပ်ရမယ်မသိ တွေဝေနေတတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ မျှမျှတတနဲ့လုပ်စရာရှိတာတွေကို စီမံလုပ်ကိုင်သင့်တာမို့ "ငါမလုပ်နိုင်ဘူး"ဆိုပြီး တွေးပြီးစိတ်ညစ်နေမယ့်အစား ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်အလုပ်တွေကိုစီမံရင် အာရုံပိုစိုက်နိုင်မလဲ၊ အလုပ်တွေပိုပြီးမြောက်မလဲ စတာတွေကိုသာအဖြေရှာဆောင်ရွက်သင့်ပါတယ်တဲ့။

အပေါ်မှာပြောခဲ့သလို လုပ်စရာတွေများနေမယ်ဆိုရင် အရေးကြီးဆုံးတစ်ခုကိုပဲ ဦးစားပေးလုပ်ဖို့နဲ့ စိတ်အေးလက်အေးလုပ်ဖို့ကိုအကြံပေးထားပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် လုပ်သမျှအလုပ်ကို အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်လုပ်နိုင်လေ ကိုယ့်အတွက်အောင်မြင်နိုင်လေ၊ တိုးတက်နိုင်လေလို့အကြံပေးထားပါတယ်။

တရုတ်နှစ်သစ်ကူးအလွန်မှာ ကျွန်မတို့Twinflame journeyက သူတွေအကုန် ကျန်းမာ၊ချမ်းသာပြီး၊ အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော် 🧧🌊🍃

Twinflame journeyမှာ မရှင်း၊မသိတာရှိရင် ကျွန်မဆီမှာ အချိန်မရွေးလာမေးလို့ရပါတယ်။
တကယ်လို့ တစ်လချင်းစီ ဘာတွေကိုဆောင်ရမယ်၊ ရှောင်ရမယ်ဆိုတာသိချင်ရင်တော့ ကျွန်မဆီမှာ Twinflame တစ်နှစ်စာpackageကို တစ်လစီမေးလို့ရပါပြီနော်။ သိသင့်တဲ့အရာတွေကို ပိုပြီးတိတိကျကျသိနိုင်မယ့်အပြင်၊ ဘာတွေသတိထားရမယ်၊ ဘာhealingလုပ်ရမယ်ဆိုတာကို သိလာနိုင်တာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ လမ်းစရှာတွေ့လာနိုင်ပါတယ်။

https://www.facebook.com/share/p/1CvNnWTks5/

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

🌊Twinflame journeyမှာ ဘယ်လိုအချိန်ကျမှ စိတ်အေးလက်အေးဖြစ်နိုင်မှာလဲ?🍃🌊ကျွန်မအရင်ကဒီမေးခွန်းကို Union timeသေချာပေါက်ပေါ့လိ...
12/02/2026

🌊Twinflame journeyမှာ ဘယ်လိုအချိန်ကျမှ စိတ်အေးလက်အေးဖြစ်နိုင်မှာလဲ?🍃

🌊ကျွန်မအရင်ကဒီမေးခွန်းကို Union timeသေချာပေါက်ပေါ့လို့ ထင်ခဲ့ဖူးတယ်။ဒါပေမယ့် အဲ့အဖြေက လုံးလုံးမှန်မနေဘူးဆိုတာ ကျွန်မကိုယ်တွေ့ကြုံလိုက်ရမှ နားလည်သွားပါတယ်။

🍃ကျွန်မတို့တစ်တွေ ဘဝမှာရှင်သန်နေကြတာဟာ ဇောတွေ၊ မျှော်လင့်ချက်တွေနဲ့ပါ။ တစ်ခုခုကိုလိုချင်လို့ ဆိုပြီးလိုက်ရှာနေကြတာကို သတိထားမိပါလိမ့်မယ်။ နားလည်အောင်ပြောရရင် ချစ်သူရချင်တာ အချစ်ခံချင်လို့ပါ။ ဒါကြောင့် ကျွန်မတို့ချစ်ပေးမယ့်သူကို လိုက်ရှာနေကြတာလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ဒီလိုပဲ ချစ်သူရချင်တယ်မှာလိုချင်ဇောနဲ့ ရနိုင်လောက်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တို့ပါလာတတ်ပါတယ်။ Twinflameကို မယုံဘူးတို့၊ ပြန်လာပါတော့မလားတို့ စတဲ့စိတ်အတက်အကျဖြစ်တာက အပေါ်ကရှင်းပြထားတာတဲ့အရာတွေကြောင့်ပါ။ ဒီလိုမျိုး အဖက်ဖက်မှာ မျှော်လင့်ရင်းကျွန်မတို့တတွေ ပုံမှန်အားဖြင့် ရှင်သန်ကြပါတယ်။

🌊ကျွန်မတို့စိတ်အေးလက်အေးဖြစ်သွားတဲ့အချိန်ဟာ ကျွန်မတို့ရှာဖွေနေတဲ့အရာကို တွေ့ရှိသွားတဲ့အချိန်ပေါ့။ ဥပမာ ကျွန်မတုန်းက ကျွန်မရဲ့Twinက ကျွန်မကိုချစ်ပါလားဆိုတဲ့အရာကို လိုချင်ခဲ့တာပါ။ အတူနေချင်တာတွေ၊ ချစ်သူဖြစ်ချင်တာတွေရှိပေမယ့် ငါးနှစ်တာကာလအတွင်း ဇဝေဇဝါနဲ့ဒုက္ခအပေးဆုံးအရာက ချစ်လားမချစ်လားမသေချာနေတဲ့အချက်ကြောင့်ဖြစ်နေလို့ ကျွန်မဒီjourneyမှာ ရှာဖွေနေခဲ့တာ သူ့ဆီကအသိမှတ်ပြုမှုလို့ပြောလို့ရပါတယ်။ အဲ့တာကိုသေချာသွားတဲ့အချိန်မှာ သူပြန်လာပါ့မလား၊ မလာတော့ဘူးလား၊ သူနဲ့ငါက Twinflameတွေမှဟုတ်ရဲ့လား စတဲ့ဇဝေဇဝါဖြစ်မှုတွေပျောက်ကုန်ပြီး တစ်ခုခုကို ပြည့်ဝသွားသလိုခံစားခဲ့ရပါတယ်။

🍃အဲ့အခါ ကျန်တဲ့ကျွန်မပညာရေး၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးကိုပဲအာရုံစိုက်လာနိုင်ပြီး ကျွန်မကိုယ်ညီမ အချစ်ရေးအတွက်အချိန်ကုန်တာ၊ စိတ်ပင်ပန်းရတာနဲ့ သူ့အပေါ်အထင်လွဲမိတာတွေတဖြည်းဖြည်းသက်သာလာပါတယ်။ အချစ်ရေးကိုထွေထွေထူးထူး စိတ်ပူစရာ၊ ကြိုတွေးစရာ၊ အထင်လွဲစရာမလိုတော့ လွှတ်ချထားသလိုဖြစ်ပြီး ဘဝကပိုပေါ့ပါးလာတာပေါ့။

🌊ဒါကြောင့် Twinflame journeyမှာ ဘယ်အချိန်စိတ်အေးလက်အေးနေနိုင်မလဲဆိုရင် ကျွန်မတို့ရှာဖွေနေတဲ့အရာကို တွေ့ရှိလက်ခံသွားတဲ့အချိန်မှာလို့ ကျွန်မဖြေချင်ပါတယ်ရှင်။🍃

Twinflame journeyမှာ မရှင်း၊မသိတာရှိရင် ကျွန်မဆီမှာ အချိန်မရွေးလာမေးလို့ရပါတယ်။ တကယ်လို့ ဘာဆက်လုပ်သင့်လဲဆိုတဲ့အဖြေကိုသိချင်ရင်တော့ ကျွန်မဆီမှာTwinflame coaching sessionယူလို့ရပါတယ်။ တစ်ချက်ချင်းစီကိုဖြေရှင်းအဖြေရှာပေးမှာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ အဖြေရှာရအတော်သက်သာသွားမှာပါရှင့်။

https://m.facebook.com/story.php?story_fbid=122101314645046213&id=61581386415442

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

Photo from Pinterest 💞

အစပိုင်းတော့ ဘာမှမသိတဲ့သူလေးတွေပေါ့နောက်ကျတော့....🥹Photo crd
11/02/2026

အစပိုင်းတော့ ဘာမှမသိတဲ့သူလေးတွေပေါ့
နောက်ကျတော့....🥹

Photo crd

11/02/2026

🌠Tarotကို စလေ့လာသင်ကြားပြီဆိုတာနဲ့ သတိထားရမှာက "ဒါမြင်ရင် ဒီလိုဟောရမယ်ဆိုတဲ့ပုံသေနည်းထက် ဒီကဒ်ရဲ့အဓိပ္ပာယ်နဲ့ သင်္ကေတတွေ၊ အရောင်တွေနဲ့ ပုံတွေကို ဘယ်လိုမြင်ရတယ်၊ ကိုယ်ကဘယ်လိုမြင်တယ်" ဆိုတာကိုပိုပြီး အာရုံစိုက်သင့်ပါတယ်။ ကျွန်မ တားရော့တန်းကို နှစ်ခါ၊ oracleတန်းကို တစ်ခါတက်ဖူးပါတယ်။ အဲ့မှာသိလာတာက တားရော့သင်ပြီး ချက်ချင်းမဟောတတ်ကြတာက များသောအားဖြင့် ဟောပုံတွေကိုအလွတ်မကျက်နိုင်ကြလို့ရယ် မှားမှာကြောက်လို့ရယ်ကြောင့်ပါ။

မှားမှာမကြောက်ပါနဲ့။ လူဆိုတာအမှားနဲ့မကင်းပါဘူး။ အစပိုင်း မှားတတ်လို့ သင်ပေးတဲ့ဆရာတွေက အသိမိတ်ဆွေတွေကို ဒါမှမဟုတ် အတန်းထဲကလူအချင်းချင်းကို အတွေ့အကြုံရအောင်ဟောခိုင်းကြတာပါ။ အလွတ်မရလည်း ရပါတယ်။ တားရော့ဆိုတာ လွတ်လပ်တဲ့အရာမို့ ကိုယ့်အလိုလိုသိစိတ်( intuition)ကို အရင်သုံးပြီး သူများဟောတာလေးတွေကိုမှီငြမ်းပြီး ဟောကြည့်ပါ။ ဟောရင်းမှ ဒါကဒီလိုပါလားဆိုတာသိလာမှာပါ။

ကိုယ်သေချာမဟောတတ်သေးပဲ ငွေယူဟောတာကိုတော့ ကျွန်မ အားမပေးပါဘူး။ တခြားသူတွေဆီကငွေလိုချင်ရင် ကိုယ့်ဘက်ကလည်းအကောင်းဆုံးပေးနိုင်ရမှာဖြစ်လို့ ပိုင်နိုင်တယ်ဆိုမှ တားရော့ကိုငွေယူဟောစေချင်ပါတယ် 💞🌌

Pic from Pinterest

🌊Twinflame journeyကို ရောက်ရင် ဘယ်လိုpick a pileတွေကို အများဆုံးကြည့်သင့်လဲ?🍃🌊Pick a pileကြည့်တတ်တာကတော့ tarotနဲ့မစိမ်းသ...
09/02/2026

🌊Twinflame journeyကို ရောက်ရင် ဘယ်လိုpick a pileတွေကို အများဆုံးကြည့်သင့်လဲ?🍃

🌊Pick a pileကြည့်တတ်တာကတော့ tarotနဲ့မစိမ်းသူတွေရဲ့အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ဒီနေ့ကျွန်မက Twinflame journeyအတွက်အကျုံးဝင်မယ့် pick a pileခေါင်းစဉ်လေးတွေကို အခြေအနေနဲ့လိုက်ပြီး ကြည့်သင့်တာတွေကိုပြောပြသွားမှာပါ။

(၁) Twinflame journeyကို အခုမှစသိ/စရောက်သူများ

Journeyကိုစသိတဲ့သူတွေအနေနဲ့ ဒီjourneyနဲ့ပတ်သက်တာတွေကို စပြီးဖတ်တာ၊နားထောင်တာတွေလုပ်တာအပြင် အခုချိန်ကိုယ်ဘာတွေလုပ်သင့်လဲ၊ Universeက ဘာတွေသိစေချင်နေလဲ၊ ကိုယ့်higher selfကဘာအကြံပေးချင်လဲ၊ future selfက ဘာတွေသတိပေးချင်လဲ စတာတွေကိုနားထောင်သင့်ပါတယ်။ ပြောချင်တာက self focusဖြစ်နိုင်ဖို့ ကိုယ်နဲ့သက်ဆိုင်တာလေးတွေဖတ်သင့်တယ်လို့ဆိုလိုတာပါ။

(၂) Twinflame ဟုတ်မဟုတ် သံသရဖြစ်နေသူများ/ သူနဲ့ကိုယ့်အနာဂတ်ကိုစိုးရိမ်သူများ

ကိုယ့်futer selfဆီက love adviceကိုရှာကြည့်ပါ။ တစ်ဖက်လူရဲ့ higher selfစကားကိုလည်းကြည့်လို့ရပါတယ်။ အဲ့အချိန်မှာ တစ်ဖက်လူရဲ့ energyကိုကြည့်လို့ရပေမယ့် သူနဲ့ဘာဆက်ဖြစ်မလဲတို့၊ သူ့next moveတို့ စတဲ့ တစ်ဖက်လူနဲ့တိုက်ရိုက်ဆိုင်တာတွေကိုတော့ မကြည့်သင့်ပါဘူး။ နှစ်ယောက်လုံးက energy stableမဖြစ်သေးတာဖြစ်နိုင်လို့ triggerဖြစ်ပြီး စိတ်ဆင်းရဲတာပဲအဖက်တင်ပါလိမ့်မယ်။

(၃) ကိုယ်သွားတဲ့လမ်းမှန်ရဲ့လား၊ ကိုယ်ဘယ်ရောက်နေပြီလဲ စတာတွေကိုသိချင်သူများ

လမ်းပျောက်နေရင်တော့ Universe advice၊ ကိုယ့်Higher selfရဲ့advice၊ အခုဘာလုပ်ဖို့လိုလဲ စတာတွေကို ကြည့်သင့်ပါတယ်။ တစ်ခါတစ်လေ လိုအပ်တယ်ထင်ရင် တစ်ဖက်လူဆီကအကြံဉာဏ်ဆိုတာမျိုးတွေကိုလည်းရှာနားထောင်လို့ရပါသေးတယ်။

(၄) ဒီလမ်းကိုလျှောက်ရင်း မျှော်လင့်ချက်မဲ့လာတယ်၊ သူနဲ့အနာဂတ်ကိုမသေချာတော့တဲ့သူများ

Future spouseတို့၊ အနာဂတ်အချစ်ရေးအခြေအနေတို့ စတဲ့ကြည်နူးစရာလေးတွေကိုခဏတဖြုတ်ကြည့်လို့ရပါတယ်။ ရှေ့ဆက်လျှောက်ဖို့ဆို စိတ်ပိုင်းဆိုင်ရာအင်အားရှိနေမှဖြစ်မှာပါ။ ဒါကြောင့် အပေါ်ယံအချိုဆမ်းတာမဟုတ်ပေမယ့် ခဏတာစိတ်ကို ပျော်ရွှင်စေတဲ့ သူဘာကြောင့် ကိုယ့်ကိုချစ်ခဲ့တာလဲတို့၊ အနာဂတ်မှာ သူဘယ်လိုကောင်းတာတွေပြောင်းသွားနိုင်လဲ စတဲ့ကောင်းတဲ့vibeလေးတွေကို ရှာဖတ်လို့ရနိုင်ပါတယ်။

🌊ဒါတွေကို pick a pileမတွေ့ရင် personal readingလေးတွေလည်း တိုက်ရိုက်မေးလို့လည်းအဆင်ပြေပါတယ်။ 🍃

🌊ကဲ ဒီလောက်ဆို ဒီ journeyမှာ သူ့အခြေအနေနဲ့သူ ကြည့်သင့်တဲ့ tarot pick a pileလေးတွေကိုသိသွားမယ်လို့ထင်ပါတယ်။ တဆက်တည်းမှာပဲ energy downနေတဲ့အချိန်မှာတော့ tarotတွေ မရွေးဖို့ကိုသတိပေးလိုက်ပါတယ်နော် 🍃

တကယ်လို့ personal readingမေးချင်တယ်ဆိုရင်

https://www.facebook.com/share/p/163VBSAA2Z/

Telegram -
Viber - 09403351843 💞

ကိုဆက်သွယ်bookingတင်လို့ရပါပြီ။❤️‍🔥

Pic from Pinterest

🌊Twinflame journeyဟာ တကယ်တော့...🍃ကျွန်မတို့ Twinflame journeyလို့ကြားလိုက်တာနဲ့ အရမ်းနာကျင်ရတယ်၊ အစွဲအလမ်းတွေများနေကြတာ၊...
05/02/2026

🌊Twinflame journeyဟာ တကယ်တော့...🍃

ကျွန်မတို့ Twinflame journeyလို့ကြားလိုက်တာနဲ့ အရမ်းနာကျင်ရတယ်၊ အစွဲအလမ်းတွေများနေကြတာ၊ ခက်ခဲလွန်းတယ် စတဲ့ဝေဖန်သံတွေကိုကြားဖူးပါလိမ့်မယ်။

တကယ်တော့ ဒီလမ်းဟာလည်း သာမန်လောကဓံလိုပါပဲ။ ထူးခြားပြီး ဆိုးရွားနေတာမဟုတ်ပဲ လောကဓံရဲ့ဆိုးရွားပုံကို Twinflameတွေက သေချာသတိထားမိနေလို့ရယ်၊ နောက်တစ်မျိုးက life missionကြောင့် အခက်အခဲနဲ့ပြဿနာတွေကိုတခြားသူတွေလို ကျော်သွားလို့မရပဲ ‌ပြီးဆုံးအောင်သေချာကျော်ဖြတ်ရတာမို့ သူများထက် ခက်ခဲနေတယ်လို့ထင်ရတာပါ။ နောက်တစ်မျိုးကတော့ အချစ်ရေးကိုအဓိက အာရုံစိုက်နေမိလို့လည်း ပါပါတယ်။

Twinflame journeyမှာကြုံနေတဲ့ karmicတွေဟာလည်း သာမန်လူတွေကြုံတတ်တဲ့ အရာတွေလိုပါပဲ၊ challengeတွေက တစ်ယောက်စီမတူပေမယ့် များသောအားဖြင့် လူတိုင်းကြုံရတဲ့လောကဓံတွေပါပဲ။

🌊ဒါကြောင့် Twinflame journeyဟာ ကြားရတဲ့သတင်းတွေလို မခက်ခဲပါဘူး။ လက်ရှိမှာနေပြီး လုပ်စရာရှိတာလုပ်တာနဲ့တင် အေးအေးဆေးဆေးကျော်ဖြတ်နိုင်တာမို့ Twinflame journeyပေါ် စရောက်လာတဲ့သူတွေကော၊ လက်ရှိရောက်ရှိနေတဲ့သူတွေကော အရမ်းစိတ်သောကမရောက်လည် ရပါတယ်နော် 💞 🍃

ကိုယ့်Twinflame journeyမှာ ဘာတွေလုပ်ကိုင်သင့်လည်း သိချင်ရင်ကျွန်မဆီမှာ Twinflame တစ်နှစ်စာpackageကို တစ်လစီမေးလို့ရပါပြီနော်။ သိသင့်တဲ့အရာတွေကို ပိုပြီးတိတိကျကျသိနိုင်မယ့်အပြင်၊ ဘာတွေသတိထားရမယ်၊ ဘာhealingလုပ်ရမယ်ဆိုတာကို သိလာနိုင်တာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ အဖြေရှာရအတော်သက်သာသွားမှာပါရှင့်။

https://www.facebook.com/share/p/1CvNnWTks5/

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

🌊Twinflame journeyမှာ DM, DFဆိုတာ ဘာကိုခေါ်တာလဲ?🍃🌌 DM( Divine masculine)ဆိုတာက masculine energyများတဲ့သူကို‌ယေဘုယျအားဖြင...
31/01/2026

🌊Twinflame journeyမှာ DM, DFဆိုတာ ဘာကိုခေါ်တာလဲ?🍃

🌌 DM( Divine masculine)ဆိုတာက masculine energyများတဲ့သူကို‌ယေဘုယျအားဖြင့်ခေါ်တာပါ။ လွယ်လွယ်မှတ်ထားရရင် အဖိုဓာတ်များတဲ့သူတွေကိုခေါ်တယ်ပေါ့နော်။ များသောအားဖြင့် straight coupleတွေမှာ ယောကျာ်းလေးတွေကို DMလို့ခေါ်ပါတယ်။ LGBTQအတွဲတွေမှာ မိန်းကလေးတွေ DMဖြစ်နိုင်ပေမယ့် straight coupleတွေမှာတော့ မိန်းကလေးတွေ DMမဖြစ်နိုင်ပါဘူး။ Twinflame journeyမှာ masculine energyသုံးတိုင်း DMလို့သတ်မှတ်လို့မရပါဘူး။

🌌 DF ( Divine feminine)ဆိုတာလည်း feminine energy များတဲ့သူကိုယေဘုယျအားဖြင့်ခေါ်တာပါ။ လွယ်လွယ်မှတ်ထားရရင် အမဓာတ်များတဲ့သူတွေကိုခေါ်တယ်ပေါ့နော်။ များသောအားဖြင့် straight coupleတွေမှာ မိန်းကလေးတွေကို DFလို့ခေါ်ပါတယ်။ LGBTQအတွဲတွေမှာ ယောကျာ်းလေးတွေ DFဖြစ်နိုင်ပေမယ့် straight coupleတွေမှာတော့ ယောကျာ်းလေးတွေဟာ DFမဖြစ်နိုင်ပါဘူး။

🌌 Twinflameတွေမှာ မွေးကတည်းက ဘယ်သူကတော့ DM ဘယ်သူကတော့DFဆိုပြီးခွဲခြားပေးလိုက်ပြီးသားပါ။ ဥပမာ ကျွန်မဆို Lesbianဖြစ်ပြီး ကျွန်မရဲ့twinflameက Tomboyပါ။ ငယ်ငယ်ကတည်းက သူ့ကိုယ်သူယောကျာ်းလေးတစ်ယောက်လို ခံစားပြီးမွေးဖွားလာတာမျိုးပါ။ တချို့ Twinflame g@y coupleတွေဆိုလည်း ဘယ်သူကmasculineဖြစ်တယ် ဘယ်သူက feminineဖြစ်တယ်ကွဲပြီးသားပါ။ နေရာမှားနေတာမရှိပါဘူး။

🌊ပြောလို့သာပြောရတာပါ Twinflame journeyမှာ DM, DFဆိုတာ အခေါ်အဝေါ်ပဲဖြစ်ပြီး အရေးကြီးတဲ့အရာတော့မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် reunion stageမှာ energy နှစ်ခုလုံးက မျှတသွားမှာဆိုတော့ ကျွန်မကတော့ Runner, Chaserဆိုတာကိုပဲ အဓိကထားပါတယ်။ အဲ့နှစ်ခုကိုသိမှ ဘယ်သူကအရင်ဦးဆောင်ပြီး awakeningဖြစ်နိုင်လဲ စတဲ့healing journeyနဲ့ပတ်သက်တာတွေကိုသတိထားမိမှာမို့လို့ပါ။🍃

Healing processအကြောင်းကိုသေချာသိချင်ရင် ကျွန်မဆီမှာလည်းTwinflame coaching sessionယူလို့ရပါတယ်။ တစ်ချက်ချင်းစီကိုဖြေရှင်းအဖြေရှာပေးမှာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ အဖြေရှာရအတော်သက်သာသွားမှာပါရှင့်။

https://m.facebook.com/story.php?story_fbid=122101314645046213&id=61581386415442

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

🌊Healingကိုအချိန်တိုတိုနဲ့ထိရောက်အောင်ဘာနည်းသုံးရမလဲ?🍃🌊Healingလို့ပြောတာနဲ့  meditationလို့ အရင်ဆုံးအာရုံရောက်ကြမှာပါ။ တ...
30/01/2026

🌊Healingကိုအချိန်တိုတိုနဲ့ထိရောက်အောင်ဘာနည်းသုံးရမလဲ?🍃

🌊Healingလို့ပြောတာနဲ့ meditationလို့ အရင်ဆုံးအာရုံရောက်ကြမှာပါ။ တကယ်လို့ ကိုယ်က အဲ့လိုတရားထိုင်ဖို့အတွက် အချိန်တစ်ခုမပေးနိုင်ရင် Twinflame journeyမှာ ဘယ်လိုhealingလုပ်ရမလဲ ကျွန်မပြောပြပေးပါ့မယ်။

🌊Healing လုပ်နည်းအမျိုးမျိုးရှိပါတယ်။ အဲ့အထဲကမှ ဒီjourneyအတွက်အသုံးအတည့်ဆုံးဖြစ်ပြီး ကျွန်မအမြဲသုံးတဲ့နည်းကတော့ ကိုယ့်ခံစားချက်တွေကို လေ့လာသုံးသပ်ပြီး နားလည်အောင်လုပ်တဲ့နည်းဖြစ်ပါတယ်။

🌊ကျွန်မတို့ ဘယ်လိုhealရမယ်ဆိုတာသိချင်ရင် ဘာတွေခံစားနေရတယ်၊ အဲ့ခံစားချက်တွေကို ဘယ်လိုhealing methodနဲ့ ကုသတာကအကိုက်ညီဆုံးဖြစ်လိမ့်မယ်ဆိုတာကိုရှာတာပိုသင့်တော်ပါလိမ့်မယ်။ ဥပမာ - ကိုယ်ဘာရောဂါရှိတယ်သိဖို့ကို ဘာတွေခံစားနေရတယ်ဆိုတာသိမှခန့်မှန်းနိုင်မှာဖြစ်သလို၊ ဘာဖြစ်တယ်သိမှ ဘယ်လိုကုသမယ်ဆိုတာကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

🍃ဒါကြောင့် ကိုယ်အခုလောလောဆယ် ဘာတွေခံစားနေရတယ်၊ ဘာတွေတွေးနေမိတယ်၊ ဘာတွေတွေ့ကြုံနေရတယ်၊ ဘာတွေကို သယ်ဆောင်ထားမိတယ် စတာတွေကိုသိအောင်လုပ်ပြီးမှ ဘယ်လို နည်းလမ်းနဲ့healရမှာကို ရှာရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသိဖို့ နားလည်ဖို့ကတော့ Healingလုပ်ခြင်းအတွက် အရေးကြီးဆုံးအချက်ပါပဲ။ အဲ့လိုသိပြီးမှ လွှတ်ချ(let go)တဲ့နည်းနဲ့ ကုသမလား၊ acceptance (လက်ခံလိုက်ခြင်း)နဲ့ ကုသမလား၊ ခွင့်လွှတ်ခြင်းနည်းနဲ့ကုသမလား၊ ကိုယ့်စိတ်ကိုယ် "ဒါတွေကြောင့် ဒါဖြစ်ရတာပါ ဒီလိုတော့မတွေးသင့်တော့ဘူး"စတဲ့ ဖြည်တွေးတဲ့နည်းနဲ့ ကုသမလားဆိုတာကို ကျွန်မတို့ ဆုံးဖြတ်လို့ရမှာပါ။

🌊ဒါကြောင့် Twinflame journeyမှာအလျင်မြန်ဆုံးနဲ့အထိရောက်ဆုံး healingလုပ်နည်းဆိုရင် အခုလိုတစ်ရက်(၅)မိနစ်လောက်အချိန်ပေးပြီး ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်တဲ့နည်းက အကောင်းဆုံးလို့ပြောမှာပါ။ ကိုယ်တိုင်လည်းလုပ်တဲ့နည်းမို့ အာမခံနိုင်ပါတယ်နော်💕🍃

Healing နည်းလမ်းတွေကိုအတိအကျသိချင်ရင် ကျွန်မဆီမှာလည်းTwinflame coaching sessionယူလို့ရပါတယ်။ တစ်ချက်ချင်းစီကိုဖြေရှင်းအဖြေရှာပေးမှာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ အဖြေရှာရအတော်သက်သာသွားမှာပါရှင့်။

https://m.facebook.com/story.php?story_fbid=122101314645046213&id=61581386415442

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

တစ်ဖက်လူဆီကအကြံဉာဏ်💞
30/01/2026

တစ်ဖက်လူဆီကအကြံဉာဏ်💞

🍃Universe messages for Twinflames🌊အခုတလော Twinflame journeyမှာ boundary (စည်း)ထားတတ်ဖို့ Universeက လမ်းပြပေးနေတာ၊ သင်ခန်...
28/01/2026

🍃Universe messages for Twinflames🌊

အခုတလော Twinflame journeyမှာ boundary (စည်း)ထားတတ်ဖို့ Universeက လမ်းပြပေးနေတာ၊ သင်ခန်းစာတွေပေးနေတာကိုမြင်ရပါလိမ့်မယ်။

🍃နှစ်သစ်ကိုရောက်လာပြီမို့ အရင်နှစ်တွေမှာ သူများဘက်ပဲတွေးနေမိတဲ့သူတွေ၊ သူများအကြိုက်လိုက်နေရသူတွေ၊ ကိုယ့်ပုံစံအမှန်ကို မထုတ်ဖော်နိုင်တဲ့Twinတွေအတွက်Universe messageလေးကို ပြောပြပေးပါ့မယ်။🌊

" မင်းဘဝမှာ မင်းကသာအရေးကြီးဆုံးပါ။ မင်းလိုချင်တဲ့အရာတွေ၊ ရည်မှန်းချက်တွေရဖို့ဆိုရင် မင်းအတွက်မင်းအရင်ဆုံးကြည့်နိုင်အောင်လုပ်ရပါမယ်။ မင်းနဲ့မကိုက်ညီတော့ရင်၊ မင်းနဲ့အဆင်မပြေတော့ရင် လွှတ်ချဖို့အတွက်မတွန့်ဆုတ်ပါနဲ့။ မင်းအနားမှာ အစောင့်အရှောက်တွေနဲ့ မင်းရဲ့ Twinflameရဲ့ higher selfကအမြဲရှိနေ၊လမ်းပြပေးနေပါတယ်။ Inner voiceတွေကိုနားထောင်ပါ။ အခက်အခဲရှိရင် သူတို့ကိုဖွင့်ပြောအကူအညီတောင်းနိုင်ပါတယ်။ မင်းတို့ကကံအကောင်းဆုံးလူတွေပါ။ ကိုယ့်ဘဝကိုယ်လည်း ရွေးချယ်နိုင်မယ့်သူတွေဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုရွေးချယ်ဖို့မမေ့ပါနဲ့။ ကိုယ့်တန်ဖိုးကိုမမေ့နဲ့။ ကိုယ့်ဖြစ်တည်မှုကိုမမေ့ပါနဲ့။ ကိုယ်နဲ့မကိုက်ညီတော့တာတွေကိုလည်း လွှတ်ချဖို့ကိုလည်း မမေ့ပါနဲ့"

Universeက ကိုယ့်ကိုဘာတွေသတိပေးချင်နေလဲ သိချင်ရင်ကျွန်မဆီမှာ Twinflame တစ်နှစ်စာpackageကို တစ်လစီမေးလို့ရပါပြီနော်။ သိသင့်တဲ့အရာတွေကို ပိုပြီးတိတိကျကျသိနိုင်မယ့်အပြင်၊ ဘာတွေသတိထားရမယ်၊ ဘာhealingလုပ်ရမယ်ဆိုတာကို သိလာနိုင်တာမို့ Twinflameလေးတွေအနေနဲ့ journeyမှာ အဖြေရှာရအတော်သက်သာသွားမှာပါရှင့်။

https://www.facebook.com/share/p/1CvNnWTks5/

Tarot နဲ့သိလိုတာများမေးလိုပါက

Telegram -
Viber - 09403351843

ကိုဆက်သွယ်bookingတင်လို့ရပါတယ်နော်။

𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆

27/01/2026

Edit: ပိတ်ပါပြီ
သူကိုယ့်ကိုဘာပြောချင်လဲ?? Free one question!!!

သိချင်ရင် နာမည်မန့်သွားပေးပါ 🌊🍃

27/01/2026

Free question

Address

Yangon

Opening Hours

Monday 01:00 - 15:00
Tuesday 01:00 - 15:00
Wednesday 01:00 - 15:00
Thursday 01:00 - 15:00
Friday 01:00 - 15:00

Website

Alerts

Be the first to know and let us send you an email when 𝑾𝒂𝒗𝒆 𝒐𝒇 𝒃𝒓𝒆𝒆𝒛𝒆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram