Aung Zay Clinic

Aung Zay Clinic အောင်ဇေအထွေထွေရောဂါကုဆေးခန်း

22/12/2025

အဟာရဓာတ်တွေ လျှော့နည်းနေရင်
————-
၁ ။ မဂ္ဂနီဆီယမ် လျှော့နည်းနေရင်…
ကြွက်တက်တာ၊ စိုးရိမ်စိတ်များတာနဲ့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။
အသက်ကြီးသူတွေရဲ့ ၇၀% က မဂ္ဂနီဆီယမ်ချို့တဲ့နေတတ်ကြပါတယ်။
ချို့တဲ့တာကြောင့် ပြန်လည်ကောင်းမွန်နှုန်း ၄၀ % နှေးကွေးသွားပါတယ်။

၂ ။ ပိုတက်ဆီယမ် လျှော့နည်းနေရင်…
အားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ နှလုံးခုန်နှုန်းစည်းချက်မမှန်တာတွေ ဖြစ်တတ်ပါတယ်။
၁ % လောက် လျှော့နည်းနေရင်တောင် ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်မှာ သက်ရောက်မှု ရှိပါတယ်။
ဦးနှောက်အသိပိတ်နေပြီး သွေးပေါင်ချိန်မြင့်တက်နိုင်ပါတယ်။

၃ ။ ကယ်လ်ဆီယမ် လျှော့နည်းနေရင်…
ကျဉ်တာ၊ အကြောဆွဲတာ ဖြစ်အောင်လှုံ့ဆော်ပေးပြီး အရိုးကြွပ်ဆပ်နိုင်ပါတယ်။
ကယ်လ်ဆီယမ်က ကိုယ်တွင်းကြွက်သားအားလုံး ချုံ့ဆန့် နိုင်ဖို့ လိုအပ်ပါတယ်။

၄ ။ သံဓာတ် လျှော့နည်းနေရင်…
မောပန်းတာ၊ အသားအရေဖျော့တော့တာနဲ့ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။
သံဓာတ်ချို့တဲ့တာကြောင့် ကိုယ်တွင်းအောက်ဆီဂျင်ပို့ဆောင်မှု ၃၀ % ထိ ဖြတ်တောက်နိုင်ပြီး စွမ်းအင်နဲ့ ဇီဝဖြစ်စဉ်က ၃၀ % ထိ လျှော့နည်းနိုင်ပါတယ်။

၅ ။ ဆိုဒီယမ်လျှော့နည်းနေရင်…
ခေါင်းမူးတာ၊ ဦးနှောက် ပိတ်မှောင်ပြီး မတွေးတောနိုင်တာနဲ့ စွမ်းအင် လျှော့နည်းတာတွေ ဖြစ်တတ်ပါတယ်။
ဆိုဒီယမ်က အရည်ညီညွတ်မျှတမှုရှိအောင် နဲ့ အာရုံကြောအချက်ပြနိုင်အောင် ထိန်းချုပ်ပေးပါတယ်။

၆ ။ ဇင့် လျှော့နည်းနေရင်…
အနာကျက်နှေးကွေးတာ၊ ခုခံအား အားနည်းတာနဲ့ ဘာစားစား အရသာမရှိ ဖြစ်နေတတ်ပါတယ်။
ဇင့်ချို့တဲ့နေတာကြောင့် တက်စတိုစတီရုန်း ၂၅ % ထိ လျော့ကျနိုင်ပါတယ်။

၇ ။ ဗီတာမင် D လျှော့နည်းနေရင်…
စိတ်ခံစားချက် အတက်အကျများတာ၊ ခုခံအားလျှော့နည်းတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။
အသက်ကြီးသူ ၄၀ % ကျော်က ဗီတာမင် D ချို့တဲ့ နေတတ်ကြပြီး နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ ၄၀ % မြင့်မားပါတယ်။

၈ ။ ဗီတာမင် B12 လျှော့နည်းနေရင်…
ကျဉ်တာ၊ ဦးနှောက်ပိတ်ပြီး မတွေးခေါ်နိုင်တာနဲ့ စွမ်းအင်လျှော့နည်းနိုင်ပါတယ်။
သတ်သတ်လွတ်စားသုံးသူတွေနဲ့ အသက် ၅၀ ကျော်သူတွေမှာ အဖြစ်များပြီး ဗီတာမင် B12 ချို့တဲ့ရင်အာရုံကြောပျက်စီးကာ စိတ်ဓာတ်ကျနိုင်ပါတယ်။

၉ ။ ရေ နဲ့ ဓာတ်ဆား လျှော့နည်းနေရင်…
ရေ ၂ % လောက် လျော့ကျနေရင်တောင် ဇီဝဖြစ်စဉ် နဲ့ အာရုံစူးစိုက်နိုင်မှု နှေးကွေးနိုင်ပါတယ်။ ဦးနှောက်အတွင်း သွေးလှည့်ပတ်မှု ၂၅ % လျှော့နည်းသွားပြီး ပင်ပန်းနွမ်းနယ်ကာ ခေါင်းကိုက်နိုင်ပါတယ်။

၁၀ ။ အိုမီဂါ-၃ ချို့တဲ့ခြင်း
အာရုံစူးစိုက်နိုင်မှု လျော့နည်းသွားပြီး ရောင်ရမ်းမှုများပြားလာတာကြောင့် အရွယ်အိုမင်းမှု မြန်ဆန်နိုင်ပါတယ်။

၁၁ ။ အိုင်အိုဒင်းချို့တဲ့ခြင်း
သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု လျှော့နည်းသွားပြီး ဇီဝဖြစ်စဉ် ၁၀ -၁၅ % နှေးကွေးသွားနိုင်ပါတယ်။

၁၂ ။ ဆီလီနီယမ်ချို့တဲ့ခြင်း
ဓာတ်တိုးဖိစီးမှု မြင့်မားလာပြီး အဆိပ်အတောက်ဖြေလုပ်ငန်း ၁၀ -၁၅ % ထိ အားနည်းသွားနိုင်ပါတယ်။

#အားလုံးကျန်းမာကြပါစေ။
#ဒေါက်တာခင်မိုးမိုး

01/12/2025

ဆီးချိုနဲ့ ပတ်သက်သော လွဲမှားသော အယူအဆ (၆)ခု

၁။ "အချိုများများစားလို့ ဆီးချိုဖြစ်တာ"
အယူအဆလွဲ
------------
သကြား သို့မဟုတ် အချိုတွေ အများကြီးစားမိလို့ ဆီးချိုရောဂါ ဖြစ်လာတာလို့ ထင်ကြပါတယ်။

အမှန်တရား
-----------
အချိုစားခြင်းက ဆီးချိုဖြစ်စေတဲ့ တိုက်ရိုက်အကြောင်းရင်း မဟုတ်ပါဘူး။

Type 1 ဆီးချို: ကိုယ်ခံအားစနစ် (Autoimmune) ချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။ အချိုစားတာနဲ့ မဆိုင်ပါဘူး။

Type 2 ဆီးချို: မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံကြောင့် ဖြစ်တာပါ။ အချိုတွေ အလွန်အကျွံစားလို့ အဝလွန်လာရင်တော့ ဆီးချိုဖြစ်နိုင်ချေ များလာပါတယ်။ ဒါပေမဲ့ ပိန်တဲ့သူတွေ၊ အချိုမကြိုက်တဲ့သူတွေလည်း ဆီးချိုဖြစ်နိုင်ပါတယ်။

ဥပမာ: လူတစ်ယောက်က အချိုမုန့် လုံးဝမစားပေမယ့် ထမင်း (ကစီဓာတ်) ကို ပန်းကန်အပြည့်စားပြီး ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိရင် ဆီးချိုဖြစ်နိုင်ခြေ ပိုများပါတယ်။

၂။"ဆီးချိုဆေးတွေက ကျောက်ကပ် ပျက်စီးစေတယ်"
အယူအဆလွဲ
-------------
ဆေးတွေကို ရေရှည်သောက်ရင် ကျောက်ကပ်ပျက်မယ်ဆိုပြီး ဆရာဝန်ညွှန်ကြားထားတဲ့ဆေး (ဥပမာ - Metformin) ကို လျှော့သောက်တာ၊ ဖြတ်ပစ်တာမျိုး လုပ်ကြပါတယ်။

အမှန်တရား
------------
ဆီးချိုဆေးတွေကြောင့် ကျောက်ကပ်ပျက်တာ အလွန်ရှားပါတယ်။ တကယ်တမ်း ကျောက်ကပ်ပျက်စီးရတဲ့ အဓိကတရားခံက ဆေးမသောက်ဘဲ လွှတ်ထားလို့ မြင့်တက်နေတဲ့ သွေးချိုတွေ (Uncontrolled Diabetes) ဖြစ်ပါတယ်။

ဥပမာ: လူနာက ဆေးသောက်ရမှာကြောက်ပြီး ဆေးဖြတ်ထားလိုက်ရာက ၅ နှစ်လောက်အကြာမှာ သွေးချိုဒဏ်ကြောင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေး (Dialysis) ရတဲ့ အဆင့်ရောက်သွားတာမျိုး ဝမ်းနည်းဖွယ် တွေ့ရတတ်ပါတယ်။

၃။ "ဆီးချိုသမားတွေ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူး"
အယူအဆလွဲ
-------------
မောပန်းရင် သွေးချိုကျပြီး မူးလဲမှာစိုးလို့ အနားယူနေရမယ်။

အမှန်တရား
------------
လေ့ကျင့်ခန်းလုပ်ခြင်းက အင်ဆူလင် အာနိသင်ကို ပိုကောင်းစေလို့ ဆီးချိုသမားတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျ လုပ်ရင် အားကစားသမားတောင် လုပ်လို့ရပါတယ်။

ဥပမာ: နိုင်ငံတကာ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ရေကူးသမား Gary Hall Jr. ဆိုရင် Type 1 ဆီးချိုရောဂါသည် တစ်ယောက်ဖြစ်ပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ခဲ့ပါတယ်။

၄။ "Sugar-Free (သကြားမပါ) မုန့်တွေကို စိတ်ကြိုက်စားလို့ ရတယ်"
အယူအဆလွဲ
------------
မုန့်ထုပ်ပေါ်မှာ Sugar-Free လို့ ရေးထားရင် ဆီးချိုသမားတွေ အဝစားလို့ ရတယ်လို့ ထင်ကြပါတယ်။

အမှန်တရား
-----------
သကြားမပါပေမယ့် ကစီဓာတ် (Carbohydrate/ဂျုံ) တွေ၊ အဆီတွေနဲ့ ကယ်လိုရီတွေ အများကြီး ပါဝင်နေနိုင်ပါတယ်။ ဒါတွေကလည်း သွေးချိုကို တက်စေပါတယ်။

ဥပမာ: Sugar-free ကွတ်ကီးမုန့် (၅) ခု စားတာဟာ သကြားပါတဲ့ ကွတ်ကီး (၁) ခု စားတာထက် ကယ်လိုရီနဲ့ ကစီဓာတ် ပိုများသွားပြီး သွေးချို ပိုတက်စေနိုင်ပါတယ်။

၅။ "တိုင်းရင်းဆေး/ ဆေးမြီးတိုတွေနဲ့ ဆီးချို အမြစ်ပြတ် ပျောက်နိုင်တယ်"
အယူအဆလွဲ
------------
ဆရာဝန်ပေးတဲ့ဆေး မသောက်ဘဲ ကြော်ငြာထားတဲ့ ဆေးဖက်ဝင်အပင်တွေ သောက်ရင် အမြစ်ပြတ်ပျောက်မယ်။

အမှန်တရား
-----------
လက်ရှိအချိန်ထိ ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မပေါ်သေးပါဘူး။ ထိန်းထားလို့ပဲ ရပါတယ်။ တချို့ဆေးမြီးတိုတွေက ခဏတာ သက်သာသယောင် ဖြစ်စေပေမယ့် ရေရှည်မှာ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

ဥပမာ: ရုံးပတီသီး စိမ်သောက်ရင် သကြားဓာတ်ကျတယ်ဆိုပြီး ဆရာဝန်ပေးတဲ့ဆေး ဖြတ်လိုက်တဲ့ လူနာတွေဟာ နောက်ပိုင်းမှာ သကြားဓာတ် အရမ်းတက်ပြီး ဆေးရုံတက်ရတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ်။

၆။ "အင်ဆူလင် (Insulin) စထိုးရပြီဆိုတာ ရောဂါကျွမ်းနေပြီ/သေတော့မယ်"
အယူအဆလွဲ
-------------
ဆေးသောက်လို့ မရတော့လို့ အင်ဆူလင်ထိုးရတာက နောက်ဆုံးအဆင့် ရောက်နေပြီလို့ ယူဆကြတာ။

အမှန်တရား
----------
အင်ဆူလင်ထိုးခြင်းဟာ လူနာရဲ့ သွေးတွင်းသကြားဓာတ်ကို ထိရောက်စွာ ထိန်းချုပ်ဖို့ လိုအပ်တဲ့ ကုသမှုနည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ အင်ဆူလင် စောစောထိုးခြင်းက နောက်ဆက်တွဲ ပြဿနာတွေ (ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း) ကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။

ဥပမာ: မျက်မှန်တပ်ရလို့ မျက်လုံးကန်းတော့မယ်လို့ မဆိုလိုသလိုပါပဲ။ အင်ဆူလင်ကလည်း ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဟော်မုန်းကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။

crd

27/11/2025

များသောအားဖြင့် လူတွေက "လည်ပင်း၊ ပခုံး၊ ကျောတွေ နာကျင်တောင့်တင်းတာက ခဏတာပဲ၊ မကြာခင် ပျောက်သွားမှာ" လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒီလိုလည်ပင်းတောင့်တင်းတာဟာ ဦးနှောက်ကို သွေးလည်ပတ်မှု ကောင်းမွန်စွာ မရောက်ရှိတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ကိုယ့်ကိုယ်ကိုယ် အခုလို လက္ခဏာတွေ ရှိမရှိ စမ်းသပ်ကြည့်လိုက်ပါဦး:

မူးဝေပြီး အလုပ်လုပ်ရာမှာ အာရုံစူးစိုက်မရတာ

နိုးနေပေမဲ့ ဦးနှောက်က မလန်းဆန်းဘဲ အမြဲတမ်း အိပ်ချင်သလို ဖြစ်နေတာ

တစ်နေကုန် ငိုက်မြည်းနေပြီး သမ်းတာ မကြာခဏ ဖြစ်နေတာ

စိတ်တိုလွယ်ပြီး စိတ်ခံစားမှု မတည်ငြိမ်တာ

လည်ပင်းကို တစ်ခုခုနဲ့ ဖိထားသလိုမျိုး လေးလံနေတာ

ပခုံးပေါ်မှာ အလေးအပင် တင်ထားသလိုမျိုး တောင့်တင်းနေတာ

အိပ်ချိန်ပြည့်ပေမဲ့ မနက်နိုးလာရင် မလန်းဆန်းဘဲ နွမ်းနယ်နေတာ

အကယ်၍ အပေါ်က အချက်တွေထဲက တစ်ခုခု "ဟုတ်ပါတယ်" ဆိုရင်...

သင့်အနေနဲ့ ဦးနှောက်ကို သွေးစီးဆင်းမှု မလုံလောက်တဲ့ အခြေအနေ (Cervical Blood Flow Restriction) နဲ့ ရင်ဆိုင်နေရတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ လည်ပင်း၊ ပခုံးနဲ့ ကျောကုန်းတစ်ဝိုက်က ကြွက်သားတွေ တင်းမာမှုများနေခြင်း ကနေ စတင်တာပါ။

📌 ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ ဘာကြောင့် လည်ပင်းတောင့်တင်းတာကနေ ဦးနှောက် အားနည်းလာရတာလဲ?
ကျွန်တော်တို့ လည်ပင်းတစ်ဝိုက်မှာ အရေးကြီးတဲ့ ကြွက်သားတွေ (ဥပမာ- SCM, Upper Trapezius, Scalenes) ရှိပါတယ်။ ဒီကြွက်သားတွေဟာ ဦးနှောက်ဆီ သွေးပို့ပေးတဲ့ သွေးလွှတ်ကြောမကြီးတွေ (Carotid artery, Vertebral artery) ရဲ့ အနီးမှာ ကပ်လျက် တည်ရှိနေပါတယ်။

အကယ်၍:

ကြွက်သားတွေ အမြဲတမ်း ကျုံ့ပြီး တင်းမာနေမယ်၊

လည်ပင်းတစ်ဝိုက်မှာ အသားမျှင်တွေ စွဲကပ်နေမယ်၊

ခေါင်းက ရှေ့ကို ငိုက်ကျနေတဲ့ အနေအထားမမှန်မှု ဖြစ်နေမယ် ဆိုရင်...

ဒါဟာ သွေးလွှတ်ကြောတွေကို ဖိမိစေပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှု လျော့နည်းသွားစေပါတယ်။

ဦးနှောက်က သွေးမရတဲ့အခါ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေလည်း လျော့နည်းသွားလို့ အောက်ပါ လက္ခဏာတွေ ဖြစ်လာပါတယ်:

မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း

အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း

အလုပ်လုပ်နှုန်း နှေးကွေးခြင်း၊ မှတ်ဉာဏ် လျော့နည်းခြင်း

စိတ်ခံစားမှု ဖောက်ပြန်ခြင်း

ဦးနှောက်တစ်ခုလုံး မြူခိုးတွေ ဖုံးလွှမ်းနေသလိုမျိုး ခံစားရခြင်း

ဒါ့ကြောင့် "လည်ပင်း နည်းနည်းတောင့်တင်းတာလေး" လို့ မထင်ဘဲ ဂရုစိုက်သင့်ပါပြီ။

🚨 ရေရှည် လျစ်လျူရှုထားရင် ဘာတွေဖြစ်လာနိုင်မလဲ?
မိုင်ဂရိတ် (Migraine) မကြာခဏ ထဖောက်ခြင်း

ဦးနှောက်အားနည်းမှု ရေရှည်ဖြစ်လာခြင်း (Brain Fog)

လည်ပင်း/နောက်စေ့နာကျင်မှု ရေရှည်ဖြစ်လာခြင်း

ပခုံးအဆစ် သေလုနီးပါး တင်းမာခြင်း

လက်မောင်း၊ လက်ဖျားတွေ အာရုံကြောကြောင့် ထုံကျဉ်ခြင်း

အိပ်မပျော်ခြင်း၊ နိုးလာရင်လည်း မလန်းဆန်းခြင်း

ဒါတွေအားလုံးဟာ ဦးနှောက်ကို သွေးမပြည့်ဝမှုကြာရှည်ခြင်းရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

✅ တကယ့် ထိရောက်တဲ့ ဖြေရှင်းနည်းက ဘာလဲ?
အဖြေက နှိပ်နယ်တာ ဒါမှမဟုတ် လည်ပင်းကို ဝှေ့ရမ်းတာ မဟုတ်ပါဘူး။ အဓိကက သွေးစီးဆင်းမှုကို ပိတ်ဆို့နေတဲ့ ကြွက်သားအုပ်စုတွေကို သေသေချာချာ ဆွဲဆန့်ပြီး ဖြေလျှော့ပေးဖို့ ပါပဲ။

အဓိက ၃ နေရာကို ပြန်လည် ချိန်ညှိဖို့ လိုပါတယ်-

သွေးလွှတ်ကြောတွေကို ဖိနေတဲ့ ကြွက်သားများ (ဥပမာ- SCM, Scalenes, Upper Traps) ကို ဖြေလျှော့ပေးခြင်း။

လည်ပင်းတစ်ဝိုက်က အသားမျှင်/အမြှေးပါးတွေ ကို ကောင်းကောင်း ကင်းစင်အောင် ဖြေလျှော့ပေးခြင်း။

ခေါင်း၊ လည်ပင်း၊ ပခုံး အနေအထားကို ပြန်လည် ဖြောင့်မတ်စေခြင်း (ခေါင်း ၁ စင်တီမီတာ ရှေ့ရောက်တိုင်း လည်ပင်းက ဝန် ၂ ဆ ၃ ဆ ပိုထမ်းရတာကို သတိပြုပါ)။

စနစ်တကျ ပြုပြင်ပေးလိုက်တာနဲ့ အများစုက ချက်ချင်း လည်ပင်းပေါ့ပါးပြီး ဦးနှောက်ကြည်လင်လာတာကို ခံစားရတယ် လို့ ဆိုပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့ လည်ပင်း၊ ပခုံး တောင့်တင်းခြင်းကို လျစ်လျူမရှုမိပါစေနဲ့!

စိတ်ချမ်းသာ ကိုယ်ကျန်းမာဒီ အပြုအမူတွေ ရဲ့အကျိုးကျေးဇူး——————-၁ ။ ဘုရားရှိခိုးခြင်းစိတ်ဖိစီးမှုဟော်မုန်း ၂၅ % လျော့နည်းပြ...
09/11/2025

စိတ်ချမ်းသာ ကိုယ်ကျန်းမာ

ဒီ အပြုအမူတွေ ရဲ့အကျိုးကျေးဇူး
——————-
၁ ။ ဘုရားရှိခိုးခြင်း
စိတ်ဖိစီးမှုဟော်မုန်း ၂၅ % လျော့နည်းပြီး အာရုံစူးစိုက်နိုင်ပါတယ်။

၂ ။ ယုံကြည်မှု ရှိခြင်း
၄၀ % သောလူနာတွေမှာ ရောဂါ သိသိသာသာ သက်သာနိုင်ပါတယ်။

၃ ။ ကျေးဇူးတင်စကားပြောကြားခြင်း
ဆီရိုတိုနင်ပမာဏ မြင့်မားလာပြီး ခုခံအားစနစ် ၂၀ % ပိုပြီးသန်မာနိုင်ပါတယ်။

၄ ။ ရိုးရာဓလေ့ လိုက်နာခြင်း
ခန္ဓာကိုယ်ရဲ့ ဇီဝနရီ တည့်မတ်ပြီး အန္တရာယ်ကင်းတဲ့ အချက်ပြမှုက အရင်အတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။

၅ ။ ပုံပြင်ပြောခြင်း
စိတ်ခံစားချက်တွေက ရည်ရွယ်ချက် အဖြစ်ပြောင်းလဲသွားပြီး စိတ်ထိခိုက်တဲ့တုံ့ပြန်မှု လျော့နည်းနိုင်ပါတယ်။

၆ ။ သီချင်းနားထောင်ခြင်း
ဦးနှောက်လှိုင်းတွေ စည်းချက်ညီပြီးဒိုပါမင်းသဘာဝအတိုင်း များပြားလာနိုင်ပါတယ်။

၇ ။ မျက်ရည်ကျ( ငို)ခြင်း
စိတ်ခံစားချက်ရဲ့ အဆိပ်အတောက်ကို ဖယ်ရှားပေးတဲ့ ကော်တီစောနဲ့ အောက်ဆီတိုစင် ထုတ်လွတ်ပေးပါတယ်။

၈ ။ လူမျိုးစုနဲ့ အတူနေထိုင်ခြင်း
သေဆုံးနှုန်း ၄၅ % လျော့နည်းနိုင်ပါတယ်။

၉ ။ ရည်ရွယ်ချက်ရှိခြင်း
ဒူပေနာပေခံနိုင်မှု နဲ့ ဘဝသက်တမ်း၂၀ -၃၀ % ပိုရှည်ပါတယ်။

၁၀ ။ ခွင့်လွတ်ခြင်း
ရောင်ရမ်းမှု လျော့ကျပြီး စိတ်ဖိစီးမှုတုံ့ပြန်အား ပြန်လည်ပြုပြင်နိုင်ပါတယ်။

၁၁ ။ မျှော်လင့်ချက်ရှိခြင်း
ဦးနှောင်အတွင်း အနာကျက်လမ်းကြောင်း တက်ကြွမှု ရရှိနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး

Crd

24/10/2025

Address

52, Thirimyaing Street, 13 Ward, Hlaing Township
Yangon

Opening Hours

Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Aung Zay Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram