Doctor on Air

Doctor on Air Medical knowledge

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား 🤔🤔❓❓❓❤️‍🩹 နှလုံးရောဂါကိုလူတိုင်းကြောက်ကြတယ် ဘာလို့ဆို ချက်ချင်းသေသွားနိုင်တာကိုး။ ကုသစ...
05/02/2026

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား 🤔🤔❓❓❓

❤️‍🩹 နှလုံးရောဂါကိုလူတိုင်းကြောက်ကြတယ် ဘာလို့ဆို ချက်ချင်းသေသွားနိုင်တာကိုး။ ကုသစရိတ်ကလည်း ကြီးတာကိုး။ ကုတိုင်းလည်း မရှင်နိုင်ဘူးလေ။
အဲ့သည်တော့ ဘာကြောင့် ရင်ဘတ်အောင့်တတ်တာလဲ ဆိုတာ အကြမ်းဖျင်းလေး ပြောကြည့်ရအောင်။

❤️‍🔥 နှလုံးကြောင့်ရင်ဘတ်အောင့်ရင် ရင်ဘက် ဘယ်ဘက်(သို့) ရငါဘတ်ခလှယ် မှာ ကျပ်ပီးအောင့်တယ်။ တခုခုနဲ့ဖိထားသလိုမျိုး။ လည်ပင်း၊ ဘယ်ဘက်လာက်မောင်းတွေကိုပါ နာတာက ပြန့်လာတတ်တယ်။ ချွေးစေးတွေ ပြန်မယ်။ ရင်တုန်တာတွေ မောတာတွေပါတွဲတတ်တယ်။ ဒါဆို အန္တရယ်ရှိပီ။ အထူးသဖြင့် exertion (ပြေးတာ၊ လှေကားတက်တာ၊ ထမင်းစားနေရင်း) တခုခုလုပ်ပီးရင် ဖြစ်တတ်ပါတယ်။ အထူးသဖြင့်သွေးတိုး၊ ဆီးချို၊ သွေးသွင်းအဆီများတဲ့ ရောဂါသမားတွေမှာ ဆို ပိုသတိထားရပါမယ်။

➡️ နှလုံးလိုပဲ အန္တရယ်များတာ တခုက သွေးကြောမကြီးကွဲတာပါ။ ရုတ်တရက် ရင်ဘတ်အောင့်ပီး ကျောဘက်တွေပါ ဆုတ်ဖြဲ လိုက်သလို အောင့်လာတာမျိုးပါ။ အရမ်းကိုအန္တရယ်များတဲ့ရောဂါပါ။ အထူးသဖြင့်သွေးတိုးရောဂါ ရှိတဲ့သူ အသက်ကြီးတဲ့သူတွေ သတိထားရပါမယ်။

🫁 အရေးကြီးတဲ့ နောက်ရောဂါတခုကတော့ အဆုတ်လေအိတ်လေးတွေပေါက်ပီး အဆုတ်မှာလေခိုတာပါ။ ရုတ်တရက်ကြီး ရင်ဘတ်ဆူးခနဲ အောင့်လာတတ်ပါတယ်။ အရွယ်ပမာဏ အသေးအကြီးပေါ်မူတည်ပီးတချို့က အမောပါဖောက်လာတတ်တယ်။ အဆုတ်ထဲ ပိုက်ထည့်ရတတ်တယ်လေ ပြန်ထုတ်ဖို့အတွက်။ ဆေးလိပ်သောက်တဲ့လူငယ်တွေ ၊ နာတာရှည်အဆုတ်ရောဂါရှိသူတွေ သတိထားရမဲ့အရာပါ။ သူလည်းအန္တရယ်များတဲ့ရောဂါပါ။

💟 နောက်တခုက ရင်ဘက်ကြွက်သားတွေ ၊ နံရိုးနုတွေယောင်ပီး နာတာ။ သူကျတော့ ကိုက်ခဲသလိုမျိုး နာတတ်တယ်။ ခန္တာကိုယ် အလှည့်အပြု လုပ်ရှားရင်ပိုနာလာတတ်တယ်။ အကိုက်အခဲပျောက်ဆေးလေးသောက်ရင်ပျောက်သွားတတ်တယ်။

🚼 အစာအိမ်ထဲက အက်စစ်တွေ ဆန်တက်ရင်လည်း ရင်ဘတ်တွေအောင့်တတ်ပါတယ်။ သူကျတော့ အချဉ် တက်သလိုမျိုးတွေဖြစ်ပီး လည်ချောင်း ရင်ဘတ်ထဲ ချဉ်သလိုလို မီးစနဲ့ထိုးသလိုမျိုးတွေ ခံစားရတယ်။ ဗိုက်နာတာနဲ့တခါတလေ တွဲလာတတ်တယ်။ မောတာတို့ ရင်တုန်တာတို့တခါတလေ တွဲတတ်တယ်။ ချက်ချင်းအသက်အန္တရယ်ရှိတဲ့ရောဂါတော့မဟုတ်ပါဘူး။

➡️ အဆုတ်မြှေး နှလုံးအမြှေးပါးတွေ ရောင်ရင်လည်း အလားတူရင်ဘတ်အောင့်တတ်ပါသေးတယ်။ သူကတော့ ဆူးကနဲ ဆူးကနဲ အောင့်တာ။ အသက်ရှူသွင်းရှူထုတ်လုပ်ရင်ပိုအောင့်တတ်ပီးတော့ ခါးလေးကုန်းပီး အရှေ့ကို ငိုက်ငိုက်လေးနေလိုက်ရင်သက်သာတတ်
တယ်။

*️⃣*️⃣ အပေါ်မှာပြောခဲ့တဲ့ဟာတွေက အဖြစ်များတတ်တဲ့ရင်ဘတ်အောင့်ရောဂါတွေပါ။ တချို့ကအန္တရယ်ရှိပီး တချို့က အန္တမရှိတတ်တဲ့ရောဂါတွေပေါ့။

‼️ ရင်ဘတ်အောင့်ရင် ပထမဆုံးလုပ်ရမဲ့အရာကတော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ တခါတလေ ဆရာဝန်တောင် ခွဲခြားရခက်လို့ ECGတွေ ဓါတ်မှန်တွေရိုက်ရတဲ့ခြေနေမျိုးရှိပါတယ်။

🚩 ဒါကြောင့်မို့လို့ သည်စာဟာ ကိုယ်ခံစားနေရတာကို ဆန်းစစ်ဖို့ပဲ အကြံပြုချင်းဖြစ်ပါတယ် ဆေးခန်းသွားစရာမလိုဘူးလို့ မဆိုလိုပါဘူး။ ဖြစ်လာပီဆို တကယ့်ကုသမှုတွေ ရောဂါရှာဖွေမှုတွေကိုတော့အရင်လုပ်ရဖို့ ဆရာဝန်နဲ့ဦးစွာ ပထမ တိုင်ပင်ပါလို့အကြံပြုလိုက်ပါရစေ။

#ဆရာဝန်လေရှည်

#ရင်ဘတ်အောင့်

#ကျန်းမာရေး

🔆 🚨 ဟိုတ​နေ့က အ​ရေး​ပေါ်ကို လူနာတ​ယောက် မျက်စိထဲမှာ အမဲ စက်​ပြောက်​လေး​တွေ​မြင်လို့ဆိုပီး​ရောက်လာတယ်။ ထပ်​မေးကြည့်​တော့ ...
20/01/2026

🔆 🚨 ဟိုတ​နေ့က အ​ရေး​ပေါ်ကို လူနာတ​ယောက် မျက်စိထဲမှာ အမဲ စက်​ပြောက်​လေး​တွေ​မြင်လို့ဆိုပီး​ရောက်လာတယ်။ ထပ်​မေးကြည့်​တော့ မျက်စိထဲမှာ အလင်းတန်း​လေး​တွေပါမြင်​နေရတယ်။ အဲ့ဒါနဲ့ချက်ချင်း မျက်စိ ဆရာဝန်ကို အ​ရေး​ပေါ် လွှဲလိုက်ရတယ်။
🚩🚩Floaters လေး​တွေ​ပေါ်ပီး မျက်ကြည်လွှာ ထိခိုက်​နေတဲ့လက်ခဏာပါ။

❓Eye floaters ဆိုတာဘာလဲ? အရေးကြီးလား?

👁️‍🗨️ မြန်မာလိုဆို အမည်းစက်လေးတွေ ကို မျက်စိထဲ မြင်မြင်နေရတယ်လို့ပဲ ခေါ်ရမယ်။
တချို့လူတွေက အဲ့သည် floaters လေးတွေရှိနေကြတာ တော် တော် ကြာပီ ဘာမှလည်းမဖြစ်ဘူး နဲနဲ မြင်ကွင်းမရှင်းတာလောက်ပဲပေါ့။ သိပ်လည်းဒုက္ခလည်းမပေးတော့ တချို့ကလည်းအမှုအမှတ်မဲ့နေကြတာပေါ့။ တချို့ကြတော့လည်း စိတ်ပူကြပီး ဆေးရုံဆေးခန်းရောက်လာကြတာပေါ့။

❓ ပထမဆုံးက floaters ဆိုတာဘာလဲ ဘာကြောင့်ဖြစ်ရတာလဲ?
🚩🚩 floaters ဆိုတာ မျက်လုံထဲက vitreous humour ( မျက်စိထဲက အရည်ကြည်တမျိုး) ထဲမှာ အမှုန်တွေရှိနေလို့ဖြစ်တာပေါ့။အရည်ကမကြည်တော့ဘူးပေါ့။တချို့က အမဲစက် လေးတွေ တချို့က အရှည်လေးတွေ တချို့က အဖြူစက်တွေ မြင်ရတတ်တယ်။ ဘာကြောင့်လဲဆိုရင် မျက်လုံးကို ထိမိခိုက်မိလို့ အထဲမှာ သွေကြောလေးတွေပေါက်ပီး သွေးယိုတာတို့ ကြောင့်ဖြစ်တတ်သလို ၊ သူ့ဖာသာလည်း မထိခိုက်ဘဲ သွေးလေးတွေယိုစိမ့်ပီး ဖြစ်တတ်တယ်။ တချို့ရောဂါပိုးတွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ အသက်ကြီးလာတာကြောင့်လည်း အဲ့ဒါတွေပေါ်လာတတ်တယ်။

❓ဘယ်ချိန်ဆေးခန်းပြရမလဲ?
➡️ ပထမစစချင်းအဲ့ဒါတွေ ပေါ်လာရင် ပြရမယ် ၊ ရှိနေရင်းထက်ပိုများလာရင်ပြရမယ်။ အရေးကြီးဆုံးအချက်က လျှပ်စီးလျှပ်သလို အလင်းလေးတွေ မြင်နေရရင် အရေးကြီးပီ။ ဘာလို့ဆို အဲ့ဒါဟာ မျက်ကြည်လွှာ ကွာတဲ့လက်ခဏာမို့ အမြန်ဆုံးမျက်စိဆရာဝန်နဲ့ပြဖို့လိုပါပီ။ မဟုတ်ရင် အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။ ဘာလို့ဆို မျက်စိ ဆရာဝန်တိုင်းတောင် မျက်ကြည်လွှာ ကွာတာကိုကုပေးဖို့မဖြစ်နိုင်ပါဘူး။

*️⃣*️⃣အဲ့သည်တော့ floaters လေးတွေက အန္တရယ်မရှိဘူးလားဆိုတော့ မရှိပါဘူး အရေးကြီးလားဆိုတော့ အရေးကြီးတယ် မျက်စိကွယ်တာထိဖြစ်နိုင်တာမို့ မြင်ကွင်းထဲ အမည်းစက်လေးတွေ မြင်နေရရင် မပေါ့ဆကြဖို့ တိုက်တွန်းရင်း ……..

အခြေခံကျန်းမာရေးနဲ့ အရေးပေါ်ကျန်းမာရေး ဗဟုသုတတွေအပါတ်စဉ် တင်ပေးနေမဲ့ pageလေးဖြစ်လို့

like &followလေးလုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဆရာဝန်​လေရှည်

#ဆရာဝန်လေရှည် #မျက်စိကျန်းမာ​ရေး

#. e

သည်နေ့ဟာ ကျွန်တော် ဆရာဝန်ဖြစ်တာ ၁၅နှစ်တိတိ ပြည့်တဲ့နေ့ပေါ့။ သည်နေ့ထိ ဖြေခဲ့တဲ့ စာမေးပွဲတွေကလည်း ပေါင်းကိုစုံလို့ အောင်မြ...
24/12/2025

သည်နေ့ဟာ ကျွန်တော် ဆရာဝန်ဖြစ်တာ ၁၅နှစ်တိတိ ပြည့်တဲ့နေ့ပေါ့။

သည်နေ့ထိ ဖြေခဲ့တဲ့ စာမေးပွဲတွေကလည်း ပေါင်းကိုစုံလို့
အောင်မြင်တာတွေလည်းရှိသလို ကျရှုံး တာတွေလည်း အများကြီးပေါ့။

ကြည့်ခဲ့ဖူးတဲ့လူနာတွေလည်း အမျိုးအမျိုး အဖုံဖုံပေါ့။

သည်၁၅နှစ်မှာ ခုချိန်ထိ ကျွန်တော့်အတွေးထဲကနေထုတ်လို့မရတဲ့ လူနာတယောက်ရှိတယ် 🥹🥹

🧑‍⚕️ အဲ့တုန်းက ကျွန်တော်ဆရာဝန်ပေါက်စပေါ့ ၂နှစ်လောက်တော့ အတွေ့အကြုံ ရှိပီပေါ့။ကိုယ်ပိုင်ဆေးခန်းလည်းမဖွင့်နိုင်သေးတော့ သူများဆေးခန်းလေးတွေလိုက်ထိုင်ခဲ့တာပေါ့။

တနေ့တော့ onlineပေါ်ကနေ အရှေ့ဒဂုံဟိုးအစွန်ဘက်ကဆေးခန်းတခန်းက ဆရာဝန်ခေါ်တော့ သွားထိုင်တာပေါ့ တပါတ်ကို ၃ရက်ပေါ့။ ပိုင်ရှင်ကလည်းဆရာဝန်ပဲ ဆေးခန်းခွဲတွေများလွန်းလို့ လူခေါ်ထိုင်ခိုင်းရတာပေါ့ဗျာ။

🏡 ဆေးခန်းဖွင့်ထားတဲ့ ရပ်ကွက်လေးအကြောင်း ပြောရရင် သူကစက်မှုဇုံလေးဗျ ပလပ်စတစ် စက်ရုံတွေများတယ် ။ သိတယ်မလား အနံ့အသက်က အရမ်းမကောင်း အဲ့စက်ရုံတွေကြောင့် ပန်းနာရင်ကြပ်လူနာတွေများကြတာပေါ့။

🏥 ဆေးခန်းအကြောင်းပြောရရင် အကူတယောက်နဲ့ကျွန်တော်ပဲရှိတယ်။ အကူက ဘာမှကိုမသိတာ။ ဘာသင်တနိးမှမတက်ထား။ အရေးပေါ်လူနာကယ်နည်း CPRလည်းမသိ ဆေးတွေလည်းမသိ။

🚨တနေ့တော့ လူလတ်ပိုင်း လူနာတယောက်ဆိုက်ကားနဲ့ရောက်လာတယ် ပန်းနာရင်ကျပ်နဲ့ စကားတောင်သေချာမပြောနိုင်ဘူး Acute severe Asthma ပေါ့။ သည်ဆေးခန်းမှာကုနိုင်တဲ့အခြေအနေတော့မရှိဘူးပေါ့ဗျာလူနာက။ သူစကားတခွန်းပဲ ပြောတယ် ‘ဆရာ Amino amino’ ဆိုပီးတော့။ သိလိုက်ပီ သည်လူနာက Aminophylline ထိုးနေကျလူနာဆိုတာ။

တကယ်တော့ စာနဲ့ပေနဲ့ပြောရရင် သည်ဆေးက သည်လိုဆေးခန်းလေးတွေမှာ ထိုးဖို့မဟုတ်ဘူးဗျ ဆေးရုံတွေမှာမှ အဆင့်ဆင့်ကုပီးလို့မရမှ စဉ်းစားရတဲ့ဆေးဗျ။ မြေပြင်ခြေနေနဲ့စဉ်းစားရင်တော့ အဲ့တလုံးထိုးရင် အဲ့လူနာကချက်ချင်း ပြန်ကောင်းမဲ့လူနာဆိုတာတော့ကျွန်တော်သေချာသိတယ်။ လူနာမှာလည်း ဂေါက်ဘူးလေးတဘူးတောင်မရှိဘူးတဲ့ဗျာ အံ့ဩစရာပေါ့။

🌧️ 🌧️ ကံဆိုးချင်တော့အဲ့ဆေးခန်းမှာ အဲ့ဆေးမရှိဘူး။ Deriphylline နဲ့ Hydrocortisone ဆိုတဲ့ဆေး၂မျိုးပဲ သူ့ရောဂါနဲ့ဆိုင်တဲ့ဟာရှိတယ်။ ပထမအဆင့်ကုရတဲ့ ရှူဆေးလည်းမရှိဘူးစက်လည်းမရှိဘူး။ adrenaline လည်းမရှိဘူး။ ရောက်တာနဲ့ကျွန်တော်လည်းကားငှါးခိုင်းတော့တာပဲဆေးရုံလွှဲဖို့။ ရှိတဲ့ဆေး၂မျိုးကိုထိုးတာပေါ့ဗျာ။ ဘယ်ရမလဲဗျ အဲ့ဆေးလောက်နဲ့။ မျက်စိရှေ့တင် အသက်ရှူရပ်သွားတယ်။ ကျွန်တော်လည်း CPR လုပ်တာပေါ့ ဗျာ အကူကတော့ အကူမရပါဘူး။ နောက် မိနစ်၂၀လောက်နေတော့မှာ ကားရောက်လာတယ်။ ရတဲ့ကားကလည်း အုပ်ကြီးမောင်းတဲ့ Taxiတဲ့။ ဆေးရုံကိုခေါ်သွားဖို့ ပြောတော့ လူသေမတင်ဘူးတဲ့လုပ်ရော CPR လုပ်နေတုန်း သေတယ်ပြောလို့မရသေးဘူးလို့ ပြောတော့လည်း မရဘူးတခြားကားရှာဆိုပီးထွက်သွားရော ။ Ambulance ရှာတော့လည်းမရပါဘူး။
လူနာအမေလည်းခဏနေရောက်လာပီး ဆေးခန်းရှေ့ထိုင်ငိုနေပါရော။

မျက်စိထဲမြင်ကြည့်ပေါ့ဗျာ။ ဆရာဝန်ပေါက်စတကောင် ဘာဆေးမှ မရှိတဲ့ ဆေးခန်းကျဉ်းထဲ နှလုံးရပ်နေတဲ့ လူနာတယောက်နဲ့ ကိုယ့်ရှေ့မှာက ငိုနေတဲ့သူ့အမေနဲ့ … အဲ့အန်တီကြီးစကားခုထိနားထဲစွဲတုန်း “အမလေးသားရဲ့ မနက်တုန်းကအကောင်းကြီး “ ဆိုပီး။😭😭😭 ဟုတ်ပါတယ်ဗျာ …….

နောက်ဆုံးတော့ဗျာ ဆမအသစ်လေး မင်စွန်းသွား တာပေါ့။

ဘာများမှားခဲ့လဲ………🤔🤔🤔

လူနာ ??????🤹‍♀️
သူ လေထုညစ်ညမ်းတဲ့ အဲ့ရပ်ကွက်မှာ မနေသင့်ဘူး
အမြဲဆောင်ထားတဲ့ဂေါက်ဘူးလေးတဘူးတောင်ရှိမနေခဲ့ဘူး… ဆင်းရဲလို့လား ?
အဲ့ဆေးခန်းကိုလည်း ပထမဦးစားပေးမလာခဲ့သင့်ဘူး

ဆေးခန်း ???????🚒
ရှူစက်လည်းမရှိဘူး
အရေးပေါ်ကုရမဲ့ဆေးလည်း ရှိမနေဘူး

Taxi သမားကော မှန်ခဲ့လား?? 🤔🤔🚘

ဆရာဝန် ကော ဘာတွေ မှားခဲ့လည်း ?????🤔🤔

နောက်သူများဆေးခန်းထိုင်တိုင်း ကျွန်တော်ထိုင်တဲ့အခါတိုင်း ဆေးစာရင်းပေးပီး မရှိရင်အရင်ဖြည့်ခိုင်းတယ် ဆေးစုံမှ ထိုင်တော့တယ်။ trauma တွေရခဲ့တာကိုး ထပ်လည်းမရချင်တော့ပီလေ။

နောက်များကြာတော့ ကျွန်တော်တို့ညီကို၂ယောက်ပေါင်းပီး ဆေးခန်းလေးဖွင့်တာပေါ့။ ဘာဆေးမှမရှိရင်နေပစေ ပန်းနာရင်ကျပ်ဆေးတော့ အပြည့်ထားဆိုပီး တက်ညီလက်ညီ လုပ်ခဲ့ကြတယ်။ ရွှေပြည်သာမှာ GPလေး၅နှစ်ဖွင့်ခဲ့တယ်။ စီးပွါးရေးအရတော့ အရမ်းကြီး အောင်မြင်ခဲ့​တဲ့ ဆေးခန်းမဖြစ်ခဲ့ပေမယ့် နောင်တရစရာ လူနာတယောက်မှမရှိခဲ့ဘူး။

ခုတော့ သူများနိုင်ငံမှာ အလုပ်လုပ်နေရချိန် တချို့နောင်တရစရာလူနာတွေကြုံတွေ့ခဲ့ရပေမယ့် စိတ်ဖြေလို့ရခဲ့တယ် ကိုယ့်ဘက်ကစိတ်လုံခဲ့တာကိုး…။

နောက်နောင်လည်း ဘဝမှာ နောင်တရစရာ လူနာတွေ မများပါစေနဲ့လို့ ဆုတောင်းရင်း ……..

ဆရာဝန်လေရှည်

#ဆရာဝန်လေရှည်

Smart watchတွေနဲ့ သင့်ကျန်းမာရေး ⌚️+♥️ = 🧘‍♀️⌚️ခုနောက်ပိုင်း smart watchတွေကို လူတော်တော်များများရဲ့လက်ကောက်ဝတ်မှာ တွေ့လ...
19/10/2025

Smart watchတွေနဲ့ သင့်ကျန်းမာရေး ⌚️+♥️ = 🧘‍♀️

⌚️ခုနောက်ပိုင်း smart watchတွေကို လူတော်တော်များများရဲ့လက်ကောက်ဝတ်မှာ တွေ့လာရတယ်။ ၁သိန်းလောက်ကနေ သိန်းဆယ်ဂဏန်းထိကို စျေးကလည်း အစားစား designကလည်း အဖုံဖုံနဲ့ဆိုတော့… လူကြီးလူငယ် အစုံစုံ ပါတ်ကြတာပေါ့။

🤔🤔တွေးစရာတခုက ဘာလဲဆိုတော့ သူ့မှာပါတဲ့ ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ functions တွေက နေ့စဉ်ဘဝတွေကို အရမ်းလွှမ်းမိုးလာသလို ဘယ်လောက်တိကျမှုရှိပီး အထောက် အကူ ပြုသလဲဆိုတာပါပဲ။

🚨ဟိုတနေ့က အရေးပေါ်ကို လူနာတယောက်လာတယ် ပြသနာက သူ့ smart watchက နှလုံးခုန်နုန်း မြန်နေတာပြလို့ ဆိုပီး ဆေးခန်းလာပြတာ ။ လူနာကတော့ ဘာလက္ခနာမှတော့မရှိဘူးပေါ့။ ရောက်လာတော့လည်း သွေးစစ်် ဘာညာလုပ်ပေါ့ အားလုံးကောင်းနေတော့ အာလူးဖုတ်ပီးပြန်ခိုင်းလိုက်တာပဲပေါ့။ စိတ်မပူနဲ့ဘာညာပေါ့။

🚨အဲ့လိုပဲ နောက်လူနာတယောက်က နာရီမှာ အောက်စီဂျင်ကျနေတယ်ဆိုပီးရောက်လာတာ ။ သွေးစစ်ဘာညာစမ်း အားလုံးကောင်းတော့လည်း အာလူးဖုတ်ပီး သူလည်းအိမ်ပြန်ခိုင်းရတာပေါ့ စိတ်မပူနဲ့ဘာညာပေါ့။ စိတ်ပူရင် pulse oximeterလေးနဲ့တိုင်းပေါ့ အဲ့နာရီကြီးပဲ မယုံနဲ့ဘာညာပေါ့။ နာရီအမျိုးအစား​တော့မမှတ်မိ​တော့ပါဘူး။

🚑 တနေ့ကျတော့ အသက် ၇၀ကျော်လူနာတယောက် အရေးပေါ်ကားနဲ့ရောက်ချလာပါရော ချော်လဲ ခေါင်းကွဲ နဲ့ပေါ့ ။ သည်နိုင်ငံမှာ ချော်လဲတဲ့ လူနာတွေ အရမ်းများကြတာဆို တော့ သိပ်တော့မထူးဆန်းပါဘူး။ ထူးဆန်းတာက ဘယ်သူက ambulance ကိုခေါ်တာလဲ ❓🤔🤔။ ဘာလို့ဆို လူနာက ခေါင်းကွဲ ဦးနောက်ထဲ သွေးယိုပီး သတိကရတချက်မရတချက်နဲ့ ဆိုတော့။ ဘယ်သူမှ ambulance ကိုမခေါ်ဘူးတဲ့ လူနာလက်မှာပါတ်ထားတဲ့ Apple Watchက လူနာ​ ချော်လဲတာကိုသိပီး အရေးပေါ်ကို လှမ်းခေါ်တာ ။ လူနာ တည်နေရာပါတခါတည်းပါတယ် ။ လူနာမိသားစု​တွေ တောင် ကိုယ်တွေ ဖုန်း ဆက်မှ သိတယ် ။ မိုက်လှချည်လားပေါ့။ လူနာလည်း အရေးပေါ်ခွဲခန်းဝင်ပီး ရှင်သွားပါတယ်။ Apple Watchကတော့ ကြော် ငြာထားသလိုတကယ်ကြီးပါလားဟလို့ ……အံ့ဩဘနန်းပေါ့ ကိုယ်တွေလည်း 🙂‍↔️

💝 နောက်တခုက နှလုံး စက်ထည့်ထားတဲ့လူတွေ smart watchကိုသတိထားဝတ်ဆင်သင့်တယ် ။ နာရီမှာက သံလ်ိုက်ပါတဲ့အတွက် နှလုံးခုန်စက်ကို အနှောက်အယှက်ဖြစ်စေနိုင်တယ်။ အဲ့ဒါကြောင့် ဝတ်ရင်တောင် ညာဘက်လက်မှာပဲ ဝတ်ဆင်သင့်ပါတယ် အနည်းဆုံး နှလုံးစက်နဲ့ ၆လက္ခ အကွာမှာရှိနေပါစေ။

‼️❓ဆိုတော့က smart watchတွေက အချက်အလက်တွေတိုင်းက အကုန် ယုံကြည်လို့မရသလို လျစ်လျှူ လည်း ရှုထားလို့မရပြန်။ ဘာလို့ဆို Apple Watch galaxy watch တို့မှာ ပြတဲ့ ECG တွေ နှလုံးခုံနုန်းတွေက တကယ့်ဆေးရုံသုံး ပစ္စည်းတွေက ရတဲ့ အချက်အလက်တွေနဲ့ သိပ်မကွာကြဘူး။ တရုတ်ကလာတဲ့ ပေါပေါပဲပဲ smart watchတွေကတော့ ပြချင်တဲ့ ဂဏန်းကို တလှည့်စီ ကြုံရာတွေပြနေတာတွေလည်း ရှိတယ်။ နာရီက ပြနေတဲ့ ဂဏန်းတွေကိုကြည့်ပီး သွေးတက် နေဖို့လည်းမလိုသလို ဂရုမစိုက်ဘဲလည်း မနေသင့်ပါဘူး။ Apple galaxy Garmin Fitbit တို့လို နာရီတွေက ရတဲ့အချက်အလက်တွေ တောင် တကယ့် ဆေးရုံဆေးခန်းသုံး ပစ္စည်းတွေက ရတဲ့အချက်အလက်နဲ့ အနီးစပ်ဆုံးပဲ တူညီနိုင်တာဆိုတော့ တခုခု abnormal ပြရင် double check ပြုလုပ်သင့်ပါကြောင်း အကြံပြုရင်း….

ဆရာဝန်လေရှည်

ွေနဲ့သင့်ကျန်းမာရေး

👩‍⚕️ ကျွန်​တော် စင်္ကာပူ စ​ရောက်ခါစက တွေးမိတာ သည်နိုင်ငံမှာ အသက်ကြီးလူ​နာ​တွေများလှချည်လား​ပေါ့။ ၉၀ ကျော် ၁၀၀​ေကျာ်တွေ အ...
11/10/2025

👩‍⚕️ ကျွန်​တော် စင်္ကာပူ စ​ရောက်ခါစက တွေးမိတာ သည်နိုင်ငံမှာ အသက်ကြီးလူ​နာ​တွေများလှချည်လား​ပေါ့။ ၉၀ ကျော် ၁၀၀​ေကျာ်တွေ အများကြီး………ဘာ​ကြောင့်ပါလိမ့်ဆိုပီး …….🤔🤔🤔

🚑 အဓိကအခန်းဂဏ္ဍက​ မင်းသားကတော့ အ​ရေး​ပေါ်ကား​ ambulance တွေ ပဲ

🩸 ကျွန်တော်တို့အရေးပေါ်ဌာနဆိုတာက အရေးပေါ်ကားတွေနဲ့နေ့တိုင်း ထိတွေ့နေရတဲ့ဌာနကိုး။

🚑 ကြာလာ​တော့ သူတို့ရဲ့ အ​ရေး​ပေါ်​ ကား ဝန်​ေဆာင်မှု ဘယ်​လောက်​ကောင်း​ကြောင်း သိလာတယ်။

👨 လူတိုင်း ကိုယ်နေမကောင်းဘူး အရေးပေါ်အခြေနေလို့ ထင်တိုင်း အစိုးရ အရေးပေါ်ကားကိုခေါ်လို့ရတယ်။ ဖုန်းတချက်ဆက်ရုံပဲ အနီးဆုံးကားက လာခေါ်လိမ့်မယ်။ ၅မ်နစ်ကနေ၁၅မိနစ်ပဲကြာမယ်။ ကားမောင်းသမားပါမယ် paramedics အနည်းဆုံး၂ယောက်ပါမယ်။ ကိုယ် တွေဆီကလို ကြုံတဲ့လူ လိုက်လာတာမဟုတ်ဘူး။ ကား​ပေါ်မှာ အောက်စီဂျင်အစ အ​ရေး​ပေါ်​ဆေး အကုန်ပါတယ်။

❤️ နှလုံးရပ်တာလား၊ နှလုံး​သွေး​ကြောပိတ်တာလား၊ လေဖြတ်တာလား ရင်ကျပ်တာလား ဆီးချိုကျတာလား အကုန် စမ်းသပ်ပီး လိုအပ်တဲ့အ​ရေး​ပေါ်ကုသမှုကို ရောက်​ရောက်ချင်း ချက်ချင်း ပေးနိုင်တယ် ဆေးရုံမ​ရောက်ခင်တင် ။

♥️ ဘယ်​လောက်​တောင် ကောင်းလဲဆိုရင် အိမ်မှာ နှလုံးရပ်သွားတဲ့လူနာ​တောင် ပြန်ရှင်တဲ့ထိ ကို​ကြုံဖူးတယ်။ ကိုယ်​တွေ နိုင်ငံမှာ ကျွန်​တော့်တဘဝလုံး အိမ်မှာ နှလုံရပ်ပီး ပြန်ရှင်တဲ့လူနာမ​တွေ့ခဲ့ဖူးဘူး။

👩‍⚕️ လိုအပ်ရင် တာဝန်ကျ အထူးကုနဲ့ ချက်ချင်းဆက်သွယ်ပီး လိုအပ်တဲ့အ​ရေး​ပေါ်ကုသမှုကို​ပေးလို့ရတယ်

🏥 ပီးရင် အနီးဆုံး ဆေးရုံကို သူတို့သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ခေါ်သွားတာ။ ဆေးရုံရွေးပီး ဟိုခေါ်သွားပါ သည်ခေါ်သွားပါလုပ်လို့မရဘူး။

🚨တခုရှိတာက လူနာကအ​ရေး​ပေါ်မဟုတ်ရင် ဝီး​ရောင်ဝီး​ရောင်​တွေ ဖွင့်လို့မရဘူး။ ကိုယ်​တွေဆီမှာက​တော့ သိတဲ့အတိုင်းပဲ။ ဘာလို့ဆို အဲ့အ​ရေး​ပေါ်အသံဖွင့်ရင် မှတ်တမ်းတင်ရတယ် လက်မှတ်ထိုးရတယ်။

🚔လမ်းမှာတင် ဆေးရုံကိုကြို ဖုန်းခေါ်ထားပီး လူနာ အကြောင်း ကြိုပြောထားကြရတယ်။ လူနာအရောက် ကုသမှု အစပဲ။

သည်လိုဆိုမှတော့ သည်လိုနိုင်ငံမှာ အသက်၁၀၀ ကျော်လူတွေများနေတာ မထူးဆန်းပါဘူးလေ။

တချိန်ချိန် ကျွန်တော် မြန်မာပြည်ပြန်ဖြစ်တဲ့အခါမှာ ပထမဆုံး လုပ်မဲ့ အလုပ်က​ ambulance services နဲ့ ပါတ်သတ်တဲ့ အလုပ်တခုခုပဲ ဖြစ်မယ်ထင်တယ်။
🚨🚑 🏥

ဆရာဝန်​လေရှည်

#အရေးပေါ်ကား #စင်္ကာပူ

စလုံးမှာ အရေးပေါ်ဆေးကုဖို့လည်းလိုအပ်နေပီ ပိုက်ဆံလည်း မရှိဘူးဆိုရင်တော့ သည်လိုနည်းလမ်းလေးရှိပါတယ်နော် အမျိုးတို့။ အဲ့နေ့က...
29/09/2025

စလုံးမှာ အရေးပေါ်ဆေးကုဖို့လည်းလိုအပ်နေပီ ပိုက်ဆံလည်း မရှိဘူးဆိုရင်တော့ သည်လိုနည်းလမ်းလေးရှိပါတယ်နော် အမျိုးတို့။

အဲ့နေ့က ကျွန်တော်လည်း ဆေးရုံမှာ ညဂျူတီပေါ့ဗျာ။ ထုံစံအတိုင်း အလုပ်တွေကတော့ရှုပ်တာပေါ့ဗျာ။ ကျွန်တော်တို့ဆေးရုံဆိုတာ စလုံးမှာ အလုပ်ရှုပ်ဆုံး အရေးပေါ်ဌာနကိုပိုင်ဆိုင်ထားတာပေါ့။

ညလယ်ခေါင် လူနာတယောက် ကိုယ့်listထဲဝင်လာလို့ကြည့်လိုက်တာ အင်္ဂလိပ်နာမည်နဲ့ ရဲကဖမ်း ခေါ်လာတာ။ သူ့ပြသနာက colostomy bag ( အူမကြီးဖြတ်ထားတဲ့လူနာတွေအတွက် ဗိုက်ကနေ မစင်ထုတ်ဖို့လုပ်ထားတဲ့အပေါက်ရှိတယ်။ အဲ့အပေါက်မှာ ဝမ်းတွေကိုခံတဲ့အိတ်) လဲချင်လို့တဲ့။
ထူးထူးဆန်းဆန်း​ပေါ့ ဒါကအရေးပေါ်လာရမဲ့ကိစ္စလည်းမဟုတ်ဘူးပေါ့။ ဗိုက်လှန်လိုက်မှ အလားလား ကြုံရာ ကျွပ်ကျွပ်အိတ်ကို တိပ်နဲ့ဗိုက်မှာ ကပ်ထားတာ အထဲမှာလည်းဝမ်းတွေက အနှစ်နှစ်အလလ စုထားသလားအောက်မေ့ရဖောင်းကားနေတာ။ ကိစ္စက ထိပ်ဝမကလို့ အိတ်စပါ မလောက်။

ဒါနဲ့ အိတ်အသစ်လဲ သန့်ရှင့်ရေးလုပ်ပေါ့။ ကိုယ်လည်းစပ်စုတာပေါ့ မင်းဘာလို့အဖမ်းခံရတာလဲဘာညာပေါ့။ အလစ်သုတ်လို့တဲ့။ ကိုယ်လည်းကြောင်သွားတယ် တိုးရစ်ကဘာများအလစ်သုတ်ပါလိမ့်ဆိုပီး စပ်စုကြည့်တာပေါ့ အအေးတဘူးတဲ့ ။ ဟမ် … 🤔ခနဲဖြစ်သွားတာပေါ့။

ပီးတော့မှသူကဇတ်ရည်ပြန်လည်ပေးတယ်။ ဖူးခက်ကလာတာ အင်္ဂလန်ပြန််မှာ ။ ဖူးခက်မှာ ထော်ကိုင်းတွေ ခိုးသွားလို့သူ့ပစ္စည်းတွေ အကုန်ပါသွားတာ ဘာမှမကျန်တော့ဘူး သူ့ကိစ္စတွေထည့်မဲ့ဟာတွေပါပါသွား လို့ ကျွပ်ကျွပ်အိတ်နဲ့ ယာယီဖြေရှင်းပီး ခရီးဆက်လာတာ စလုံးတထောက်မှာ မဖုံးမဖိနိုင်တွေဖြစ်ပီး no money no honey ဆိုတော့ ဥာဏ်ကောင်းစွာနဲ့ပဲ ကိုလှရွှေတွေ ဖမ်းတာ ခံရအောင်အကွက်ဆင်ပီး ကိစ္စကို အကျွန်တို့ အရေးပေါ်မှာ လာဖြေရှင်းတာပါတဲ့လေ။

ကိုယ်လည်း သူ့ဇတ်လမ်းနားထောင်ပီး မျက်ရည်တွေဘာတွေပါဝဲပီး သူ့ကိုသနားလို့လက်ဆောင်အိတ်တွေ အများကြီးထည့်ပေးလိုက်ပါတယ်။

နောက်တော့သူ့ကိုလည်း ထပ်မတွေ့ရတော့ပါဘူး။ သူလည်း ဆေးဖိုးကောဝါးခကော တပြားမှမကုန်သွားခဲ့ပါဘူး။ ကိုလှရွှေတွေ ကဖမ်းပီးဆေးရုံလာပို့ရင်တော့ ကြိုက်တာကု ဖရီးပါဗျ။

ဆရာဝန် လေရှည်

အရေးပေါ်ရဲ့ ဒိုင်ယာရီ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Doctor on Air posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram