Myittar Yeik Clinic and Home Care Service

Myittar Yeik Clinic and Home Care Service Myittar Yeik general clinic and Home Care services.

သတိပြုဖွယ်ရာ နီပါးရ်ဗိုင်းရပ်စ် ရောဂါမေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်း
29/01/2026

သတိပြုဖွယ်ရာ နီပါးရ်ဗိုင်းရပ်စ် ရောဂါ

မေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်း

ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားကြရတဲ့အခါ မိဘများ လူရောစိတ်ပါ ပင်ပန်းကြရပါတယ်။ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လ...
06/11/2025

ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားကြရတဲ့အခါ မိဘများ လူရောစိတ်ပါ ပင်ပန်းကြရပါတယ်။
ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လာလျှင် ခံစားရတဲ့လက္ခဏာများမှာ
 မကြာခဏဗိုက်နာခြင်း
 ပျို့အန်ခြင်း
 ဖျားခြင်း
 ကိုယ်ပူခြင်း
 ရေဓါတ်ခန်းခြောက်ခြင်း
 ဆီးအထွက်နည်းခြင်း တို့ပဲဖြစ်ပါတယ်၊၊
အဆိုပါလက္ခဏာတွေ ကလေးငယ်များခံစားရပါက နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ အကြံပြုလိုပါတယ်၊၊

မေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်း

နေ့စဉ် (ပိတ်ရက်မရှိ)
မနက် (၇:၀၀) နာရီ မှ ည (၁၀:၀၀) နာရီထိ

အမှတ် (၈၁၀)၊ သမိုင်း (၈) လမ်း၊ (၄) ဖြတ်၊ မရမ်းကုန်းမြို့နယ်

ဖုန်း - ၀၉၇၇၅၁၅၃၁၃၅၊ ၀၉၅၁၈၇၂၀၀



03/09/2025

သွေးလွန်တုပ်ကွေးရောဂါကို ဂရုစိုက်ကာကွယ်ကြဖို့လိုပါတယ်

ကိုယ်ပူ ဖျားနာပြီး တစ်ရက် (ဒါမှမဟုတ်) နှစ်ရက်အတွင်းမှာ အခုဖော်ပြတဲ့ လက္ခဏာတွေပေါ်ပေါက် လာပြီဆိုရင်တော့ ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်နိုင်တာမို့ မဆိုင်းမတွဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေဆီ အမြန်သွားရောက်ဖို့အတွက် အကြံပြုလိုက်ပါတယ်

ဒီ လက္ခဏာတွေကတော့ ..

✔ ပြင်းထန်တဲ့ ဝမ်းဗိုက်နာကျင်မှု (ဒါမှမဟုတ်) ဗိုက်အောင့်ခြင်း
✔ မကြာခဏ အော့အန်ခြင်း
✔ သွေးအန်ခြင်း (ဒါမှမဟုတ်) ဝမ်းထဲမှာ သွေးပါခြင်း (တချို့ကတော့ ဝမ်းမည်းသွားတတ်ပါတယ်)
✔ နှာခေါင်းသွေးလျှံခြင်း (ဒါမှမဟုတ်) သွားဖုံးကနေ သွေးထွက်ခြင်း
✔ အရေပြားအောက်မှာ သွေးယိုစိမ့်မှု လက္ခတွေဖြစ်တဲ့ အမည်းစက်၊ အညိုကွက်တွေ ထွက်လာခြင်း
✔ ပြင်းထန်စွာ ပင်ပန်းနွမ်းနွယ်ခြင်း၊ မလှုပ်မယှက်နိုင်ခြင် (ဒါမှမဟုတ်) စိတ်လှုပ်ရှား ဂနာမငြိမ်ဖြစ်ခြင်း
✔ အေးစက်ပြီး စေးကပ်တဲ့ လက်ချောင်းတွေ၊ လက်ဖဝါးတွေ ဖြစ်လာခြင်း
✔ လျင်မြန်စွာ ကိုယ်အလေးချိန်ကျလာခြင်း

သတိထားစောင့်ကြည့်ပြီး ဒီလက္ခဏာတွေပြလာပြီဆိုရင်တော့ အမြန်ဆုံးဂရုပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

မေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်း

နေ့စဉ် (ပိတ်ရက်မရှိ)
မနက် (၇:၀၀) နာရီ မှ ည (၁၀:၀၀) နာရီထိ

အမှတ် (၈၁၀)၊ သမိုင်း (၈) လမ်း၊ (၄) ဖြတ်၊ မရမ်းကုန်းမြို့နယ်

ဖုန်း - ၀၉၇၇၅၁၅၃၁၃၅၊ ၀၉၅၁၈၇၂၀၀



 #ဆီးပူညောင်းကျရောဂါဆီးပူညောင်းကျရောဂါ (ဂနိုရောဂါ) ဆိုတာ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပ...
19/08/2025

#ဆီးပူညောင်းကျရောဂါ
ဆီးပူညောင်းကျရောဂါ (ဂနိုရောဂါ) ဆိုတာ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတာပါ။ လိင်ဆက်ဆံချင်းမှတဆင့် ကူးစက်တတ်ပါတယ်။
ဒီရောဂါပိုးက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားတတ်ပါတယ်။

#အမျိုးသားများတွင် အဖြစ်များသော လက္ခဏာများကတော့
ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်ခြင်း။
လိင်တံမှ ပြည် သို့မဟုတ် ပုံမှန်မဟုတ်သော အရည်များ (အဖြူ၊ အဝါ၊ အစိမ်းရောင်) ထွက်ခြင်း။ မနက်အိပ်ယာထချိန်မှာ ပိုသိသာနိုင်ပါတယ်။
ဝှေးစေ့တစ်လုံး သို့မဟုတ် နှစ်လုံးလုံး နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း။

ဒီလိုလက္ခဏာတွေ ဖြစ်ပွားနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။
လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို ထိထိရောက်ရောက် ကုသမှုခံယူသငါ့ပါတယ်။

မေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်း

နေ့စဉ် (ပိတ်ရက်မရှိ)
မနက် (၇:၀၀) နာရီ မှ ည (၁၀:၀၀) နာရီထိ

အမှတ် (၈၁၀)၊ သမိုင်း (၈) လမ်း၊ (၄) ဖြတ်၊ မရမ်းကုန်းမြို့နယ်

ဖုန်း - ၀၉၇၇၅၁၅၃၁၃၅၊ ၀၉၅၁၈၇၂၀၀



10/08/2025

တုပ်ကွေးရာသီရောက်ပြီဆိုတော့ နှစ်တိုင်း သတိပေးနေကျစကားတွေ ပြန်သတိပေးပါရစေ။

ခုချိန်မှာ ဖျားရတဲ့ အဓိက အကြောင်းရင်းက ရာသီတုပ်ကွေး (Seasonal Flu) ကြောင့်ဖြစ်ပါတယ်။

ဒီရက်ပိုင်း ရာသီတုပ်ကွေး ဖျားတဲ့ပုံစံက တစ်ရက်ခွဲ (၃၆ နာရီအတွင်း) အဖျား တက်လိုက်ကျလိုက် ဖြစ်နေတတ်ပါတယ်။ ပထမဆုံးဖျားတဲ့ည အဖျားကြီးတတ်ပါတယ်။ ကလေးတွေဖျားတဲ့ အခါ ကလေးလန်းတယ်၊ အစားလဲဝင်တယ် ထွေထွေထူးထူးမရှိရင် ဆေးတိုက်ရင်းစောင့်ကြည့်ပါ။

ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေး မသောက်/ မတိုက်သင့်ပါဘူးခင်ဗျာ။

ကလေးမှိန်းရင်၊ အဖျားအရမ်းကြီးရင်၊ အန်ရင် ၊ ရောဂါလက္ခဏာ က တစ်ခု မက ရင် ( ဖျား + ဝမ်းလျှော + အန် စသဖြင့်) ဆေးခန်းပြပါ။ တက်သွားရင် ဆေးခန်း/ဆေးရုံ မဖြစ်မနေပြပါ။

အဖျား ၄၈ နာရီကျော်ရင် သွေးလွန်တုပ်ကွေးသတိရှိသင့်ပါတယ်။

မေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်း

နေ့စဉ် (ပိတ်ရက်မရှိ)
မနက် (၇:၀၀) နာရီ မှ ည (၁၀:၀၀) နာရီထိ

အမှတ် (၈၁၀)၊ သမိုင်း (၈) လမ်း၊ (၄) ဖြတ်၊ မရမ်းကုန်းမြို့နယ်

ဖုန်း - ၀၉၇၇၅၁၅၃၁၃၅၊ ၀၉၅၁၈၇၂၀၀



အသည်းရောင်အသားဝါ(အေ)ရောဂါမေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်းနှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု နေ့စဉ် (ပိတ်ရက်မရှိ)မနက...
05/08/2025

အသည်းရောင်အသားဝါ(အေ)ရောဂါ

မေတ္တာရိပ် အထွေထွေရောဂါကုဆေးခန်းနှင့် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု

နေ့စဉ် (ပိတ်ရက်မရှိ)
မနက် (၇:၀၀)နာရီမှ ည (၁၀:၀၀) နာရီထိ

အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်‌ပါတယ်။

အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွား‌လေ့ပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။

ရောဂါကူစက်နိုင်တဲ့နည်းလမ်းတွေကတော့ ရောဂါပိုးရှိသူခန္ဓာကိုယ်ကထွက်တဲ့ အညစ်အကြေးတွေပါရှိနေတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသောက်မိတာ၊ အသည်းရောင်အသားဝါ(အေ)ရောဂါပိုးရှိသူလူနာနဲ့ အနီးကပ်ထိတွေ့တာ၊ ပြုစုတာတွေကနေ ကူးစက်နိုင်ပါတယ်

ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ မောပန်းနွမ်းနယ်တာ၊ အစားအသောက်ပျက်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာနဲ့ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာတွေဖြစ်စေတတ်ပါတယ်။

ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သတိပြုဖို့၊ အစားအစာတွေကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးကြောတာ၊ အစားအစာတွေကို မချက်ပြုတ်မီ သန့်ရှင်းတဲ့ရေနဲ့ စင်ကြယ်စွာဆေးကြောတာ၊ အစားအစာတွေကို အစိမ်းစားသုံးတာ၊ ယင်နားစာစားသုံးတာတွေကို ရှောင်ကြဉ်တာ ပြုလုပ်သင့်ပါတယ်။





#

 #သွေးလွန်တုပ်ကွေးရောဂါကာကွယ်ပါမေတ္တာရိပ် အထွေထွေရောဂါကု ဆေးခန်းနေ့စဉ် ပိတ်ရက်မရှိမနက် (၇:၀၀) နာရီမှ ည (၁၀:၀၀) နာရီထိဆက်...
04/08/2025

#သွေးလွန်တုပ်ကွေးရောဂါကာကွယ်ပါ

မေတ္တာရိပ် အထွေထွေရောဂါကု ဆေးခန်း

နေ့စဉ် ပိတ်ရက်မရှိ
မနက် (၇:၀၀) နာရီမှ ည (၁၀:၀၀) နာရီထိ

ဆက်သွယ်ရန်
ဖုန်း 09 775153135
09 5187200

အမှတ် (၈၁၀) ၊ သမိုင်း (၈) လမ်း ၊ (၄)ဖြတ် ၊ မရမ်းကုန်းမြို့နယ်



မေတ္တာရိပ် အထွေထွေရောဂါကု ဆေးခန်း၌ အောက်ပါဝန်ဆောင်မှုများ ရရှိနိုင်ပါသည် နေ့စဉ် ပိတ်ရက်မရှိမနက် (၇:၀၀) နာရီမှ ည (၁၀:၀၀) ...
04/08/2025

မေတ္တာရိပ် အထွေထွေရောဂါကု ဆေးခန်း၌
အောက်ပါဝန်ဆောင်မှုများ ရရှိနိုင်ပါသည်

နေ့စဉ် ပိတ်ရက်မရှိ
မနက် (၇:၀၀) နာရီမှ ည (၁၀:၀၀) နာရီထိ

✓ အထွေထွေရောဂါများ ကုသမှုပေးခြင်း

✓ဆီးချိုစစ်ပေးခြင်း

✓နှလုံးရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်း

✓သွေး/ဝမ်း/ဆီး/သလိပ် စစ်‌ဆေး ပေးခြင်း

✓ဘီပိုး/စီပိုး/အိတ်ခ်ျအိုင်ဗွီ ပိုးများ စစ်ပေးခြင်း

✓Medical Check-up ပြုလုပ်ပေးခြင်း

✓ကာကွယ်ဆေးများ ထိုးနှံပေးခြင်း
( covid , ရာသီတုပ်ကွေး , မေးခိုင်, ‌ခွေးရူးပြန်ကာကွယ်ဆေး , အသည်းရောင်အသားဝါ ဘီ ပိုး, သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး )

✓သားဆက်ခြား ဝန်ဆောင်မှု ပေးခြင်း

✓နှာခေါင်း အစာပိုက် ထည့်/လဲ ပေးခြင်း

✓ဆီးပိုက်ထည့်/လဲပေးခြင်း

✓အနာဆေးထည့်ပေးခြင်း

✓အိမ်တိုင်ရာ‌ရောက် ကျန်းမာရေး ဝန်ဆောင်မှု ပေးခြင်း

✓Medical leave/ Certificate ထုတ်ပေးခြင်း

ဆက်သွယ်ရန်
ဖုန်း 09 775153135
09 5187200

အမှတ် (၈၁၀) ၊ သမိုင်း (၈) လမ်း ၊ (၄)ဖြတ် ၊ မရမ်းကုန်းမြို့နယ်




Address

အမှတ်(၈၁၀), သမိုင်း(၈)လမ်း, (၄)ဖြတ်, မရမ်းကုန်းမြို့နယ်
Yangon
11062

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Myittar Yeik Clinic and Home Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram